← Chapters

ပစ်အားပူးပေါင်းခြင်း ၂

Vol. 19 Ch. 282

ပစ်အားပူးပေါင်းခြင်း ၂

Vol. 19 Ch. 282

လင်းရှန်၏ စိတ်ရှုပ်ထွေးမှုကို မြင်သောအခါ ချန်ဆီရွှမ်သည် လမ်းလျှောက်လာပြီး သူ၏ နားထင်များကို ညင်သာစွာ နှိပ်နယ်ပေးသည်။

“တော်ပြီ။ ကိုယ့်ကိုယ်ကို အရမ်းဖိအားမပေးနဲ့။ ဒီလို စဥ်းစားကြည့်—အရင်တုန်းက ညရောက်တိုင်း ဘာဖြစ်မယ်ဆိုတာ ကျွန်မတို့ မသိခဲ့ဘူး။ အမှောင်ထုက အဆုံးမဲ့ ကြောက်မက်ဖွယ်ရာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ကျွန်မတို့က အန္တရာယ်အချို့ကို အနည်းဆုံး ခန့်မှန်းနိုင်တယ်။ ကျွန်မတို့ ဒါတွေကို ကိုင်တွယ်နိုင်ရင် ဝိညာဥ်လှိုင်းစမ်းသပ်ကိရိယာနဲ့ဆို ကျွန်မတို့ ညဘက်မှာ ပိုပြီး လုံခြုံတဲ့လမ်းကြောင်းတွေကို ရှာတွေ့နိုင်တယ်။ ကျွန်မတို့ မသေချာမှုကနေ နှိုင်းယှဉ်ချက်အရ သေချာမှုဆီကို ရွေ့လျားလာပြီ—ဒါက ရှေ့ကို တက်လှမ်းခြင်းပဲ”

“...ဟုတ်တယ်။”

သူမ၏ စကားများသည် လင်းရှန်၏ စိတ်နှလုံးမှ ညစ်ညူးမှု အများအပြားကို ဖယ်ရှားပေးခဲ့သည်။ သူမ ပြောတာ မှန်ပေသည်—အရင်တုန်းက အမှောင်ည၏ အလုပ်လုပ်ပုံကို လုံးဝ မသိသေးပေ။ ဒါပေမယ့် အခုတော့ သူတို့သည် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ကြိုတင်မြင်နိုင်ကြပြီ။

အနည်းဆုံးတော့ အခု သူတို့ သတိထားနိုင်ပြီး ကာကွယ်ရေးသက်သက်ကနေ တစ်စိတ်တစ်ပိုင်း ထိုးစစ်ကို ပြောင်းလဲနိုင်ကာ ဖြစ်နိုင်ချေရှိသော ထိခိုက်မှုများကို လျှော့ချနိုင်သည်။

ကလန် ကလန်~

ရထားသည် အဓိကမြို့မှ ဖြည်းညှင်းစွာ ထွက်ခွာပြီး ဟန်ရှန်းတောင်ကြား၏ စက်မှုဇုန်ကို ဖြတ်ကျော်ကာ ဆင်ခြေဖုံးဘက်သို့ ရွေ့လျားသည်။ နေသည် ပို၍ နိမ့်ကျသွားပြီး ဝေးလံသော တောင်များနှင့် သစ်ရွက်ထူထပ်သော သစ်တောများပေါ်တွင် ရှည်လျားသော အရိပ်များကို ဖြစ်ပေါ်စေသည်၊၊

ကြီးမားသော ရထားသည် သံလမ်းများပေါ်တွင် တဂျုံးဂျုံး မြည်ဟည်းသွားသောအခါ တုန်ခါနေသော ဆူညံသံသည် သံလမ်းများတစ်လျှောက်ရှိ ဖုတ်ကောင်အစုအဝေးကို ဆွဲဆောင်လိုက်သည်။ ဖုတ်ကောင်များ ရေတွက်မရအောင်သည် ရထားနောက်သို့ လိုက်လာကြသော်လည်း ရေခဲဖျက်ဒိုင်းကာနှင့် ဝေးလ် 03E ၏ သံဘီးများဖြင့် ချေမွခံရသည်။ အနန္တ ရထားသည် ဟန်ရှန်းတောင်ကြားကို နောက်၌ ချန်ထားခဲ့သည်။

