← Chapters

ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှု

Vol. 30 Ch. 441

ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှု

Vol. 30 Ch. 441

“မင်း ဘယ်သူလဲ ငါ မသိသလို၊ သိအောင် လုပ်ဖို့လည်း ငါ စိတ်မဝင်စားဘူး”

ရဲ့လင်းချန်က ခေါင်းခါပြီး သခင်လေးဝေ့က လုံးဝ ညှာတာခြင်း မရှိပေ။

“ပြန်သွားလိုက်ပါ၊ မင်းကို ဒီလေလံပွဲမှာ ဝင်ပါခွင့်ပြုဖို့ ငါ စိတ်ကူးမရှိဘူး”

“မင်း ဘာပြောချင်တာလဲ”

သခင်လေးဝေ့၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားသည်။

“ဒီဧရာမ စပါးအုံးမြွေကြီးက ဆေးဝါး ဖော်စပ်ထုတ်လုပ်ဖြန့်ချိတဲ့ လုပ်ငန်းအတွက် ပိုသင့်တော်တယ်၊ မင်းတို့ ကုမ္ပဏီက ဒါကို မျိုးရိုးဗီဇ သုတေသနအတွက် သုံးတာကို ငါ သဘောမတူဘူး”

ရဲ့လင်းချန်က တဲ့တိုး ပြောချလိုက်သည်။

ရဲ့လင်းချန်၏ ဇီဝဗေဒ ကျွမ်းကျင်မှုက အပြည့် မဖြစ်သေးသော်လည်း သူ့တွင် စွမ်းရည် ခြောက်ဆယ် ရာခိုင်နှုန်းကျော် ရှိပြီး မျိုးရိုးဗီဇကို ကောင်းကောင်း နားလည်သည်။ သူ၏ နားလည်မှုကြောင့်ပင် ဤသို့သော နည်းပညာက ဘယ်လောက် ဆိုးရွားလဲဆိုသည်ကို သူ သတိပြုမိခြင်း ဖြစ်သည်။

အကောင်းဘက်မှ ကြည့်လျင် မျိုးရိုးဗီဇသည် ကမ္ဘာပေါ်ရှိ ကုမရသော ရောဂါများကို ကုသနိုင်စွမ်း ရှိသော်လည်း ယင်းမှာ အကောင်းဘက်မှ အမြင်သာလျင် ဖြစ်သည်။ တကယ်တမ်းတွင် မျိုးရိုးဗီဇ နည်းပညာ၏ ဆိုးကျိုးများက အလွန် သိသာပေသည်။

လူသားများတွင် မဆုံးနိုင်သော ရည်ရွယ်ချက်များ ရှိသည်။ မျိုးရိုးဗီဇ နည်းပညာက ပြီးပြည့်စုံသွားလျင် လူ့စိတ်ဆန္ဒက ပိုပို၍ ကျယ်ပြန့်လာပြီး ပျက်စီးသွားသော ခြေလက်များကို ပြန်ထွက်လာစေခြင်း၊ ကျားသစ်တစ်ကောင်၏ လျင်မြန်မှု ရရှိခြင်း သို့မဟုတ် ဆင်တစ်ကောင်၏ ခွန်အားကို ရရှိခြင်း၊ နောက်ဆုံးတွင် လိပ်တစ်ကောင်ကဲ့သို့ သက်တမ်း ရရှိခြင်း စသည့် အရာများကို လုပ်လာနိုင်သည်။

၎င်းသည် ဖြစ်နိုင်ချေလေး တစ်ခု မဟုတ်ဘဲ နောက်တွင် ဖြစ်လာနိုင်သည့် ရေပန်းစားမှုတစ်ခုပင်။

ထိုလမ်းသာ ဖြစ်လာပါက လူသားတို့သည် ပျက်စီးခြင်းနှင့် မဝေးတော့ချေ။

ရဲ့လင်းချန်၏ မူလရည်ရွယ်ချက်မှာ စပါးအုံးမြွေကို ဆေးဝါး ဖော်စပ်ထုတ်လုပ် ဖြန့်ချိသော ကုမ္ပဏီတစ်ခုကို ရောင်းပြီး ဆေးဝါးသစ် ဖော်စပ်ရန် ဖြစ်သည်။ စပါးအုံးမြွေအား မျိုးရိုးဗီဇ ကုမ္ပဏီတစ်ခုက ရသွားသည်ကို သူ လုံးဝ မလိုချင်ပါ။

