← Chapters

ခရမ်းရောင်မီးတောက်

Vol. 4 Ch. 58

ခရမ်းရောင်မီးတောက်

Vol. 4 Ch. 58

“သူ့မှာ ဘာရှိလဲ သိချင်သား.. ဘောလား ပူစီလား.. ငါကတော့ ပူစီဘက်က လောင်းမယ်ကွာ..”

“ဟားဟား သောက်ကျိုးနည်း.. မင်းမှန်တယ်.. ဘယ်လိုတောင် ငပျော့ကောင်လဲကွာ.. ယောကျ်ားဖြစ်ပြီး မိန်းမလို ဝတ်ထားတယ်တဲ့.. ရူးနေတဲ့ကောင်..”

လူသစ်များ ဟီးဟီးဟားဟား ရယ်မောနေကြသဖြင့် စယ်လီ – ကျူစယ်လီ ရှက်ရွံ့ကာ မျက်နှာတစ်ခုလုံး ရဲလာသည်။ ကြွက်သားများနှင့် လူထွားကြီးသည့် ခေါင်းအား ငုံ့သထက် ငုံ့ထားသောကြောင့် မြေပြင်နှင့် ထိလုမတတ် ဖြစ်လာသည်။

ရုံးခန်းသေးလေးအတွင်း၌ ရယ်မောသံနှင့် လှောင်ရယ်သံများ ပြည့်နှက်ကာ အင်စလေ၏ နားစည်ထဲ ထိုးဖောက်ဝင်ရောက်လာသည်။ အင်စလေသည် ထို ငတုံးတစ်သိုက်အား ကြောင်အသွာ ကြည့်နေမိသည်။

သူတို့ ဘာလုပ်နေတာလဲ.. ငါ့ရှေ့မှာ လူတစ်ယောက်ကို ပွင့်ပွင့်လင်းလင်း လှောင်ပြောင်နေတာလား.. ဒီဟာက ရိုင်းစိုင်းတဲ့ အပြုအမူဆိုတာ သိကြရဲ့လား.. သူတို့က ငါ့ကို မျက်စိထဲ မထည့်ကြဘူးလား..

အင်စလေ အံကြိတ်လိုက်သည်။ အယ်လီယာနာ၏ မြင်းမြီးဆံပင်အား ဆောင့်ဆွဲလိုက်ပြီးနောက် ကလေးတစ်ဦးနှင့် မလိုက်ဖက်သည့် လေးနက်သောအသံဖြင့် တီးတိုးပြောလိုက်သည်။

“အယ့် မီးတောက် တူတို့ကို ပြရိုက်.. ချို့ ချို့ (မီးတောက် သူတို့ကို ပြလိုက်.. ရှို့ ရှို့)”

အင်စလေသည် ထိုလူများအား သတိပေးရန်အတွက် အယ်လီယာနာအား သူမ၏ မီးတောက်ကို ထုတ်ပြရန် ပြောလိုက်သည်။

မာဖီးယားများနှင့် စွမ်းရည်အသုံးပြုသူ အများအပြားထံ၌ မီးစွမ်းရည် ရှိကြသည်။ သို့သော် အယ်လီယာနာ၏ မီးတောက်မှာ ထူးခြားသော အမျိုးအစားပင်။ ယင်းမှာ အနီရောင် မဟုတ်ဘဲ ခရမ်းရောင်ဖြစ်သည်။

ထိုမီးတောက်သည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော ငရဲမီးတောက်ဖြစ်သည်။ ကျောက်ရည်ပူ သို့မဟုတ် ချော်ရည်ထက် ပိုမိုပူပြင်းပြီး ပလာစမာနီးနီးရှိသည်။ (ပလာစမာက အဖိုအမ ဓာတ်အား အညီအမျှပါဝင်သော ဓာတ်ငွေ့ကို ခေါ်ပါတယ်.. ဒီနေရာမှာ နေ၏အပူချိန်နီးနီး ပူတယ် လို့ ဆိုလိုချင်တာပါ)

