← Chapters

Top Voice ၏ လက်ရှိအခြေအနေ

Vol. 13 Ch. 188

Top Voice ၏ လက်ရှိအခြေအနေ

Vol. 13 Ch. 188

သက်တမ်းရင့် ဂီတပရိသတ်တစ်ဦး ဖြစ်သည်နှင့်အညီ ရှောင်ဟိုင်၌ သူ့အသိုင်းအဝိုင်း ရှိလေသည်။

သူ၏ အွန်လိုင်းအိုင်ဒီက ပင်လယ်သံ ဖြစ်ပြီး သူ၏ နာမည်ပြောင်ဖြစ်သော ပင်လယ်မြွေနဂါးနှင့်လည်း နာမည် ကြီးသည်။ အကြောင်းမှာ သူ၏ စကားလုံးများက ရင့်သီးလွန်းသောကြောင့်ပင်။

ပုံမှန်အားဖြင့် သီချင်းအနည်းငယ်မျှသာလျင် သူ၏ စိတ်ဝင်စားမှုကို ရရှိနိုင်သည်။ သူ ချသော ဝေဖန်ချက်များ အားလုံးက ပစ်ပစ်ခါခါဖြစ်ပြီး ရင့်သီးလှသည်။ သို့သော် သူ ညွှန်းဆိုသော သီချင်းများက လက်ရာကောင်းများ ဖြစ်သဖြင့် သူ ကျော်ကြားမှုအချို့ ရလာခဲ့သည်။

သူ ညွှန်းဆိုသော စကားကို တင်လိုက်သည်နှင့် ချက်ချင်း အာရုံစိုက်မှု ခံရလေသည်။

[ဟဲဟဲ ပင်လယ်မြွေနဂါးက ဘယ်တုန်းက ဒီလို ကြော်ငြာပေးတတ်သွားတာလဲ]

[ဝိုင်ကိုယ်တိုင် ရေးပြီး ကိုယ်တိုင်ဆိုတယ်တဲ့လား၊ မင်း ငါ့ကို နောက်နေတာလား]

[ပင်လယ်မြွေနဂါး မင်းကများ ငါ လေးစားရတဲ့ ဝိုင်ကို နာမည်ဖျက်ရဲတယ်ပေါ့လေ၊ တော်ပြီ … ငါ မင်းကို မုန်းတဲ့သူပဲ လုပ်တော့မယ်]

[သုံးသပ်ချက် ပြီးပြီ၊ ပို့စ်ပိုင်ရှင်က ငတုံးပဲ]

[ဒါ ဘာသီချင်းလဲ၊ ငါ တစ်ခါမှ မကြားဖူးဘူး]

…

ပုန်းကွယ်နေသော အသုံးပြုသူ တော်တော်များများက ရှောင်ဟိုင်ကို ဆေးထိုးလေတော့သည်။ သူ့ပို့စ်၌ အမုန်းစကားများနှင့် ပြည့်နေသည်။

သီချင်းတစ်ပုဒ်ကို ဤမျှ ချီးကျူးနေသည်ကပင် ဆိုးရွားနေပြီဖြစ်သော်လည်း သူက ဝိုင်ကိုပါ ထည့်ပြောလာသည်။ ယင်းက သူ့ဘာသာသူ သေတွင်းတူးနေခြင်းပင်။

ယခုအချိန်၌ အဆိုတော်ဝိုင်တွင် ပရိသတ် ဘယ်လောက်များများ ရှိနေသလဲဆိုတာ သူ မသိဘူးလား။

မုန်းတီးသော မှတ်ချက်များအပြင် တစ်ချို့က လူတစ်ချို့ဟူသော သီချင်းကို သိချင်စိတ်ဖြင့် စမ်းစစ်ကြည့် ကြသည်။

သီချင်းစသည်နှင့် သူတို့ ငြိမ်ကျသွားသည်။ သီချင်းတွင် တည်ငြိမ်စေသော သက်ရောက်မှု ရှိသည့်ပုံပင်။ ၎င်းက လူတစ်ယောက်၏ စိတ်ထဲမှ ခံစားချက်အားလုံးကို နိုးကြားစေသော်လည်း တစ်ချိန်တည်းမှာပင် တည်ငြိမ်စေ၏။

