← Chapters

ရှင်က လုံးဝကို အမိုက်စား…

Vol. 19 Ch. 279

ရှင်က လုံးဝကို အမိုက်စား…

Vol. 19 Ch. 279

【ပိုင်းလော့အသစ်၏ အာရုံကြော ချိတ်ဆက်မှု တစ်ပြိုင်တည်း ထိန်းချုပ်မှုကိန်း အဆင့်သတ်မှတ်ချက်: ၄】

သတ္တုသံတစ်ခုက ရလဒ်များကို ကြေညာပြီး ပိုင်းလော့ ထွက်လာသည်။

သူမသည် ရှားရှား ဖြစ်သည်။

ရှားရှားသည် ထိန်းချုပ်ခန်းအတွင်း၌ မတ်တပ်ရပ်နေပြီး စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများ တောက်ပနေကာ ကီကီဘက်သို့ လှည့်လိုက်သည်။

“အစ်မကီကီ… ကျွန်မ အဆင့် ၄ အဆင့်သတ်မှတ်ချက် ရခဲ့တယ်”

ကီကီ တောင့်တင်းသွားသည်။ ရှားရှားကို ထိန်းချုပ်ခန်းတွင် မြင်လိုက်ရသောအခါ သူမ၏ မေးရိုးသည် အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

သူမသည် ကော့ပစ်၏ အစွန်းပေါ်သို့ ဆင်းသက်ပြီး ရှားရှား၏ ပါးကို လှမ်းဆွဲလိုက်သည်။

“ဟေး...လူဆိုးမလေး—နင်က နင်ရဲ့အစ်မထက် အမှတ်ပိုရခဲ့တယ်ပေါ့...ဘယ်သူက ခွင့်ပြုချက်မရှိဘဲ ဝင်ပြီး စမ်းသပ်ခိုင်းတာလဲ...ဟမ်”

သူမသည် ဆူပူဟန်ဆောင်သော်လည်း သူမ၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။

“လာ နင်ရဲ့ အစ်ကိုကြီးလင်းကို သွားရှာရအောင်”

“အိုက်ယား~ ကျွန်မက စပ်စုရုံပါပဲ... တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး” ရှားရှားက တောင်းပန်သော်လည်း ကီကီသည် နားမထောင်ပေ—သူမကို ဆွဲယူကာ ရထားတွဲဆီသို့ ဆွဲခေါ်သွားသည်။

ရထားတွဲ အမှတ် ၂ အတွင်း—

လင်းရှန်သည် အသစ် ထုတ်လုပ်ထားသော ကျည်ဆန်များကို သိုလှောင်သေတ္တာများ ထဲသို့ ထည့်သွင်းရာတွင် အလုပ်များနေပြီး PX-05 စက်ရုပ်များအား သယ်ဆောင်ရန်နှင့် တပ်ဆင်ရန် ညွှန်ကြားနေသည်။

ထိုအချိန်တွင် ကီကီသည် ရှားရှားကို ဆွဲခေါ်ကာ အပြေးအလွှား ဝင်လာခဲ့သည်။

“လင်းရှန်....ကျွန်မ ရှာတွေ့တာကို ကြည့်စမ်း—အဆင့် ၄ ပါရမီရှင် ပိုင်းလော့”

လင်းရှန်သည် မျက်ခုံးပင့်လိုက်ပြီး ကီကီကို ကြည့်လိုက်သည်—ထို့နောက် သူမ ဆွဲခေါ်လာသူကို ကြည့်လိုက်သည်။

“...ရှားရှားလား”

“ဟုတ်တယ်....ဒီကောင်မစုတ်လေးက ကျွန်မထက်တောင် တကယ်ပိုတော်နေတယ်” ကီကီက စိတ်ဆိုးသံဖြင့် ပြောလိုက်သည်။

လင်းရှန်သည် ရှားရှားကို ကြည့်လိုက်သည်။ သူမသည် သူ့ကို ရှက်ရွံ့စွာ ချောင်းကြည့်လိုက်ပြီး လျင်မြန်စွာ မျက်လုံးလွှဲကာ ရယ်လိုက်သည်။

