← Chapters

တစ္ဆေတိုင်းပြည်၏ ယုံကြည်ချက်

Vol. 17 Ch. 236

တစ္ဆေတိုင်းပြည်၏ ယုံကြည်ချက်

Vol. 17 Ch. 236

အခန်း (၂၃၆) တစ္ဆေတိုင်းပြည်၏ ယုံကြည်ချက်

"ကစားပွဲက ဒီည ဖြစ်လာတော့မယ်ထင်တယ်"

မြောင်ယွဲ့က တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအားကိုကြည့်ပြီး တိုးလျစွာ ပြောလိုက်သည်။

သူမစကားသံတွင် ရယ်သံစွက်လျှက် ရှိသော်လည်း သံသယများနှင့် ပြည့်နက်နေသည်။

အနက်ရောင်မြူခိုးများထဲမှ မျက်နှာကြီးက ရယ်မောလိုက်ရင်း…

"မင်း မှန်တယ်… ဒါပေမဲ့ ခွန်လွန်တောင်က တပည့်တွေက ကျုပ်တို့ရဲ့ တစ္ဆေကျင့်ကြံသူတွေကို တားဆီးနိုင်မတဲ့လား"

သူက ခဏနားပြီးမှ ဆက်ပြောသည်။

"ကျုပ်တို့တိုင်းပြည်က တစ္ဆေစစ်သည်တော်တွေက သံမဏိအရိုးတွေကို ပိုင်ဆိုင်ထားတာနော် ၊ တစ္ဆေချီစွမ်းအားက ပျက်စီးသွားတဲ့ အရိုးအသား ခန္ဓာကိုယ်တွေကို ချက်ချင်း ပြန်လည်ကောင်းမွန်လာစေနိုင်တယ် ၊ ဒီတော့ မင်းတို့ကို ကျုပ် အချိန် (၁)လပေးမယ် ၊ မင်းတို့ ခွန်လွန်တောင်က တပည့်တွေက သူတို့တွေကို တားဆီးနိုင်မယ်ဆိုရင် ဒီကစားပွဲမှာ ကျုပ်တို့ ရှုံးနိမ့်တယ်လို့မှတ်ယူမယ်"

"သြော်… ဒါနဲ့… ဒီကစားပွဲမှာ မင်းတို့ဘက်က တောင်သခင်တွေနဲ့ အကြီးအကဲတွေ လုံး၀ ပါဝင်ခါင့်မရှိဘူးနော် ၊ မင်းတို့ လူသားတွေ ကောက်ကျစ်ယုတ်မာတတ်တာမေ့သွားလို့ ခုလို သတိပေးရတာ ၊ မင်းတို့တွေက စည်းကမ်းလည်း လိုက်နာကြတဲ့သူတွေ မဟုတ်ပါဘူးလေ ၊ ဒါပေမဲ့ မင်းတို့ဘက်က စည်းကမ်းဖောက်ရင် ကျုပ်တို့ဘက်ကလည်း စည်းကမ်းဖောက်ရုံပဲရှိတယ် ၊ ကျုပ်တို့ တစ္ဆေတိုင်းပြည်က ရိုးသားတယ် ၊ ဒါပေမဲ့ လူသားတွေ အနိုင်ကျင့်တာကိုတော့ ခံမှာ မဟုတ်ဘူး"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း…

"အချိန်က (၁)လတည်းတဲ့လား ၊ တစ္ဆေတိုင်းပြည်က အတော်လေး စေတနာထားတာပဲ ၊ ကျုပ်က (၁၀)နှစ်လောက်လို့ ပြောမယ်ထင်နေတာ"

ကျိုးကျုန်းထျန်းစကားကြောင့် တစ္ဆေမျက်နှာကြီးက အော်ဟစ်ရယ်မောလိုက်၏။

"ဟား ဟား ဟား…"

