← Chapters

ဆန်းကြယ်မှု ဖြစ်လာမှာလား

Vol. 30 Ch. 446

ဆန်းကြယ်မှု ဖြစ်လာမှာလား

Vol. 30 Ch. 446

သူတို့ ဘယ်လိုပဲ မလိုလားပါစေ အဆုံးသတ်၌ သူတို့ ခွဲခွာရမှာပင်။ အဖွဲ့ထဲတွင် ဟူယွဲ့အာက ဝမ်းအနည်းဆုံးပင်။ သူမ မျက်ရည်များက အဆက်မပြတ် စီးကျနေပြီး မျက်လုံးများက ရဲရဲနီလာ၏။

[အဲ့‌လောက် လိုလို့လား၊ သူက ဘာလို့ အရမ်း ဝမ်းနည်းနေရတာလဲ]

[သရုပ်ဆောင်တာက အစစ်လို ဖြစ်နေပြီ၊ နှုတ်ဆက်တဲ့အချိန် ဧည့်သည်တစ်ယောက် ဒီလောက် အသည်းအသန် ငိုတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး]

[ဒါ တစ်သက်လုံး ခွဲရတော့မယ့်ပုံနဲ့ တူအောင်လုပ်တဲ့ ပရိယာယ်သက်သက်ပဲ]

[အပေါ်ကလူတွေ မင်းတို့ တုံးရလား၊ ဟူယွဲ့အာက ရဲ့နတ်ဘုရားကြောင့် ငိုနေတာ အသိသာကြီး]

[အဲ့ဒါကြောင့်ကိုး၊ သူက ရဲ့နတ်ဘုရားနဲ့ ခွဲရတော့မှာလေ၊ ငါသာ သူ့နေရာမှာဆိုရင် အိပ်ရာထဲ လဲတဲ့အထိ ငိုမိမှာ]

[အပေါ်ကတစ်ယောက် ချစ်စရာကောင်းတဲ့ ကောင်မလေးပုံ ဟန်ဆောင်နေတာ ရပ်လိုက်တော့၊ ရဲ့နတ်ဘုရားက ငါ့အပိုင်ပဲ]

[မဟုတ်ဘူး၊ ရဲ့နတ်ဘုရားကို အားလုံး ပိုင်တာ]

…

ကျောက်လျန့်ရင်က အဆင်ပြေပါသေးသည်။ သူမ ဝမ်းနည်းသော်လည်း သူမသည် ရဲ့လင်းချန် လက်အောက်၌ အလုပ်လုပ်နေသော အနုပညာရှင်တစ်ဦး ဖြစ်သည်။ သူမ၌ နောက်ပိုင်းတွင် ရဲ့လင်းချန်ကို တွေ့နိုင်မည့် အခွင့်အရေးများ ရှိပါသေးသည်။ တစ်ဖက်တွင်မူ ဟူယွဲ့အာက မတူပါ။ သူမအတွက် ရဲ့လင်းချန်နှင့် ထပ်ဆုံနိုင်ရန် ရေစက်ပါမှသာ ဖြစ်ပေမည်။ သူမတို့ ဆုံခဲ့လျင်တောင်မှ ယခုကဲ့သို့ အတူရှိနေရင် မဖြစ်နိုင်လုနီးပါးပင်။ ယင်းက သူမ ဝမ်းနည်းမှု၏ နောက်ကွယ်မှ အဓိက အကြောင်းရင်းပင်။

ရိုက်ကူးရေးအဖွဲ့သည်လည်း ဟူယွဲ့အာ၏ မျက်ရည်များ နောက်ကွယ်မှ အကြောင်းရင်းကို နားလည်ပါသည်။ သို့သော် ဤသို့သော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ သူတို့ သက်ပြင်းချရုံသာ တတ်နိုင်လေသည်။ အပြင်လူများ ဖြစ်သောကြောင့် ယင်းက သူတို့ ဝင်ပါနိုင်သော အရာ မဟုတ်ပေ။

