← Chapters

ဘွဲ့ရချိန်- ဝမ်းနည်းစရာကောင်းသော အချိန်အခါ

Vol. 38 Ch. 569

ဘွဲ့ရချိန်- ဝမ်းနည်းစရာကောင်းသော အချိန်အခါ

Vol. 38 Ch. 569

အချိန်ကား နောက်ကျ၍နေပြီ ဖြစ်ပြီး လူတိုင်းသည် သင်္ဘောကုန်းပတ်ပေါ်၌ ရပ်၍ အေးမြသော ပင်လယ်လေကို ခံစားရင်း လန်းဆန်းအေးမြသော ခံစားချက်ကို ခံစားလျက် ရှိသည်။

ထိုအခိုက်အတန့်၌ လူတိုင်း တိတ်ဆိတ် ငြိမ်သက်နေကြသည်။

“ကလင် ကလင် ကလင်”

ရုတ်တရက် ရဲ့လင်းချန်၏ဖုန်းက ထမြည်လာသည်။ မရင်းနှီးသော နံပါတ်တစ်ခု ဖြစ်သော်လည်း နံပါတ်က 00111 နဲ့စပြီး အလွန် ထူးခြားပေသည်။

ထိုသို့သော နံပါတ်များအား လူလိမ် သို့မဟုတ် သူဌေးကြီးများသာ ပိုင်ဆိုင်ကြသည်။

“ဟဲလို”

“ဟဲလို မစ္စတာ ရဲ့လင်းချန် ဟုတ်ပါသလား”

ချိုသာငြိမ့်ညောင်းသော အမျိုးသမီးအသံတစ်သံက မေးလာသည်။

“ပြောနေပါတယ်”

“ကျွန်မက မြို့တော် တီဗွီရုပ်သံကပါ၊ ရှင်က တရုတ်နိုင်ငံရဲ့ အားကစား ကိုယ်စားပြုတွေထဲက တစ်ယောက်ဆိုတော့ ကျွန်မတို့ ရှင့်ကို Gala နွေဦးပွဲတော်ရဲ့ ဧည့်သည်တော် တစ်ယောက်အဖြစ် ဖိတ်ကြားချင်လို့ပါ၊ ရှင် လိပ်စာလေး ပေးလို့ရနိုင်မလား၊ ကျွန်မတို့ ရှင့်ဆီ ဝင်ခွင့်လက်မှတ်လေး ပို့ပေးချင်ပါတယ်”

*Gala နွေဦးပွဲတော်ကို ဖိတ်တာတဲ့လား*

ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်လိုက်မိသည်။ သူသည် Gala နွေဦးပွဲတော်ကို တီဗွီမှ ကြည့်ခဲ့ဖူးပြီး ၎င်းက သိုင်းဝတ္ထုများထက် ပို၍ ခမ်းနားလေသည်။ သူ ဤမျှ အနီးကပ် တွေ့ရလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပါ။

သူသည် Gala နွေဦးပွဲတော်သို့ ဖျော်ဖြေတင်ဆက်သူအနေနှင့် မဟုတ်ဘဲ ပရိသတ် တစ်ယောက်အဖြစ်၊ ဧည့်သည်တော် အဖြစ် တက်ရောက်ရပေတော့မည်။

ပရိသတ်တစ်ယောက်အဖြစ် တက်ရောက်ရသည့်သူက လက်တစ်ဆုပ်စာမျှသာ ရှိသည်။ ထိုသူများသည် နိုင်ငံအတွက် အထူး အောင်မြင်မှုတစ်ခု ယူဆောင်လာပေးသူများ သို့မဟုတ် မြို့တော်တွင်းမှ ရာထူးကြီးသူများသာ ဖြစ်ကြသည်။