သူတို့ ဆင်ခြေဖုံးသို့ ရောက်ရှိသည်နှင့် ချန်ဆီရွှမ်သည် ရုတ်တရက် အသက်ရှင်ကျန်ရစ်သူ ယာဉ်များ အစုအဝေးကြီး—တစ်ရာကျော်—သည် ရှေ့ရှိ ရှင်းလင်းသောကွင်းပြင်တစ်ခုတွင် ရပ်နားထားသည်ကို သတိပြုမိလိုက်သည်။

၎င်းတို့ထဲတွင် ကြီးမားသော ထရပ်ကားများ၊ မွမ်းမံထားသော ဘတ်စ်ကားအရွယ် ရွေ့လျားလူနေယာဉ်များပင် ပါဝင်သည်။ ရှေ့တန်းတွင် ကြီးမားသော သံချပ်ကာဖြင့် မြေမျက်နှာပြင်အားလုံးသွားနိုင်သော ဝင်ရိုးစွန်းထရပ်ကားတစ်စီး ထင်ရှားနေသည်—၎င်းသည် ယာဉ်တန်းခေါင်းဆောင် ဖြစ်ပုံရသည်၊၊

“လင်းရှန်”

ချန်ဆီရွှမ်က သတိပေးလိုက်သည်။

လင်းရှန်သည် သတိပြုမိပြီးသား ဖြစ်သည်။ လူအုပ်ထဲတွင် သူသည် ရင်းနှီးသော ယာဉ်များနှင့် မျက်နှာများကို မြင်လိုက်ရသည်—ဟူလုရှို့နှင့် ချင်းရွှေမြို့၏ Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘောအကြောင်း သတိပေးခဲ့သော လျောင်မင် အပါအဝင် ဖြစ်သည်။

ထင်ရှားသည်မှာ... ဤလူများသည် သူ့ကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

အရှေ့ဘက်လမ်းကြောင်းကို ယူခြင်းသည်လည်း အေးခဲနှုန်း မြင့်မားသော လေဝဲ၏ လွှမ်းခြုံမှုအောက်တွင် ရှိသော်လည်း ဤဦးတည်ရာသို့ ခရီးသွားသော အသက်ရှင်ကျန်ရစ်သူများ အများအပြား ရှိသည်။ လမ်းတစ်လျှောက်ရှိ အဓိကမြို့ကြီးများစွာနှင့် ကောင်းမွန်စွာ ဖွံ့ဖြိုးပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများဖြင့် ရှင်သန်နိုင်ခြေများသည် နှိုင်းယှဉ်ချက်အရ ပိုမို မြင့်မားသည်။

ပို၍ သတိထားသော ယာဉ်တန်းများသည် တွင်းနက်ဇုန် အမှတ် ၇ ကို တောင်ဘက်လမ်းကြောင်းမှ ရှောင်ကွင်းရန် ရွေးချယ်ကြသည်။ မြောက်ဘက်လမ်းကြောင်းအတွက်မူ သံလမ်းသုံးယာဥ်များ သို့မဟုတ် ရထားသယ်ယူပို့ဆောင်ရေးများကို အသုံးမပြုပါက ရှားရှားပါးပါးသာ ခရီးသွားလေ့ ရှိကြသည်။

ယုအန်းတောင်ကြားကို ဖြတ်ကျော်ပြီးသည်နှင့် ခရီးသည် တဖြည်းဖြည်း ပါလ်မားမြက်ခင်းပြင်ထဲသို့ ဝင်ရောက်သည်။ မြောက်ဘက်မီးရထားလမ်းသည် ယန်ကျန်းတောင်တန်းများတစ်လျှောက် စီလန်မြို့အထိ ပေါက်သည်၊၊

ဒါ့အပြင် အင်းဆက်ဒီရေကလည်း အဓိက ပြဿနာလို ထင်ရသည်။

“ငါတို့ မြက်ခင်းပြင်ထဲကို တိုက်ရိုက် ဦးတည်နေတာ မဟုတ်ဘူး”

လျောင်မင်က ပြောလိုက်သည်။

“ငါတို့ ယန်ကျန်းတောင်တွေရဲ့ အနောက်ဘက်ကို ရှောင်ကွင်းမယ်....တာ့ဇူ နှင်းတောင်တွေကို ဖြတ်ကျော်ပြီး ယန်ကျန်း လွင်ပြင်ပေါ်က စီလင်မြို့ကို သွားမယ်။ အဲဒီမှာ ငါတို့ မြောက်လေညင်းအသက်ရှင်ကျန်ရစ်သူမဟာမိတ်အဖွဲ့နဲ့ စုဝေးမယ် ပြီးမှ စီလန်မြို့ကို အတူတူ ဆက်သွားမယ်”

