← Chapters

ဒီကိုလာခဲ့စမ်း

Vol. 8 Ch. 115

ဒီကိုလာခဲ့စမ်း

Vol. 8 Ch. 115

သာမန်လူများ အကြောက်ဆုံးအရာတစ်ခု ရှိသည်။ ၎င်းမှာ ထင်ရာစိုင်းတတ်သည့် လူရမ်းကားများပင်။ မကြာသေးခင်ကမှ ထောင်က ထွက်လာသည့် အဖော်မဲ့ ဝံပုလွေကို မည်သူက ရန်စရဲမည်နည်း။

“ဟွန့် နင့်သေခြင်းက ဆိုးရွားလိမ့်မယ်လို့ ငါ အာမခံတယ်”

မန်နေဂျာဟွမ်၏ အသံက စူးရဲကျယ်လောင်နေပြီး လူအများအား နားအူသွားစေသည်။ သူမမျက်နှာက မိစ္ဆာတစ်ကောင်၏ မျက်နှာသဖွယ် ကြည့်ရဆိုး၍ ကြောက်စရာ ကောင်းလှသည်။

ရဲ့လင်းချန်က သူမကို အေးအေးလူလူ တစ်ချက်ကြည့်လိုက်သည်။

“ယွင်ရှီ အဲ့အရူးမကို ဒီအတိုင်းထားလိုက်၊ မင်းရဲ့ စာရွက်စာတမ်းကိုသာ ဆက်လုပ်လိုက်ပါ”

ကျန်းယွင်ရှီက စိုးရိမ်တုန်လှုပ်စွာ ခေါင်းညိတ်လိုက်ပြီး ရဲ့လင်းချန်အတွက် စာရွက်စာတမ်းများကို ဆက်၍ ပြင်ဆင်လိုက်သည်။

“မိန်းကလေး မင်း စာချုပ်အကြမ်းအတွက် ကူညီပေးနိုင်မလား”

ရဲ့လင်းချန်က ကောင်တာအနောက်၌ ထိုင်နေသည့် ငေးငိုင်နေသော စာရင်းကိုင်ကို မေးလိုက်သည်။ ထို့နောက် သူမက စာချုပ်၌ လိုအပ်သော အရာများကို ဖြည့်စွက်၍ ကဒ်ဖြင့်ရှင်းကာ စာချုပ်၌ လက်မှတ်ထိုးလိုက်လေသည်။

“အိုးအိမ်စီမံခန့်ခွဲမှု အစိုးရဌာနဆီကို ဒီစာချုပ်နဲ့ ရှင့်ရဲ့ မှတ်ပုံတင်ကိုယူပြီး ရှင့်ရဲ့ အိမ်အတွက် ဥပဒေ ခွင့်ပြုစာကို လျှောက်လိုက်ရင် ရပါပြီ”

စာရင်းကိုင်မလေးက တရိုတသေဖြင့် စာရွက်စာတမ်းများအား ရဲ့လင်းချန်ထံ ပြန်ပေးလိုက်သည်။

“ဝူး”

အပြင်ဘက်မှ ကားအင်ဂျင်သံကို ကြားလိုက်ရသလို ကားနှစ်စီးက အရောင်းပြခန်း၏ အပြင်ဘက်၌ ထိုးရပ် လာ၏။

အရှေ့မှဦးဆောင်လာသော ကားမှာ အနက်ရောင် Land Rover ဖြစ်ပြီး အနောက်မှ လိုက်ပါလာသောကားမှာ အဖြူရောင် SUV ကား ဖြစ်လေသည်။

Land Rover ထဲမှာ ဘယ်ဘက်မျက်လုံးကို ဖုံးအုပ်ထားသည့် ယောက်ျားတစ်ယောက် ဆင်းလာသည်။ ထိုသူသည် အရပ် တစ်ရာရှစ်ဆယ့်ငါး စင်တီမီတာ မြင့်ပြီး ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ရှိကာ မေးရိုးကားသည်။ မျက်လုံးတစ်ဖက် အုပ်ထားသည့် ပုံစံကိုပါ ပေါင်းလိုက်သောအခါ ဖိနှိပ်နိုင်သော အရှိန်အဝါကို ပေးစွမ်းနေ၏။ သူ့၌ မျက်လုံးတစ်လုံးသာ ကောင်းမွန်တော့ပြီး ရက်စက်သွေးဆာတတ်သော စိတ်ရှိသောကြောင့် သူ့အား အဖော်မဲ့ ဝံပုလွေဟု ခေါ်ဆိုကြခြင်း ဖြစ်ပေသည်။

