← Chapters

မင်းအသက်အတွက် တိုက်ခိုက်

Vol. 51 Ch. 754

မင်းအသက်အတွက် တိုက်ခိုက်

Vol. 51 Ch. 754

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသား၏ တိုက်ခိုက်မှုသည် ရဲ့လင်းချန်၏ မျက်နှာကို တန်းတန်းမတ်မတ် ချိန်ရွယ်ထားသည်။ ၎င်းသည် မလျင်မြန်သော်လည်း အလွန်အမင်း အားကောင်းသော ဖိအား ပါဝင်နေပြီး ရှောင်တိမ်းရ ခက်ခဲစေသည်။ သူ၏ ပြိုင်ဘက်များသည် ၎င်းကို တားဆီးရန်ပင် စိတ်မကူးနိုင်ဘဲ အသာတကြည် အရှုံးပေးလောက်သည်။

“ကျစ်”

ရဲ့လင်းချန်က မကျေနပ်သံပြု၍ မျက်လုံးတွင် တင်းမာသော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူ့ဘယ်လက်မှ လှံကို လွှတ်ချပြီး အရဟာ လက်သီးစွမ်းအင်ကို အားကုန်သုံး၍ ခန္ဓာကိုယ် ထွားကြိုင်းသောလူ၏ လက်သည်းကို တိုက်ခိုက်လိုက်သည်။

“ဝုန်း”

ရဲ့လင်းချန်၏ ခန္ဓာကိုယ် တုန်ခါသွားသည်။ ခန္ဓာကိုယ် ထွားကြိုင်းသောလူသည်လည်း စိတ်အခြေအနေ မကောင်းပေ။ သူတို့နှစ်ယောက် ထိပ်တိုက် တွေ့ပြီးသည်နှင့် လူချင်းခွာလိုက်ကြသည်။

သို့သော် ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားသည် ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်သည်။ သူသည် သူ၏ ဟန့်တားထားသော လက်ဖြင့် လှံကို ဖမ်းကိုင်လိုက်သည်။ ထို့နောက် သူသည် ရှေ့တိုး၍ ခြေထောက် တစ်ဖက်ကို မြှောက်ကာ ရဲ့လင်းချန်၏ ဗိုက်ကို ကန်လိုက်လေသည်။

သူ၏ လှုပ်ရှားမှုတိုင်းက ရိုးရှင်းပြီး တည့်တိုးဆန်သော်လည်း သူ ထုတ်လွှတ်နေသော ဖိအားက အလွန် ကြီးမားပြီး တန်ပြန် တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။

သူ့ရှေ့တွင် တန်ပြန် တိုက်ခိုက်ရန် စိတ်ပင် မကူးနိုင်ဟု ဆိုရပေမည်။

တစ်ဖက်တွင်မူ ရဲ့လင်းချန်သည် ထိုတိုက်ခိုက်မှုကို အသုံးချ၍ လျင်မြန်စွာ နောက်ဆုတ်နေသည်။ သို့သော် သူ နောက်ဆုတ်နေချိန်မှာပင် ညာဘက်ကို မြှောက်ကာ လက်သည်းပုံစံ ပြောင်း၍ လှံရှည်အား လေထဲမှ လှမ်းဆွဲလိုက်သည်။

လက်သည်း၏ အရိပ်က လှစ်ခနဲ ပျောက်ကွယ်သွားပြီး လှံတံက ခန္ဓာကိုယ် ထွားကြိုင်းသောလူ၏ လက်ထဲမှ အမှန်တကယ် လွတ်မြောက်သွားပြီး ရဲ့လင်းချန်ထံသို့ ပြန်ရောက်သွားသည်။

ရဲ့လင်းချန်သည် သူတို့နှစ်ယောက်ကြား၌ အကွာအဝေးတစ်ခု ထားလိုက်သည်။ သူ၏ မျက်လုံးများက စူးရှနေပြီး လှံထိပ်အား ပြိုင်ဘက်ဘက်သို့ ချိန်ရွယ်ထားသည်။

