← Chapters

မမျှော်လင့်ဘဲ ဝယ်ယူသွားခြင်း

Vol. 32 Ch. 470

မမျှော်လင့်ဘဲ ဝယ်ယူသွားခြင်း

Vol. 32 Ch. 470

ရဲ့လင်းချန်၏ ဦးဆောင်မှုအောက်၌ အစည်းအဝေးက ပြီးဆုံးသွားသည်။ ရဲ့လင်းချန်က သူတို့အပေါ် သူ၏ စိတ်ကျေနပ်မှုကို ပြသရန် လက်ခုပ်တီးလေသည်။

အစည်းအဝေး ပြီးသွားသည်နှင့် အိုးရန်ချင်းက ရဲ့လင်းချန် အနောက်မှနေ၍ ဒါရိုက်တာ ရုံးခန်းထဲသို့ လိုက်လာသည်။ သူမပုံစံက သူမ၌ ပြောစရာ တစ်ခုခု ရှိနေသည့်ပုံပင်။

“တစ်ခုခု ပြောချင်တာရှိရင် ပြောလိုက်ပါ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဥက္ကဋ္ဌရဲ့၊ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေဆိုရင် ကျွန်မတို့ ကျွန်းတစ်ကျွန်းဝယ်ဖို့ မလိုပါဘူး၊ ဝယ်ပြီးရင် ဆောက်လုပ်ရေး ရှိလာဦးမှာ၊ ကုန်ကျစရိတ်က များလွန်းတယ်”

အိုးရန်ချင်းက ပင့်သက်တစ်ချက် ရှိုက်၍ ဆက်ပြောသည်။

“ကျွန်မအမြင်မှာတော့ ကျွန်မတို့ ကုမ္ပဏီက လမ်းကြောင်းမှန်ပေါ် စခါစပဲ ရှိသေးတယ်၊ တဖြည်းဖြည်း ကြီးထွားလာဖို့က ပိုအရေးကြီးတယ်၊ ကျွန်မတို့ ပိုက်ဆံကို မလိုအပ်ဘဲ မဖြုန်းသင့်ဘူး”

“ဘာက မလိုအပ်တာလဲ”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီးမှ ပြုံး၍ မေးလိုက်သည်။

“ငါ မင်းကို မေးစရာ ရှိတယ်၊ ငါတို့ရဲ့ လက်ရှိ ထုတ်လုပ်ရေး အတိုင်းအတာအရဆို ငါတို့ ရှောင်ယွင်ကို ဘယ်နှစ်ခုလောက် ထုတ်နိုင်လဲ”

“အခု နှစ်ထောင်အောက်ပေါ့”

အိုးရန်ချင်းက မျက်မှောင်ကြုတ်၍ ပြန်ဖြေသည်။ ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ အခု နှစ်ထောင်လို့ပဲ ထားလိုက်၊ လက်ရှိ ငါတို့ နေ့စဉ် ရောင်းအားက အခု ၁၃၀၀ ဝန်းကျင် ရှိတယ်၊ ငါတို့ ပိုက်ဆံအားလုံးကို ဆိုင်ခွဲ ချဲ့ထွင်တဲ့နေရာမှာ သုံးပြီး ဈေးကွက်ကို ချဲ့ထွင်ရင်တောင်မှ ငါတို့ ထုတ်လုပ်ရေးက အမီ မလိုက်နိုင်ဘူး”

“ထုတ်လုပ်ရေးက နောက်ကောက်ကျနေရင် ကျွန်မတို့ ထုတ်လုပ်ရေးကို တိုးမြှင့်လိုက်လို့ ရတယ်’

အိုးရန်ချင်းက နူးညံ့စွာပြောပြီး အနည်းငယ် လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။

“ထုတ်လုပ်ရေးကို တိုးမယ် ဟုတ်လား၊ ဘယ်လောက်ထိလဲ၊ မင်း ဘယ်လို တိုးဖို့ စီစဉ်ထားလဲ”

ရဲ့လင်းချန်က သူမကို စိုက်ကြည့်နေ၏။

“ငါတို့ အဲ့လိုလုပ်မယ်ဆိုရင် အန္တရာယ်များနိုင်တဲ့ ချဲ့ထွင်မှုပဲ ဖြစ်လာလိမ့်မယ်”