သူက ဆက်ပြောသည်။

"မင်းတို့ လူသားတွေက ဦးနှောက်သိပ်ကောင်းတယ်လေ ၊ တိုက်ပွဲအချိန်ကြာလာတာနဲ့အမျှ မင်းတို့လှည့်ကွက်ထဲ ရောက်သွားမှာပဲ ၊ ပြီးတော့ ကစားပွဲဆိုတာ သိပ်ပြီးအချိန်ကြာကြာ ကစားလို့လည်း မကောင်းဘူးလေ ၊ အချိန်ကြာရင် ကျုပ်တို့ဘက်က ရှုံးသွားနိုင်တယ် ၊ အချိန် (၁)လဆိုတာက ကျုပ်တို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလောက် တောင်းဆိုရတာပါ"

"………………"

တောင်သခင် (၄)ပါး ဆွံ့အ သွားကြသည်။

အမှန်တော့ သူတို့အနေဖြင့် တစ္ဆေတိုင်းပြည်နှင့် မတိုက်ခိုက်သင့်ပေ။ တစ္ဆေတိုင်းပြည်မှလူများ မည်သို့တွေးတောနေကြသည်ကိုလည်း သူတို့ နားမလည်နိုင်ကြပေ။

သို့သော် တစ်ဖက်လူက အလွန်တရာ တန်ခိုးစွမ်းအားကြီးမားလေရာ သူတို့အနေဖြင့် မေးခွန်ထုတ်ရန်လည်း မဖြစ်နိုင်ပေ။

ကစားပွဲတွင် မည်သူက အနိုင်ရပြီး မည်သူက ရှုံးနိမ့်မည်လဲ။

ထိုကစားပွဲအတွက် ခွန်လွန်တောင်မှတပည့်များတွင် တာဝန်ရှိနေသည်။ သူတို့ တောင်သခင်များကတော့ ကတိအတိုင်း ဘေးမှကြည့်နေရုံသာ တတ်နိုင်သည်။

နောက်ဆုံးရလဒ်က ဘာဖြစ်မည်ကို သူတို့ မသိရှိနိုင်ပေ။

***

ညနေ နေဝင်ချိန်…

ပေဖန်းတစ်ယောက် ပထမတောင်ထွတ်၏ တောင်ခြေသို့ ရောက်ရှိလာ၏။

သူက ပါးကွသင်္ကေတပုံပါရှိသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်းဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။

အရေးတကြီးဖြေရှင်းရမည့် ပြဿနာတစ်ခု ရှိနေသည့်အလား သူ့မျက်နှာက တည်ကြည်လေးနက်နေ၏။

မကြာမီ ပထမတောင်ထွတ်မှ လင်အန်း ဆင်းလာ၏။

"ဂိုဏ်းတူညီလေး ၊ မင်း ကျုပ်ကို ရှာနေတယ်ဆို…"

ဒုတိယတောင်ထွတ်မှ ပေဖန်း သူ့ကိုရှာနေသည်ဟု သတင်းကြားကြားချင်း လင်အန်းက ချက်ချင်းရောက်လာခြင်း ဖြစ်သည်။

ပေဖန်း၏ဝတ်စားဆင်ယင်မှုကိုတွေ့သည်နှင့် အရေးပေါ်တာဝန်တစ်ခု ချက်ချင်းလုပ်ဆောင်ရန်ရှိနေသည်ဟု သဘောပေါက်လိုက်သည်။

ပေဖန်းက…

"ကျုပ် အကူအညီလိုနေလို့ပါ ၊ ဒုတိယတောင်ထွတ်မှ ဂိုဏ်းတူညီအစ်ကိုတွေ အများကြီးရှိပေမယ့် အခြားတောင်ထွတ်က အတော်ဆုံးတပည့်တွေနဲ့ ဒီအလုပ်ကို လုပ်ချင်လို့ပါ"

ယခုကိစ္စက လူအင်အားထက် အရည်အချင်းနှင့် သက်ဆိုင်သည်။ သတိလက်လွတ်ဖြစ်သွားပါက အန္တရယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။

တောင်ထွတ်များမှ အတော်ဆုံးတပည့်များကို အကူအညီတောင်းခြင်းက သက်ရောက်မှု ပိုမိုလျှင်မြန်နိုင်မည်ဟု ပေဖန်းက ယူဆသည်။