ပြောင်းလဲမှုက ခဏတာသာ ဖြစ်သော်လည်း ၎င်းက အလွန်အမင်း အန္တရာယ် များလှပြီး နည်းနည်းလေးမှ သတိလွတ်သွား၍ မဖြစ်ပေ။

ထိုခန္ဓာကိုယ် ထွားကြိုင်းသောလူသည် ထပ်မံ၍ ရပ်တန့်သွားပြီး နေကာမျက်မှန်အောက်မှ ရဲ့လင်းချန်ကို စိုက်ကြည့်လာသည်။ အလွန်အမင်း ပြင်းထန်သော ဖိအားတစ်ခုက ရဲ့လင်းချန်အပေါ် ဖိနှိပ်လာ၏။

ရဲ့လင်းချန်သည်လည်း မလှုပ်ပေ။ သူသည် လုံးဝ မပင်ပန်းသကဲ့သို့ လှံကို မြင့်မြင့် မြှောက်ထားလေသည်။

“အောင်တယ်”

ခန္ဓာကိုယ် ထွားကြိုင်းသောလူက ရုတ်တရက် ကြေညာလာသဖြင့် ရဲ့လင်းချန် အနည်းငယ် မှင်တက်သွားသည်။

“တက်တော့”

ခန္ဓာကိုယ် ထွားကြိုင်းသောလူ၏ အသံက အလွန် ဩရှသည်။ သူသည် စကားနည်းသောသူ ဖြစ်ပြီး နောက်လှည့်ကာ ရဟတ်ယာဉ်ပေါ် ချက်ချင်း တက်သွားလေသည်။

ရဲ့လင်းချန် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လှံကို ပြန်သိမ်းကာ ရဟတ်ယာဉ်ပေါ် လိုက်တက်လိုက်သည်။

“ဒါ စမ်းသပ်မှုပဲ၊ အောင်တဲ့သူတွေပဲ နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီတယ်”

ရဟတ်ယာဉ်၏ လေယာဉ်မှူးက လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်သည်။ သူက ပြုံး၍ ရဲ့လင်းချန်ကို ရှင်းပြလာသည်။

“ပြိုင်ပွဲဝင်တိုင်းက ဒီစမ်းသပ်မှုကို ဖြတ်ကျော်ခဲ့ရတာ”

ရဲ့လင်းချန် စဉ်းစားနေပြီးနောက် ခေါင်းညိတ်လိုက်သည်။

နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲ၏ အရေးပါမှုက သိသာလှသည်။ ထိုသို့သော စမ်းသပ်မှု စီစဉ်ထားခြင်းက ကျိုးကြောင်း ဆီလျော်သော်လည်း သူ့အား တကယ်ပင် အံ့အားသင့်စေခဲ့သည်။ ထိုလူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါက အတုအယောင် မဟုတ်ပေ။ သူသာ လုံလုံလောက်လောက် မသန်မာခဲ့လျှင် အသက်ရှင်လျှင်တောင်မှ ဒဏ်ရာ အပြင်းအထန် ရလိမ့်မည်ဟု ခံစားခဲ့ရသည်။

သူသည် သူ့ဘေးမှ ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် ထိတ်လန့်မိနေဆဲပင်။

“စစ်သည်တော်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ရဘူး၊ သွေးကြောင်တဲ့ကောင်တွေ သေမှာပဲ”

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက ထိုင်ခုံကို မှီရင်း အေးအေးလူလူ ပြောလိုက်သည်။

ရဲ့လင်းချန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက နောက်နေခြင်း မဟုတ်ကြောင်း သူ ပြောနိုင်သည်။ ဤစစ်သည်တော်သည် သူ ယခင်က တွေ့ခဲ့ဖူးသည့် အခြား စစ်သည်တော်များနှင့် အလွန် ခြားနားပေသည်။

သူက လေယာဉ်မှူးကို ကြည့်၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒီစမ်းသပ်မှုရဲ့ အဆင့်သတ်မှတ်ချက် ရလဒ်တွေက ဘယ်လိုရှိလဲ၊ အောင်တယ်ဆိုတဲ့ အဆင့်ပဲ ရှိတာလား”

“ဘယ်ဟုတ်မလဲ”