“အန္တရာယ် များနိုင်တဲ့ ချဲ့ထွင်မှုက ငါတို့ ဘဏ္ဍာရေးကို ရေတိုမှာ အကြီးအကျယ် မြင့်လာနိုင်ပြီးတော့ အပေါ်ယံမှာ ကောင်းတယ်ဆိုပင်မယ့် ဘယ်လို အမှားမျိုးကိုမှ မခံနိုင်ဘူး”

သူက တစ်ခဏမျှ ရပ်ပြီးမှ ဆက်ပြောသည်။

“တစ်ခုခု မှားသွားခဲ့ရင် ငါတို့ကုမ္ပဏီကို တစ်ချက်တည်းနဲ့ အားလုံး ဆုံးရှုံးသွားစေလိမ့်မယ်”

“ဒါဆို ကျွန်မတို့ ကျွန်းတစ်ကျွန်း ဝယ်မယ့်အစား အဲ့စက်ပစ္စည်းတွေ ဝယ်လို့ ရတယ်”

အိုးရန်ချင်းက ရုတ်တရက် သတိရသွားပြီး အပြင်းအထန် ကန့်ကွက်လေသည်။

“ဒါက ပိုက်ဆံ ဖြုန်းနေတာ သက်သက်ပဲ”

“မင်း မှားပြန်ပြီ”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

“ငါတို့ ဌာနချုပ်တွေကို တည်ဆောက်ဖို့ ငါတို့ ကျွန်းတစ်ကျွန်း ဝယ်မှာ၊ ဌာနချုပ်တွေ တည်ဆောက်တာက ငါတို့ အခြေခံအတွက်ပဲ၊ အခြေခံက ခိုင်မာတာနဲ့ ငါတို့ ထုတ်လုပ်ရေး ပမာဏကလည်း လိုက်တိုးတက်လာမှာပဲ၊ ဒါဆိုရင် ငါတို့ အန္တရာယ်များတဲ့ ချဲ့ထွင်မှု လုပ်ရင်တောင်မှ တောင့်ခံနိုင်စွမ်း ရှိလိမ့်မယ်”

ရဲ့လင်းချန်၏ ရှင်းပြချက်က အိုးရန်ချင်းအား ပြန်တုံ့ပြန်စရာ မရှိအောင် ဖြစ်သွားစေသည်။

“နောက်ဥပမာတစ်ခု ပေးမယ်”

ရဲ့လင်းချန် တစ်ခဏမျှ ရပ်သွားသည်။

“မောင်းသူမဲ့ကားရဲ့ အရင် စမ်းသပ်မှုက ကိန်းဂဏန်းလောက်ပဲ လုပ်နိုင်ခဲ့တာ၊ အဲဒါကြောင့် လက်တွေ့မှာ အလုပ်မဖြစ်ရင်တောင်မှ မင်းတို့ အဲ့ဒါကို မသိကြဘူး၊ မင်းတို့မှာ စမ်းသပ်ဖို့ နေရာ လုံးဝ မရှိဘူးလေ၊ ဒါပေမဲ့ ကျွန်းနဲ့ဆိုရင် မင်းတို့ စိတ်ရှိသလောက် အပြည့်အဝ စမ်းသပ်နိုင်ပြီးတော့ သုတေသန အချက်အလက်အတိုင်း တိုးတက်အောင် လုပ်နိုင်မယ်၊ ကိန်းဂဏန်းကို အားကိုးရုံလောက်နဲ့ အလုပ်မဖြစ်ဘူး”

“ပြီးတော့ ငါတို့ နည်းပညာက ဒီကလေးကစားစရာ အဆင့်လောက်မှာပဲ နေလိမ့်မယ်လို့ မင်း ထင်နေတာလား”

ရဲ့လင်းချန်၏ နှုတ်ခမ်းများ ကော့တက်လာသည်။

“ကျွန်းနဲ့ဆိုရင် ငါတို့ ပိုပြီး အဆင့်မြင့်တဲ့ ပစ္စည်းတွေ တီထွင်နိုင်မယ်၊ ဥပမာ စက်ရုပ်တွေနဲ့ ပျံသန်းရေး ကိရိယာတွေပေါ့၊ အဲ့ဒါကြောင့် ငါတို့ ဌာနချုပ်တွေကို မြန်မြန် တည်ဆောက်ပြီးမှပဲ ငါတို့ရဲ့ တိုးတက်မှုနှုန်းကို တိုးတက်အောင် လုပ်နိုင်မှာ”

