← Chapters

တွေ့ဆုံခြင်း

Vol. 13 Ch. 192

တွေ့ဆုံခြင်း

Vol. 13 Ch. 192

“အရာရှိရှု ခင်ဗျားကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး”

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

ယနေ့တွင် ရှုနန်က အဖြူနှင့် မီးခိုးရောင်အကွက် တီရှပ်ကို တတ်ဆင်ထားပြီး သူမ၏ ဆံပင်တိုတိုကို ဘယ်ဘယ်ကို စောင်း၍ ဖီးထားသည်။ သူမက အမြဲလိုလို ရဲရင့်နေကာ ရဲဝတ်စုံ ဝတ်ထားသည်ထက် ပို၍ ဆွဲဆောင်မှု ရှိနေ၏။

“ငါ့ကို ဒီမှာ အရာရှိရှုလို့ မခေါ်နဲ့”

ရှုနန်က ရဲ့လင်းချန်ကို တစ်ချက် စိုက်ကြည့်လေသည်။

အစ်ကိုနဂါးကို ဖမ်းမိပြီးနောက် သူမအောင်မြင်မှုအတွက် ချီးကျူးခံရပြီး ဌာနက ဆုအနေဖြင့် အားလပ်ရက်ရှည် ပေးလေသည်။

“ဒါဆို ခင်ဗျား ဒီကို အားလပ်ရက်အတွက် သက်သက် လာတာလား၊ ဒါမှမဟုတ် ခင်ဗျား သူလျှိုလာလုပ်တာလား”

ရဲ့လင်းချန်က စနောက်၍ ရယ်လေသည်။

လက်ဝှေ့အားကစားခန်းမသည် ဥပဒေမဲ့သော နေရာ မဟုတ်သော်လည်း ကောင်းသော နေရာဟုလည်း မခေါ်နိုင်ပါ။

“ငါက ဘာလို့ ဒီကို လာခွင့်မရှိရမှာလဲ”

ရှုနန်က မကျေမနပ် ပြောလေသည်။

“ဒါက နိုင်ငံခြားသား ဖွင့်ထားတဲ့ လက်ဝှေ့အားကစားခန်းမလို့ ငါ ကြားခဲ့လို့လေ၊ လက်ဝှေ့က ကြားနေရတဲ့ သတင်းလို အင်အားကြီးလားဆိုတာကို ငါ အမြဲ စစ်ဆေးချင်ခဲ့တာ”

တစ်ခဏမျှ ရပ်သွားပြီးမှ ရှုနန်က ဆက်ပြောလေသည်။

“ဟုတ်သားပဲ အရင်တုန်းက အဖြစ်အပျက်အတွက် ငါ နင့်ကို ကျေးဇူးတင်ရမယ်၊ ဟီးဟီး နင့်ကျေးဇူးကြောင့် ငါ အောင်မြင်မှု ရလာတာ”

လူကုန်ကူးခြင်းနှင့် ဆက်နွယ်နေသော အမှုနှစ်ခုလုံးက ရဲ့လင်းချန်ကြောင့် ဖြေရှင်းနိုင်ခဲ့သည်။ ရဲ့လင်းချန်က သူမ၏ ကံကောင်းစေသော ကြယ်ဖြစ်သည်ဟု ရှုနန် တွေးမိသွားသည်။

“ဒါ တိုက်ဆိုင်သွားရုံသက်သက်ပါပဲ၊ လူတိုင်းက လူ့အသက်ကို ကယ်နိုင်တာပဲလေ”

ရဲ့လင်းချန်က အပြုံးနှင့် ပြန်ပြောလိုက်သည်။ ရှုနန်၏ အကျင့်စရိုက်က သူမ ရုပ်ရည်လိုပင် လန်းဆန်းတက်ကြွ၍ စာနာတတ်လေသည်။

“ရှုနန် ဒါက ဘယ်သူလဲ”