ကိုရီးယားနိုင်ငံကို အနိုင်ယူခဲ့သည့် ဘတ်စကက်ဘော ပါရမီရှင်တစ်ယောက် ဖိတ်ကြားခံရသည်က ဖြစ်သင့်သည်ဟု ဆိုရပေမည်။ နတ်ဆေးဆရာဝိုင်၏ နောက်ခံသာ လူသိသွားပါက ဖိတ်ကြားစာများ ပို၍ ရရန် လွယ်ကူ လောက်သည်။

“ဪ လိပ်စာက …”

ရဲ့လင်းချန် ငြင်းပယ်မနေဘဲ သူ့လိပ်စာကို ချက်ချင်း ပေးလိုက်သည်။ သူ သွားသင့်၊ မသွားသင့်ကိုတော့ ထိုအချိန်မှသာ ဆုံးဖြတ်ပေမည်။ Gala နွေဦးပွဲတော်သို့ တက်ရောက်ရခြင်းထက် အိမ်မှ သူ့မိဘများကို သူ အဖော်ပြု ပေးချင်မိသည်။

ဖုန်းချလိုက်ပြီးနောက် ဘေးလူများအားလုံးက သူ့အား ဝိုင်းကြည့်နေကြသည်ကို သတိထားမိပြီး ရဲ့လင်းချန် နှာခေါင်း ပွတ်လိုက်မိသည်။

“Gala နွေဦးပွဲတော်အတွက် ဧည့်သည်တော်အဖြစ် တက်ဖို့ ဖိတ်တာပါ”

“ဝိုး … မိုက်တယ်ဟေ့”

“Gala နွေဦးပွဲတော်ကို ဧည့်သည်အဖြစ် တက်ရတာက လူမှုအဖွဲ့အစည်းအသစ်တစ်ခုကို ဝင်ရောက်ရတာနဲ့ အတူတူပဲ”

လင်းအောင်က သူ့ပေါင်ကို ရိုက်လိုက်သည်။

“လခွမ်း … အဲ့လိုနဲ့ မင်း ဟန်ထုတ်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ရသွားပြီပေါ့”

…

မသိလိုက် မသိခင်မှာပင် နှစ်ကူးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ရဲ့လင်းချန်သည် အဝေးမှ ပင်လယ်ပြင်ကို ကြည့်ပြီး စိတ်ထဲ၌ လွန်ဆွဲနေသလို ခံစားလိုက်ရသည်။ ယခုနှစ်အတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပြီး သူ ယခုထိ မယုံနိုင် ဖြစ်နေရလေသည်။

အထူးသဖြင့် သူ့အနားမှ လှပသော နတ်မိမယ်လေးများပင်။ စနစ်ကြောင့်သာ မဟုတ်လျင် သူ တစ်သက်လုံး လုံးဝ တွေ့ဆုံနိုင်မည် မဟုတ်ပါ။

ည ရှစ်နာရီခွဲ၌ လူတိုင်း မြို့တော်သို့ ပြန်ရောက်လာကြသည်။

ရဲ့လင်းချန်က ကျန်းယွင်ရှီအား ပီကင်း တက္ကသိုလ်သို့ တန်းခေါ်သွားသည်။

ရဲ့လင်းချန်၏ အတန်းဖော်များနှင့် မိတ်ဆွေများကြား၌ ဘွဲ့ရခြင်းနှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပြည့်နေ၏။

တကယ်တမ်း၌ သူတို့သည် ပညာသင်နှစ်၏ နှစ်ဝက် စာသင်ကာလ နှစ်ခုကိုသာ ပြီးဆုံးခဲ့သဖြင့် ဘွဲ့ရပြီဟု ပြော၍ မရသေးပေ။ သို့သော် တက္ကသိုလ်နှင့် အထက်တန်းက မတူပေ။ အထူးသဖြင့် စီနီယာကျောင်းသားများအတွက်ပင်။ အချို့ဘွဲ့ရများသည် အဆောင်ဟောင်းသို့ ပြောင်းရမည် ဖြစ်ပြီး အချို့က အလုပ်သင် ဆင်းရမည် ဖြစ်ကာ အချို့ကာ ပြန်လာခဲသည်။ ယင်းက တကယ် ဘွဲ့ရသွားသည်နှင့် အတူတူပင်။ နှစ်တစ်နှစ်၏ ဒုတိယ နှစ်ဝက်၌ လူတိုင်း အတူတူ ပြန်ဆုံရန် ခက်ခဲလှသည်။