ရဲ့လင်းချန် ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ ထွက်မလာပါ။

သူ မတုံးအပါ။ ထို့ကြောင့် ဘာဖြစ်နေသလဲဆိုသည်ကို နားလည်နိုင်ပါသည်။ သို့သော် သူ ဘာကိုမှ ကတိမပေးနိုင်ပါ။

အကယ်၍ သူ့၌ အကြောင်းပြချက်ကောင်း မရှိဘဲ သူမနားသို့ သွားပြီး ဟူယွဲ့အာအား သူမက မိန်းမကောင်းလေး တစ်ဦး ဖြစ်ကြောင်းနှင့် သူမ ပိုသာသော တစ်ယောက်ယောက်ကို ရှာတွေ့မှာပါဟု ပြောလိုက်ပါက ယင်းသည် ရူးမိုက်သော လုပ်ရပ်တစ်ခု ဖြစ်လာမှာ အသေအချာပင်။ ယင်းက ဟူယွဲ့အာကို ဘယ်လောက် နာကျင်စေမလဲ ဆိုသည်ကို မဆိုထားနှင့်။ အဓိက ပြဿာနာမှာ သူမက သူ့ကို ဖွင့်မပြောရသေးသဖြင့် သူ့တွင် သူမကို ငြင်းပယ်ခွင့် မရှိပါ။

ထို့အပြင် သူမက သူ့ထက် ပိုသာသော လူတစ်ယောက်ယောက်ကို ရှာတွေ့မှာပါဟူသော အချက်က အတော်လေး အရေးမပါသော စကားပင်။ စိတ်နှံ့သောလူတိုင်း ယင်းက မဖြစ်နိုင်မှန်း ပြောနိုင်ပေသည်။

*မဟုတ်မှလွဲရော ငါက မကောင်းတဲ့ကောင်တစ်ကောင် ဖြစ်နေပြီလား*

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီးနောက် ချက်ချင်း ခေါင်းခါလိုက်မိသည်။

*မကောင်းတဲ့ကောင်းတွေက မိန်းကလေးတွေကို တမင် သွားကြိုက်ပြီး သူတို့ ခံစားချက်တွေကို ကစားတာလေ၊ ငါက အဲ့လိုမျိုး မဟုတ်ဘူး*

နောက်ဆုံးတွင် ရဲ့လင်းချန် သက်ပြင်းချရုံသာ ရှိတော့သည်။ ပြဿနာ၏ အဓိက အရင်းအမြစ်မှာ သူ၏ ထူးချွန်မှု ဖြစ်သည်။ ယင်းက လူတိုင်း သတိထားမိသော ကောင်းကင်မှ အတောက်ပဆုံး ကြယ်တစ်လုံးကဲ့သို့ ဖြစ်နေပြီး မရေတွက်နိုင်သော လူများက ပိုးဖလံ မီးကို တိုးသကဲ့သို့ သူ့ထံ တိုးဝင်လာချင်နေကြသည်။

တစ်နည်းအားဖြင့် ပြောရလျင် အကယ်၍ အမျိုးသား တစ်ယောက်က မည်သည့် မိန်းကလေးကိုမှ မဆွဲဆောင်နိုင်လျင် ယင်းက ထိုလူ၏ အသုံးမကျမှုကို ပြသနေသည်။ အစွမ်းအစ ရှိသော မည်သည့် အမျိုးသားမဆိုသည် မိန်းကလေးများ၏ နှစ်သက်ခြင်း ခံရပေလိမ့်မည်။

*ဒါဆို ထူးချွန်တဲ့ ယောက်ျားတိုင်းကို လူဆိုးကောင်တွေလို့ ပြောလို့တော့ မရဘူး မဟုတ်လား*

ထိုသို့တွေးမိပြီးနောက် ရဲ့လင်းချန် စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။

*ငါက လုံးဝ လူဆိုးကောင် မဟုတ်ဘူး*

သူ့ဘေး၌ ဟူယွဲ့အာသည် ငိုယိုရင်း ရဲ့လင်းချန်၏ တုံ့ပြန်မှုကို လေ့လာနေ၏။ သူက သူ့အတွေးနှင့်သူ အတွေးနယ်လွန်နေသည်ကို သူမ မြင်လိုက်ရသည်။ ယင်းက သူမကို အနည်းငယ် စိတ်တိုသွားစေသည်။

