အရပ်မျက်နှာအနှံ့ ဟစ်အော်ခြင်း
Vol. 44 Ch. 656
ယခင်က သူ မလှုပ်ရှားခဲ့ရသည့် အကြောင်းရင်းမှာ ငါးကြီး ပေါ်လာသည်ကို စောင့်နေခြင်းသာ ဖြစ်သည်။
ကိုရီးယားနိုင်ငံ၏ ဟက်ကာများ အပြည့်အဝ ထွက်လာပြီ ဖြစ်သဖြင့် သူ့အတွက် လှုပ်ရှားရန် အချိန်ကျလေပြီ။ ထိုဟက်ကာများသည် အလွန် ရိုင်းစိုင်းလွန်းသဖြင့် ရဲ့လင်းချန် လုံးဝ အသာတကြည် ထားထားမည် မဟုတ်ပါ။ ထို့ကြောင့် သူသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ ပြန်တိုက်ခိုက်ရပေမည်။
ရဲ့လင်းချန်သည် ကီးဘုတ်ပေါ်မှ ခလုတ်များကို အေးအေးဆေးဆေး နှိပ်နေသည်။
“ချောက် ချောက် ချောက်”
တိုက်ပွဲကို တလျှောက်လုံး စောင့်ကြည့်လာသဖြင့် အထူး IP တစ်ချို့ကိ သူ သတိထားမိပြီး သူတို့၏ တည်နေရာက အရေးပါလေသည်။ သူတို့က ဝမ်ရုံ၏ website ကို ဟက်ရဲသည့် သတ္တိပင် ရှိနေသဖြင့် လက်တုံ့ပြန်သည့်အနေဖြင့် ရဲ့လင်းချန်၏ တန်ပြန် တိုက်ခိုက်မှုကို သူတို့ ခံစားရပေမည်။
သူ ပထမဆုံး လုပ်သည့်အရာမှာ စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။
သူ အမိန့်ဝင်ပေးလိုက်သော်လည်း ဘယ်သူမှ မတုံ့ပြန်ကြချေ။
သူ စိတ်မပျက်သေးပါ။ ရဲ့လင်းချန်က ဆက်လက်၍ စမ်းသပ်နေသည်။ သူသည် အစမ်းသဘောဖြင့် အမိန့် တစ်ခုပြီး တစ်ခု ထည့်နေသည်။ သူတို့သည် ပေါ်ပေါ်ထင်ထင် မနေဘဲ ရုပ်ဖျက်၍ လှည့်စားနေသည်။ သူသည် ခံစစ်ကို ဖြတ်ကျော်နိုင်ရန် ကြားလူကဲ့သို့ ဟန်ဆောင်နေသဖြင့် သူ့အကြံအစည်အား သူ့ဆန္ဒအတိုင်း ချနိုင်လေသည်။
သူ့အရှိန်က ရူးလောက်အောင် မြန်ဆန်ပြီး ညွှန်ကြားချက်များကို ပြွတ်သိပ်နေအောင် ပေးလေသည်။ သို့သော် ၎င်းတို့အားလုံးက ဘာတိုးတက်မှုမှမရှိဘဲ ပြန်ရောက်လာ၏။
သို့သော် မကြာခင်မှာပင် ရဲ့လင်းချန် ပြုံးလိုက်သည်။ အစီအစဉ်က … အောင်မြင်သွားလေပြီ။
တကယ်တမ်းတွင် သူ့၌ ပိုရိုးရှင်း၍ ပိုရက်စက်သော နည်းလမ်းတစ်ခု ရှိသော်လည်း ယင်းအား အသုံးပြုရန် မစီစဉ်ထားချေ။ အကြောင်းမှာ သူသည် ပြန်တိုက်ချင်သည့်အပြင် ပြင်းထန်သော ရိုက်ချက်ကိုပါ ပေးချင်၍ ဖြစ်သည်။