အမျိုးသားတစ်ယောက်က ရှုနန်၏အနောက်မှ ရောက်လာပြီး မေးလေသည်။

သူတို့အဖွဲ့တွင် ရှုနန်အပါအဝင် သုံးယောက်ရှိပြီး ယောကျ်ားလေး နှစ်ယောက်နှင့် မိန်းကလေး တစ်ယောက်ပင်။ ရှုနန်က ရဲ့လင်းချန်နှင့် ရင်းရင်းနှီးနှီး စကားပြောနေသည်ကို မြင်သောအခါ သူ မျက်မှောင်ကြုတ်သွားပြီး ရန်လိုလာ၏။

“ဒါက ရဲ့လင်းချန်လေ၊ သူက တအား သန်မာတာ”

ရှုနန်က ပြောပြီး ထိုလူအား ရဲ့လင်းချန်နှင့် မိတ်ဆက်ပေးလေသည်။

“ဒါက လုချောင်းလေ၊ ငါတို့ ရဲသင်တန်းကျောင်းကို အတူတူ တက်ခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက အောင်ပြီးသွားတာနဲ့ ဒီကို လာတာပဲ၊ ဒါက လီမော့၊ လုချောင်က ဒီမှာ တစ်ဦးတည်းသော တရုတ်လူမျိုး လက်ဝှေ့နည်းပြလေ၊ သူက သိပ်တော်တဲ့ တိုက်ခိုက်ရေးသမားပဲ”

“ဟဲဟဲ ငါက အတိုက်အခိုက်ကို စိတ်ဝင်စားပြီး နည်းနည်း ပါရမီပါရုံလေးပါ၊ ငါ ရဲသင်တန်းကျောင်းမှာ သင်ယူခဲ့တဲ့အရာကို လက်ဝှေ့နဲ့ ပေါင်းလိုက်ရုံပါပဲ၊ အဲ့ဒါက ငါ့ကို ရလဒ်တစ်ချို့ ရသွားစေခဲ့တာပဲ”

လုချောင်းက နှိမ့်ချသောအပြုံးမျိုး ပြုံးနေပြီး ရဲ့လင်းချန်အား ကြည့်နေသည်။

“ဒါ လူကုန်ကူးသမားတွေ ဖမ်းတဲ့နေရာမှာ မင်းကို ကူညီပေးခဲ့တဲ့လို့ ပြောပြောနေတဲ့ တစ်ယောက်လား၊ သူလည်း သိုင်းပညာကို စိတ်ဝင်စားတဲ့ပုံပဲ၊ ငါတို့ အခွင့်အရေးရရင် ယှဉ်လို့ရနိုင်တာပေါ့”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် လုချောင်ကို ပြုံးတုံ့တုံ့ဖြင့် ကြည့်လိုက်သည်။

*ယီးပဲ တော်တော် အရှက်မရှိတဲ့လူပဲ*

လုချောင်း၏မျက်နှာတွင် ဒေါသထွက်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူ ထိုသို့ပြောလိုက်လျင် လူအများစုက ယဉ်ကျေးကာ အနည်းငယ် နှိမ့်ချသွားတတ်သည်။ သို့သော် ဤလူက မောက်မာပြနေ၏။

“ရှုနန် မင်း ဒီလို အန္တရာယ်များတဲ့ တာဝန်မျိုးကို ထပ်သွားရမယ်ဆိုရင် ငါ့ကိုပါ ခေါ်သွားမှရမယ်၊ ငါလည်း ရဲသင်တန်းကျောင်း တက်ခဲ့ဖူးတာပဲ၊ သာမန်ခွေးတွေကြောင်တွေကို ခေါ်သွားတာထက် ပိုကောင်းတာပေါ့”

ထိုသို့ပြောပြီး လုချောင်းက ရဲ့လင်းချန်ကို အေးစက်စက် ကြည့်လေသည်။ ထိုအကြည့်၌ ရန်စလိုသော အရိပ်အယောင် အပြည့်ပင်။

“မခေါ်တာ ပိုကောင်းတယ်၊ ငါ့တာဝန်တွေက အမြဲ လျှို့ဝှက်တာဝန်တွေကြီးပဲ”

