သေမင်းတမန် ငါးဖော်
Vol. 22 Ch. 328
ဂိမ်းမျက်နှာပြင် ပွင့်လာသည်။ တစ်ချိန်တည်းမှာပင် ဟူယွီ ထုတ်လွှင့်ရေး ပလက်ဖောင်းကလည်း ဂျပန်နိုင်ငံ၏ သေမင်းတမန် ငါးဖော်ကို ထုတ်ပြလေသည်။
သူတို့ ကစားသမားကို ပြလိုက်သည့်အခိုက်မှာပင် ဂိမ်းနှင့် ရင်းနှီးသူများအားလုံး ချက်ချင်း ကြက်သေ သေသွားကြသည်။
သူတို့၏ မျက်လုံးများက ကစားသမား ငါးယောက်၏ ရုပ်ပုံတွင် ကပ်ညိနေပြီး တဖြည်းဖြည်း မျက်လုံးပြူးကာ ကြောက်ရွံ့လာသည်။ သေချာ အတည်ပြုနိုင်ပြီးနောက် သူတို့ ရင်တုန်လာကြလေသည်။
[ချီးပဲ၊ သူတို့ပဲဟ၊ သေမင်းတမန် ငါးဖော်]
[ချီးပဲ … ချီး … ချီး … အဲ့လူငါးယောက် ဒီရောက်လာအောင် ဟူယွီ ထုတ်လွှင့်ရေးက ပိုက်ဆံ ဘယ်လောက်တောင် သုံးလိုက်တာလဲ၊ ကြောက်ဖို့ ကောင်းလွန်းလိုက်တာ]
[ဘယ်လို တိုက်မလဲ၊ ဝိုင်နတ်ဘုရားတော့ ကံဆိုးပြီ၊ ဝိုင်နတ်ဘုရားသာ ဒါကို ကြိုသိရင် စိန်ခေါ်မှုကို လက်ခံမှာ မဟုတ်ဘူး]
မှတ်ချက်များတွင် ကြောက်ရွံ့ တုန်လှုပ်သော အသံများ ပေါ်လာသည်။
အခြေအနေကို မသိသူများလည်း ရှိသဖြင့် ထိုသူများက ချက်ချင်း မေးလာကြသည်။
[သေမင်းတမန် ငါးဖော် ဟုတ်လား၊ အဲ့ဒါ ဘာလဲ၊ သူတို့က တော်တာလား]
[တော်တယ် ဟုတ်လား၊ သူတို့က ကြောက်ဖို့ကောင်းတာကွ၊ ပရော်ဖက်ရှင်နယ် ကစားသမားတွေထဲမှာ သူတို့က ထိပ်ဆုံးပဲလို့ မင်း သိထားလိုက်တော့]
[ပြီးခဲ့တဲ့ လေးလက DOTA league ပြိုင်ပွဲမှာ အာရှက ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဝက်လောက် ဝင်ပြိုင်ခဲ့တယ်၊ ဒါပေမဲ့ ပထမနေရာကို အဲ့လူ ငါးယောက်က အရယူသွားပြီး အမေရိကန် ဒေါ်လာ ငါးသိန်း အနိုင်ရခဲ့တာ၊ မင်း ဘယ်လို ထင်လဲ]
[league ပြိုင်ပွဲမှာ သူတို့နဲ့ ပြိုင်ရတဲ့သူတွေအားလုံး ပြုတ်သွားတာ၊ သူတို့အားလုံး လုံးဝ ဖိနှိပ်ခံခဲ့ရတာ၊ အဲ့ဒါကြောင့် သူတို့ကို သေမင်းတမန် ငါးဖော်လို့ ခေါ်ကြတာ]
“ဟာ”
ကြည့်ရှုသူများ ကွန်ပျူတာရှေ့၌ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့၏ မျက်နှာ အမူအရာများက သုန်မှုန်လာပြီး စိုးရိမ်စိတ်တို့ ပေါ်လာသည်။
*ဒီလူတွေက ဂိမ်းကစားတဲ့ နေရာမှာ ဧကရာဇ်အဆင့်လောက် ရောက်နေပြီ၊ ကျွမ်းကျင်သူနဲ့ သာမန်လူက ဒီလောက် ကွာဟတာ၊ ဝိုင်နတ်ဘုရား ဘယ်လိုလုပ် နိုင်နိုင်မှာလဲ*
