← Chapters

တင်းကျင်းရီ၏ စူပါစွမ်းအား ၂

Vol. 19 Ch. 272

တင်းကျင်းရီ၏ စူပါစွမ်းအား ၂

Vol. 19 Ch. 272

“နေရောင်ခြည်ကို စုစည်းပြီး သာလွန်စွမ်းအင်ရောင်ခြည်တန်းအဖြစ် ချဲ့ထွင်လိုက်ပုံရတယ်...”

လင်းရှန်သည် သူ့လက်ချောင်းများကို စိုက်ကြည့်ရင်း ခဏတာမျှ မိမိကိုယ်ကို အားရကျေနပ်သွားသည်။

“ဒီ စွမ်းရည်နဲ့ဆို ညဘက်မှာ အမှောင်သတ္တဝါတွေကို မြင့်မားတဲ့ ပျက်စီးမှုတွေ ပေးနိုင်တဲ့ တိုက်ခိုက်မှုတစ်ခုတော့ ငါပိုင်ဆိုင်သွားပြီ“

အတွေးတစ်ဝက်မှာပင် သူ ရပ်တန့်သွားသည်။

သူ၏ အမူအရာသည် တင်းမာသွားခဲ့သည်။

“ခဏလေး... ညဘက်မှာလား...”

“ညဘက်ဆို နေလုံးက ရှိလို့လားဟ...”

ရုတ်တရက် နားလည်သဘောပေါက်မှုတစ်ခုက သူ့အပေါ်သို့ အုတ်တစ်တန် ပြိုကျလာသကဲ့သို့ ရိုက်ခတ်သွားသည်။

“သေရော... နေရောင်ခြည်မရှိရင် ဒီ စွမ်းရည်က အလုပ်လုပ်ပါ့မလား”

သူ့စိတ်သည် လုံးဝ လွတ်သွားခဲ့သည်။

ဟာသပြက်လုံးအလား ခံစားချက်တစ်ခုက သူ့အတွေးများကို လွှမ်းမိုးလိုက်သည်။

“ငါ... နေရောင်ခြည်စွမ်းအင်သုံး ဓာတ်မီးတစ်လက်ကို တီထွင်မိတာလား”

တော်တော်ကြာကြာ သူသည် ထိုနေရာ၌ လုံးဝ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။

“မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး...”

သူသည် လက်ချောင်းများဖြင့် နားထင်ကို နှိပ်နယ်ကာ လက်တွေ့ကို ငြင်းဆန်နေသည်။

“ငါ တစ်ခုခု လွဲချော်နေတာ ဖြစ်ရမယ်။ ဒီ စွမ်းရည်ကို အသုံးပြုဖို့ တခြားနည်းလမ်း ရှိရမယ်။ ဒီ စွမ်းရည်က နေ့အလင်းရောင်မှာသာ အလုပ်လုပ်ရင်တော့ လုံးဝ အဓိပ္ပာယ်မဲ့တယ်”

တွင်းနက်များ ကျယ်ပြန့်လာသည်နှင့်အမျှ နေ့အလင်းရောင်သည် ရှားပါးလာနေသည်။

အကယ်၍ ထိုသို့ဖြစ်ပါက ဤ စွမ်းရည်ကို အသုံးပြုနိုင်သည့် သူ၏ အခွင့်အရေးများမှာ ပို၍ပင် ကန့်သတ်လာလိမ့်မည်။

“ငါ ဒါကို ထပ်ပြီး စမ်းသပ်ဖို့လိုတယ်...”