သခင်လေးဝေ့၏ နှုတ်ခမ်းက အနည်းငယ် တင်းသွားသည်။ သူ့မျက်လုံးတွင် လူသတ်ချင်စိတ် ပေါ်လာသော်လည်း လျင်မြန်စွာ ချိုးနှိမ်လိုက်သည်။ သူက ပတ်ဝန်းကျင်မှ ကင်မရာများကို တစ်ချက်ကြည့်၍ အေးစက်စွာ ပြုံးလိုက်သည်။

“အံ့ဩစရာပဲ၊ မင်းက အမာတဲရာဆု မျိုးရိုးဗီဇကို ဒီလို ဆက်ဆံရဲတဲ့ ပထမဆုံးလူပဲ၊ မင်း သတ္တိရှိသားပဲ”

သူက ထိုသို့ပြောပြီးနောက် ဆက်မပြောတော့ဘဲ ဘေးထွက်နေသည်။

[မိုက်တယ်၊ တကယ် မိုက်တယ်ဟေ့၊ ရဲ့နတ်ဘုရားက အမာတဲရာဆု မျိုးရိုးဗီဇကို စိန်ခေါ်ရဲတဲ့အထိ ကြမ်းတာပဲ၊ ရဲ့နတ်ဘုရားက တကယ့် ယောက်ျားတစ်ယောက်ပဲ]

[ဒါ ကြမ်းတမ်းဆိုတာ မင်း သေချာလား၊ အမာတဲရာဆု မျိုးရိုးဗီဇကို ဆန့်ကျင်ရင် ဆိုးရွားတဲ့ အဆုံးသတ်ပဲ ဖြစ်လာမှာနော်]

[ယီးပဲ၊ သခင်လေးဝေ့ကို မြင်လိုက်ရတော့ ငါလည်း စိတ်တိုတယ်၊ ဟန်ထုတ်ပြီး မာန်တက်နေလိုက်တာ၊ သူက လောကမှာ နံပါတ်တစ်ဆိုတဲ့ပုံမျိုး လုပ်နေတာ]

[ငါလည်း သည်းမခံနိုင်ဘူး၊ ရဲ့နတ်ဘုရားကို အလေးအနက် မထားတာ ဘယ်လောက် ရိုင်းလိုက်လဲ၊ သောက်ကျိုးနည်းကွာ]

[ရဲ့နတ်ဘုရားက ငါတို့လူတွေကို တကယ် စဉ်းစားပေးတာပဲ၊ ဘာပဲဖြစ်ဖြစ် ဒီမျိုးရိုးဗီဇ ကုမ္ပဏီဆိုတဲ့ ဟာကို ငါ အထင်မကြီးဘူး၊ တကယ်တော့ ငါ ကြောက်တယ်]

[ငါ မင်းတို့ကို အကြံ နည်းနည်းလောက် ပေးမယ်၊ ငါ ဒါကို တစ်ခါပဲ ပြောမယ်၊ ထူးခြားတဲ့ မျိုးရိုးဗီဇတွေ ရနိုင်ဖို့ အမာတဲရာဆုက အမေဇုံတောထဲကို ရာချီတဲ့ သန်မာတဲ့ စစ်သည်တော်တွေ ပို့ခဲ့တာ၊ ပြီးတော့ သူတို့အဖွဲ့ကို အဆင့်အမြင့်ဆုံး လက်နက်တွေ အပြည့် ဆင်ပေးခဲ့တာနော်]

[လက်ရှိမှာ အမာတဲရာဆုက သူတို့ ကြွက်ကို လက်တွေ အများကြီး ပြန်ပေါက်လာအောင် လုပ်နိုင်တယ်လို့ ကြေညာထားတယ်၊ ငါတို့ နောက်လက်တစ်ဖက် ဆက်လိုက်တာကို ပြောတာ မဟုတ်ဘူး၊ တောက်တဲ့ အမြီးလို ပြန်ပေါက်တာကို ပြောတာ]

[ဒီလိုကုမ္ပဏီမျိုးမှာ လူတစ်ယောက်ကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်၊ သူတို့ ဘာလို့ အရမ်း ရူးသွပ်နေတယ်လို့ မင်း ထင်လဲ၊ မင်း သေမှာကို မကြောက်ရင် ဆက်ပြီး ကျိန်ဆဲနေလိုက်]

