နံပါတ် ၁ အရိပ်အစောင့်
Vol. 3 Ch. 41
“ခဏ… ငါ…ငါ အဆင့်သင့်မဖြစ်သေးလို့… နောက်တစ်ကြိမ်ပြန်တိုက်မယ်….”
ယဲ့ချင်းရွယ် ကို့ရို့ကားယား ပြောလိုက်သည်။
သူမ ဒီလောက်မြန်မြန်ကြီး ရှုံးနိမ့်သွား မသွားနိုင်ဘူးလို့ သူမယုံကြည်၏။
ရှုယင်းရင်းထက်မနိမ့်သည့်ပါရမီ၊ သုံးနှစ်အကြာ ဆရာတစ်ယောက်၏ သင်ကြားပြသပေးမှုနှင့်အတူ သူမကို ရှုမိသားစုက အအလေးက တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်မည်တဲ့လား…..
ထိုအရာကို မည်သူက ယုံမည်နည်း။
သူမ ဂရုမမူမိတာကို ဂျန်ဖန်း အခွင်းကောင်းယူသွားတာပဲ ဖြစ်ရမည်ဖြစ်သည်။
ဂျန်ဖန်း ချက်ချင်း ခေါင်းညိတ်လိုက်၏။
သူလည်း ယဲ့ချင်းရွယ် ရှုံးနိမ့်တာ မြန်လွန်းတယ်လို့ခံစားမိ၏။
သူမက အဆင့်၈ ပြီးပြည့်စုံခြင်းအဆင့် လျိုချင်းရှန်လောက်တောင် သန်မာပုံ မပေါ်ပေ။
သူမ အပြည့်အဝမဆင်ရသေးတာပဲ ဖြစ်နိုင်၏။
သူမ၏ ဂုဏ်သိက္ခာကိုပြန်လည်ရယူဖို့ ယဲ့ချင်းရွယ် အပြည့်အဝအာရုံစိုက်လိုက်၏။
“သတိထားပါ….”
“ကြယ်ဖမ်းခြင်းဓားသိုင်း….”
သူမက သူမလက်ကောက်ဝတ်ကို လှုပ်ရှားလိုက်၏။ သူမ၏ ဓားသိုင်းက ပြောင်မြောက်လှပြီး ၎င်း၏စွမ်းအားက အရင်တစ်ခုထက်ယှဥ်လျှင် နှစ်ဆပဲဖြစ်သည်။
ဂျန်ဖန်း လည်း ခွန်အားကုန် ထုတ်သုံးလိုက်၏။
“မြောက်ပိုင်းကြယ် ခုနှစ်လုံး….”
ထန်…..
ဓားနှစ်လက်က တွေ့ဆုံသွားပြီးရင်းနှီးသည့် စွမ်းအာတစ်ခုပြန်လည်ရောက်ရှိလာခဲ့သည်။ ယဲ့ချင်းရွယ် သူ့မဓားကို ထိန်းမထားနိုင်တော့ပဲ အဝေးကို နောက်တစ်ကြိမ် လွင့်ထွက်သွားခဲ့သည်။
ချက်ချင်းပဲ သစ်သားဓားက သူမလည်မျိုကို ထောက်ထားခဲ့သည်။
ယဲ့ချင်းရွယ်ပါးက မြင်နိုင်သည့်အရှိန်ဖြင့် နီရဲလာခဲ့သည်။
လှုပ်ရှားမှုတစ်ခု…. နောက်တစ်ကြိမ်လည်း လှုပ်ရှားမှုတစ်ခုတည်းသာဖြစ်သည်။
အရင်တစ်ခေါက်က ဂရုမစိုက်လို့ပြောလျှင် ဒီတစ်ကြိမ်ကကော….
