ဒေါသအား မမြိုသိပ်ထားနိုင်တော့
Vol. 39 Ch. 583
ဗွီဒီယိုထဲတွင် ကင်ဟျွန်းမင်က တင်ကို လှုပ်၍ ခန္ဓာကိုယ်အောက်ပိုင်းက ခါးနှင့်အတူ လှုပ်ယမ်းနေသည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက အပေါ်သို့ ထောင်တက်လိုက်၊ အောက်သို့ ပြန်ကျလိုက်နှင့် ဖြစ်နေသည်။
ဒီအကက ဘယ်လိုဟာသကြီဲးလဲ၊ သူက စက်ရုပ်မြင်းလား၊ Gala နွေဦးပွဲတော်မှာ ဒီလို အစီအစဉ်မျိုး ပြရအောင် ကန်းနေကြတာလား။
ပြည်ပနိုင်ငံက ဒီလို ထူးဆန်းတဲ့အရာက ဘယ်လိုလုပ် ဒီလောက် နာမည်ကြီးနေရတာလဲ။
ဒီယဉ်ကျေးမှု ဖလှယ်တာကို ဆက်ခွင့်ပြုထားရင် တရုတ်နိုင်ငံကို လူငယ် ငပျော့လေးတွေက ကြီးစိုးသွားမှာ အသေအချာပဲ။
ထိုလူက ကျော်ကြားသော လူတစ်ယောက် ဖြစ်လိမ့်မည်ဟု ရဲ့လင်းချန် ထင်ထားသော်လည်း ဤသို့သော လူရယ်စရာ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားမိပေ။
လက်ရှိတွင် ရဲ့လင်းချန်က အလွန် ဒေါသထွက်နေပြီ ဖြစ်သည်။
“ယွင်ရှီ၊ မင်း အရင် ပြန်သွားလိုက်တော့၊ ငါ Gala နွေဦးပွဲတော်ကို သွားတက်ဦးမယ်”
ရဲ့လင်းချန်က ရုတ်တရက် ထပြောလိုက်သည်။
သူသည် ပွဲမှ ဖိတ်ကြားစာကို ရရှိခဲ့သော်လည်း သူ ပွဲကို တက်ချင်စိတ် မရှိခဲ့ပါ။ သူ့စိတ်ထဲတွင် သူ ချစ်ရသော သူများကို အဖော်ပြုပြီး ပွဲကို ကြည့်ရသည်က ပို၍ အရေးကြီးသည်ဟု ယူဆထားသည်။ သို့သော် အစီအစဉ်က ခန့်မှန်းမရနိုင်ဘဲ ပြောင်းလဲသွားလိမ့်မည်ဟု သူ ထင်မထားမိပေ။
ထိုသို့သော Gala နွေဦးပွဲတော်ကို သူ ဘယ်လိုလုပ် ကြည့်နိုင်ပါမည်နည်း။
ကျန်းယွင်ရှီက နှုတ်ခမ်းစူသွားပြီး ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
“အင်း …”
…
တစ်ချိန်တည်းမှာပင် ထိုအဖြစ်အပျက်က အင်တာနက်ပေါ်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
Gala နွေဦးပွဲတော်သည် လူတိုင်း အာရုံစိုက်ကြသည့် အရာတစ်ခု ဖြစ်သည်။ ဤသို့ ရုတ်တရက် အစီအစဉ် ပြောင်းလဲခြင်းက ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ ဝေ့ပေါ်၊ TikTok၊ Toutiao နှင့် Tieba တို့၌ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။
[လခွမ်း၊ ကင်ဟျွန်းမင်က ဒီကို ရောက်နေတယ်တဲ့]
