← Chapters

အဲ့လောက် မြန်လား

Vol. 37 Ch. 553

အဲ့လောက် မြန်လား

Vol. 37 Ch. 553

“န…န…. နတ်ဆေးဆရာဝိုင်လား”

လူတိုင်း မှင်တက်သွားကြသည်။ ရဲ့လင်းချန်၏ နောက်ကျောကို ကြည့်ရင်းနှင့် သူတို့၏ နှလုံးခုန်နှုန်းက မြန်ဆန်လာကာ မျက်လုံးတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာသည်။

“နတ်ဆေးဆရာဝိုင်က ငါ့သားကို ကယ်ဖို့ ဒီကို ရောက်နေပါလား”

အမျိုးသမီးသည် ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျနေဆဲ ဖြစ်သည်။ သူသည် ရုတ်တရက် ဖြစ်ပေါ်လာသော သတင်းကောင်းကြောင့် ကြက်သေ သေကာ ဝမ်းသာစိတ်ကြောင့် ငိုကြွေးလေတော့သည်။

“သူ ဘေးကင်းပြီ၊ ငါ့သား ဘေးကင်းပြီ”

ရဲ့လင်းချန်သည် နတ်ဆေးဆရာဝိုင်အဖြစ် နေခဲ့စဉ်က သုံးခဲ့သည့် အခန်းသို့သာ ပြန်သွားပြီးနောက် ဘာမှ ပြောင်းလဲခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ လေပူလက္ခဏာ တုပ်ကွေးရောဂါ ကာလအတွင်းက အမှတ်တရများကို သူ ပြန်တွေးမိပြီး ကြည်နူးသလို ခံစားလိုက်ရသည်။

သို့သော် ဤနေရာမှ လူအရေအတွက်သည် ယခင်နှင့်ယှဉ်လျင် အလွန်နည်းပါးပေသည်။

လေပူလက္ခဏာ တုပ်ကွေးအား သူ ပထဆုံး ကုသခဲ့သည့်အချိန်ကို မှတ်မိပါသေးသည်။ ထိုအချိန်က ဤနေရာသို့ လာရောက်သည့် လူဦးရေက များပြားလှပြီး ရှည်လျားစွာ တန်းစီ၍ စောင့်ဆိုင်းခဲ့ရသည်။ အချိန် ကြာလာသောအခါ တစ်စတစ်စ လျော့နည်းလာပြီး လူအနည်းငယ်သာ ကျန်ရှိတော့သည်။

တကယ်တမ်းတွင် သူ့အား အွန်လိုင်းပေါ်မှ အပြစ်တင် ပြောဆိုနေသည့် လူများပင် ရှိခဲ့သေးသည်။

ဤသို့ ထူးချွန်သော ဆေးပညာရှိသော်လည်း ပုန်းကွယ်နေသည့် နတ်ဆေးဆရာဝိုင်အတွက် ဆေးပညာက အလကား ဖြစ်သည်ဟု အချို့သောသူများက ထင်မြင်ကြသည်။ တစ်ချို့က နတ်ဆေးဆရာဝိုင်သည် လူများစွာ၏ အသက်ကို ဆေးပညာဖြင့် ကယ်တင်နိုင်ရန် တပည့်များ လက်ခံသင့်သည်ဟု အကြံပြုကြသည်။

ကီးဘုတ်ဖိုက်တာများက ရွံရှာစရာ ကောင်းလှသည်။ ဘာပြဿနာပဲ ဖြစ်နေပါစေ သူတို့သည် အပြစ်တင် ပြောဆိုရန် အမြဲတမ်း တစ်ခုခုကို လိုက်ရှာကြသည်။ ထိုလူများသည် လူမှုအဖွဲ့အစည်း၏ ကပ်ဘေးဖြစ်ပြီး သူတို့၏ ပါးစပ်များက လူ့အဖွဲ့အစည်းထဲမှ သူတို့၏ လက်တွေ့ လုပ်ဆောင်မှုနှင့် ခြားနားကာ တကယ်ကို စက်ဆုပ်ဖွယ် ကောင်းသော လူတစ်စု ဖြစ်ကြပေသည်။