ရလဒ်က ရှင်းလင်းလှ၏။ ဂျန်ဖန်း၏ ခွန်အားက သူမထက်အတော်လေး မြင့်တာပဲဖြစ်သည်။
သူမ သူ့ကို ညွှန်ကြားပေမည်ဟု ကြွားပြောတာကို တွေးမိသည့်အခါ သူမမျက်နှာက ပိုလို့တောင် နီရဲသွားခဲ့သည်။
သူမက တွင်းတစ်ခုရှာပြီး ထိုထဲသို့သာ ဝင်သွားချင်တော့သည်။
တစ်ကွက်တည်းဖြင့်ရှုံးနိမ့်သွားသည့် လူက ဓားပညာမှာ အလွန်တော်သည့်ဆရာတစ်ယောက်ကို လမ်းညွှန်ပေးမယ်လို့ သွားပြောနေခဲ့သည်။
‘အိုး… ဘုရားရေ…. အရမ်းရှက်စရာကောင်းတာပဲ…..”
ထိုအရာက ယဲ့ချင်းရွယ်၏ အစစ်အမှန်ခွန်အားဆိုတာ ဂျန်ဖန်းတဖြည်းဖြည်းဖြင့် နားလည်လာခဲ့သည်။
သူလည်း သူမရှက်နေတာကို ခံစားမိ၏။ ထို့ကြောင့် သူ့ဓားကို ပြန်သိမ်းလိုက်ပြီး စာရေးလိုက်သည်။
“ငါက ယောက်ျားတစ်ယောက်လေ။ ဒီတော့ ပိုသန်မာတာပေါ့… ဒီပွဲကို ထည့်တွက်လို့မရပါဘူး….”
ပြောပြီးနောက် သူက အလျှင်အမြန်ပဲ အစေခံတွေကို ကူညီဖို့ ထွက်ခွာသွားခဲ့သည်။
ဂျန်ဖန်းပြောတာကို ကြားသည့်အခါ ယဲ့ချင်းရွယ် မမျှော်လင့်စွာနှင့် စိတ်ထဲမှာ နွေးထွေးသွားခဲ့သည်။
ဂျန်ဖန်း ရှုမိသားစုကလေးကို ကယ်တင်ဖို့ ကြိုးစားသည့်မြင်ကွင်းကို ပြန်မြင်ယောင်ပြီး သူက ရှုယင်းရင် ပြောတာနှင်လုံးဝဆန့်ကျင်ဘက်ပဲဆိုတာ သိလိုက်ရသည်။
“သူက ညဏ်ကောင်းပြီး ကြင်နာတတ်တဲ့ သူဆိုတာ သိသာနေတာပဲ။ ရှုယင်းရင်း ဘာလို့ သူ့အကြောင်းကို အမြဲတမ်း မကောင်းပြောနေတာလဲ….”
ဂျန်ဖန်းအပေါ်ထားသည့် သူမအမြင်က ၁၈၀ ဒီဂရီထိ ပြောင်းလဲသွားခဲ့သည်။
ဂျန်ဖန်းက အကြီးအကျယ်ဖုံးကွယ်ထားသည့် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ သူက အထီးကျန်လှေမြို့ သက်တူရွယ်တူထဲမှာ လုံးဝကို ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သည်။
သူ့အမူအကျင့်ကလည်း မဆိုးပေ။
ရုတ်တရက်, သူမက ရှုယင်းရင်ဆီသို့ လာရသည့်ရည်ရွယ်ချက်ကို သတိရသွားခဲ့သည်။
သူမမျက်လုံးတွေ တောက်ပလာပြီး ပြောလိုက်သည်။
“သခင်လေးဂျန်, သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွေ သောင်းကျန်းနေကြတယ်။ ဒီတစ်ချိန် ငါပြန်လာတာ ငါ့အဖေကို ကူညီပြီး သူ့စိုးရိမ်မှုတွေကို ပြေလျော့စေချင်လို့ပဲ….”
“ဒါကြောင့် ငါ အရိပ်စောင့် အဖွဲ့ကို ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်။ အဲ့အဖွဲ့က သွေးလင်းနို့နန်းတော်ကို အချိန်မရွေး တိုက်ခိုက်နိုင်မယ်လေ….”