SUV ကားပေါ်မှ လူဆယ်ယောက်က အလျင်အမြန် ဆင်းလာကြပြီး လက်ထဲ၌ ဓားများ ကိုင်ထားကာ သူ့ဘေး၌ လာရပ်ကြသည်။

သူတို့အားလုံး၏ ဆံပင်အရောင်က အရောင်စုံပင်။ အဝါ၊ အစိမ်း၊ အနီ၊ စသည်ဖြင့် အားလုံးက ကာတွန်းထဲမှ ဆံပင်ပုံစံများလို လုပ်ထားကြသည်။

“အစ်ကို ဝံပုလွေ နောက်ဆုံးတော့ ရှင် ရောက်လာပြီပဲ၊ တစ်ယောက်ယောက်က ကျွန်မကို ပါးချတယ်”

မန်နေဂျာဟွမ်က ချက်ချင်း ပြေးထွက်လာပြီး အဖော်မဲ့ ဝံပုလွေ၏ ရင်ခွင်ထဲ ဝင်အောင်း၍ စောဒက တက်လေသည်။

“ဘယ်သူ လုပ်တာလဲ”

အဖော်မဲ့ ဝံပုလွေက အရိုးကွဲမတတ် အေးစက်လွန်းသည့် အကြည့်ဖြင့် ဝေ့ကြည့်လေသည်။ တစ်ခန်းလုံး အပူချိန် လျော့ကျသွားသလို ဖြစ်သွားပြီး အချို့ဆိုလျင် ကြောက်လွန်း၍ တုန်ပင် တုန်လာ၏။

“အဲ့ခွေးသူတောင်းစားပေါ့”

မန်နေဂျာဟွမ်က ရဲ့လင်းချန်ကို လက်ညှိုးထိုးပြပြီး အငြိုးကြီးသော မျက်လုံးတို့ဖြင့် ကြည့်၍ ဆက်ပြောသည်။

“ရှင် ကျွန်မအတွက် လက်စားချေပေးမှ ဖြစ်မယ်၊ အရင်တစ်ခေါက်က ရှင် စိတ်ဝင်စားတဲ့ ကောင်မလေးကို မှတ်မိတယ်မလား၊ သူတို့က ရည်းစားတွေ”

အဖော်မဲ့ ဝံပုလွေ၏ မျက်နှာ မည်းမှောင်သွားပြီး မျက်လုံးတွင်း၌ ခက်ထန်ဟန်များ ပေါ်လာသည်။ အချက်ပြလိုက်သည်နှင့် သူ့လူများက ရဲ့လင်းချန်နှင့် ကျန်းယွင်ရှီကို ဝိုင်းထားလိုက်ကြသည်။

“ခွေးမသား မင်းကများ ငါ့အမျိုးသမီးကို ထိရဲတယ်ပေါ့လေ၊ မင်း သေချင်နေပြီပဲ”

အဖော်မဲ့ ဝံပုလွေက တစ်လှမ်းချင်း လျှောက်လာပြီး သူ၏ ချဉ်းကပ်လာပုံက ကြောက်စရာကောင်းသော ကျားတစ်ကောင်က သားကောင်ဆီ လှမ်းလာသည်နှင့်ပင် တူနေ၏။

“ခင်ဗျား ဘာလိုချင်တာလဲ”

ရဲ့လင်းချန်က အဖော်မဲ့ ဝံပုလွေကို စူးစိုက်ကြည့်လိုက်ပြီး တွေးဆနေသည်။

“မင်း အိမ်တစ်လုံး ဝယ်ချင်တာလို့ ငါ ကြားခဲ့တယ်၊ မင်းက ချမ်းသာမယ့်ပုံပဲ”

အဖော်မဲ့ ဝံပုလွေက မျက်မှောင်ကြုတ်၍ ကြည့်နေပြီးနောက် ကျန်းယွင်ရှီအား တပ်မက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“အရင်ဆုံး မင်း ငါ့အမျိုးသမီးကို ဒူးထောက်တောင်းပန်လိုက်၊ ပြီးရင် ငါတို့ကို ဆေးဖိုး ယွမ်ဆယ်သန်းပေး၊ ပြီးရင် မင်းဘေးက မိန်းမကို ထားခဲ့၊ ဒါဆိုရင် ငါ ဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလို သဘောထားပေးမယ်”

