← Chapters

ပျံ့လွင့်လာသော ရနံ့

Vol. 28 Ch. 420

ပျံ့လွင့်လာသော ရနံ့

Vol. 28 Ch. 420

[နတ်ဘုရားမလေး ရှောင်ရဲ့နဲ့ နတ်ဘုရားမလေး ယွဲ့အာတို့က တကယ် ချစ်ဖို့ကောင်းတာပဲ၊ သူတို့ စိတ်ဆိုးနေတဲ့ အချိန်မှာတောင်မှ သိပ်ကို ဆွဲဆောင်မှု ရှိတာပဲ]

[ဟားဟားဟား ရဲ့နတ်ဘုရားလည်း မတတ်နိုင်တော့ဘူး၊ သူတို့က သူ့ကို တကယ် ကောင်းကောင်းကြီး နောက်ပြောင်ခဲ့တာပဲ]

[ငါ မီးဖိုအတွက် စိတ်မကောင်း ဖြစ်မိတယ်၊ အရင်က အဲ့လောက်ထိ ပြွတ်သိပ်ပြီး ထည့်ခံရဖူးမှာ မဟုတ်ဘူး]

[ဒါ သဝန်တိုတာလား၊ ဝိုး … နတ်ဘုရားမလေး နှစ်ယောက်က ရဲ့လင်းချန်အတွက် ရန်ဖြစ်နေတာပဲ၊ ငါ ဒရာမာအနံ့တွေ ရနေတယ်နော်]

[ငါတို့ အဖွဲ့ဖွဲ့ကြမယ်၊ ငါ ရှောင်ရင်ကို အဆုံးထိ အားပေးတယ်ကွာ]

[ဟူယွဲ့အာက ရဲ့နတ်ဘုရားအတွက် ပိုကောင်းတဲ့ အတွဲလို့ ငါ ထင်တယ်]

[ငါ နှစ်ခုလုံးကို သဘောမတူဘူး၊ ရဲ့နတ်ဘုရားက ငါတို့အပိုင်ပဲ]

…

ယခင်ကသာဆိုလျင် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့နှင့် ရဲ့လင်းချန် ရှိနေသည့် ကောလာဟလ တစ်ခုခုသာ ရှိခဲ့ပါက ပရိသတ်များ ပေါက်ကွဲသွားလောက်သည်။ အင်တာနက်ပေါ်၌ ဆဲဆိုပြောဆိုခြင်းပင် အသေးစား နှောင့်ယှက်မှုဟုပင် သတ်မှတ်နိုင်ပြီး အဆိုးဆုံးအနေဖြင့် ရဲ့လင်းချန်ကို သူတို့ လိုက်ရှာလောက်သည်။

သို့သော် ပြီးခဲ့သော ရက်များတွင် ရဲ့လင်းချန်က သူ့အရည်အချင်းများနှင့် သူ့ကိုယ်သူ သက်သေ ပြခဲ့သည်။ မိန်းကလေးများသာမက ယောက်ျားလေးများပင် သူ့ပရိသတ်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာသည်။ ထိုအထဲတွင် သူ့ကို မုန်းတီးသူအချို့ပင် ပါသေးသည်။

သူ၏ စွမ်းဆောင်မှုက ပြောစရာ မရှိပေ။ သူ၏ ကြည့်ကောင်းသော ရုပ်ရည်အပြင် သူသည် ဩဇာညောင်းပြီး အရည်အချင်း ရှိသည်။ အမျိုးသမီးများသည် သူ့ကို အရူးအမူး ဖြစ်လောက်ပြီး အမျိုးသားများက သိမ်ငယ်သလို ခံစားရပေမည်။

ရဲ့လင်းချန်သည် အိုးထဲသို့ ငါးထည့်၍ ကြိုပြင်ထားသည့် ပါဝင်ပစ္စည်းများကိုပါ ထည့်လိုက်သည်။ အိုးကို မွှေပြီးနောက် အဖုံးအုပ်၍ အပူချိန်နည်းနည်းဖြင့် နှပ်ထားလိုက်သည်။

