← Chapters

သုံးပွဲဆက်တိုက်

Vol. 52 Ch. 779

သုံးပွဲဆက်တိုက်

Vol. 52 Ch. 779

“သန်မာတယ်၊ ဒီရဲ့လင်းချန်က တကယ် သန်မာတာပဲ”

လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာသော ရဲ့လင်းချန်သည် စကားဝိုင်းများ၏ ခေါင်းစဉ် ဖြစ်လာလေသည်။

“ဟိုလက်သည်းသိုင်းကလည်း တကယ် အံ့ဩစရာကောင်းတယ်။ အဝေးကနေ ဖန်တီးပြီး လေထဲက လူကို လှမ်းဖမ်းနိုင်တယ်”

“ဒါက လေထဲကနေ ပစ္စည်းတွေ လှမ်းယူလိုက်သလိုပဲ၊ ဒီလို သိုင်းပညာမျိုးက အံ့ဩစရာလည်း ကောင်းသလို အစွမ်းလဲ ထက်တယ်”

“သူ့ရဲ့ လျင်မြန်တဲ့ လှုပ်ရှားမှုကလဲ မဆိုးဘူး၊ သူက သိုင်းပညာတွေ အများကြီးကို ပိုင်ဆိုင်ပြီး အားလုံးကို ကျွမ်းကျင်အောင် ဘယ်လို လေ့ကျင့်နိုင်ခဲ့တာလဲ”

“ဟုတ်တယ်၊ သာမန် သိုင်းပညာရှင်တွေက သိုင်းပညာ တစ်ခုကိုပဲ အာရုံစိုက်ကြတယ်။ အခြားတစ်ခုကို အာရုံစိုက် လိုက်ရင် သူတို့ အာရုံပျံ့လွင့်စေပြီး အောင်မြင်မှု မရတော့ဘူး”

ရဲ့လင်းချန် ရင်ဆိုင်နေရသည့် အခြေအနေကို လေ့လာစမ်းစစ်နေသော စစ်သည်တော်အချို့လည်း ရှိသည်။

“ကိုရီးယားနိုင်ငံမှာ လူတစ်ယောက်ပဲ ကျန်တော့တယ်။ တရုတ် အမျိုးသမီး စစ်သည်တော်တွေ တကယ်ပဲ ထပ်တိုက်ဖို့ မလိုတော့ဘူး ထင်တယ်”

“ပြောဖို့ ခက်တယ်။ ရဲ့လင်းချန်က သန်မာပေမဲ့ ဒီ တိုက်ပွဲ နှစ်ခုမှာ စိတ်ဝိညာဉ်စွမ်းအင် အများကြီး သုံးစွဲခဲ့ရတယ်”

“ဟုတ်တယ်၊ သိုင်းပညာတွေ နက်ရှိုင်းလေလေ ဝိညာဉ်စွမ်းအင် ပိုမို သုံးစွဲ လေလေ ဖြစ်တယ်။ တိုက်ပွဲတွေက သိပ် မကြာခဲ့ပေမဲ့ ရဲ့လင်းချန်ရဲ့ လှုပ်ရှားမှုတစ်ခုစီက စိတ်ဝိညာဉ်စွမ်းအင် အများကြီး သုံးစွဲခဲ့ရတယ်”

“ပြီးတော့ ကိုရီးယားနိုင်ငံမှာ နောက်ဆုံးကျန်တဲ့လူက သာမန် သိုင်းပညာရှင် တစ်ယောက် လုံးဝ မဟုတ်ဘူး။ သူက ဘုရင်အဆင့် သိုင်းပညာရှင်ရဲ့ တပည့်ရင်းပဲ”

...

“ကိုရီးယားနိုင်ငံက ဂျူဂျီချန်း၊ ကွင်းထဲ လာခဲ့ပါ”

ထိုစဉ် ဒိုင်လူကြီးက ကြေညာလာသည်။

တစ်ချိန်တည်းမှာပင် ခါးတွင် ပတ်တီးစည်းထားသည့် လူတစ်ယောက်သည် ကိုရီးယားနိုင်ငံဘက်မှ ဖြည်းဖြည်းချင်း လျှောက်လာသည်။

သူ၏ လက်များက ဗလာ ဖြစ်နေသည်။

ရဲ့လင်းချန်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ တစ်ဦးက ဂျူဒိုတပည့်၊ နောက်တစ်ဦးက မွေထိုင်း လေ့ကျင့်သူဆိုလျှင် ဤလူသည် တိုက်ကွမ်ဒို လေ့ကျင့်သော သိုင်းပညာရှင်ဖြစ်ပေလိမ့်မည်။