[အား … အား … အား … ငါ့ရဲ့ မင်းသားချောလေး Gala နွေဦးပွဲတော်မှာ ဖျော်ဖြေတာကို ကြည့်ရတာပေါ့၊ ဒီနှစ်သစ်ကူးကတော့ ကံကောင်းတာပဲ]
[အိုပါး၊ ရှင့်ကို ချစ်တယ်နော်၊ XoXo …]
[ဒါ အံ့ဩစရာကြီးပဲ၊ Gala နွေဦးပွဲတော်က ခေတ်ရေစီးကြောင်းကို လိုက်နိုင်တာပဲ၊ နိုင်ငံခြားသား မရှိရင် ဘယ်သူက ပွဲတွေကို ကြည့်ချင်မှာလဲ]
ချီးကျူးသံများကို အရင်ဆုံး ကြားရလေသည်။ သို့သော် မကြာခင်မှာပင် ဆဲဆိုသံများ ထွက်ပေါ်လာ၏။
[ချီးပဲ၊ ဘာလို့ သူတို့က ကိုရီးယားနိုင်ငံက လူကို ဖိတ်တာလဲ]
[ငါတို့ Gala နွေဦးပွဲတော်ကို ဘယ်လိုလုပ် ထပ်ကြည့်နိုင်မှာလဲ၊ လုံးဝ ပြောင်းသွားတာလေ]
[ဒါရိုက်တာက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ၊ ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုတာက ဘယ်လို စကားကြီးလဲ၊ ဒီငပျော့က ငါတို့နိုင်ငံကို လာပြီး ငါတို့ပိုက်ဆံကို ယူမှာလေ၊ ဒါရိုက်တာရဲ့ ဦးနှောက်က တစ်ခုခု မှားနေတာလား]
[ငါ့နှစ်ကူး စိတ်အခြေအနေလေးက လုံးဝ ပျက်စီးသွားပြီး၊ တုံးလိုက်တဲ့ ဒါရိုက်တာ]
[သူတို့ ဘာလို့ ဒီမိန်းမလိုကောင်ကို ဖိတ်ရတာလဲ၊ ငါ မှတ်မိသလောက်ဆို အရင်နှစ်တွေက ဖိတ်ခဲ့တဲ့သူတွေက ကြံ့ခိုင်တဲ့သူတွေပါ၊ ခြားနားမှုကြီးက ကြီးလိုက်တာ]
[ရှောင်ယန်ရဲ့ သီချင်းကို ဖယ်လိုက်တယ် ဟုတ်လား၊ ဒါရိုက်တာရဲ့ ခေါင်းထဲမှာ ချီးတွေ ပြည့်နေတာပဲ]
[အဆိုတော်ဝိုင်ရဲ့ သီချင်းတွေက လုံးဝကို ဂန္ထဝင်တွေထဲက ဂန္ထဝင်ပဲ၊ ငါက ဒါအတွက် အများကြီး မျှော်လင့်ထားတာ၊ ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားတာလဲ၊ သောက်ကျိုးနည်း ထွက်လာပြီး ရှင်းပြစမ်း ဒါရိုက်တာကောင်]
[ချီးပဲ၊ ကောတန့်ရှန်ကို သဘောကျတဲ့ အမှတ်တရတွေ လူတွေမှာ ဘယ်လောက်တောင် ရှိလိုက်လဲ၊ သူ့ဟာသ ပြဇာတ်တိုတွေက ငါ့မိဘတွေ ကြည့်ဖို့ မစောင့်နိုင်တဲ့အရာတွေ၊ အခု မင်းက အဲ့ဒါကို ကိုရီးယားနိုင်ငံရဲ့ တင်ဆက်သူနဲ့ အစားထိုးလိုက်တယ်လို့ ပြောလိုက်တာလား၊ ငါ့မိဘတွေက နားလည်မယ်လို့ မင်း ထင်လား]
[အပေါ်ကလူ၊ မင်းမိဘတွေကို Gala နွေဦးပွဲတော် မကြည့်ခိုင်းနဲ့၊ ကိုရီးယားနိုင်ငံက သောက်ရေးမပါတဲ့ အကကို ကြည့်ပြီး သူတို့ရဲ့ အတွေးအမြင်တွေ ပျက်စီးသွားလိမ့်မယ်]
လူထု၏ တုံ့ပြန်မှုက ပြင်းထန်ပြီး စကားနိုင်လုပွဲက အင်တာနက်ပေါ်၌ ဖြစ်ပေါ်လာလေသည်။