အဖော်မဲ့ ဝံပုလွေ၏ အကျင့်စရိုက်အတိုင်းပင် လောဘကြီး၍ ရက်စက်ပေသည်။

ဒူးထောက်တောင်းပန်ခိုင်းသည့်အပြင် ပိုက်ဆံတောင်းကာ အမျိုးသမီးကိုပါ ထားခဲ့ခိုင်းနေသေးသည်။

လူအများက ရဲ့လင်းချန်အား ကရုဏာသက်သလို ကြည့်လာကြသည်။ ဤသို့သော လူမျိုးကို အကျိုးသင့် အကြောင်းသင့် ရှင်းပြ၍ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤသို့သောလူမျိုးက စကားထက် လက်ပါတတ် သောသူ ဖြစ်သောကြောင့်ပင်တည်း။

ရဲ့လင်းချန်က တည်ငြိမ်မြဲ တည်ငြိမ်နေကာ အေးအေးဆေးဆေး မေးလိုက်သည်။

“ဆိုတော့ အရောင်းပြခန်းမှာ ခင်ဗျားက ယွင်ရှီကို ပစ်မှတ်ထားနေတယ်ပေါ့လေ”

“ဟုတ်တယ်”

အဖော်မဲ့ ဝံပုလွေက လှောင်ရယ်၍ ပေါ်တင်ဝန်ခံလေသည်။

“အဲ့မိန်းကလေးက ကြည့်ကောင်းတယ်၊ ငါ သူ့ကို သဘောကျတယ်၊ ငါ သူ့ကို အပေါ်ကနေ ဖိပြီးတော့ သူကိုယ်တိုင် ငါ့ကို ကြမ်းပေးပါလို့ တောင်းဆိုတာကို လိုချင်တာ”

“ငါက လူကြီးလူကောင်းတစ်ယောက်ပါ၊ ဟုတ်တယ်မလား၊ ငါ သူ့ကို ဖိအားမပေးဘူးလေ၊ မဟုတ်ရင် သူ ငါ့ခုတင်ပေါ် ရောက်နေလောက်ပြီ၊ ဟားဟားဟား …”

“ခင်ဗျား အဲ့လိုမလုပ်ခဲ့မိတာကို ကံကောင်းတယ်လို့ သဘောထားသင့်တယ်၊ မဟုတ်လို့ကတော့ ခင်ဗျား အသေဆိုးနဲ့ သေရလိမ့်မယ်လို့ ကျုပ် အာမခံတယ်”

ရဲ့လင်းချန်က ဓားသဖွယ် စူးရှသော အကြည့်တို့ဖြင့် အဖော်မဲ့ ဝံပုလွေကို ကြည့်လိုက်သည်။

“ဟားဟားဟား မင်းကလား”

အဖော်မဲ့ ဝံပုလွေက သရော်၍ ရယ်သွေးသွမ်းလိုက်သည်။

“တစ်ယောက်ယောက်က ငါ့ကို ခြိမ်းခြောက်ချင်နေတာကို ငါ ပထမဆုံး ကြားဖူးတာပဲ၊ ငါ မင်းကို ထပ်မေးမယ်၊ မင်းရဲ့ ဆုံးဖြတ်ချက်က ဘာလဲ”

“ငါ လက်မခံရင်ရော”

“ဒါဆိုရင်တော့ ငါ မင်းလက်ကို စဖြတ်ရမှာပေါ့”

အဖော်မဲ့ ဝံပုလွေ၏ အသံ၌ ရက်စက်ခက်ထန်မှုတို့ ပြည့်နှက်နေသည်။

“ငါ မင်းကို စဉ်းစားဖို့ ငါးစက္ကန့် ထပ်ပေးမယ်”

“ငါး”

“လေး”

…

လူအုပ်ကြီးက တဖြည်းဖြည်း နောက်သို့ ဆုတ်သွားပြီး ဆွဲထည့်ခံရမည်ကို ကြောက်ရွံ့နေ၏။ တစ်ချိန်တည်းမှာပင် သူတို့အားလုံးက အကြောက်အလန့်ကင်းသော ရဲ့လင်းချန်ကိုကြည့်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်ကြသည်။