ရဲ့လင်းချန်က ထိုပြစ်တင်ပြောဆိုမှုများကို ဥပေက္ခာ ပြုထားသည်။

“ကိုယ်ခန္ဓာကို ကုသခြင်းထက် စိတ်ကို ကုသခြင်းက ပိုကောင်းမွန်ပြီး စိတ်ကို ကုသခြင်းထက် နိုင်ငံကို ကုသခြင်းက ပိုကောင်းသည်” ဟူသော ရှေးရိုးစကားလိုပင်။ ကယ်၍ မရနိုင်တော့သောသူများက အမြဲတမ်း ရှိစမြဲပင်တည်း။

လူ့မှတ်ဉာဏ်၌ ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိသည်။ အချို့သော ကိစ္စများအား လျင်မြန်စွာ မေ့လျော့သွား တတ်ကြသည်။ ရဲ့လင်းချန်သည် အသက်တစ်ချောင်းကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်ခံရပြိး အခြားသူများကို ကယ်တင်ပြီးနောက် နတ်ဘုရားသဖွယ် ဆက်ဆံခံရရန်လည်း မမျှော်လင့်ထားပါ။ ယင်းက လက်တွေ့မကျပေ။

သို့သော် လူတိုင်းက အကြောင်းအရာကို ထုတ်မပြောသော်လည်း သူတို့၏ ရင်ထဲ၌ နတ်ဆေးဆရာဝိုင်နှင့် ပတ်သက်သော သူတို့၏ မှတ်ဉာဏ်များ ကိန်းအောင်းနေလေသည်။

ထိုစဉ်ကလိုပင် ယခုအခါတွင်လည်း မြို့တော် ဆေးရုံတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

“လခွမ်း နတ်ဆေးဆရာဝိုင် ပြန်ရောက်လာပြီလား”

“ဒါ တကယ်ပဲလား”

“တကယ်ဟ၊ ခွေးရူးပြန်ရောဂါ ဖြစ်နေတဲ့ ကလေးကို အခုလေးတင် သူ့ဆီ ပို့လိုက်တာ”

“သူက ခွေးရူးပြန်ရောဂါကိုတောင် ကုနိုင်တာလား၊ နတ်ဆေးဆရာဝိုင်က ဒီထက် ပိုပြီး အံ့ဩစရာ ကောင်းနိုင် သေးလားကွာ”

“ငါ သွားကြည့်ချင်တယ်၊ ငါ နတ်ဆေးဆရာဝိုင်ရဲ့ ခံ့ညားမှုကို မြင်ရမှ ဖြစ်မယ်”

…

နတ်ဆေးဆရာဝိုင်၏ ကုသခန်း၌ ပို၍ပို၍ လူပြည့်ကျပ်လာသည်။ လူသူကင်းမဲ့နေသော အခန်းက တစ်ဖန်ပြန်၍ သက်ဝင်လာလေသည်။

ချက်ချင်းဆိုသလိုပင် နောက်ထပ် သတင်းကြီးတစ်ခု ပျံ့နှံ့လာ၏။ နတ်ဆေးဆရာဝိုင်၏ လာရောက်ခြင်းက လူနာများကို ကုသရန်ဖြစ်ပြီး အထူးသဖြင့် ခေတ်မီ ဆေးပညာနှင့် ကုသရန် မဖြစ်နိုင်သော ရှားပါးပြီး ရှုပ်ထွေးသည့် ရောဂါများ ခံစားနေရသည့် လူနာများဖြစ်သည်ဟူသော သတင်းပင်။ ထို့အပြင် ပါမောက္ခကျန်းနှင့် အခြားဆရာဝန်များက ICU မှ လူနာများကို စစ်ဆေးပြီးနေပြီ ဖြစ်သည်။

ထိုသတင်း ပျံ့သွားသည်နှင့် ဆေးရုံတစ်ခုလုံး ပို၍ အုတ်အုတ်ကျက်ကျက် ဖြစ်လာသည်။

ဆေးရုံတွင် လူများစွာ ရှိသဖြင့် တစ်ခဏအတွင်းမှာပင် WeChat Moments, TikTok နှင့် Weibo တို့တွင် တစ်ပြိုင်တည်း ဆူညံလာ၏။

[ငါ ကျန်းမာရေး စစ်ဆေးချက်လုပ်ဖို့ မြို့တော်ဆေးရုံကို ရောက်နေတာ ပြီးတော့ နတ်ဆေးဆရာဝိုင်လဲ ဒီကို ရောက်နေတယ်၊ သူ ထပ်ပြီးတော့ ပေါ်လာပြီဟေ့]