အင်စလေ၏ အမိန့်အား အယ်လီယာနာ ခေါင်းညိတ် လက်ခံလိုက်သည်။ သာမန်ကာလျှံကာ လက်ဖျောက်တီးလိုက်ပြီး လက်ညှိုးထိပ်၌ ခရမ်းရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

လှောင်ပြောင်ရယ်မောသံများ ပြည့်နေသည့် ရုံးခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသောကြောင့် အသက်ရှူသံကိုပင် ပြန်ကြားနေရသည်။

အခန်းထဲမှာ လွန်စွာတိတ်ဆိတ်နေသဖြင့် အယ်လီယာနာ၏ လက်ချောင်းထိပ်ရှိ မီးတောက်နှင့် လေ ထိတွေ့သံ တဖျစ်ဖျစ်ကိုပင် ကြားနေရသည်။

*အသက်ရှူသံ*

လူသစ်များအားလုံး တောင့်ခဲပြီး မလှုပ်ရဲကြတော့ချေ။ အယ်လီယာနာ၏ လက်ချောင်းပေါ်တွင် ကခုန်နေသော ခရမ်းရောင် မီးတောက်ထံတွင်သာ အကြည့်များအားလုံး ရှိနေကြသည်။

ခရမ်းရင့်ရောင်မီးတောက်သည် သန်မာအားကောင်းသော အငွေ့အသက်အား ထုတ်လွှတ်လျက်ရှိပြီး အယ်လီယာနာနှင့် မီတာအနည်းငယ် အကွာတွင် ရှိနေသည့်တိုင်အောင် မျက်နှာများ အရည်ပျော်ကျမတတ် ခံစားရသည်။

အချို့မှာ ချွေးဒီးဒီး ကျနေသောကြောင့် နောက်ကျောတစ်ခုလုံး စိုရွှဲနေတော့သည်။ ကျန်လူများသည်လည်း တဖြည်းဖြည်း ပိုမိုကြီးထွားလာနေသည့် မီးတောက်အားကြည့်ကာ ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ကြသည်။

အပူရှိန်ဟာ ပိုမိုပြင်းထန်လာပြီး ပတ်ဝန်းကျင်လေထုမှာလည်း အသက်မရှူနိုင်လောက်အောင် မွန်းကြပ်လာသည်။ နှာသီးဝတွင် တစ်စုံတစ်ခု လောင်ကျွမ်းနေသည့်အနံ့ ရိုက်ခတ်လာပြီး မီးတောက်၏ တဖျစ်ဖျစ် တောက်လောင်နေသံမှာ စိတ်ထဲသို့ပင် လွှမ်းမိုးလာသည်။

ဘာ.. ဘာတွေဖြစ်နေတာလဲ.. ဘာဖြစ်လို့ အုပ်ထိန်းသူက မီးစွမ်းရည် သုံးလိုက်တာလဲ.. ဘာမှားလို့လဲ.. တစ်ယောက်ယောက် ပြောပြကြပါဦး..

လူသစ်များမှာ ကျယ်ကျယ်လောင်လောင်လည်း မမေးရဲပေ။ ထို့ကြောင့် ထိုင်ခုံပေါ်တွင် ကိုယ်ကိုကျုံ့ကာ အတတ်နိုင်ဆုံး ခေါင်းငုံ့ထားကြသည်။ ဖြစ်နိုင်လျှင် သစ်သားစားပွဲအောက်သို့ ဝင်ပုန်းချင်မိကြသည်။

လက်ရှိအချိန်၌ အသက်ပင် မရှူဝံ့ကြချေ။ အသက်ရှူမိသူမှာ ချက်ချင်း သေဆုံးသွားတော့မတတ် ခံစားနေရသည်။ လူသစ်များ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများအား မြင်သည့်အခါ အင်စလေ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ.. ခေ.. မေးထွန်းဖြေဘာ (မေးခွန်းဖြေပါ)”

အင်စလေ ပျင်းရိစွာဖြင့် လက်ယမ်းပြပြီးနောက် ကျူစယ်လီအား မေးခွန်းဖြေရန် ပြောလိုက်သည်။

ထွားထွားကျိုင်းကျိုင်းနှင့်လူ တွန့်သွားသည်။ စကပ်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီးနောက် နာခံမှုရှိသော ကြက်ကလေးတစ်ကောင်နှယ် ခေါင်းညိတ်လိုက်သည်။

“အဲ.. အဲဒါက ဒီလိုပါ..”