*လက်ရာကောင်း*

*သေချာပေါက် လက်ရာကောင်းပဲ*

သီချင်းကို နားထောင်သူများအားလုံး လွှမ်းမိုးခံလိုက်ရလေသည်။

သုံးရက်ကြာပြီးနောက် လူတစ်ချို့ကို နားဆင်သူ အရေအတွက်က အဆပေါင်းများစွာ တိုးမြင့်လာသည်။ တစ်ချိန်တည်းမှာပင် သီချင်း အညွှန်းမှ ဝိုင်ဟူသော နာမည်က ပို၍ အာရုံစိုက်ခံလာရပြီး ဆွေးနွေးပြောဆိုသူ များလာသည်။

ဤသို့သော လက်ရာကောင်းတစ်ပုဒ်သည် တေးရေးဝိုင် (နောက်အပိုင်းများတွင် အဆိုတော်ဝိုင်ဟု ပြောင်းလဲ ရေးသားသွားပါမည်) ၏ လက်ရာ ဖြစ်နိုင်ချေ များသည်။

မရေတွက်နိုင်သော လူများက ရဲ့လင်းချန်၏ ဝေ့ပေါ်အကောင့်သို့ အပြေးလာကြပြီး စိတ်လှုပ်ရှားမှုတို့နှင့် မှတ်ချက်များ ရေးသားကြသလို စာများ ပေးပို့ကြသည်။

[ဝိုင်၊ လူတစ်ချို့ကို ဆိုထားတဲ့လူက မင်းလား၊ အဲ့ဒါ သိပ်ကောင်းတာပဲ]

[ဝိုင်၊ အဲ့ဒါ မင်းလို့ ငါ သေချာပေါက် ပြောနိုင်တယ်၊ ဟုတ်တယ်မလား၊ မင်းပဲ အဲ့လောက် ထူးချွန်နိုင်မှာ]

[ဟင့် ဟင့် ဟင့်၊ အံ့ဩဖို့ ကောင်းလိုက်တာ၊ ဝိုင်ရေ မင်းရဲ့ သီချင်းအားလုံးက ငါ့ကို မျက်ရည်ကျအောင် လုပ်နိုင်တယ်]

လူပေါင်းများစွာက ချန်ရှောင်ယန်၏ ဝေ့ပေါ်အကောင့်ထံ သွားကြပြီး လူတစ်ချို့က တေးရေးဝိုင်၏ နောက်ထပ် ဖန်တီးမှုလားဟု မေးကြလေသည်။

ဝေ့ပေါ်မှ မှတ်ချက်များက ဆက်လက် မြင့်မားလာသည်။ “လူတစ်ချို့” နှင့် “အဆိုတော်ဝိုင်” ဟူသော စကားလုံးက ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှု၌ ထိပ်ဆုံးသို့ ရောက်လာသည်။

ရဲ့လင်းချန်သည် ဝေ့ပေါ်၌ ဆူညံနေသော ဆွေးနွေးမှုကို ကြည့်ပြီး ပြုံး၍ စာစရိုက်လိုက်သည်။

[အစက ငါ လူမသိ သူမသိပဲ သီချင်းဆိုချင်ခဲ့တာ၊ ဒါပေမဲ့ ငါ့အရည်အချင်းက ခွင့်မပြုဘူးနဲ့ တူတယ်]

ထိုစကားက မီးစလေးကို မီးညှိပေးလိုက်သလိုပင် ချက်ချင်း ပွဲဆူလာ၏။

[ချီးပဲ ဒါ တကယ်ကြီး ဝိုင်ဩ၊ အား …. ငါ့မင်းသားလေးရဲ့ အသံကို ငါ ကြားလိုက်ရပြီ]

[တအား ကောင်းလွန်းတယ်၊ ဝိုင်က ဒီလောက် သီချင်းဆိုကောင်းမယ်လို့ ငါ မထင်ထားဘူး၊ သူသာ အဲ့လောကထဲ ခြေချရင် စူပါစတားအဆင့် ဖြစ်မှာပဲ]

[ဟားဟားဟား တကယ်ကို မင်းအရည်အချင်းက ခွင့်မပြုဘူးပဲ၊ ဝိုင်ရေ မင်းက တော်တော် ဉာဏ်များတာပဲ …]

