← Chapters

အလဲလှယ် ၂

Vol. 19 Ch. 275

အလဲလှယ် ၂

Vol. 19 Ch. 275

ဆန်းချန်၏ အကြည့်သည် တင်းမာသွားသည်။

“မင်း ငါတို့ဆီက ဘာလိုချင်တာလဲ”

“ငါတို့ ညက အဲ့ဒီသုတေသနဌာနကို သွားခဲ့တယ်” လင်းရှန်က ပြောလိုက်သည်။

“ဦးထုပ်နီရဲ့ သေမင်းဂိမ်း အကြောင်းကိုလည်း ငါတို့ သိခဲ့ရတယ်။ အဲ့ဒီနေရာက အခုစွန့်ပစ်ထားတယ်”

“ဘာ...အဲ့ဒီနေရာ ပျက်စီးသွားပြီလား”

ဟူလုရှို့သည် အမှန်တကယ် ထိတ်လန့်သွားပုံရသည်။

သူ၏ တုံ့ပြန်မှုကို မြင်သောအခါ လင်းရှန်နှင့် ကီကီတို့သည် ချက်ချင်း သိလိုက်ကြသည်—သူတို့ အတွေးများ မှန်ကန်နေသည်။

“ဟုတ်တယ် ငါက အရင်တုန်းက တိမ်ပျံရဲ့ ဒုကပ္ပတိန် ဖြစ်ခဲ့တာ မှန်ပါတယ်။ အဲ့ဒီအချိန်တုန်းက ငါတို့ လေထုထဲက မွန်းစတားတစ်ကောင်နဲ့ တွေ့ခဲ့ရပြီး ချင်းရွှေမြို့ရဲ့ အပြင်ဘက် သစ်တောတွေမှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်။ ဒါပေမယ့် ငါတို့ တစ်ခုခု—မျက်စိနဲ့ မမြင်ရတဲ့ အဆောက်အအုံတစ်ခုကို ဝင်တိုက်မိပြီး မြို့ထဲမှာ ပျက်ကျသွားခဲ့တယ်။ ငါ နိုးလာတဲ့ အချိန်မှာ ငါ အဲ့ဒီ သုတေသနဌာနထဲမှာ ရောက်နေခဲ့ပြီ...”

ဟူလုရှို့ က တုံ့ဆိုင်းမနေတော့ပဲ အရာအားလုံးကို ထုတ်ပြောလိုက်သည်။

သူသည် လင်းရှန်ကို ကြည့်လိုက်ပြီး မျက်လုံးများက တောက်ပနေသည်။

“နောက်ရော မင်း ဘာတွေ သိချင်သေးလဲ...ဒါပေမယ့် ရှင်းအောင် ပြောလိုက်မယ်—ငါ့ရဲ့ သတင်းအချက်အလက်က အလကားမရဘူး။ မင်း ဝယ်ဖို့ ကြိုးစားနေတဲ့ အအေးဒဏ်ခံပစ္စည်းတွေလည်း အပါအဝင်ပေါ့။ ဒါပေမယ့် ငါ ရိုင်ဖယ်တွေ မလိုချင်တော့ဘူး”

“ခင်ဗျား ဘာလိုချင်လဲ” လင်းရှန်က မေးလိုက်သည်။

“ကြီးမားတဲ့ လက်နက်တွေ....1130 လက်နက်စနစ် (CIWS)၊ လျှပ်စစ်ဂတ်လင်သေနတ်...ပြီးတော့ မင်း ဝတ်ထားတဲ့ စွမ်းအားမြှင့်ဝတ်စုံ”

လင်းရှန်က ရယ်လိုက်သည်။

“အဟက်…သတင်းအချက်အလက်တစ်ခုတည်းက အကုန်လုံးတန်တယ်လို့ ခင်ဗျား ထင်နေလား”

“ရှင်က ဓားပြတိုက်နေတာလား” ကီကီက ရှေ့သို့ တက်ကာ ဟူလုရှို့၏ ကော်လံကို ဆွဲရန် ပြင်လိုက်သည်။

