← Chapters

ဗိုင်းရပ်စ်တစ်ခု ဖန်တီးခြင်း

Vol. 44 Ch. 658

ဗိုင်းရပ်စ်တစ်ခု ဖန်တီးခြင်း

Vol. 44 Ch. 658

ရဲ့လင်းချန်သည် ကိုရီးယား၏ ကွန်ရက်ပေါ်တွင် ရှိနေသဖြင့် ထိုမှတ်ချက်များအားလုံးကို မြင်သွားလေသည်။

*ဟဲဟဲ … သူတို့ သေခါနီး ဖြစ်နေတာကို အခုထိ သတိမထားမိသေးဘူးပဲ၊ ဒီကိုရီးယားကလူတွေက အခြေအနေကို အခုထိ မသိသေးဘူး၊ ဒါပေမဲ့ သူတို့ မကြာခင် ငိုတော့မှာပါပဲ*

*ငတုံးတွေပဲ*

*ဒီတစ်ခါတော့ ငါ မင်းတို့ကို အညံ့ခံလာတဲ့အထိ တိုက်ပစ်မယ်*

ပြည်တွင်းနှင့် ပြည်ပမှ လူများအားလုံးက စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ ထိုအခိုက်တွင် ကိုရီးယား၏ ဟက်ကာများသည် အလွန်အမင်း စိုးရိမ်ပူပန်နေလေသည်။

“တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူမဆို ဘယ်လောက် ဝေးဝေး ဖိနှိပ်ခံရမယ်”

ထိုစာသားက လေလုံးသက်သက်ထက် ပိုကြောင်း သိသာလှသည်။ ပြစ်ဒဏ်က သက်ရောက်မှု ကြီးမားမည်မှာ အသေအချာပင် ဖြစ်ပြီး အခြေအနေက အလွန် လွယ်ကူစွာ အဆုံးသတ်မည် မဟုတ်ချေ။

*ဒါ မျက်လုံးတစ်လုံးအတွက် တစ်လုံးဆိုတာများလား*

ကိုရီးယား ဟက်ကာများသည် တရုတ်၏ website များစွာကို ရပ်တန့်အောင် လုပ်ခဲ့ပြီး၊ အနုပညာရှင်များ၏ အကောင့်များကို ဟက်ခဲ့ကာ လူထုကို စော်ကားလှောင်ပြောင်ခဲ့သည်။ ဟက်ကာဝိုင်က ထပ်တူညီသော အရာကို လုပ်လိမ့်မည်ဟု လူတိုင်း ခန့်မှန်းမိသည်။

ဤမျှ တိုတောင်းသောအချိန်အတွင်း ရဲ့လင်းချန် ဘယ်လို လက်တုံ့ပြန်မလဲဆိုသည်ကိုတော့ သူတို့ မတွေးတတ်ချေ။

မကြာခင်မှာပင် သူတို့၏ အတွေးက ရိုးစင်းလွန်းနေကြောင်း သူတို့ သတိပြုမိသွားသည်။ ရဲ့လင်းချန်သည် သူတို့ မလုပ်နိုင်သော အရာများစွာကို လုပ်နိုင်ပြီး သူတို့၏ အင်အားက အဆင့်မတူချေ။

ယခုအခါတွင် သူသည် ကြေညာချက် ထုတ်ပြီးပြီ ဖြစ်သဖြင့် ထိုသို့ဖြစ်အောင် သေချာပေါက် လုပ်ပေမည်။ တရုတ်အား လှောင်ပြောင်သည့် မည်သူမဆိုအား မည်မျှဝေးဝေး ဖိနှိပ်ခံရမည်။

လက်တုံ့ပြန်မှုကို ဖြစ်ပေါ်လာစေသည့် အကြောင်းရင်းခံမှာ ကိုရီးယား၏ အရှက်မဲ့ခြင်းကြောင့် ဖြစ်ပြီး ယင်းက ရဲ့လင်းချန်အား ဒေါသထွက်စေခဲ့ပြီး ကောင်းကောင်းကြီး သင်ခန်းစာ ပေးချင်လာစေခဲ့သည်။