တကယ်တမ်းတွင် ရဲ့လင်းချန်၏ ရှင်းပြချက်၌ ဖုံးကွယ်ထားသော အကြောင်းပြချက်တစ်ခု ပါရှိသည်။ သာမန် အခြေအနေများ၌ လူတစ်ယောက်သည် ဤမျှ အတိုင်းအတာရှိသော ဌာနချုပ်များကို တည်ဆောက်ရန် အလျင်မလိုသင့်ပါ။ စက်ရုပ်များ တည်ဆောက်နိုင်လိမ့်မည်ဟု ဘယ်သူက အာမခံနိုင်မည်နည်း။ ပို၍ အဆင့်မြင့်သော နည်းပညာများ တိုးတက်လာလိမ့်မည်ဟု ဘယ်သူက အာမခံနိုင်မည်နည်း။

သို့သော် ရဲ့လင်းချန်တွင် ထိုသို့သော ယုံကြည်ချက် ရှိပါသည်။ ထို့ကြောင့် သူ၏ အဓိက ဦးစားပေးမှာ ကျွန်းဝယ်ရန် ဖြစ်သည်။

၎င်းတွင် တစ်ကိုယ်ကောင်းဆန်မှု အနည်းငယ်လည်း ပါဝင်ပေသည်။

“ကောင်းပြီလေ၊ ရှင့်မှာလည်း ရှင့်အချက် ရှိတာပဲ၊ ဒါပေမဲ့ ငါတို့ ဒီလောက် အချိန်တိုအတွင်းမှာ အဲ့လောက် ပစ္စည်းတွေ မထုတ်နိုင်ဘူး”

အိုးရန်ချင်းက ပြန်တုံ့ပြန်ပြီး သက်ပြင်းချလိုက်သည်။

“အရင်ဆုံး စီစဉ်ထားတာ၊ အနာဂတ်အတွက်က ငါတို့ တစ်ဆင့်ခြင်း သွားကြတာပေါ့”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။

ဝိုင်လုပ်ငန်းစုသည် ရင်းနှီးမြှုပ်နှံမှု ခွဲဝေသည့် လမ်းကြောင်းကို ဘယ်သောအခါမှ လျှောက်မည် မဟုတ်သောကြောင့် သူသည် လိုအပ်သော ပိုက်ဆံကို တစ်ဆင့်ခြင်း ရရှိရန် လိုအပ်ပေသည်။ ရင်းနှီးမြှုပ်နှံမှု ခွဲဝေသည့် လမ်းကြောင်းကို သူ လျှောက်လျင် ပို၍ လွယ်ကူလိမ့်မည် ဖြစ်ပြီး လူပေါင်းများစွာက သူနှင့် ပူးပေါင်းချင်ကြသည်ပင်။ သို့သော် ထိုသို့ လုပ်လျင် သူ၏ အနာဂတ် တိုးတက်မှုက အကန့်အသတ်နှင့် ဖြစ်သွားပေမည်။ ရဲ့လင်းချန်၏ လုပ်ပိုင်ခွင့်က အားနည်းသွားမည်။ ယင်းက ကြီးမားသော ဆုံးရှုံးမှုပင်။

ဆွေးနွေးမှု ပြီးသွားသည်နှင့် ရဲ့လင်းချန်က သူ၏ ကိုယ်ပိုင်ရုံးခန်းကို စတင်၍ လေ့လာစစ်ဆေးလေသည်။

ရုံးခန်းသည် တီဗွီဇာတ်လမ်းတွဲများ၌ တွေ့ရတတ်သော ဒါရိုက်တာများ၏ ရုံးခန်းများနှင့် သိပ်မကွာခြားပါ။ ထိုင်ခုံက မြင်ကွင်းကျယ် မြင်ရသည့် ပြတင်းဘက်ရှိသော လမ်းမဘက်ကို မျက်နှာမူထားသည်။ ပြတင်းပေါက်နား၌ ရပ်လိုက်လျင် အလွန် ဝေးကွာသော နေရာအထိ ကောင်းကောင်း ကြည့်နိုင်ပြီး အဆောက်အဦးအောက်၌ သွားလာနေသော လူအုပ်ကို ကြည့်ပြီး သူ့အား အံ့ဩစရာကောင်းသော အမြင်တစ်ခုကို ပေးစွမ်းလေသည်။ အနီးအနား၌ ပန်းခြံတစ်ခုပင် ရှိနေသေး၏။ ရုံးခန်း၏ တည်နေရာနှင့် အမြင့်က အံကိုက်ပင်။

