← Chapters

ခင်ဗျားတစ်ယောက်တည်းကပဲ သိုင်းပညာရှင်လို့ ဘယ်သူ ပြောလဲ

Vol. 22 Ch. 317

ခင်ဗျားတစ်ယောက်တည်းကပဲ သိုင်းပညာရှင်လို့ ဘယ်သူ ပြောလဲ

Vol. 22 Ch. 317

“မင်း ဘာလုပ်မလို့လဲ၊ ပြန်လာခဲ့”

တပ်ကြပ်ကောင်းနှင့် အခြားသူများသည် ရဲ့လင်းချန်၏ အပြုအမူကို မြင်ပြီး ကြောက်လန့်တကြား အော်ဟစ် ကြသည်။

သူတို့မျက်လုံးထဲတွင် ရဲ့လင်းချန်သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် ထိုလူထံ လျှောက်သွားခြင်းက ဂူသင်္ချိုင်းထဲ ခြေတစ်လှမ်း ချလိုက်သည်နှင့် မထူးခြားနားပင်။

သို့သော် ရဲ့လင်းချန်က သူတို့အော်သံကို မကြားသည့်ပုံပင်။ သူသည် နောက်လှည့်မကြည့်ဘဲ ထွားကြိုင်းသောလူ ထံသို့ ဆက်လျှောက်သွားသည်။

ထွားကြိုင်းသောလူတွင် သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် သုန်မှုန်နေသော မျက်နှာအမူအရာ ရှိသည်။ တစ်ချက်ကြည့်ရုံနှင့် သူက လူကောင်း မဟုတ်မှန်း ပြောနိုင်ပေသည်။ သူနှင့် ယှဉ်လိုက်ရင် ရဲ့လင်းချန်က အလွန် သမာရိုးကျ ဆန်လှသည်။

*သူက တက္ကသိုလ်ကျောင်းသားတစ်ယောက် သက်သက်ပဲလေ*

ရဲ့လင်းချန် ဘာကို ကြုံတွေ့လာရမလဲ တွေးကြည့်မိရုံနှင့်တင် တပ်ကြပ်ကောင်းနှင့် အခြားသူများ ထိန်းမရအောင် တုန်ယင်လာသည်။

“ဟမ်”

ထွားကြိုင်းသောလူကလည်း ရဲ့လင်းချန်ကို စိတ်ဝင်စားဟန်ဖြင့် ကြည့်နေသည်။

“မင်းက ဒီလိုအခြေအနေမျိုးမှာ ပထမဦးဆုံး တည်ငြိမ်နေသေးတဲ့လူပဲ၊ သိပ်ကောင်းတယ်၊ ခဏနေရင် ငါ မင်းကို ဂုဏ်သိက္ခာရှိတဲ့ သေခြင်းမျိုး ပေးပြီး နာကျင်မှုနည်းနည်းပဲ ဖြစ်အောင် လုပ်ပေးမယ်”

“ခင်ဗျားက ကျုပ်ကို ရင်ဆိုင်ဖို့ အဲ့လောက် ယုံကြည်မှု ရှိတာလား”

ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူသည် ထွားကြိုင်းသောလူနှင့် ယှဉ်ပြိုင်နေသည့် အရှိန်အဝါမျိုး ထုတ်ဖော်နေ၏။

သူသည် အလွန် တည်ငြိမ်နေပြီး တစ်ကိုယ်လုံးက ငြိမ်သက်နေသော ကန်ရေပြင်လိုပင်။

“ဪ … ကြည့်ရတာ မင်းကိုယ်မင်း ဘယ်လောက် သေးငယ်လဲ မသိဘူးထင်တယ်”

ထွားကြိုင်းသောလူသည် အခြားသူများ၏ အကြောက်တရားကို သဘောခွေ့တတ်သည်။ သူက ခြေထောက်ကို အသာမြှောက်၍ မြေကြီးကို ဆောင့်နင်းလိုက်သည်။

“ဒုန်း”