ရှုနန်က ခေါင်းခါပြီး လုချောင်း၏ စကားကို စိတ်ထဲမထားချေ။ ထိုအစား သူမက ကြိုးဝိုင်းထဲမှ ပြိုင်ပွဲကိုသာ အာရုံစိုက်နေသည်။

သူမက အနည်းငယ် စိတ်ပျက်ဟန်ဖြင့် ခေါင်းခါလေသည်။

“လက်ဝှေ့က ထင်သလောက်လဲ မထူးခြားတဲ့ပုံပဲ”

“ရှုနန် ဒါ အကုန်မဟုတ်သေးဘူး၊ ငါတို့ ဒီမှာ ပြနေတာက အများသူငှာ ကြည့်လို့ရအောင် အတွက်ပဲ၊ တကယ့် ပြိုင်ပွဲအစစ်က စနေနေ့တိုင်း ကျင်းပတဲ့ မြေအောက်ပြိုင်ပွဲပဲ”

“မြေအောက်ပြိုင်ပွဲ ဟုတ်လား”

ရှုနန် အံ့ဩသွားသော်လည်း မျက်နှာက သုန်မှုန်လာသည်။

“ဟုတ်တယ်၊ ဒီမှာ မင်း မြင်ရတာက လက်ဝှေ့ရဲ့ အခြေခံပဲ၊ သူတို့ကို ကျွမ်းကျင်သူလို့တောင် သတ်မှတ်လို့ မရဘူး၊ ဒီလိုမျိုးကို ငါ လက်တစ်ဖက်တည်းနဲ့ ဆယ်ယောက်လောက် ချလို့ရတယ်”

လီမော့က လုချောင်း၏ ကြွားလုံးထုတ်ခြင်းကို ခေါင်းညိတ်၍ ထောက်ခံလေသည်။

“နည်းပြလုက ဒီမှာ သူ့ရဲ့ အတိုက်အခိုက် စွမ်းရည်ကြောင့် နာမည်ကြီးတယ်၊ လက်ဝှေ့အားကစားခန်းမ ပိုင်ရှင်တောင်မှ သူ့ကို ချီးကျူးတယ်၊ မဟုတ်ရင် သူက တရုတ်လူမျိုးတစ်ယောက်ကို နည်းပြနေရာ ပေးမှာ မဟုတ်ဘူး”

လက်ဝှေ့ထိုးခြင်းသည် မူလကတည်းက ပြည်ပ အားကစားတစ်ခု ဖြစ်သည်။ လုချောင်းအတွက် ဤနေရာ၌ လက်ဝှေ့နည်းပြ ဖြစ်နေခြင်းက အခြားသူများထက် သူ ပိုသာကြောင်း ပြသနေ၏။

ရှုနန်၏ ပြောင်းလဲသွားသော အမူအရာကို မြင်သောအခါ လုချောင်းက ချက်ချင်း ရှင်းပြလေသည်။

“မြေအောက်ပြိုင်ပွဲက ပုံမှန်ပြိုင်ပွဲနဲ့ သိပ်မခြားနားပါဘူး၊ သူတို့ ပစ်မှတ်ထားတဲ့ ပရိသတ်က နိုင်ငံခြားသား ဖြစ်နေရုံလေးပါ၊ အဲ့ဒါကြောင့် ပြိုင်ပွဲက ပိုအားကောင်းပြီး ပိုစိတ်ဝင်စားစရာကောင်းတယ်၊ အသေအကြေ ထိုးနှက်တိုက်ခိုက်တာကို တားမြစ်ထားတယ်လေ၊ ဒါက တရားဝင်တဲ့ အားကစားတစ်ခုပါ”

ထိုအခါတွင်မှ ရှုနန်၏ အမူအရာက ပျော့ပြောင်းလာသည်။

“ငါတို့က မိတ်ဆွေတွေဆိုတော့ မင်းတို့ကို ငါ မြေအောက်ပြိုင်ပွဲဆီ ခေါ်သွားမယ်လေ၊ ဒီနေ့ ပြိုင်ပွဲက စတော့မှာ”

