ယောက်ျား ပီသအောင် ဘယ်လိုလုပ်ရမလဲ
Vol. 46 Ch. 683
တစ်ခဏအကြာ၌ ချင်ပိုင်ချွမ်းက ဌာနမှူးလျှိုအား သတင်းအသစ်အား လှမ်းပြောလေသည်။
ဌာနမှူးလျှိုက ဖုန်းကိုင်လိုက်သည်။
“ရောင်းရင်းချင်၊ မင်း သူတို့ကို မေးပြီးပြီလား၊ သူတို့ စရိုက်နေတာ ဘယ်လောက် ကြာပြီလဲ၊ သူတို့အတွက် ပြီးဖို့ ဘယ်လောက် ထပ်ကြာဦးမလဲ”
“သူတို့ ရိုက်လို့ ပြီးသွားပြီ”
“ဪ သူတို့က … ဘာ … သူတို့ ပြီးသွားပြီ ဟုတ်လား”
ဌာနမှူးလျှို၏ အသံက ရုတ်တရက် ကျယ်လာသည်။
“မင်း ထပ်ပြောလို့ရမလား”
“မင်း ငါ့ကို ဘယ်နှစ်ခါ ထပ်မေးမေး ငါ တစ်ခုတည်းကိုပဲ ပြောရမှာပဲ၊ သူတို့ ဇာတ်လမ်း ရိုက်ကူးလို့ ပြီးသွားပြီ”
ချင်ပိုင်ချွမ်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“တရုတ် ဗဟိုရုပ်သံက အဓိက အချိန်နေရာအတွက် မြန်မြန် စီစဉ်လိုက်တော့”
“မဟုတ်သေးပါဘူး၊ နေပါဦး … သူတို့ ပြီးသွားပြီဆိုတာက တကယ် ပြီးသွားပြီလား”
ဌာနမှူးလျှိုက အနည်းငယ် အံ့ဩနေဟန် ပေါ်နေသည်။
“ငါတို့ ပြောနေတာက တရုတ် ဗဟိုရုပ်သံနော်၊ သူတို့ ရိုက်ကူးတာ ဘယ်လောက် ကြာပြီလဲ၊ မင်း သူတို့ အရည်အသွေးကို ယုံကြည်လား”
“နှစ်လဝန်းကျင်လောက် ရှိတော့မယ်၊ အခု သူတို့ အားလုံးကို လက်စသတ်ဖို့ လုပ်နေတာ၊ အချိန်ဆွဲနေတာကို ရပ်ပြီးတော့ အဲ့အချိန်နေရာအတွက် စီစဉ်ပေးတော့”
“အနုပညာနယ်ပယ်ထဲက တစ်ယောက်ယောက်က နှစ်လဝန်းကျင်လောက်နဲ့ ရုပ်သံဇာတ်လမ်းတွဲကို ပြီးအောင် လုပ်နိုင်တဲ့သူမျိုး ငါ တစ်ခါမှ မကြားခဲ့ဖူးဘူး”
“အခု မင်း ကြားဖူးပြီလေ၊ အဲ့ကလေးက သာမန်လူ မဟုတ်ဘူး”
ချင်ပိုင်ချွမ်းက ပြုံးနေသည်။
ဌာနမှူးလျှိုက သူ၏ တစ်ဝက်မျှပြောင်နေသော နဖူးကို ပွတ်၍ ရယ်ရမလား၊ ငိုရမလားမသိ ဖြစ်နေသည်။ သူ ပြောစရာစကား မဲ့နေလေပြီ။
သူသည် ရေဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲ နယ်ပယ်ထဲ၌ ကျင်လည်နေသူ ဖြစ်သည်။ တရုတ် ဗဟိုရုပ်သံဌာန၌ သူ၏ တာဝန်မှာ ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည်။ သူက ပရော်ဖက်ရှင်နယ် ထုတ်လုပ်သူ မဟုတ်သော်လည်း သူသည် နယ်ပယ်၏ အကြောင်းအရာများကို သိနားလည်သူ ဖြစ်သည်။
ထို့ကြောင့် သူသည် အခြားသူများ၏ ရိုက်ကူးရေးဝန်ထမ်းများက သူတို့၏ ရုပ်သံဇာတ်လမ်းတွဲများကို ဘယ်လို ရိုက်ကူးသလဲ ဆိုသည်ကို သိထားပြီး ပါဝင်သော လုပ်ငန်းစဉ်များကိုလည်း ကောင်းကောင်း နားလည်ပေသည်။ အပိုင်း သုံးဆယ်၊ လေးဆယ်မျှ ရှိသော ဇာတ်လမ်းတွဲကို ပြင်ဆင်ရန် အနည်းဆုံး သုံးလမျှ ကြာမြင့်ပြီး အဓိက အချက်မှာ မည်သည့် ပြဿနာမျှ မကြုံရဘဲ ချောချောမွေ့မွေ့ ဖြစ်သွားမှ ရပေမည်။