ထိုအခြေအနေနှင့် ရင်ဆိုင်ရသောအခါ Gala နွေဦးပွဲတော်၏ ရိုက်ကူးရေးအဖွဲ့က ဝေ့ပေါ်၌ ကြေညာချက်များ ထုတ်ပြန်လာသည်။
[ကျွန်တော်တို့ အခုလေးတင် ကိုရီးယားနိုင်ငံက အနုပညာ ကုမ္ပဏီနဲ့ ဆက်သွယ်ပြီးတာပါ၊ အခြေအနေက ရုတ်တရက် ဖြစ်သွားတာဆိုတော့ ကျွန်တော်တို့ တောင်းပန်ပါရစေ၊ ကျွန်တော်တို့ အပြောင်းလဲတွေ လုပ်နိုင်ဖို့၊ ရဲရင့်ဖို့၊ ထူးခြားတဲ့ Gala နွေဦးပွဲတော်ကို ဖန်တီးဖို့ သတ္တိ ရှိရပါမယ်၊ ကောတန့်ရှန်းရဲ့ ဟာသပြဇာတ်တိုတွေက တကယ်ကို အံ့ဩစရာ ကောင်းပါတယ်၊ ဒါပေမဲ့ သူက Gala နွေဦးပွဲတော်မှာ ပါဝင်လာခဲ့တာ ကြာပါပြီ၊ ကျွန်တော်တို့ လူသစ်တွေကို အခွင့်အရေး ပေးသင့်ပါတယ်၊ ပြီးတော့ ဆရာ ကောတန့်ရှန်းက အသက်ရလာပြီဆိုတော့ ကျွန်တော်တို့ သူ့ကို အနားရစေချင်တာလဲ ပါပါတယ်၊ ချန်ရှောင်ယန်ကကြတော့ ပွဲမှာ သီဆိုမယ့် အစီအစဉ်တွေက အများကြီး ရှိနေပြီးသား ဖြစ်နေပါတယ်၊ သူက pop အဆိုတော် ဖြစ်နေတာကြောင့် Gala နွေဦးပွဲတော်နဲ့ သိပ်မလိုက်ဖက်ဘူးလို့ ပြောလို့ ရပါတယ်]
ချက်ချင်းဆိုသလိုပင် လူပေါင်းများစွာက စတင် ဆဲဆိုလေသည။
[ဒါ ဘယ်လို ချီးစကားလဲ၊ မိုးကောင်းကင်ထိတောင် နံလိုက်တာ]
[ဆရာ ကောတန့်ရန်းကို နားစေချင်တာ ဟုတ်လား၊ ဒါဆို အစကတည်းက သူ့ကို မဖိတ်နဲ့လေ၊ သူရဲ့ တင်ဆက်မှုအတွက် သူ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားပြီးသားကွ၊ ချီးပဲ]
[လူသစ်တွေကို အခွင့်အရေး ပေးတာကို ငါ လက်ခံတယ်၊ ဒါပေမဲ့ ကိုရီးယားနိုင်ငံက ဒီလို မိန်းမလိုကောင်မျိုး မဟုတ်ဘူး၊ ရွံဖို့ကောင်းလိုက်တာ]
[ဒါကို အပြောင်းအလဲလို့ ခေါ်တာလား၊ အောက်ခြေကို ထိုးဆင်းတာနဲ့တောင် တူနေပြီ]
[ဝင်ပြောရတာတော့ စိတ်မကောင်းပါဘူး၊ လူတိုင်းက တက်တက်ကြွကြွ ပြောနေတာကို ကြည့်ပြီးတော့ ဒီကင်ဟျွန်းမင်က ယောက်ျားလေးလား၊ မိန်းကလေးလားလို့ ငါ မေးချင်လာလို့ပါ၊ ငါ တကယ် မပြောတတ်လို့]
[ချန်ရှောင်ယန်က Gala နွေဦးပွဲတော်နဲ့ မလိုက်ဖက်ဘူးလို့ သူတို့ ပြောလိုက်တာလား၊ သူ့သီချင်းတွေက ဘယ်လောက် နာမည်ကြီးလဲ သိလား၊ အထူးသဖြင့် ဒါက အဆိုတော်ဝိုင်ရဲ့ ဖန်တီးမှုနော်]
[အဆိုတော်ဝိုင်ကို ကိုရီးယားနိုင်ငံက ဟာသလို တင်ဆက်သူက အနိုင်ပိုင်းသွားတာပဲ၊ အဲ့အရူး ဒါရိုက်တာက ဘယ်က လာတာလဲ]