ဟူလုရှို့သည် ချက်ချင်း သူ့ထိုင်ခုံကို နောက်သို့ ရွှေ့လိုက်ပြီး လက်များကို ယမ်းလိုက်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး...ဒါတွေက ငါ အရောင်းအဝယ်အတွက် လက်ခံမယ့် ပစ္စည်းတွေပါလို့ ပြောတာပါ—ငါ ဒါတွေ အကုန်လုံးကို လိုချင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး”

“ဂတ်လင်သေနတ်ကတော့ ဖြစ်နိုင်တယ်။ ကျန်တာတွေလား မေ့လိုက်။ သတင်းအချက်လက်က ဒီလောက် တန်ဖိုးရှိတာ မဟုတ်ဘူး”

လင်းရှန်သည် ဟူလုရှို့၏ စူးစမ်းသော အကွက်ကို မြင်သည်။ သူသည် 1130 CIWS ကို တကယ်တမ်း လက်လွှတ်ပေးမည် မဟုတ်သော်လည်း ဟူလုရှို့သည် ၎င်းကို လောဘတကြီး လိုချင်နေသည်ကို သူ သိနိုင်သည်။ တကယ်တမ်း ဟူလုရှို့သည် သူ အမှန်တကယ် ရနိုင်သည့် တစ်ခုတည်းသော အရာမှာ ဂတ်လင်သေနတ်ဖြစ်သည်ကို သိပြီးသားဖြစ်သော်လည်း ဆွေးနွေးရန်အတွက် ဟန်ဆောင်နေခြင်း ဖြစ်သည်။

“မင်း အတည်ပြောတာလား”

ဟူလုရှို့၏ မျက်လုံးများ တောက်ပလာသည်။ ဤကဲ့သို့သော စွမ်းအားမြင့်လက်နက်သည် သူ၏ ယာဉ်တန်း၏ ပစ်အားကို များစွာမြှင့်တင်ပေးလိမ့်မည်—အများစုသော C-Class သတ္တဝါများသည် ၎င်းကို မခံနိုင်ပေ။

“ဟုတ်တယ်။ ခင်ဗျားရဲ့ သတင်းအချက်အလက်အတွက် တစ်လက်၊ အအေးဒဏ်ခံဝတ်စုံ အစုံ ၃၀ အတွက် သုံးလက် ထပ်ပြီး လဲလှယ်ပေးမယ်။ အတိကျပြောရရင် ဖက်ဒရေးရှင်းစံနှုန်း အပူထိန်းဝတ်စုံတွေ၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိကိရိယာတွေ၊ စောင်အထူတွေ၊ နှင်းကာမျက်မှန်တွေ...ပြီးတော့ နှင်းတောစီးဖိနပ်တွေ အပါအဝင် လိုချင်တယ်....ပြီးတော့ ခဗျားကို ကျည် ၆,၀၀၀ ကိုပါ ထည့်ပေးမယ်။ သဘောတူလား”

ဟူလုရှို့နှင့် ဆန်းချန်တို့သည် စကားမပြောနိုင်အောင် အံ့သြသွားကြသည်။

ဂတ်လင်သေနတ် ၄လက်...

၎င်း၏ ပစ်အားသည် မယုံနိုင်လောက်အောင်ပင်—ကြီးမားသော လက်နက်ကိုင်တပ်စုတစ်စုနှင့် ညီမျှသည်။

ဟူလုရှို့၏ နှလုံးခုန်သံသည် တဒိတ်ဒိတ် မြည်နေပြီး သူသည် စိတ်လှုပ်ရှားစွာ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။

“မင်းမှာ ဂတ်လင်သေနတ်တွေ အဲဒီလောက် အများကြီးရှိတာလား”

“ယူမှာလား...မယူဘူးလား။ ကျုပ် စကားအများကြီး မပြောချင်ဘူး”