ငါးသည် အကျက်မြန်၏။ ဆယ်မိနစ်နီးပါးအတွင်းမှာပင် အငွေ့များ ထွက်လာပြီး ရေဆူသံ ထွက်ပေါ်လာသည်။

ချက်နေစဉ်အတွင်း အဖြူရောင် အငွေ့များ ထွက်ပေါ်နေပြီး လေထဲ၌ မွှေးပျံ့သော ငါးဟင်းနံ့က လှိုင်လှိုင်ထ နေသည်။ ရနံ့က ချက်ချင်း ထောင်းခနဲ ရလာခြင်း မဟုတ်ပေ။ ၎င်းက သူတို့နှာခေါင်းကို ယားယံစေရုံ မျှလောက်သာ ဖြစ်ပြီး မယုံနိုင်လောက်အောင် မွှေးပျံ့လေသည်။

သို့သော် ငါးအသားကို ဆက်ချက်သည်နှင့် အနံ့က ပိုပြင်းလာလေဖြစ်ပြီး မှိုအိမ်လေး တစ်ခုလုံးကို လွှမ်းခြုံ လာသည်။ လူတိုင်း နှာခေါင်းယားယံသလို ခံစားလိုက်ရသည်။

ကျောက်လျန့်ရင် မနေနိုင်ဘဲ သူမနှုတ်ခမ်းကို ခဏခဏ သပ်နေမိပြီး မကြာခဏ တံတွေးများ စိမ့်ထွက်လျက် ရှိသည်။ ထိုမွှေးရနံ့က စိုးမိုးနိုင်လွန်းလှသည်။

ဟူယွဲ့အာသည်လည်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ ထိုမွှေးရနံ့က သူမ၏ အစာစားချင်စိတ်ကို နှိုးဆွပေး နေသည်။

ဟွမ်လေ့၏ မျက်နှာက တစ်ခဏမျှ တောင့်ခနဲ ဖြစ်သွားပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်လာသည်။ ရဲ့လင်းချန်၏ ဟင်းချက်ပညာက ထိုအဆင့် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

ဟယ်ကျားနှင့် ဝေ့တရွှင်းတို့ နှစ်ယောက်လုံး မှင်တက်နေပြီး အတော်လေး ထိတ်လန့်နေကြသည်။

အချိန်ကျပေတော့မည်။

ရဲ့လင်းချန်က အိုးအဖုံးကို မလိုက်သောအခါ ရေနွေးငွေ့က အရှိန်ဖြင့် ကန်ထွက်လာသည်။ ထို့နောက် ပြင်းရှသော မွှေးရနံ့က ချက်ချင်းဆိုသလို ထွက်ပေါ်လာ၏။

“ဝိုး ဝိုး ဝိုး”

ကျောက်လျန့်ရင်၏ အသံက တုန်နေသည်။ သူမ ချက်ချင်း ထရပ်ကာ ဟူယွဲ့အာနှင့် တကျက်ကျက် ရန်စောင်နေသည်ကို သတိမရတော့ဘဲ မီးဖိုချောင်ထဲသို့ ပြေးသွားလေသည်။

“အနံ့လေးက မွှေးလိုက်တာ၊ ဘယ်လိုလုပ် အဲ့လောက် မွှေးရတာလဲ”

ဟွမ်လေ့က နှာခေါင်းတရှုံ့ရှုံ့ ဖြစ်နေပြီး အံ့ဩမှုကြောင့် မလှုပ်နိုင် ဖြစ်နေသလိုပင်။

သူသည် အတွေ့အကြုံရှိသော စားဖိုမှူးတစ်ဦး ဖြစ်သည်။ သို့သော် သူ ဘာပဲချက်ပါစေ ထိုသို့ သွားရည်ကျ လောက်သည့် ဟင်းလျာမျိုး မဖန်တီးနိုင်ပါ။ ထို့အပြင် သူ့စိတ်အထင်သက်သက် ဟုတ်၊ မဟုတ် မသေချာသော်လည်း ထိုရနံ့တစ်ခုတည်းကတင် သူ့စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်စွမ်း ရှိသည်ဟု ခံစားရသည်။