ရုတ်တရက် ဆရာ ကောတန့်ရှန်းကလည်း ပိုစ့်တစ်ခု တင်လာသည်။
[ငါ ဟာသ ပြောရတာကို သိပ်သဘောကျပြီးတော့ လူတိုင်းဆီကို အပျော်တွေ ယူဆောင်လာပေးရတာကို တကယ် ဝမ်းသာမိတယ်၊ Gala နွေဦးပွဲတော်ကိုက ပျော်စရာ စင်မြင့်တစ်ခုပါ၊ ပွဲတော်ကနေ ထွက်လာရတာကို ဝမ်းနည်းမိ ပင်မယ့် ငါ တကယ်ကို အိုမင်းနေပါပြီ၊ အချိန်တွေက ကုန်တာ မြန်တယ်၊ ပြီးတော့ ငါ Gala နွေဦးပွဲတော်မှာ ပါဝင်ခဲ့တာ ဆယ့်သုံးကြိမ် ရှိပြီးနေပြီ၊ စင်မြင့်ကို လူငယ်တွေအတွက် ထားထားသင့်ပါပြီ၊ လူတိုင်းအတွက် ငါ ဆက်ပြီး ဖျော်ဖြေချင်ပင်မယ့် စိတ်မကောင်းပါဘူး …]
[Gala နွေဦးပွဲတော် ဆယ့်သုံးပွဲ၊ တစ်ခုချင်းစီက ငါတို့ မိသားစုကို ပျော်ရွှင်စရာတွေ အများကြီး ယူဆောင်လာ ပေးခဲ့တယ်]
[ဟင့်ဟင့်၊ ဆရာ တန့်ရှန်းက လုံးဝ မအိုသေးပါဘူး၊ ကျွန်မတို့အားလုံး ရှင့်ကို ချစ်နေပါသေးတယ်]
[ဆရာတန့်ရှန်း၊ ကျွန်တော်က ခင်ဗျားရဲ့ ဟာသပြဇာတ်တိုတွေကို ကြည့်ပြီး ကြီးလာခဲ့တာပါ]
[ဆရာတန့်ရှန်းကို ဒီလို မြင်လိုက်ရပြီးတော့ ငါ့မျက်လုံးတွေ ဖောင်းအစ်လာတယ်၊ ရိုက်ကူးရေးအဖွဲ့က တကယ် လူမဆန်တာပဲ]
လူတိုင်း ခံရခက်နေကြသည်။ ကောတန့်ရှန်းသည် ယောက်ျား၊ မိန်းမနှင့် ကလေးငယ်များ၏ နှလုံးသားကို အပိုင်သိမ်းထားနိုင်သည့် လူရွှင်တော်တစ်ယောက်ဟု ပြောရပေမည်။ သူသည် လူတိုင်းကို အမှတ်တရ ပေးစွမ်းခဲ့သည့် အသက်ကြီးနေသော စူပါစတား အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်လေသည်။
ရိုက်ကူးရေးအဖွဲ့၏ ကြေညာချက်က ဆင်ခြေတစ်ခုထက် မပိုမှန်း အများပြည်သူက သိကြလေသည်။ ချန်ရှောင်ယန်နှင့် ကောတန့်ရှန်းကို ဖယ်ထုတ်ရသည့် အကြောင်းရင်းမှာ ချန်ရှောင်ယန်သည် Gala နွေဦးပွဲတော်တွင် လူသစ်တစ်ယောက် ဖြစ်ပြီး အလွယ်တကူ အနိုင်ကျင့်နိုင်သောကြောင့်ပင်။ ကောတန့်ရှန်းမှာမူ Gala နွေဦးပွဲတော်၏ လူဟောင်းတစ်ဦး ဖြစ်ပြီး လူသစ်များအတွက် လမ်းသစ်ဖောက်ရန် သူတို့ အနားယူ ခိုင်းသည့်သူပင်။ ယင်းက အလွယ်တကူ ပေးလိုက်သည့် ဆင်ခြေပင်တည်း။
လူသစ်များနှင့် လူဟောင်းများသည် အလွယ်တကူ ပစ်မှတ်ထားနိုင်သည့် အဖွဲ့နှစ်ဖွဲပင်။