“ဒီ မီးနတ်ဘုရားစက်ရုပ်ကြီးက ကြီးမားတဲ့ စက်ရုပ်အမျိုးအစား ဖြစ်တယ်။ သူမသာ စမ်းသပ်မှုမှာ အဆင့် ၄ သတ်မှတ်ချက် ရခဲ့ရင်....ဒါက ပါရမီရှင် အဆင့်မှာ ရှိနေတာ သေချာတယ်”

ရှားရှားသည် ၁၂ နှစ်သာ ရှိသေးပြီး စက်ရုပ်လေ့ကျင့်ရေးကိုပင် တရားဝင် မရရှိသေးပေ။ သူမသည် ထိုအသက်အရွယ်တွင် ထိုမျှ မြင့်မားသော ထိန်းချုပ်မှုအညွှန်းကိန်းကို ရရှိနိုင်ခြင်းသည် သူမ၏ အရည်အချင်းကို ဖော်ပြနေသည်။

“အတိအကျပဲ ဒါဆို ဘာလို့ သူ့ကို မမောင်းခိုင်းတာလဲ” ကီကီ ချက်ချင်း အကြံပြုလိုက်သည်။

လင်းရှန်သည် ကီကီကို စဥ်းစားဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ရှားရှားဘက်သို့ လှည့်လိုက်သည်။

“ရှားရှား မင်း စက်ရုပ်ကို မောင်းချင်လား”

“ကျွန်မလား...ဘာပဲဖြစ်ဖြစ် ရပါတယ်—အစ်ကိုကြီးလင်း ဆုံးဖြတ်တာကိုပဲ ကျွန်မ လုပ်မယ်” ရှားရှားသည် နာခံစွာ ပြန်ဖြေပြီး သူ့ကို မော့ကြည့်လိုက်သည်။

လင်းရှန် ခေါင်းညိတ်လိုက်သည်။ “ဖြစ်နိုင်ပေမယ့် သူမ နည်းနည်း ငယ်သေးတယ် မဟုတ်လား”

“ငယ်သေးတယ်...ဘယ်သူက ပြောတာလဲ” ကီကီက ကန့်ကွက်လိုက်သည်။

“သူမက မောင်းနှင်မှုမှာ တခြားသူတွေ အားလုံးထက် ပိုတော်တာ ရှင်းနေတာပဲ၊၊ ကျွန်မတောင် အဆင့် ၃ ပဲ ရှိသေးတာ...မြောင်လုနဲ့ လုချန်က အဆင့် ၁ ဒါမှမဟုတ် ၂ ပဲ ရှိတာ...ရှားရှားက အသင့်တော်ဆုံး ပိုင်းလော့ပဲ”

သူမသည် လက်များကို ပိုက်လိုက်သည်။ “သူမ လောင်ချာတစ်လက်နဲ့ ဖုတ်ကောင်တွေကို လိုက်ပစ်တုန်းကတော့ ရှင်က သူ့ကို ငယ်လွန်းတယ်လို့ မထင်ခဲ့ဘူး မဟုတ်လား”

ရှားရှားသည် ကီကီ ဤမျှ စိတ်အားထက်သန်နေမည်ဟု မထင်မှတ်ထားဘဲ သူမ၏ လက်ကို လျင်မြန်စွာ ဆွဲလိုက်သည်။ “အစ်မကီကီ ကျွန်မ ကလေး မဟုတ်တော့ဘူးနော်~”

လင်းရှန် ပြုံးလိုက်သည်။

သူသည် ကီကီ၏ အမှန်တကယ် ရည်ရွယ်ချက်ကို လုံးဝ နားလည်လိုက်သည်—သူမသည် ရှားရှားကို တိုက်ပွဲတွင် ပိုလုံခြုံစေရန်အတွက် ကြီးမားသော သံချပ်ကာစက်ရုပ်ကြီးအတွင်း၌ ထားချင်နေခြင်းသာ ဖြစ်သည်။