*ကျွန်မက ဒီလို ဖြစ်နေတာတောင် ရှင်က မဖြုံစတမ်း ဖြစ်နေတယ်ပေါ့လေ၊ ရှင် လူမှ ဟုတ်ရဲ့လား*

နောက်ဆုံးတွင် သူမ ထပ်၍ သည်းမခံနိုင်တော့ပါ။

“လင်းချန်၊ ရှင် ကျွန်မကို အိတ်တစ်လုံး ပေးမယ်လို့ ပြောခဲ့တယ်နော်၊ ရှင် အဲ့အကြောင်းကို မေ့တော့ မမေ့ဘူး မဟုတ်လား”

“ဘယ်လိုလုပ် မေ့မှာလဲ၊ ငါ့ဆီက သတင်းကောင်းကိုသာ စောင့်နေလိုက်”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

“ဟွန့်”

ဟူယွဲ့အာက ထိုအခါတွင်မှ ကျေနပ်သွားဟန်ဖြင့် အသံပြုလာပြီး အနည်းငယ် ခံစားချက် ကောင်းသွားလေသည်။

“ဒါဆို … ရှင် ကျွန်မကို ပိုပြောလို့ အဆင်ပြေသွားအောင် WeChat မှာ အပ် (add) ထားပါလား”

“ဒုက္ခခံနေစရာ မလိုပါဘူး၊ အချိန်ကျရင် Vatti မှာသာ သွားယူလိုက်”

ရဲ့လင်းချန်က မစဉ်းစားဘဲ ပြန်ပြောလိုက်သည်။

ဟူယွဲ့အာ အံ့ဩသွားပြီးမှ ရှက်ကာ ဒေါသထွက်သွားလေသည်။

“ရှင် ကျွန်မကို အပ်မှာလား မအပ်ဘူးလား”

သူမ၏ နီရဲနေသော မျက်လုံးများက ရဲ့လင်းချန်ကို စူးစိုက်ကြည့်နေပြီး မသိလျင် တစ်ခဏအတွင်း ထပ်ငိုတော့မည့်ပုံရသည်။

“အပ်မယ်၊ ငါ အပ်ကို အပ်ရမှာပေါ့၊ ငါ အဲ့ဒါကို စဉ်းစားနေတာ ကြာပြီ”

ရဲ့လင်းချန် အသည်းအသန် ခေါင်းညိတ်လိုက်ရသည်။

[ခွီး … ဟားဟားဟား ရဲ့နတ်ဘုရားက ချစ်ဖို့ကောင်းလွန်းတယ်]

[ရဲ့နတ်ဘုရားမှာ သံမဏိလို ဖြောင့်မတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ငါ ဟူယွဲ့အာအတွက် တစ်စက္ကန့်လောက် စိတ်မကောင်း ဖြစ်မိသွားပြီ]

[ရဲ့နတ်ဘုရား၊ မင်း ယောက်ျားဆိုရင် ကြောက်မနေနဲ့]

[ဟူး … မိန်းကလေးကို အရင်စရအောင် ဖိအားပေးတယ်၊ ဒါပေမဲ့ ငါ မှတ်မိသလောက်ဆို ရဲ့နတ်ဘုရားမှာ ချစ်သူ ရှိတယ် မဟုတ်လား၊ ဒါကို သစ္စာမရှိဘူးလို့ သတ်မှတ်လို့ ရလား]

[ငါ့ရဲ့နတ်ဘုရားကို ဒီအတိုင်း ထားလိုက်စမ်း၊ ငါ နင့်ကို လာအပ်မယ်]