တစ်ချို့သူများဆိုလျင် Baidu သို့သွားပြီး သေမင်းတမန် ငါးဖော် အကြောင်းကို ပို၍ ရှာဖွေကြသည်။ သူတို့သည် အသက် ဆယ့်ခြောက်နှစ်၌ DOTA နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး ဆယ့်ရှစ်နှစ်တွင် ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် ခန့်ခြင်း ခံရသည်။ ထို့နောက် သူတို့၏ အံ့ဩစရာကောင်းသော အရည်အချင်းများကို ပြသခဲ့ကြသည်။ ထို့အပြင် ငါးယောက်လုံးက မတူညီသော အနေအထားများတွင် ချီးကျူးကြသည်။ ထို့ကြောင့် အချင်းချင်း သဟဇာတ ဖြစ်သည်။ သူတို့သည် လက်ရှိတွင် နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသော်လည်း ချန်ပီယံဆု သုံးခု ရရှိထားပြီးလေပြီ။ အခြား ဆုတံဆိပ်များနှင့် ဆုကြေးများ အများကြီး ရှိသေးသည်။
*ကြောက်စရာကောင်းတယ်၊ တကယ် ကြောက်ဖို့ကောင်းတယ်*
စုန့်ချမ်သည်လည်း သေမင်းတမန် ငါးဖော်နှင့် ပတ်သက်သည့် သတင်းများကို မြင်သောအခါ အလန့်တကြားဖြင့် ခုံပေါ် ထိုင်လျက်သား လဲကျသွားသည်။
*သွားပြီ၊ ဟူယွီက ပန်ဒါ ထုတ်လွှင့်ရေးကို အဆုံးအထိ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာပဲ*
[ဒါ သေမင်းတမန် ငါးဖော်လား]
၀၉ နှင့် ရည်းစားစာတို့ ထိတ်လန့်သွားပြီး အသံများပင် တုန်လာသည်။ သူတို့ အကြောများ တောင့်တင်းသွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာသလို ခံစားလိုက်ရသည်။
သူတို့သည် ပရော်ဖက်ရှင်နယ် ကစားသမား အသိုင်းအဝိုင်းအတွင်းမှ ဖြစ်ခဲ့ဖူးသဖြင့် ပို၍ အတွေ့အကြုံ ရင့်သည်။ သူတို့ အမြင့်ဆုံးသို့ ရောက်ရှိခဲ့စဉ်က သေမင်းတမန် ငါးဖော်နှင့် ထိပ်တိုက် တွေ့ရန် ရှောင်ရှားခဲ့ကြသည်။
မရေတွက်နိုင်သော ကြည့်ရှုသူများ၏ အာမေဋိတ်သံများနှင့်အတူ သူတို့က ဂိမ်းထဲ ဝင်လာကြလေသည်။
ယခုတစ်ခေါက် ဂိမ်းကစားပွဲသည် အလွန် နည်းလမ်းတကျ ရှိလှပြီး တရားဝင် ဂိမ်းပြိုင်ပွဲမှ စည်းမျဉ်းအားလုံးကို လိုက်နာသည်။ ပွဲသည် ဟီးရိုးများကို ပိတ်ပင်သည့် လုပ်ငန်းစဉ်ဖြင့် စတင်လေသည်။
ဤလုပ်ငန်းစဉ်သည် ပွဲစဉ်၏ မျှတမှကို သက်ရောက်နိုင်သည့် အချို့သော ဟီးရိုးများကို တားမြစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံသည် စလာကတည်းက ရှဲဒိုးဖီးန်ကို အရင်ဆုံး ပိတ်ပင်လေသည်။