…

ရဲ့လင်းချန်က အမာတဲရာဆု မျိုးရိုးဗီဇ ကုမ္ပဏီကို ထိုသို့သော အပြုအမူနှင့် ပြောဆိုနေသည်ကိုမြင်ပြီး ရိုက်ကူးရေး အဖွဲ့မှ လူများအားလုံး အနည်းငယ် ရင်တုန်သွားကြသည်။ ဒါရိုက်တာက ရဲ့လင်းချန်ကို ဗျာများနေသော အကြည့်ဖြင့် ကြည့်နေသော်လည်း ရဲ့လင်းချန်က မသိချင်ယောင်ဆောင်ထားသည်။

မြင့်မားသော အဆင့်အတန်းရှိသည့် လူတစ်ယောက်သည် သာမန်လူတစ်ယောက်ထက် ပို၍ အသေးစိတ် သတိထားမိနိုင်သည်။ ထိုသို့သော လူတစ်ယောက်အတွက် ဤသို့ ထူးခြားသော ကုမ္ပဏီကြီး၏ ကြောက်စရာ ကောင်းပုံကိုလည်း သတိထားမိစေသည်။

အမာတဲရာဆုသည် နိုင်ငံတကာ ကုမ္ပဏီတစ်ခု ဖြစ်သည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်း၌ အလွန်အမင်း ဩဇာညောင်းသည်။

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့၏ မျက်နှာများသည် အနည်းငယ် ဖြူရော်နေသည်။ သို့သော် သူမတို့က အံကြိတ်၍ ရဲ့လင်းချန်အနားသို့ လျှောက်လာသည်။ နှစ်ယောက်လုံးက ရဲ့လင်းချန်၏ လက်ကို ကိုင်၍ သူမတို့၏ ထောက်ခံမှုကို တိတ်တဆိတ် ဖော်ပြလေသည်။

ဧရာမ စပါးအုံးမြွေကြီးကို စိတ်ဝင်စားနေကြသည့် ကုမ္ပဏီများသည် တဖြည်းဖြည်းနှင့် တစ်ခုပြီး တစ်ခု ပေါ်လာကြသည်။ အရေအတွက်က နှစ်ဆယ်နားသို့ ရောက်လာ၏။ ရဲ့လင်းချန် မျှော်လင့်ထားသလိုပင် ထိုကုမ္ပဏီများထဲမှ တော်တော်များများသည် ဆေးဝါး ဖော်စပ်၊ ထုတ်လုပ်၊ ဖြန့်ချိသည့် ကုမ္ပဏီများ ဖြစ်ကြပြီး အဆိုးဆုံး ကုမ္ပဏီမှာ ကျန်းမာရေး စောင့်ရှောက်မှု ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်ကြလေသည်။

သို့သော် သူတို့သည် သခင်လေးဝေ့ကို မြင်သောအခါ မျက်နှာအမူအရာ မသိမသာ ပြောင်းလဲသွားပြီး ကြောက်ရွံ့ဟန် ပေါ်လာသည်။

ထိုကုမ္ပဏီများအားလုံးသည် ရိုးရှင်းသော စမ်းသပ်ကိရိယာကိုသာ ယူဆောင်လာကြပြီး ရဲ့လင်းချန်ကို နှုတ်ဆက်ပြီးနောက် သူတို့သည် တန်း၍ စမ်းသပ်နိုင်ရန်အတွက် စပါးအုံးမြွေ၏ သွေးပမာဏ အနည်းငယ်ကို ထုတ်ယူကြလေသည်။

ဤနေရာသို့ ရည်ရွယ်ချက်ဖြင့် အပြေးလာကြသော ကုမ္ပဏီများသည် ဆေးဝါးဖော်စပ်ထုတ်လုပ်ရေး၌ အလွန် စိတ်ဝင်စားသော ကုမ္ပဏီများ ဖြစ်ကြလေသည်။ သူတို့အားလုံးသည် အနည်းနှင့်အများဆိုသလို လုပ်နိုင်စွမ်း ရှိကြသည်။

ထိုကုမ္ပဏီများမှ လာသော လူအများစုသည် လူလတ်ပိုင်းအရွယ်များနှင့် အထက်များ ဖြစ်ကြောင်း ရဲ့လင်းချန် သတိပြုမိသည်။ ထိုအတောအတွင်း သူတို့ဘေး၌ အသက်ကြီးသော ကျွမ်းကျင်သူများလည်း ရှိနေကြသည်။ သူတို့ တစ်ယောက်ချင်းစီက သတိထားနေကြပြီး အားလုံး၏ မျက်လုံးတွင် အံ့အားသင့်ဟန်များ ပေါ်လွင်နေ၏။

