← Chapters

သစ်တောထဲမှ လူ

Vol. 19 Ch. 285

သစ်တောထဲမှ လူ

Vol. 19 Ch. 285

ချန်ဆီရွှမ်သည် သူမ၏ Meteor-3 ရိုင်ဖယ်ကို ကိုင်ထားရင်း တီးတိုးပြောလိုက်သည်။

“ဒီဧရိယာမှာ ထိန်လန့်ဖွယ်သတ္တဝါတွေ မရှိတာ ဖြစ်နိုင်လား”

“ဖြစ်နိုင်တယ်”

လင်းရှန်သည် ပတ်ဝန်းကျင်ကို စကင်ဖတ်ပြီး သူ၏ မျက်နှာ တင်းမာနေသည်။

“ဒါပေမယ့် ငါ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို ပိုစိုးရိမ်တယ်...”

သူသည် ချန်ဆီရွှမ်နှင့် အကြည့် ဖလှယ်လိုက်သည်—သူမသည် ချက်ချင်း နားလည်လိုက်သည်။

မတွန့်ဆုတ်ဘဲ သူတို့နှစ်ဦးစလုံးသည် ရထားတွဲ ၃ ဆီသို့ ဦးတည်သွားကြသည်။

သူတို့သည် ထိတ်လန့်ဖွယ်သတ္တဝါများ၏ ဝိုင်းရံခြင်းကို မခံရပါက…ကံကောင်းမှု သက်သက်က လွဲ၍ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသည်—ဤ ဧရိယာသည် ကြီးမားသော ကြောက်မက်ဖွယ်သတ္တဝါကြီးတစ်ကောင်၏ ပိုင်နက် ဖြစ်သည်။

ဤနေရာသည် ၎င်း၏ နယ်မြေ ဖြစ်နိုင်သည်။

သူတို့နှစ်ဦးသည် ရထားတွဲ ၃ ထဲသို့ လျင်မြန်စွာ ဝင်ရောက်ပြီး သွေးကပ်ဘေးပန်းကို ကြည့်လိုက်သည်၊၊

“ဒါရိုက်တာတင်း”

တင်းကျန်းရီက ဘေးတွင် ရပ်နေသည်။

“ပြောင်းလဲမှု မရှိဘူး။ အမှတ်အသားတွေ ထပ်နေတာ မရှိဘူး”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ ပုံမှန်မဟုတ်သော အရာတိုင်းတွင် အကြောင်းရင်း ရှိသည်။ ရုတ်တရက် တိတ်ဆိတ်နေမှုသည် ပို၍ပင် စိတ်မသက်မသာ ဖြစ်စေသည်၊၊ အထူးသဖြင့် သူတို့သည် အဆင့် ၃ အမှောင်အမှတ်အသားများကို သယ်ဆောင်ထားသောကြောင့် ဖြစ်သည်။ ၎င်းသည် အလွန်ထူးဆန်းသည်။

လင်းရှန်သည် လက်ကိုင် စကားပြောစက်ကို ယူလိုက်သည်။ “လူတိုင်း၊ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ရှိလား”

“မရှိဘူး”

“ဘာမှ မတွေ့ရသေးဘူး”

“လင်း ဒီမှာ ဘာမှ မရှိဘူး”

ယာဉ်တန်း တစ်ခုစီက ပြန်ဖြေလိုက်ကြသည်။

“ဒီဧရိယာက အမှောင်သတ္တဝါတွေကို အခြားအသက်ရှင်ကျန်ရစ်သူအဖွဲ့တစ်ခုခုက ဆွဲခေါ်သွားတာ ဖြစ်နိုင်လား ဒါမှမဟုတ် သူတို့က သုတ်သင်ခံရပြီးသား ဖြစ်နိုင်လား”

ချန်ဆီရွှမ်၏ စကားများသည် လင်းရှန်အား အတွေးအမြင် အသစ်တစ်ခု ပေးခဲ့သည်။

“ဒါက ဖြစ်နိုင်ချေရှိတာ သေချာတယ်” တင်းကျန်းရီလည်း သဘောတူသည်။

လင်းရှန်သည် ရထားတွဲ ၂ ထဲသို့ လမ်းလျှောက်လာပြီး သတင်းအချက်အလက်စင်တာမှ ပြင်ပ စောင့်ကြည့်ရေးမျက်နှာပြင်ကို ကြည့်လိုက်သည်….သို့သော် ပုံမှန်မဟုတ်သော ဘာမှ မတွေ့ရပေ။

သူ သက်ပြင်းချရန် ပြင်နေစဥ် ကင်းစနစ်၏ ခေါင်မိုး စောင့်ကြည့်ရေး မျက်နှာပြင်တစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားသည်။

အနီအောက်ရောင်ခြည်သုံး ညမြင်ကွင်းပြ မျက်နှာပြင်သည် အရင်ကထက် ကျဉ်းမြောင်းနေပုံရသည်။

“ဘာဖြစ်တာလဲ” ချန်ဆီရွှမ်သည် သူ၏ ဘေးတွင် ရပ်နေပြီး သူ၏ တုံ့ပြန်မှုကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ဒါက ဘာလဲ”

လင်းရှန်သည် မျက်နှာပြင်၏ ဘေးဘက်ရှိ အနက်ရောင် ဘောင်ကို လက်ညှိုးထိုးပြသည်။ ထို့နောက် သူသည် ဘေးချင်းကပ် မျက်နှာပြင်ကို ပြောင်းလိုက်သည်—ပြီးတော့ အနက်ရောင်မျက်နှာပြင်သည် ဘယ်မှ ညာသို့ ရွေ့လျားသွားသည်။