တစ်ချို့ဝန်ထမ်းများသည် ရိုက်ကူးရန် နှစ်ဝက်မှ ကြာပြီး အချို့ဆိုလျင် နှစ်နှစ် သို့မဟုတ် သုံးနှစ်တောင်မှ ရိုက်ကူးရသည်။ ရိုက်ကူးနေစဉ် အတောအတွင်း မသေချာသော အကြောင်းအရာများစွာ ဖြစ်ပေါ်တတ်ပြီး ဇာတ်လမ်း၏ နောက်ဆုံးမိနစ်ပိုင်း ပြောင်းလဲမှုများနှင့် သရုပ်ဆောင်များ ပြောင်းလဲခြင်းက ဖြစ်ပေါ်တတ်သော အရာများပင်။
စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးဆိုလျင်ရော။
၎င်းသည် နှစ်လမျှသာ ကြာလိုက်ပြီး သရုပ်ဆောင်များသည် ဘာသရုပ်ဆောင် အရည်အချင်းမှ မရှိသော လူသစ်များ ဖြစ်ဟန်တူသည်။
*အခြေအနေက တကယ်ပဲ ဘယ်လိုပဲ၊ ဒါက တကယ်ကို ထုတ်လွှင့်ဖို့ အသင့် ဖြစ်နေပြီလား*
ဌာနမှူးလျှို အကြီးအကျယ် ဖိအားများနေသည်။ ယင်းသည် တရုတ် ဗဟိုရုပ်သံနှင့် အဓိကအချိန်အတွက် ဖြစ်သည်။ အခြေအနေက ထူးခြားပြီး စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသာ လူကြိုက်နည်းပါက သူ့ကိုယ်သူ အရူးလုပ်သလို ဖြစ်သွားပေလိမ့်မည်။
…
ဆန်းကြယ်ကျွန်း။
ရဲ့လင်းချန်က ဖုန်းချပြီး ပြုံး၍ လူတိုင်းကို ပြောလိုက်သည်။
“အချိန်ကို တည်းဖြတ်ဖို့ အချိန်ကျပြီ၊ ငါတို့ ရုပ်မြင်သံကြားဌာန ရပြီ၊ အဘိုးချင်က တကယ် အားကိုးရတယ်၊ သူက ကိစ္စအဝဝကို ဖြေရှင်းပေးပြီးတော့ အကဲဖြတ်အတွက်လဲ စီစဉ်ပေးပြီးပြီ”
“ဟာ … တကယ်လား”
လူတိုင်း တအံတဩ ကြည့်လာကြသည်။
“ငါတို့ ဒီတစ်ခေါက် တရုတ်ဗဟိုရုပ်သံဌာနမှာ ပြဖြစ်မှာ၊ ပြီးတော့ အချိန်ကလဲ အဓိကအချိန်ပဲ၊ ဒါက သာမန် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ကွဲပြားနေလိမ့်မယ်”
“လခွမ်း … တရုတ်ဗဟို ရုပ်သံဌာနလား၊ ဒါ ကောင်းတာပေါ့”
တရုတ် ဗဟိုရုပ်သံဌာနနှင့် သာမန် ရုပ်မြင်သံကြားဌာနများနှင့် လုံးဝ မတူပေ။ လီကျင့်တောင်မှ နှလုံးသားက အပြင်သို့ ခုန်ထွက်လာတော့မယောင် ခံစားမိနေပြီး အခြားသူများအားလုံး၏ မျက်နှာတွင်လည်း ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာသည်။
“ဟို … သခင်လေးရဲ့၊ ကျွန်တော်တို့ အခန်းတစ်ခန်းခန်းကို ပြန်ရိုက်ဖို့များ လိုအပ်နေမလား၊ တစ်ခုခုက သေချာ မရိုက်ဖြစ်ထားဘူးဆိုရင် …”
လီကျင့် ဘာမှဆက်မပြောနိုင်ချေ။