“ရဲ့နတ်ဘုရား၊ မင်း ဒီထဲမှာ ဘာထည့်ထားတာလဲ၊ အနံ့က တော်တော် ထူးဆန်းတယ်”

ဟယ်ကျားက မေးသည်။ သူ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအဆင့်နှင့်တောင်မှ ထိန်းမရအောင် သွားရည် ကျနေသည်။

“ကျွန်တော် ဆေးပင်နည်းနည်း ထည့်ထားတာ၊ သဘာဝက အံ့ဩစရာပဲ၊ တော်တော်များများက တစ်ခုနဲ့တစ်ခု သဟဇာတ ဖြစ်နေပြီးတော့ ကျွန်တော်တို့ဆီကို အံ့ဩစရာတွေ ယူဆောင်လာပေးတယ်”

ရဲ့လင်းချန် ပြုံး၍ ပြန်ပြောလိုက်သည်။ သူသည် ပါဝင်ပစ္စည်း အကန့်အသတ်နှင့် အရသာ အကောင်းဆုံး ဟင်းလျာများကို ဖန်တီးနိုင်ပါသည်။

“ရဲ့နတ်ဘုရား မင်းက သိပ်တော်တာပဲ၊ ဟွမ်လေ့ ချက်တာထက်တောင် ပိုမွှေးသေးတယ်”

ဝေ့တရွှင်းက တအံ့တဩ ပြောသည်။ ထိုသို့ပြောနေချိန်တွင် သူသည် သွားရည်များ ယိုစီးကျလာမည်ကို စိုး၍ ပါးစပ်ကို လက်ဖြင့် အုပ်ထားလေသည်။

ထိုစကားများကြောင့် ဟွမ်လေ့သည် ပြုံးရုံမျှသာ ပြုံးနေပြီး စိတ်ထဲမထားချေ။ သူသည် ချက်ပြုတ်ရသည်ကို နှစ်သက်ပြီး ဝေ့တရွှင်းက အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။

“လင်းချန်၊ ကျွန်မ ရှင့်ကို ပန်းကန် ကူသယ်ပေးမယ်”

ဟူယွဲ့အာက သူ့အနားသို့ ကပ်သွားပြီး ရဲ့လင်းချန်၏ လက်ထဲမှ ငါးပန်းကန်ကို လှမ်းယူ၍ စားပွဲပေါ် တင်လိုက်သည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် သူတို့အချင်းချင်း ပြိုင်နေသည်ကို မေ့သွားပုံရသည်။ သူတို့သည် စားပွဲပေါ် ခေါင်းစောင်းတင်၍ ငါးပန်းကန်အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။

“တစ်လုပ်လောက်၊ တစ်လုပ်လောက် အတူတူ စားကြည့်ကြမလား”

ကျောက်လျန့်ရင်က တံတွေးမျိုချလျက် မေးလိုက်သည်။

“ငါ သဘောတူတယ်”

ဟူယွဲ့အာက နှုတ်ခမ်းသပ်နေ၏။ သူမတို့ နှစ်ယောက်သည် ထူးဆန်းစွာပင် ပြိုင်တူ ဆုံးဖြတ်ချက် ချလိုက်ပြီး တူများကို ကောက်ကိုင်လိုက်ကြသည်။

“အိုး … အရသာက သိပ်ကောင်းတာပဲ”

ဟူယွဲ့အာ ညည်းလိုက်မိသည်။ သူမပါးစပ်ထဲသို့ ငါးအသား ရောက်လာသည်နှင့် သူမ မျက်လုံးပြူးသွားရသည်။ သူမမျက်နှာလေးက အံ့ဩစိတ်တို့နှင့် ဝင်းပလျက် ရှိသည်။