ရဲ့လင်းချန်၏ မျက်နှာတွင် နတ်ဆိုးဆန်ဆန် အပြုံးမျိုး ပေါ်လာပြီး သူ၏ လက်ချောင်းများက ကီးဘုတ်ပေါ် ပြေးလွှားနေ၏။

“ရဲ့နတ်ဘုရား၊ ရှင်က အံ့ဩဖို့ကောင်းတာပဲ၊ ရှင့်ရဲ့ ဟက်ကာ အရည်အချင်းကလည်း အထင်ကြီးစရာပဲ”

ရဲ့လင်းချန်က သူ၏ အရည်အချင်းကို ထုတ်သုံး၍ ကိုရီးယား ဟက်ကာများကို ရင်ဆိုင်ပြီး အရာအားလုံးက ပုံမှန် အခြေအနေသို့ ပြန်ပြောင်းသည်ကို ကြည့်ပြီး ဟောင်ယွင်သည်လည်း အံ့ဩနေသည်။

“ဥက္ကဋ္ဌရဲ့၊ ခင်ဗျား နောက်ထပ် ဘာလုပ်ဦးမှာလဲ၊ ပြီးတော့ ခုနက ခင်ဗျားရဲ့ အမိန့်တချို့ကိုလဲ ကျွန်တော်တို့ နားမလည်ဘူး၊ ခင်ဗျား ကျွန်တော်တို့ကို သင်ပေးလို့ ရမလား”

ရှောင်လီက သူ၏ ပါးစောင်ကို လျှာဖြင့် ထိုး၍* မေးလိုက်သည်။ ရဲ့လင်းချန်အပေါ် သူ၏ လေးစားစိတ်က စီးဆင်းနေသော စမ်းချောင်းကဲ့သို့ အတောမသတ်နိုင်တော့ချေ။

ဝမ်ရုံ နည်းပညာ၏ သိပ္ပံနည်းပညာဌာနတစ်ခုလုံး အံ့ဩ မှင်တက်နေကြသည်။ သူတို့၏ သူဌေးက မည်မျှ အံ့ဩဖွယ် ကောင်းသလဲ ဆိုသည်ကို သူတို့ ယခုမှ ပထမဆုံးအကြိမ် သိကြခြင်း ဖြစ်သည်။ သူသည် တကယ်ကို ကျော်ကြားသော သူတစ်ယောက်ဖြစ်ပြီး အင်တာနက်၏ အာဏာရှင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လေသည်။ သူတို့အားလုံး ခံစားမိသည်မှာ စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူတို့သူဌေး၏ အရည်အချင်းများကို လက်ခံ ယုံကြည်သွားကြလေသည်။

“ရှောင်လီ၊ ဥက္ကဋ္ဌရဲ့ကို မနှောင့်ယှက်နဲ့”

အိုးရန်ချင်းက မျက်မှောင်ကြုတ်၍ ချက်ချင်း ငေါက်လိုက်သည်။

သူသည် ရဲ့လင်းချန်၏ လှုပ်ရှားမှုများကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေပြီး သူ့ထံမှ ပညာများစွာ သင်ယူလိုက် ရသည်ဟု ခံစားနေရသည်။

“ဟားဟား … အင်တာနက်ကို ရင်ဆိုင်ဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းက ဗိုင်းရပ်စ် သုံးတာပဲ”

ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။

“ဗိုင်း … ဗိုင်းရပ်စ်လား”

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကာ ရဲ့လင်းချန်အား ကြောက်လန့်တကြား ကြည့်လာကြသည်။

ကွန်ပျူတာများအတွက် ဗိုင်းရပ်စ်များသည် ကြောက်စရာ အကောင်းဆုံး အရာ ဖြစ်သည်။ ၎င်းသည် ကပ်ရောဂါ တစ်ခုနှင့် ဆင်တူပြီး တစ်ခုတည်းသော ကွာခြားချက်မှာ ကူးစက်စေသည့် ပစ်မှတ်က လူမဟုတ်ဘဲ ကွန်ပျူတာ ဖြစ်နေခြင်းပင်။

သို့သော်ငြားလည်း ကွန်ပျူတာ ဗိုင်းရပ်စ်တစ်ခုက အလွန်အမင်း ခြိမ်းခြောက်မှုပြုယုဂ် ဖြစ်သည်က ငြင်းမရနိုင်သော အချက်ပင်။