ထိုညွှန်ကြားချက်များမှာ အပေါ်ယံ သက်သက်သာဖြစ်ပြီး သူတို့၏ အဆင့်အတွင်း၌ ရန်သူတစ်ဦးအဖြစ် ပုံရိပ် တည်ဆောက်လေသည်။ ရဲ့လင်းချန်က သူတို့အား ကောင်းကောင်း သရုပ်ပြထားသည်။ သို့သော် ပြိုင်ဘက်၏ အဖွဲ့ထဲသို့ ရောနိုင်ရန် သူ မိနစ်ပေါင်းများစွာ စောင့်ခဲ့ရသည်။
ရဲ့လင်းချန်သည် ကြောက်လန့်ခြင်းမရှိဘဲ ညွှန်ကြားချက်များ ဆက်ပေးနေသည်။ သူသည် ပုန်းလည်းမပုန်း၊ နောက်လည်း မဆုတ်သလို၊ ညွှန်ကြားချက်များကို သုံး၍ တာဝန်များကို မြန်မြန်ထုတ်ကာ ရောဝင်လိုက်သည်။ သူ့အား ရှာတွေ့တော့မည် ဆိုပါက ညွှန်ကြားချက်ကို ပြန်ဖျက်လိုက်သည်။
ဘာအသိပေးချက်မှ မရှိပေ။
Firewall က ပစ်မှတ်ကို လွတ်သွားလေသည်။
သူသည် လျှို့ဝှက်စွာ ဝင်ရောက်သွားနိုင်ခဲ့လေသည်။ ထို့နောက် သူသည် အတွင်းပိုင်း၌ ရှာဖွေမှုကို စတင်၍ ဒေတာများကို ရဘူလေသည်။
မကြာခင်မှာပင် သူသည် လှည့်စားခြင်းမှနေ၍ အရေးကြီးသော ဒေတာအချို့ကို ရယူနိုင်ခဲ့သည်။
ကသောင်းကနင်း ဖြစ်နေသော အချိန်အတွင်း၌ အခွင့်ကောင်းယူခြင်းက အလွယ်ကူဆုံးပင်။ စက်များသည် စက်များသာ ဖြစ်ပြီး ဘာမှမတွေးတောနိုင်ဘဲ ညွှန်ကြားချက်များကို လက်ခံလေသည်။ သူသည် ပုန်းကွယ်ရန် ဟာကွက်များကို သုံး၍ သူ၏ ပန်းတိုင်ကို ရရှိအောင် လုပ်ရန်သာ လိုအပ်သည်။
*ဟဲဟဲ … အားလုံး အဆင်ပြေနေတယ်*
နောက်တစ်ဆင့်မှာ ဒေတာကို ကစားရန်အတွက် ခွင့်ပြုချက်ရရန်ဖြစ်ပြီး စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်ကို လုယူရန် ဖြစ်သည်။ ယင်းအတွက် အသုံးအနှုန်းမှာ ထိန်းချုပ်မှုကို လုယူခြင်း ဖြစ်ပြီး သေးငယ်သော အမှားတစ်ခုက ကြီးမားသော တန်ပြန် တိုက်ခိုက်မှုကို ဖြစ်ပေါ်လာစေနိုင်သည်။ ရဲ့လင်းချန်သည် ဂရုတစိုက် ဝင်သွားပြီး အမိန့်များကို တစ်ခုပြီးတစ်ခု လျင်မြန်စွာ ပေးလိုက်သည်။
သူ့အား သတိမထားမိသေးချေ။
အပေါ်ယံ၌ ဘာမှမပြောင်းလဲသည်ဟု ထင်ရသော်လည်း နောက်ကွယ်၌ လုပ်ပိုင်ခွင့်က ပြောင်းလဲနေကာ သူ၏ အပြင်ပိုင်းဟန်ပန်က ရုပ်ဖျက်ရုံမျှသာ ဖြစ်သည်။ စနစ်က ရဲ့လင်းချန်ကို တိုက်ခိုက်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ရဲ့လင်းချန်က တာဝန်များကို ပြီးအောင် ကူညီပေးနေခြင်း ဖြစ်သည်။ အမိန့်တစ်ချက်တည်းနှင့် ယင်းက ရဲ့လင်းချန်အတွက် လမ်းကြောင်းခင်းပေးနိုင်လေသည်။
