← Chapters

မင်း ငါ့ကို သတ်ရဲလား

Vol. 43 Ch. 632

မင်း ငါ့ကို သတ်ရဲလား

Vol. 43 Ch. 632

“ဝေါ့”

ကျားနက် သွေးတစ်လုပ် အန်လာသည်။ သူက အလီကို အံ့ဩနေသော မျက်လုံးတို့နှင့် ကြည့်လာသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အစောပိုင်းက လက်သီးက သူ၏ ညာလက်မှ အရိုးများကို ကျိုးကြေသွားစေခဲ့သည်။ ထို့အပြင် ဒဏ်ရာက သူ၏ ကိုယ်တွင်းအင်္ဂါများအထိ ပျံ့နှံ့သွားသည်။ သူ၏ သန်မာသော စိတ်ကြောင့်သာ မဟုတ်ပါက သူ သတိလစ်သွားလောက်သည်။ အကယ်၍ သာမန်လူတစ်ယောက်သာ ဤသို့သော ဒဏ်ရာမျိုး ခံစားရပါက ချက်ချင်း သေသွားနိုင်သည်။

တိတ်ဆိတ်ငြိမ်သက်နေ၏။

တိုက်ပွဲကို ကြည့်နေသည့် လူတိုင်း မျက်လုံးများ ပြူးကျယ်နေသည်။ သူတို့သည် ပြောစရာစကား မဲ့ကာ ကြက်သေ သေနေလေသည်။

စီချွမ်-တိဘက် နယ်စပ်၌ ကျားနက်က နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။ မိုမိသားစု၏ နောက်ခံ မပါလျင်တောင်မှ သူသည် လူသိများသော ဆရာသခင် တစ်ယောက် ဖြစ်သည်။ ဘယ်သူမှ သူ ရှုံးသည်ကို မမြင်ဖူးချေ။

*က…က…ကျားနက် ရှုံးသွားတာလား”

“ကျားနက်တောင်မှ ရှုံးတာလား၊ ဒါ တော်‌တော် သန်မာတာပဲ”

“နတ်ဆေးဆရာဝိုင်က သက်တော်စောင့် တစ်ယောက်တည်းပဲ ခေါ်လာတာ မထူးဆန်းတော့ပါဘူး၊ လတ်စသက်တော့ သူက ဒီလောက် သန်မာတာကိုး”

လူအုပ်ကြီးက အချင်းချင်း စကားပြောနေကာ အလီအား ကြောက်လန့်တကြား ကြည့်နေကြသည်။

မိသားစုကြီးများမှ လူများသည်လည်း ထပ်တူ ထိတ်လန့်နေ၏။

သူတို့က ကျားနက်၏ ခွန်အားကို ပို၍ သိနားလည်သည်။ သူတို့ မိသားစုတွင်းမှာတောင်မှ ကျားနက်နှင့် အဆင့်တူသည် ဆရာသခင်က လက်တစ်ဖက်စာမျှသာ ရှိပြီး သူတို့အား ကြေးမြင့်မြင့် ပေးရသည်။ နတ်ဆေးဆရာဝိုင်၏ ဘေး၌ ဤသို့သော ဆရာသခင်မျိုး ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ဤသည်က သူတို့အတွက် အလွန် အံ့ဩစရာ ကောင်းလှပေသည်။

“နတ်ဆေးဆရာဝိုင်ရဲ့ ဘေးနားမှ ဒီလို အရည်အချင်းရှိတဲ့ ပညာရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါတို့ ထင်မထားမိဘူး၊ ငါတို့ ချဉ်းကပ်ပုံကို ပြန်စဉ်းစားဖို့ လိုနေပြီနဲ့ တူတယ်”

သူတို့၏ မျက်လုံးများက လက်နေပြီး တစ်ချိန်တည်းမှာပင် မိုမိသားစုအား လှောင်ပြောင်နေလေသည်။