ကောင်းကင်ပေါ်မှ သံတုံးတစ်တုံးက မြေကြီးပေါ် ပြုတ်ကျလာသကဲ့သို့ မြေဆီလွှာ တုန်ခါသွားသည်။ နောက်တစ်ခါ ပြန်ကြည့်လိုက်သောအခါ ထိုမြေကြီး၌ တစ်လက်မ နက်သော ခြေရာတစ်ခု ပေါ်နေ၏။

“ဟာ”

လီဟူ တအံ့တဩ ရေရွတ်လိုက်မိသည်။ အားပြင်းသော ထိုအဖျက်စွမ်းအင်က လက်သီးနှင့် ထိုးခြင်းထက် ပိုပြင်းနေသည်။

ပတ်ဝန်းကျင် မြေနေရာသည် ပျော့ပျောင်းသော သဲလမ်းမဟုတ်ပါ။ ထိုဆောင့်နင်းချက်က အလွန် သန်မာလွန်းပြီး ထိုခြေထောက်ဖြင့်သာ လူ့ခြေထောက်ကို အနင်းခံရပါက အပေါက်ကြီးတစ်ပေါက် ဖြစ်လာစေလောက်သည်။

ထွားကြိုင်းသောလူက လှောင်ရယ်၍ ရဲ့လင်းချန်ကို ကြည့်လိုက်သည်။ သို့သော် တစ်ဖက်လူ၏ မျက်လုံးများက ယခုအထိ တည်ငြိမ်နေသေးသည်ကို မြင်ပြီး စိတ်ပျက်သွားလေသည်။ သူ့မျက်လုံးတွင် စိတ်ပျက်သွားသော အရိပ်အယောင်ကိုပင် မြင်နေရသည်။

ရဲ့လင်းချန်က ခေါင်းခါလိုက်ပြီး အရေးမစိုက်သောအသံဖြင့် ပြောလိုက်လေသည်။

“ဒါပဲလား”

ရဲ့လင်းချန်၏ လေသံကို ကြားလိုက်ရသောအခါ လူတိုင်း တစ်ဒင်္ဂမျှ သွေးပျက်သွားသလို ခံစားလိုက်ရသည်။ သူတို့အားလုံး အကြောများ ထုံထိုင်းသွားသလို ခံစားလိုက်ရပြီး ပေါက်ကွဲတော့မည်ဟု ထင်လာကာ အသက် ရှူရန်ပင် မေ့သွားကြသည်။

*ဒီကောင်လေးရဲ့ သတ္တိက တော်တော် အထင်ကြီးစရာ ကောင်းတာပဲ၊ လူတစ်ယောက်ရဲ့ အသက်ကို ပုရွက်ဆိတ်လို အသာလေး နုတ်ယူလိုက်နိုင်တဲ့ သိုင်းပညာရှင်ရှေ့ ရောက်နေတာတောင် အဲ့လို ပြောရဲသေးတယ်*

*အားလုံး သွားပြီပဲ …*

သူတို့အားလုံး မျက်လုံးမှိတ်ကာ သက်ပြင်းချလိုက်ရသည်။ မြင်ကွင်းကို ထပ်ကြည့်ရန် ခက်ခဲလွန်းလှသည်။

ထွားကြိုင်းသောလူသည်လည်း မျက်လုံးပြူးလာပြီး သူ့အရှိန်အဝါက ရုတ်တရက် ထိုးတက်လာသည်။

“ငနာလေး ငါ မင်းကို မသေခင် စကားတစ်ခွန်း သင်ပေးလိုက်မယ်၊ သိုင်းပညာရှင်တစ်ယောက်ကို … စော်ကားလို့ မရဘူးကွ”

လေတိုက်ခြင်းကြောင့် သူ့ကိုယ်မှ အဝတ်အစားများ လှုပ်ခါလာသည်။ မီးပွင့်သော အသံမျိုး ကြားလာရပြီးနောက် သူက လက်ငါးချောင်းကို လက်သည်းတစ်ခုအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည် တောင်ကုန်း ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်နှင့် သဏ္ဌာန်တူနေပြီး လျှပ်စီးအလား တိုက်ခိုက်လာ၏။