တုန်တုန်ယင်ယင်နှင့် စတင်ရှင်းပြသည်။ မျက်ဝန်းထောင့်တွင် မျက်ရည်စို့နေပြီး တဖြည်းဖြည်း နှာသံပေါက်လာသည်။

ကြွက်သားများနှင့် ထွားထွားကျိုင်းကျိုင်းလူမှာ အချိန်မရွေး ငိုချတော့မယောင်၊ ဘောင်းဘီများ စိုသွားမယောင် (ရှူးပေါက်ချတော့မလို) ဖြစ်လာသည်။ အာ.. သူက စကပ်ဝတ်ထားတာ..။

၁၀ မိနစ် ကြာပြီးနောက်..

“အင်း.. ကောင်းတယ် ကောင်းတယ်..”

အင်စလေ တောက်ပစွာပြုံးရင်း လက်ခုပ်တီးလိုက်သည်မှာ နတ်သမီးလေးအလားပင်။ သူမဘေးရှိ အုပ်ထိန်းသူထံမှ ခရမ်းရောင်မီးတောက်သာ ရှိမနေလျှင် အင်စလေမှာ နတ်သမီးအစစ်အလား ထင်ရသည်။

ကောင်းကင်မှ နတ်သမီးကဲ့သို့ မဟုတ်ဘဲ ကလေးသည် သေမင်း၏ တမန်တော်အလား ထင်ရပြီး အသားညိုညိုနှင့် အယ်လီယာနာမှာမူ သေမင်း သို့မဟုတ် grim reaper အလားပင်။

သူမအား ကြည့်နေကြသော လူသစ်များ၏ ဖြူဖျော့ဖျော့ မျက်နှာများအား လျစ်လျူရှုကာဖြင့် အင်စလေသည် လက်ဖောင်းဖောင်းလေးများ ဝှေ့ယမ်းကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်နေသည်။

“စယ်.. လာခဲ့..”

အင်စလေသည် ကျူစယ်လီအား အနားလာရန် ခေါ်လိုက်ပြီး အယ်လီယာနာအားလည်း မီးတောက်အား ရုတ်သိမ်းရန် အချက်ပြလိုက်သည်။

အယ်လီယာနာသည် မီးတောက်အား သူမထံသို့ အပူမဟပ်နိုင်ရန် ထိန်းချုပ်ထားသော်ငြား အတော်လေး ပူနေဆဲဖြစ်သည်။

ကျူစယ်လီ ပြန်မေးခြင်းမပြုဘဲ ခေါင်းညိတ်သည်။ ခေါင်းငုံကာ ကလေးထံသို့ ချက်ချင်းပင် လျှောက်လာသည်။ ခြေထောက်များ တုန်ယင်နေပြီး နောက်ကျောတစ်ခုလုံး ချွေးများ စိုရွှဲနေသည်ကို ထင်ထင်ရှားရှား မြင်နိုင်သည်။

ကျူစယ်လီမှာ အချိန်မရွေး သတိလစ်သွားနိုင်သည်။

ဒီကြောက်ဖို့ကောင်းတဲ့ ကလေးက ဘယ်သူလဲ.. ငါတို့မိသားစုရဲ့ ဘော့စ်လား.. သူမရဲ့ အုပ်ထိန်းသူက ဘယ်လိုဖြစ်ပြီး အရမ်းစွမ်းအားကြီးနေတာလဲ.. ဒါပေမဲ့ နာမည်ကို တစ်ခါမှ မကြားဖူးဘူးနော်.. အရင်က တစ်ခါမှ မမြင်ဖူးဘူးလို့..