"ဟင်… ဟုတ်လား"

လင်အန်း အတော်လေး အံ့အားသင့်သွားသည်။

"ဂိုဏ်းတူညီလေး ဘယ်သူတွေကို ခေါ်ဖို့ စီစဉ်ထားသေးလဲ"

ပေဖန်းက…

"တတိယတောင်ထွတ်က ဂိုဏ်းတူအစ်မ ဟုန်လွမ် ၊ အဋ္ဌမတောင်ထွတ်က ဂိုဏ်းတူအစ်ကို လုကျန်း တို့ကိုလည်း ခေါ်မယ်ဗျ"

လင်အန်းက နွေးထွေးစွာ ပြုံးလိုက်ရင်း…

"ဒါဖြင့် ကျုပ်တို့ အရင်ဆုံး လူစုလိုက်မယ်လေ ၊ နောက်မှဘဲ ဘာကိစ္စဆိုတာ ဂိုဏ်းတူညီလေးက ရှင်းပြတော့ပေါ့"

ထို့နောက် သူတို့ (၂)ယောက် တတိယတောင်ထွတ်နှင့် အဋ္ဌမတောင်ထွတ်များသို့ ထွက်ခွာလာခဲ့ကြသည်။

မိုးစုန်းစုန်းမချုပ်ခင်အချိန်လေးတွင် ဂိုဏ်းတူမောင်နှမ (၄)ယောက် ဆုံမိကြသည်။

ဟုန်လွမ်က ပေဖန်းကို တအံ့တသြ ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး ပေဖန်း ငါ့ကိုခေါ်တယ်ဆိုတာ ခပ်ရှားရှားပဲ"

သာမန်အခြေအနေဆိုလျှင် ပေဖန်းက တတ်နိုင်သမျှ သူတို့ကို ခေါ်ရန် ရှောင်လေ့ရှိသည်။

ပေဖန်းက ဒုတိယတောင်ထွတ်တောင်သခင်၏ အားအကိုးဆုံးတပည့်ဖြစ်လေရာ အရေးကြီးသတင်းများမှအစ အတင်းအဖျင်းများအဆုံး သိရှိရသူ ဖြစ်သည်။

ထို့ကြောင့် တပည့်ပေါင်းများစွာက သတင်းသိလိုလျှင် သူ့ထံလာရောက်စုံစမ်းကြသည်။ ထို့ကြောင့် ပေဖန်းသည်လည်း လူတွေ့လျှင် မည်သို့ရှောင်တိမ်းရမည်ကို သင်ယူပြီးသား ဖြစ်သွားရတော့၏။

"သွားရင်းပြောကြတာပေါ့"

ပြောရင်း ပေဖန်းက စတင်လမ်းလျှောက်ထွက်ခွာသွားသည်။

လမ်းတွင် သူက အဖြစ်အပျက်များကို ရှင်းပြ၏။

"ဆရာ ပျောက်နေတယ်ဗျာ... ပထမတောင်ထွတ်က ဆရာဦးလေးနဲ့ တတိယတောင်ထဃတ်ကဆရာဒေါ်လေးတို့ကို မေးကြည့်ပေမယ့် ဘာမှ တိတိပပ မပြောပြကြဘူး၊ ဒါပေမဲ့ ကျုပ် ဒီကိစ္စကိုစုံစမ်းဖို့လုပ်တာကိုလည်း သူတို့က မတားဆီးကြဘူး"

ခဏနားပြီးမှ ပေဖန်းက ဆက်ပြောသည်။

"ပဉ္စမတောင်ထွတ်နဲ့ အဋ္ဌမတောင်ထွတ်က တောင်သခင်တွေလည်း တောင်ပေါ်မှာ မရှိကြဘူး ၊ ကျုပ် နဝမတောင်ထွတ်ကိုတောင် သွားကြည့်သေးတယ် ၊ ဒါပေမဲ့ နဝမတောင်ထွတ်မှာ ဂိုဏ်းတူညီလေးကျန်းလန်ကိုလည်း မတွေ့ရဘူး ၊ နဝမတောင်ထွတ်က ဆရာဦးလေးလည်း ရှိမနေဘူး"