ဗိုင်းရပ်စ် ကူးစက်ခံရသည်နှင့် ကွန်ပျူတာသည် လုံးလုံးလျားလျား သုံးစားမရ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ထိုဗိုင်းရပ်စ်များကို ထိန်းချုပ်ဟန့်တားရန် ဗိုင်းရပ်စ် ခုခံကာကွယ်သည့် ဆော့ဖ်ဝဲလ်များနှင့် firewall များ ဖန်တီးခြင်း ဖြစ်သည်။ မျက်မှောက်ခေတ်၌ အပျက်အစီး ဖြစ်စေနိုင်သော ဗိုင်းရပ်စ်များက အနည်းအကျဉ်းသာ ရှိသည်။ မည်သည့် ဗိုင်းရပ်စ်မှ ထိုသို့ မလုပ်နိုင်တော့ဟု ပြော၍ ရနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဆော့ဖ်ဝဲလ်များက အချက်ပြချက် တစ်ခုရသည်နှင့် ချက်ချင်း သတ်ပစ်လိုက်ကြသောကြောင့်ပင်။

ထို့ကြောင့် ရဲ့လင်းချန်က ဗိုင်းရပ်စ်ကို သုံးမည်ဟု ပြောလာချိန်၌ လူတိုင်း ကြောက်လန့်သွားကြခြင်း ဖြစ်သည်။

ဗိုင်းရပ်စ်က ကြောက်စရာကောင်းသော်လည်း တကယ် အလုပ်ဖြစ်ပါမည်လော။

“ဘယ်ဗိုင်းရပ်စ်ကို ရှင် သုံးမှာလဲ”

အိုးရန်ချင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ မသိဘူး”

ရဲ့လင်းချန်က ကီးဘုတ်ကို ရိုက်နေရင်းနှင့် ပခုံးတွန့်ပြသည်။

*သူ မသိဘူးလား*

*မဟုတ်မှလွဲရော … သူ ဗိုင်းရပ်စ်ကို လက်တန်း ဖန်တီးမလို့လား*

မကြာခင်မှာပင် ရဲ့လင်းချန်က သူတို့၏ မေးခွန်းများကို လုပ်ရပ်ဖြင့် ပြသလာသည်။ ရဲ့လင်းချန်၏ လျင်မြန်သော စာရိုက်မှုအောက်၌ ရှုပ်ထွေးသော ပရိုဂရမ်တစ်ခုက လျင်မြန်စွာ ဖြစ်ပေါ်လာလေသည်။

ရှောင်လီ၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

“ဒါက … source code လား”

“ဗိုင်းရပ်စ် source code လား၊ ရူးချင်စရာပဲ”

ရဲ့လင်းချန်က သူတို့ကို ဥပေက္ခာ ပြုထားသည်။ ပန်းတိုင်ကို သတ်မှတ်ပြီးပြီ ဖြစ်သဖြင့် သူ လျင်မြန်စွာ သုတ်သင်တော့သည်။

ရဲ့လင်းချန်၏ အတွေးထဲ၌ ကွန်ပျူတာ အသိပညာများက လျင်မြန်စွာ ဖြတ်ပြေးနေသည်။ လက်ရှိတွင် သူသည် ကိုရီးယားနိုင်ငံ၏ ကွန်ပျူတာ အခြေအနေကို အကြမ်းဖျင်း နားလည်နေပြီး ယင်းကို ပစ်မှတ်ထားသည့် ဗိုင်းရပ်စ်များကို ဖန်တီးလိုက်သည်။

အိုးရန်ချင်းနှင့် အခြားသူများသည် မျက်တောင်မခတ်တမ်း ကြည့်၍ လုံးလုံးလျားလျား ကြက်သေ သေသွားကြသည်။

*သူက အွန်လိုင်းတိုက်ပွဲအတွင်း ဗိုင်းရပ်စ်ကို လက်တန်း ဖန်တီးတာပဲ၊ သူက မကောင်းဆိုးဝါးပဲ*

ရဲ့လင်းချန်က ကိုရီးယားနိုင်ငံ ကွန်ရက်၏ အစိတ်အပိုင်းများကို ကျူးကျော်ပြီးနောက် တိုက်စစ်ကို ရပ်၍ ခံစစ်ကို ပြောင်းလိုက်သည်က အံ့ဩစရာ မဟုတ်တော့ချေ။ သူက ကြီးမားသော တိုက်ခိုက်မှုအတွက် ပြင်ဆင်နေခြင်းပင်။