မိုမိသားစုက ဒေသတွင်း၌ အင်အားအကြီးဆုံး ဖြစ်လာပြီးကတည်းက သူတို့သည် မင်းမဲ့ဆန်ဆန် ပြုမူနေခဲ့သည်။ ယခုတစ်ခေါက်၌ သူတို့သည် အတားအဆီးတစ်ခုနှင့် ကြုံရရုံသာမက အခြားမိသားစုများ၏ အခြေအနေကို လေ့လာခြင်းနှင့်ပါ ကြုံရလေသည်။

“အဲ့တော့ အခု ခင်ဗျား ဘာလုပ်မှာလဲ”

ရဲ့လင်းချန်က ဘာမှမဖြစ်သကဲ့သို့ နေရာမှာပင် ပေါ့ပေါ့ပါးပါး အမူအရာနှင့် ရပ်နေဆဲဖြစ်သည်။ သူသည် စိတ်ရှုပ်ထွေးနေသော အဘိုးအိုအား တည်ငြိမ်စွာ လှမ်းကြည့်၍ မေးလိုက်သည်။

“ဒီတော့ ဒါက မင်းရဲ့ အားကိုးရာပေါ့လေ”

အဘိုးအိုသည် တွေဝေနေရာမှ သတိဝင်လာသည်။ သူ၏အသံက မာလာပြီး မျက်လုံး၌ ဒေါသအရိပ်အယောင်များ ပေါ်နေသည်။

နတ်ဆေးဆရာဝိုင်၊ လူတိုင်း ပြောနေကြသောသူ၊ သူ့ကြောင့် ကျားနက်က ဒုက္ခိတ ဖြစ်သွားလေပြီ။ မိုမိသားစုက ပညာရှင်တစ်ယောက်အား ဆုံးရှုံးလိုက်ရလေပြိ။

“ခင်ဗျားက အခုထိ ရန်လိုနေတဲ့ပုံပဲ”

ရဲ့လင်းချန် ရယ်လိုက်သည်။

“ငါ ဝန်ခံတယ်၊ ငါ မစ္စတာဝိုင်ကို အစည်းအဝေး တက်ဖို့ ဖိအား မပေးခဲ့သင့်ဘူး”

အဘိုးအိုက အင်တင်တင်ဖြင့် ခေါင်းမော့လာသည်။ သူ၏ အကြည့်နောက်ကွယ်၌ အဆုံးမသတ်နိုင်သော မုန်းတီးနာကျည်းမှုတို့ ပြည့်နှက်နေလေသည်။ သူသည် အခြေအနေကို ကောင်းကောင်း အကဲခတ်တတ်ပြီး မည်သို့ ညှိနှိုင်းရမလဲ သိပေသည်။ မိုမိသားစုနှင့် သူ၏ ပတ်သက်မှုကြောင့် ရဲ့လင်းချန်က သူ့ကို ဘာမှ မလုပ်ရဲလောက်ဟု သူ ယုံကြည်သော်လည်း နောက်ဆုတ်ရန်သာ သူ ရွေးချယ်လိုက်သည်။ ပြိုင်ဘက်က ထပ်မံ၍ ရန်စခြင်းက သူ့အတွက် ဘာအကျိုးအမြတ်မှ မပေးနိုင်သောကြောင့် ပြိုင်ငြင်းစရာ အကြောင်းမရှိချေ။

ကျားနက်သည် လက်သီးတစ်ချက်တည်းနှင့် သေလုနီးပါး ဖြစ်သွားခဲ့သည်။ သူ ပြန်ပင် မတိုက်ခိုက်နိုင်တော့ပေ။

*ငါ မိုမိသားစုကို ပြန်ရောက်တာနဲ့ မင်း ဒီရန်ကြွေးကို အပြည့်အဝ ရင်ဆိုင်စေရမယ်၊ မင်း နောင်တရလာလိမ့်မယ်*