ဂျူဂျီချန်း တက်လာသောအခါ ရဲ့လင်းချန် စိတ်သက်သာရာရသွားပြီး ပြုံး၍ ပြောလိုက်သည်။

“ကိုရီးယားနိုင်ငံမှာ မင်း တစ်ယောက်တည်းပဲ ကျန်တော့တယ်၊ ဟုတ်တယ်မလား။ တကယ် တိုက်ချင်တာလား၊ ငါ မင်းကို မသန်စွမ်းဖြစ်အောင် လုပ်လိုက်ရင် မင်းတို့နိုင်ငံက ဒီပြိုင်ပွဲမှာ ကျဆုံးဖို့ ဖြစ်သွားလိမ့်မယ်”

“မင်း ကိုယ့်ကိုယ်ကို ပိုပြီး စိုးရိမ်သင့်တယ်! ငါ မင်းကိုလည်း မသန်စွမ်း ဖြစ်အောင် လုပ်မယ်”

ဂျူဂျီချန်းက အေးစက်စွာ ပြောသည်။

ရဲ့လင်းချန်က ရယ်မောလိုက်သည်။

“မင်း ငါ့ကို မသန်စွမ်း ဖြစ်အောင် လုပ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ”

“မင်း ပထမ တိုက်ပွဲ နှစ်ခုမှာ အလွယ်တကူ အနိုင်ရခဲ့ပုံရပေမဲ့ ချေမှုန်းနိုင်တဲ့ အားသာချက်ကို ဖန်တီးဖို့အတွက် မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ အများကြီး ကုန်သွားမှာပဲ၊ မင်း အချိန် ဆွဲဖို့ပဲ ဒီကို လာတာ”

ဂျူဂျီချန်းက သရော်လေသည်။

သူ ပြောပြီးသည်နှင့် တိုက်ခိုက်ရန် ဦးဆောင်လေသည်။

ဂျူဂျီချန်း၏ ပုံရိပ်သည် ပေါ့ပါးပြီး သူ၏ ခြေထောက်များသည် လျှပ်စီးကဲ့သို့ လျင်မြန်သည်။ သူ၏ ခြေဖျားကို ပေါ့ပေါ့ပါးပါး တို့လိုက်ရုံဖြင့် သူသည် ရဲ့လင်းချန်နှင့် နီးကပ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ရဲ့လင်းချန်သည် လုံးဝ မနှေးသောကြောင့် သူ၏ ခြေထောက်များ မြှောက်ခြင်းဖြင့် အလွယ်တကူ ရှောင်တိမ်းလိုက်သည်။

“ဂျူဂျီချန်းက ရဲ့လင်းချန်ရဲ့ အားနည်းချက်ကို တွေ့သွားတဲ့ပုံပဲ၊ အဲ့ဒါကြောင့် ဦးဆောင် တိုက်ခိုက်ပြီး ရဲ့လင်းချန်ကို ဝိညာဉ်စွမ်းအင် ပြန်စုစည်းနိုင်မယ့် အခွင့်အရေး နည်းစေတာပဲ”

“ဒါပေမဲ့ ရဲ့လင်းချန်ရဲ့ ခန္ဓာကိုယ် သိုင်းပညာတွေကလည်း တော်တော် အထင်ကြီးစရာ ကောင်းတယ်၊ သူ ဂျူဂျီချန်းရဲ့ လက်သီးနဲ့ ကန်ချက်တွေကို တကယ် ရှောင်တိမ်းနိုင်ခဲ့တယ် ...”

ဝူထျန်းပေါင် ဆက်ပြောနိုင်ခြင်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဂျူဂျီချန်း၏ တိုက်ခိုက်မှုများသည် ရိုးရိုးရှင်းရှင်းပင် အလွန် လျင်မြန်ခဲ့ပြီး ရေတွက်မရသော အရိပ်များ ချန်ထားခဲ့သည်။

တိုက်ကွမ်ဒိုသည် ကရာတေးဟုလည်း သိကြပြီး လက်နက်ကို အခြေခံထားခြင်း မရှိဘဲ လက်သီးနှင့် ကန်ချက်များကို အဆုံးစွန်အထိ လေ့ကျင့်ခြင်းကို အခြေခံထားသည်။ လျင်မြန်ပြီး ပြောင်းလွယ်ပြင်လွယ် ရှိသည်။