"သူတို့အားလုံး တစ်ခုခုဖြစ်နေတယ်လို့ ကျုပ်ထင်တယ်လေ ၊ ဘာတွေဖြစ်နေလဲဆိုတာ တောင်သခင်တွေပဲ သိကြမှာဆိုပေမယ့် ကျုပ်ကို ဘာမှ မပြောပြကြဘူး ၊ ကြည့်ရတာ တောင်သခင်တွေက အခြားအင်အားကြီးအုပ်စုတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေတာမျိုးလည်း ဖြစ်နိုင်တယ်"

"ဘာမှမသိပေမယ့် ကျုပ်တို့လို တပည့်တွေကလည်း ခွန်လွန်တောင်ရဲ့ စစ်သည်တော်တွေပဲ မဟုတ်လား ၊ တောင်သခင်တွေရဲ့ ကစားပွဲအနိုင်ရဖို့အတွက် ကျုပ်တို့ဘက်ကလည်း တတ်နိုင်သလောက်ပါဝင်ရမယ်လေ"

ပေဖန်း၏ စကားများ အဆုံးသတ်သွားသည်နှင့် လုကျန်းက တစ်ခဏမျှ စဉ်းစားလိုက်ရင်း…

"ဟုတ်တယ် ၊ ဆရာလည်း ဒီရက်တွေ ပျောက်နေတယ် ၊ သူ့သတင်းဘာမှတောင် မကြားဘူး ၊ ဂိုဏ်းတူညီလေး တစ်ခုခုများ ခန့်မှန်းမိတာ ရှိသလား"

လင်အန်းနှင့် ဟုန်လွမ်တို့ကတော့ အနည်းငယ် အံ့အားသင့်သွားကြသည်။ သူတို့က မည်သည့်ကိစ္စကိုမှ သတိမထားခဲ့မိကြပေ။

ဂိုဏ်းတူညီလေးပေဖန်းက အမှန်တကယ်ပင် ဒုတိယတောင်ထွတ်မှ တောင်သခင် အားအကိုးရဆုံးတပည့်တစ်ယောက် ပီသလှပေသည်။

သူတို့က မည်သည့်စကားမှ မပြောကြဘဲ ပေဖန်းပြောသည့် စကားများကိုသာ နားထောင်နေခဲ့သည်။

ပေဖန်းက…

"ဒီနှစ်တွေအတွင်း အခြေအနေအတွေကို သုံးသပ်ရရင် ဒီပြဿနာက တစ္ဆေတိုင်းပြည်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"

ခဏနားပြီးမှ သူက ဆက်ပြောသည်။

"နတ်မိစ္ဆာတွေက နဂါးမျိုးနွယ်တွေကို ရှုံးနိမ့်သွားကြတယ် ၊ ပြီးတော့ သူတို့က ငရဲတံခါးကို တိုက်ခိုက်ဖို့ ကြိုးစားတယ် ၊ လက်ရှိမှာ ငရဲတံခါးကလည်း မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်ခါနီး အချိန်နီးနေပြီလေ"

"ပုံမှန်ဆိုရင် နတ်မိစ္ဆာတွေက သံသယဝင်စရာကောင်းတယ် ၊ ဒါပေမဲ့ နဝမတောင်ထွတ်က တောင်သခင်လည်း ပျောက်နေပုံထောက်ရင် ဒီကိစ္စက နတ်မိစ္ဆာတွေနဲ့ မပတ်သက်လောက်ဘူး ၊ ပြီးတော့ တောင်ခြေကတောအုပ်ထဲမှာလည်း နတ်မိစ္ဆာတွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရဘူး ၊ ဒါပေမဲ့ တောင်ခြေတောအုပ်တွေထဲမှာ တစ္ဆေချီစွမ်းအားတွေ ထွက်ပေါ်နေတာတွေ့ရတယ် ၊ ဒါကြောင့် တစ္ဆေတိုင်းပြည်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ၊ ဒီကိစ္စက စိန်ခေါ်မှုတစ်ခုဆိုရင် သဲလွန်စတော့ ချထားပေးမှာပဲလေ ၊ ဒီတစ္ဆေချီစွမ်းအားတွေကိုပဲ သဲလွန်စအဖြစ် ယူဆရလိမ့်မယ်"