လေယာဉ်မှူးက ခေါင်းခါသည်။

“အောင်တယ်ဆိုတာ အနိမ့်ဆုံး အဆင့် သတ်မှတ်ချက်ပဲ၊ ထူးချွန်အဆင့်နဲ့ အပြီးပြည့်စုံဆုံးအဆင့်ဆိုတဲ့ အဆင့်တွေလဲ ရှိတယ်”

ယခုတစ်ခေါက်၌ ရဲ့လင်းချန် အမှန်တကယ် အံ့အားသင့်သွားလေသည်။

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားကို သူ ထပ်ကြည့်လိုက်မိသည်။ အစောပိုင်းက သူ၏ စွမ်းဆောင်ရည်ကို ထူးချွန်သည်ဟု သူ ထင်ခဲ့မိသော်လည်း အောင်ရုံအဆင့်သာ ရှိသည်တဲ့လား။

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက ပြောလာသည်။

“မင်း ထုတ်ထားခဲ့တဲ့ လူသတ်ချင်တဲ့ အငွေ့အသက်က အရမ်း အားနည်းလွန်းတယ်၊ မင်း တိုက်ပွဲမစခင် ကြောက်နှင့်နေပြီ၊ မင်းရဲ့ အာရုံကလည်း လုံလုံလောက်လောက် နိုးကြားမှုမရှိသလို မင်းရဲ့ တိုက်ခိုက်မှုတွေက ပြတ်သားမှု မရှိဘူး၊ မင်းရဲ့ လှုပ်ရှားမှုတွေကလည်း ကြမ်းတမ်းမှု ကင်းမဲ့နေပြီးတော့ ပုံစံတွေက အရမ်း တောင့်တင်း နေတယ်၊ မင်း အဆုံးသတ်မှာ မင်းလက်နက်ကို ပြန်မယူခဲ့ရင် မင်း ထုတ်ပယ်ခံရလောက်တယ်”

နောက်ဆုံးစကားက စည်းကျော်သလို ခံစားလိုက်ရသည်။ ထိုစကားကြောင့် ရဲ့လင်းချန်၏ မျက်နှာက ချက်ချင်း ရှုံ့မဲ့သွားသည်။ သူ အလကားသက်သက် ဝေဖန်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

“ခင်ဗျားက ကျွန်တော့်ကို လာကြိုတာ မဟုတ်ဘူးလား၊ ကျွန်တော်က ဘာလို့ သတိထားနေရမှာလဲ”

သူ မနေနိုင်ဘဲ ခွန်းတုံ့ပြန်လိုက်သည်။ ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက ခနဲ့လေသည်။

“ဟမ့် … မင်း အဲ့စိတ်ဓာတ်နဲ့သာ ဆက်သွားနေရင် သေသွားလိမ့်မယ်”

“ညီလေး၊ ထျဲကျွင်း ပြောတာ မှန်တယ်၊ မင်းလက်ထဲက လှံက လက်နက်ကောင်း တစ်ခုပဲ၊ အဲ့ဒါကိုသာ လူယုခံလိုက်ရရင် မင်း ထုတ်ပယ်ခံရရုံတင် မကဘူး၊ လက်နက်နဲ့ မင်းဆီ ပြန်ရောက်လာမှာ မဟုတ်ဘူး”

လေယာဉ်မှူးက ဝင်ပြောလာ၏။

ထိုစကားများသည် အဓိပ္ပာယ် မရှိဟု ထင်ရသော်လည်း သူတို့ အမှန်ကို ပြောနေသည်ဟု ရဲ့လင်းချန် ခံစားလိုက်ရသည်။