အဘိုးအိုက မျက်လုံးကို မှေးစင်း၍ သူ၏ ခံစားချက်များကို စိတ်ထဲ၌သာ ထားလိုက်သည်။

*ဟဲဟဲ၊ သူ့သက်တော်စောင့်က သူမတူရင်တောင်မှ လူဖြစ်နေတုန်းပဲလေ၊ ကျားနက်က သန်မာတယ်ဆိုပင်မယ့် မိုမိသားစုမှာ ကျားနက်ထက် ပိုသန်မာတဲ့သူတွေ ရှိတယ်၊ အထူးသဖြင့် မိုမိသားစုရဲ့ သခင်ကြီးပဲ၊ သူက ဒေသတစ်ခုလုံးကို အနိုင်ယူခဲ့တာ၊ အဲ့တာကတင် သူ ဘယ်လောက် သန်မာလဲ လူတိုင်း ပြောလို့ ရနေပြီ၊ ပြီးတော့ ငါတို့က သေနတ်တွေတောင် ရနိုင်တဲ့အထိ ဩဇာ ရှိတာ၊ နတ်ဆေးဆရာဝိုင် ပြေးမလွတ်နိုင်ဘူး*

အဘိုးအို၏ အတွေးထဲ၌ ထိုအတွေးများ ပေါ်လာသောအခါ သရော်ပြုံး ပြုံးလိုက်မိသည်။

“ခင်ဗျားက အရှုံးကို ဝန်ခံမှာတော့ ကျေးဇူး ပြန်ဆပ်ပေးရမှာပေါ့”

*ဘာ*

အဘိုးအိုက မယုံနိုင်ဟန်ဖြင့် ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။

“မင်းက ငါ့ကို အာခံရဲသလား”

“ဟားဟား ဘာလို့ မလုပ်ရဲရမှာလဲ”

ရဲ့လင်းချန် ခနဲ့လိုက်သည်။

“ခင်ဗျားက ကျုပ်လူကို ဒုက္ခိတဖြစ်အောင် လုပ်ချင်တဲ့ ခင်ဗျား ရည်ရွယ်ချက်ကို ကြေညာခဲ့တယ်၊ အဲ့ဒီတော့ ကျုပ် ကျေးဇူး ပြန်ဆပ်မှ မျှတမှာပေါ့”

ရဲ့လင်းချန်၏ တွေးခေါ်ပုံက သာမန်လူများနှင့် မတူတော့သည်မှာ ကြာခဲ့လေပြီ။ သူသည် သာမန် လူငယ်ကဲ့သို့ ကြင်နာမှုကို မပြတော့ချေ။ လှုပ်ရှားချိန်တန်လျင် သူ နောက်ဆုတ်မည် မဟုတ်ပါ။

“ဒေါက် ဒေါက် ဒေါက်”

အလီက အဘိုးအိုထံသို့ လျှောက်သွားသည်။

ဖိအားကို ခံစားလိုက်ရသဖြင့ အဘိုးအို၏ မျက်နှာက ဖြူရော်သွားသည်။ သူ၏ မျက်နှာ အမူအရာက ကြောက်လန့်ခြင်းသို့ ကူးပြောင်းသွားသည်။

“မင်း ငါ့ကို ထိခိုက်အောင် လုပ်ရင် မိုမိသားစုက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး”

ရဲ့လင်းချန်က မကြားချင်ယောင်ဆောင်၍ တံခါးဘက်သို့ လျှောက်သွားသည်။

“သိုင်းပညာရှင်တွေရဲ့ စည်းကမ်းအရ ဒီကိစ္စကို ကြေအေးဖို့ ခင်ဗျား ကျုပ်ဆီက လက်သီးတစ်ချက် လက်ခံဖို့ လိုအပ်တယ်”