ချန်ဆီရွှမ် မျက်လုံးကျဥ်းလိုက်သော်လည်း ဘာမှ မမြင်ရပေ။ “ကျွန်မ ဘာမှ မတွေ့ဘူး”

“အဲဒီမှာ တစ်ခုခု ရှိနေတယ်”

လင်းရှန်၏ မျက်မှောင်များ ပိုနက်ရှိုင်းစွာ ကြုတ်လာပြီး သူ၏အသံက လေးနက်လာသည်။

မတွန့်ဆုတ်ဘဲ သူသည် ကျဥ်းမြောင်းနေသောအနက်ရောင်ရှိရာ စောင့်ကြည့်မျက်နှာပြင်၏ ဦးတည်ရာကို ကြည့်လိုက်သည်။

၎င်းသည် သစ်တောကို မျက်နှာမူထားသည်။ သို့သော် ဤအချိန်တွင် မည်းမှောင်သော တိမ်များက လကို ဖုံးကွယ်ထားပြီး ကောင်းကင်တွင် ကြယ်များ မရှိတော့ဘဲ အောက်ရှိ အရာအားလုံးသည် ထူပိန်းနေသော အမှောင်ထုသာ ဖြစ်သည်—သစ်တော၏ ပုံသဏ္ဌာန်ကိုပင် ခွဲခြား၍ မရနိုင်လောက်အောင် မှောင်နေသည်။

ချန်ဆီရွှမ်သည် လင်းရှန်၏ တုံ့ပြန်မှုကို မြင်သောအခါ ချက်ချင်း ရှေ့သို့ တက်လှမ်းသည်။

“ကျွန်မ ကြည့်ချင်တယ်”

သူမသည် သူမ၏ Meteor-3 စနိုက်ပါ ရိုင်ဖယ်ကို မြှောက်လိုက်ပြီး ၎င်း၏ စမတ် ညမြင်ကွင်း ပစ်မှတ်ရှာစနစ်ကို အသက်သွင်းလိုက်သည်။ သူမ၏ ဆင့်ကဲပြောင်းလဲလာသော အမြင်အာရုံကြောင့် သူမသည် အမှောင်ထဲတွင် လင်းရှန်ထက် ပိုကောင်းစွာ မြင်နိုင်ပြီး မှန်ပြောင်း၏ အကူအညီဖြင့် သူမ၏ အမြင်အာရုံသည် ပို၍ပင် ထက်မြက်လာသည်။

“ဦးတည်ချက် ၁၁ နာရီ….အဲဒီသစ်တောကို…သေချာ ကြည့်”

လင်းရှန်က ညွှန်ကြားသည်။

ချန်ဆီရွှမ်သည် အာရုံစိုက်ကာ မှန်ပြောင်းကို ညှိလိုက်သည်—သူမ၏ လှပသော မျက်ခုံးများသည် ချက်ချင်း ပြင်းထန်စွာ တွန့်ချိုးသွားသည်။

“ဘာတွေ့လဲ”

“လင်းရှန် သစ်တောရဲ့ ‌အပေါ်မှာ လူတစ်ယောက် ရပ်နေတယ်”

သူမ၏ အသံသည် ရေခဲကဲ့သို့ အေးစက်နေပြီး ကြောက်ရွံ့မှုအငွေ့အသက်များ ပြည့်နှက်နေသည်၊၊

လူတစ်ယောက်... သစ်တောပေါ်မှာ ရပ်နေတာလား…

ထိုစကားသည်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေသည်။ တစ်စုံတစ်ယောက်သည် သစ်ပင်များ၏ ထိပ်တွင် အဘယ်ကြောင့် ရပ်နေရသနည်း။

“သေချာလား”

“ဟုတ်တယ်။ ဦးတည်ချက် ၁၁ နာရီမှာ…အဲဒီလူက ကြီးမားလွန်းတယ်”

ချန်ဆီရွှမ်၏ လေသံသည် လေးနက်နေသည်။ သူမ၏ မှန်ပြောင်းထဲတွင် သစ်ရွက်ထူသော နက်ရှိုင်းသော သစ်တောအတွင်းမှ လူသားမဟုတ်သော ပုံရိပ်တစ်ခုသည် တိတ်ဆိတ်စွာ ရပ်နေသည်။

မြင့်မားပြီး…မလှုပ်မယှက်ပင်….

တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းသည် မီတာ ၂၀ ခန့် အရပ်ရှည်သည်ဟု ထင်ရသည်။

၎င်း၏ ခြေထောက်များသည် သစ်တောထဲတွင် ဖြောင့်တန်းစွာ ဆန့်တန်းလျက် သစ်ပင်များကြားတွင် ခိုင်မြဲစွာ စိုက်ထူထားပြီး လှုပ်ရှားမှု မရှိပေ။

ချန်ဆီရွှမ်သည် သူမ၏ ရိုင်ဖယ်ကို ဖြည်းညှင်းစွာ မြှောက်ကာ ၎င်း၏ မျက်နှာကို ပိုမို ရှင်းလင်းစွာ မြင်ရရန် ကြိုးစားနေသည်။

သို့သော် သူမ၏ မှန်ပြောင်းကို မည်မျှပင် ညှိသည်ဖြစ်စေ—သူမ ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

သို့သော် တစ်ခုကတော့ သေချာသည်—

ထိုအရာသည် အမှောင်ထု၏ တည်ရှိမှု ဖြစ်သည်။

All Chapters