[ဝိုင်က တော်တော် အပူအပင် မထားတတ်တာပဲ၊ လူတစ်ချို့က Top Voice အတွက် ဆိုထားတာ မဟုတ်လား]

…

ရေပန်းစားမှု ပိုကြီးလာသည်နှင့်အတူ လူတစ်ချို့အား နည်းအမျိုးမျိုးနှင့် နားလည်နေကြပြီး အွန်လိုင်း၌ ၎င်းကို အဓိပ္ပာယ် ဖွင့်ဆိုနေကြသည့် မရေတွက်နိုင်သော ရှင်းလင်းချက်များ ပေါ်လာသည်။

သို့သော် တော်တော်များများက တရုတ်နိုင်ငံ Top Voice နှင့် ဆက်စပ်ပြောဆိုကြ၏။

[လူတစ်ချို့က အပြောချိုပြီး တစ်ချို့သောလူတွေက ထုံအကြတယ်

လူတစ်ချို့က ဆင်းရဲသားတွေကို မနှစ်မြို့ဘဲ လူချမ်းသာတွေကိုသာ ခင်မင်ကြတယ်၊ လူတစ်ချို့က ပိုက်ဆံ အကြောင်းပဲ တွေးကြတယ်၊ လူတစ်ချို့က နတ်ဆိုးတွေဖြစ်ပင်မယ့် သူတော်စင်တွေလို ဟန်ဆောင်နေကြတယ်၊ ဘာကြောင့်မှန်း မသိပါဘဲ ငါ ဟုန်နာကိုပဲ ရုတ်တရက် ပြေးမြင်မိတယ်]

[ထောက်ခံတယ်၊ ငါလည်း အဲ့လို‌ တွေးမိတယ်]

[ဒီသီချင်းက ဝိုင်ရဲ့ စိတ်နေစိတ်ထားကို ပြလိုက်တာပဲ၊ သူက Top Voice ကို သူ့အပေါ် သက်ရောက် မခံဘူး၊ ဒါ နောက်ထပ် နားထောင်ကောင်းတဲ့ သီချင်းပဲ]

[ဟုန်နာနဲ့ Top Voice ကို တိုက်ခိုက်လိုက်သလို ချန်ရှောင်ယန်ကို နှစ်သိမ့်တာလည်း ဖြစ်နိုင်တယ်၊ ဟုန်နာလို လူမျိုးက စိတ်ထဲထည့်ဖို့ မလိုဘူး]

…

လွှမ်းမိုးမှု မြင့်လာသည်နှင့်အမျှ ချန်ရှောင်ယန်၏ အထုတ်ခံလိုက်ခြင်း ကိစ္စက ပြန်၍ လူစိတ်ဝင်စားလာသည်။ တရုတ်နိုင်ငံ Top Voice သည် လူတော်တော်များများ၏ ဝေဖန်ခံရသည့် ပစ်မှတ် ဖြစ်လာလေသည်။

ထိုအခိုက်တွင် တရုတ်နိုင်ငံ Top Voice၏ စင်နောက်၌ …

ဝန်ထမ်းများ သွေးပျက်နေကြသည်။ မရေတွက်နိုင်သော စောဒကတက်မှုများနှင့် ဝေဖန်မှုများက သူတို့ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နေသဖြင့် တရားဝင် website ပင် ပျက်လုနီးပါး ဖြစ်လာရသည်။

“ဒါရိုက်တာ ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ စာတွေက များလွန်းတယ်၊ ကျွန်တော်တို့ မြန်မြန် မဖျက်နိုင်ဘူး”

တစ်စက္ကန့် ကုန်သွားတိုင်း ဒါဇင်ချီသော ဆိုးရွားသည့် မှတ်ချက်များ ပေါ်လာသည်။ သူတို့ ဘယ်လိုလုပ် အချိန်မီ ဖျက်နိုင်ပါမည်နည်း။

“ဒါရိုက်တာ ကျွန်တော်တို့ ဖိုင်နယ်ပွဲကို ဖိတ်ထားတာကလည်း ဒုက္ခရောက်နေတယ်၊ အများစုက သူတို့ ပွဲကို မတက်ဘူး၊ မကြည့်ဘူးလို့ ပြောနေတယ်”