လင်အန်းက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…

"ကျုပ်တို့တွေ ပြဿနာရဲ့ရင်းမြစ်ကို ရှာဖွေရမယ် ၊ ဒါဆိုရင် တောင်သခင်တွေအတွက် ရန်သူတွေကို အနိုင်ယူပေးနိုင်မှာပဲ "

ဟုန်လွမ်က…

"ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ကြတာပေါ့"

လုကျန်းက ပြုံးလိုက်ရင်း…

"တိုက်ပွဲရှုံးလည်း ကျုပ်တို့ (၄)ယောက်ပဲ မျက်နှာမရဘဲ သောက်ရှက်ကွဲမှာပေါ့ကွာ ၊ ပြဿနာမရှိပါဘူး ၊ ဂိုဏ်းတူညီလေး ညီမလေးတွေမသိအောင်တော့ လျှို့ဝှက်ထားရမယ်"

ကျန်လူ (၃)ယောက်က ခေါင်းညိတ်လိုက်ကြသည်။

ဤသည်က ခန့်မှန်းမှုတစ်ခုပင်ဖြစ်လင့်ကစား သူတို့ မပေါ့ဆရဲကြပေ။

ပေဖန်းက…

"အရင်ဆုံး ပြဿနာရှိနိုင်တဲ့ နေရာတွေကို သွားကြည့်ရအောင် ၊ ဂိုဏ်းတူညီလေးတွေ ညီမလေးတွေ ပြောစကားအရဆိုရင် အချို့နေရာတွေက တော်တာ်ဆိုးတယ်တဲ့"

အခြားသူများကလည်း ကန့်ကွက်ခြင်းမပြုဘဲ ခပ်မြန်မြန်ပင် ထွက်ခွာလာခဲ့ကြလေသည်။

***

မိုးမချုပ်ခင် ကျန်းလန် ခွန်လွန်တောင်မှ ထွက်လာခဲ့သည်။

သူက ခွန်လွန်တောင်မှ ထွက်လာသည်နှင့် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည်။ သူ့ကို တစ်စုံတစ်ယောက်က မှတ်မိသိရှိသွားမည်ကို မဖြစ်ချင်မိပေ။

ဤသို့သောကိစ္စများကို စုံစမ်းသည့်အခါ အရေးကြီးဆုံးမှာ လျှို့ဝှက်ထားရန် ဖြစ်သည်။

ကျန်းလန် ခွန်လွန်တောင်ခြေရှိ တောအုပ်များထဲတွင် လှည့်လည်သွာလာနေခဲ့သည်။

အခြားသူများ ရိပ်မိမည်စိုးသောကြောင့် ဓားကိုစီးနှင်ပျံသန်းခြင်း မပြုခဲ့ပေ။ မဟုတ်ပါက ရန်သူ၏ ပစ်မှတ်ဖြစ်လာနိုင်သည် မဟုတ်ပါလား။

သူက ပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ဆိုးဆိုးရွားရွား အခြေအနေများကို မတွေ့ရှိရပေ။

ဟုတ်ပေ၏။

တစ်ဖက်လူ၏ ဗျူဟာကို အလွယ်တကူ အာရုံခံမိမည်ဆိုပါက ခွန်လွန်တောင်အနေဖြင့် လှုပ်ရှားမှုများကို ကြိုတင်လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ထို့ပြင် ရှောင်ယွိသည်ပင် အနက်ရောင်အခိုးအငွေ့များကို အာရုံမခံမိလေရာ ခွန်လွန်တောင်အပြင်ဘက်တွင်လည်း အာရုံခံနိုင်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

"ရေခဲပုဇဉ်းရင်ကွဲတောအုပ်ထဲ သွားကြည့်ရမယ်"

ကျန်းလန် ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားပြီး ရေခဲပုဇဉ်းရင်ကွဲတောအုပ်သို့ ရောက်ရှိလာသည်။