“နင် အဖွဲ့ထဲဝင်ချင်လား….”
ထိုအရာကို ကြားသည့်အခါ ဂျန်ဖန်း စိတ်ဝင်စားလာခဲ့သည်။
သွေးလင်းနို့နန်းတော် ဒုနန်းတော်သခင်ကို သတ်ဖို့အတွက် တစ်ယောက်တည်းအင်အားက မလုံလောက်ပေ။ ထို့ပြင် သူက သွေးလင်းနို့အကြွင်းအကျန်တွေ၏ လှုပ်ရှားမှုတွေကို သိဖို့လည်း လိုအပ်တာဖြစ်သည်။
ထို့သို့မှမဟုတ်လျှင် သူက ဒုနန်းတော်သခင်ကို ရှာတွေ့လျှင်တောင် ဘာလုပ်နိုင်မည်နည်း။
မြို့သခင်အိမ်တော်က သေချာပေါက် သွေးလင်းနို့နန်းတော်၏ ပိုများသည့်သတင်းတွေကို စုဆောင်းနိုင်မည်ပဲဖြစ်သည်။
ဂျန်ဖန်း တိတ်ဆိတ်နေတာကိုမြင်သည့်အခါ ကောင်းကျိုးဆိုးကျိုး စဥ်းစားနေသည်ဟု ယဲ့ချင်းရွယ် တွေးလိုက်မိပြီး ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့, ငါနင့်ကို အလကားအကူအညီမတောင်းပါဘူး….”
“နင်ပူးပေါင်းတာနဲ့ မြို့သခင်အိမ်တော်က စာအုပ်ဆောင်ကို သွားနိုင်မယ်….”
စာအုပ်ဆောင်လား?....
ဂျန်ဖန်း သွေးဆောင်ခံလိုက်ရ၏။ သူ့မှာ အဆင့်မြင့် တိုက်ခိုက်ရေးနှင့် ကျင့်စဥ် ရှိပေမယ့် အခြားနည်းလမ်း တစ်ခုမှမရှိပေ။
ထို့ပြင် မြို့သခင်အိမ်တော်က အထီးကျန်လှေမြို့မှာ စာအုပ်အများဆုံး စုဆောင်းထားသည့်နေရာဖြစ်မှာ အတိအကျပဲဖြစ်သည်။
သူက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ….”
ယဲ့ချင်းရွယ် အလွန်ပျော်ရွင်သွားပြီ ပြောလိုက်သည်။
“နင်က ငါစုဆောင်းတဲ့ ပထမဆုံး အရိပ်အစောင့်ပဲ။ ဒါကြောင့် ငါနင့်ကို နံပါတ် ၁ အရိပ်စောင့်လို့ ခေါ်မယ်။”
“သွေးလင်းနို့နန်းတော်နဲ့ ရင်ဆိုင်ရင် သူတို့တွေလက်တုံ့ပြန်ဖို့ အရမ်းများတယ်။ ဒါကြောင့် နင်တာဝန်ထမ်းဆောင်တဲ့အခါ ဒီမျက်နှာဖုံးကို ဝတ်ထားပါ။”
သူမက ပြင်ဆင်ထားသည့် မီးခိုးရောင် မျက်နှာဖုန်းတစ်ခုကို ထုတ်ယူလိုက်ပြီး ဂျန်ဖန်းကို ပေးလိုက်သည်။
မျက်နှာဖုန်းကလည်း မျက်နှာပုံစံဖြစ်ပြီး နဖူးပေါ်၌ နံပါတ် ၁ ဆိုသည့် စကားလုံး ထွင်းထားခဲ့သည်။
ထိုအရာက နံပါတ် ၁ အရိပ်အစောင့်ကို ကိုယ်စားပြုတာပဲဖြစ်သည်။
“ဒါ့အပြင် နင်က နံပါတ် ၁ အရိပ်အစောင့် ဆိုတာကို ငါပဲသိလိမ့်မယ်။ ငါ အခြားဘယ်သူ့ကိုမှ ပြောမှာမဟုတ်ဘူး။”
ယဲ့ချင်းရွယ် ထပ်ပေါင်းပြောလိုက်သည်။
ဂျန်ဖန်း စိတ်အေးသွားခဲ့သည်။ သူက မျက်နှာဖုန်းကို ယူလိုက်ပြီး ရင်ဘတ်ထဲမှာ သိမ်းလိုက်သည်။
သူက စာရေးလိုက်၏။
“အရိပ်အစောင့်တွေက အတိအကျ ဘာလုပ်ရမှာလဲ….”
