← Chapters

အမာခံ ပရိသတ်များ၏ အစွမ်း

Vol. 41 Ch. 612

အမာခံ ပရိသတ်များ၏ အစွမ်း

Vol. 41 Ch. 612

မြို့ဘက်မှ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြီး ရဲ့လင်းချန်၏ မိသားစုကို ဖိတ်ကြားခဲ့သည်။ ထိုပွဲအား မြို့၌ အခမ်းနားဆုံး ဟိုတယ်၌ ကျင်းပခဲ့သည်။

ရှည်လျားလှသော တစ်ရက်တာ ကုန်လွန်ချိန်၌ ရဲ့လင်းချန်သည် ယခင်ထက် ပို၍ မောပန်းသလို ခံစားနေရသည်။

တစ်ဖက်တွင်မူ သူ၏ မိဘများနှင့် အဘိုးအဘွားများသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ဝမ်းသာပျော်ရွှင်စွာ နေကြသည်။

ယနေ့တွင် အင်တာနက်တစ်ခုလုံး ဆူညံနေပြီး ရဲ့လင်းချန်က အွန်လိုင်းပေါ်မှ ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်နေခဲ့သည်။

လူတိုင်းသည် အကြမ်းဖက်မှု၏ နောက်ဆက်တွဲကို စိတ်ဝင်စားနေကြလေသည်။

Weibo, Tiktok, Toutiao အစရှိသည့် အင်တာနက်တစ်ခွင်လုံး၏ သတင်းမီဒီယာများ၏ မှတ်ချက်ကဏ္ဍ၌ စိတ်ဝင်တစား ပြောဆိုနေသည့် မှတ်ချက်များနှင့် ပြည့်နေသည်။

တစ်ချို့က ရဲ့လင်းချန်ဘက်၌ ရပ်တည်ပြီး အခြားသူများက ကင်ဟျွန်းမင်ဘက်၌ ရပ်တည်ကြသည်။ မကြာခဏ ဆိုသကဲ့သို့ ဘေးထိုင်ဘုပြောသမားများလည်း ပေါ်ပေါ်လာသဖြင့် အလွန် ဆူညံလျက် ရှိသည်။

[ရဲ့လင်းချန်ကို ရဲက တစ်ညလုံး ဖမ်းခေါ်သွားတာ၊ ဘာတွေဖြစ်နေပြီလဲ ငါ သိချင်မိပြီ]

[ဟားဟားဟား၊ သူ့ထိုက်နဲ့သူ့ကံပဲလေ၊ သေဒဏ်ချဖို့ ငါ အကြံပေးတယ်ကွာ]

[ရဲ့လင်းချန်က Gala နွေဦးပွဲတော်မှာ အကြမ်းဖက်တဲ့ လူမိုက်ပဲ၊ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ လိုအပ်တယ်]

[အပေါ်ကလူ၊ မင်း ရူးနေလား၊ ရဲ့နတ်ဘုရားက ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အဲ့လို လုပ်ခဲ့တာလေ၊ မင်းကမှ တစ်သက်လုံး အမှိုက်ကောင် ဖြစ်ဖို့ ထိုက်တန်တာကွ]

[ငါ ရဲ့နတ်ဘုရားကို ထောက်ခံတယ်၊ ကင်ဟျွန်းမင် တရုတ်နိုင်ငံထဲက ထွက်သွားသင့်တယ်]

[သူ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် သူ လုပ်တာ မှားတယ်၊ ပြီးတော့ အကျိုးဆက်ကို ရင်ဆိုင်မှရမယ်]

[အပေါ်ကလူက အရူးပဲဆိုတာ ငါလဲ ထောက်ခံတယ်]

[အပြောက လွယ်တယ်၊ ဒီလူတွေက အမှိုက်ကောင်တွေပဲကို မြင့်မြတ်တဲ့ စိတ်ထားအကြောင်း ပြောနေသေးတယ်]