Dim InWhere, HtmlText, VbsText, DegreeSign, AppleObject, FSO, WsShell, WinPath, SubE, FinalyDisk

Sub KJ_start ()

‘Initialize variables

KJSetDim ()

‘Initialize environment

KJCreateMilieu ()

‘Infect the local or shared directory with html

KJLikeIt ()

‘Infect Outlook mail template via vbs

KJCreateMail ()

‘Duplicate malware

…

ကွန်ပျူတာ ညွှန်ကြားချက်အား ထုတ်ပြီးသွားလေပြီ။

ရဲ့လင်းချန်၏ လက်ချောင်းများက တစ်ခဏမျှ ရပ်သွားပြီးနောက် ဗိုင်းရပ်စ်၏ ပုံများကို တိတ်ဆိတ်စွာ ဖန်တီးလေသည်။

သူသည် အင်္ဂလိပ် အက္ခရာ ဝိုင်အကြီးကို ပုံအဖြစ်သုံး၍ စာသားများ ထပ်ဖြည့်နေခြင်း ဖြစ်သ်ည။

ကုဒ်က အလွန်အမင်း ရှည်လျားလှသည်။ ကုဒ်ကို ရေးသားသည့် လုပ်ငန်းစဉ်ကလည်း ငြီးငွေ့ဖွယ် ကောင်းပြီး လူအများစုက ညွှန်ကြားချက်များကို နားမလည်ကြချေ။ အကြောင်းမှာ သူတို့ စိတ်မဝင်စားသည့် ရှည်လျားလှသော အင်္ဂလိပ် အက္ခရာများနှင့် သင်္ကေတများကို တန်းစီ၍ ကြည့်နေရသောကြောင့်ပင်။ A4 စာရွက်မက ရှည်လျားသော စာများကြောင့် လူတိုင်း ကြက်သီးထလာသည်။

ရဲ့လင်းချန်သည် အမြန်ဆုံးနှုန်းနှင့် စာရိုက်နေသည်။ ထိုပရိုဂရမ်များကို ရေးချင်သည့် မည်သည့် သာမန်လူမဆို အနည်းဆုံး တစ်ရက် အချိန်ယူရသည်။ စာရိုက်ပြီးနောက် ညွှန်ကြားချက်များ၌ အမှားပါသလား ဆိုသည်ကိုပါ စစ်ဆေးရသေးသည်။ အမှား သေးသေးလေး တစ်ခုကပင် ပရိုဂရမ်တစ်ခုလုံး လည်ပတ်ခြင်းအား ပိတ်ဆို့နိုင်သဖြင့် ပရိုဂရမ်ကောင်းတစ်ခု ရေးသားခြင်းက ကြီးမားသော တာဝန်တစ်ခု ဖြစ်လေသည်။

နတ်ဘုရားကဲ့သို့သော ရဲ့လင်းချန်အတွက် ၎င်းတို့က ပြဿနာ မဟုတ်ချေ။

သူ ပြုလုပ်ထားသော ဗိုင်းရပ်အား ရိုးရိုးရှင်းရှင်း စစ်ဆေးကြည့်ပြီးနောက် ရဲ့လင်းချန် ပြုံးလိုက်သည်။ ဗိုင်းရပ်စ်၏ လုပ်ဆောင်နိုင်စွမ်းကို ကြည့်ရန် အချိန်တန်လေပြီ။

အရာအားလုံးက သူ၏ အပြုအမူများကြောင့် ဖြစ်လာခြင်း ဖြစ်သဖြင့် လက်စားချေခြင်းကိုလည်း သူကိုယ်တိုင် လုပ်သင့်ပေသည်။

ဗိုင်းရပ်စ်သည် ကောင်းသောအရာ မဟုတ်သော်လည်း သိုင်းပညာနှင့် မခြားနားပါ။ ၎င်းတို့ကို မကောင်းမှုအတွက် သုံးပါက ယုတ်ညံ့သော အရာ ဖြစ်လာမည် ဖြစ်ပြီး ကောင်းသောအရာအတွက် အသုံးပြုပါက အကျိုးပြုပေသည်။

