← Chapters

ရင်းရင်းနှီးနှီး ပြောဆိုတာက ရိုးနေပြီ၊ ပိုက်ဆံအကြောင်း ပြောရအောင်

Vol. 34 Ch. 506

ရင်းရင်းနှီးနှီး ပြောဆိုတာက ရိုးနေပြီ၊ ပိုက်ဆံအကြောင်း ပြောရအောင်

Vol. 34 Ch. 506

“ဝုန်း”

နံပါတ်ခြောက်သည် ခွေးသေတစ်ကောင်သဖွယ် အနောက်သို့ လွင့်ထွက်သွားပြီး နံပါတ်လေးအနား၌ ပစ်လဲသွားသည်။

ရဲ့လင်းချန်က သူတို့အနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သူတို့ကို လေ့လာလေသည်။

သူတို့သည် အရင်ပုံစံသို့ ပြန်မပြောင်းသေးသော်လည်း သူတို့၏ ခန္ဓာကိုယ်များက တုန်နေသည်။ ယင်းက အသိစိတ် စွမ်းရည် လွတ်တော့မည့် ရှေ့ပြေးနိမိတ်လိုပင်။ သူတို့သည် မကြာခဏ သွားများဖြဲ၍ အချိန်နှင့်အမျှ သားရဲများသဖွယ် မာန်ဖီနေလေသည်။ သူတို့၏ မျက်နှာများက ရှုံ့မဲ့နေပြီး သူတို့၏ ခြေလက်များနှင့် လက်သည်းများကို အသည်းအသန် ဆန့်တငင်ငင် ဆွဲနေသည်။ သူတို့သည် ကြောင်ရိုင်းများနှင့် ခွေးရိုင်းများကဲ့သို့ မြေကြီးပေါ် လဲနေ၏။

“သူတို့ရဲ့ လူ့အသိစိတ်က စပြီးတော့ လျော့နည်းလာပြီပဲ”

ရဲ့လင်းချန်က အနည်းငယ် မျက်ခုံးပင့်၍ တစ်ကိုယ်တည်း ပြောလိုက်သည်။

ထိုဖြစ်စဉ်ကို ဆုတ်ယုတ်ခြင်းဟု အမည်တပ်ရပေမည်။ သို့သော် လူသားများသည် သဘာဝအားဖြင့် ထိုသို့သော အပြုအမူနှင့် မဆုတ်ယုတ်တတ်ပါ။ ယင်းက လူသား၊ ကြောင်နှင့် ခွေးတို့ကို မျိုးစပ်ထားခြင်းလေလော။

“မျိုးရိုးဗီဇလား”

ရဲ့လင်းချန်သည် ယခုအထိ ထိတ်လန့်နေသေးသော တုန်းမြောင်မြောင်ကို လှမ်းကြည့်ပြီး စိတ်ထဲ၌ တစ်စုံတစ်ရာကို ခန့်မှန်းမိသွားသည်။

“သခင်လေးရဲ့၊ မင်းက အံ့ဩဖို့ကောင်းတာပဲ”

လီကျင့်နှင့် အလီတို့က ပြိုင်တူ ပြောလာသည်။ သူတို့သည် ထိတ်လန့်ဖွယ်ကောင်းသော ရဲ့လင်းချန်ကို ကြည့်ပြီး စိတ်ထဲ၌ ပို၍ စိတ်လှုပ်ရှားလာကြသည်။

*အံ့ဩဖို့ကောင်းလွန်းတယ်*

*ဒါ ယောက်ျားတစ်ယောက်ရဲ့ ဝိသေသပဲ*

သူတို့သည် သိုင်းပညာကို နှစ်ခြိုက်ပြီး သူတို့ကိုယ်သူတို့ စစ်မြေပြင်၌ ပြေးလွှား၍ တိုက်ခိုက်နေသည်ကို စတင်၍ စိတ်ကူးယဉ်လာကြသည်။ ပြိုင်ဘက်ကင်းသော ခွန်အား ပိုင်ဆိုင်ထားသည့် မြင်ကွင်းက အလွန် ကြည့်ကောင်း နေမှာ သေချာပေသည်။

သခင်လေးရဲ့၏ အဆင့်သို့ သူတို့ ရောက်သွားသည့်အခါတွင် သူတို့သည် အင်အားကြီးသူကို အပြစ်ပေးနိုင်ပြီး အားနည်းသူကို ကူညီနိုင်ကာ သူရဲကောင်းတစ်ယောက် ဖြစ်လာမည်လော။ ယင်းက ဘဝ၏ အထွတ်အထိပ်ပင်။