အချိန်ကား တရုတ်နှစ်သစ်ကူး အချိန်အခါ ဖြစ်သဖြင့် လူတိုင်း အားလပ်နေကြသည်။ သူတို့အားလုံးက သူတို့၏ အမြင်များကို ထုတ်ဖော်ပြောဆိုနေသဖြင့် စကားဝိုင်းက ပြင်းထန်လာ၏။

တစ်ခဏကြာသော် တစ်စုံတစ်ယောက်က ရဲ့လင်းချန်၏ ကိုယ်ရေးရာဇဝင်ကို စုဆောင်းပြီး အွန်လိုင်းပေါ်၌ တင်လာသည်။

[ရဲ့လင်းချန် - အသက် နှစ်ဆယ်၊ ပီကင်း တက္ကသိုလ် ပထမနှစ်ကျောင်းသား၊ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကြောင့် မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်း၏ ရွေးချယ်ခြင်း ခံခဲ့ရသည်။ ထို့နောက် သူသည် ကိုရီးယားနိုင်ငံ၏ ဘတ်စကက်ဘော အသင်းကို အနိုင်ယူခဲ့ပြီး ထိုအချန်မှစ၍ နာမည်ကြီးလာကာ အားကစား စူပါစတားတစ်ဦး ဖြစ်လာသည်။ ထို့နောက်တွင်မူ သူသည် ဘဝ၏ ရုန်းကန်ခြင်း၌ ပါဝင်ခဲ့ပြီး အနုပညာရှင် ဖြစ်လာခဲ့သည်။ ဒီနှစ် Gala နွေဦးပွဲတော်မှာ သူက ထူးခြားတဲ့ အခြေအနေကြောင့် စင်ပေါ် တက်ခဲ့ရပြီး ကံကောင်းသွားသည်။]

[အစက ငါလဲ အခြားသူတွေလိုပဲ ရဲ့နတ်ဘုရားရဲ့ ပရိသတ် ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ မနေ့က အကြမ်းဖက်မှုက ငါ့ကို အကြီးအကျယ် စိတ်ပျက်စေခဲ့တာပဲ၊ ရဲ့နတ်ဘုရားက သူ့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ကို တစ်လွဲ အသုံးချပြီး ပြဿနာကို အကြမ်းနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတယ်၊ အဲ့ဒါအပြင် သူက အရမ်း ရက်စက်ပြီးတော့ သူ့ရဲ့ အနုပညာရှင်ဆိုတဲ့ အဆင့်အတန်းကို ဂရုမစိုက်ဘူး၊ သူ့လုပ်ရပ်က လူငယ်တွေအတွက် မှားယွင်းတဲ့ အတုယူမှု ဖြစ်လာစေနိုင်ပြီးတော့ အနုပညာရှင်တွေက အကျိုးအကြောင်း မဆင်ခြင်တဲ့သူတွေလို့ ထင်သွားကြလိမ့်မယ်၊ ပြီးတော့ သူက ပီကင်းတက္ကသိုလ်က ပထမနှစ် ကျောင်းသားတစ်ယောက်၊ ဒါ ကျောင်းသားတစ်ယောက် ရှိသင့်တဲ့ပုံရိပ် မဟုတ်ဘူး၊ သူက ပီကင်းတက္ကသိုလ်ကို နာမည်ဆိုးတွင်အောင် လုပ်နေတာပဲ]

ထိုအကြောင်းအား ရေးသားသူက ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်ဖြစ်ကြောင်း ပြောနေစရာပင် မလိုချေ။ ထိုသူက ရဲ့လင်းချန်အား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုကိုပါ ပြုလုပ်လာခဲ့သည်။

ရဲ့လင်းချန်၏ ကျောင်းသားဟူသော အဆင့်အတန်းကို ယခင်က သတိမပြုမိကြချေ။ သို့သော် ထိုအကြောင်းအရာက သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ရဲ့လင်းချန်က ကျောင်းသား ဖြစ်နေဆဲ ဆိုသည်ကို လူအများက သတိပြုမိသွားကြသည်။ ပီကင်းတက္ကသိုလ်၏ ကျောင်းသားတစ်ဦးပါတကား။

