← Chapters

နောက်ဆုံးပွဲ

Vol. 53 Ch. 787

နောက်ဆုံးပွဲ

Vol. 53 Ch. 787

ထိုညတွင် လူတိုင်း စုဝေးခဲ့ကြသည်။

သူ၏ ရှေ့ရှိ လူအုပ်ကို ကြည့်ကာ စွန်းဟုန်ထောင်က လေးနက်သော အသံဖြင့် ပြောသည်။

“မနက်ဖြန်က ဗိုလ်လုပွဲဖြစ်ပြီးတော့ နောက်ဆုံးပွဲလည်း ဖြစ်တယ်၊ ပထမဆုံးပွဲက ငါတို့ အမေရိကန်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ဖြစ်လိမ့်မယ်”

“တိုက်ပွဲ စီစဉ်မှု အကြောင်း မင်းတို့ ဘာပြောစရာ ရှိလဲ”

လူတိုင်းသည် လေးနက်မှုအချို့ဖြင့် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။ ဗိုလ်လုပွဲအတွက် တိုက်ပွဲ စီစဉ်မှုကို စီစဉ်ရန် တကယ် ခက်ခဲသည်။

သူတို့သည် ဒီနေ့ အမေရိကန်၏ ခွန်အားကို မျက်မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ ကျန်ရှိနေသော ပါဝင်သူ လေးဦး စလုံးသည် သူတို့၏ ထိပ်ဆုံး အခြေအနေတွင် ရှိကြသည်။ ထို့အပြင် တရုတ်ကဲ့သို့ပင် မတိုက်ခိုက်ရသေးသော လူ နှစ်ယောက် ရှိနေသေးသည်။

နောက်တစ်နေ့ ပွဲစဉ်သည် သံသယဖြစ်ဖွယ်မရှိ အန္တရာယ်အရှိဆုံးပွဲ ဖြစ်လိမ့်မည်။

သူတို့ နိုင်လျှင် သူတို့ ချန်ပီယံ ဖြစ်လိမ့်မည်။

အမေရိကန်က သေချာပေါက် အားလုံး ပုံအောလိမ့်မည်။ အနိုင်ရရန်အတွက် တိုက်ပွဲ၏ ပြင်းထန်မှုသည် ယခင်ပွဲစဉ်များထက် ပို၍ ကျော်လွန်လိမ့်မည်။

ကျန်းတလီသည် လက်မလျှော့ဘဲ ပြောသည်။

“ဒါရိုက်တာ စွန်း၊ ကျွန်တော် တိုက်ခိုက်ချင်ပါတယ်”

ရဲ့လင်းချန်သည် သူ၏ နှုတ်ခမ်းကို ကွေးပြီး ပြောသည်။

“မင်း ဘာနဲ့ တိုက်ခိုက်မှာလဲ၊ ဒီအတိုင်း လှဲနေပြီး ပြန်သက်သာအောင် လုပ်ပါ၊ နောက်ထပ် ပြဿနာ မရှာနဲ့”

“ငါ ...”

ကျန်းတလီ၏ မျက်နှာတွင် စိတ်ဓာတ်ကျနေသော အမူအရာ ရှိနေ ပြီး မပျော်မရွှင်နှင့် ပြောလာသည်။

“ဒါရိုက်တာ စွန်း၊ ကျွန်တော် ဒဏ်ရာရနေပေမယ့် ကျွန်တော် အနည်းဆုံး ခဏလောက် ခံနိုင်ပါသေးတယ်၊ ပြီးတော့ အနိုင်ရဖို့ ပိုကောင်းတဲ့ အခွင့်အရေးကို ပေးနိုင်ပါတယ်”

“မင်း ဒဏ်ရာက မသက်သာသေးဘူး၊ အဲ့တော့ မေ့ထားလိုက်တော့”

စွန်းဟုန်ထောင်သည် တစ်ခဏမျှ စဉ်းစားပြီး ပြောသည်။

“ဗိုလ်လုပွဲက သိပ်အရေးကြီးပြီး ပြိုင်ဘက်တွေက သေချာပေါက် အားလုံး ထုတ်သုံးလိမ့်မယ်။ မင်း ဒီအခြေအနေနဲ့ စင်ပေါ်ကို တက်လိုက်ရင် မင်းအတွက် အဆုံးသတ် မကောင်းမှာ စိုးရိမ်ရတယ်”