ယခင်က သူ လက်အသာလေး လှုပ်ခါရုံမျှနှင့်တင် လီဟူ၏ ခြေထောက်မှ အရိုးများကို ချိုးနိုင်ခဲ့သည်။ သာမန်လူ တစ်ယောက်၏ ခန္ဓာကိုယ်က သူ့အတွက် တို့ဟူးလိုပင်။ ထိုလက်သည်းနှင့်သာ ရင်ဆိုင်ရပါက ရဲ့လင်းချန်၏ အရိုးများ တစ်စစီ ဖြစ်သွားလောက်သည်။

“ဟူး … ဒီကောင်လေးတော့ ကယ်သူမဲ့ပြီ၊ ရှုနန် မြန်မြန်သာ ပြေးပါ‌တော့”

လီဟူက ခေါင်းခါ၍ သက်ပြင်းချသည်။

တပ်ကြပ်ကောင်းသည်လည်း အကြည့်လွှဲနေပြီး မကြည့်ရက်နိုင် ဖြစ်နေသည်။ ရဲ့လင်းချန်အား ခေါ်လာမိသည်ကို သူ နောင်တနေရသည်။ အလကားသက်သက် အသက်တစ်ချောင်း ဆုံးရှုံးရတော့မှာပါတကား။

“ကျွန်မ မသွားဘူး”

ရှုနန်က ပြတ်သားသော အသံဖြင့် ခေါင်းခါပြီး ပြောသည်။

“ကျွန်မဆရာက တကယ် သန်မာတာ၊ သူ တစ်ခါမှ မရှုံးဖူးသေးဘူး”

*သူက တကယ် သန်မာတယ်ဆိုရင်တောင်မှ ရန်သူရဲ့ အင်အားက လူတစ်ယောက် ထင်ထားတာထက် သာလွန် နေပြီလေ၊ သူ နိုင်မယ်လို့ မျှော်လင့်နေသေးတာလား*

ဘယ်သူကမှ ရဲ့လင်းချန်နှင့် ပတ်သက်၍ အကောင်းမြင်စိတ် မရှိဘဲ ဝမ်းနည်းခြင်းကိုသာ ခံစားနေရသည်။ တစ်ဖက်အဖွဲ့အပေါ် အထင်သေးမိပြီး လုံလောက်အောင် ပြင်ဆင်မှု မလုပ်နိုင်ခဲ့သည့်အတွက် သူတို့ကိုယ်သူတို့ အပြစ်တင်နေကြသည်။

ထွားကြိုင်းသောလူ၏ လက်သည်းနှင့် ရင်ဆိုင်ရသောအခါ ရဲ့လင်းချန်သည်လည်း ရုတ်တရက် လှုပ်ရှားလာသည်။ သူသည်လည်း လက်တစ်ဖက်ကို မြှောက်ပြီး လက်သည်းအသွင် ပြောင်း၍ ခပ်ပြင်းပြင်း ပြန်တိုက်လေသည်။

သူ့လက်သည်းသည် ဘာမှထူးခြားမှုမရှိသလို ပျော့ပျောင်းသည်ဟု ထင်ရကာ မည်သည့် သာမန်လူမဆို၏ ပုံစံနှင့် အတူတူပင်။

သို့သော် သူ့လက်သည်းက ထွားကြိုင်းသောလူ၏ လက်သည်းနှင့် ထိပ်တိုက်တွေ့သောအခါ ရဲ့လင်းချန်၏ လက်ငါးချောင်းက ထက်ရှစွာဖြင့် ထိုလူ၏ လက်ငါးချောင်းကို မြဲနေအောင် ဖမ်းချုပ်ထားလေသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ထွားကြိုင်းသောလူက အလန့်တကြား ရေရွတ်လေသည်။ လူငယ်လေး၏ လက်အားက သူ ထင်ထားသည်ထက် သာနေကြောင်း သူ ခံစားမိသည်။ သူ့လက်ချောင်းများက သံမဏိ ဝိုင်ယာကြိုးမှ လုပ်ထားသည်ဟုပင် ထင်ရပြီး ထက်ရှမှုကလည်း သိမ်းငှက်လက်သည်းသဖွယ် ထက်ရှကာ မြဲမြံလေသည်။