…

နှစ်ရက်ကြာပြီးနောက် မနက်ခင်းတစ်ခု၌ အရှေ့ဘက် ဆိပ်ကမ်းနားတွင် ဖြစ်သည်။ မြို့တော်ပတ်လည်ရှိ မြို့ငယ်များမှ စမ်းချောင်းများစွာသည် အရှေ့ဘက်မှ စီးဆင်းလာပြီး အရှေ့ဘက် တရုတ်ပင်လယ်ထဲသို့ စီးဝင် သွားကြသည်။

ဆိပ်ကမ်း၏ အနောက်ဘက်အရပ် သုံးကီလိုမီတာ တွင် ကြီးမားသော တံတားတစ်စင်းကို တည်ဆောက် ထားသည်။ ယင်းအား ဟိုင်ဟဲတံတားဟု ခေါ်တွင်သည်။

တရုတ်နိုင်ငံသည် ၎င်း၏ တည်ဆောက်ပုံများနှင့် ပတ်သက်၍ နာမည်ကြီးပြီး အခြေခံ အဆောက်အအုံနှင့် ပတ်သက်လာလျင် ကမ္ဘာ၌ ဦးဆောင်နေသည်။ တရုတ်နိုင်ငံသည် ကုန်းမြေ ကျယ်ပြောပြီး အရင်းအမြစ် ပေါများကာ မြေနေရာ အနေအထား စုံလင်သည်။ အဘယ်သို့သော ပတ်ဝန်းကျင် ဖြစ်နေပါစေ ထူးခြားသော တစ်စုံတစ်ရာအား သေချာပေါက် တည်ဆောက်နိုင်၏။

တံတား တည်ဆောက်မှုသည် အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်သည်။ ပင်လယ် သို့မဟုတ် မြစ်ကို ဖြတ်၍ တည်ဆောက်ရသော တံတားတစ်စင်းသည် သူတို့အတွက် အသေးအဖွဲကိစ္စလေးပင်။

လက်ရှိအချိန်သည်ကား ရုံးချိန်အတွက် အလျင်လိုနေသော အချိန် ဖြစ်သည်။ များစွာသော ဝန်ထမ်းများက တံတားကို ဖြတ်၍ အလုပ်သို့ အလျင်အမြန် သွားနေကြသည်။

“တီ တီ တီ”

“ကျွီ …”

ထိုစဉ် ဘတ်စ်ကားတစ်စီးသည် တံတားပေါ်၌ နားကွဲမတတ် ပွတ်တိုက်သံနှင့်အတူ ဘယ်ညာ ယိမ်းနေ၏။

ပွတ်တိုက်သံမှနေ၍ ယာဉ်မောင်းသူက ဘရိတ်ကို ဖိနင်း၍ ကားကို ရပ်တန့်ရန် ကြိုးစားနေကြောင်း အတပ် သိနိုင်လေသည်။ သို့သော် အရှိန်က သူတို့ကို ချက်ချင်း ရပ်တန့်သွားခွင့် မပြုချေ။

လမ်းမပေါ်တွင် ဘတ်စ်ကားများသည် ဘုရင် ဖြစ်သည်။ အဆောတလျင် ဟွန်းတီးခြင်းက တံတားပေါ်မှ ကားများကို သွေးပျက်သွားစေပြီး ဘေးသို့ ကပ်သွားစေသည်။

တစ်ခဏကြာသော် ဘာကြောင့်မှန်းမသိဘဲ ဘတ်စ်ကား၏ အရှေ့ခြမ်းက ဘေးသို ယိမ်းကာ တံတားအစွန်းမှ အကာကို ဝင်တိုက်လေသည်။ ဝုန်းခနဲ ကျယ်လောင်သော အသံနှင့်အတူ ကြီးမားသော ဘတ်စ်ကားက တံတားပေါ်မှ လွင့်ထွက်သွားပြီး ရေထဲ ထိုးကျသွားသည်။