ဤသို့သော အခြေအနေမျိုးတွင် လူတိုင်း ရက်စက်ကြပေမည်။ အမေရိကန်က ဒဏ်ရာရသူများကို လွှတ်ပြီး ရဲ့လင်းချန်ကို အားကုန်အောင် လုပ်မည်ဆိုလျှင် ရဲ့လင်းချန်သည် သေချာပေါက် ပြိုင်ဘက်ကို တတ်နိုင်သမျှ အမြန်ဆုံး အပြီးသတ်လိမ့်မည် ဖြစ်ပြီး သူ၏ တိုက်ခိုက်မှုများက အလွန် ပြင်းထန်နေလိမ့်မည်။ ဒဏ်ရာရထားသော ပြိုင်ပွဲဝင်များသည် သေချာပေါက် ဆိုးရွားသော ကံကြမ္မာကို ခံစားရပေလိမ့်မည်။

“ကျွန်မ ပထမဆုံး သွားပါရစေ။ ကျွန်မ စင်ပေါ်ကို တစ်ခါမှ မတက်ဖူးသေးဘူး”

လင်းရှီက လျင်မြန်စွာ ပြောလိုက်သည်။

“ကျွန်မရောပဲ။ ကျွန်မ ဒုတိယအနေနဲ့ သွားပါမယ်”

ချန်ရှောင်ရှောင်က ဝင်ပြောသည်။

“ကျွန်တော့်ကို အရင်ဆုံး သွားခွင့်ပေးပါ၊ ကျွန်တော်က ယောက်ျားလေး ဖြစ်တဲ့အတွက် ရှေ့ဆုံးကို ယူပါမယ်။ လင်းချန်က အသန်မာဆုံးဆိုတော့ သူ့ကို နောက်ဆုံးမှာ ထားလိုက်ပါ”

ကျင့်ရှန်က အကြံပေးသည်။

“နိုးထသူတွေက သိုင်းပညာရှင်တွေကို ဖိနှိပ်နိုင်တယ်လို့ ပြောကြတယ်။ ငါတို့ ရှေ့ဆုံးကနေ စယူမယ်၊ တစ်ယောက်ပြီး တစ်ယောက် လူလဲရင်တောင် မရှုံးဘူး၊ ကျန်တာကို ရဲ့လင်းချန်ကို လွှဲပေးထားလိုက်မယ်”

စွန်းဟုန်ထောင်က သူ့ကို ကြည့်လိုက်သည်။ သူ ဒီယုံကြည်မှုက ဘယ်က ရောက်လာလဲ မသိပါ။ တစ်ယောက် အတွက် တစ်ယောက် … ထိုမျှ လွယ်ရင် ကောင်းပေလိမ့်မည်။

“ကျွန်တော် အရင်ဆုံးသွားရင် မကောင်းဘူးလား”

ရဲ့လင်းချန်က အကြံပြု လိုက်သည်။

“မရဘူး။ မင်း ပထမဆုံးဖြစ်ရင် ပြိုင်ဘက်က သူတို့ရဲ့ ပါဝင်သူတွေကို စတေးတာမျိုး လုပ်လိမ့်မယ်။ မင်း ရှုံးသွားရင် အရမ်း အန္တရာယ်များလိမ့်မယ်”

စွန်းဟုန်ထောင်က တန်းငြင်းလိုက်သည်။

“ကောင်းပြီ။ ကျင့်ရှန်၊ လင်းရှီ၊ ချန်ရှောင်ရှောင်နဲ့ ရဲ့လင်းချန်ကို နောက်ဆုံး ထားမယ်”

စွန်းဟုန်ထောင်သည် နောက်ဆုံးတွင် ပါဝင်သူများကို ဆုံးဖြတ်လိုက်သည်။

ကျန်းတလီ၏ မျက်နှာ နီမြန်းသွားသည်။ သူသည်လည်း စင်ပေါ်တက်ရန် အခွင့်အရေးအတွက် တိုက်ခိုက်ချင် ခဲ့သော်လည်း သူ မလုပ်နိုင်ခဲ့ပေ။

…

တစ်ညတာ တိတ်ဆိတ်ပြီးနောက် နောက်တစ်နေ့တွင်။

နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲ၏ ဗိုလ်လုပွဲ စင်ပေါ်တွင် ...