ထိုအချိန်တွင် လင်းရှန်သည် နွမ်းနယ်နေဆဲဖြစ်သော်လည်း သူ့ကိုယ်သူ အတင်းအားယူထလိုက်သည်။

“ဒါပေမယ့် ပထမဆုံးအနေနဲ့—ငါ အစားအသောက်၊ ရေ....ပြီးတော့ ကောင်းကောင်း အိပ်ဖို့ လိုတယ်”

……

လင်းရှန်၏ စကားများကို ကြားရသောအခါ တင်းကျန်းရီသည် သူပြောနေသည်ကို နောက်ဆုံးတွင် သဘောပေါက်လိုက်သည်။ ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော သိပ္ပံပညာရှင်သည် ဤတစ်ကြိမ်တွင် သူမ၏ စကားများကို ချိနဲ့စွာပြောနေသည်ကို တွေ့လိုက်ရသည်။

“ဒါ... သီအိုရီအရ ပြောရရင်... အင်း၊ ဖြစ်နိုင်တယ်လို့တော့ ထင်ရတယ်”

လင်းရှန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားပြီး သူသည် တင်းကျန်းရီကို ကြည့်လိုက်သည်။

“ဒါရိုက်တာတင်း....မင်းရဲ့ စွမ်းအားကို ဆက်ရှာဖွေရမယ်၊၊ ရထားတွဲ ၄ က မင်းရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးကွင်း ဒါမှမဟုတ် စမ်းသပ်ခန်း ဖြစ်နိုင်တယ်။ မင်းစွမ်းအားမှာ ရှာဖွေတွေ့ရှိဖို့ လိုနေတဲ့ မယုံနိုင်စရာအလားအလာတွေ ရှိတယ်လို့ ငါတော့ ယူဆတယ်”

တင်းကျန်းရီသည် သူမကိုယ်သူမ တည်ငြိမ်စေရန် အသက်ပြင်းပြင်း အနည်းငယ် ရှူလိုက်သည်။ ထို့နောက် ပုံမှန်တည်ငြိမ်မှုကို ပြန်လည်ရရှိကာ သူမသည် လင်းရှန်အား ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“ရှင်ပြောတာ မှန်တယ်။ ကျွန်မ မြန်မြန် ဆုံးဖြတ်ချက် မချသင့်ဘူး။ ကျွန်မ မဖော်ထုတ်ရသေးတဲ့ စွမ်းအားမှာ စွမ်းရည်တွေ အများကြီး ရှိနိုင်သေးတယ်”

“အသေချာပဲ”

လင်းရှန်သည် ပျော်ရွှင်နေသည်။ အပင်ကြီးထွားမှု—ဖြစ်နိုင်ခြေများမှာ အဆုံးမဲ့အလားလာဖြစ်သည်၊၊ အပြာရောင်ဂြိုဟ်ပေါ်တွင် ထူးခြားသောအပင်မျိုးစိတ် ဘီလီယံနှင့်ချီ ရှိသည်။ ရှင်သန်မှုရှုထောင့်မှ ကြည့်လျှင် ၎င်းသည် အကန့်အသတ်မရှိသော အစားအစာထောက်ပံ့မှုကို ဆိုလိုသည်။ သို့သော် အရေးကြီးဆုံးအချက်မှာ—

လတ်ဆတ်သော အစားအစာ...

ထိုအချက်တစ်ခုတည်းနှင့်ပင် တင်းကျန်းရီသည် ဖီးနစ်အဖွဲ့အစည်းထဲသို့ ဝင်ရောက်ကာ ကမ္ဘာလုံးဆိုင်ရာ အစားအစာထောက်ပံ့ရေးဝန်ကြီး ဖြစ်လာနိုင်ပြီး မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။ သို့သော် သူမသည် ထိုအကြောင်းကို များများစားစား မတွေးထားလောက်ပေ....

အလွန်ရှားပါးသော ရတနာတစ်ပါးပင်... ၎င်းသည် သရဲခြောက်သောအိမ်တွင် ရွှေတူးမိသကဲ့သို့ပင်၊၊

“ဪ၊ ဟုတ်သားပဲ”

လင်းရှန်သည် ရုတ်တရက် အလေးအနက်ဖြစ်သွားသည်။

“ဒါရိုက်တာတင်း အခုကစပြီး မင်းရဲ့စွမ်းအားကို ရထားပေါ်မှာပဲ သုံးသင့်တယ်။ အပြင်လူတွေရှေ့မှာ မပြမိစေနဲ့”