“မင်းတို့နှစ်ယောက်၊ စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်တော့၊ ဒီနှစ်ယောက်ကို မြန်မြန် သယ်သွားလိုက်”

ရဲ့လင်းချန်၏ စကားက သူတို့ကို စိတ်ကူးယဉ်နေရမှ ချက်ချင်း သတိဝင်လာစေပြီး ခပ်ရှက်ရှက်နှင့် လျှာထုတ် လိုက်မိသည်။

“ကောင်းပါပြီ သခင်လေးရဲ့”

“သခင်လေးရဲ့၊ ဒီနှစ်ယောက်က ဘာတွေလဲ၊ သူတို့က လူလည်း မဟုတ်သလို သရဲလည်း မဟုတ်ဘူး”

လီကျင့်နှင့် အလီတို့ နှစ်ဦးစလုံးက နံပါတ်လေးနှင့် နံပါတ်ခြောက်တို့ကို စက်ဆုပ်သောအကြည့်ဖြင့် ကြည့်၍ မေးလာသည်။

“ဒါ ကြောင်မိစ္ဆာနဲ့ ခွေးမိစ္ဆာပဲ”

ရဲ့လင်းချန်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

“သူတို့ကြောင့် မင်းတို့ ဒဏ်ရာရသွားတာဆိုတော့ မင်းတို့ကိုယ်ထဲမှာ ကြောင်နဲ့ ခွေးရဲ့ အဆိပ်တွေ ရှိနေပြီ၊ မင်းတို့ အချိန်မီ မကုရင် ဒီလိုမျိုး‌ ပြောင်းသွားလိမ့်မယ်”

“သေစမ်း”

လီကျင့်နှင့် အလီတို့သည် စိတ်အေးလက်အေး ရှိနေရာမှ စက္ကူကဲ့သို့ ဖြူရော်လာသည်။ ယောက်ျားဘသားကြီး နှစ်ယောက်၏ မျက်လုံးတွင် မျက်ရည်များ စတင်ရစ်ဝဲလာ၏။

“မဖြစ်ဘူး … အဲ့လို မဖြစ်နိုင်ပါဘူး၊ သခင်လေးရဲ့၊ မင်း … မင်း နောက်နေတာ မဟုတ်လား”

သူတို့နှစ်ယောက်သည် ပြောရင်း တုန်လှုပ်လာကာ ရဲ့လင်းချန်အား ကူကယ်ရာမဲ့စွာ ကြည့်လာကြသည်။

“ကျွန်တော်တို့ကို ကယ်ပါဦး သခင်လေးရဲ့၊ ကျွန်တော် အဲ့လိုပုံစံမျိုးကို မပြောင်းသွားချင်ဘူး”

သူတို့သည် စိတ်ထဲ၌ ကြောက်လန့်စရာများကို စတင်၍ တွေးနေမိသည်။ အဆိပ်မိပြီး သူတို့၏ မိသားစုများနှင့် မကြာခင် ခွဲခွာရလောက်သည်။ ထို့နောက် လောကကြီးအား မထိခိုက်စေရန် သူတို့ မီးပင်လယ်ထဲသို့ ခုန်ချ၍ သူတို့ကိုယ်သူတို့ မြှုပ်နှံရမည်။

တရားမျှတမှု၊ သူတို့ ထိုသို့ လုပ်ခဲ့ခြင်းမှာ လုပ်သင့်သော အရာ ဖြစ်သောကြောင့် ဖြစ်ပြီး ပိုကောင်းသော လောကကြီး ဖြစ်လာရန် ဖြစ်သည်။

သူတို့ အလိုလို မျက်ရည်ကျလာကြသည်။

“မင်းတို့က တကယ်ကို သရုပ်ဆောင်ကောင်းတာပဲ၊ သတိဝင်တော့၊ သွားဖို့ အချိန်တန်ပြီ”

ရဲ့လင်းချန်သည် သူတို့၏ အသည်းအသန် ပြောင်းလဲနေသော အမူအရာများကို ငြိမ်ကြည့်နေပြီးမှ ဝင်ပြောလိုက်သည်။

“ဒီနှစ်ယောက်ကို ငါ့နေရာဆီ မြန်မြန်သယ်သွားကြ”