ရှဲဒိုးဖီန်း ပျောက်သွားသည်ကို မြင်သောအခါ ကြည့်ရှုသူများ တွေဝေသွားသည်။ ဝိုင်နတ်ဘုရားက ဟီးရိုးတစ်ကောင်တည်း အသုံးပြုခဲ့သည်ကို သူတို့အားလုံး သိထားကြသည်။ ယင်းဟီးရိုးမှာလည်း ရှဲဒိုးဖီးန်ပ်ပင်။
*သူ့ကို ပစ်မှတ်ထားနေတာပဲ … ပေါ်တင်ကြီးကို ပစ်မှတ်ထားနေတာ*
[ယီးပဲ၊ ရှဲဒိုးဖီးန်ကို ပိတ်တယ်ဆိုတော့ သူတို့ ဘယ်လိုတောင် အရှက်မရှိတာလဲကွ]
[မြေယိုး … ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ တစ်ယောက်ယောက်က ရှဲဒိုးဖီန်းကို ကစားပွဲမှာ ပိတ်တာကို ငါ ပထမဆုံး မြင်ဖူးတာပဲ]
[အဲ့ငါးယောက်က ပြိုင်ပွဲတစ်ပွဲ နိုင်ဖို့ ဘာမဆို လုပ်တယ်လို့ ငါ ကြားဖူးတယ်၊ ကြည့်ရတာ အဲ့ဒါ အမှန်ဖြစ်နေတဲ့ပုံပဲ၊ အရှက်ကိုမရှိဘူး]
[ပရော်ဖက်ရှင်နယ် ကစားသမားတွေကို သုံးတာနဲ့တင် အနိုင်ကျင့်တာ ဖြစ်နေပြီ၊ ဒါတောင် အခု သူတို့က သူ့ရဲ့ အသန်မာဆုံး ဟီးရိုးကို ပိတ်လိုက်တယ်ပေါ့လေ၊ အမှိုက်ကောင်တွေ]
[ယီးပဲ၊ သူတို့ ဘယ်လိုလုပ် တိုက်တော့မှာလဲ၊ ဝိုင်နတ်ဘုရားက ရှဲဒိုးဖီးန်ပဲ သုံးတတ်တာ မဟုတ်လား]
..
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆဲရေးတိုင်းထွာမှုတို့နှင့် ပြည့်နှက်လာသည်။ ဂျပန်နိုင်ငံ၏ အရှက်မဲ့မှုက ကြည့်ရှုသူများအား ချီးအပုံလိုက် စားလိုက်ရသလို ဖြစ်သွားစေသည်။
ရဲ့လင်းချန်၏ ထုတ်လွှင့်မှုတွင် မမျှတမှုအတွက် ပြောဆိုနေသော လူတို့ဖြင့် ပြည့်နှက်နေကာ ရဲ့လင်းချန်အား ပွဲကို ရပ်လိုက်ရန် တောင်းဆိုနေကာ ယခုကဲ့သို့ ဆက်ဆော့လည်း မထူးဟု ပြောကြလေသည်။
တစ်ဖက်တွင်မူ ဟူယွီ ထုတ်လွှင့်ရေးမှ လူများတွင် မထီမဲ့မြင် အပြုံးများ ရှိနေကြပြီး ရဲ့လင်းချန် သူ့ဘာသာသူ အရှက်ရသည်ကို မြင်ရရန် စောင့်ဆိုင်းနေကြသည်။
[ဝိုင်နတ်ဘုရား ငါတို့ ဘာလုပ်ကြမလဲ၊ သူတို့က လွန်လွန်းလာပြီ]
ကိုးလ်သည် အောက်နှုတ်ခမ်းကို ကိုက်၍ စိုးရိမ်သော လေသံဖြင့် မေးလေသည်။
[အဆင်ပြေပါတယ်]
ရဲ့လင်းချန်က စိတ်အေးလက်အေး ပြုံးလိုက်ပြီး ထုတ်လွှင့်မှုတွင်း၌ ကြေညာလိုက်သည်။
[အားလုံးပဲ စိတ်အေးအေးထားကြပါ၊ ငါ ရှဲဒိုးဖီးန်ပဲ ကစားတတ်တယ်လို့ မင်းတို့ကို ဘယ်သူ ပြောလို့လဲ၊ အမှန်အတိုင်း ပြောရရင် ရှဲဒိုးဖီးန်က ငါရဲ့ အဆိုးဆုံး ဟီးရိုးပဲ၊ ငါ အဲ့ဒါကို တစ်ချိန်လုံး သုံးနေခဲ့တဲ့ အကြောင်းရင်းက သူများတွေကို အနိုင်ကျင့်မိသွားမှာစိုးလို့ ရှောင်နေခဲ့တာပဲ]