သူ၏ အမူအရာက အနည်းငယ် ရှုပ်ထွေးနေ၏။ အစက သူ၏ ခွန်အားက နောက်တစ်ဆင့်သို့ ရောက်ပြီးနေပြီဟု သူ ထင်ခဲ့ပြီး သိုင်းပညာရှင်များကြားတွင် အားနည်းသူတစ်ယောက် မဟုတ်တော့ဟု ထင်မှတ်ထားခဲ့သည်။ စနစ်နှင့် ဇာတ်လိုက် တစ်ဦး ဖြစ်သောကြောင့် သူသည် အဆင့်တူများထဲ၌ သေချာပေါက် ပြိုင်ဘက်ကင်း ဖြစ်ပေသည်။ ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသား၏ အဆင့်ကို ကျော်နိုင်ရန် သူ့အတွက် မခက်ခဲသင့်ပါ။ သို့သော် ယနေ့တွင် သူ မလိုမုန်းထားစိတ်ကို အမှန်တကယ် ခံစားမိသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်သာ ဖြစ်ပြီး သူနှင့် တစ်ဆင့်သာ ကွာခြားသည်။ သို့သော် သူတို့က အဆင့်တူများ မဟုတ်သကဲ့သို့ ကြီးမားသော ကွာဟချက်ကို ခံစားမိနေသည်။ သူ၏ လှုပ်ရှားမှုများက အလွန် ရိုးရှင်းပြီး အားပြင်းသော တိုက်ကွက် မဟုတ်ချေ။ ဘယ်လိုလုပ် ၎င်းက အလွန် အားကောင်းနေရသနည်း။

ရဟတ်ယာဉ်က ဆက်လက်၍ ပျံသန်းနေ၏။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရဲ့လင်းချန်က ညင်သာစွာ ပြောလာသည်။

“ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်”

“ရှန်းကော်ချန်က မင်းကို အများကြီး မျှော်လင့်ထားတာ၊ ဒါပေမဲ့ မင်းက အရမ်း နုသေးတယ်၊ မင်း သင်ယူဖို့ လိုအပ်တာတွေ အများကြီး ရှိတယ်၊ သူ့ထောက်ခံချက်ကြောင့်သာ မဟုတ်ရင် ငါ မင်းကို ရွေးဖို့ စဉ်းတောင် စဉ်းစားမှာ မဟုတ်ဘူး”

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက ပေါ်တင် ပြောလာ၏။

“ကျွန်တော် သေချာပေါက် နိုင်မှာပါ၊ ကျွန်တော် တရုတ်နိုင်ငံကို အရှက်ရအောင် မလုပ်ပါဘူး”

ရဲ့လင်းချန်က ပြောလိုက်သည်။

“ဟဲဟဲ … မင်းက အခြားသူတွေနဲ့ တိုက်ခိုက်ဖို့ သတ္တိတောင် မရှိတာ၊ ဒါကို မင်းက နိုင်ချင်သေးတာလား”

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက လှောင်ရယ်လေသည်။

“မင်း တိုက်ခိုက်တဲ့အချိန် မင်းရင်ထဲမှာ ကြောက်စိတ်နဲ့ ပြည့်နေတာကို ငါ ခံစားမိတာ”

ရဲ့လင်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြန်ပြောလိုက်သည်။

“ခင်ဗျားအသက်နဲ့ ရင်းပြီး တိုက်ခိုက်စရာ မလိုဘူးလေ၊ ခင်ဗျား ဘာလို့ အဲ့လိုလုပ်ဖို့ ရွေးရမှာလဲ”

“ဟားဟားဟား … မလိုဘူး ဟုတ်လား၊ စစ်သည်တော်တစ်ယောက် အနေနဲ့ ဒီလိုစကားမျိုး မရှိသင့်ဘူး”

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက ဟာသတစ်ခုကို ကြားလိုက်ရသည်ဟု ထင်မှတ်သွားသည်။

“ခုနက မင်းရဲ့ စွမ်းဆောင်ရည်အရ ငါ မင်းကို ထုတ်ပယ်ပြီး နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲကို ဝင်မပါနိုင်အောင် ရပ်လိုက်လို့ ရတယ်၊ ဒါကိုတောင် မလိုအပ်ဘူးလို့ မင်း ထင်လား”

သူ ရဲ့လင်းချန်ဘက် ခေါင်းစောင်း၍ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက နေကာမျက်မှန်အောက်၌ ပုန်းကွယ်နေသော်လည်း သူ့အကြည့်က စူးရှနေဆဲ ဖြစ်သည်။