ထို့‌နောက် သူသည် တုန်းမြောင်မြောင်ထံသို့ လျှောက်သွားလေသည်။

တုန်းမြောင်မြောင်သည် သူမထံ ဖြည်းဖြည်းချင်း လှမ်းလာသော ရဲ့လင်းချန်ကို ကြည့်ပြီး သွေးမရှိတော့သလို ခံစားလိုက်ရသည်။ သူမ ချက်ချင်း မျက်လုံး မှိတ်ချလိုက်သည်။

“ကျွန်မ ဘာမှမမြင်လိုက်ဘူး၊ ရှင် ဘယ်သူလဲ ကျွန်မ မသိဘူး၊ အာ … ကျွန်မက မျက်မမြင်ပါ၊ ကျွန်မက မျက်စိမမြင်တဲ့သူ တစ်ယောက်ပါ”

သူမက ဗလုံးဗထွေး ပြောနေလေသည်။ သူမအသံက အက်ကွဲနေပြီး မြေကြီးပေါ် လဲကာ တုန်ယင်နေ၏။

“ဒီနေ့ ညတာက မှောင်မိုက်ပြီး လေပြင်းတယ်နော်၊ ငါတို့ ရင်းရင်းနှီးနှီး ပြောဆိုသင့်တယ်လို့ မထင်ဘူးလား တုန်းမိန်းကလေး”

ရဲ့လင်းချန်က မချိုမချဉ်ပြုံး၍ အနားသို့ လျှောက်သွားသည်။

“ရင်းရင်းနှီးနှီး ပြောဆိုတာက ရိုးနေပြီ၊ ပိုက်ဆံအကြောင်း ပြောရအောင်၊ ကျွန်မမှာ ပိုက်ဆံရှိတယ်၊ ကျွန်မ ပိုက်ဆံနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရွေးမယ်၊ ကျွန်မကို သွားခွင့်ပေးပါ …”

တုန်းမြောင်မြောင်က မျက်ရည်များ စီးကျလျက်နှင့် အလျင်စလို ပြောလေသည်။

ယနေ့ည သူမ အပြင်းအထန်‌ ခြောက်ခြားသွားမှန်း သိသာပေသည်။ သူမ၏ အတွေးအမြင်များအားလုံး ပြောင်းလဲသွားပြီး သူမစိတ်က ပြိုလဲလုနီးပါး ဖြစ်နေသည်။ ရဲ့လင်းချန်သည် သူမကို ဆက်စနေပါက မကောင်းသလို ဖြစ်မည်ဟု ခံစားလာရသဖြင့် ပြန်ပြောလိုက်သည်။

“ကဲ တုန်းမိန်းကလေး၊ ပြဿနာကို ဖြေရှင်းပြီးသွားပါပြီ၊ မင်း စိုးရိမ်စရာ မလိုတော့ပါဘူး”

*အာ*

တုန်းမြောင်မြောင်သည် တစ်ခဏမျှ အံ့ဩသွားပြီးနောက် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက နီရဲနေပြီး မျက်ရည်များက ပုလဲလုံးများသဖွယ် ကျဆင်းနေသည်။ သူမက ရဲ့လင်းချန်ကို အပြစ်ကင်းမဲ့၍ သနားစဖွယ်ကောင်းစွာ ကြည့်လာသည်။

“တ…တ…တကယ်လား”

“ငါက စစ်သည်တော်ဌာနက၊ ပြီးတော့ ဒီလိုမိစ္ဆာမျိုးတွေကို ရှင်းတဲ့နေရာမှာ ငါက အထူးတာဝန်ယူထားရတာ”

ရဲ့လင်းချန်က သူ၏ စစ်သည်တော်ဌာန တံဆိပ်ပြားကို ပြ၍ အပြုံးနှင့် ပြောလိုက်သည်။

“စစ်သည်တော်ဌာနလား”

တုန်းမြောင်မြောင်က ရဲ့လင်းချန်၏ တံဆိပ်ကို ကြည့်ပြီးနောက် ရဲ့လင်းချန်ကို တစ်ချက် ပြန်ကြည့်သည်။ သူမ သေချာသွားသောအခါ သူမ၏ ပြင်းထန်သော နှလုံးသားက အနည်းငယ် တည်ငြိမ်လာသည်။

“ကျွန်မ … ကျွန်မ တကယ်ပဲ အဆင်ပြေမှာလား”

