သူတို့ရင်းနှီးငွေရဲ့ဆယ်ပုံတစ်ပုံက မင်းရဲ့အပိုင်ပါ
Vol. 10 Ch. 137
"သူတို့နဲ့တန်တယ်"
ကျန်းမုန့်လောင်သည် ဤနိုင်ငံသားများအတွက် သနားခြင်းအလျဉ်းမရှိ။ တကယ်တမ်းတွင် သူ့အနေနှင့် စက်ဆုပ်ဖွယ်ကောင်းသော ဤနိုင်ငံကို အရိုးထဲအထိတိုင် မုန်းတီးလေသည်။ ထိုသို့ဖြစ်သည့်တိုင် ချင်းချိုးနိုင်ငံရှိ လူအားလုံးကို မျက်မုန်းကျိုးသည်ဟုတော့ မဆိုလိုချေ။ ဥပမာဆိုရလျှင် သူသဘောကျရသည့် ချင်းချိုးနိုင်ငံမှ အမျိုးသမီးအနုပညာရှင်အချို့တော့ ရှိသေးသည်။
ဥပမာဆိုရလျှင် လီဂျီအွန်းနှင့် လာလီဆာတို့ပင်။ ကျန်းမုန့်လောင်အနေနှင့် ချင်းချိုးနိုင်ငံရှိ ဤအမျိုးသမီးစတားနှစ်ယောက်၏ပရိသတ်ဖြစ်လာခဲ့သည်မှာ သူ ကျောင်းတက်နေစဉ်အချိန်ကတည်းကပင်။ သူတို့က ဟွာရှားနိုင်ငံအထိတိုင် အလွန်ကျော်ကြားလေသည်။ သူတို့က ယောကျ်ားရော မိန်းမကိုပါ ခုခံနိုင်စွမ်းမရှိအောင် ပြုစားနိုင်သည်ဟုဆိုပါက အပိုပြောခြင်းမဟုတ်နိုင်ပေ။
"မစ္စတာကျန်း.. ရှင် ဘာတွေပြုံးနေတာလဲ"
ဟုန်းရီက ကျန်းမုန့်လောင်၏မျက်နှာထက်ရှိ ညစ်ကျယ်ကျယ်အပြုံးကို ရုတ်ခြည်းသတ်ပြုမိလိုက်ပြီး သူ မတော်တရော်အတွေးတစ်ခုခု တွေးနေသည်ဟု ခံစားမိလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ကိုးရိုးကားရားရယ်လိုက်၏။
"မစ္စတာကျန်း.. ဒါက ကျွန်းနိုင်ငံမဟုတ်ပါဘူးနော်။ ဒီနေရာမှာ ရှင်သွားလည်လို့ရတဲ့ ပြည့်တန်ဆာအိမ်တွေ မရှိဘူး။ ပြီးတော့ ဆရာမိုမိုတာမီကလည်း ကျားသားရဲတွင်းပြည့်တန်ဆာအိမ်မှာ မရှိတော့ဘူး။ အဲ့ဒါကြောင့် ရှင် အဲ့ဒီကိုသွားရင်တောင် သူနဲ့တွေ့ရမှာမဟုတ်ဘူး"
"သောက်ကျိုးနည်း.. မင်းက ဒါတွေအကုန်လုံးကို ဘယ်လိုလုပ်သိနေရတာလဲ"
"အာ မဟုတ်သေးပါဘူး..မင်း ဘာတွေပြောနေတာလဲ"
ကျန်းမုန့်လောင်က သူ့လေသံကို ခပ်မြန်မြန်ပြောင်းလိုက်ရသည်။
ဤသည်မှာ ကျောင်းတုန်းက သူ့အခန်းဖော်များနှင့် ပြောဆိုခဲ့ဖူးသော အကြောင်းအရာများပင်။ ထိုအကြောင်းကို ဟုန်းရီက ဘယ်လိုလုပ်သိနေလေသလဲ။ ယဲ့ရင်၏လက်ချက်များ ဖြစ်နေနိုင်မလား။
"အဲ့ဒီကောင်က ကိုယ်ရေးကိုယ်တာအငြိုးတွေထားနေတဲ့ပုံပဲ"
ကျန်းမုန့်လောင်က ဒေါသတကြီး အံတင်းတင်းကြိတ်လိုက်သည်။ ထိုနေ့တုန်းက သူ ယဲ့ရင်ကို ထိုပစ္စည်းများခိုးခိုင်းခဲ့သည့်အတွက် ယဲ့ရင်ကလည်း သူ့အပေါ် အငြိုးထားနေခဲ့ခြင်း ဖြစ်ရပေမည်။ ထိုသို့ပင် ဖြစ်ရမည်။
"ဟုန်းရီ.. မင်း ပြောင်းလဲသွားပြီပဲ"
ကျန်းမုန့်လောင်က ညည်းညူလိုက်၏။