လူအများသည် သူတို့၏ မိခင် တက္ကသိုလ်မှ ထွက်ခွာရတော့မည်ကို တွေးမိပြီး ခံစားချက်မျိုးစုံ ဖြစ်နေကြသည်။ လေထုထဲ၌ ဝမ်းနည်းမှုတို့ ပျံ့လွင့်နေပြီး ပထမနှစ်မှ နောက်ဆုံးနှစ်အထိ အားလုံး ခံစားမိနေကြသည်။ လူတိုင်း ထပ်တူ ကြေကွဲဝမ်းနည်းနေကြလေသည်။

နေရာတိုင်း၌ အပြန်အလှန် ဆုမွန်ကောင်းတောင်းပေးနေကြသည်။

“စီနီယာ၊ စီနီယာအစ်မ၊ အကောင်းဆုံးတွေပဲ ဖြစ်ပါစေဗျာ …”

“စီနီယာ ခင်ဗျား သွားလို့ရပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ဂျူနီယာကိုတော့ လွှတ်ပေးပါဦး”

“စီနီယာအစ်မ၊ ကျွန်တော့်ကိုပါ ခေါ်သွားပါ၊ ကျွန်တော် မင်းနဲ့အတူ ခိုးရာလိုက်ချင်လို့ပါ”

ကျန်းယွင်ရှီ၏ အိပ်မက်က တက္ကသိုလ်တက်ရန် ဖြစ်သည်။ သို့သော် အခြေအနေက သူမ ဆန္ဒရှိသည်နှင့် ဆန့်ကျင်စွာ ဖြစ်ပျက်ခဲ့သည်။ သို့သော် သူမသည် တက္ကသိုလ်ကျောင်းသားဘဝကို နက်နက်နဲနဲ လိုလားသဖြင့် ဘွဲ့ယူမည့် အချိန်နှင့် ကြုံသောအခါ သူမက ရဲ့လင်းချန်နှင့်အတူ ပီကင်းတက္ကသိုလ်သို့ လိုက်လာခဲ့လေသည်။

သူတို့သည် တစ်ယောက်က အင်တာနက် အနုပညာရှင် ဖြစ်ပြီး ကျန်တစ်ယောက်က စူပါစတား ဖြစ်သည်။ သူတို့ နှစ်ယောက်လုံး အမှောင်ထဲမှာတောင်မှ mask နှင့် နေကာမျက်မှန်များ တပ်ထားကြသည်။

ညကိုးနာရီ။

ခါတိုင်းနှင့် မတူဘဲ အဆောင်တစ်ခုလုံး မီးများ လင်းထိန်နေကာ ကျယ်လောင်သော ဆူညံသံများကို ကြားနေ ရသည်။

လမ်းတစ်လျှောက်၌ စုံတွဲ တစ်တွဲ၊ နှစ်တွဲမျှက အချင်းချင်း ပွေ့ဖက်ခြင်း၊ အနာဂတ်၌ သူတို့၏ ခရီးကို ဘယ်လို ဖောက်မလဲ ဆိုသည်တို့အား ဆွေးနွေးနေသည်ကို မြင်နေရသည်။ အခြားသူများက ကျိတ်ငိုနေပြီး အချင်းချင်း စကား မပြောကြပေ။

အထူးသဖြင့်

ထို့အပြင် ယောက်ျားလေး တစ်ဖွဲ့သည် ကျောင်းကန်တင်းမှ သုံးယွမ်တန်သော တရုတ် ဝိုင်ဖြူပုလင်း တစ်ပုလင်းကို ကိုင်ထားကြသည်။ သူတို့သည် သောက်စားရင်း ဒယိမ်းဒယိုင်လျှောက်ကာ မကြာခဏ စကားပြောနေ ကြလေသည်။