လုချောင်းက ပြုံးလိုက်သည်။

“အားကစားခန်းမပိုင်ရှင်က ဒီနေ့ သူကိုယ်တိုင် ဝင်ပြိုင်မယ်လို့ ပြောတယ်၊ ပွဲကြီးပွဲကောင်းပဲ”

ရဲ့လင်းချန် အနည်းငယ် ရင်တုန်သွားသော်လည်း မငြင်းပယ်ချေ။

လီထိုက်နှင့် ကျန်လူများကို သူ ဤနေရာ၌ ရှာမတွေ့ချေ။ မြေအောက်ပြိုင်ပွဲဟူသည့် နေရာကို သူတို့ ရောက်သွားသည်က ဖြစ်နိုင်ချေ များလေ၏။

ထိုအခိုက်တွင် ရှုနန်ထံမှ မည်သို့သော ငြင်းပယ်သည့် လက္ခဏာကိုမှ မမြင်သဖြင့် လုချောင်းက စိတ်ပိုင်းဖြတ် လိုက်ပြီး လီမော့နှင့်အတူ စာရင်းသွင်းခြင်းကိစ္စရပ်ကို လုပ်ဆောင်လေသည်။

လမ်းတစ်လျှောက်၌ သူ့မျက်နှာက ပြုံးဖြီးနေ၏။

“ဘယ်က ပေါ်လာမှန်းမသိတဲ့ အဟန့်အတားနဲ့မှ လာတိုးရတယ်လို့၊ ဒီကောင်က ဘယ်ကနေ ရောက်လာတာလဲ”

“နည်းပြလု၊ ရှုနန်က အဲ့ကောင်လေးနဲ့ အတော်လေး ရင်းနှီးတဲ့ပုံပဲ”

“အဲ့ကောင် ရှုနန်ကို မတော်တဆ နှစ်ခါလောက် ကူညီမိရုံလေးပါ၊ သူက အမှိုက်ကောင်ပဲ၊ ငါက ရှုနန်နဲ့ သင်တန်းကျောင်း အတူတူ တက်ခဲ့တာ၊ အဲ့တော့ အဲ့ကောင်ထက် ငါ့အခွင့်အရေးက ပိုများတယ်၊ သူ နောက်ဆုတ်သွားရင် ကိစ္စမရှိဘူး၊ နောက်မဆုတ်ခဲ့ရင် သူ့ကို ငါ သင်ခန်းစာ ပေးရလည်း ဘာမှမဖြစ်ဘူး”

…

ဆူညံနေသော ခန်းမကိုကျော်၍ လုချောင်းအနောက်မှ လိုက်ကာ လက်ဝှေ့အားကစားခန်းမ၏ အနောက်ဘက်သို့ သူတို့ လျှောက်လာကြသည်။

ထိုနေရာတွင် သူတို့ တံခါးတစ်ခုကို ဖြတ်ကျော်ခဲ့ရပြီး အောက်ဆင်းသည့် လှေကားထစ်များအတိုင်း ဆက်လျှောက် ရသည်။

အားကစားခန်းမက နေရာကြီးမားရုံသာမက ကြီးမားသော မြေအောက်ခန်းလည်း ရှိပေသည်။

မြေအောက်ခန်းမှ အလင်းရောင်က အနည်းငယ် ဖျော့သည်။ ရဲ့လင်းချန် ရောက်သွားချိန်တွင် လူတစ်ဝက်လောက် ပြည့်နေလေပြီ။ လှည့်ပတ်ကြည့်လိုက်သောအခါ လုချောင်း ပြောသလိုပင် ရှစ်ဆယ် ရာခိုင်နှုန်းကျော်က နိုင်ငံခြားသားများ ဖြစ်ပြီး ဥရောပသားများ ပိုများလေသည်။ ဒုတိယအများဆုံးမှာ ဂျပန်လူမျိုးများနှင့် ရုရှားလူမျိုးများပင်။