အဘိုးအိုသည် အချိန်မီ မတုံ့ပြန်နိုင်ဘဲ အလီ၏ လက်သီးက သူ၏ ရင်ဘတ်ပေါ်သို့ တည့်တည့်မတ်မတ် ကျလာသည်။ သူ့လက်သီးချက်၏ နောက်ကွယ်မှ ခွန်အားက အသေးအဖွဲလေး မဟုတ်ချေ။ အဘိုးအိုသည် သာမန် ခန္ဓာကိုယ်နှင့် သာမန်လူတစ်ယောက် ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ရင်ဘတ်က ချိုင့်ဝင်သွားပြီး ထုတ်ချင်းဖောက်လုနီးပါး ဖြစ်သွားလေသည်။

“မင်း ငါ့ကို သတ်ရဲလား”

အဘိုးအိုသည် သေမင်းတံခါးဝသို့ ရောက်နေချိန်မှာတောင်မှ မယုံနိုင် ဖြစ်နေသည်။ သူ၏ မျက်နှာတွင် မလိုလားခြင်းနှင့် မယုံနိုင်ဟန်တို့ ပြည့်နှက်နေသည်။

*သ...သ...သေသွားပြီလား*

တစ်ခန်းလုံး သုသာန်အလား တိတ်ဆိတ်သွားသည်။

*ဒါက မိုမိသားစုရဲ့ အိမ်တော်ထိန်းလေ၊ သူက သိုင်းပညာ မလေ့ကျင့်ပင်မယ့် မိုမိသားစုမှာ သူ့ရာထူးက တော်တော်လေး မြင့်တာ၊ အကြီးအကဲတစ်ယောက်ထက် သာသာလေးပဲ နိမ့်တာ*

လူတိုင်း အတွေးဗလာဖြစ်နေသကဲ့သို့ ခံစားနေရသည်။ သူတို့ ဆွံ့အစွာ ကြည့်နေစဉ်မှာပင် ရဲ့လင်းချန်၏ ပုံရိပ်က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။

ရဲ့လင်းချန် ပြတ်သားလွန်းလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။ သူတို့ထဲက မည်သူမဆို မိုမိသားစု၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရလျင် တုံ့ဆိုင်းသွားတတ်သည်။ သို့သော် ရဲ့လင်းချန်က နောက်တစ်ကြိမ်ပင် မစဉ်းစားဘဲ အဘိုးအိုအား သတ်ခဲ့သည်။

*သူ ဘယ်လိုတောင် အတင့်ရဲတာလဲ*

လက်ရှိအချိန်၌ သူတို့သည် သူ၏ နတ်ဆေးဆရာဝိုင်ဟူသော နောက်ခံကိုပင် မေ့လျော့နေကြသည်။ ဘယ်သူ့တွင်များ ဤသို့သော ထိတ်လန့်စရာကောင်းသည့် အမူအကျင့်မျိုး ရှိနိုင်မည်နည်း။

လူအုပ်ကြီးက သတိဝင်လာချိန်တွင် ကြမ်းပြင်ပေါ်မှ အလောင်း နှစ်လောင်းကို မြင်ပြီး ကျောရိုးထဲအထိ စိမ့်သွားအောင် ကြက်သီးထလာကြသည်။ စီချွမ်-တိဘက် ဒေသတစ်ခုလုံး ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရ ပေတော့မည်။

ရဲ့လင်းချန်က အခြားသူများ၏ အတွေးကို ဂရုမစိုက်သလို ဂရုစိုက်စရာလည်း မလိုပါ။ သူ၏ အဆင့်အရ သူ စိုးရိမ်ရန် လိုအပ်သည့် အရာက မရှိသလောက်ပင်။ သူသည် ရန်စမခံရသရွေ့ သူ့အလုပ်ကိုသာ အာရုံစိုက်မည် ဖြစ်သည်။ မိုမိသားစုသာ သေမည်ကို မကြောက်ပါက လာခွင့်ပေးလိုက်မှာပင်။