တရုတ် ဗဟိုရုပ်သံဌာနတွင် ထုတ်လွှင့်ပြသမည် ဖြစ်သဖြင့် အထူးသတိထား လုပ်ဆောင်ရန် လိုအပ်ပေသည်။
“အဲ့လိုလုပ်ဖို့ မလိုအပ်ဘူး”
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
နောက်တစ်နေ့တွင် ရဲ့လင်းချန်က ဇာတ်လမ်းတွဲတစ်ခုလုံးကို သူကိုယ်တိုင် စတင် တည်းဖြတ်လေတော့သည်။
ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းစဉ်တစ်ခုလုံးတွင် စိတ်ဝင်စားစရာကောင်းသော အတိုအထွာများစွာ ရှိလေသည်။ ၎င်းတို့အားလုံးကိုပါ ပေါင်းလိုက်လျင် အပိုင်း ငါးဆယ်အထိ ရှိသွားပေမည်။ သို့သော် ရဲ့လင်းချန်က သုံးဆယ့်ခြောက်ပိုင်းအထိသာ တည်းဖြတ်လိုက်သည်။ ဇာတ်ဝင်ခန်းတစ်ခုချင်းစီကို ကြည့်ရှုခြင်းက သူ့အား အလွန်အမင်း စိတ်ကျေနပ်မှု ရရှိစေသည်။
စတင်ချိန်၊ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ။
ရဲ့လင်းချန် ကွန်ပျူတာအရှေ့၌ ထိုင်နေသည်။ သူသည် လက်ထဲရှိ အလုပ်တွင် အလွန် အာရုံစိုက်ထားပြီး သူ၏ လက်ချောင်းများက လျင်မြန်စွာ လှုပ်ရှားနေ၏။
ထိုညနေခင်းတွင် ချင်ပိုင်ချွမ်းက ကိုယ်တိုင်ကိုယ်ကျ သူ့ထံ အလည်ရောက်လာသည်။
“မိတ်ဆွေလေးရဲ့၊ ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အားလုံး အဆင်ပြေရဲ့လား၊ ငါ အရာရှိနဲ့ အချိန်နေရာကို ယူထားပြီးပြီ၊ ကျေးဇူးပြုပြီး မွှေတော့ မမွှေလိုက်ပါနဲ့”
ချင်ပိုင်ချွမ်းက ရောက်လာသည်နှင့် လိုရင်းကိုသာ တန်းပြောလေသည်။
ရဲ့လင်းချန် အပြုံးနှင့် ပြန်ပြောလိုက်သည်။
“ကျွန်တော် အခုလေးတင် တည်းဖြတ်ပြီးသွားတာ၊ ခင်ဗျား စစ်ကြည့်ချင်လား”
“မင်း တည်းဖြတ်လို့ ပြီးသွားပြီလား”
ချင်ပိုင်ချွမ်း ထပ်မံ၍ ထိတ်လန့်သွားပြန်သည်။
“ဒါဆို အဲ့ဒါကို ချက်ချင်း ထုတ်လွှင့်လို့ရပြီလို့ ပြောချင်တာလား”
“ဒါပေါ့၊ ဒါ ပြီးဖို့ ကျွန်တော် တစ်မနက်လုံး အချိန်ယူခဲ့ရတယ်”
ချင်ပိုင်ချွမ်း မျက်မှောင်ကြုတ်သွားသည်။
“မင်းက တော်တော်လေး လုပ်နိုင်စွမ်း မြင့်တာကိုတော့ ငါ ဝန်ခံတယ်၊ တော်တော်ကို လုပ်နိုင်တာ”
ချင်ပိုင်ချွမ်းက အေးအေးလူလူ ပြန်ပြောလိုက်သည်။
“ကျွန်တော် လုပ်နိုင်ပါတယ်၊ ကျွန်တော်က အချိန်ဆွဲတာကို မကြိုက်ဘူး၊ ကျွန်တော့်အင်အားကလည်း ကျွန်တော့်ကို အဲ့လိုလုပ်ဖို့ ခွင့်မပြုဘူးလေ”
ချင်ပိုင်ချွမ်း ကူကယ်ရာမဲ့စွာ ခေါင်းခါလေသည်။
“အပိုင်းတွေက များလွန်းတယ်၊ အဲ့ဒါကြောင့် ငါ မကြည့်တော့ဘူး၊ မင်း ငါ့ကို အရှက်ရအောင် မလုပ်သရွေ့ အဆင်ပြေပါတယ်”