ဂျူဂျီချန်း၏ လက်များတွင် သူ၏ လက်သီးနှင့် ကန်ချက်တစ်ခုစီတွင် စိတ်ဝိညာဉ်စွမ်းအင် ပါဝင်သည်။ ၎င်းသည် သူ၏ လက်သီးနှင့် ကန်ချက်များကို သုံးဆယ်ရာခိုင်နှုန်း ရှည်လျားစေသည်နှင့် ညီမျှသည်။ သူ၏ တိုက်ခိုက်မှုများမှာ မဖောက်ထွင်းနိုင်သောကြောင့် ၎င်းတို့၏ စွမ်းအားမှာ အံ့ဩစရာ ဖြစ်သည်။

“မင်း ရှောင်ဖို့ပဲ သိတာလား”

တိုက်ခိုက်နေစဉ်တွင် သူသည် အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“ငါ ပြန်တိုက်ရင် မင်း ခွန်အားကို ပြဖို့ အခွင့်အရေးတောင် မရလိုက်မှာ စိုးရိမ်ရတယ်”

ရဲ့လင်းချန်က ပွင့်ပွင့်လင်းလင်း ပြောသည်။

“ဟားဟား၊ ရယ်စရာ ကောင်းလိုက်သည်။

သူ ခနဲ့ပြီး အော်လိုက်သည်။

“မင်း ငါတို့ အားလုံးကို တစ်ယောက်တည်း သတ်ချင်တယ်လို့ မပြောခဲ့ဘူးလား၊ မင်းမှာ လုပ်နိုင်တဲ့ အရည်အချင်း ရှိရင် မရှောင်နဲ့”

ထို့နောက် သူ၏ ကိုယ်ခန္ဓာသည် ပစ်ထွက်သွားပြီး ‌ခြေထောက်ကို မြင့်မြင့်မြှောက်ကာ လေးလံသောတုတ်ကဲ့သို့ ရိုက်ချလိုက်သည်။

ထိုအခါ ရဲ့လင်းချန်က မရှောင်ပဲ လှံဖျားကို ချိန်လိုက်ပြီး လေကို ဖြတ်၍ ထိုးဖောက်လိုက်သည်။

“ဝုန်း”

လှံ၏ ကိုယ်ထည်ကို ကန်လိုက်ရာ နှစ်ယောက်လုံး အနည်းငယ် နောက်ဆုတ်သွားကြပြီးနောက် သူသည် တစ်ဖန် ထပ်မံ ပြေးတက်လာသည်။

“ဝုန်း ဝုန်း”

ဂျူဂျီချန်း၏ တိုက်ခိုက်မှုများသည် မုန်တိုင်းကဲ့သို့ ကြမ်းတမ်းနေပြီး တစ်ခုစီတွင် စိတ်ဝိညာဉ် စွမ်းအင် ပါဝင်ကာ အလွန် ဖိနှိပ်လွန်းလှသည်။

ရဲ့လင်းချန်သည် သူ၏ လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ ကျားကဲ့သို့သော အရှိန်အဝါ ထွက်ပေါ်လာသည်။ သူ၏ ခွန်အား သည်လည်း ထူးခြားနေပြီး စိတ်ဝိညာဉ်စွမ်းအင်သည် ကွင်းထဲတွင် ပြည့်လျှံလာသည်။

“အရမ်း မြန်တယ်”

ဝူထျန်းပေါင် လျင်မြန်စွာ ရှင်းပြလိုက်သည်။

“ဂျူဂျီချန်းရဲ့ လက်သီးနဲ့ ခြေထောက်တွေက လျင်မြန်တယ်၊ ဒါပေမဲ့ ရဲ့လင်းချန်ရဲ့ လှံအရှိန်ကလည်း မြန်တယ်။ သူတို့ နှစ်ယောက်လုံး စိတ်ဝိညာဉ်ခွန်အားနဲ့ ဆက်တိုက် ယှဉ်ပြိုင်နေကြပြီး သူတို့ရဲ့ ပေါက်ကွဲအားကလဲ အရမ်း ပြင်းတယ်၊ ဒါက သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအင် ပြင်းထန်မှုပဲ၊ ရဲ့လင်းချန်က အရင်ပွဲနှစ်ပွဲကြောင့် မောပန်းပြီး ဒီတစ်ခေါက် မလွယ်နိုင်လောက်မှာ စိုးရတယ်”