ခြွင်းချက်ဖြစ်နေသော ကုမ္ပဏီက တစ်ခုသာ ရှိလေသည်။ ယင်းမှာ ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုဟု ခေါ်သည့် ကုမ္ပဏီပင်။ ၎င်းသည် ဆေးဝါး ဖော်စပ်၊ ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု မဟုတ်ဘဲ သာမန် ကျော်ကြားမှုသာ ရှိသည့် ကျန်းမာရေး စောင့်ရှောက်မှု ကုန်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုသာ ဖစ်သည်။ ဤကုမ္ပဏီကို ရဲ့လင်းချန် လုံးဝ အထင်မကြီးပါ။

ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှု၏ ခေါင်းဆောင်မှာ လှပသော မိန်းမပျိုလေးတစ်ဦး ဖြစ်သည်။ သူမသည် ရဲ့လင်းချန် မြင်ဖူးသမျှထဲ၌ ကိုယ်လုံးကိုယ်ပေါက် အလှဆုံးပင်။ ဆွဲဆောင်မှု ရှိသော ပုံစံမျိုးနှင့် မဟုတ်ဘဲ ကျန်းမာ၍ ထက်မြက် လျင်မြန်မှုရှိသော ပုံစံကြောင့်ပင်။

*ဒီကောင်မလေးက သူ့ကိုယ်သူ တော်တော်လေး ဂရုစိုက်တဲ့ပုံပဲ၊ ယောဂက သူ့အတွက် မရှိမဖြစ် ဖြစ်လောက်တယ်၊ သူ့ရဲ့ သွက်လက် ပျော့ပြောင်းတဲ့ ပုံစံအရ သူ့ကိုယ်သူ ပိုမြင့်ပြီး ရှုပ်ထွေးတဲ့ ပုံစံမျိုးတွေ ကွေးနိုင်စွမ်း ရှိလောက်တယ်၊ ဒါက တကယ်ပဲ …*

*အဟမ်း*

ရဲ့လင်းချန် ခေါင်းခါ၍ မကောင်းသော ထိုအတွေးများကို ဖယ်ရှားလိုက်သည်။

သူ၏ တိုးတက်လာသော ဗဟုသုတကြောင့် သူသည် မြင်မြင်သမျှတိုင်းကို အလိုလို ခွဲခြမ်းစိတ်ဖြာနေမိသည်။ ယင်းက သူ့စိတ်ဆန္ဒအတိုင်း လုပ်မိသော အရာမဟုတ်ကြောင်း သူ ကျိန်ဆိုရဲပါသည်။

ထိုမိန်းကလေး၏ ဧရာမ စပါးအုံးမြွေအပေါ် သုတေသန ပြုလုပ်ခြင်းက အခြားသူများနှင့် အလွန် ခြားနားသည်။ သူမ၏ လက်အောက်ငယ်သား နှစ်ယောက်မှ လွဲ၍ သူမက ဘာကိုမှ သယ်မလာချေ။ သုတေသနသမားများ မပါသလို အပ်များလည်း မပါချေ။ ထိုအစား သူမက ရိုက်ကူးရေးထဲမှ လူတိုင်းနှင့် စကားလိုက်ပြောနေ၏။

“ဆရာဟွမ်လေ့၊ ကျွန်မ ကလေးတုန်းက အိမ်ပြန်ချင်စိတ်ကို ကြည့်ခဲ့တယ်၊ ကျွန်မအမေက ရှင့်ကို သဘောကျတာ …”

“ဆရာဟယ်ကျား၊ ကျွန်မတို့ မိသားစုက ရှင် တင်ဆက်တဲ့ ရှိုးပွဲကို သဘောကျတာ၊ အဲ့ဒါက ကျွန်မတို့အတွက် ညတိုင်း ကြည့်ကို ကြည့်ရမယ့် အစီအစဉ်ပဲ”

“ဝိုး … ရှောင်ရင် ရှင်က တီဗွီထဲကထက် အများကြိး ပိုချောတာပဲ”