“ကျွန်တော် ဘယ်လိုလုပ် အဲ့လိုလုပ်မှာလဲ၊ ကျွန်တော့် ဂုဏ်သိက္ခာက အစွန်းတစ်ဖက်ကို ရောက်နေတဲ့အချိန် ဘာလို့ အလျင်စလို လုပ်ရမှာလဲ”
ရဲ့လင်းချန်က ပြောလိုက်သည်။ သူသည် ရင်းနှီးမြှုပ်နှံမှုငွေကို မပြောလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သူ ဆန်းကြယ်ကျွန်းကို မဝယ်ခင် သဘောတူခဲ့သော တောင်းဆိုချက် ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံ ယူခြင်းက မသင့်တော့်ပေ။ ထို့အပြင် သူသည် ပိုက်ဆံအကြောင်း အလွန်အကျွံ မစိုးရိမ်ပေ။ အကယ်၍ သူ၏ ဇာတ်လမ်းက တရုတ် ဗဟိုရုပ်သံဌာနတွင် ပြသနိုင်ပါက ရေပန်းစားမှုများ ပို၍ တပုံတပင် ရနိုင်ပေဦးမည်။ ယင်းက သူ့အတွက် အရေးအကြီးဆုံး အရာပင်တည်း။
အကယ်၍ သူသာ တကယ် ပိုက်ဆံလိုချင်ပါက စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး နာမည်ကြီးလာသည်နှင့် မူပိုင်ခွင့်မှ သူ ရနိုင်ပေသေးသည်။
“ဒါနဲ့ စကားမစပ် ခင်ဗျား အချိန်ကို စီစဉ်ပြီးပြီလား”
ရဲ့လင်းချန် မေးလိုက်သည်။ ချင်ပိုင်ချွမ်းက တစ်ခဏမျှ စဉ်းစား၍ ပြောလိုက်သ်ည။
“တိုက်တိုက်ဆိုင်ဆိုင် တရုတ်ဗဟို ရုပ်သံဌာနရဲ့ အဓိကအချိန်က ရှိုးတစ်ခုက နောက်လထဲ ပြီးတော့မှာ ဒါပေမဲ့ ပြည်တွင်းရုပ်သံဗျူရိုရဲ့ ဌာနမှူးလျှိုက ရွှေ့ဆိုင်းဖို့ အကြံပေးနေတယ်”
ရဲ့လင်းချန် မျက်ခုံးပင့်လိုက်မိသည်။
“ဟမ် … ဘာလို့လဲ”
“နှလုံးသားမဲ့ ဓားသမားနဲ့ အကောင်းဆုံးအချိန်က လူစိတ်ဝင်စားမှု အများဆုံး ရထားတဲ့ ဇာတ်လမ်းတွဲကြီး နှစ်ခုပဲ၊ သူတို့က သုံးသပ်ချက်ကို အောင်သွားပြီးတော့ နောက်လ ပြတော့မှာ၊ ဌာနမှူးလျှိုက ဒီဇာတ်လမ်းတွဲ နှစ်ခုမှာ နာမည်ကျော်တွေ ပါပြီးတော့ လူပျော့လေး နှစ်ယောက်ကလဲ အဲ့ကားတွေမှာ သရုပဆောင်ထားတယ်လို့ ပြောလာတယ်၊ သူတို့က ပြင်ဆင်ထားပြီးတော့ အမြင့်ဆုံး ရောက်ဖို့ ပြင်ဆင်ထားပြီးပြီ၊ ပြိုင်ဆိုင်မှုက ကြီးလွန်းနေပြီးတော့ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက တတ်နိုင်သမျှ ရှောင်သင့်တယ်၊ နှစ်လကျော်ရင် ပြိုင်ဆိုင်ရမယ့် ရုပ်သံဇာတ်လမ်းတွဲတွေ မရှိတော့ဘူးဆိုတော့ ပိုကောင်းတဲ့ ရလဒ်တွေ ရဖို့ ပိုလွယ်တယ်လေ”
ဌာနမှူးလျှိုက သဘောကောင်းနေခြင်းဖြစ်သလို တရုတ် ဗဟိုရုပ်သံဌာန၏ ဇာတ်လမ်းတွဲက အခြားရုပ်သံများ၏ ရိုက်ချခြင်း ခံရမည်ကိုလည်း ကြောက်ရွံ့နေ၏။ အမျိုးသား လူငယ် သရုပ်ဆောင်များက ပျော့တိပျော့ညံ့နှင့် ကြောက်တတ်သူများ ဖြစ်သော်လည်း သူတို့၏ ကျော်ကြားမှုက သိသာပြီး ရလဒ်ကို ကြိုးစားကြည့်ရန် မလိုအပ်ပေ။