“ငါတို့ ချမ်းသာသွားရင် အချင်းချင်း မမေ့ကြေးကွာ”

မိန်းကလေးများမှာမူ ကျောင်းကွင်းထဲ၌ ထိုင်နေကြသည်။ တိတ်ဆိတ်ခြင်းတို့ ကင်းမဲ့နေပြီး ပုံမှန်ထက် ပို၍ ဆူညံနေသည်။ မိန်းကလေး တစ်ယောက်က ကျယ်လောင်စွာ ပြောနေသည်ကို ရဲ့လင်းချန် ကြားလိုက်ရသည်။

“ငါ တက္ကသိုလ် တက်ခဲ့တာ လေးနှစ်ရှိပြီ၊ ဘာလို့ တစ်ယောက်မှ ငါ့ကို လာမကြိုက်ကြတာလဲ၊ အား … အား … အား…”

ခွဲခွာခြင်းက နီးကပ်လာပြီး သူတို့သည် ဘာမှမသိနိုင်သော အနာဂတ်သို့ လျှောက်လှမ်း ရပေတော့မည်။ တစ်ယောက်ပြီး တစ်ယောက် သူတို့၏ ခံစားချက်များကို လွှတ်ချလာပြီး ပျားပန်းခပ်မှုများကြား၌ ညည်းတွားသံ များပါ ပါဝင်လာသည်။

ဤအဖြစ်အပျက်ကို ကျောင်းက မအံ့ဩပေ။ သူတို့ကို တားဆီးမည့် အဆောင်မှူးများ သို့မဟုတ် လုံခြုံရေးများ မရှိသဖြင့် အားလုံးက သူတို့၏ ခံစားချက်များကို ဖော်ထုတ်နေကြသည်။

“တက္ကသိုလ်က ဘွဲ့ရတာနဲ့ အထက်တန်းကျောင်းကနေ ဘွဲ့ရတာက လုံးဝ ခံစားချက် မတူဘူးပဲ”

ကျန်းယွင်ရှီက ဤအဖြစ်ကိုကြည့်ပြီး မှတ်ချက်ပြုတ်သည်။

“ဟုတ်တယ်”

ရဲ့လင်းချန်က ဝမ်းနည်းစွာ သက်ပြင်းချ၍ ခံစားချက်နှင့် ပြောလိုက်သည်။

“အထက်တန်းကျောင်းက ငရဲလိုပဲ၊ ဘွဲ့ရပြီးတာနဲ့ စိတ်ကူးထားတဲ့ တက္ကသိုလ်ကို တက်ရတယ်၊ တက္ကသိုလ်ကနေ ဘွဲ့ရတာကကြတော့ ဘဝရဲ့ အကောင်းဆုံး အချိန်ကို စွန့်ခွာပြီးတော့ အရက်စက်ဆုံး လူ့အဖွဲ့အစည်းထဲ ဝင်ရတာလေ”

“တကယ်တော့ … အခု တွေးကြည့်တော့မှ အထက်တန်းကျောင်းသားဘဝကလဲ သိပ်ကောင်းတာပဲ”

ကျန်းယွင်ရှီက ပင့်သက်ရှိုက်၍ ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။

“ဟုတ်တယ်၊ ငါတို့ ငယ်ဘဝရဲ့ အလှဆုံး အရာတွေ ရှိခဲ့တဲ့အချိန်လေ”

နှစ်ယောက်သား ရှေ့ဆက်လျှောက်လာသော်လည်း ကျန်းယွင်ရှီသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေ လေသည်။