“ဟုတ်တယ်၊ မင်း အဆင်ပြေတယ်”

ရဲ့လင်းချန်က ပြုံးနေသည်။

“မတွေ့ရတာ ကြာပြီနော် တုန်းမိန်းကလေး”

“မ…မတွေ့ရတာ ကြာပြီ”

တုန်းမြောင်မြောင်က တီးတိုးပြောသည်။ သူမသည် မြေကြီးပေါ် လဲ၍ အူနေသော နှစ်ယောက်ကို ကြည့်ပြီး ရင်တုန်ပန်းတုန် ဖြစ်သွားလေသည်။

“ဒီပြဿနာနဲ့ ပတ်သက်ပြီး ငါ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ် တုန်းမိန်းကလေး”

အားလုံးက ထူးဆန်းသော လူနှစ်ယောက်ကို သယ်၍ တောင်ကျစမ်းရေ အိမ်ရာသို့ ပြန်လာကြသည်။

လမ်း၌ ရဲ့လင်းချန်သည် တုန်းမြောင်မြောင် ဘာတွေဖြစ်ခဲ့သလဲ သိသွားရသည်။

ရဲ့လင်းချန် ထင်ထားသည့်အတိုင်းပင် ထိုလူနှစ်ယောက်သည် မျိုးရိုးဗီဇ ကုမ္ပဏီမှ ဖြစ်သည်။ တုန်းမြောင်မြောင်သည် သူတို့၏ သုတေသနကို ခိုးကြည့်၍ သူမကို လိုက်ဖမ်းကြခြင်း ဖြစ်သည်။

သူတို့သည် သူတို့၏ ခွန်အားကို ပြသနိုင်သည့် အခွင့်အရေးက နည်းပါးလွန်း၍ ခွန်အားကို ဖိနှိပ်ထားခဲ့ပုံပင်။ ကြောင်နှင့်ကြွက်ကဲ့သို့ ကစားမည်ဟူသော အတွေး ဝင်လာကြပြီး သူတို့သည် အရူးသဖွယ် ရယ်မော၍ သူမကို မရပ်မနား လိုက်ဖမ်းကြသည်။ သူတို့သည် တုန်းမြောင်မြောင်ကို တန်းဖမ်းမည့်အစား သူမကို တမင် ခြောက်လှန့် ချင်ခဲ့သည်။

ရဲ့လင်းချန် တုန်းမြောင်မြောင်ကို တစ်ချက်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ဤအမျိုးသမီးက သန်မာ၍ ထက်မြက်သည်ဟု သူ ယခင်က ခံစားမိသော်လည်း သူမက သူ ထင်ထားသည်ထက် ပို၍ သန်မာနေ၏။

ချွမ်းမြောင်ကျန်းမာရေး စောင့်ရှောက်မှု၏ ယခင်ပစ္စည်းမှာ ချွမ်းမြောင်ဆေးဝါးလုပ်ငန်းဖြစ်ပြီး အဓိကအားဖြင့် ဆေးဝါးထုတ်လုပ်ခြင်း ဖြစ်သည်။ သို့သော် သူမဖခင် သေဆုံးမှုက သူမကို အသက်ငယ်ငယ်လေးဖြင့် ကုမ္ပဏီတစ်ခုလုံးကို ထမ်း၍ ဦးစီးရလေသည်။ သူမသည်လည်း ဆုံးဖြတ်ချက် ပြတ်သားသူ တစ်ဦးဖြစ်သည်။ ကုမ္ပဏီက အခက်ခဲဆုံးအချိန်နှင့် ရင်ဆိုင်နေခဲ့ရသည်။ သူမဖခင်သည် ကုမ္ပဏီအား ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုအဖြစ် မတည်ထောင်နိုင်ခဲ့သဖြင့် သူမက ဦးတည်ချက်ပြောင်း၍ ကျန်းမာရေး စောင့်ရှောက်မှုကို အာရုံစိုက်ခဲ့သည်။

၎င်း၏ ဆေးဝါး အခြေခံကြောင့် ချွမ်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုသည် ကျန်းမာရေး စောင့်ရှောက်မှု ဈေးကွက်၌ လွှမ်းမိုးနိုင်သူ မဖြစ်လာသော်လည်း အလွယ်တကူ စီးပွားရေး ခြေကုပ် ရလာခဲ့သည်။ အကယ်၍ တုန်းမြောင်မြောင်သာ ဆက်လက် ဦးဆောင်နိုင်ခွင့် ရှိပါက ကျန်းမာရေး စောင့်ရှောက်မှု လောက၌ လွှမ်းမိုးသူ တစ်ဦး ဖြစ်လာနိုင်လောက်သည်။