သူသည် အာကာသဆိပ်ကမ်းတွင် သူ၏ ယန္တရားထုတ်လုပ်မှုစွမ်းရည်ကို ပြသခဲ့ပြီးနောက် ဖောင်ဒေးရှင်းကဲ့သို့သော အဖွဲ့အစည်းများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ တင်းကျန်းရီ၏ စွမ်းအားကို အခြားသူများ သိရှိပါက မည်မျှ အာရုံစိုက်မှု ရရှိမည်ကို သူ စိတ်ကူးကြည့်လို့မရနိုင်ပေ။

သူသည် ဖီးနစ်နှင့် အပြည့်အဝပူးပေါင်းသေးသည် မဟုတ်သလို ကမ္ဘာလုံးဆိုင်ရာ အသက်ရှင်ကျန်ရစ်သူ အဖွဲ့ခွဲများသည်လည်း လုံးဝ ကွဲပြားသော ရည်ရွယ်ချက်များ ရှိကြသည်။ တင်းကျန်းရီ၏ စွမ်းအားကို စောစီးစွာ ဖော်ထုတ်ခြင်းသည် အနန္တရထားအတွက် မလိုလားအပ်သောပြဿနာများ ယူဆောင်လာနိုင်သည်။

“ကျွန်မ နားလည်ပါတယ်”

တင်းကျန်းရီသည် သူမ၏ ပခုံးကို တင်းတင်းဆုပ်ကိုင်ထားသော လင်းရှန်၏ လက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမသည် သူ့ကို မော့ကြည့်လိုက်ရာတွင် ဖော်မပြနိုင်သော အဓိပ္ပာယ်တစ်မျိုးကို ဆောင်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

လင်းရှန်သည် မျက်မှောင်ကြုတ်လိုက်သည်—ထိုအကြည့်ကို သူ ချက်ချင်း နားလည်လိုက်သည်။

ပိုတင်းတင်းဆုပ်ထား။ ငါ ကြိုက်တယ်....

သူ ချက်ချင်း လွှတ်ပေးလိုက်သည်။ သို့မဟုတ်ပါက ဤသိပ္ပံပညာရှင်သည် ဖုံးကွယ်ထားသော မာဆိုခစ် (နာကျင်မှု သို့မဟုတ် အရှက်တရားမှ လိင်စိတ်ကျေနပ်မှုရရှိသူ) တစ်ဦးဖြစ်ပြီး တောက်ပအရည်လဲ့နေသော မျက်လုံးများဖြင့် သူ့ကို စတင်ကြည့်လာမည်ဟု သူ သေချာပေါက် သိနေသည်။

“ကံကောင်းပါစေ ဒါရိုက်တာတင်း။ ငါ မင်းကို ယုံကြည်တယ်”

လင်းရှန်သည် သူ့ကို ရှင်းလင်းပြီး ရိုးသားသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သတ္တုပုံးကို ကောက်ယူကာ ထွက်ခွာသွားခဲ့သည်။

တင်းကျန်းရီသည် သူ ထွက်ခွာသွားသည်ကို ကြည့်နေပြီး ပုံမှန်အားဖြင့် အေးစက်သော သူမ၏ မျက်နှာတွင် ရှားရှားပါးပါး နူးညံ့သော အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့သည်။

“ယောက်ျားပီသလိုက်တာ”

လင်းရှန်သည် ရထားတွဲ ၁၂ ဆီသို့ သွားကာ လောင်စာတိုင် သိုလှောင်သေတ္တာ အလွတ်တစ်လုံးကို ရှာတွေ့ခဲ့သည်။ သူသည် သတ္တုပုံးကို အတွင်း၌ ထားကာ လုံခြုံရေး အစီအမံ နှစ်ထပ်အောက်တွင် လုံခြုံစေခဲ့သည်။ အလေးချိန်မြင့်လျှပ်ကူးအရည်၏ ဖိနှိပ်မှုသက်ရောက်မှုများသည် နောက်ဆုံးတွင် လုံးဝ ပျက်ပြယ်သွားခဲ့ပြီ။

