ဘုရင်နှင့် သာမန်လူ
Vol. 28 Ch. 418
“ခွမ်း”
လှစ်ခနဲ ဖြတ်ပြေးသွားသော ပုဆိန်၏ အရိပ်နှင့်အတူ ထင်းက နှစ်ခြမ်း ပိုင်းသွားသည်။
“ဝိုး … လင်းချန်၊ ရှင်က အံ့ဩဖို့ ကောင်းလိုက်တာ”
ကျောက်လျန့်ရင် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“ရဲ့နတ်ဘုရား၊ မင်းက မယုံနိုင်လောက်အောင် တော်လွန်းတာပဲ၊ မင်းက အဲ့လိုတောင် ခုတ်နိုင်တာလား”
ဟယ်ကျားနှင့် အခြားသူများသည် သူ့ကို အစကတည်းက ကြည့်နေခြင်းဖြစ်ပြီး ရဲ့လင်းချန်၏ မိမိုက်သော အပြုအမူကို မြင်ပြီးနောက် ထိုသို့ မှတ်ချက်ချလေသည်။
ထင်းကို လေထဲ၌ ခွဲနိုင်ခြင်းက အထင်ကြီးလောက်စရာပင်။
ထင်းကို လေထဲ၌ ခွဲလိုက်သည့် မြင်ကွင်းက ကြည့်ကောင်းလှသည်။ လေထဲ၌ ဖြစ်သလို ခုတ်လွှဲခြင်း မဟုတ်ဘဲ ထင်း၏ ထိပ်ပိုင်းမှ ခွဲသွားအောင် ခုတ်လွှဲရခြင်း ဖြစ်သည်။ ထို့အပြင် နည်းလမ်းက တိကျမှ ဖြစ်ပေမည်။ သို့သော် အဓိက အရေးကြီးဆုံးအပိုင်းမှာ ခွန်အား ဖြစ်သည်။
လေထဲ၌ ခွန်အားကို အသုံးပြုခြင်းက အလွန် ခက်ခဲလှသည်။ ထင်းခွဲနိုင်သည့် သာမန်လူများပင် ထင်းအား လေထဲ ပစ်လိုက်ချိန်၌ နှစ်ပိုင်းပြတ်အောင် ခွဲနိုင်မည် မဟုတ်ပါ။ ထိုသို့လုပ်နိုင်မည့်အစား မြေကြီးပေါ်ကိုသာ ပြန်ကျလာ လောက်သည်။ သို့ရာတွင် ရဲ့လင်းချန်၏ လျင်မြန်မှုနှင့် ကြောက်စရာကောင်းလောက်သော သူ၏ ခွန်အားက ထင်းအား တကယ် နှစ်ခြမ်းဖြစ်အောင် ခုတ်ပိုင်းနိုင်သည်။
သူ၏ လုပ်ရပ်က အံ့ဩစရာကောင်းလှပြီး လူတိုင်း၏ မျက်လုံးကို ကန်းလုနီးပါး ဖြစ်စေသည်။
“ဆက်လုပ်ကြမယ်၊ နောက်တစ်ခေါက်”
ရဲ့လင်းချန်က အံ့ဩနေသော ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ကို ပြောလိုက်သည်။
အမျိုးသမီး နှစ်ဘောက်သည် သတိပြန်ဝင်လာပြီး သူမတို့၏ မျက်ဝန်း၌ စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ပေါ်နေသည်။ ဤသို့ လုပ်ရသည်က ပျော်စရာကောင်းသည်ဟု သူတို့ ခံစားနေရသည့်ပုံပင်။
“ဒါကို ယူလိုက် လင်းချန်”
ဟူယွဲ့အာက လှမ်းခေါ်ပြီး ထင်းကို ပစ်ပေးလိုက်သည်။
“ကောင်းတယ်၊ အခု ငါ့ခွန်အားကို ကြည့်ကြည့်လိုက်”
ရဲ့လင်းချန်က လက်ကောက်ဝတ်ကို တည့်တည့်လွှဲချလိုက်ပြီး ပိုင်းပြတ်သွားသည့်အသံ ထွက်ပေါ်လာသည်။