“ဒီကောင်လေးက ကျောင်းသားသာသာပဲကို၊ မွေးကင်းစ နွားပေါက်တွေက ကျားတွေကို မကြောက်တတ်ဘူး ဆိုတာ အမှန်ပဲ”

“လူမှုအဖွဲ့အစည်းထဲကို ခြေမချဖူးသေးတဲ့ လူငယ်တွေက လူ့အသိုင်းအဝိုင်းရဲ့ ရက်စက်မှုတွေကို နားမလည် ကြဘူးလေ၊ အဖော်မဲ့ ဝံပုလွေကို ဆန့်ကျင်မိမှတော့ သူ့ဘဝက သွားပြီပေါ့”

“ဟူး … သူက ငယ်လည်း ငယ်လွန်းသေးတော့ ဘယ်အချိန် နောက်ဆုတ်သင့်သမလဲ မသိဘူးလေ၊ အဖော်မဲ့ ဝံပုလွေက ထင်ရာစိုင်းတတ်တဲ့သူပဲ၊ သနားစရာပါလား”

“တစ်”

နောက်ဆုံးအကြိမ် ရေတွက်လိုက်ပြီးနောက် အဖော်မဲ့ ဝံပုလွေ၏ အမူအရာက စက်ဆုပ်ရွံရှာဖွယ် ကောင်းလာသည်။

“သူ့လက်ကို ဖြတ်လိုက်”

ရဲ့လင်းချန်ကို ဝိုင်းထားသည့် လူဆယ်ယောက်က ပြိုင်တူ လှုပ်ရှားလာသည်။ သူတို့ အတွေ့အကြုံ ရှိမှန်း သိသာလှသည်။ သူတို့၏ မျက်နှာများက ခက်ထန်ပြီး ရဲ့လင်းချန်ထံ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။

တလက်လက် တောက်နေသော ဓားရောင်က ကြည့်နေသူများ၏ ရင်ကို တဒိန်းဒိန်း ခုန်လာစေသည်။

ရဲ့လင်းချန်က တည်ငြိမ်မြဲ တည်ငြိမ်ကာ နေရာမှာ ရပ်မြဲရပ်နေ၏။ လူဆယ်ယောက်လုံး သူ့အနား ရောက်ခါနီးလာစဉ်တွင် သူက ခန္ဓာကိုယ်ကို ဘေးသို့တိမ်း၍ ခြေထောက် မြှောက်လိုက်သည်။

“ဘုန်း ဘုန်း ဘုန်း”

ဘောလုံးကန်လိုက်သကဲ့သို့ ကန်ချက်တိုင်း၌ တစ်ယောက်ပြီး တစ်ယောက် လွင့်ထွက်သွားကြသည်။ ငါးစက္ကန့် အတွင်း သူ့ထံ ပြေးတက်လာသော လူမိုက် ဆယ်ယောက်က လေထဲသို့ လွင့်ထွက်သွားကြသည်။ သူတို့သည် အဆောက်အဦး၏ နံရံနှင့် ဝင်ဆောင့်ပြီးမှ ကြမ်းပြင်ပေါ် ကျောဖြင့် ပြန်ကျသဖြင့် နာကျင်စွာ ညည်းတွား လေသည်။

*ဒါက …*

လူတိုင်း ထိတ်လန့်ကာ ပါးစပ်အဟောင်းသားဖြင့် ကြက်သေ သေသွားသည်။ ထိတ်လန့်စရာ ကောင်းလိုက်လေခြင်း။ လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။

တီဗွီထဲမှာသာ မြင်ရသည့် မြင်ကွင်းမျိုးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောကြောင့် သူတို့ ခေါင်းနားပမ်း ကြီးသွားကြသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

အဖော်မဲ့ ဝံပုလွေ၏ ကျန်ရှိနေသော မျက်လုံးသည်လည်း ကျွတ်ကျမတတ် ပြူးကျယ်လာ၏။ သူသည် ရဲ့လင်းချန်အား ငေးငိုင်ကြည့်ကာ တစ်ကိုယ်လုံး အေးစက်လာသည်။

*လူမဟုတ်ဘူး၊ ကြောက်ဖို့ကောင်းတယ်*

“မင်း … မင်း ငါနဲ့ ဝေးဝေးနေစမ်း”