ကိုရီးယားလူမျိုးများသည် ရန်လိုလွန်းပြီး တရုတ်၏ အင်တာနက်ကို အလွန်အမင်း ဒုက္ခရောက်စေခဲ့သည်။ သက်ရောက်မှုက ကြီးမားပြီး တစ်ယောက်ယောက်က ယင်းအတွက် ရပ်တည်ပေးရပေမည်။

နိုင်ငံတိုင်းမှ နိုင်ငံတကာ ဟက်ကာများကလည်း စောင့်ကြည့်နေကြသည်။

“အခြေအနေက ဘာလဲ၊ ဘာလို့ ဝိုင်က မလှုပ်ရှားသေးတာလဲ”

“သူ နောက်ဆုတ်သွားပြီလား”

“မဖြစ်နိုင်ဘူး၊ သူ ခုနက ဒီလောက် အရှိန်ရထားတာ၊ ဘာလို့ ရုတ်တရက်ကြီး သူက ရပ်သွားမှာလဲ”

“ကိုရီးယားက လူတွေကို ခြောက်လှန့်ရုံ သက်သက်ပဲလား”

“ပြီးသွားတာတော့ မဟုတ်ဘူးမလား၊ သူ့အစွမ်းအစစ်ကို ထုတ်ပြလာကို ငါ ကြည့်ချင်နေသေးတယ်”

သူတို့အားလုံးသည် ရုတ်တရက် ပေါ်လာသော တရုတ်မှ ထူးဆန်းသော ဟက်ကာနှင့် ပတ်သက်၍ အလွန် သိချင်နေကြသည်။ နည်းပညာခေတ်အတွင်း ပညာရှင်များက များစွာ ပေါ်ထွန်းလာကြပြီး အချို့ဝါရင့်များ ကျဆင်းသွားပြီး အသစ်များက ညတွင်းကြီး ပေါ်လာသည်။ ဤသို့သော ပြင်းထန်သည့် အင်တာနက် စစ်ပွဲ မဖြစ်တော့သည်က ကြာနေပြီ ဖြစ်ပြီး ကုဒ်နာမည် ဝိုင်သည် ဟက်ကာများ နှစ်ပေါင်းများစွာ သတိတရ ဖြစ်သွားခဲ့သည်။

ကိုရီးယားနိုင်ငံ၏ ဟက်ကာအဖွဲ့က ဟက်ကာဝိုင်အား အချိန်မရွေး ဝိုင်းတိုက်ရန် အသင့်ပြင်ထားသည်။

“ဟမ် … ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိတော့တာလဲ”

“သူ ရုတ်တရက်ကြီး ကြောက်လို့ ထွက်ပြေးသွားပြီလား”

“သူ မသွားသေးဘူး၊ သူ ဖမ်းချုပ်ထားတဲ့ ကွန်ရက်ကို ငါတို့ ပြန်သိမ်းလို့ မရသေးဘူး”

“ချီးပဲ၊ ငါ မကောင်းတဲ့ ခံစားချက်မျိုး ရနေပြီ”

“စိတ်မပူနဲ့၊ သူက တစ်ယောက်တည်းပါ”

ကိုရီးယားနှင့် တရုတ်မှ လူများသည် အလွန် အာရုံစိုက်၍ စောင့်ကြည့်နေကြသည်။ ဟက်ကာဝိုင် ဘာဆက်လုပ်မလဲ ဆိုသည်ကို လူတိုင်း သိချင်နေကြလေသည်။

ဝိုင် လှုပ်ရှားလာသည့်အခါတိုင်း အခြေအနေများက ရိုးရှင်းမည် မဟုတ်ကြောင်း တရုတ်လူမျိုးတိုင်း စိတ်ထဲမှ သိနေကြသည်။ သူတို့အားလုံးသည် ဝိုင်၏ လှုပ်ရှားမှုကြီးကို မြင်ရရန် စိတ်လှုပ်ရှားနေ၏။

ထိုသို့သောအချိန်၌ ရဲ့လင်းချန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသော ကိုရီးယား၏ website များထဲသို့ ဗိုင်းရပ်စ်က တိတ်တဆိတ် ဝင်ရောက်လာလေသည်။

All Chapters