လူတိုင်း စင်မြင့်အောက်မှ စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

ရဲ့လင်းချန်၏ ခွန်အားသည် လူတိုင်းအတွက် ထင်ရှားနေသည်။ သူသည် တိုက်ပွဲ နှစ်ခုလုံးကို အလွန် လွယ်ကူစွာ အနိုင်ရခဲ့ပြီး အခြားသူများကဲ့သို့ မသေမချင်း တိုက်ခိုက်ရခြင်း မရှိခဲ့ပေ။ ပြိုင်ဘက် နှစ်ဦးလုံးသည် ပြင်းထန်သော ဒဏ်ရာများဖြင့် အရှုံးပေးခဲ့ရသည်။

သူ ဂျူဂျီချန်းကို ဤတစ်ကြိမ် အနိုင်ရနိုင်ဦးမည်လော။

ကြည့်ရသည်မှာ အနည်းဆုံး သူ၏ အခြေအနေသည် အလွန် မကောင်းပေ။

ကောင်းကင်ကို ကြည့်လျက် စွန်းဟုန်ထောင်၏ မျက်နှာ မည်းမှောင်သွားပြီး ကျိန်ဆဲလိုက်သည်။

“ငတုံးကောင်”

ဂျူဂျီချန်းသည် အဆင့်အနိမ့်ဆုံး ရန်စခြင်းကို အသုံးပြုခဲ့သော်လည်း ရဲ့လင်းချန် ကျော့ကွင်းကို မိလိမ့်မည်ဟု စွန်းဟုန်ထောင် မမျှော်လင့်မိခဲ့ပေ။ သူသည် ရှောင်တိမ်းရမည့်အစား ထိပ်တိုက် ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။ ၎င်းသည် အမြင့်ဆုံး မိုက်မဲမှု ဖြစ်သည်။

ရဲ့လင်းချန်တွင် စိတ်ဝိညာဉ်စွမ်းအင် မည်မျှ ရှိနိုင်မည်နည်း။ သူ မည်မျှ ဖြုန်းတီးနိုင်မည်နည်း။

ရဲ့လင်းချန်သည် သူ၏ သိုင်းပညာများစွာ၏ အားသာချက်များကို ပေါင်းစပ်ပြီး ဆက်လက် တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ အနိုင်ရဖို့ အခွင့်အရေး တစ်ဝက်ကျော် ရှိမည်။ သို့သော် ပြိုင်ဘက်နှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းသည် သေခြင်းကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။

“သူက လူငယ်တစ်ယောက် ဖြစ်နေတုန်းပဲလေ၊ သူ့မှာ ခွန်အားတွေ အများကြီး ရှိပြီး တိုက်ပွဲ အတွေ့အကြုံ နည်းနေသေးတယ်”

ထျဲကျွင့်ကလည်း မျက်မှောင် အနည်းငယ်ကြုတ်၍ ပြောလာသည်။

ကိုရီးယားနိုင်ငံမှ လီဆောင်းယွန်း ရယ်မောနေသည်။ ရဲ့လင်းချန်သည် အလွန် မာနကြီးပြီး ရန်စခြင်းကို သည်းမခံနိုင်ပေ။

ဂျူဂျီချန်း၏ လက်သီးနှင့် ကန်ချက်များသည် အားကောင်းပြီး တိုက်ကွမ်ဒိုသည် စိတ်ဝိညာဉ်စွမ်းအင် အများအပြား မသုံးရပေ။ ၎င်းသည် လက်သီးချက်နှင့် ကန်ချက်များတွင်သာ အဓိက ထားပြီး အလဟဿ မဖြစ်ချေ။ ခံနိုင်ရည် အရ ဂျူဂျီချန်းသည် အဆင့်တူများထဲတွင် ထိပ်ဆုံး၌ ရှိမည်မှာ သေချာလှသည်။

ရဲ့လင်းချန်၏ လှံသိုင်းများသည် အစွမ်းထက်သော်လည်း ဂျူဂျီချန်းကို အန္တရာယ် မဖြစ်စေနိုင်သည့် အခြေခံ သိုင်းကွက် အနည်းငယ်မျှသာ ဖြစ်သည်။

မိမိ အားသာချက်ကို အသုံးပြုကာ ရန်သူ၏ အားနည်းချက်ကို တိုက်ခိုက်ရပေမည်။

“ဝုန်း ဝုန်း ဝုန်း”

သိုင်းကွက် သုံးဆယ်ကျော် ဖလှယ်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင် သုံးစွဲမှုသည်လည်း တိုးလာနေသည်။