ဤအချိန်တွင် လင်းရှန်သည် ၎င်းတို့၏ စီမံကိန်းကို နားလည်လိုက်သည်—သူတို့သည် ဖီးနစ်ကို ရှာဖွေရန် ကြိုးစားနေခြင်းဖြစ်ပြီး...ထို့နောက် အာရုဏ်ဦးစင်တာအတိုင်း မြောက်ဘက်သို့ ပူးပေါင်းရန် ဖြစ်သည်။

သို့သော် ၎င်းသည် သူ့ကို အံ့အားသင့်စေသော အရာမဟုတ်ပေ။

“ခင်ဗျားတို့ ကျုပ်ကို စောင့်ဆိုင်းနေခဲ့ပုံရတယ်။ ကျုပ် ဒီလမ်းက လာမယ်ဆိုတာ ဘယ်လိုသိတာလဲ”

“အင်း...” လျောင်မင်သည် အနည်းငယ် ရှက်ရွံ့နေပုံရသည်။

“ဟူလုရှို့က ငါတို့ကို သတင်းအချက်အလက် ရောင်းခဲ့တယ်”

“ရောင်းခဲ့တာလား” ချန်ဆီရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်တယ် သူ... သွေးပဲစေ့တစ်လုံး တောင်းခဲ့တယ်”

လင်းရှန် စကားမပြောနိုင် ဖြစ်သွားသည်။ ထို’ဟူ’ဆိုသောသူသည် တကယ်ပဲ တစ်ခုခုဖြစ်သည်—သူ၏ ခရီးသွားလမ်းကြောင်းကို ထောက်လှမ်းရေးလုပ်ပြီး သတင်းအချက်လက်ကို သွေးပဲစေ့နဲ့တောင် ရောင်းခဲ့တယ်..

လခွီး... ဒီကောင်က ရသမျှ ညှစ်ထုတ်ဖို့ အခွင့်အရေးကို တစ်ခါမှ လက်လွတ်မခံဘူး။

“ဒါဆို ဘာလို့ ယုအန်းတောင်ကြားကနေ ထွက်ဖို့ နေ့ခင်းဘက်အထိ မစောင့်တာလဲ” လင်းရှန်က တိုက်ရိုက်မေးလိုက်သည်။

“မနေ့ညက ကြီးမားတဲ့ အမှောင်သတ္တဝါတွေ မြို့ကို ရောက်လာခဲ့တယ်၊၊ ယာဉ်တန်းကြီးတွေ လုံးဝ ပျက်စီးသွားခဲ့တယ်။ ဒီည ဟန်ရှန်းတောင်ကြားမှာ ဘယ်သူမှ မနေရဲဘူး” လျောင်မင်က ပြတ်သားစွာ ပြောပြီး ပခုံးတွန့်လိုက်သည်။

“တကယ်တော့ ငါတို့ နေ့ခင်းဘက် ထွက်သွားချင်ခဲ့တာ၊ ဒါပေမယ့် မနေ့ညက ထွက်ပြေးနေတုန်း ကျည်ဆန် ကုန်သွားခဲ့တယ်။ လုံခြုံရေးအတွက် ငါတို့ ကံကြမ္မာ-သက်ရှည် ယာဉ်တန်းမှာ ပစ္စည်းတွေ သွားယူခဲ့တယ်။ အဲဒီမှာ မင်း မြောက်ဘက်လမ်းကြောင်းကနေ ထွက်သွားမယ်ဆိုတာ သိခဲ့ရတယ်”

“ဆွေးနွေးပြီးတော့ ငါတို့ မင်းကို အန္တရာယ်အကြောင်း သတိပေးဖို့နဲ့ ပူးပေါင်းဖို့ အဆိုပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ငါတို့ အောင်မြင်စွာ မထွက်နိုင်ရင်တောင် အတူတူ စခန်းချပြီး အရုဏ်တက်အထိ စောင့်ဆိုင်းပြီးမှ ပြန်သွားလို့ရတယ်”

လင်းရှန်သည် အဖွဲ့ကို အကဲခတ်လိုက်သည်။ သူ ပြောနိုင်ခဲ့သည်—လင်းယုန်ယာဉ်တန်းသည် သာမန် အင်းဆက်ဒီရေနှင့် တိုးမိခဲ့ခြင်းမဟုတ်ပေ။ လူတစ်ရာကျော်ပါသည့် ယာဉ်တန်းသည် ကျည်ဆန် အမြောက်အမြား သုံးစွဲပြီးနောက် ခက်ခဲစွာ လွတ်မြောက်ခဲ့ပုံရသည်။ သူတို့သည် ထိခိုက်ဒဏ်ရာများပင် ရနေသည်။