[နတ်ဆေးဆရာဝိုင်က ရှားပါးပြီး ရှုပ်ထွေးတဲ့ ရောဂါတွေကို ကုသဖို့ ပြင်နေတယ်လို့ ငါ ကြားတယ်၊ အား … သူက အံ့ဩဖို့ ကောင်းလွန်းတယ်ကွာ]

[နတ်ဆေးဆရာဝိုင်က တကယ်ကို နာမည်နဲ့ လိုက်ပါပေတယ်၊ သူ့ကုသခန်းတံခါးရှေ့ကို ငါ အပြေးသွားနိုင်ခဲ့လို့ တော်သေးတယ်၊ အခု ခွေးရူးပြန်ရောဂါနဲ့ ကလေးကို ကုပေးနေတယ်၊ ငါ အားလုံးအတွက် ဓာတ်ပုံ ရိုက်ထားတယ်]

…

အင်တာနက်ခေတ်ကြီး၌ သတင်းပျံ့နှံ့နှုန်းက ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုပို့စ်များကို တင်ခါစသာ ရှိသေးသော်လည်း အင်တာနက်တစ်ခွင်၌ အသည်းအသန် ပြောဆိုပြီးနေလေပြီ။

[လခွမ်း လခွမ်းပဲဟေ့]

[ငါ့မျက်ခုံးတွေ အခုတလော လှုပ်နေခဲ့တာ၊ ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မယ်လို့ ငါ သိနေတယ်၊ မိုက်တယ်ဟေ့]

[နတ်ဆေးဆရာဝိုင်က နောက်တစ်ခါ ပေါ်လာလိမ့်မယ်လို့ ငါ သိနေတယ်၊ ဒါပေမဲ့ ဒီလောက် ဆူဆူညံညံ ဖြစ်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး]

[ဒါ တကယ်လား၊ နတ်ဆေးဆရာဝိုင်က ကမ္ဘာပေါ်က ရှားပါးပြီး ရှုပ်ထွေးတဲ့ ရောဂါအားလုံးကို ကုဖို့ ပြင်နေတာလား၊ ဒါ နည်းနည်းလေး ယုံကြည်ချက် လွန်ကဲနေတာ မဟုတ်ဘူးလား]

[အပေါ်ကလူ သံသယ မထားနဲ့၊ နတ်ဆေးဆရာဝိုင်ရဲ့ ဆေးပညာကို ငါ ယုံကြည်တယ်]

[ခွေးရူးပြန်ရောဂါကို သူ တကယ် ကုနိုင်ပါ့မလား၊ သောက်ရမ်း လန်းတကယ်ကွာ၊ ငါ ခွေးကိုက်ခံရမှာကို ထပ်ကြောက်စရာ မလိုတော့ဘူး၊ ငါ အမြဲတမ်း လမ်းလျှောက်ရမှာကို ကြောက်နေခဲ့တာ]

[အပေါ်ကလူ ပြောတာကို ငါလဲ ထောက်ခံတယ်၊ ဒါပေမဲ့ ခွေးကိုက်ခံရမှာကို ကြောက်တာအပြင် ငါ ခွေးချီး တက်နင်းမိမှာကိုလဲ ကြောက်တယ်]

[ရလဒ်ကို စောင့်လိုက်ရအောင်၊ နတ်ဆေးရာဝိုင်က ပိုပြီးတော့ ရှားပါးပြီး ရှုပ်ထွေးတဲ့ ရောဂါတွေကို ကုသနိုင်ပြီးတော့ လူတွေကို ပိုကောင်းတဲ့ ဘဝလုံခြုံမှု ရှိအောင် လုပ်ပေးနိုင်ဖို့ ငါ မျှော်လင့်တယ်၊ ဒါ လူသား အားလုံး အတွက် သတင်းကောင်းပဲ၊ အကောင်းဆုံး ကြိုးစားပါ]

[အား … ဒါပဲလေ၊ ငါ့အဖိုးကို မြို့တော်ဆေးရုံကို ရွှေ့ဖို့ လိုနေပြီ]

…

ရဲ့လင်းချန်တွင် အွန်လိုင်းပေါ်မှ ဆူညံမှုကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူသည် ကလေးကို ခုတင်ပေါ် တင်၍ အလေးအနက် ကြည့်နေသည်။ သူသည် လက်ဝါးနှစ်ဖက်လုံးကို ကလေး၏ ဦးခေါင်းပေါ်တင်၍ စိတ်ဝိညာဉ် စွမ်းအင်အား ကလေး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ ကလေး၏ သွေးလည်ပတ်မှုလမ်းကြောင်းအတိုင်း စီးဆင်းအောင် လုပ်ဆောင်နေသည်။