ရောက်ရောက်ချင်းပင် ကျန်းလန် မျက်မှောင်ကြုတ်လိုက်မိသည်။

ရေခဲပုဇဉ်းရင်ကွဲတောအုပ်၏ အထက်ပိုင်းတွင် အနည်းငယ်မူမမှန်သည်ကို သူ တွေ့မြင်ခဲ့ရပြီး စွမ်းအားရိုက်ခတ်မှုများ ပျက်စီးလျှက်ရှိသည်ကို တွေ့လိုက်ရသည်။

"ဒီနေရာမှာ တစ်ခုခု ဖြစ်နေတာပဲ"

သို့သော် ပြဿနာက ဘာဖြစ်သည်ကို ကျန်းလန် မသိရှိသေးခြင်း ဖြစ်သည်။

ထို့ပြင် ပြဿနာက ရေခဲပုဇဉ်းရင်ကွဲတောအုပ်ထဲတွင် ဖြစ်နေသည်ဆိုလျှင်လည်း ကျောက်စိမ်းရေကန်ကို ထိခိုက်နိုင်မည် မဟုတ်ပေ။

ကျောက်စိမ်းရေကန်တွင် ဖြစ်ပေါ်နေသည့် အနက်ရောင်အခိုးအငွေ့များ၏ အရင်းအမြစ်က အခြားတစ်နေရာတွင် ရှိရပေမည်။

"အခြားနေရာတွေကနေ ဘယ်လိုများဆက်သွယ်သွားလဲဆိုတာ ကြည့်ရမယ်"

ကျန်းလန် တွေးလိုက်သည်။

ထို့နောက် ကျန်းလန် ခြေလှမ်းတစ်လှမ်းလှမ်းလိုက်ပြီး တည်းဖြင့် ရေခဲပုဇဉ်းရင်ကွဲတောအုပ်အတွင်းသို့ ရောက်ရှိလာသည်။

ရေခဲပုဇဉ်းရင်ကွဲတောအုပ်က ကျယ်ဝန်းလွန်းသဖြင့် ပြဿနာက မည်သည့်ဘက်ခြမ်းတွင် ဖြစ်နေသည်ကို ကျန်းလန် မခန့်မှန်းနိုင်ပေ။

သူက အစီအရင်ပညာနှင့် မန္တန်ပညာများ သင်ယူထားသည့်တိုင် လောလောဆယ်တွင် အသုံးမဝင်လှပေ။

လွန်ခဲ့သည့် (၂) ရက်အတွင်း သူက တစ္ဆေတိုင်းပြည်အကြောင်းများကို လေ့လာနေခဲ့သည်။ထိုအရာများက တစ်ခုခု အထောက်အကူဖြစ်မည်ဟု သူ မျှော်လင့်သည်။

တစ္ဆေတိုင်းပြည်ကတော့ အားနည်းသည့်တိုင်းပြည်တစ်ခု မဟုတ်ပေ။

သူတို့က အနောက်ဘက် စွန့်ပစ်နယ်မြေတွင် ကျော်ကြားသည့် အင်အားစုတစ်ခုဖြစ်ပြီး သူတို့၏ ဂုဏ်သတင်းက ပျက်သုဉ်းတစ်စပြင် လောကတစ်ခုလုံးသို့ပင် ပျံ့နှံ့သည်။

ဤနေရာက ခွန်လွန်တောင်နှင့်သာ အလွန်နီးကပ်နေခြင်း မရှိလျှင် သူက ဤကိစ္စကို စုံစမ်းမည်လည်း မဟုတ်သလို သူတို့ကိုလည်း သတ်ဖြတ်ပစ်မည် မဟုတ်ပေ။

တစ်ဖက်လူ၏ အင်အားက သူ့ထက်သာလွန်နေမည်ဆိုပါက သူသာ သေသေချာချာ ဂရုမစိုက်လျှင် တောင်ပေါ်ပြန်ရန်ပင် အခက်တွေ့ပေလိမ့်မည်။

မနိုင်လျှင်တော့ နောက်ပြန်ဆုတ်ရန် သူ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

All Chapters