အံ့ဩစရာ ကောင်းလွန်းလှပေသည်။ ယင်းက သူမ စားဖူးသမျှထဲတွင် အရသာ အရှိဆုံး အရာပင်။

ကျောက်လျန့်ရင်သည် တံတွေးမျိုချလိုက်ပြီးနောက် အချိန်ထပ်မဆွဲတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမက ငါးပါးစပ်မှ အသားတစ်စကို ယူလိုက်သည်။ ၎င်းသည် ငါးတစ်ကောင်လုံး၌ အနူးညံ့ဆုံးအပိုင်း ဖြစ်လေသည်။

သူမပါးစပ်ထဲသို့ ငါးအသား ဝင်လာသည်နှင့် ကျောက်လျန့်ရင် မှင်တက်ကာ မျက်လုံးအား မှိတ်လိုက်မိသည်။ သူမမျက်နှာတွင် ပျော်ရွှင်မှုတို့ ပေါ်လွင်နေပြီး ငါးထံမှ မွှေးရနံ့က သူမပါးစပ်ထဲ စွဲနေပြီး သူမကိုယ်သူမ တိမ်ပေါ် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ရဲ့လင်းချန်၏ ဟင်းလျာက အံ့ဩစရာကောင်းမှန်း သူမ သိထားသော်လည်း ထပ်မံ၍ မြည်းစမ်းကြည့်သောအခါ သူမ မှင်တက်ရပြန်သည်။

ထို့အပြင် ငါးက သူမတို့ လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ရောက်ရှိသွားပြီးနောက် နှစ်ယောက်လုံး ကျေနပ်သွားသလို ခံစားလိုက်ရသည်။

သူမတို့ စိတ်ထဲမှ မပျော်ရွှင်မှုနှင့် အချင်းချင်းအပေါ် ရှိနေသော ရန်လိုစိတ်တို့ လွင့်ပြယ်သွားသည်။ ဤသို့ အံ့ဩစရာ ကောင်းသော ဟင်းလျာကို စားနိုင်သည်ကပင် ကံကောင်းနေပြီ ဖြစ်သည်။ ဘာကိုများ မပျော်မရွှင် ဖြစ်စရာ ရှိသနည်း။

“ဘယ်လိုလဲ၊ စားလို့ကောင်းလား”

သူတို့ အမူအရာကို အနီးကပ် စောင့်ကြည့်နေသော ဝေ့တရွှင်းသည် ထပ်၍ သည်းမခံနိုင်တော့ချေ။ သူ ချက်ချင်း တူကို ကောက်ကိုင်၍ လှမ်းလိုက်သည်။

“သွားစမ်းပါ”

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့က ပြိုင်တူ ပြောပြီးနောက် ငါးပန်းကန်အား သူတို့ ကလေးသဖွယ် ကာကွယ် လေတော့သည်။

ယင်းက ဝေ့တရွှင်းကို အံ့ဩသွားစေသည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် အချင်းချင်း ပြန်ကြည့်၍ နှုတ်ခမ်းသပ်လိုက်ကြသည်။

“ငါတို့ … နောက်တစ်လုပ်လောက် စားကြည့်ရင်ရော၊ တစ်ခါလောက်လေးပဲလေ”

ဝေ့တရွှင်း အံ့ဩပြီး ဆွံ့အသွားလေသည်။

[ဟားဟားဟား ရှောင်ရင်နဲ့ ယွဲ့အာက တော်တော် ချစ်ဖို့ကောင်းတာပဲ]

[ဝေ့တရွှင်း ငါ မတရားသလို ခံစားရတယ်၊ ဒါပေမဲ့ ငါ ဘာမှမပြောဘူးလေ]

[အဲ့လောက် ကောင်းတာလား၊ ဟင့်ဟင့်ဟင့် … ငါလည်း စားချင်တယ်လေ၊ ငါးဟင်းက ကြည့်လို့ ကောင်းလိုက်တာ၊ ကြယ်ငါးပွင့် စားသောက်ဆိုင်က စားဖိုမှူးတွေ ချက်တာထက်တောင် ပိုကြည့်ကောင်းသေးတယ်]