ဤသည်မှာ ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခု ဖြစ်သည်။

ခွေးရူးပြန်ရောဂါသည် သွေးနှင့် သက်ဆိုင်သော ရောဂါအမျိုးအစား တစ်ဖု ဖြစ်သည်။ ရောဂါပိုးသည် သွေးလည်ပတ်မှုအတိုင်း ခန္ဓာကိုယ်သို့ ပျံ့နှံ့သွားသဖြင့် ခွဲစိတ်ကုသခြင်းဖြင့် ကုသ၍ မရနိုင်ခြင်း ဖြစ်သည်။

[စကားချပ်။ ။ ဝတ္ထုထဲက ဆေးပညာနှင့် သက်ဆိုင်သော အကြောင်းအရာအားလုံးကို အမှန်ဟု မယူဆရန် အကြံပြုချင်ပါသည်။ အကြောင်းအရာအားလုံးသည် စိတ်ကူးယဉ် ဖန်တီးထားခြင်းသာ ဖြစ်ပြီး ဗဟုသုတအဖြစ် မမှတ်ထားသင့်ပါ။ စိတ်ကူးယဉ် ဖန်တီးမှုသက်သက်ဟုသာ တွေး၍ ဖတ်ရှုပေးပါရန်။]

ရဲ့လင်းချန် ဆေးရုံသို့ လာရောက်ရသည့် အကြောင်းရင်းမှာ ကွဲပြားသော ရောဂါများ၏ အချက်အလက်ကို စုဆောင်း၍ ၎င်းတို့ကို ပြန်လည် ခုခံနိုင်မည့် နည်းလမ်းကို သုတေသန ပြုလုပ်ရန် ဖြစ်သည်။ မကြာခင်မှာပင် သူသည် ကလေး၏ သွေးတွင်းမှ မူမမှန်မှုများကို ရှာဖွေတွေ့ရှိသွားသည်။

သူ့အတွက် ကလေးကို ကုသရန် မခက်ခဲပါ။ သူ့အတွက် စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြု၍ ကလေး၏ ကိုယ်တွင်းမှ ခွေးရူးပြန် ရောဂါပိုးကို သတ်ရန်သာ လိုအပ်ပေသည်။ သို့သော် သူသည် အလျင်စလို မပြုလုပ်ပါ။

ထိုအစား သူသည် ခွေးရူးပြန် ရောဂါပိုးက သွေးတွင်း၌ မည်သို့ ပြုမူတုံ့ပြန်သလဲ ဆိုသည်ကို တိတ်တဆိတ် လေ့လာသည်။ အရာအားလုံး၌ သဘာဝအတိုင်း စပ်ဆက်မှုနှင့် တွန်းကန်မှုများ ရှိပေသည်။ မကြာခင်မှာပင် ရဲ့လင်းချန်သည် သူ၏ မှတ်ဉာဏ်ထဲရှိ မရေတွက်နိုင်သော ဆေးပညာ သီအိုရီများထဲမှ ခွေးရူးပြန် ရောဂါပိုးကို ခုခံနိုင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားလေသည်။

ထို့နောက် သူ၏ စိတ်ဝိညာဉ် စွမ်းအင်ကို တစ်ဟုန်ထိုး ပို့လွှတ်၍ ကလေး၏ သွေးတွင်းမှ ရောဂါပိုး၏ အစအန အားလုံးကို ရှင်းလင်း ဆေးကြောလိုက်သည်။

ထို့နောက်တွင်မူ သူသည် သက်ပြင်းရှည်ချ၍ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်လေသည်။

ဖြစ်စဉ်တစ်ခုလုံးက မရှုပ်ထွေးသော်လည်း ရဲ့လင်းချန်သည် သူ၏ ချီကို ထိန်းချုပ်ရန်အတွက် စွမ်းအင်အားလုံးကို အာရုံစိုက်ထားရန် လိုအပ်ပေသည်။ သူသည် ကလေး၏ သွေးလွှတ်ကြောများကို မထိခိုက်စေဘဲ ရောဂါပိုးအား နှိမ်နင်းရသဖြင့် အလွန် မြင့်မားသော အာရုံစူးစိုက်မှု လိုအပ်ခဲ့သည်။