ရဲ့လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအင်သည် အနည်းငယ် အားနည်းလာပုံရသည်။

ရဲ့လင်းချန်သည် ယခင်ကဲ့သို့ သူ့ပြိုင်ဘက်အား ဖိနှိပ်နေသည်ကို မမြင်ရသဖြင့် လူများစွာက အံ့အားသင့် နေကြသည်။

ဂျူဂျီချန်းသည်လည်း အခွင့်အရေးကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်ပြီး ရဲ့လင်းချန်ကို ပြန်လည် အားဖြည့်ရန် အချိန်မပေးတော့ချေ။

နောက်တစ်ခဏတွင် ဂျူဂျီချန်းသည် ပေါက်ကွဲသံဖြင့် အော်ဟစ်လိုက်ပြီး မြေကြီးကို ဆောင့်နင်းလိုက်သည်။ မြေကြီးသည် နက်ရှိုင်းစွာ အောက်သို့ ခွက်ဝင်သွားပြီး အက်ကြောင်းများ ပြန့်နှံ့သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကျားကဲ့သို့ ရဲ့လင်းချန်ဆီသို့ တဟုန်ထိုး ပြေးဝင် လာသည်။

ထိုအခိုက်အတန့်တွင် သူသည် ရဲ့လင်းချန်နှင့် အနီးကပ် တိုက်ခိုက်ချင်နေပြီး သူ့အား လှံရှည်ကို အသုံးမပြုနိုင်အောင် လုပ်ချင်နေသည်။ တစ်ချိန်တည်းမှာပင် လက်သီးနှင့် ကန်ချက်များက ဂျူဂျီချန်း၏ အားသာချက်များ ဖြစ်သည်။

ဂျူဂျီချန်း ရဲ့လင်းချန်ပေါ်သို့ ခုန်အုပ်လိုက်စဉ်တွင် သူ၏ မျက်နှာ၌ ရုတ်တရက် အပြုံးတစ်ခု ပေါ်လာသည်။

တိုက်ကွမ်ဒို၏ တိုက်ကွက်များသည် အလွန် ပျော့ပျောင်းပြီး သူ၏ လှုပ်ရှားမှု နည်းပညာသည်လည်း မဆိုးပေ။ ပြောရမည်ဆိုလျှင် သူသည် ဂျူဂျီချန်းကို အချိန်တိုအတွင်း အနိုင်ယူနိုင်သင့်သော်လည်း ထိုအခိုက်အတန့်တွင် သူသည် လုံးဝ စိတ်အေးလက်အေး ဖြစ်နေသည်။

“အနိုင်ရသူကို ဆုံးဖြတ်ဖို့ အချိန်တန်ပြီ!”

တစ်စုံတစ်ဦးက တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။

“ငါက လှံသိုင်းမှာ အပျော်တမ်းအဆင့်ပဲ ရှိပင်မယ့် လက်သီးသိုင်းမှာတော့ ပရော်ဖက်ရှင်နယ်ပဲ”

ဂျူဂျီချန်း မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ရဲ့လင်းချန်က တိုတိုတုတ်တုတ် ပြောလာ၏။

ထိုအခိုက်အတန့်မှာပင် ရဲ့လင်းချန်သည် သူ၏လှံကို မမျှော်လင့်ဘဲ လွှတ်ချကာ ပစ်ထုတ်လိုက်သည်။ တစ်ချိန် တည်းမှာပင် သူသည် လက်ဗလာဖြင့် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

“ဒုန်း”

လက်သီးချင်း ထိပ်တိုက် တိုက်မိသွားလေသည်။ အရဟာ လက်သီးစွမ်းအင်၏ အစွမ်းထက်သော စိတ်ဝိညာ ဉ်စွမ်းအင်သည် ဂျူဂျီချန်း ခုခံနိုင်သည့် အရာ မဟုတ်သောကြောင့် သူသည် ရလဒ် အနေဖြင့် ချက်ချင်း နောက်သို့ တွန်းပို့ခံလိုက်ရသည်။

သို့သော် ရဲ့လင်းချန်သည် သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ နဂါးဖမ်းလက်က ဂျူဂျီခန်းကို ချက်ချင်း ပြန်ဖမ်းဆီးသွားသည်။ ထို့နောက် ရဲ့လင်းချန်သည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ဂျူဂျီချန်း၏ ဝမ်းဗိုက်ကို လက်သီးတစ်လုံး တန်းတန်းမတ်မတ် ပစ်သွင်းလိုက်လေသည်။

All Chapters