ထိုမြစ်သည် အရှေ့ဘက် တရုတ်ပင်လယ်သို့ စီးဆင်းနေသော မြစ်ဖြစ်သည်။ ၎င်းသည် ကျယ်၍ ရေစီးသန်သည်။ ရေထဲသို့ ကျသွားပါက သေသွားနိုင်သလောက် ရှိသည်။ ထို့အပြင် ဘတ်စ်ကား တစ်စီးလုံး ရေထဲကျသွားသဖြင့် ခရီးသည်များ အသက်ရှင်နိုင်ချေက တစ်ဆယ် ရာခိုင်နှုန်းထက်ပင် နည်းနိုင်သည်။

“အား…”

“ကယ်ကြပါ”

ချက်ချင်းဆိုသလိုပင် တံတားပေါ်၌ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူတိုင်း မှင်တက် အံ့ဩနေကြသည်။ ဘတ်စ်ကား ထိုးကျသွားသည့် အဖြစ်အပျက် တစ်ခုလုံးကို မျက်မြင် တွေ့လိုက်ရသူများ အားလုံး မျက်နှာ ဖြူရော်နေ၏။

“ရဲခေါ်ကြ”

“ဟုတ်သားပဲ၊ ရဲ”

ထိုသို့သောအချိန်၌ လူပေါင်းများစွာတို့သည် သူတို့၏ ဖုန်းများကို ထုတ်၍ ရဲကို ဖုန်းဆက်နေကြသည်။ အချို့ဆိုလျင် မီးသတ်သမားများကိုတောင်မှ ခေါ်ကြသည်။ သူတို့ တတ်နိုင်သမျှ အကူအညီအားလုံး ရမှ ဖြစ်ပေမည်။

ဟိုင်ဟယ် တံတားပေါ်၌ ကားအများစုသည် ဘေးထိုးရပ်ထားပြီး လူတော်တော်များများ စုဝေးနေကြသည်။

သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကြားလိုက်ရသူတိုင်းအား ကြောက်စိတ် ဖြစ်ပေါ်လာစေ၏။

“သွားပါပြီ၊ အဲ့ဒီ ဘက်စ်ကား တစ်စီးလုံးတော့ သွားပြီ”

“အဲ့ဘတ်စ်ကားက ဘာဖြစ်တာလဲ၊ ဘာလို့ အထိန်းအကွပ် မဲ့သွားတာလဲ”

“အဲ့ဒါ ကျောင်းကိုသွားတဲ့ ဘတ်စ်ကားပဲ၊ ဒီလိုအချိန်ဆို ခရီးသည်‌ အများစုက ကျောင်းသားတွေ”

တစ်ယောက်က ထအော်သည်။

ယင်းက အခြေအနေကို ပို၍ ဆိုးရွားသွားစေသည်။ ဤသို့ ကြောက်စရာကောင်းသော မြင်ကွင်းမျိုးနှင့် ကြုံရသောကြောင့် လူတော်တော်များများ ငိုယိုနေကြသည်။ ကံတရားက ရက်စက်လွန်းပေသည်။

“ရဲတွေ ဘယ်မှာလဲ၊ ကယ်ဆယ်ရေး အသင်းကရော၊ ဒီလို အရေးကြီးတဲ့ မတော်တဆမှုမျိုးမှာ ဘယ်လိုလုပ် သူတို့က အရမ်း နှေးနေရတာလဲ၊ သူတို့ကို ကယ်ကြလေ”

“အနီးအနားမှာ လှေတွေ တစ်စီးမှ မရှိဘူးလား၊ သူတို့ကို လွှတ်လိုက်လေ၊ ကျေးဇူးပြုပြီးတော့ သူတို့ကို ကယ်ကြပါဦး”

လူအများစုက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။

ကယ်ဆယ်ရေးအသင်းက ပျံမလာနိုင်မှန်း သူတို့အားလုံး သိကြပါသည်။ သူတို့က ထိုမျှ မြန်မြန် ရောက်မလာနိုင်ပါ။ လှေတစ်စီး ရောက်လာလျင်တောင်မှ နစ်သွားသော ဘတ်စ်ကားကို ကူညီနိုင်စွမ်း ရှိမည် မဟုတ်ပေ။

သို့သော် ယင်းက သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ သူတို့ တကယ်ကို စဉ်းစားမရတော့ချေ။

…

All Chapters