ရဲ့လင်းချန် အသာပြုံးလိုက်သည်။

*အခုကစပြီး ငါက လွှမ်းမိုးနိုင်တဲ့ သူဌေးတွေထဲက တစ်ယောက် ဖြစ်သွားပြီပဲ*

ထိုသို့သောအချိန်၌ သူ၏ အကြည့်သည် သူ့စားပွဲပေါ်မှာ သတင်းစာ၏ ခေါင်းစီတစ်ခုပေါ် ရပ်တန့်သွားပြီး အားရုံ စူးစိုက်မိသွားသည်။ သူ အနားသို့ ကပ်၍ ဖတ်ကြည့်လေ မျက်ခုံးတွန့်လာလေပင်။

“ဪ ဥက္ကဋ္ဌရဲ့၊ ဒါက ကျွန်မ အမာတဲရာစု မျိုးရိုးဗီဇပညာနဲ့ ပတ်သက်ပြီး ကျွန်မ ရှာတွေ့ထားတဲ့ အချက် အလက်ပါ။ ရှင် ပြန်လာရင် ကြည့်ကြည့်ရအောင်လို့ ကျွန်မ ရှင့်ကို စောင့်နေတာပါ”

အိုးရန်ချင်းက ပြောပြသည်။

ရဲ့လင်းချန် ခေါင်းညိတ်၍ အိုးရန်ချင်းအား ကြာကြာ ကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ်”

သူမ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ခဲ့မှန်း သေချာပါသည်။ သို့မဟုတ်ပါက သူမ အမာတဲရာစုအား သီးသန့် စုံစမ်းမည် မဟုတ်ပါ။

သတင်းကို ဖတ်ကြည့်ပြီးနောက် သူ မျက်မှောင်ကြုတ်မိသွားသည်။

ယင်းက သတင်းအသေးစားလေး မဟုတ်ပါ။ ခေါင်းစီးက တင်စီးလှသည်။

[အမာတဲရာစု မျိုးရိုးဗီဇပညာက ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုအား အပြီးအစီး ဝယ်ယူလိုက်ခြင်း]

ရဲ့လင်းချန်သည် ကုမ္ပဏီနှစ်ခုလုံးနှင့် မစိမ်းသက်ပါ။ အမာတဲရာစု မျိုးရိုးဗီဇ ပညာကို ဘေးဖယ်ထားလျင်တောင်မှ ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှု၏ ဒါရိုက်တာ တုန်းမြောင်မြောင်ကို သူ့မှတ်ဉာဏ်ထဲ၌ လောလော လတ်လတ် မှတ်မိနေပါသေးသည်။

ထိုမိန်းကလေးသည် ထက်မြက်ပြီး လှပကာ ဗဟုသုတ ကြွယ်ဝသည်။ သူမသည် ရည်မှန်းချက်လည်း ကြီး၏။ သူမ ကုမ္ပဏီကို သူမ ရောင်းစားလိုက်ရန် မဖြစ်နိုင်ပါ။

*ဒါပေမဲ့ သူ့ကုမ္ပဏီကို အပြီးအစီး ဝယ်လိုက်တယ်တဲ့လား၊ တစ်ခုခုကတော့ မှားနေပြီ*

“ဂျပန်နိုင်ငံလား၊ ဒီအမာတဲရာစု မျိုးရိုးဗီဇပညာက တကယ်ပဲ ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုလား”

ရဲ့လင်းချန် မေးလိုက်သည်။ အမာတဲရာစုဟု နာမည်ပေးထားသည်က အံ့ဩစရာ မဟုတ်တော့ပါ။ ယင်းမှာ ဂျပန်နိုင်ငံ၏ ဆောင်ပုဒ်ဖြစ်သော နတ်ဆိုးနတ်ဘုရားနှင့် ယှဉ်တွဲခြင်းဟု အဓိပ္ပာယ် ရသည်။