“မျက်တောင် တစ်ခတ် အတွင်းမှာပဲ နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက် ပြိုင်ပွဲရဲ့ နောက်ဆုံး နှစ်ရက်ကို ရောက်လာဘခဲ့ပါပြီ။ တရုတ် vs အမေရိကန်ပဲ ဖြစ်ပါတယ်”

ဝူထျန်းပေါင်က စိတ်လှုပ်ရှားစွာ ရှင်းပြကာ ဗိုလ်လုပွဲရဲ့ နိဒါန်းကို ဖွင့်လှစ်လိုက်သည်။

“အမေရိကန်ဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ် နှစ်သင်းစလုံးမှာ ပါဝင်ခြင်း မရှိသေးတဲ့ ပြိုင်ပွဲဝင် နှစ်ဦးစီ ရှိကြပါတယ်။ ဒါ့အပြင် နိုင်ငံ နှစ်ခုလုံးက သူတို့ တိုက်ပွဲဝင်ခွန်အားရဲ့ ကြီးမားတဲ့ တစိတ်တပိုင်းကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဒါဟာ စိတ်လှုပ်ရှားဖွယ် ပြိုင်ပွဲ၊ အားကောင်းသူတွေကြားက ပြိုင်ပွဲတစ်ခုပါပဲ”

ဝူထျန်းပေါင်သည် အလွန် မျှော်လင့်နေသည်။

“ဒီရက်အနည်းငယ်အတွင်းမှာ ကျွန်တော့်မှာ အတွေးများစွာ ရှိခဲ့ပါတယ်။ အခုချိန်အထိ တချို့သော အခိုက်အတန့်များက ငါ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ထွင်းထုထားဆဲ ဖြစ်ပါတယ်”

“သူတို့ အနိုင်ယူဖို့ ခက်မှန်း သိပေမယ့် မဆုတ်ခွာဘဲ ခါးသီးတဲ့ အဆုံးအထိ တိုက်ခိုက်ခဲ့ကြတယ်”

“သူတို့ရဲ့ အသင်းဖော်တွေအတွက် အခွင့်အလမ်းတွေ ဖန်တီးဖို့ သူတို့ တိုက်ခိုက်မှုများ အပြန်အလှန် ခံယူခဲ့ ကြတယ်”

“သူတို့ ဒဏ်ရာတွေနဲ့ ပြိုင်ကွင်းထဲ ဝင်ရောက်ပြီး အဆုံးထိ တိုက်ခိုက်ခဲ့ကြတယ်”

“သိုင်းပညာရှင်ဆိုတာ ဘာလဲ ဆိုတာကို မင်းတို့အားလုံး ရှင်းပြခဲ့ကြတယ်။ လူငယ် သိုင်းပညာရှင်တွေ ဒီလို သတ္တိနဲ့ တက်ကြွမှုမျိုး လိုအပ်တယ်”

“ဒီလို သိုင်းပညာရှင်တွေ ရှိတာကြောင့်ပဲ ငါတို့မှာ လက်ရှိ အောင်မြင်မှုတွေ ရခဲ့ကြတာ၊ အဲ့ဒါကြောင့် ငါတို့ ဒီနေ့ ဒီနေရာကို ရောက်ခဲ့ကြတာ”

ဗိုလ်လုပွဲ၏ အဖွင့် မိန့်ခွန်းကို အဆုံးသတ်ပြီးနောက် ဝူထျန်းပေါင်သည် လိုရင်းကို တန်းပြောလိုက်သည်။

“ဒီနေ့ တရုတ်က အမေရိကန်နဲ့ တိုက်ခိုက်မှာပါ”

“အမေရိကန်က မနှစ်က သူတို့ရဲ့ ချန်ပီယံနေရာကို ကာကွယ်မှာလား၊ ဒါမှမဟုတ် တရုတ်က အခြေအနေကို ပြောင်းပြန်လှန်ပြီး နေရာကို သိမ်းပိုက်မှာလား”

“နှစ်ဖက်စလုံးက တိုက်ပွဲ စီစဉ်မှုကို ကြည့်ကြည့်ရအောင်”

“တရုတ် - ကျင့်ရှန်၊ လင်းရှီ၊ ချန်ရှောင်ရှောင်၊ ရဲ့လင်းချန်”

“အမေရိကန် - ရှောင်၊ အန်နာ၊ အိုဝင်၊ ကယ်လ်ဗင်”

ထိုသို့သော တိုက်ပွဲ စီစဉ်မှုကို မြင်လိုက်ရသောအခါ ဝူထျန်းပေါင် အနည်းငယ် အံ့အားသင့်သွားသည်။