ချန်ရှောင်ယန်အတွက် ဤသို့သော စင်မြင့်ပေါ်သို့ တက်နိုင်ရန် ခက်ခဲပေသည်။ သူမသည် အစမ်း လေ့ကျင့်မှုအတွက် မနားမနေ ပြင်ဆင်ခဲ့ကာ စိတ်လှုပ်ရှားသလို စိုးလည်း စိုးရိမ်ခဲ့သည်။ လေ့ကျင့်ချိန် ပိုရရန် သူမအိပ်ချိန်ကိုပါ မသုံးနိုင်၍ မချင့်မရဲ ဖြစ်ခဲ့ရသော်လည်း သူမ ပြန်ရလိုက်သည်က ဆိုးရွားသည့် အဆုံးသတ်ပင်။ ၎င်းသည် သူမ သို့မဟုတ် သူမ ပရိသတ်များအတွက် အကြီးမားဆုံး ရိုက်ချက်ဖြစ်ပြီး တစ်စစီ ကြေကွဲရစေသည်။ ကောတန့်ရှန်းမှာမူ တောက်လျှောက် ပါဝင်လာခဲ့ပြီးနောက် အနားယူမှ ရပေတော့မည်။ သို့သော် သူနှင့် အစားထိုးလိုက်သည်က ကိုရီးယားနိုင်ငံမှ မိန်းမလိုလူ ဖြစ်နေ၏။
သူတို့ သည်းမခံနိုင်သလို ပရိသတ်များကလည်း သည်းမခံနိုင်ချေ။
[ငါ မကြည့်ဘူး၊ ဒီနှစ် Gala နွေဦးပွဲတော်ကို ကြည့်ပြီး ဘာထူးမှာလဲ]
[အားလုံး သပိတ်မှောက်ရရအောင်၊ ဒီဒါရိုက်တာက ထူးခြားတာ လိုချင်တာ မဟုတ်လား၊ ဒီနှစ် Gala နွေဦးပွဲတော်ရဲ့ ကြည့်ရှုသူနှုန်းကို အဆိုးဆုံး မှတ်တမ်းဝင်အောင် လုပ်လိုက်ရအောင်]
[ငါ့မိဘတွေတောင်မှ သူတို့ မကြည့်ဘူးလို့ ပြောနေပြီ၊ သူတို့က မာဂျောင်ကစားဖို့ လူတွေတောင် ဖိတ်နေပြီ]
မကြာခင်မှာပင် ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များကလည်း ဝင်ပါလာ၏။
[မကြည့်ရင်လဲ လစ်လိုက်တော့၊ ဘယ်သူမှ နင်တို့ကို ကြည့်ဖို့ မပြောဘူးလေ]
[ငါတို့ ကင်ဟျွန်းမင်က အတော်ဆုံးပဲ၊ ငါတို့ဘာသာ ကြည့်မယ်]
[ချန်ရှောင်ယန်နဲ့ ကောတန့်ရှန်းကို အစားထိုးလိုက်တယ်ဆိုရင် ထားလိုက်တော့လေ၊ ဘာလို့ ဝင်ယောင်နေတာလဲ, သူတို့ ကင်ဟျွန်းမင်နဲ့ အစားထိုးလိုက်တော့ ငါတို့အတွက် ကံကောင်းသွားတာပေါ့]
[ဟုတ်တယ်၊ ဟင်ဟျွန်းမင် ပါတဲ့ပွဲက ကြည့်ကောင်းတဲ့ ပွဲတစ်ခုပဲ]
[ကင်ဟျွန်းမင်က သိပ်ချောတာပဲ၊ အား … အား … အား … ကျွန်မ ရှင့်ကို ချစ်တယ်]
ထို့ကြောင့် ဝေဖန်ပြောဆိုသည့် စစ်ပွဲက တစ်ဖန် ဖြစ်ပေါ်လာ၏။
ချန်ရှောင်ယန်၊ အဆိုတော်ဝိုင်နှင့် ကောတန့်ရှန်းတို့၏ ပရိသတ်များက ကင်ဟျွန်းမင်၏ ပရိသတ်များနှင့် ငြင်းခုံ လာကြသည်။
ထို့အပြင် မျိုးချစ်ပရိသတ်များကလည်း ဝင်ပါလာ၏။ သူတို့သည် တရုတ်နိုင်ငံ၏ ကြယ်ပွင့်များကို မဆုတ်မနစ် အားပေးပြီး ကင်ဟျွန်းမင်ကဲ့သို့သော ကိုရီးယားနိုင်ငံမှ ကြယ်ပွင့်များကို အထင်သေးလေသည်။ သူတို့သည် ကင်ဟျွန်းမင်အား သူ့အမေပင် မမှတ်မိလောက်သည့်အထိ ဆဲဆိုကြသည်။