ပြင်ဆင်မှုများအားလုံးက အစီစဉ်တကျ ဖြစ်သည်။
သူသည် အလုပ်ကိစ္စကို စတင်လေသည်။
သူ့လက်ချောင်းများက ကီးဘုတ်ပေါ်၌ လျင်မြန်စွာ သွားလာနေ၏။
အိုးရန်ချင်းနှင့် အခြားသူများသည် ဝင်တိုက်ခိုက်ချင်စိတ်ကို မနည်း ထိန်းနေရသည်။ သူတို့သည် လမ်းဆုံးသို့ ရောက်နေပြီး ဝမ်ရုံနည်းပညာ၏ ခံစစ်ကလည်း မကြာခင် ပြန်ဦးမော့လာပေသည်။ သို့သော် သူတို့သည် ရဲ့လင်းချန်၏ လှုပ်ရှားမှုများကို သတိထားမိသွားသည်။
“ဥက္ကဋ္ဌရဲ့၊ ခင်ဗျား …”
ရှောင်လီက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်လာသည်။
“ဟုတ်တယ်၊ ငါ အခု စတော့မှာ၊ သေချာ ကြည့်ထား”
ရဲ့လင်းချန်က အသာ ပြုံးလိုက်သည်။
ထို့နောက် ရှောင်လီ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
“လခွမ်း … ငါ တိုက်ပွဲကနေ ကန်ထုတ်ခံလိုက်ရပြီ”
“ငါလဲ ကန်ထုတ်ခံလိုက်ရပြီ”
“ငါရောပဲ”
“သေစမ်း … ဘာတွေ ဖြစ်နေတာလဲ၊ ပညာရှင်တစ်ယောက်လား”
ဝမ်ရုံ နည်းပညာ၏ ဝန်ထမ်းများထံမှ ကြောက်လန့်တကြား အသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာသည်။
“ဒုန်း”
အိုးရန်ချင်းက ကီးဘုတ်ကို ဒေါသတကြီး ထုရိုက်နေပြီး ပြာအက်နေသော အသံဖြင့် ပြောလိုက်သည်။
“ငါလဲ အထုတ်ခံလိုက်ရတယ်”
“မင်းတို့အားလုံးကို ကန်ထုတ်လိုက်တာ ငါပဲ”
ရဲ့လင်းချန်က ဘာမှမဖြစ်သော လေသံနှင့် ပြောလိုက်သည။
“ကိုယ့်လူတွေဆီကနေ ရန်သူတွေ ရောက်လာတာကို ငါ စိတ်ရှုပ်မခံနိုင်ဘူး၊ အဲ့ဒါကြောင့် ငါ အားလုံးကို ထုတ်လိုက်တာ၊ ဒါပေမဲ့ အားလုံး စိတ်မပူပါနဲ့၊ ငါ မင်းတို့အားလုံးအတွက် လက်တုံ့ပြန်ပေးမယ်”
“ငါတော့ သေပြီ၊ ဥက္ကဋ္ဌရဲ့ ခင်ဗျားက တကယ်ပဲ အဲ့လောက် တော်တာလား”
ရှောင်လီက နဖူးမှ ချွေးစေးများကို သုတ်၍ ရဲ့လင်းချန်ကို ကြည့်လိုက်သည်။
“အလကားသက်သက် လန့်မိသွားပဲဖြစ်နေလို့ တော်ပါသေးရဲ့”
တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် မတ်တပ်ထရပ်ကာ ရဲ့လင်းချန်ကို ဝန်းရံ၍ သူ၏ အပြုအမူကို တိတ်ဆိတ်စွာ ကြည့်နေသည်။
သူတို့ မှင်တက်သွားရန် အချိန်သိပ်မကြာလိုက်ချေ။
ရဲ့လင်းချန်သည် သူတို့အားလုံးထက် စာရိုက် ပိုမြန်ပြီး လျင်မြန်မှုတွင်လည်း ခြားနားမှု မရှိချေ။