[လခွမ်း ဒါ တကယ်ကြီးလား]
[ရှဲဒိုးဖီးန်က မင်းရဲ့ အဆိုးဆုံး ဟီးရိုး ဟုတ်လား၊ ဘာလို့ ဒီစကားက တော်တော်လေး ကြွားပြောနေတဲ့ပုံ ပေါက်နေတာလဲ]
[ဝိုင်နတ်ဘုရား မင်း ငါတို့ကို နှစ်သိမ့်ဖို့ ကြိုးစားနေတာလား]
ရဲ့လင်းချန်၏ စကားက ကြည့်ရှုသူများ၏ ခံစားချက်ကို သက်သာသွားစေသည်။
တစ်ယောက်ပြီး တစ်ယောက် ဟီးရိုးများ ရွေးပြီးသွားကြသည်။ နောက်ဆုံးတွင် ရဲ့လင်းချန်က သူ၏ ရွေးချယ်မှုကို ပြုလုပ်လိုက်သည်။ မရေတွက်နိုင်သော အကြည့်များအောက်မှာပင် သူသည် mouse အား မျက်လုံးကို အဝတ်ဖြင့် စည်းထားပြီး ဓားနှစ်လက် ကိုင်ထားသည့် ဟီးရိုးပေါ် တင်လိုက်သည်။
*Anti-Mage ပါလား*
ရဲ့လင်းချန်၏ ရွေးချယ်မှုကို မြင်ပြီး သူတို့အားလုံး မျက်လုံး ကျွတ်ကျမတတ် ဖြစ်သွားကြသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြလေသည်။
[A-a-anti-Mage လား]
[တင်ဆက်သူ မင်း ငါ့ကို သောက်ကျိုးနည်း လာပြောင်နေတာလား၊ မင်း ဘာလို့ ဒီလို အမှိုက်ဆန်တဲ့ ဟီးရိုးကို ရွေးတာလဲ]
[ယီးပဲ ဝိုင်နတ်ဘုရားက အနိုင်ရဖို့ လက်လျှော့လိုက်ပြီပဲ]
[သွားပြီ၊ ဒါက ဘာလဲ၊ ဒီဟီးရိုးတွေ အားလုံးထဲမှာမှ ဘာလို့ Anti-Mage ကို မင်း ရွေးရတာလဲ]
…
ရဲ့လင်းချန်၏ ရွေးချယ်မှုက သေမင်းတမန် ငါးဖော်ကိုလည်း ထိတ်လန့်သွားစေသည်။ ထို့နောက်တွင်မူ သူတို့ မျက်နှာတွင် အထင်သေးဟန်တို့ ပေါ်လာပြီး ထီမထင်ဟန် ပြုံးလာကြသည်။
Anti-Mage သည် DOTA ၏ အမှိုက်အဆန်ဆုံး ဟီးရိုးဟု အများက သိထားကြသည်။ တစ်ချိန်က လူတော်တော် များများသည် ထိုအချက်ကို လက်ခံရန် ငြင်းဆိုခဲ့ကြပြီး ထိုဟီးရိုးအား တိုးတက်အောင် ကြိုးစားခဲ့သည်။ သို့သော် မရေတွက်နိုင်သော စမ်းသပ်မှုများ အပြီးတွင် ထိုဟီးရိုးသည် တကယ်ပင် အမှိုက်ဆန်၍ လုံးဝ သုံးစားမရဟု သက်သေ ပြလာခဲ့သည်။
ပထမစွမ်းရည်: mana break၊ တိုက်ခိုက်မှုတစ်ခုချင်းစီက ပြိုင်ဘက်၏ mana ကို အမှတ် ခြောက်ဆယ် လောင်ကျွမ်းစေပြီး တစ်ချိန်တည်းမှာပင် mana reduction damage ၆၀ ရာခိုင်နှုန်း ဖြစ်စေလေသည်။
ဒုတိယစွမ်းရည်: Blink၊ တာတို အကွာအဝေး တည်နေရာ ရွှေ့ပြောင်းခြင်း။
တတိယစွမ်းရည်: Counterspell၊ မှော်စွမ်းအင် ခံနိုင်မှု တိုးတက်စေခြင်း။