“တရုတ်နဲ့ အမေရိကန်က သူတို့ရဲ့ ဗျူဟာကို တကယ်ကြီး ပြိုင်တူ ပြောင်းလိုက်ကြတာပဲ”

ရဲ့လင်းချန်သည် အရေးအပါဆုံး ဝှက်ဖဲ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စင်ပေါ်ကို တစ်ခါမှ မတက်ဖူးသေးသည့် အမျိုးသမီး သိုင်းပညာရှင် နှစ်ဦးသည် စင်ပေါ်တက်ရန် ပြင်ဆင်ထားကြသည်။ ၎င်းသည် သူတို့အနေဖြင့် ဘေးကင်းသော နည်းဗျူဟာဖြင့် ပထမနေရာကို ရည်မှန်းနေကြောင်း ပြသနေသည်။

အမေရိကန်မှာမူ ရှောင်သည် ဦးဆောင်သူအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း အန်နာသည် တစ်ခါမှ စင်ပေါ်မတက်ဖူးသေးပေ။ ယခုအခါ သူမသည် တကယ်တော့ စင်ပေါ်တက်ရမည့် ဒုတိယမြောက်လူ ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်၏ အငယ်ဆုံး နိုးထသူ ဖြစ်သော ကယ်လ်ဗင်သည် နောက်ဆုံးလူအဖြစ် ရှိနေပြီး သူတို့၏ အရေးအပါဆုံး ဝှက်ဖဲ အဖြစ် တာဝန်ယူထားသည်။

...

“ကယ်လ်ဗင်က နောက်ဆုံးမှာလား။ အမေရိကန်က သူ့အပေါ် ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား”

ထျဲကျွင့်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အဲဒီကောင်ကို အမြဲတမ်း နောက်ဆုံးမှာပဲ စီစဉ်ထားလေ့ရှိတယ်။ သူက ဘယ်တုန်းကမှ လှုပ်ရှားမှု မလုပ်ဖူးဘူး။ သူ ဘယ်လောက်အထိ ဖုံးကွယ်ထားလဲဆိုတာ ကျွန်တော် မသိဘူး”

စွန်းဟုန်ထောင်က စိုးရိမ်တကြီး ပြောလိုက်သည်။

“ဒါဟာ နောက်ဆုံး တိုက်ပွဲပဲ။ အားလုံးပဲ သတိထားကြပါ”

“စိတ်မပူပါနဲ့။ ကျွန်တော် ရှုံးရင်တောင် ပြိုင်ဘက်ကို ကျွန်တော်နဲ့အတူ ဆွဲသွားမယ်”

ကျင့်ရှန်သည် ဓားရှည်တစ်လက်ကို ကိုင်ကာ စင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားသည်။

“သတိထား”

…

စင်မြင့်ထက်တွင် ရှောင်နှင့် ကျင့်ရှန်တို့သည် စင်ပေါ်သို့ လျင်မြန်စွာ တက်လာကြသည်။ နှစ်ဦးစလုံးသည် ဓားကို အသုံးပြုကြပြီး သူတို့၏ အကြည့်များသည် အလွန်စူးရှနေကြသည်။

“စ”

ဒိုင်လူကြီး အမိန့်ပေးသည်နှင့်တပြိုင်နက် ရှောင်သည် တောင်တစ်လုံး၏ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်လာသော မျောက်ဝံကြီးတစ်ကောင်ကဲ့သို့ ကျင့်ရှန်ကို တိုက်ရိုက် ခုတ်ချလိုက်သည်။

ကျင့်ရှန်သည် သူ၏ ခန္ဓာကိုယ်ကို ဖျတ်လတ်သော မြွေတစ်ကောင်ကဲ့သို့ အနည်းငယ် လိမ်ဖယ်ကာ ဓားချက် ပေါင်းများစွာဖြင့် တုံ့ပြန်လိုက်သည်။

“ချွင် ချွင် ချွင်”

ရွှေရောင်နှင့် အဖြူရောင် ဓားရှည်နှစ်လက်သည် လေထဲတွင် အဆက်မပြတ် ရိုက်ခတ်နေကြသည်။ သူတို့၏ စူးရှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်စေသည်။