လက်ဝှေ့ထိုးခြင်းက တရုတ်နိုင်ငံ၌ လူသိများသော်လည်း ကျော်ကြားခြင်း မရှိသေးပေ။ သို့သော် နိုင်ငံခြားသား များက နှစ်သက်ကြပြီး ဤခပ်ကြမ်းကြမ်း ပညာရပ်အား ကြည့်ရသည်ကို နှစ်ခြိုက်လေသည်။

မြေအောက်ပြိုင်ပွဲ ကြိုးဝိုင်း၏ လေးဘက်လေးတန်တွင် ဘားအသေးစားလေးများ ရှိသည်ကို ရဲ့လင်းချန် သတိထားမိသည်။ အပြင်အဆင်က ခွေးတိုက်ပွဲပြိုင်ကွင်းနှင့် အတော်လေး ဆင်တူပြီး ဘား၌ ရပ်နေသူများက ဧည့်သည်များ ဖြစ်ပြီး လောင်းကြေးထပ်ကြမည်မှာ အသေအချာပင်။

လက်ဝှေ့ထိုးခြင်း ဖြစ်သဖြင့် လောင်းကြေးထပ်ခြင်းက ရှောင်ဖယ်၍ မရနိုင်သော အရာပင်ဖြစ်သည်။ ယင်းက ဖုန်းဟော် လက်ဝှေ့အားကစားခန်းမ၏ အဓိက ဝင်ငွေ အရင်းအမြစ် ဖြစ်ကောင်းဖြစ်နိုင်၏။

လုချောင်းသည် ပြဿနာတက်မည်စိုး၍ ရှုနန်ကို ထိုအကြောင်း မပြောချေ။ ထိုအစား သူက သူမအား မြေအောက်ပြိုင်ပွဲအကြောင်း အတိုချုံးပြီး ရှင်းပြနေသည်။

“ဒီမှာ ထိုးနေကြတဲ့လူတွေက လက်ဝှေ့မှာ အဆင့်အတန်းတစ်ခု ရောက်ပြီးသားတွေပဲ၊ သူတို့က တီဗွီထဲက လက်ဝှေ့သမားတွေနဲ့ ယှဉ်ထိုးကြတယ်၊ တရုတ်ကုန်သည်အချို့က ခဏခဏ ဒီလာပြီး ပြိုင်ပွဲတွေကနေ သက်တော်စောင့်အဖြစ် ငှားငှားသွားကြတာ”

လုချောင်းက ဆက်ပြောပြသည်။

“ဒီဖုန်းဟောင် လက်ဝှေ့အားကစားခန်းမ ပိုင်ရှင်ကတော့ အရင်တုန်းက လက်ဝှေ့ချန်ပီယံ အလီပဲ”

“အလီလား၊ သူလား”

ရှုနန် အံ့ဩသွားသည်။

“သူ အနားယူလိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ပြောင်းလာတယ်လို့ ကောလာဟလ ရှိတာပဲ၊ တကယ် ဟုတ်လားတော့ ငါ မသိဘူး”

“အလီက လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့တုန်းက ပွဲနှစ်ဆယ် ဆက်တိုက်နိုင်ထားတဲ့ မှတ်တမ်း ရှိတယ်လေ၊ လက်ရှိ လက်ဝှေ့ချန်ပီယံကိုတောင် သူ သင်ပြပေးခဲ့တာ”

လီမော့က ရှင်းပြလေသည်။ ထို့နောက် လုချောင်းက ဆက်ရှင်းပြသည်။

“ဒီကို လာတဲ့လူတွေအားလုံးက ပြည်ပနိုင်ငံတွေက လူချမ်းသာတွေပဲ၊ တော်တော်များများက သူတို့ ကလေးတွေကို ဒီကိုလွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံတတ်အောင် သင်ခိုင်းကြတယ်၊ လက်ဝှေ့ပညာကို ထိပ်တန်းအဆင့် တိုက်ခိုက်ရေးပညာရပ်လို့ သတ်မှတ်လို့ရတယ်၊ အလီက တရုတ်နိုင်ငံကို လာပြီး လက်ဝှေ့ပညာကို လူသိများလာအောင် လုပ်ရတဲ့ အကြောင်းရင်းက…”

All Chapters