အိုးရန်ချင်းက ခေါင်းညိတ်သည်။

“ရှင်နဲ့ တွေ့ခဲ့တဲ့လူတွေက ဂျပန်နိုင်ငံ ကုမ္ပဏီရဲ့ တရုတ်ရုံးခွဲကပဲ၊ ပြီးတော့ သူတို့ကုမ္ပဏီက ကြီးတဲ့အပြင် နိုင်ငံတကာမှာလည်း တော်တော် လှုပ်ရှားတယ်၊ ဂျပန်နိုင်ငံက သူတို့ရဲ့ သုတေသနနဲ့ တိုးတက်မှုတွေ လုပ်နိုင်ဖို့ သူတို့ကို မြေနေရာ ကျယ်ကျယ်ဝန်းဝန်း ပေးထားတာ”

“သူတို့ ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုကို ဝယ်တာနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုမြင်လဲ”

ရဲ့လင်းချန် တည်ငြိမ်စွာ မေးလိုက်သည်။

“ဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကြောင်လို့ ကျွန်မ ထင်တယ်”

အိုးရန်ချင်း၏ အမူအရာက‌ေ လးနက်လာသည်။

“မျိုးရိုးဗီဇ ကုမ္ပဏီတွေက ဒီလို ထူးခြားတဲ့ သတ္တဝါတွေနဲ့ ပတ်သက်လာရင် မဆုတ်မနစ် ကြိုးစားတယ်၊ ပြီးတော့ လေလံပွဲတုန်းက အမာတဲရာစု မျိုးရိုးဗီဇက ဧရာမ စပါးအုံးမြွေကို ရချင်တဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြခဲ့တယ်၊ သူတို့ ဘာမှ မရခဲ့ပင်မယ့် ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုကတော့ ဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကို ဝယ်နိုင်ခဲ့တယ်လေ၊ သူတို့ ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုကို မျက်စိကျနေမှာ မဆန်းဘူး”

ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုကို ဝယ်ယူပြီးနောက် ဧရာမ စပါးအုံးမြွေကြီးက အမာတဲရာစု မျိုးရိုးဗီဇ ပညာ၏ လက်ထဲသို့ ရောက်သွားမှာပင်။

“အဲ့လိုဆိုရင် ငါ ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုကို သွယ်ဝိုက်ပြီး ထိခိုက်အောင် လုပ်ခဲ့မိတာပဲ”

ရဲ့လင်းချန် မှတ်ချက်ချလိုက်သည်။

တုန်းမြောင်မြောင်၏ အကျင့်စရိုက်အရ သူမကုမ္ပဏီကို ဝယ်ခွင့် ပြုမည် မဟုတ်ပါ။ အမာတဲရာစု မျိုးရိုးဗီဇက မသိနိုင်သော နည်းလမ်းများ သုံးခဲ့ကြောင်း သိသာလှသည်။

အချက်အလက်များအရ အမာတဲရာစု မျိုးရိုးဗီဇပညာသည် ဖော်ရွေသော ကုမ္ပဏီတစ်ခု မဟုတ်ပါ။ သူတို့၏ ပန်းတိုင်ကို ရရှိရန် သူတို့က ဘာမဆို လုပ်ကြသည်။

*အဲ့မိန်းကလေး ဘာလုပ်နေမလဲ ငါ သိချင်မိတယ်*

“ရှင် အဲ့လို ပြောလို့မရဘူးလေ၊ ရှင် လုပ်ခဲ့တာက မှန်တယ်၊ ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုရဲ့ ကံက ဆိုးတယ်လို့ ပြောရတော့မှာပဲ”

အိုးရန်ချင်းက ပြောသည်။ ထို့နောက် သူမက ရဲ့လင်းချန်ကို ကြည့်၍ လေးနက်သော အသံဖြင့် သူ့အား သတိ ပေးသည်။

“ရှင် ဝမ်ရုံနည်းပညာရဲ့ ဥက္ကဋ္ဌနော်၊ ကျွန်မ ရှင့်ကို ဘာမှဖြစ်ခွင့်မပေးဘူး၊ ရှင် အန္တရာယ်များတဲ့ ကိစ္စတစ်ခုခု လုပ်ဖို့ ကြိုးစားမှာကိုလည်း ကျွန်မ ခွင့်မပြုဘူး

…

All Chapters