ရဲ့လင်းချန်က သူ့ထံ လျှောက်လာနေသည်ကို မြင်ပြီး အဖော်မဲ့ ဝံပုလွေ မျက်ရည် ထွက်ချင်လာသည်။ ကြောက်စိတ်ကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်လာပြီး ခြေထောက်များ ပျော့ခွေကာ မလှုပ်နိုင်တော့ချေ။ သူသည် စကား အထစ်ထစ် အငေါ့ငေါ့ဖြင့် မာန်တင်း၍ ပြောလိုက််သည်။

“ငါက လုလုပ်ငန်းစုရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ၊ မင်း စိတ်လိုက်မာန်ပါလုပ်ရင် လုလုပ်ငန်းစုက မင်းကို လက်တုံ့ပြန်လိမ့်မယ်”

သူ့ဘေးမှ မန်နေဂျာဟွမ်သည်လည်း ကြောက်စိတ်ကြောင့် ကြမ်းပြင်ပေါ် လဲကျကာ ကြက်သေ သေနေ၏။ သူမသည် ရဲ့လင်းချန်အား ကြောက်လန့်တကြား ကြည့်လိုက်ပြီးနောက် လေးဘက်ထောက်၍ ထွက်ပြေးရန် ကြိုးစားလေသည်။

“ခင်ဗျားက ကျုပ်လက်ကို ဖြတ်ချင်တာလား”

ရဲ့လင်းချန်က အဖော်မဲ့ ဝံပုလွေထံ လျှောက်လာပြီးနောက် လက်ကိုဆန့််၍ အဖော်မဲ့ ဝံပုလွေ၏ လက်မောင်း နှစ်ဖက်ကို ဖမ်းချုပ်လေသည်။ ထို့နောက် သူက လက်မောင်းနှစ်ဖက်ကို လိမ်ချိုးလိုက်သည်။

“ဂျွတ်”

အဖော်မဲ့ ဝံပုလွေ၏ လက်မောင်းများမှ အရိုးကျိုးသံနှင့်အတူ အဖော်မဲ့ ဝံပုလွေ၏ နာကျင်စွာ အော်ဟစ် လိုက်သံလည်း ထွက်ပေါ်လာ၏။ ဤသည်ကိုကြည့်ပြီး လူတိုင်း မျက်နှာဖြူရော်သွားကြသည်။ မန်နေဂျာဟွမ်သည် ကြောက်လန့်လွန်း၍ တုန်ယင်နေကာ စိတ်မထိန်းနိုင်တော့ဘဲ ဆီးများ ထွက်ကျလာသည်။

“အား…”

အဖော်မဲ့ ဝံပုလွေ ကြမ်းပြင်ပေါ်၌ လူးလိမ့်နေ၏။ သူ၏ နဖူးကြောများ ထောင်နေကာ ချွေးများကြောင့် အဝတ်အစားက စိုရွှဲနေသည်။ သူ့မျက်နှာတစ်ခုလုံး ရှုံ့တွကာ ကြည့်ရဆိုးနေလေသည်။

သူ့လက်မောင်းနှစ်ဖက်လုံး ချည့်နဲ့စွာ တွဲလောင်းကျနေပြီး လက်မောင်းရိုးများက ရဲ့လင်းချန်ကြောင့် စိစိညက်ညက် ကြေသွားသည်.

“လုမိသားစုက သေချာပေါက် ငါ့အတွက် လက်စားချေမှာ၊ မင်း နောင်ရလိမ့်မယ်”

အဖော်မဲ့ ဝံပုလွေက နာကျင်နေသည့်ကြားမှ ကြိမ်းမောင်းလေသည်။

ရဲ့လင်းချန်က သွေးပျက်နေသော မန်နေဂျာဟွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ် သွားပြီး ရွံရှာဟန်ဖြင့် သူမနှင့် ဝေးရာသို့ လျှောက်သွားသည်။

သူက ဖုန်းကိုထုတ်၍ လုဟောင်ကို ဆက်လိုက်သည်။ လုဟောင်က ဖုန်းကို အလျင်အမြန်ကိုင်၍ တလေးတစား ဖြေလိုက်သည်။

“မဟာဆရာသခင်ရဲ့ ကျွန်တော့်ကို ရှာနေပါသလား”

“ငါ အခု တောင်စမ်းရေ အိမ်ခြံမြေလုပ်ငန်းမှာ ရှိတယ်၊ ဒီကို လာခဲ့စမ်း”

….

All Chapters