ယဲ့ချင်းရွယ်ပြောလိုက်သည်။
“ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး…. သတင်းကို စောင့်နေရုံပါပဲ….”
“သွေးလင်းနို့နန်းတော် အကြွင်းအကျန်တွ ရှာတွေ့တဲ့အခါ ကောင်းကင်မှာ အချက်ပြ မီးခိုးတစ်ခုရှိနေလိမ့်မယ်။ အဲ့နေရာကို အချိန်မီလာရုံပါပဲ….”
ပိုလို့တောင် ကောင်းသွားပြီပဲဖြစ်သည်။
ထိုအရာသာ ကင်းလှည့်သည့်တာဝန်တစ်ခု ဆိုလျှင် အချိန်အရမ်းကုန်မည်ပဲဖြစ်သည်။
“ဒါ့ပြင်, ငါ့ရဲ့ အရိပ်အစောင့်အဖွဲ့က ပါရမီရှင်တွေပဲ စုဆောင်းတယ်။ အဆင့်မြင့်လေလေ ခွန်အားပိုကောင်း လေလေပဲ။ ပြီးတော့ နင်က ငါတန်ဖိုးအထားဆုံး အရိပ်အစောင့်ပဲ….”
“နင့်နောက်မှာ ရှုယင်းရင်းရှိမယ်။ နင်က နံပါတ် ၁ အရိပ်အစောင့် ဖြစ်သွားပြီဆိုတော့ ဒီနံပါတ် ၂ အရိပ်အစောင့် မျက်နှာဖုံးက သူမအတွက်ပေါ့….”
“နင်တို့နှစ်ယောက် မနက်ဖြန် မြို့သခင် အိမ်တောကို လာခဲ့ကြ။ အခြားအရိပ်အစောင့်တွေလည်း ခေါ်ထားတယ်။ ငါ နင်တို့ကို အရင်းအမြစ်အချို့ထုတ်ပေးမယ်။”
ဂျန်ဖန်း ခေါင်းညိတ်လိုက်ပြီး နံပါတ် ၂ အရိပ်အစောင့် မျက်နှာဖုံးကို လက်ခံလိုက်၏။
ထို့နောက် ယဲ့ချင်းရွယ်က ကျေနပ်စွာနှင့် ထွက်ခွာသွားခဲ့သည်။
သူမထွက်သွားရုံရှိသေး ရှုယင်းရင်းနှင့် ရှုရို့ရန်တို့ ပြန်ရောက်လာကြသည်။ သူမတို့ နှစ်ယောက်က အားအင်ကုန်ခမ်းနေပြီး တစ်ယောကို တစ်ယောက် တွဲလာကြတာပဲဖြစ်သည်။
“ဂျန်ဖန်း နင် ဘယ်အချိန်က ပြန်ရောက်နေတာလဲ….”
ရှုယင်းရင်း ကျောက်စာပွဲပေါ်က လက်ဖက်ရည်ခွက်ပေါင်းများစွာ သောက်လိုက်ပြီး ပြစ်တင်ရှုတ်ချလိုက်၏။
“နဂါးလမ်းက ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို တန်ဖိုးထားရကောင်းမှန်း မသိဘူး…”
ဂျန်ဖန်း ကြောင်အသွားခဲ့သည်။
ငါက ဘယ်လိုလုပ် တန်ဖိုးမထားတာလဲ…
သူက စာရေးလိုက်သည်။
“ငါက ငါ့အကန့်အသတ်ထိ ယှဥ်ပြိုင်ခဲ့ပြီးပြီလေ။ ဒါကြောင့် ပြန်လာလိုက်တာ….”