ရဲ့လင်းချန်၏ လက်ချောင်းများက ကီးဘုတ်ပေါ် ပြေးလွှားနေသည်ကို သူတို့ သေသေချာချာ မြင်နေရသော်လည်း သူ ဘာကို ရိုက်နေသလဲ ဆိုသည်ကိုတော့ သေသေချာချာ မမြင်ရချေ။
“သေစမ်း၊ ဒီကီးဘုတ်က အဲ့ဒါကို ခံနိုင်ရဲ့လား”
ရှောင်လီက စိုးရိမ်တကြီး မေးသည်။
ဟောင်ယွင်နှင့် တုန်းမြောင်မြောင်သည် ပါးစပ်ကို လက်ဖြင့် အလိုလို အုပ်မိသွားသည်။ ဘာတွေ ဖြစ်နေသလဲ သူမတို့ မသိသော်ငြားလည်း အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းပုံ ပေါ်နေသည်။
အိုးရန်ချင်းသည်လည်း မျက်လုံးကိုမှေး၍ ပြုံးလိုက်မိသည်။
ရဲ့လင်းချန်တွင် သူတို့ကို အာရုံစိုက်နေရန် အချိန်မရှိချေ။ သူသည် မျက်တောင်ပင် မခတ်ဘဲ အမိန့်နှင့် ညွှန်ကြားချက်များ ဆက်တိုက် လျွတ်နေပြီး အေးစက်စက် မျက်နှာထားနှင့် ရှိနေသည်။
သူ၏ ရင်ထဲတွင် ပြင်းထန်သော နောက်ခံ တေးဂီတသံ ထွက်ပေါ်နေသကဲ့သို့ မြည်ဟီးနေသည်။
“သူ ဒီကို ရောက်လာပြီ၊ သူ ရောက်လာပြီ၊ သူ လက်ဆောင်နဲ့အတူ ရောက်လာပြီ”
“ဟုတ်ပြီကွ”
သူ ငါးကြီးနှင့် ဆက်သွယ်မိလေပြီ။
…
တစ်ခြားတစ်ဖက်၌။
ကိုရီးယားနိုင်ငံ၏ ဟက်ကာများသည် တိုက်ခိုက်မှု၌ အပြည့်အဝ အာရုံစိုက်ထားပြီး တရုတ်၏ ဟက်ကာများ ကလည်း လက်လျှော့မည့် လက္ခဏာ မရှိချေ။ နှစ်ဖက် ဆုံလိုက်သည့်အချိန်တိုင်း ရန်ပွဲတစ်ခု ဖြစ်လာပြီး အင်တာနက်ပေါ်၌ သွေးမုန်တိုင်း ဖြစ်လာပေလိမ့်မည်။
Two of Hearts : “ဝါးဟားဟားဟား … သူတို့ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး”
King of Spades : “သူတို့အားလုံး အကောင်းဆုံး လုပ်နေကြတာပဲ၊ ဒါပေမဲ့ သူတို့ရဲ့ ပညာရှင်တွေက ငါတို့နဲ့ အများကြီး အဆင့်ကွာတယ်၊ ငါတို့ သူတို့ကို သေတွင်းဆီ ဆွဲချကြမယ်”
“ဟုတ်တယ်၊ ငါ တခြား website ကို ဟက်ပြီးပြီ၊ တရုတ်ဟက်ကာတွေ ကျဆင်းတော့မယ်၊ လာဒီ လာဒီလာ…”
ညအချိန်ကား နက်သထက် နက်လာပြီး တရုတ်တစ်နိုင်ငံလုံးမှ ဟက်ကာများသည် ကွန်ပျူတာရှေ့များ၌ နီရဲသော မျက်လုံးများနှင့် ထိုင်နေကြသည်။
“သောက်ကျိုးနည်း၊ ဒီမျိုးမစစ်ခွေးတစ်အုပ်ကတော့ကွာ၊ ငါ တစ်ညလုံး မအိပ်ဘဲ နေရမယ်ဆိုရင်တောင်မှ သူတို့နဲ့ ချမယ်ကွာ”