[ဘာလဲဟ၊ ဒီလူတွေက သူတို့မိဘက ဘယ်သူလဲ ဆိုတာတောင် သိကြရဲ့လား]
[ဒီကနေ ထွက်သွားလိုက်စမ်း၊ နင်တို့ကိုယ်နင်တို့ အရှက်ခွဲမနေနဲ့]
[ငါတို့နိုင်ငံထဲမှာ စိတ်မမှန်တဲ့သူတွေ အများကြီး ရှိနေတာ ယုံဖို့တောင် ခက်တယ်၊ နင်တို့အားလုံး ဆေးမှား သောက်ထားတာလား]
[နင်တို့ ဒီလိုလုပ်နေတဲ့အချိန် နင်တို့မိဘတွေ ဘယ်လို ခံစားရမလဲ တွေးမိရဲ့လား]
[ဒါ တရုတ်နိုင်ငံရဲ့ Gala နွေဦးပွဲတော်ပဲ၊ ကိုရီးယားနိုင်ငံက ကြယ်ပွင့်တွေနဲ့ ဘာမှမဆိုင်ဘူး၊ ငါ ကင်ဟျွန်းမင်ကို ဝေးနိုင်သမျှ ဝေးဝေးနေပြီး ငါတို့မြေကို ညစ်ညမ်းအောင် မလုပ်ဖို့ သတိပေးလိုက်မယ်]
[ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ငါ့နိုင်ငံက ကြယ်ပွင့်တွေကို သေချာပေါက် အားပေးမှာ၊ ဒါ အခြေခံ ဂုဏ်သိက္ခာပဲ]
ဘက်ပေါင်းစုံမှ စကားထိုးစစ်ပွဲ ဖြစ်ပေါ်လာ၏။
ဝေ့ပေါ်၊ TikTok နှင့်င Tieba တို့တွင် ရန်ပွဲများသာ ဖြစ်ပေါ်နေသည်။ ထို့အပြင် အခြေအနေက ဆိုးသထက် ဆိုးလာ၏။
အင်တာနက်ပေါ်၌ ဗြောင်းဆန်နေလေသည်။
အချို့သော ကြယ်ပွင့်များက ရှေ့ထွက်၍ Gala နွေဦးပွဲတော်၏ ရိုက်ကူးရေးအဖွဲ့ကို မေးခွန်းထုတ်ကြသည်။
ယခုတစ်ခေါက် သူတို့၏ အပြုအမူများက စက်ဆုပ်ဖွယ်ကောင်းလှသည်။ ကောတန့်ရှန်းသည် ဖျော်ဖြေရေး လောကတွင်း၌ စီနီယာတစ်ဦးဖြစ်ပြီး လူငယ်မျိုးဆက်များစွာကို ကူညီခဲ့သည်။ သူသည် အလွန် နာမည်ကြီးသဖြင့် လူအများက ရှေ့ထွက်၍ သူ့အား ပံ့ပိုးချင်သည့်သူများ များပြားလောက်သည်မှာ အသေအချာပင်။
ရဲ့လင်းချန်က တိတ်ဆိတ်နေသည်။ သူသည် ဘာအတွေးအမြင်ကိုမှ မတင်ဘဲ ဘာမှ မဖြစ်သကဲ့သို့ တီဗွီကို ပိတ်လိုက်သည်။ သူ အရင်ဆုံး လုပ်ရမည့်အရာက ကျန်းယွင်ရှီကို လေဆိပ်လိုက်ပို့ရမည့် အလုပ်ပင်။
ဤသို့သော ရိုက်ကူးရေးအဖွဲ့ကို အပြစ်တင်ခြင်းက အချည်းနှီးသာ ဖြစ်သည်။
နှစ်သစ်ကူး ပွဲတော်က အံ့ဩစရာကောင်းသော အချိန်အခါ ဖြစ်ပြီး သူ့မိဘများနှင့် ပြန်ဆုံရန်အတွက် အိမ်ပြန်နိုင်ရန် အလွန်အမင်း ပျော်နေမိသည်။ ရွံစရာကောင်းသော တစ်စုံတစ်ရာနှင့် သူ ကြုံရလိမ့်မည်ဟု သူ ထင်မထားမိပေ။
ယခုတစ်ခေါက်၌ ရဲ့လင်းချန်သည် ဒေါသအား မျိုသိပ်မထားနိုင်တော့ချေ။