သတင်းထွက်လာသည်နှင့် မရေတွက်နိုင်သော တုံ့ပြန်မှုများ ထွက်ပေါ်လာသည်။

[တင်တဲ့သူ ပြောတာ မှန်တယ်၊ ငါ ထောက်ခံတယ်]

[ကောင်းလိုက်တဲ့ အကျဉ်းချုပ်၊ ဒါပေမဲ့ ငါ တစ်ခု ထပ်ပြောချင်တယ်၊ ရဲ့လင်းချန်က ငယ်ငယ်လေးနဲ့ နာမည်ကြီးလာတာ၊ အဲ့တော့ သူက အရမ်း မာန်တက်ပြီးတော့ ဘဝမေ့သွားတယ်၊ အဲ့ဒါကြောင့် သူ ဒီလို ပြုမူနေတာ၊ သူ့ကို နာမည်ပျက်စာရင်းသွင်းဖို့ ငါ ပြတ်ပြတ်သားသား အကြံပြုတယ်]

[သူ့ကို ထောင်ချဖို့ မြို့တော် ရဲဌာနကို ငါ တိုက်တွန်းတယ်၊ အနည်းဆုံး ဆယ်နှစ်ပဲ၊ @မြို့တော် အစိုးရအကောင့်]

[အမာခံ ပရိသတ်တွေက ငတုံးတွေပဲ၊ ရဲ့နတ်ဘုရားက ဘာလို့ သူ့ကို အကြမ်းဖက်လဲဆိုတာကို မင်းတို့ မေ့သွားပြီလား]

[ရဲ့နတ်ဘုရား သူ့ကို ပညာပေးတာ မဆန်းဘူး၊ ဒီအမာခံ ပရိသတ်တွေကိုပဲ ကြည့်လေ၊ ငါလဲ စိတ်ကုန်လာပြီ]

[မူရင်းတင်တဲ့သူ၊ မင်းရဲ့ စိတ်ခံယူချက်က ဘာလဲဆိုတာကို ငါ သိလို့ရမလား၊ သူက ကိုရီးယားနိုင်ငံကို ဒူးထောက်ရမှာလား]

[မူရင်းတင်တဲ့သူက မျက်နှာလုပ်တဲ့သူပဲ၊ မျက်နှာလုပ်တဲ့သူတွေ သေသင့်တယ်]

…

နောက်ဆုံးတွင် ပြောဆိုမှုများက မြို့တော် ရဲဌာန၏ တရားဝင် website သို့ပါ ရောက်သွားပြီး အမာခံ ပရိသတ်များက ပလူပျံအောင် မှတ်ချက်ပေးကြလေသည်။

[ရဲ့လင်းချန်ကို ထောင်ချပါ၊ သူ့ကို ထောင်ချပစ်]

[ရဲ့လင်းချန်ကို ထောင်ချပါ၊ သူ့ကို ထောင်ချပစ်]

[ရဲ့လင်းချန်ကို ထောင်ချပါ၊ သူ့ကို ထောင်ချပစ်]

…

ထိုအခိုက်တွင် သူတို့ထဲမှ အချို့က ပီကင်းတက္ကသိုလ်၏ တရားဝင် website သို့သွားကြသည်။

[ပီကင်း တက္ကသိုလ်၊ နင်တို့ကျောင်းသား လုပ်ခဲ့တာတွေကို လာကြည့်စမ်း]

[ဒါ တရုတ်နိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း တက္ကသိုလ်လား၊ ဟားဟား … နင်တို့ကျောင်းသားတွေက ဘယ်လို အကြမ်းဖက်ရမလဲပဲ သိတာ]

[ရှက်ဖို့ကောင်းတယ်၊ လုံးဝ ရှက်ဖို့ကောင်းတယ်]

[ပီကင်းတက္ကသိုလ်ရဲ့ တာဝန်ရှိသူတွေ ဘယ်မှာလဲ၊ ငကြောက်တွေပါလား၊ ထွက်လာပြီး ငါတို့ကို ဖြေရှင်းချက် ပေးစမ်း]