သို့သော် တုန်းမြောင်မြောင်သည် ငယ်ရွယ်လွန်းနေပြီး လူအများအား သူမ၏ အောင်မြင်မှုကို ယုံကြည်အောင် လုပ်ရန် အခက်အခဲ ရှိခဲ့သည်။ သူမသည် အမြဲတမ်း ကုမ္ပဏီ၏ အကြီးအကဲများထံမှ ပစ်မှတ်ထားခြင်း ခံရပြီး အားကုန်ကြိုးစား၍ ဖြေရှင်းခဲ့သည်။ အမာတဲရာစု၏ ဝင်ရောက်နှောင့်ယှက်ခြင်းက ထိုမျှချေကို ဖျက်ဆီး သွားခဲ့လေသည်။

အကြောင်းပြချက်မှ ဧရာမ စပါးအုံးမြွေကြီး၏ အသားကြောင့်မှတစ်ပါး အခြားမရှနိုင်ပါ။

မျိုးရိုးဗီဇ ကုမ္ပဏီသည် ချွမ်းမြောင်ကျန်းမာရေး စောင့်ရှောက်မှု၏ စီနီယာ အကြီးပိုင်းများနှင့် လျှို့ဝှက်ပူးပေါင်း၍ ချွမ်းမြောင် ကျန်းမာ‌ရေး စောင့်ရှောက်မှုအား လွယ်ကူစွာ သိမ်းပိုက်နိုင်ခဲ့သည်။ တုန်းမြောင်မြောင် တစ်ယောက် တည်း ပြန်မခုခံနိုင်သဖြင့် စပါးအုံးမြွေ အသားက အမာတဲရာစု မျိုးရိုးဗီဇ ကုမ္ပဏီ၏ လက်ထဲသို့ ကျရောက် သွားလေသည်။

သို့သော် တုန်းမြောင်မြောင်သည်လည်း ရက်စက်သော လူတစ်ဦး ဖြစ်သည်။ ကုမ္ပဏီသည် သူမဖခင်၏ သွေးနှင့်ရင်း၍ အားထုတ်ခဲ့သော ရလဒ် ဖြစ်သဖြင့် သူမ လက်မလွှတ်ချင်ဘဲ ကုမ္ပဏီကို ပြန်သိမ်းချင်ခဲ့သည်။

ဤအတောအတွင်း သူမသည် အမာတဲရာစု မျိုးရိုးဗီဇနှင့် ပတ်သက်သော သတင်းများကို စုံစမ်းခဲ့သည်။ ယနေ့တွင် သူမသည် အမာတဲရာစု မျိုးရိုးဗီဇအား ညဘက်၌ စူးစမ်းလိုသည့် အကြံတစ်ခု ရလာခဲ့လေသည်။

သူမသည် အလွန် သန်မာသော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ပုံမှန်မဟုတ်သော အရာနှင့် ရင်ဆိုင်ရ သောအခါ သူမအတွေးအမြင်များ ပျက်စီးသွားလေသည်။

“ကျွန်မ … ကျွန်မ အမာတဲရာစု မျိုးရိုးဗီဇဆီမှာ တိရစ္ဆာန် အသေကောင်တွေ အများကြီး တွေ့ခဲ့ရတယ်”

တုန်းမြောင်မြောင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်နေသည်။ သူမ ဆိုးရွားသော မြင်ကွင်းများအား ပြန်တွေးနေမှန်း ထင်ရှားပေသည်။

“အဲ့ဒါတင် မဟုတ်သေးဘူး၊ အဲ့ဒီမှာ အဖမ်းခံထားရတဲ့ အိမ်ရာမဲ့လူတွေနဲ့ ကလေးလေးတွေ အများကြီး ရှိတယ်၊ အဖြူရောင် ဓာတ်ခွဲခန်း ဝတ်စုံနဲ့ လူတွေက ဝင်လိုက်ထွက်လိုက်လုပ်ပြီးတော့ အဲ့ဖမ်းထားတဲ့ လူတွေဆီကနေ ဖန်ဘူးလေးတွေနဲ့ သွေးတွေ ထုတ်နေတာ …”

All Chapters