“မင်း တကယ်ပဲ မယှဉ်နိုင်လို့လား၊ မင်းက ကြောက်နေတာပါ၊ ငါတို့ မင်းနဲ့ ပတ်သက်ပြီး အားလုံး သိတယ်၊ မင်းအသက်နဲ့ ရင်းပြီး တိုက်ရဲရင် ငါက မင်းပြိုင်ဘက်တောင် မဟုတ်နိုင်လောက်ဘူး၊ ဒါပေမဲ့ မင်း ပြန်တိုက်ရဲတဲ့ သတ္တိ မရှိဘူး၊ အဲ့ဒါကြောင့် မင်း လုံးဝ ရှုံးသွားတာ၊ မလိုအပ်ဘူး ဟုတ်လား၊ အဲ့ဒါ ဆင်ခြေ သက်သက်ပဲ”

ရဲ့လင်းချန် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်ချေ။

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသား၏ လှုပ်ရှားမှုများက ရှုပ်ထွေးခြင်းမရှိ၊ ပွင့်လင်းကာ ထိန်းချုပ်မှု မရှိပေ။ သူကိုယ်တိုင်၌ လှည့်ကွက်များစွာ ရှိသော်လည်း ၎င်းတို့အားလုံးကို မသုံးနိုင်သည်အထိ ဖိနှိပ်ခံခဲ့ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက သန်မာလွန်း၍ သူ ထိုသို့ ဖြစ်ရသည်ဟု ယခုလေးတင် သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့သည်။ လက်ရှိတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နေမိသည်။ အရာအားလုံးသည် သူကိုယ်တိုင် ကြောက်ရွံ့စိတ် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

“စစ်သည်တော်တွေက တိုက်ကို တိုက်ခိုက်ရမယ်၊ ရှန်းကော်ချန်လဲ မင်းကို အဲ့အကြောင်း ပြောကိုပြောမှပဲ၊ ဟုတ်တယ်မလား၊ ဒါပေမဲ့ အဲ့ဒါ ဘာကို ဆိုလိုတာလဲဆိုတာကို မင်း နားမလည်သေးတဲ့ပုံပဲ”

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက အေးစက်စွာ ပြောပြီး လက်တစ်ဖက်ကိုမြှောက်၍ နေကာမျက်မှန်ကို ချွတ်လိုက်သည်။

ထိုအခါတွင်မှ နေကာမျက်မှန်အောက်မှ မျက်နှာကို ရဲ့လင်းချန် တွေ့လိုက်ရသည်။ သူ မြင်လိုက်ရပြီးနောက် လုံးလုံးလျားလျား မှင်တက်သွားရလေသည်။

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသား၏ ဘယ်ဘက်မျက်လုံးပေါ်တွင် ဓားဒဏ်ရာတစ်ခုက ဘယ်ဘက် မျက်ခုံးစွန်းမှ စဖြစ်လာခဲ့သည်။ ဓားဒဏ်ရာက အလွန်နက်၏။ ၎င်းက ညာဘက်သို့ စောင်းသွားပြီး မျက်လုံးတစ်လျှောက်မှ နှာတံအထိ ဆင်းသွားသည်။

သူ၏ ဘယ်ဘက်မျက်လုံးက မမြင်ရချေ။ သူ့တွင် သူငယ်အိမ်ပင် မရှိပေ။

“ရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ လူသားတွေ တကယ်ကို စည်းလုံးသွားကြတယ်၊ ဒါပေမဲ့ တိုက်ပွဲပြီးလို့ အောင်ပွဲခံ ပစ္စည်းတွေ ခွဲဝေတာနဲ့ စစ်ပွဲအသစ် မကြာခဏ ဖြစ်ပေါ်တတ်တယ်၊ ငါ့ဒဏ်ရာက စစ်သည်တော် တစ်ယောက်ကြောင့် ရလာတာ၊ စစ်သည်တော်တွေက တိုက်ကို တိုက်ခိုက်မယ်၊ သူတို့ တိုက်ခိုက်ရတာက အရင်းအမြစ်အတွက်တင် မကဘူး၊ သူတို့အသက်အတွက်လဲ ပါတယ်”

All Chapters