“မိန်းမ ကိုယ့်ကို ကော်ဖီလေး တစ်ခွက်လောက် ဖျော်ပေးပါဦး”
“ငါတို့ ဂုဏ်သိက္ခာကို ငါတို့ ပြန်မဆယ်ရင် ငါ တစ်ညလုံး အိပ်နိုင်မှာ မဟုတ်ဘူး”
“ငါတို့ ဂုဏ်သိက္ခာနဲ့ နာမည်အတွက် တိုက်ရအောင်၊ ငါ အရှုံးပေးတာထက် အသေပဲ ခံလိုက်မယ်”
အားပေး ကြွေးကြော်သံများကို နေရာတိုင်းမှ ကြားနေရသည်။ သို့သော် တိုက်ခိုက်ခံရသည့် website များက တိုးသထက် တိုးလာပြီး အခြေအနေက ပိုပို၍ အလေးမသာတော့ချေ။ ယခင်နှင့် မတူသည်က အဟက်ခံ လိုက်ရသည့် website များသည် မိနစ်ပိုင်းအတွင်း ပြန်မကောင်းတော့ပေ။
ငါး၊ တစ်ဆယ်၊ နှစ်ဆယ်။
အင်တာနက် အရေအတွက် တော်တော်များများ ကျသွားလေပြီ။ ယင်းက ကပ်ဘေးတစ်ခုလိုပင်။
“လခွမ်း၊ ဘာလို့ ဘယ်ပညာရှင်မှ ထွက်လာပြီး မကူညီတာလဲ”
“ငါတို့နိုင်ငံလို ကြီးမားတဲ့ နိုင်ငံတစ်ခုမှာ တော်လွန်းတဲ့ ဟက်ကာတစ်ယောက်တောင် မရှိဘူးလား”
“ပညာရှင် ဟက်ကာတွေ၊ မင်းတို့ ဘယ်ရောက်နေတာလဲ၊ ငါတို့ အကူအညီလိုတယ်ကွ”
အင်တာနက်ရဲများသည်လည်း ဒေါသထွက်နေကြသည်။
“ကိုရီးယားက ဟက်ကာတွေက ရက်စက်လွန်းတယ်”
“ဟမ်၊ ဘာလို့ ဝမ်ရုံနည်းပညာရဲ့ ခံစစ်က ရုတ်တရက် ပျောက်သွားတာလဲ”
“အဲ့လူတွေ ဘယ်မှာလဲ၊ သူတို့ ထွက်သွားကြတာလား၊ သူတို့ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တာလား”
“ဘုရင်လေးနဲ့ ဘုရင်ကြီးတို့ အောင်အောင်မြင်မြင်နဲ့ ထိုးဖောက်လာပြီ”
တစ်ကမ္ဘာလုံးမှ ဟက်ကာများ ပဟေဠိ ဖြစ်သွားပြီး ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို ခန့်မှန်းမရတော့ချေ။
ဘုရင်လေးနှင့် ဘုရင်ကြီးတို့ ပြုံးနေကြသည်။
*တရုတ်တွေ လက်လျှော့လိုက်သင့်တာ ကြာပြီ၊ ငါတို့ နှစ်ယောက် ပူးပေါင်းလိုက်ရင် မထိုးဖောက်နိုင်တဲ့ အင်တာနက် ခံစစ်ဆိုတာ ရှိလို့လား*
သို့သော် အဓိက ဆာဗာထဲသို့ သူတို့ ဝင်သွားချိန်တွင် သူတို့၏ အမိန့်များအားလုံး ရပ်သွားပြီး သူတို့အနေဖြင့် ရှေ့ဆက်တိုးရန် ခက်ခဲသွားသည်။ မကြာခင်မှာပင် အားကောင်းသော ကွန်ရက် စာတစ်ခုက ပြင်းထန်သော တိုက်ခိုက်မှုများကြားမှ ရုတ်တရက် ထွက်ပေါ်လာကာ သူတို့နှစ်ယောက်လုံးအား တိုက်ခိုက်လာသဖြင့် သူတို့ မတတ်သာဘဲ နောက်ဆုတ်လိုက်ရသည်။
“သောက်ကျိုးနည်း၊ ဒါက ဘာလဲ”