ချန်ဆီရွှမ်သည် သူ ဝင်လာသည်ကို မြင်သောအခါ ချက်ချင်း မေးလိုက်သည်။

“ဘာဖြစ်တာလဲ....ခုနက အဆင်ပြေနေသေးတာ...အခုကျ အားကုန်နေပြန်တာလား”

“ငါ့ ယန္တရားစွမ်းရည်ကို ခဏလေး သုံးလိုက်တာ”

လင်းရှန် ဝန်ခံလိုက်သည်။

“ဒါပေမယ့် အဆင်ပြေပါတယ်....ဘာမှ မစိုးရိမ်ရပါဘူး”

ချန်ဆီရွှမ်သည် သူ့ကို အနည်းငယ် စိုးရိမ်တကြီး ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်တယ်။ ရှင် ညလုံးပေါက် ပျောက်နေတာကို....လူတိုင်းက တကယ် စိုးရိမ်နေကြတာ”

လင်းရှန်သည် လျှောက်သွားကာ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“နောက်ဆို ဒီလိုမျိုး စွန့်စားတာမျိုး မလုပ်တော့ဖို့ ကြိုးစားပါ့မယ်”

ချန်ဆီရွှမ်သည် သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ကီကီရဲ့ စွမ်းအားက တကယ်ကို အစွမ်းထက်တယ်။ သူမကို ခေါ်သွားသင့်တယ်”

“ကျွန်မတို့အားလုံး အတူတူ အများကြီး ဖြတ်သန်းခဲ့ရပြီးပြီ။ တစ်ညလောက် အနားယူတာ ဘာမှ မဖြစ်ပါဘူး”

“မင်း မေ့နေတယ်—သူမမှာ အဆင့် ၃ အမှတ်အသား ရှိတယ်။ သူ့ကို အန္တရာယ်ရှိတဲ့ အခြေအနေတွေထဲ ငါ ခေါ်သွားလို့ မရဘူး”

ချန်ဆီရွှမ်၏ အမူအရာသည် မှောင်မိုက်သွားသည်။

“ဟုတ်သားပဲ... ကျွန်မ မေ့သွားတော့မလို့။ အင်း... ဒီအမှတ်အသားတွေက ကျွန်မတို့ကို ကစားစရာ အရုပ်တွေလိုပဲ ခံစားရစေတယ်”

သူမသည် သူ့ကို ပြန်လည်မော့ကြည့်လိုက်ရာ မျက်လုံးများက တည်ကြည်နေသည်။ “ဒါပေမယ့်... ကျွန်မကို ခေါ်သွားလို့ရတယ်။ ကျွန်မလည်း ရှင့်ကို ကာကွယ်ပေးနိုင်တယ်လို့ ထင်ပါတယ်”

“ကောင်းပြီလေ”

လင်းရှန် ပြုံးလိုက်ပြီး သူ့ရင်ဘတ်အတွင်း နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားသည်။ သူသည် ချန်ဆီရွှမ်ကို နောက်ထပ် ဘာမှမပြောဘဲ ပွေ့ဖက်လိုက်သည်။

ထိုရိုးရှင်းသောပွေ့ဖက်မှုကပင် သူ၏ ပင်ပန်းနွမ်းနယ်မှု အများစုကို ပျောက်ကွယ်စေရန် လုံလောက်ခဲ့သည်။

“ကျွန်မတို့ မြို့ထဲကို ဝင်တော့မယ်”

ရထားသည် သံလမ်းများနှင့် ဆူညံသောပွတ်တိုက်သံကို ကြားရသောအခါ ချန်ဆီရွှမ်သည် လျင်မြန်စွာ ခွာလိုက်ပြီး ရှေ့ကို ကြည့်လိုက်သည်။

“လမ်းကြောင်းက သိပ်မရှင်းဘူး။ ကျွန်မတို့ ညက တိုက်ပွဲအတော်လေးပြင်းထန်ခဲ့တာပဲ”

All Chapters