နောက်ဝန်ထမ်းတစ်ယောက်က စိုးရိမ်တကြီး ပြောလေသည်။

“ဒါရို်ကတာ နောက် season အတွက် စာရင်းသွင်းထားတဲ့ ပြိုင်ပွဲဝင်တစ်ဝက်လောက် ထွက်ကုန်ပြီ”

ထိုလူက ငြိမ်နေပြီးမှ ဆက်ပြောသည်။

“သူတို့ မတရားလုပ်ခံရမှာ ကြောက်တယ်လို့ ပြောနေတယ် …”

“ရတယ်လေ၊ ဒါက ပွဲကြီးတစ်ပွဲပဲကို၊ ဘာလို့ ငါ့မှာ ပြိုင်ပွဲဝင် နည်းနေရမှာလဲ”

ဒါရိုက်တာ၏ မျက်နှာက မည်းမှောင်နေပြီး တုန်လှုပ်စွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ချန်ရှောင်ယန် ပြုတ်သွားသောကြောင့် ကိစ္စများက ဤအခြေအနေအထိ ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ အလွန်အမင်း နောင်တရနေလေသည်။

ချန်ရှောင်ယန်၏ သီချင်းသုံးပုဒ်လုံးက QQ Music ၌ မီးသဖွယ် ပျံ့နှံ့နေသည်။ ချန်ရှေင်ယန်သာ Top Voice တွင် မျှတသော ဆက်ဆံမှုကို ရရှိခဲ့ပါက ချန်ရှောင်ယန် ဤသို့သော အောင်မြင်မှုများ ရရှိချိန်တွင် Top Voice သည်လည်း ပိုမိုအောင်မြင်လာပေလိမ့်မည်။ ထို့အတူ Top Voice ၏ ကျော်ကြားမှုကလည်း မထင်မှတ်ထားလောက်အောင် ကြီးမားလာနိုင်၏။ သို့သော် ချန်ရှောင်ယန်က Top Voice ပြိုင်ပွဲအတွင်း မမျှတသော ဆက်ဆံမှုနှင့် ရင်ဆိုင်ရသောကြောင့် ဆန့်ကျင်ဘက် အကျိုးဆက်များကို သူတို့ ရရှိခဲ့ရသည်။

ကံမကောင်းစွာဖြင့် နောင်တရရန် အချိန်နှောင်းသွားလေပြီ။

“ဒါရိုက်တာ ကျွန်တော်တို့ ချန်ရှောင်ယန်နှင့် ဝိုင်ကို တရားဝင် တောင်းပန်စာ ထုတ်လိုက်ရင် မကောင်းဘူးလား”

ဝန်ထမ်းများထဲမှ တစ်ယောက်က အကြံပေးလေသည်။

ဒါရိုက်တာကျိုးသည် တစ်ခဏမျှ ငြိမ်နေပြီးမှ ခေါင်းခါကာ သက်ပြင်းချလေသည်။

“ဒါကို ဖုံးဖိဖို့ပဲ အစွမ်းကုန် ကြိုးစားပါ၊ မနက်ဖြန်က Top Voice ရဲ့ ဖိုင်နယ်ပွဲစဉ်နေ့ပဲ၊ ဘာတွေပဲ ဖြစ်နေပါစေ ငါတို့ ဒီ Top Voice season ကို ပြီးအောင်လုပ်ပြီး အနိုင်ရသူကို ကြေငြာရမယ်”

သူ့ပရိုဂရမ်က လူတစ်ယောက်ကို တောင်းပန်ရမည်တဲ့လား။

သူ့ကိုယ်သူ ထိုမျှအထိ မနှိမ့်ချနိုင်ပါ။ ထိုသို့ဖြစ်ခဲ့ပါက ဒါရိုက်တာဟူသော သူ့အလုပ်အကိုင်၌ အမဲစက် စွန်းထင်း ပေလိမ့်မည်။

စနေနေ့သို့ ရောက်ရှိလာလေပြီ။ တရုတ်နိုင်ငံ Top Voice ၏ ဖိုင်နယ်ပွဲစဉ် စတင်လေပြီ။

သို့သော် လူအများဖြင့် ပြည့်ကျပ်နေသင့်သော နေရာတွင် လူဆယ်ယောက်ကျော်မျှသာ ရှိလေသည်။ ထိုလူများထဲတွင် ဝန်ထမ်းများစွာ ပါရှိလေသည်။