“ဒုတ်”
ထင်းက ထပ်မံ၍ နှစ်ပိုင်း ကွဲသွားပြန်သည်။
“လင်းချန် ဒီကိုကြည့်”
ကျောက်လျန့်ရင်ကလည်း လှမ်းအော်ခေါ်သည်။ ရဲ့လင်းချန်က ကြုံးဝါးပြန်သည်။
“ငါ ဒီပုဆိန်ကို လွှဲတာကို ကြည့်ထားလိုက်”
“ဒုတ်”
ခုတ်ပိုင်းသံက အဆက်မပြတ် ထွက်ပေါ်လာပြီး ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ထံမှ အားပေးသံများလည်း ရောနှော၍ ပါဝင်နေ၏။
သူတို့သုံးယောက်က တစ်ဖွဲ့ဖြစ်လာပြီး ပျော်ပျော်ရွှင်ရွှင် ကစားနေကြသည်။
[ချီးပဲ၊ ဒါကြီးက အံ့ဩဖို့ ကောင်းလွန်းတယ်ကွာ၊ သိုင်းကားတွေမှာပဲ ဒီလို လုပ်နိုင်တာလေ]
[မိုက်တယ်၊ တော်တော် မိုက်တာ၊ ရဲ့နတ်ဘုရားက ဘယ်လိုပုဆိန်မျိုးကို လွှဲနေတာလဲ၊ မဟုတ်မှလွဲရော ပျောက်ဆုံးနေတာ ကြာနေတဲ့ ဒဏ္ဍာရီလာ တောင်ခွင်း သုံးဆယ့်ခြောက်ချက် ပုဆိန်များလား]
[ရဲ့နတ်ဘုရားရဲ့ ကွန်ဖူးက ငါတို့ ထင်ထားတာထက် ပိုသန်မာလောက်တယ်၊ သူက သိုင်းပါရဂူပဲ]
[ချီးပဲ၊ ငါသာ ရဲ့နတ်ဘုရားလောက် မိမိုက်နေရင် မိန်းကလေးတစ်ယောက်ကို ပိုးပမ်းဖို့ စိုးရိမ်စရာ မလိုလောက်ဘူး]
[အပေါ်ကလူ၊ မင်း အတွေးလွန်နေပြီဆိုတာ အသိသာကြီး၊ မင်း မမြင်ဘူးလား၊ ရဲ့နတ်ဘုရားက မိမိုက်လွန်းလို့ ကျောက်လျန့်ရင်နဲ့ ဟူယွဲ့အာလို နတ်ဘုရားလေးတွေကို အသာလေး စိုးမိုးနိုင်တာပေါ့]
…
ဤမြင်ကွင်းက ဟွမ်လေ့တို့ သုံးယောက်ကို ချက်ချင်း ကြံရာမရ ဖြစ်သွားစေသည်။ သူတို့အား လောကကြီးက ဖယ်ကျဉ်ထားသလို ခံစားလိုက်ရသည်။
လှပသော အမျိုးသမီးများကို နေရာတိုင်းက ကြိုဆိုကြသည်။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ အမျိုးသားတစ်ယောက်၏ ပင်ကိုဗီဇက သူ့အား မိန်းမလှလေးများ ဝိုင်းနေရန် မျှော်လင့်တတ်သည်။ သူတို့နှင့် လက်မထပ်နိုင်လျင်တောင်မှ သူတို့နှင် ပျော်၍ရနိုင်သည်က ကောင်းပါသေးသည်။
သို့သော် သူတို့၏ ဆွဲဆောင်မှုက ရဲ့လင်းချန်ထံ အများကြီး နောက်ကောက်ကျကျန်နေခဲ့သည်။
“ရဲ့နတ်ဘုရား မင်းက မင်းမိတ်ဆွေတွေအစား မိန်းကလေးတွေကို ပိုအလေးပေးနေတာပဲ၊ ငါလည်း ကစားချင်တယ်”
ဝေ့တရွှင်းက ခေါင်းမာမာနှင့် ပြေးလာပြီး ရဲ့လင်းချန်ထံ ထင်းတစ်ချောင်း ပစ်ပေးသည်။ သို့သော် ရဲ့လင်းချန်က ကြည့်တောင် မကြည့်ဘဲ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ဘေးဖယ်နေ”