“သဘောတူတယ်” ဟူလုရှို့ ချက်ချင်း သဘောတူလိုက်သည်။

“ကောင်းပြီ။ စပြောပါ” လင်းရှန် သူ၏ ထိုင်ခုံနောက်ကျောကို မှီလိုက်ပြီး စတင်ရန် သူ့ကို လက်ဟန်ပြလိုက်သည်။

“ခဏလေး... ဘာအကြောင်း ပြောရမှာလဲ”

ဟူလုရှို့သည် ရုတ်တရက် တောင့်တင်းသွားသည်။

ဆောင်းဦးလေညှင်းသည် တိုက်ခတ်သွားသည်၊၊

ဟူလုရှို့ လင်းရှန်ကို စိုက်ကြည့်လိုက်သည်။

“ညီလေး... မင်းက လက်နက်တွေကို မပေးသေးဘူးလေ။ မင်းက ဒါကို အကြွေးထားဖို့ စီစဉ်နေတာလား”

သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လင်းရှန်သည် ဆိုင်ကယ်တစ်စီးတည်းဖြင့် ရောက်လာသည်—သူသည် ဂတ်လင်သေနတ် ၄လက်ကို သယ်ဆောင်လာပုံမရပေ။

လင်းရှန်ဘေးတွင် ရပ်နေသော ကီကီသည်လည်း ပစ္စည်းများကို ထုတ်ယူရန် လှုပ်ရှားခြင်း မရှိပေ။

သူတို့နှစ်ဦးသည် ထိုနေရာ၌ ထိုင်နေကြပြီး ညစာစားပြီး ငြင်းဆန်ကာ ထွက်ခွာသွားတော့မည့်ပုံစံဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။

သောက်ကျိုးနည်း....

သူတို့သည် သူ့ကို လုံးဝ လှည့်စားနေကြခြင်းပင်။

ဟူလုရှို့၏ မျက်နှာသည် ချက်ချင်း မည်းသွားသည်။ “မင်းက ငါ့ကို ကစားနေတာလား”

လင်းရှန်သည် အသက်ရှူထုတ်လိုက်ပြီး ရုတ်တရက် သူ့လက်ကို မြှောက်လိုက်သည်။

လင်းရှန် ထိုသို့ ပြုလုပ်လိုက်သည့် ခဏတာအတွင်း ဟူလုရှို့သည် လန့်ဖြန့်သွားသည်၊၊ တစ်ချိန်တည်းမှာပင် ကံကြမ္မာ-သက်ရှည်ယာဥ်တန်း၏ အရိပ်များအတွင်းမှ ပုန်းအောင်းနေသော သေနတ်သမားများစွာ ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ဆန်းချန် ရုတ်တရက် ခုန်အုပ်လိုက်သည်—သူမ၏ ယန္တရားလက်မောင်းမှ လျှပ်စစ်များ တဖျပ်ဖျပ် လှိုင်းထနေသည်။

ဘဇ်–ဇ်–တ်—

ကီကီက ဦးစွာ လှုပ်ရှားခဲ့သည်။

တုန်ခါလှိုင်းတစ်ခုဖြင့် သူမသည် လက်နက်ကိုင်များကို နောက်သို့ လွင့်စင်သွားစေပြီး တစ်ချက်တည်း လျင်မြန်စွာ လှုပ်ရှားမှုဖြင့် ၎င်းတို့၏ သေနတ်များကို ဆွဲယူလိုက်သည်။

ထို့နောက် သူမသည် ဘယ်ဘက်လက်ဖြင့် လေထဲရှိ ဆန်းချန်ကို ဖမ်းဆုပ်လိုက်သည်။

သို့သော် ဆန်းချန်သည် မယုံနိုင်လောက်အောင် ခွန်အားကြီးမားသည်။

သူမ၏ ယန္တရားလက်မောင်း၏ တံတောင်ဆစ်သည် ရုတ်တရက် မီးတောက်လာပြီး ဂျက်တွန်းကန်အားကို အသုံးပြုကာ ကီကီ၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်သွားသည်—ထို့နောက် သူမထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ဘန်း