ဒိုင်လူကြီးလေးယောက်တို့က သူတို့နေရာများ၌ အသီးသီး နေရာယူကြသည်။ သူတို့သည် နောက်လှည့်ကြည့် လိုက်ပြီးနောက် ဟာလာဟင်းလင်း ဖြစ်နေသော ခန်းမကို မြင်သောအခါ အတော်လေး အနေရခက်သလို ခံစားလိုက်ရသည်။

ဟုန်နာမှာမူ ဘဝင်မကျသော အမူအရာ ဖြစ်ပေါ်နေ၏။ သူမသည် ပြီးခဲ့သော ရက်ပိုင်းများ၌ ဝေဖန်တိုက်ခိုက်မှု များနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမ၏ ဝေ့ပေါ်အကောင့်တွင် မရေတွက်နိုင်သော ရင့်သီးသည့် စကားများနှင့် ပြည့်နှက် နေခဲ့သည်။ သူမ အကြံကုန်နေသောကြောင့် ဝေ့ပေါ်အကောင့်ကို ဖျက်လိုက်ရုံသာ တတ်နိုင်ခဲ့၏။

“ဘာဖြစ်တာလဲ၊ ဘာလို့ လူက ဒီလောက် နည်းနေတာလဲ”

ဒါရိုက်တာ အံ့အားသင့်သွားသည်။ သူ့မျက်စိရှေ့မှ မြင်ကွင်းက နားလည်ရခက်လှပေသည်။

“ဒါရိုက်တာ အခုချိန်မှာ လူတိုင်းက ကျွန်တော်တို့ အစီအစဉ်ကို သပိတ်မှောက်ထားပါတယ်၊ အရင်တုန်းက ကျွန်တော်တို့ရဲ့ ပွဲကြည့်ပရိသတ် တော်တော်များများက ချန်ရှောင်ယန်ကြောင့် ရောက်လာခဲ့တာပါ …”

“ဒါဆိုရင် မင်းတို့ လူတွေလာအောင် ဘယ်လိုလုပ်ရမလဲ မသိဘူးလား၊ မင်းတို့ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေ ကိုခေါ်ပြီး လူများအောင် လုပ်လေ”

ဒါရိုက်တာ၏ မျက်နှာက နီရဲနေပြီး ဒေါသတကြီး အော်ဟစ်လေသည်။

*ခုံတွေအများစုက လွတ်နေရင် ရိုက်ကူးရေးလုပ်လို့ ဘာထူးမှာလဲ*

လူတိုင်း ခေါင်းငုံ့ကာ ငြိမ်နေကြသည်။ လက်ရှိတွင် သူတို့သည်လည်း အများပြည်သူ၏ တိုက်ခိုက်ခံ ပစ်မှတ် ဖြစ်လာမည်ကို စိုးသဖြင့် Top Voice အစီအစဉ်၌ သူတို့ အလုပ်လုပ်နေကြောင်း အခြားသူများအား ပြောရမည်ကို ရှက်ရွံ့နေကြသည်။

“မင်းတို့ ဒီမှာ ဘာရပ်လုပ်နေတာလဲ၊ လမ်းပေါ်တက်ပြီး လူခေါ်ကြလေ”

ဒါရိုက်တာ ငေါက်လေသည်။ ထို့နောက် သူက ဦးဆောင်၍ ပြေးထွက်သွားပြီး လမ်းပေါ်မှ လူရရန် ကြိုးစား တော့သည်။

သူ စုံတွဲတစ်တွဲနား လျှောက်သွားလိုက်သည်။

“ဟဲလို မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်မှုဌာနက ပွဲတစ်ပွဲကို ရိုက်ကူးလက်စ ဖြစ်နေပါတယ်၊ မင်းတို့ ကြည့်ချင်ကြလား”

“ပွဲ၊ ဘာပွဲလဲ”

“တရုတ်နိုင်ငံရဲ့ Top Vocie ပွဲပါ”

“ဪ အဲ့ဒါ မကောင်းတဲ့ လှည့်ကွက်တွေ သုံးတဲ့ပွဲမလား၊ ချန်ရှောင်ယန်ကိုတောင် ဖြုတ်လိုက်သေးတယ်လေ”

“အာ … ဟုတ်ပါတယ်”

“ထွက်သွား”

All Chapters