သူ၏ ထီမထင်သော အပြုံးက အေးခဲသွားပြီး ဆက်လည်၍ မတည်ငြိမ်နိုင်တော့ချေ။ သူ့ခြေထောက်များက အသည်းအသန် နောက်ဆုတ်သွားပြီး လက်သည်းကလည်း အားပျော့လာသည်။ သူ လက်ကို လျှောထုတ်ချင်နေပြီး နောက်လက်တစ်ဖက်ဖြင့် ရဲ့လင်းချန်၏ လက်ကို တွန်းလေသည်။

သို့သော် သူ နောက်မဆုတ်နိုင်ခင်မှာပင် လေတိုးသံတစ်သံကို ကြားလိုက်ရပြီး နောက်လက်သည်းတစ်ဖက်က လျှပ်စီးကဲ့သို့ အရှိန်ဖြင့် သူ့ခါးထံ ကျရောက်လာသည်။

“ဗျိ”

ရဲ့လင်းချန်၏ လက်သည်းက ထွားကြိုင်းသောလူ၏ ခါးကို ဆုပ်ကိုင်လာသည်။ အဝတ်အစအနများ လွင့်စဉ်လာပြီး လက်သည်းက အဝတ်ကို ဖောက်သွားသဖြင့် ထွားကြိုင်းသောလူ၏ ခါးတွင် လက်ငါးချောင်းရာ သွေးစီးကြောင်းများ ဖြစ်ပေါ်လာ၏။

ရဲ့လင်းချန်၏ လက်တွင် ဘာလက်သည်းချွန်မှ မရှိသော်လည်း လက်ငါးချောင်း၏ အားက လက်နက်တစ်ခုလိုပင်။

*ထွားကြိုင်းတဲ့လူက နောက်ဆုတ်သွားတာလား*

*သူ နောက်ဆုတ်သွားပင်မယ့် ရဲ့လင်းချန်ရဲ့ အရှိန်က ပိုမြန်နေတယ်၊ သူ့လက်တွေက ပုံရိပ်တွေလိုပဲ၊ လေထဲမှာ လက်သည်းရာတွေပဲ ဖုံးသွားတာ၊ မသိရင် သိမ်းငှက်တစ်အုပ်က လူတစ်ယောက်ကို ဝိုင်းနေသလိုပဲ၊ ထိုးဖောက်လို့ မရပါလား*

“ဘုန်း”

တပ်ကြပ်ကောင်းနှင့် အခြားသူများ၏ မယုံနိုင်သော အကြည့်အောက်မှာပင် ထွားကြိုင်းသောလူ၏ ခန္ဓာကိုယ်က လေထဲ အကြိမ်အနည်းငယ်မျှ တစ်ပတ်လည်၍ အဝေးသို့လွင့်သွားကာ သစ်ပင်တစ်ပင်နှင့် ဝင်ဆောင့်ပြီးမှ မြေကြီးပေါ် ပြုတ်ကျသွားသည်။

*ဒါ … ဒါ …*

ပတ်ဝန်းကျင်က တိတ်ဆိတ်သွားလေသည်။

လူတိုင်း နေရာမှာတင် ကြက်သေ သေနေကြပြီး မျက်နှာတွင် တွေဝေဟန်တို့ ပြည့်နှက်နေ၏။

လီဟူက အသည်းအသန် ပြူးကြည့်နေသောကြောင့် မျက်လုံးများ ကျွတ်ထွက်လုနီးပါး ဖြစ်နေသည်။ သူ့မျက်လုံးနှင့် ကိုယ်တိုင် မြင်တွေ့လိုက်ရသော အရာကို မယုံနိုင်သေးပေ။ တပ်ကြပ်ကောင်း ပါးစပ် အဟောင်းသား ဖြစ်လာပြီး မေးရိုးက ကြမ်းပြင်ကို ပြုတ်ကျလုနီးပါး ဖြစ်နေလေသည်။

ရှုနန်တစ်ဦးတည်းသာလျင် အံ့ဩသော မျက်နှာထားမျိုး ဖြစ်နေပြီး သူမဆရာက သူမကို စိတ်ပျက်အောင် မလုပ်မှန်း သိနေခဲ့သည်။