ရှောင်တွင် လှည့်ကွက်များစွာ မရှိသော်လည်း သူ၏ တိုက်ကွက်တစ်ခုချင်းစီတွင် အလွန်ပြင်းထန်သော ထိုးဖောက် နိုင်စွမ်း ပါဝင်သည်။ ကျင့်ရှန်၏ ဓားကွက်များသည် အရေအတွက် များပြားသော်လည်း ရှောင်နှင့် ထိတွေ့ လိုက်သည်နှင့် ပျက်ပြယ်သွားရသည်။

သတ္တုဒြပ်စင်၏ အားဖြည့်မှုသည် အလွန်ကြီးမားလှသည်။ ဤခံစားချက်သည် သာမန်လက်နက်ဖြင့် နတ်ဘုရား လက်နက်ကို ယှဉ်တိုက်နေရသကဲ့သို့ပင်။ ကွာဟချက်မှာ အလွန်ကြီးမားလွန်းလှသည်။

…

စင်နောက်တွင် ရဲ့လင်းချန်သည် တစ်ခဏမျှ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။

“ရှောင်ရဲ့ သတ္တုဒြပ်စင်ဟာ တိုက်စစ်ရော ခံစစ်ပါ ညီမျှတယ်။ ဒါပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကတော့ အန်တိုနီလောက် မကောင်းဘူး။ ကျင့်ရှန်က သူ့ရဲ့ အဆုံးသတ်ဓားကွက်နဲ့ ရှောင်ရဲ့ ခံစစ်ကို ဖောက်ထွက်ဖို့ အခွင့်အရေးကို စောင့်နေပုံရတယ်”

“နိုးထသူတစ်ဦးနဲ့ တိုက်ခိုက်တဲ့အခါ သိုင်းပညာရှင်တစ်ယောက်ရဲ့ အားသာချက်ကတော့ သူတို့ရဲ့ သိုင်းပညာ ဖျတ်လတ်မှုပဲ”

စွန်းဟုန်ထောင်က ခေါင်းညိတ်၍ ပြန်ဖြေသည်။

“ကျင့်ရှန်က ဒဏ်ရာရထားတုန်းပဲ”

ချန်ရှောင်ရှောင်က စိုးရိမ်တကြီး ပြောသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အနည်းငယ်သော ဒဏ်ရာသည်ပင် အသက်အန္တရာယ် ဖြစ်စေနိုင်သည်။ ကျင့်ရှန်၏ ဒဏ်ရာမှာ ပြင်းထန်နေသဖြင့် ပို၍ပင် အန္တရာယ်ကြီးမားနေသည်။

ထိုအခိုက်အတန့်တွင် ရှောင်သည် ကျင့်ရှန်၏ အားနည်းနေသော အခြေအနေကို သိရှိသွားသကဲ့သို့ သူ၏ တိုက်စစ်များကို ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ပြင်းထန်သော မုန်တိုင်း တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

ကျင့်ရှန်၏ လက်ထဲမှ ဓားရှည်သည် ဝဲနေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ တွန်းပို့ခြင်း ခံနေရသည်။ နောက်တစ်ခဏတွင် ရှောင်သည် သူ၏ ရွှေရောင်ဓားကို မြှောက်ကာ ကျင့်ရှန်၏ ဦးခေါင်းကို ခုတ်ချလိုက်သည်။ ကျင့်ရှန်က ဓားဖြင့် ကာကွယ်လိုက်သည်။

“ချလွင်”

ကျင့်ရှန်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး နောက်သို့ လွင့်စဉ်သွားသည်။

ထို့နောက် ရှောင်သည် မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်ပြီး လွင့်စဉ်သွားသော ကျင့်ရှန်ထံသို့ ပြေးဝင် သွားသည်။ ရွှေရောင်အလင်းတန်းများသည် ဓားသွားပေါ်တွင် ဖုံးလွှမ်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်း ကျင့်ရှန်ရှေ့သို့ ရောက်ရှိကာ ထပ်မံခုတ်ချလိုက်ပြန်သည်။

ကျင့်ရှန်သည် ချက်ချင်း ဓားကို အလျားလိုက်ကာ၍ ခုခံလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံလိုက်ရသည်။

မြေပြင်ပေါ်တွင် နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်သွားပြီး စူးရှသော စွမ်းအင်များသည် ကျင့်ရှန်၏ မျက်နှာပေါ်သို့ ပျံ့နှံ့သွားကာ ဒဏ်ရာများစွာ ရရှိစေခဲ့သည်။

All Chapters