ဝေ့တရွှင်း ဆွံ့အသွားသည်။
အကျိုးအကြောင်းကျကျ ပြောရမည်ဆိုလျင် ရဲ့လင်းချန်၏ ထင်းခွဲသည့် အရှိန်က မမြန်သလို ပုံမှန် ထင်းခွဲနည်းထက် နှေးသည်။ ယင်းက အားပိုကုန်သော်လည်း ပိုပျော်စရာ ကောင်းသည်။
သုံးယောက်သား တစ်ခဏမျှ ဆော့စကားပြီးနောက် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ ပင်ပန်းလာကြသည်။
ယနေ့မနက် သူတို့ လုပ်ခဲ့သော လေ့ကျင့်ခန်းသည် သူမတို့ မိန်းကလေးနှစ်ယောက် အများဆုံး လုပ်ခဲ့သည့် လေ့ကျင့်ခန်းပင်။ သူမတို့ ငါးဖမ်းရန် တောင်တက်ခဲ့ရပြီးနောက် ထင်းလည်း ပစ်ပေးရသည်။ သူမတို့၏ မျက်နှာလေးများက နီရဲနေပြီး ချွေးများ စီးကျစပြုလာသည်။
သူမတို့ စကစားစဉ်က ဘာကိုမှ မခံစားရပေ။ သို့သော် သူမတို့ ရပ်လိုက်သည်နှင့် ချက်ချင်း မဆုံးနိုင်အောင် မောပန်းသလို ခံစားရပြီး သူမတို့၏ အဝတ်အစားများတွင် ချွေးများနှင့် ရွှဲနစ်လာ၏။
“မင်းတို့သုံးယောက် ရပ်လိုက်သင့်ပြီ၊ အရင် ရေသွားချိုးကြ၊ ရဲ့နတ်ဘုရား မင်း ပြီးရင် ချက်ပေးဖို့ ရှိသေးတယ်နော်”
ဟယ်ကျားက အော်ပြောသည်။
သုံးယောက်သား ခေါင်းညိတ်ပြီး မှိုအိမ်လေးထဲ ဝင်သွားကြသည်။
မှိုအိမ်လေးသည် နှစ်ထပ်ဖြစ်ပြီး တစ်ထပ်စီ၌ ရေချိုးခန်းတစ်ခန်း ပါရှိသည်။ ယောက်ျားလေးများက ပထမထပ်၌ ရေချိုးကြပြီး မိန်းကလေးများက ဒုတိယထပ်တွင် ရေချိုးကြသည်။
ရဲ့လင်းချန်က အဝတ်အစားကိုချွတ်၍ ရေချိုးခန်းထဲ တန်းဝင်သွားသည်။ ငါးမိနစ်မျှ ကြာပြီးနောက် သူ ပြန်ထွက်လာပြီး ညစ်ပေနေသော အဝတ်အစားများကိုကိုင်၍ အပေါ်ထပ်သို့ တက်သွားသည်။
ထိုအခိုက်တွင် ဟူယွဲ့အာသည်လည်း အပေါ်ထပ်၌ ရှိနေသည်။ သူမက ကျောက်လျန့်ရင် ရေချိုးပြီးသည်ကို စောင့်နေသည်။
ရဲ့လင်းချန်ကို မြင်သောအခါ ဟူယွဲ့အာ အနည်းငယ် အံ့ဩသွားသည်။
“ရှင်က ဘာလို့ အဲ့လောက် မြန်ရတာလဲ”
“ရေချိုးရုံလေးပဲကို၊ ဘယ်လောက် အားထုတ်ရမှာမို့လို့လဲ”
ရဲ့လင်းချန် ပခုံးတွန့်ပြလိုက်သည်။
ဟူယွဲ့အာက ရဲ့လင်းချန်၏ လက်ထဲမှ အဝတ်အစားများကို ကြည့်ပြီး ပြောလိုက်သည်။
“ကျွန်မကို အဲ့အဝတ်တွေ ပေးလေ၊ ကျွန်မ ရှင့်အတွက် လျှော်ပေးမယ်”