အဘိုးအိုကို လွှတ်ပေးလိုက်လျင်တောင်မှ မိုမိသားစုက သည်အတိုင်း မနေမှန်း ရဲ့လင်းချန် သိနေသည်။ ခွေးရူးပြန် ရောဂါ ကုသဆေးသည် အဖိုးတန်လွန်းလှသည်။ ရဲ့လင်းချန်သည် ဤဆေးဖော်မြူလာ၏ ဆွဲဆောင်နိုင်စွမ်းကို လျှော့တွက်ခဲ့မိသည်။

ရက်စက်ခြင်းကသာလျင် သွေးဆောင်ချင်သော အခြားမိသားစုများထံသို့ ကြောက်စိတ် ရိုက်သွင်းနိုင်မည် ဖြစ်သည်။

သူ့လက်ထဲမှ ဆေးပင်များကို သူ လေ့လာနေသည်။ အဘိုးအိုက သေသွားပြီ ဖြစ်သဖြင့် သူ သယ်လာသော ဆေးပင်များကို ရဲ့လင်းချန်က ယူလာလိုက်သည်။

“မင်း ဘယ်လို ခံစားရလဲ”

ရဲ့လင်းချန်က သူ့အနောက်မှ လိုက်လာသော အလီကို မေးလိုက်သည်။

“ဟားဟား မိုက်တယ်”

အလီက စိတ်လှုပ်ရှားစွာ ရယ်မောနေသည်။

“အစက ဒီကမ္ဘာမှာ ပညာရှင် အနည်းအကျဉ်းပဲ ရှိတယ်လို့ ငါ ထင်ခဲ့တာ၊ ဒီနေ့ တစ်ယောက်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ငါ သေချာ မပျော်လိုက်ရတာ ဆိုးတာပဲ”

အလီ၏ လောကအမြင်သည် ရဲ့လင်းချန်နောက် လိုက်ခဲ့ပြီးကတည်း များစွာ ကျယ်ပြန့်လာခဲ့သည်။ ဤသို့ ပညာရှင် တစ်ယောက်နှင့် ကြုံတွေ့ရခြင်းက သူ့အား စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်လာစေသည်။

သူ့ကဲ့သို့ တိုက်ခိုက်ရသည်ကို ရူးသွပ်သည့် လူတစ်ယောက်အတွက် အကြီးမားဆုံး ကြောက်စိတ်မှာ ပြိုင်ဘက် မရှိခြင်း ဖြစ်သည်။ အထူးသဖြင့် သူ သိုင်းပညာကို လေ့လာပြီးချိန်၌ ဖြစ်သည်။

“ကောင်းကောင်း အနားယူပြီး ပြင်ဆင်ထား၊ အဲ့ကျားနက်က မိုမိသားစုမှာ ရှိတာ အကုန်ပဲ မဟုတ်နိုင်ဘူး”

ရဲ့လင်းချန်က ပြောလိုက်သည်။

အလီ၏ မျက်လုံးများက ဝင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။

“ကောင်းတာပေါ့၊ ငါ သူတို့ကို လေ့ကျင့်ဖို့ အသုံးချလို့ ရပြီ”

သူသည် တစ်ခဏမျှ ငြိမ်နေပြီးမှ ရဲ့လင်းချန်ကို ကြည့်ကာ မေးလေသည်။

“သခင်လေးရဲ့၊ ပညာရှင် တစ်ယောက် ပေါ်လာခဲ့ရင် ငါ အကန့်အသတ် မရောက်မချင်း မင်း စောင့်နေပေးလို့ ရလား၊ ငါ့ကို ဒါလေး ခံစားခွင့်ပေးပါ၊ ငါ ဒီလောက် စိတ်အားမထက်သန်ခဲ့တာ ကြာနေပြီ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ဤလူကို ခေါ်လာခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ သက်တော်စောင့် ဖြစ်ဖို့ သင့်တော်လိုက်တဲ့သူပါလား …

All Chapters