ကျူစယ်လီသည် သူတို့နှစ်ဦးအနား နီးကပ်လာလေ သူ၏ နှလုံးတစ်ခုလုံး လည်ချောင်းထဲမှ ခုန်ထွက်မတတ် ခံစားရလေလေ ဖြစ်သည်။ အင်စလေ အနီးသို့ ရောက်ရှိရန် တစ်မီတာမျှ လိုတော့ချိန်တွင် ရပ်တန့်လိုက်ပြီး ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လိုက်သည်။

“ဘ.. ဘော့စ်.. ကျ.. ကျွန်တော် ဘာ.. ဘာလုပ် ရ.. ရ မလဲ..”

ဝက်ဝံညိုနှင့်တူသော လူငယ်မှာ မျက်ပေါက်ကျဉ်းကျဉ်းနှင့် အသံမှာလည်း ယခင်ထက် ပိုကျယ်လာသည်။

ကြည့်ရသည်မှာ ပိုမိုထိတ်လန့်ကြောက်ရွံ့ လာသောကြောင့် အသံပိုကျယ်လာပုံရသည်။

“ငါတို့နဲ့ လိုက်ခဲ့”

အင်စလေ အမိန့်ပေးလိုက်ပြီး အယ်လီယာနာ၏ ဆံပင်အား အိမ်တော်ထိန်းအားခေါ်သည့် ခေါင်းလောင်းသဖွယ် ဆောင့်ဆွဲလိုက်သည်။

“ဖိုးဖိုး ယိုယိုဆီ ပြန်ကြမယ်”

အင်စလေသည် အယ်လီယာနာအား ကျူစယ်လီအား ခေါ်ဆောင်ပြီး အဖိုး ယိုဖန်နှင့် တွေ့ဆုံပေးရန် ပြောလိုက်သည်။ ကလေးသည် အဖိုးအား ဖိုးဖိုးယိုယို ဟု ခေါ်လေသည်။ ယင်းမှာ ပိုလွယ်သည်။

“ရော်ဂျာ..”

အယ်လီယာနာ ခပ်တိုတို ပြန်ဖြေပြီးနောက် ကျူစယ်လီအား သူတို့နောက်မှ လိုက်လာရန် အချက်ပြလိုက်သည်။ ဝက်ဝံအလား ကြီးမားထွားကျိုင်းသော လူငယ်သည် မေးမြန်းခြင်း မပြုဘဲနှင့် နာခံမှုရှိစွာ နောက်မှ လိုက်ပါလာသည်။

ကြောင်အနေကြသည့် လူတစ်စုအား နောက်ချန်ရစ်ကာ ၃ ဦးသား လူသစ်ရုံးခန်းမှ ထွက်လာကြသည်။ ထိုလူများမှာ ကျူစယ်လီ၏ ကံကြမ္မာကိုသာ အံ့ဩဘနန်း တွေးနေမိကြတော့သည်။

ပင်မစံအိမ်ရှိ အဖိုးယိုဖန်၏ ရုံးခန်း၌။

“ဆိုတော့.. ဒီ... လူငယ်က စာရင်းကိုင်ချုပ်အဖြစ် ရွေးထားတဲ့လူပေါ့..”

အဖိုးယိုဖန် လက်နောက်ပစ်ကာ ကြောက်မက်ဖွယ် သွင်ပြင်နှင့် မလိုက်မဖက်အောင် ရှက်ရွံ့ကာ မဝံ့မရဲ ဖြစ်နေသည့်လူအား စေ့စေ့စပ်စပ် ကြည့်နေမိသည်။

ထိုသူဝတ်ထားသော စကပ်ပင်လျှင် အကြီးအကဲအတွက် မျက်စိစူးစရာ ဖြစ်နေတော့သည်။

“ဟု.. စယ်က တော်တယ်.. ရွေး ရွေး..”

အင်စလေသည် ယုံကြည်မှုအပြည့်ဖြင့် ကျူစယ်လီအား အဖိုးယိုဖန်နှင့် မိတ်ဆက်ပေးလိုက်သည်။

ဖိုးဖိုးက ငါ့ကို သဘောတူမှာပါ.. ဟုတ်တယ်မလား..

ကလေးမှာ မျှော်လင့်ချက် တစ်‌ပွေ့တစ်ပိုက်နှင့် ဖြစ်သည်။

All Chapters