*ရှင်နဲ့ တွေ့ခွင့်ရလို့ ကျွန်မ ဝမ်းသာတယ်*

ကျောင်းသားအဆောင်နှင့် နီးလာသည်နှင့်အမျှ ဆူညံသံများက ပိုကျယ်လာပြီး အဆောက်အဦးတစ်ခုလုံး ကျွတ်ကျွတ်ညံ နေလေသည်။ အားလုံးက အဆောင်၏ ဝရန်တာ၌ ရှိနေကြသည်။

ယောက်ျားလေး အဆောင်၏ မျက်နှာချင်းဆိုင်မှ မိန်းကလေး အဆောင်သည်လည်း မီးများ ထိန်လင်းနေ၏။

“ဟိုဘက်က မိန်းကလေး၊ ဒီကိုကြည့်၊ ဒီကိုကြည့်၊ ဒီကိုကြည့်ပါဦး၊ ဒီက ပွဲက စိတ်လှုပ်ရှားစရာ ကောင်းမှာနော် …”

ယောက်ျားလေးအဆောင်မှ ယောက်ျားလေးများ သီချင်းများ အော်ဆို၍ အားလုံးက ခံစားချက်များ ဖွင့်ထုတ်နေ ကြသည်။

ထို့နောက် မိန်းကလေးအဆောင်များကလည်း သီချင်းဆိုလာကြသည်။ သူတို့ သီချင်း ဆိုပြီးရင်း ဆိုနေသဖြင့် ဖားများ အော်နေသည်နှင့် တူလာသည်။ ယောက်ျားလေးအဆောင်က အော်လိုက်၊ တစ်ဖက်က မိန်းကလေးများက ပြန်တုံ့ပြန်လိုက်နှင့် ပျော်ရွှင်နေကြသည်။

တစ်ခဏကြာသော် အချို့လူများ၏ အသံက ပြာအက်လာသည်။

အောက်ထပ်ရှိ ကျောင်းသားများထဲက တစ်ယောက်သည် စပီကာကြီးများ ဆင်လေသည်။ သူသည် ပုံမှန်အားဖြင့် ဆိတ်ဆိတ်နေတတ်သူ ဖြစ်သော်လည်း ယခုအခါ၌ သီချင်း မဆိုဘဲ မနေနိုင် ဖြစ်နေ၏။

တစ်ချို့က ပြေးဆင်းလာပြီး စပီကာများဖြင့် ချစ်ရေးဆိုကြပြီး တစ်ချို့က မိန်းကလေး အဆောင်အား အချစ် သီချင်းများ ဆိုပြကြလေသည်။

လူပျိုချစ်တေး။

ငှက်သိုက်။

နှစ်တစ်သောင်းကြာသော်။

မင်းနဲ့အတူ ရှိချင်တယ်။

သူတို့ အမြင့်သံအား မဆိုနိုင်လျင် အသံများ ပြာသည်အထိ အော်ဆိုကြလေသည်။

“ကိုယ့်လူ ငါ့ကို ဂီတာ ငှားလို့ရလား”

Mask တပ်ထားသည့် လူငယ်တစ်ယောက်က မေးလာသည်။

ကျောင်းသားက ဆေးလိပ်ကို မီးညှိ၍ ဘာမှမတွေးဘဲ ရဲ့လင်းချန်အား ဂီတာ ပေးလိုက်သည်။

ထိုအခါ ရဲ့လင်းချန်က ဂီတာကိုကိုင်ပြီး စပီကာဘေး၌ ထိုင်လိုက်လေသည်။

စပီကာမှ သီချင်းသံ ပိတ်သွားပြီး ဂီတာကြိုးသံကိုသာ ကြားလာရသည်။

ဂီတာသံသာလျင် ဖြစ်သော်လည်း လူတိုင်း၏ နားစည်ထဲသို့ ခံစားချက်အပြည့်နှင့် ရိုက်ခတ်လာသည်။

ညတာအောက်၌ အေးချမ်းသော ဂီတာသံက မရေတွက်နိုင်သော စိတ်သဘောထားများနှင့် ခံစားချက်များစွာကို ယူဆောင် လာပေးလေသည်။

All Chapters