“ဒါက … အဲ့အကြံက မကောင်းသလိုပဲ မဟုတ်ဘူးလား”
ရဲ့လင်းချန် တုံ့ဆိုင်းသွားသည်။
“ရှင် အဲ့ညစ်ပတ်နေတဲ့ အဝတ်အစားတွေကို ရှင့်ခရီးဆောင်အိတ်ထဲ ပြန်ထည့်မလို့လား”
ဟူယွဲ့အာက ရဲ့လင်းချန်လက်ထဲမှ အဝတ်အစားကို လှမ်းယူပြီး နောက်လှည့်ကာ သူမအခန်းထဲ ယူသွားသည်။
“ကျွန်မလည်း လျှော်စရာ ရှိနေတာဆိုတော့ ကျွန်မဘာသာပဲ ဒါကို လျှော်လိုက်တော့မယ်”
ရဲ့လင်းချန် သူ့နှာခေါင်းသူ ပွတ်နေမိသည်။ ထို့နောက်တွင်မှ ထိုအဝတ်အစားပုံထဲ၌ သူ့အတွင်းခံပါ ပါနေသည်ကို သတိရသွားသည်။
သို့သော် သူ ပြောလိုက်လျင်လည်း ကြည့်မကောင်းသော မြင်ကွင်းမျိုးသာ ဖြစ်လာလောက်သဖြင့် သည်အတိုင်း ထားလိုက်ပြီး ဟူယွဲ့အာ စိတ်မတိုရန်သာ မျှော်လင့်မိသည်။
ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ ရေမိုးချိုးပြီး အောက်ထပ်သို့ ဆင်းလာသည့်အချိန်၌ ရဲ့လင်းချန်က ငါးကို ချက်ပြုတ်ရန် ပြင်ဆင်နေလေပြီ။
အဓိက စားစရာမှာ ထမင်းဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့က ဘာပိုက်ဆံမှ မပေးသော်လည်း အခြေခံ စားသောက်ကုန်များကို ပေးပါသေးသည်။
ရဲ့လင်းချန်သည် ငါးကို ချက်ရန်သာ တာဝန်ရှိသည်။ ကျန်ကိစ္စများကို ဟွမ်လေ့က တာဝန်ယူထားသည်။
ရဲ့လင်းချန်ကို မြင်သောအခါ အမျိုးသမီးနှစ်ယောက်၏ မျက်လုံးများက တောက်ပသွားပြီး စိတ်လှုပ်ရှားစွာ ပြေးလာသည်။ သူတို့သည် ရဲ့လင်းချန်ထံမှ အချက်အပြုတ်ကို သင်ယူရန် အသင့် ဖြစ်နေ၏။
ကျန်လူများမှာမူ ရဲ့လင်းချန် တကယ် ချက်တတ်သလား အတည်ပြုချင်သည့်အတွက် သူ့အား စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ရဲ့လင်းချန်သည် ငါးကို ပန်းကန်ပေါ် အရင်တင်လိုက်ပြီး သူ့ရှေ့မှ ဆေးပင်များကို လှမ်းယူ၍ လှီးဖြတ်လိုက်သည်။ ၎င်းတို့ကို ဘေး၌ ဖယ်ထားပြီးနောက် ငါးကို စချက်လေသည်။
ငါးသုံးကောင် ရှိသဖြင့် ရဲ့လင်းချန်က မတူညီသော ချက်နည်း သုံးနည်းကို ရွေးချယ်ထားသည်။ သူသည် ငါးတစ်ကောင်ကို ဓားဖြင့် မွှန်း၍ နောက်တစ်ကောင်၏ ဗိုက်တွင် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ကာ နောက်ဆုံးတစ်ကောင်၏ ခေါင်းကို ဖယ်ထုတ်လိုက်သည်။