“ဒ…ဒ…ဒါပဲလား”

တုန်းမြောင်မြောင်သည် အလွန် စိတ်အားထက်သန်စွာဖြင့် လေ့လာစောင့်ကြည့်နေခဲ့သည်။ ကုသမှုက သူမ တွေးထင်ထားသည်နှင့် မတူပေ။

*ဒီ့ထက် တင်စီးတာမျိုး ရှိနိုင်ဦးပါ့မလား*

“ငါက သိုင်းပညာရှင်လေ၊ ဒါက အတွင်းအားကို သုံးပြီး ကုသရုံသက်သက်ပဲ၊ မင်း ဘာလို့ ဒီလောက် အံ့ဩနေ ရတာလဲ”

ရဲ့လင်းချန်က အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“အပြင်ကလူတွေကို ကုသမှု ပြီးသွားပြီလို့ သွားအသိပေးလိုက်၊ သူတို့ကို ဒီကလေးကို စစ်ဆေးမှု လုပ်ဖို့အတွက် ခေါ်သွားဖို့ ပြောလိုက်ဦး”

“ဪ အင်းအင်း”

တုန်းမြောင်မြောင် မယုံသင်္ကာ ဖြစ်နေသည်။ ရဲ့လင်းချန်က သိုင်းပညာ လေ့ကျင့်ကြောင်း သူမ သိထားသော်လည်း အတွင်းအားသုံး၍ ကုသခြင်းက တကယ် ဖြစ်လိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပေ။

သူမ တံခါးဖွင့်လိုက်သည်နှင့် အပြင်၌ စောင့်နေသော လူများက ချက်ချင်း ခေါင်းပြူ၍ ကြည့်လာကြကာ အချို့ဆိုလျင် ဖုန်းဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုပင် လုပ်နေ၏။

“ကုသမှုက ပြီးသွားပြီ”

တုန်းမြောင်မြောင်၏ ကြေညာချက်နှင့်အတူ တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး တစ်ခဏအကြာ၌ ဆူညံလာ လေသည်။

“ကုသမှု ပြီးသွားပြီလား၊ မဖြစ်နိုင်လိုက်တာ”

“လခွမ်း ဒါပဲလား၊ မင်း ငါ့ကို လာကစားနေတယ်လို့ ငါ ထင်တယ်နော်”

“ဖြစ်နိုင်တာကို ပြောစမ်းပါ၊ သူ ဝင်သွားတာ ဆယ်မိနစ်ပဲ ရှိသေးတယ်၊ မင်းက သူ ကုသလို့ ပြီးသွားပြီလို့ လာပြောနေတာလား”

“ဒါ ခွေးရူးပြန်ရောဂါလေ၊ ခွေးရူးပြန်တာ၊ ဒါကြောင့် လူတွေ ဘယ်လောက် သေခဲ့ရပြီလဲဆိုတာ သိလား၊ တစ်ကမ္ဘာလုံး ဒါကို မကုနိုင်တာ၊ မင်းက ဆယ်မိနစ်တည်းနဲ့ ကုပြီးပြီလို့ လာပြောနေတယ်ပေါ့လေ”

“ကလေးကို အထဲ ခေါ်သွားတုန်းက သူ ပြင်းထန်တဲ့အဆင့် ရောက်နေတာ အသိသာကြီး၊ သူက ခွေးလိုတောင် ဟောင်နေသေးတာ၊ ဘယ်လိုလုပ် အဲ့လောက် လွယ်လွယ်နဲ့ ကုလို့ပြီးတာလဲ”

[စကားချပ်။ ။ ခွေးရူးပြန်ရောဂါဖြစ်နေသူက ခွေးလို မဟောင်ပါ။]

“သောက်ကျိုးနည်း၊ အဲ့လောက် မရိုးရှင်းနိုင်ပါဘူး၊ ငါ မယုံဘူး”

“နတ်ဆေးဆရာဝိုင်က အံ့ဩဖို့ကောင်းမှန်း ငါ သိပင်မယ့် ဒီလို အရည်အချင်းက ငါ့ဦးနှောက်က တွေးနိုင်တာထက် ကျော်နေပြီ၊ တကယ် မဟုတ်သလို ခံစားနေရတယ်”

…

All Chapters