…

သူမ၏ ပေါင်းသင်းဆက်ဆံရေး အရည်အချင်းက အလွန် ကောင်းကြောင်း ရဲ့လင်းချန် ဝန်ခံရပေမည်။ မကြာခင်မှာပင် သူကမ ကျောက်လျန့်ရင်၊ ဟူယွဲ့အာတို့နှင့် ရင်းနှီးသွားလေသည်။ မိန်းကလေး သုံးယောက်သည် စုဝေး၍ မိတ်ကပ်၊ ကျန်းမာရေးနှင့် ကိုယ်ခန္ဓာ ကြံ့ခိုင်မှု စသည့် အကြောင်းအရာများကို ဆွေးနွေးနေကြသည်။

သို့သော် ဤမိန်းကလေးက သူတို့က အစောပိုင်းက စားခဲ့သည့် မြွေစွပ်ပြုတ်အကြောင်း ပြောလာအောင် မကြာခဏ စကားလမ်းကြောင်း တည်လေ့ရှိသည်ကို ရဲ့လင်းချန် သတိထားလိုက်မိသည်။ သူမက လူတိုင်းကို မြွေစွပ်ပြုတ် စားပြီးနောက် သူတို့ ဘယ်လို ခံစားရမလဲဟု မေးမြန်းသလို သူတို့၏ ခန္ဓာကိုယ် အခြေအနေနှင့် ပတ်သက်၍လည်း မေးမြန်းလေသည်။

*ဒီမိန်းကလေးက မလွယ်ဘူးပဲ*

သူမသည် အရောင်းအဝယ်ပိုင်း၌ တော်ပြီး ရည်မှန်းချက် အလွန် ကြီးလောက်သည်။ သို့မဟုတ်ပါက သူမ ကုမ္ပဏီ၏ ကျော်ကြားမှုက သိပ်မကြီးသော်လည်း ဧရာမ စပါးအုံးမြွေကြီး၌ သူမ အလွန် စိတ်ဝင်စားနေမည် မဟုတ်ပါ။ ကြိုတင် မခန့်မှန်းနိုင်သော မည်သည့်အခြေအနေမျိုး၌မဆိုတွင် ချမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုသည် နောင်အနာဂတ်၌ ပိုကြီးမား၍ ပိုတောင့်တင်းလာနိုင်ချေ ရှိသည်။

တစ်ခဏမျှ စကားပြောဆိုပြီးနောက် ထိုမိန်းကလေးက ရဲ့လင်းချန်နားသို့ လျှောက်လာသည်။ သူမက အရင်ဆုံး ရဲ့လင်းချန်ကို ဦးညွှတ်ပြီးမှ စကားစသည်။

“ရဲ့နတ်ဘုရား၊ ရှင်က သိပ်အံ့ဩဖို့ ကောင်းတာပဲနော်၊ ကျွန်မတို့ လူသားခန္ဓာကိုယ်က အဲ့လောက် သန်မာလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ ထင်မထားမိဘူး။ ဒါက လူသား စွမ်းရည်ရဲ့ သက်သေလည်း ဖြစ်သလို လူတစ်ယောက်ရဲ့ ကျန်းမာရေး ဂရုစိုက်ခြင်းရဲ့ အရေးပါမှုပဲ၊ ကျွန်မက ရှင့်ရဲ့ ပရိသတ် တုန်းမြောင်မြောင်ပါ၊ ကျွန်မ ရှင့်လက်မှတ်လေး ရနိုင်မလား”

*သူ့ခန္ဓာကိုယ်ကို ကျန်းမာရေး စောင့်ရှောက်မှုလောက်နဲ့ ဂရုစိုက်တာ မဟုတ်လောက်ဘူး*

ရဲ့လင်းချန်သည် တစ်ကိုယ်တည်း တွေးနေပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးပါ”

တုန်းမြောင်မြောင်က သူမ လက်ကိုင်အိတ်ထဲမှ A4 စာရွက်တစ်ရွက် ထုတ်လိုက်သည်။ ၎င်းသည် ဗြောင်စာရွက် မဟုတ်ဘဲ ပုံဆွဲစာရွက် ဖြစ်သည်။ အတိအကျ ပြောရလျင် ၎င်းသည် ရဲ့လင်းချန်က ရေကန်အောက်ခြေ၌ ဧရာမ စပါးအုံးမြွေကြီး၏ ဦးခေါင်းထိပ်၌ ရပ်နေသည့် ပုံကို ဆွဲထားသည့် ပုံဆွဲစာရွက် ဖြစ်ပေသည်။

All Chapters