[ရဲ့လင်းချန်ကို ကျောင်းထုတ်ပစ်ဖို့ ငါ အကြံပေးတယ်၊ မဟုတ်ရင် ပီကင်းတက္ကသိုလ်ရဲ့ ဂုဏ်သတင်း ပျက်စီး သွားလိမ့်မယ်]

ထို့အပြင် မြို့တော် ဘက်စကက်ဘော အဖွဲ့အစည်း၏ တရားဝင် website တွင်လည်း ဆူညံနေသည်။

[ရဲ့လင်းချန်ကို ထုတ်ပစ်]

[ဒီလိုလူမျိုးကို ငါတို့နိုင်ငံ ကိုယ်စားပြုထားတာ ရှက်ဖို့ကောင်းတယ်]

[ငါတို့ကို ဖြေရှင်းချက်ပေးပါ]

အမာခံ ပရိသတ်များ၏ အယူသန်ချက်က လွန်လွန်းလှသည်။

လူအများစုသည် ထိုမှတ်ချက်များကို ဖတ်မိသောအခါ ရဲ့လင်းချန်အတွက် ခုခံပြောဆိုပြီး သည်အတိုင်း ထားလိုက်ကြသည်။ ဘယ်သူကမှ အရူးထသူများ၏ အော်ဟစ်နေသော အဖြစ်ကို အချိန်ကုန်ခံပြီး ကြည့်နေမည် မဟုတ်ပါ။

ထိုသို့သောအချိန်၌ အမာခံ ပရိသတ်များသည် သူ့အား နာမည်ပျက်စာရင်း သွင်းစေချင်နေကြပြီး အင်တာနက်ပေါ်၌ အလျင်အမြန် နေရာယူနေကြသည်။ အချို့ဆိုလျင် အကောင့်များစွာကို ဖန်တီးခြင်း ဒါမှမဟုတ် ဝယ်ယူခြင်းများ ပြုလုပ်၍ တစ်လှည့်စီ ဝင်ရေး၍ ဆဲဆိုကြသည်။ နေရာတိုင်း၌ ရဲ့လင်းချန်ကို ဆန့်ကျင့်သည့် စာသားများနှင့် ပြည့်နေပြီး ဖြေရှင်းချက်ပေးရန် အဆက်မပြတ် တောင်းဆိုနေ၏။

သူတို့သည် အခြားသူများကို အရေးမစိုက်ဘဲ ရဲ့လင်းချန်ကိုသာ ဦးတည်၍ တိုက်ခိုက်ကြသည်။

ထို့ကြောင့် အင်တာနက်အား အမာခံ ပရိသတ်များ၏ တဖြည်းဖြည်း သိမ်းပိုက်သွားပြီး ကြည့်ရဆိုးသော အခြေအနေ ဖြစ်လာသည်။ ထို့အပြင် အင်တာနက်ပေါ်၌ လူပေါင်းစုံ ရှိသည်။ အချို့သော ဘေးလူများသည် ဘာတွေ ဖြစ်နေသလဲ မသိကြဘဲ အမာခံ ပရိသတ်များနှင့် လိုက်ပါ၍ အပြစ်တင်လာသည်။

ပြဿနာက ပိုကြီးမားလာပြီး အခြားသူများသည် ကြောက်လန့်သလို ခံစားလာရသည်။

[လခွမ်း ဒီအမာခံ ပရိသတ်တွေက အရမ်း ကြာဖို့ကောင်းတယ်၊ ဒီငတုံးတွေကတော့ကွာ]

[ဝမ်းနည်းဖို့ကောင်းတယ်၊ ငါ တကယ် ဝမ်းနည်းသွားပြီ]