အခုတော့ သူတို့ ပိတ်မိနေပြီ။

မြို့သည် အမှောင်သတ္တဝါများဖြင့် လွှမ်းမိုးနေပြီး ထိုနေရာရှိ ယာဉ်တန်းတိုင်းကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။ လင်းရှန်နှင့် သူ၏ အဖွဲ့ပင်လျှင် ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့ရသည်။ ဒီည နောက်ထပ် ဖြစ်လာဦးမည်လားဆိုတာကို မည်သူမှ အလောင်းစားလုပ်ရဲမည် မဟုတ်ပေ။

ဤယာဉ်တန်းသုံးခုသည် ပိတ်ဆို့မှုထဲတွင် ရောက်ရှိနေသည်။ လျောင်မင်နှင့် ဟူလုရှို့တို့ နှစ်ဦးစလုံးသည် လင်းရှန်၏ အနန္တရထားမှ ပစ်အားကို သိရှိထားသောကြောင့် ဤသတင်းကို ရသောအခါ ယာဉ်တန်းသုံးခုစလုံးသည် အနန္တရထားကို စောင့်ဆိုင်းရန် စုပေါင်းဆုံးဖြတ်ချက် ချခဲ့ကြသည်—အတူတူ ခရီးသွားရန် မျှော်လင့်ခဲ့ကြခြင်း ဖြစ်သည်။

ထွက်ပြေးခြင်းသည် ရွေးချယ်စရာ မဟုတ်ပါက ရှင်သန်နိုင်ခြေ ပိုကောင်းရန်အတွက် အနည်းဆုံးတော့ အတူတူ စခန်းချနိုင်သည်။

လင်းရှန်နှင့် ချန်ဆီရွှမ်တို့သည် လေးနက်သော အကြည့်များ ဖလှယ်လိုက်ကြသည်။

အချိန်ကို စစ်ဆေးကြည့်ရာ ၁၈:၀၀ နာရီ နီးပါး ဖြစ်နေပြီ—ညရောက်ရန် တစ်နာရီပင် မပြည့်တော့ပေ။

လင်းရှန်သည် သူ၏ နားကြပ်ကို ဖိလိုက်ပြီး အသံကို လျှော့လိုက်သည်။ “ဒါရိုက်တာတင်း အခြေအနေ ဘယ်လိုရှိလဲ”

သူ ရထားပေါ်က ဆင်းလာစဥ် အတွင်းပိုင်း ဆက်သွယ်ရေး ချန်နယ်ကို ဖွင့်ထားပြီးသား ဖြစ်သည်။ ရထားတွဲ ၃ အတွင်း၌ ရှုချင်းနှင့် အခြားသူများသည် ဝူကျန်းဟိုင်၊ လျောင်မင်၊ လော့ယန်နှင့် လျန်လေးတို့ ပြောနေသည်များကို နားထောင်နေကြသည်။

ရထားတွဲ ၃ အတွင်း၌ ရပ်နေသော တင်းကျန်းရီသည် ဂန္ဓမာနက်ငရဲပန်း၏ ပုံမှန်မဟုတ်သော ပြောင်းလဲမှုများအတွက် စောင့်ကြည့်နေသည်။ လင်းရှန်၏ မေးခွန်းကို ကြားသောအခါ သူမ ချက်ချင်း ပြန်ဖြေသည်။

“အမှောင် အမှတ်အသားက အဆင့် ၃ မှာ တည်ငြိမ်နေတယ်။ ဒါက အချက်နှစ်ချက်ထဲက တစ်ခုကို ဆိုလိုတယ်—ဒီ ယာဉ်တန်းသုံးခုမှာ အမှတ်အသား မရှိဘူး ဒါမှမဟုတ် သူတို့ရဲ့ အမှတ်အသားများက ကျွန်မတို့ရဲ့ အဆင့် ၃ နဲ့ ညီမျှပြီး အဆင့် ၃ ထက် မကျော်ဘူး”

“ငါကတော့ ဒုတိယဖြစ်နိုင်ချေလို့ ထင်တယ် ” လင်းရှန်က ပြန်ပြောလိုက်သည်။

All Chapters