[ရဲ့နတ်ဘုရားက တကယ် အကုန်တတ်တာပဲ၊ သူက အံ့ဩဖို့ ကောင်းလွန်းတယ်]

[လခွမ်း၊ ငါ ဘာမှ မစားရသေးဘူးလေ၊ မင်းတို့ အဆိပ်ကို ဒီလိုဖြန့်တာ မကောင်းပါဘူး]

[မြတ်စွာဘုရား၊ ရှောင်ရင်နဲ့ ယွဲ့အာတို့ ရန်လိုနေတာကို အစားအသောက်အတွက် ဘေးချိတ်ထားလိုက်တာကို သတိထားလိုက်မိလား၊ ရဲ့နတ်ဘုရားရဲ့ အချက်အပြုတ် စွမ်းရည်က တကယ်ပဲ သူတို့အချင်းချင်းကို ငြိမ်းချမ်း စေတာလား]

[ဂလု ... ပိုပြီး အသေးစိတ်ကျကျ စဉ်းစားရင် ကြောက်ဖို့တောင် ကောင်းလာတယ်]

...

ထိုအခိုက်တွင် ရဲ့လင်းချန်က အခြား ဟင်းလျာနှစ်ခုကို အာရုံစိုက်နေသည်။ တစ်ခုမှာ ငါးစွပ်ပြုတ် ဖြစ်ပြီး၊ ကျန်တစ်ခုမှာ ငါးပေါင်း ဖြစ်လေသည်။

နှစ်ခုလုံးကို ပြိုင်တူ ချက်နေခြင်း ဖြစ်သည်။ ထို့အပြင် ပြင်ဆင်ထားသည်များ ပြီးသွားသည်နှင့် သူ အိုးထဲမှ ငါးကျက်သွားသည်ကိုသာ စောင့်ရန် လိုပေသည်။ ငါးဟင်းထက် ပို၍ အချိန်လိုသော်လည်း သိပ်အချိန်မကြာပါ။

ထင်ထားသည့်အတိုင်းပင် သိပ်မကြာလိုက်သည့် အချိန်အတွင်း၌ မတူညီသော မွှေးရနံ့တစ်ခုက မှိုတဲအိမ်လေး အတွင်း၌ ပျံ့နှံ့လာ၏။

ရနံ့က ငါးဟင်းလောက် မပြင်းသောလည်း ကြာကြာခံနေသည်။ ထို့အပြင် ၎င်းက ငါးပေါင်းထံမှ ထွက်လာခြင်း ဖြစ်သည်။ ၎င်းသည် ငါး၏ မူလအရသာနှင့် နီးစပ်သော အနံ့တစ်မျိုး ဖြစ်သည်။

“ငါးစွပ်ပြုတ်နဲ့ ငါးပေါင်းလည်း အသင့်ဖြစ်နေပြီ”

ရဲ့လင်းချန် လှမ်းပြော၍ အိုးအဖုံးကို ဖွင့်လိုက်သည်။

ငါးစွပ်ပြုတ်က နို့နှစ်ရောင်သဖွယ် ဖြူဝင်းနေသည်။ ပွက်ပွက်ဆူနေသော အိုးအတွင်း၌ ငါးခေါင်းက နူးညံ့သော တို့ဟူး နှင့်အတူ ပေါလောပေါ်နေသည်။ စွပ်ပြုတ်၏ အပေါ်တွင် လှီးဖြတ်ထားသော ကြက်သွန်မြိတ်နှင့် ဆေးပင်များ ရှိနေပြီး မသိလျင် ညကောင်းကင်ယံ၌ ကြယ်များ လက်နေပုံနှင့် တူနေသယောင်ပင်။ ပုံရိပ်က သူတို့၏ အစာစားချင်စိတ်ကို ဆွဲဆောင်နေ၏။

....

All Chapters