သူမ၏ သဘောထားကို သူ မြင်နိုင်သည်။

သို့သော် သူသည် သူမကို ဖော်ထုတ်မပြောခဲ့ပေ။

ရှားရှားတွင် အထူးမြင့်မားသော ထိန်းချုပ်မှု ကိန်းဂဏန်း ရှိသောကြောင့် သူမသည် စက်ရုပ်ကို မောင်းနှင်ရန် ယုတ္တိရှိသည်။ တကယ်တော့ လင်းရှန်သည် ၎င်းကို စဥ်းစားပြီးသား ဖြစ်သည်—ရှားရှားသည် အကောင်သေးသော်လည်း ပျော့ပြောင်းပြီး လက်နက်များကို အလွန်ကျွမ်းကျင်သည်။ သူမအား ပစ်အားထောက်ပံ့မှုအတွက် နောက်ဘက်မှ မောင်းနှင်ခိုင်းခြင်းသည် လောင်ချာကို ကိုင်ဆောင်ကာ ခြေလျင် လျှောက်သွားခိုင်းခြင်းထက် ပို၍ လုံခြုံပေသည်။

“ကောင်းပြီ။ ရှားရှားက စက်ရုပ်ကြီးကို မောင်းနှင်ရမယ်”

လင်းရှန်သည် သူ၏ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။

“ရှားရှား အခုကျန်တဲ့အချိန်ကို ထိန်းချုပ်မှုတွေနဲ့ ရင်းနှီးအောင် လုပ်ပါ။ ညမရောက်ခင် မီးနတ်ဘုရား စက်ရုပ်ကြီးကို ငါ အပြည့်အဝ ပြန်ပြီး ကျည်ဖြည့်ထားမယ်”

“တကယ်လား…ဟေး”

ရှားရှား၏ မျက်လုံးများ တောက်ပသွားပြီး သူမသည် စိတ်လှုပ်ရှားမှုဖြင့် ခုန်လိုက်သည်။

“ရွေးချယ်မှုကောင်းပဲ”

ကီကီသည် ကျေနပ်မှုဖြင့် ခေါင်းညိတ်ပြီး လင်းရှန်အား မျက်စိမှိတ်ပြလိုက်သည်။ ထို့နောက် ရှားရှား၏ လက်ကို ဆွဲကာ စက်ရုပ်ကြီး လေ့ကျင့်ရေး စတင်ရန် သူမကို ခေါ်သွားသည်။

တစ်ဝက်တစ်ပျက်တွင် ကီကီသည် ရုတ်တရက် ရပ်တန့်ပြီး ပြန်လှည့်လာခဲ့သည်။

“ခဏ—ရှင် ညက တစ်ခါမောင်းခဲ့တာဆိုတော့ ရှင့်ရဲ့ ထိန်းချုပ်မှုကိန်းဂဏန်းက ဘယ်လောက်လဲ”

“အဆင့် ၅” လင်းရှန်က မော့မကြည့်ဘဲ ပြန်ဖြေပြီး လျှပ်စစ်သံလိုက် အမြောက်၏ ဝါယာကြိုးများကို တည်ငြိမ်စွာ စီစဥ်နေသည်။

ကီကီ မျက်တောင်ခတ်လိုက်သည်။

သူမ၏ ဦးနှောက်သည် ခဏတာ ပြတ်တောက်သွားခဲ့သည်။

လင်းရှန်သည် သူမကို မော့ကြည့်ပြီး အကြောင်းအရာကို ရိုးရိုးသားသား ပြောလိုက်သည်။ “ငါ့ ယန္တရားစွမ်းရည်ကို မေ့သွားပြီလား…ငါ့အတွက် စက်ရုပ်ကြီးတွေက အဝတ်စား ဝတ်ထားသလိုပဲ—သူတို့ တုံ့ပြန်မှု မလုံလောက်ရင် ငါ့ပြဿနာ မဟုတ်ဘူး။ ဒါက သူတို့ရဲ့ စွမ်းအားစနစ်၊ မောင်းနှင်မှု ယန္တရားများ၊ ဒါမှမဟုတ် ပစ္စည်းများရဲ့ ချို့ယွင်းချက်ပဲ”