သို့သော်—

ကြီးမားသော သံမဏိနံရံတစ်ခုသည် ၎င်းတို့ကြားတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။

ဆန်းချန်၏ လက်သီးသည် ၎င်းကို ပြင်းထန်စွာ ထိမှန်ပြီး သတ္တုကိုအကြီးအကျယ် ချိုင့်ဝင်သွားစေခဲ့သော်လည်း ၎င်းနောက်တွင် ရပ်နေသော ကီကီသည် လုံးဝ မထိခိုက်ခဲ့ပေ။

“ရပ်စမ်း”

ဆန်းချန် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ဟူလုရှို့က သူမအား ရပ်တန့်ရန် အော်ပြောလိုက်သည်။

သူ၏ အကြည့်သည် ပြောင်းလဲသွားသည်—လင်းရှန်သည် သူ့ကို တိုက်ခိုက်ခြင်း မရှိခဲ့ပေ။

ယင်းအစား လင်းရှန်၏ ညာဘက်လက်သည် ကီကီကို ကာကွယ်ရန် သံမဏိနံရံတစ်ခု ဖြစ်ပေါ်လာစေခဲ့ပြီး သူ၏ ဘယ်ဘက်လက်သည် လေထဲတွင် ဝဲပျံနေသော ဟိုလိုဂရမ်စနစ်မြင်ကွင်းအလား ဝဲနေသည်—၎င်းမှနေ၍ မရေမတွက်နိုင်သော ပစ္စည်းများသည် စီးဆင်းထွက်လာပြီး သူတို့မျက်စိရှေ့တွင် အပြည့်အဝ အလုပ်လုပ်နိုင်သော K23 လျှပ်စစ်ဂတ်လင်သေနတ်တစ်လက်အဖြစ် လျင်မြန်စွာ တပ်ဆင်နေသည်။

ကလောင်—

အသံတစ်ခုဖြင့် အသစ်တည်ဆောက်ထားသော ဂတ်လင်သေနတ်သည် ဟူလုရှို၏ ရှေ့တွင် တိုက်ရိုက် ကျရောက်သွားခဲ့သည်။

သူ၏ အမူအရာသည် ထိတ်လန့်ခြင်းမှ အံ့သြခြင်းသို့ ထို့နောက် ထိတ်လန့်ခြင်းသို့ ပြန်၍ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လုံးဝ ကြက်သေသေနေသည်၊၊

“ဒါ... ဒါ...”

လင်းရှန်၏ မျက်လုံးများ တောက်ပသွားသည်။ “ဂတ်လင်သေနတ် လိုချင်တယ် မဟုတ်လား...ကျုပ်ကို အချိန် မိနစ် ၂၀ ပေး”

သူသည် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် သူ၏ ထုတ်လုပ်မှု အမြန်နှုန်းသည် ယခုအခါ လျှပ်စီးကဲ့သို့ လျင်မြန်နေပြီ ဖြစ်သည်။

မိနစ်ပိုင်းအတွင်း ဂတ်လင်သေနတ် အသစ်လေးလက်သည် ဟူလုရှို့၏ ရှေ့တွင် သပ်ရပ်စွာ ပေါ်လာခဲ့သည်၊၊

ဆန်းချန် လုံးဝ မယုံကြည်နိုင်ဖြစ်နေသည်။

“ဒါ ဘယ်လို စွမ်းအားမျိုးလဲ....လေထဲကနေ လက်နက်တွေ ဖန်တီးနိုင်တာလား”

လင်းရှန်သည် သူမ၏ ယန္တရားလက်မောင်းကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“မင်းရဲ့ ယန္တရားလက်မောင်းက မဆိုးဘူး။ ငါ့ကို အချိန်နည်းနည်းပေးရင် ငါက တစ်ခုလုပ်ပေးနိုင်တယ်”

All Chapters