သူ့အပြုအမူက ကျွမ်းကျင်ပြီး တည်ငြိမ်ကာ အစီအစဉ်ကျပြီး စမ်းချောင်းစီးဆင်းသကဲ့သို့ ချောမွေ့နေ၏။ တစ်ချက်ကြည့်ရုံနှင့် လူတိုင်းအားက သူ့ကို စားဖိုမှူးအဖြစ် ထင်မှတ်သွားအောင် လုပ်နိုင်လေသည်။
ရဲ့လင်းချန်သည် ထိုသို့ ပြုလုပ်နေချိန်၌ မိန်းကလေးနှစ်ယောက်ကို အချိန်ယူ၍ ရှင်းပြပေးသည်။
“ငါးအသားက ပုံမှန်အားဖြင့် နူးညံ့တယ်၊ အဲ့တာကြောင့် ကြာကြာ မချက်သင့်ဘူး၊ အခြေအနေအရ အချိန်ကို ညှိရမယ်၊ တကယ်တော့ ဟင်းချက်ရာမှာ အဓိကအကျဆုံးက အပူချိန်ကို ထိန်းချုပ်တာပဲ၊ မင်း ဘာလုပ်နေတယ် ဆိုတာကို သိနေသရွေ့ ဟင်းချက်နိုင်မှာပဲ”
“ငါ ဒီငါးကို ပုံမှန်ချက်နည်းနဲ့ ချက်မယ်၊ ဒီလိုမျိုးမှာ ဂျင်းကို အရမ်းစောပြီး မထည့်လိုက်သင့်ဘူး၊ စောစော ထည့်လိုက်တာက ငါးညှီနံ့ကို ဖယ်ရှားရာမှာ အထောက်အကူ မဖြစ်ဘူး၊ ငါးထဲက ပရိုတိန်းဓာတ်တွေ ခဲသွားတော့မှ ဂျင်းကို ထည့်သင့်တယ်၊ ဒါက ငါးညှီနံ့ ဖယ်ရှားရာမှာ ပိုပြီး အထောက်အကူဖြစ်တယ်”
“ဒီတစ်ကောင်ကိုတော့ ငါ ပေါင်းမယ်၊ ဒီလိုမျိုးဆို အိုးထဲ ငါးကို မထည့်ခင် ရေပွက်ပွက်ဆူတဲ့အထိ စောင့်ဖို့ လိုတယ်၊ အပူချိန် ပြင်းလွန်းနေရင် ငါးအရေပြားက ကျုံ့သွားလိမ့်မယ်၊ အရည်တွေက အထဲမှာ စုနေတော့ ပိုပြီးတော့ အရသာ ရှိလာလိမ့်မယ်”
…
ရဲ့လင်းချန်က ချက်ပြုတ်ရင်း သင်ပေးနေသော်လည်း ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့က လုံးဝ နားလည်နိုင်စွမ်း မရှိ ဖြစ်နေသည်။
ယင်းက ဘုရင်တစ်ပါးက သူ၏ ပြည်သူများကို ဦးဆောင်နေသလိုပင်။ ဘုရင်က ရိုးစင်းသည်ဟု ထင်သော ကိစ္စတော်တော်များများက သာမန်လူများအတွက် နားမလည်နိုင် ဖြစ်နေသည်။ ယင်းက သင်ပြပေးနိုင်သော အရာတစ်ခု မဟုတ်ပေ။
သို့သော် ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့သည် ရဲ့လင်းချန်နောက် လိုက်ကြည့်ရသည်ကို အလွန် စိတ်လှုပ်ရှား နေသေးသည်။ သူတို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သေချာ လိုက်နားထောင်နေသည်။ အကြောင်းမှာ ဘာပဲဖြစ်နေပါစေ ရဲ့လင်းချန်ကို အံ့ဩစရာကောင်းသော ယောက်ျားတစ်ယောက်ဟု သူမတို့ မှတ်ယူထားသောကြောင့်ပင်။
သူမတို့က သာမန်လူများသာ ဖြစ်သော်လည်း ဘုရင်က ဟန်များမှုအား ကြည့်နေရသည့်အပေါ် ဘာမှမဖြစ်စေပါ။