တစ်ပြိုင်တည်း ထိန်းချုပ်မှု ကိန်းဂဏန်းသည် စစ်ဘက်သုံး စက်ရုပ် နည်းပညာတွင် အခက်ခဲဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်—ထိပ်တန်းပိုင်းလော့တစ်ဦးကို ရှာဖွေခြင်းသည် အသံထက်မြန်သော ဂျက်တိုက်လေယာဥ်မောင်း တစ်ဦးကို စုဆောင်းခြင်းကဲ့သို့ပင် ခက်ခဲသည်။

စက်ရုပ်၏ AI ကို အဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်နေသော်လည်း စက်ရုပ်များသည် လူသားတို့၏ ဉာဏ်ရည်နှင့် ကျွမ်းကျင်မှုကို အစားထိုးနိုင်ခြင်း မရှိသေးပေ။

စစ်မြေပြင်တွင် စက်မှုစစ်ယန္တရား၏ ထိရောက်မှုသည် အရေးကြီးသည်—အထူးသဖြင့် ကြီးမားသော လက်နက်များ တပ်ဆင်ထားသော၊ အကြီးစား စက်ရုပ်များအတွက်၊ ၎င်းတို့သည် ဘက်ပေါင်းစုံ အခြေအနေအာရုံခံခြင်းကို စီမံဆောင်ရွက်ရန်နှင့် အချိန်နှင့်တပြေးညီ တိုက်ပွဲများတွင် အလွန်အမင်း ရှုပ်ထွေးမှုကို ကိုင်တွယ်ရန် လိုအပ်သည်။

ဤအကြောင်းကြောင့် အဆင့် ၄ နှင့် အဆင့် ၅ စက်ရုပ်မောင်းသူများကို စတားဖလိ့အတွက် တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုများအဖြစ် သတ်မှတ်သည်။

သို့သော် စက်ရုပ်မောင်းနှင်မှုတွင် ရေရှည်တည်တံ့သော ဤ စိန်ခေါ်မှုသည် လင်းရှန်အတွက် မရှိသလောက်ပင်။

သူ၏ ယန္တရားနှလုံးသားသည် စက်ရုပ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်နှင့် ထိုစက်သည် သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်၏ တိုးချဲ့မှု ဖြစ်လာသကဲ့သို့ပင်။

သူ ပြောသလိုပင်—

“စက်ရုပ်က ငါ့ အမိန့်တွေကို မလုပ်ဆောင်နိုင်ရင် ပြဿနာက ငါ မဟုတ်ဘူး—ပြဿနာက စက်ရုပ်ပဲ”

ယန္တရားနှလုံးသားသည် သန်းပေါင်းများစွာသော အာရုံကြောအမျှင်များအဖြစ် လုပ်ဆောင်ပြီး စက်နှင့် ပေါင်းစပ်ကာ လင်းရှန်၏ လုံးဝ ထိန်းချုပ်မှုအောက်ရှိ သက်ရှိ သတ္တဝါအဖြစ် ပြောင်းလဲသွားသည်။

ပွင့်ပွင့်လင်းလင်း ပြောရရင်—

ယန္တရားနှလုံးသားဖြင့် လင်းရှန်သည် ကမ္ဘာမြေပေါ်ရှိ အကြီးမြတ်ဆုံး စက်ရုပ်ပိုင်းလော့ ဖြစ်သည်။

ကီကီသည် သူမ၏ ပါးစပ်ကို ဖွင့်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

သူမသည် လင်းရှန်ကို နက်ရှိုင်းပြီး နားလည်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ဟုတ်ပါပြီ... ရှင်က လုံဝကို အမိုက်စား ယန္တရားကြီးပဲ ”

“ဟမ်…မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ”

“ဘာမှမဟုတ်ဘူး…ဘာမှမဟုတ်ဘူး….ရှားရှားရေ စက်ရုပ်ကို သွားစမ်းသပ်ရအောင်”

သူမသည် လင်းရှန် ဖမ်းမိနိုင်ခြင်းမရှိမီ လျင်မြန်စွာ ပြေးထွက်သွားသည်။

All Chapters