နောက်အဆင့်တွေက အခြေခံတည်ဆောက်ခြင်းနယ်ပယ် တွေသာဖြစ်၏။
ထိုအချိန်၌ သူက ချီကျင့်ကြံခြင်းအဆင့် ၈ ပြီးပြည့်စုံခြင်းအဆင့်သာရှိပြီး နောက်အဆင့်တွေသွားမည်ဆိုလျှင် အကြီးအကျယ် ရုန်းကန်ရမည်ပဲဖြစ်သည်။
ရှုယင်းရင် နှုတ်ခမ်းစူလိုက်သည်။
“အခက်အခဲကို တိုက်ခိုက်ရမယ်ဆိုတာ နင် နားမလည်ဘူးလား…”
ရှုရို့ရန်လည်း မနေနိုင်ပဲ အပြစ်တင်လိုက်၏။
“ဟုတ်တယ်…. ငါလည်း အဆင့် ၈ ကို အချိန်အတော်ကြာတိုက်ခိုက်ခဲ့ရတာ။”
“ခဏခဏ ဒေါသထွက်ရပေမယ့် ငါ့ခွန်အားက တဖြည်းဖြည်း သန်မာလာပြီး နောက်ဆုံးမှာ အဲ့အဆင့်ကို အောင်မြင်သွားတယ်လေ….”
“နင်က ဒီလောက် အချိန်တိုလေးနဲ့ ပြန်ဆုတ်လာတယ်ပေါ့….”
ဂျန်ဖန်း သူ့နှာခေါင်းကို ထိလိုက်သည်။
‘ငါ့ ခွန်အားအရမ်းကောင်းပြီး စမ်းသပ်မှုတွေကို အမြန်ပြီးသွားတာကော မဖြစ်နိုင်ဘူးလား…’
သို့ပေမယ့် ဤကိစ္စက အကျယ်ကြီး ပြောဖို့ မလိုအပ်ပေ။
သူက နံပါတ် ၂ အရိပ်အစောင့် မျက်နှာဖုံးကို ထုတ်ယူပြီး ရှုယင်းရင်းကို ပေးလိုက်သည်။
“ယဲ့ချင်းရွယ်လာသွားတယ်။ သူက နင့်ကို ဒါပေးလိုက်တဲ့….”
“အရိပ်အစောင့်လား… သူမက ဒါကို အမှန်တကယ် စီစဥ်နေတာပဲ။ သူမ ငါ့ကို လွန်ခဲ့တဲ့ သုံးနှစ်က ဒီအကြောင်းပြောဖူးတယ်။ ပြီးတော့ ငါ့ကို နံပါတ် ၁ အရိပ်အစောင့်အဖြစ် ဖိတ်ခေါ်မယ်တဲ့…”
ရှုယင်းရင် ပျော်ရွင်စွာနှင့် လက်ခံလိုက်၏။ သို့ပေမယ့် မျက်နှာဖုံးပေါ်က နံပါတ် ၂ ဂဏန်းကို မြင်သည့်အခါ သူမ ကြောင်အသွားခဲ့သည်။
“ဘာလို့ နံပါတ် ၂ အရိပ်အစောင့်လဲ… သူမက နံပါတ် ၁ ကို ဘယ်သူ့ပေးလိုက်တာလဲ….”
“မြို့ထဲမှာ ငါ့ထက်အားကောင်းတဲ့ နောက်တစ်ယောက်ရှိလို့လား… မဖြစ်နိုင်တာ….”
သူမက ထိုအရာကို ထပ်ခါထပ်ခါ ကြည့်နေပြီး မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
အရိပ်စောင့်အားလုံး မနက်ဖြန်တွေ့ဆုံကြမည်ကို သိပြီးနောက် သူမ၏ ဖီးနှစ်မျက်လုံးတွေက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ကောင်းပြီလေ… အဲ့ဒီ နံပါတ် ၁ ဘာလို့ ငါ့အထက်မှာရှိနေတာလဲဆိုတာ ကြည့်ရသေးတာပေါ့….”