ရဲ့လင်းချန်တွင်မူ အခြားအတွေးများ ရှိနေသည်။
“ဒါဆို နောက်လပေါ့”
“ဘာ”
ချင်ပိုင်ချွမ်း အနည်းငယ် အံ့ဩသွားသည်။
“အဲ့လူဖလံလေး နှစ်ယောက်နဲ့ ထိပ်တိုက်တွေ့တာက ကျွန်တော် မျှော်လင့်နေတဲ့အရာပဲ”
ရဲ့လင်းချန် ပြုံးလိုက်သည်။
“မင်း သေချာလား”
“ကျွန်တော် သေချာတယ်”
ရဲ့လင်းချန်က ပြုံး၍ ဆက်ပြောလိုက်သည်။
“ဆရာကြီးချင်၊ ခင်ဗျားလဲ သိုင်းပညာရှင် မဟုတ်လား၊ ခင်ဗျားရဲ့ ခက်ထန်မှုတွေ ဘယ်ရောက်သွားပြီလဲ၊ ဒီဇာတ်လမ်းတွဲက အဲ့ဒီ လူဖလံလေးတွေကို ရိုက်ချဖို့ ရည်ရွယ်ပြီး ရိုက်ကူးတာ မဟုတ်ဘူးလား၊ သိုင်းပညာကို ကြော်ငြာပြီး ယောက်ျားလေးတွေကို ပိုပြီး ယောက်ျားပီသစေချင်တာ မဟုတ်လား၊ ခင်ဗျားက တိုက်ပွဲမစခင် ကတည်းက ကြောက်နေတာလား”
“ဟမ် …”
ချင်ပိုင်ချွမ်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီးမှ အောင့်သက်သက်နှင့် ပြုံးလိုက်သည်။
“ငါ ဌာနမှူးလျှိုရဲ့ အပျော့ဆွဲဆွဲတာမှာ လုံးဝ ပါသွားမိတာပဲ၊ သူက အဲ့ဒီ လူဖလံလေးတွေ ဘယ်လောက် အံ့ဩပြီး ချောမောဖို့ ကောင်းသလဲဆိုတာကို ဆက်တိုက် တတွတ်တွတ် ပြောနေတာ၊ ပြီးတော့ ဆိုရှယ် မီဒီယာကလဲ လိုက်နေတာ၊ လခွမ်းကွာ … ငါ သူ့ကို မကြောက်ဘူး၊ လုပ်လိုက်ကြစို့”
“ဟုတ်တယ်၊ သူတို့ကို ထိပ်တိုက် တွေ့ချင်တယ်ဆိုရင် ငါတို့က ဘာလဲဆိုတာကို သူတို့ကို ပြချိန်တန်ပြီ”
လူငယ် အမျိုးသား အနုပညာရှင်များနှင့် ပြိုင်ဆိုင်ရန် စစ်ရေး အခြေခံ ဇာတ်လမ်းကို အသုံးပြုခြင်းက ရူးချင်စရာ ကောင်းသည်ဟု လူအများက ထင်ကြပေလိမ့်မည်။ ယင်းက စိတ်ကူးယဉ် အတွေးသက်သက်ပင်။
“ဟေ့ကောင်လေး၊ မင်း နည်းနည်း အသာလေး လုပ်လို့မရဘူးလား၊ မင်း ကြည့်ရှသူနှုန်းကို အာမခံနိုင်လား၊ မင်း ဒီလူဖလံလေး နှစ်ကောင်ကို အပြတ်ရှင်းနိုင်ရင် ပိုကောင်းတယ်”
ချင်ပိုင်ချွမ်းက ပြောလိုက်သည်။
“စောင့်ကြည့်နေလိုက်ပါ”
ရဲ့လင်းချန်က ပြန်ပြောလေသည်။
*ငါ သူတို့ကို အပြတ်ရှင်းရုံလောက်နဲ့ မကျေနပ်နိုင်ဘူး*
*ငါက သူတို့ကို အမြစ်ဖြုတ်ချင်တာ*
*ငါ ရှင်းလိုက်တဲ့ လူဖလံလေးတွေ အခုဆို ဘယ်နှစ်ယောက် ရှိနေပြီလဲ၊ ငါ့ခရီးက အမြဲတမ်း သူတို့ကို လူတစ်ယောက် ဖြစ်အောင် ဘယ်လိုနေရမလဲ ဆိုတာ သင်ပေးဖို့ပဲ၊ ဘယ်လို ယောက်ျားပီသရမလဲဆိုတာပဲ*