တတိယစွမ်းရည်: Mana Void၊ ပြိုင်ဘက်၏ mana သုံးသော ပမာဏအတိုင်း ထိခိုက်စေခြင်း။
Anti-Mage ဟူသည့် နာမည်အတိုင်း မန္တန် ရွတ်ဆိုသော ဟီးရိုးများက ၎င်းကို သက်ရောက်မှု မရှိစေပါ။ ၎င်း၏ စွမ်းရည် တစ်ခုချင်းစီတိုင်းက မန္တန်ရွတ်ဆိုသူများကို ပစ်မှတ်ထားသည်။ ထိုစွမ်းရည်များက အသုံးဝင်သည်ဟု ထင်ရသော်လည်း တကယ်တမ်း၌ အလွန် အမှိုက်ဆန်၏။
လူများကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ခြင်းနှင့် ထိခိုက်မှု များခြင်းကြောင့် တိုက်ခိုက်မှုနှင့် ခုခံမှုတို့၌ ဆိုးရွားလေသည်။ blink စွမ်းရည် တစ်ခုတည်းကသာ ထွက်ပြေးနိုင်အောင် ကူညီပေးနိုင်သည်။ သို့သော် ဤဟီးရိုးသည် အစကတည်းက အလွန် ပျော့လွန်းသည်။ စတိုက်သည်နှင့် အပျက်အစီး များများပင် မလုပ်နိုင်ဘဲ သေသွား လောက်သည်။
ရဲ့လင်းချန်က anti-mage အား ရွေးလိုက်သည်ကို မြင်သောအခါ ကြည့်ရှုသူများသည် ကူကယ်ရာမဲ့သလို ဖြစ်ကာ ဤပွဲအတွက် မျှော်လင့်ချက် များများစားစား မထားတော့ချေ။ သူတို့သည် ဤပွဲ၏ ရလဒ်ကို မြင်နေရပြီဟု ခံစားမိနေ၏။
၀၉နှင့် ကျန်လူများသည်လည်း ဟီးရိုးကို ကြည့်၍ စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။ သူတို့ တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း ရပ်လိုက်ကြသည်။ ဤနည်းအားဖြ်င့ဆိုလျင် သူတို့၌ ရှိသမျှ အရာအားလုံး ပေးရတော့ပေမည်။
“ကလင် ကလင် ကလင်”
စုန့်ချမ် မျက်မှောင်ကြုတ်၍ စဉ်းစားနေချိန်တွင် ဖုန်းဝင်လာ၏။ ဖုန်းခေါ်သူက ဝမ်ယွမ်ဟု ပြနေသည်။
“ဟဲလို ဝမ်ယွမ်လား”
“ဟဲဟဲ စုန့်ချမ် အခု မင်းကိုယ်မင်း ကြည့်လိုက်စမ်း၊ ငါ့ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို အဆုံးသတ် မကောင်းဘူးလို့ မင်းကို ငါ အရင်က ပြောဖူးတယ် မဟုတ်လား၊ မင်းက ငါတို့ ဟူယွီ ထုတ်လွှင့်ရေးကို ပြန်လမ်းမရှိအောင် နင်းချမှတော့ မင်းဘာသာမင်း ပြုတ်ကျတာအတွက် ပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်”
ဝမ်ယွမ်၏အသံက အလွန် အေးစက်ကာ ခနိုးခနဲ့လုပ်ချင်သည့် လေသံ ပေါက်နေသည်။
“မင်း ပြောကြည့် ဝိုင်နတ်ဘုရား ဒီပွဲကို ဘယ်လောက် ကြာကြာ ထိန်းနိုင်မယ်လို့ မင်း ထင်လဲ၊ မိနစ်သုံးဆယ်လား၊ မဟုတ်သေးဘူး၊ မိနစ်နှစ်ဆယ်၊ သူ မိနစ်နှစ်ဆယ်တောင် မခံဘူးလို့ ငါ အတပ် ပြောရဲတယ်၊ ဝါးဟားဟား …”