ဂျန်ဖန်း ဆွံ့အသွားခဲ့သည်။
‘ဒီလောက်ယှဥ်ပြိုင်နေဖို့ လိုအပ်လို့လား….’
သူက ပခုံးတွန့်လိုက်ပြီး ဆက်လက်ကျင့်ကြံဖို့ ပြန်သွားလိုက်သည်။
ဂျန်ဖန်း ထွက်သွားတော့မည့်အခါ ရှုယင်းရင်း နှုတ်ခမ်းတွေလှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို ပြောချင်နေခဲ့သည်။
နောက်ဆုံးမှာတော့ ရှုရို့ရန်၏ အားပေးမှုနှင့်အတူ သူမက ပြောလိုက်သည်။
“အာ… ဂျန်ဖန်း… ငါ့ကို ပိုက်ဆံနည်းနည်း လောက်ချေးပါ့လား….”
“ချန်မိသားစုမှာ မကြာသေးခင်က ပီဖုဆေးလို့ခေါ်တဲ့ ဆေးလုံးအသစ်တစ်မျိုး ရောင်းနေတယ်။ ဒါက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်တဲ့ ဆေးလုံးပဲ…”
“တစ်နေ့ကို တစ်လုံးပဲ လေလံတင်ရောင်းတာဆိုတော့ ဈေးကလည်း အရမ်းမြင့်မှာ အသေအချာပဲ….”
“ဒီတော့….”
တွေးမနေပဲ ဂျန်ဖန်း တိုက်ရိုက် စာရေးလိုက်၏။
“မချေးဘူး…..”
ဤကဲ့သို့ တိုက်ရိုက်ငြင်းဆန်မှုကြောင့် ရှုယင်းရင် ရှက်သွားပြီး မျက်နှာနီရဲသွားခဲ့သည်။ သူမက သူမနှုတ်ခမ်းတွေကို တင်းကြပ်စွာ ကိုက်ထားလိုက်သည်။
ရှုရို့ရန် မနေနိုင်တော့ပဲ တောင်းပန်လိုက်၏။
“ဖန်း, ညီမလေးက တိမ်စိမ်းဂိုဏ်း အကြီးအကဲရောက်မလာခင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ချင်နေတာ။ ဒါမှ သူတို့က သူမကို ပိုသဘောကျမှာလေ…..”
“သူမကို ကူညီလိုက်ပါ….”
ဂျန်ဖန်း ဆက်လက်တွေဝေမနေတော့ပေ။
သူက ရင်ဘတ်ထဲမှ ငွေမှတ်စုအားလုံးကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး စာရေးလိုက်သည်။
“နင် ဘယ်လောက်လိုတာလဲ….”
လူနှစ်ယောက်ခြားဆက်ဆံမှုက မိုးနဲ့ မြေလိုကွာတာပဲဖြစ်သည်။
ထိုအရာကြေင့် ရှုယင်းရင် ပိုက်ဆံချေးလို့ ရပေမယ့် မပျော်ရွင်ပေ။
ဂျန်ဖန်းစိတ်ထဲမှာ သူမက ရှုရို့ရန်လောက် တောင် အရေးမပါဘူးလား….
သူမ၏ ခေါင်းမာမှုနှင့်အတူ လည်ပင်းက လက်မအရွယ်ပုတီးစေ့ကို ဖြုတ်လိုက်၏။ ထိုအရာက နွေးနေဆဲဖြစ်သည်။
ရှုယင်းရင် နှုတ်ခမ်းကိုက်လိုက်ပြီး ဂျန်ဖန်းကို ပေးလိုက်သည်။
“ယူလိုက်…. ငါနင့်ပိုက်ဆံကို အလကား မချေးဘူး….”