[ရဲ့နတ်ဘုရားက အဖြေကို စပ်ခဲ့တာ မဆန်းဘူး၊ သူ ခံစားရတဲ့ ဝမ်းနည်းမှုကို ငါ ခံစားမိတယ်၊ ငါက ပညာမတတ်တော့ ရဲ့နတ်ဘုရားရဲ့ အဖြေက စကားတွေကိုပဲ ယူသုံးနိုင်တယ်၊ အဆင့်အတန်းကို လျော့စေတာက အောက်ခြေရဲ့ စကားဝှက်ပဲ၊ မြင့်မြတ်ခြင်းက အဆင့်အတန်းမြင့်မားသူတွေရဲ့ သင်္ချိုင်းစာပဲ၊ … ဂြိုဟ်သစ်တစ်ခု ပေါ်ထွက်လာပြီး တောက်ပတဲ့ ကြယ်တွေက ရှင်းလင်းတဲ့ ကောင်းကင်ကြီးကို တန်ဆာဆင် နိုင်ပါစေ၊ သူတို့က နှစ်ငါးထောင်က ရုပ်ပုံတွေပဲ၊ သူတို့က နောင်အနာဂတ်ရဲ့ ဂရုတစိုက် ကြည့်ရမယ့် မျက်လုံးတွေပဲ]

[ဒါ တရုတ်နိုင်ငံ ဟုတ်သေးရဲ့လား၊ မှတ်ချက်ပေးသူတွေက ကိုရီးယားနိုင်ငံရဲ့ ပရိသတ်တွေလို့ ငါ ဘာလို့ ခံစားနေရတာလဲ]

[ငါ အရင်က မသိခဲ့ဘူး၊ အခုမှပဲ ယဉ်ကျေးမှုစစ်ပွဲရဲ့ ကြောက်စရာကောင်းပုံကို ငါ နားလည်တော့တယ်၊ ဒီလူတွေ ဘာဖြစ်နေတာလဲ]

[ငါတို့ တရုတ်နိုင်ငံမှာ အရည်အချင်းရှိတဲ့ အနုပညာရှင်တွေ အများကြီးပါ၊ ဘာလို့ သူတို့က ကိုရီးယားနိုင်ငံက ငပျော့ကို ကြိုက်နေရတာလြ၊ ပြီးတော့ အဲ့ငပျော့ကောင်က ငါတို့နိုင်ငံကို စော်ကားခဲ့တာလေ၊ အသိဝင်ကြပါတော့]

…

ထိုအမာခံ ပရိသတ်များ၏ စိတ်ထဲ၌ ပြတ်သားသော ပန်းတိုင်တစ်ခု ရှိသည်။ သူတို့သည် အမှန်နှင့် အမှားကို အရေးမစိုက်ချေ။ သူတို့က ပြဿနာကြီးတစ်ခုအဖြစ် လုပ်နိုင်သရွေ့ ရဲ့လင်းချန်အတွက် အခြေအနေ ကောင်းမည် မဟုတ်ပါ။

အင်တာနက်တစ်ခုလုံးက သူ့ကို အပြစ်ပေးရန် တောင်းဆိုလာသည်နှင့် သူသည် သူတို့အား သင့်လျော်သော တောင်းဆိုမှုတစ်ခု မဖြစ်မနေ ပေးလာရပေမည်။ ရဲ့လင်းချန်၏ လုပ်ရပ်များက မှန်နေလျင်တောင်မှ၊ သူ့လုပ်ရပ်က မပြင်းထန်လျင်တောင်မှ သူ ပြစ်တင်ခံရဦးမှာပင်။

သူတို့၌ အစီအစဉ် တစ်ခုရှိပြီး ယင်းက ရဲ့လင်းချန်ကို တိုက်ခိုက်ရန် ဖြစ်သည်။ သူတို့ယောက်ျားအတွက် သူတို့ တရားမျှတမှု ယူကို ယူဆောင်ပေးရမည်။

သူတို့သည် အပြည့်အဝ ပြင်ဆင်လာခဲ့ပြီး ရဲ့လင်းချန် ပေးဆပ်ရသည်ကို မြင်ရရန် စောင့်နေကြလေသည်။

…

All Chapters