တောအုပ်ထဲတွင် ထွားကြိုင်းသောလူက မြေကြီးပေါ်မှ ဒယိမ်းဒယိုင်ဖြင့် ပြန်ထလာပြီး ရဲ့လင်းချန်အား ကြောက်လန့်တကြား ကြည့်သည်။ သူသည် ဆိုးရွားသော အခြေအနေသို့ ရောက်နေလေသည်။

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ရဲ့လင်းချန်က လက်နောက်ပစ်၍ မတ်တပ်ရပ်နေသည်။ သူ့နှုတ်ခမ်းက အသာတွန့်ကွေးနေပြီး ပြုံးနေ၏။

“ခင်ဗျား တစ်ယောက်တည်းကပဲ သိုင်းပညာရှင်လို့ ဘယ်သူ ပြောလဲ”

လရောင်က သူ့ပေါ် ဖြာကျနေပြီး မသိလျင် တောက်ပသော အလွှာတစ်ခုက သူ့အား ဖုံးအုပ်ထားသည်ကို ထင်မှတ်ရပြီး လူတိုင်းအား အံ့အားသင့်နေစေသည်။

လူတိုင်းကို ကြံရာမရဖြစ်စေခဲ့သော ထွားကြိုင်းသောလူက ရဲ့လင်းချန်ကြောင့် မြေကြီးပေါ် ပစ်ကျသွားခဲ့သည်။ ထိုသို့သော ရလဒ်က လူတိုင်း၏ အထင်နှင့် ကွဲလွဲနေသောကြောင့် အားလုံး အာခြောက်ကာ ပြောစရာ စကား မဲ့နေ၏။

“သူက တကယ့် သိုင်းပညာရှင် တစ်ယောက်ပဲ”

တစ်ယောက်က မနေနိုင်ဘဲ ရေရွတ်လေသည်။

သူတို့သည်လည်း ရှုနန်၏ စကားကို ပြန်အမှတ်ရသွားကြသည်။ အစကတည်းက သူတို့သည် ရှုနန်၏ ဆရာနှင့် ပတ်သက်၍ အဆိုးမြင်ခဲ့ကြသည်။ ယခုအခါတွင်မှ သူက တကယ့် သိုင်းပညာရှင် ဆရာတစ်ဦးဖြစ်သည်ကို သိလိုက်ရသည်။

လီဟူ မနည်း တံတွေးမျိုချလိုက်ရသည်။

*လတ်စသက်တော့ ရဲ့လင်းချန်က ဟန်ဆောင်နေတာ မဟုတ်ဘူးပဲ၊ သူက တကယ် အစွမ်းအစ ရှိတာကိုး*

သိုင်းပညာရှင် ဆရာတစ်ဦးကို တမင်သက်သက် ရန်စခဲ့မိသည့် သူ့အဖြစ်ကို ပြန်တွေးမိတိုင်း လီဟူ၏ ရင်ထဲ၌ ခါးသက်လာသည်။

“မင်း … မင်းကလည်း သိုင်းပညာရှင်ပဲလား”

ထွားကြိုင်းသောလူသည် သူ့ကိုယ်မှ ဒဏ်ရာများကို အရေးမစိုက်ဘဲ စူးရှသော မျက်လုံးတို့ဖြင့် ရဲ့လင်းချန်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများက အေးစက်နေသလို ထိတ်လည်း ထိတ်လန့်နေ၏။ ဤမျှ အသက် ငယ်ငယ်လေးနှင့် ထူးချွန်သော သိုင်းပညာရှင် တစ်ဦးကို မြင်တွေ့လိုက်ရသည်က တကယ်ကို ထင်မထားမိသည့် ကိစ္စပင်။

သို့သော် ရဲ့လင်းချန်ထက် သူ အားနည်းသည်ဟု မယုံကြည်ပါ။ ရဲ့လင်းချန်က သူ သတိမမူမိသောကြောင့် အခွင့်အရေး ရသွားခြင်းသာ ဖြစ်သည်။ သိုင်းပညာ၌ ဆယ်စုနှစ်ကြာအောင် နှစ်မြုပ်ထားခဲ့သောကြောင့် သူသည် ဤလူငယ်လေးကို ရင်ဆိုင်နိုင်သည်ဟု ယုံကြည်နေ၏။

All Chapters