"အရင်တုန်းက မင်း ဒီလိုမဟုတ်ပါဘူး။ ငါတို့ ရိုးရိုးသားသားတွေးတောကြတာပေါ့။ ဟုတ်ပြီလား။ ငါ ကျိန်ရဲတယ်။ ငါ အဲ့လိုအကြောင်းအရာတွေကို စဉ်းစားနေတာမဟုတ်ဘူး"
"မစ္စတာကျန်းအတွက် ကျွန်တော်သက်သေခံပေးနိုင်ပါတယ်။ သူ တကယ်ပဲ အဲ့ဒီအကြောင်းတွေကို စဉ်းစားနေတာမဟုတ်ပါဘူး"
ယဲ့ရင်က သူ့အနောက်မှ ရုတ်ခြည်းထွက်ပေါ်လာသည်။
ယခုလိုအပူချိန်သုညဒီဂရီအောက်ရောက်နေသည့် ပတ်ဝန်းကျင်မျိုးမှာပင် ယဲ့ရင်က ဟွာရှားရှိ ဆောင်းဦးရာသီအလား ဝတ်စားဆင်ယင်ထားဆဲပင်။
"မင်းကတော့ တကယ့်ကောင်ပဲ။ မင်း အသေအေးခဲမနေဘူးလား။ အသက်ကြီးလာရင် ဒူလာရောဂါနဲ့ အဆစ်ရောင်နာတွေ ဖြစ်တတ်တယ်နော်။ တစ်ခုခုဖြစ်ရင် ဒါကို လုပ်ငန်းပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုလို့ ထည့်တွက်ပေးမှာမဟုတ်ဘူးနော်"
ယဲ့ရင် ပထမဆုံးအကြိမ်ထွက်ပေါ်လာပြီးကတည်းက ကျန်းမုန့်လောင်သည် သူ့အား မကြာခဏစကားပြောရန်အတွက် ခေါ်ယူတတ်လေ့ရှိသည်။ သို့သော် ယဲ့ရင်က စကားနည်းသူဖြစ်လေရာ ကျန်းမုန့်လောင်တစ်ယောက်တည်းက အားရပါးရစကားပြောနေချိန်ဝယ် ယဲ့ရင်ကတော့ သူ၏ပေါက်ကရစကားများကို သစ်သားရုပ်တုကြီးတစ်ခုအလား မတ်တတ်ရပ်၍ နားထောင်နေပေသည်။
သို့သော် သူတို့နှစ်ယောက်သားသည် တဖြည်းဖြည်းရင်းနှီးလာကြပြီးနောက် ကျန်းမုန့်လောင်ကလည်း သခင်လေးတစ်ယောက်လို ဟိတ်ဟန်ထုတ်မနေတော့ပေ။
"ဒါပေမဲ့ မစ္စတာကျန်းက လီဂျီအွန်းနဲ့လာလီဆာလို့ခေါ်တဲ့ အမျိုးသမီးအနုပညာရှင်တွေအကြောင်းကိုတော့ စဉ်းစားနေပါတယ်"
"သောက်ကျိုးနည်း.. မင်းက အဲ့ဒါကိုဘယ်လိုလုပ်သိတာလဲ"
ကျန်းမုန့်လောင် အလိုအလျောက်ထုတ်မေးလိုက်မိသည်။
"ယဲ့ရင်.. မင်းမှာ စိတ်ဖတ်နိုင်တဲ့စွမ်းအင်တွေဘာတွေများရှိနေတာလား"
"မစ္စတာကျန်း..ဒါက လှည့်ကွက်သေးသေးလေးပါ"
ယဲ့ရင်၏ပုံရိပ်ကား နောက်တစ်ဖန်မှေးမှိန်ပျောက်ကွယ်သွားရပြန်သည်။
"ခဏနေဦး။ ဒီကိုပြန်လာခဲ့။ မင်းကို ဘယ်သူကထုတ်ပြောခိုင်းလို့လဲ။ မင်းဘာသာသိထားရင် တော်ပြီလေ။ ငါ့မှာရော အရှက်တရားမရှိရတော့ဘူးလား"
ကျန်းမုန့်လောင်က ဆဲလိုက်လေသည်။
"မစ္စတာကျန်း.. မိန်းကလေးလုသာ ဒီအကြောင်းကိုသိရင် မကောင်းလောက်ဘူးနော်။ ဟုတ်တယ်မလား"
ဟုန်းရီက ရယ်တမောမောဖြင့် ပြောလာလေသည်။
"မင်းက ငါ့ကိုခြိမ်းခြောက်ရဲတယ်ပေါ့လေ။ ယုံချင်ယုံ မယုံချင်နေ။ ငါ မင်းကို အာဖရိကက မိုင်းတွင်းကို ပို့ပစ်မှာ"
"ဟားဟားဟား.. ရှင်လုပ်မှာမဟုတ်ပါဘူး"
"သွားရအောင်။ ငါ သေမလိုအေးနေပြီ။ နွေးသွားအောင် ဟိုတယ်ထဲကို အရင်ဝင်ကြမယ်"
ကျန်းမုန့်လောင်ခမျာ အေးလွန်း၍ တောင့်ခဲနေချေပြီ။
ကျန်းမုန့်လောင်ကို လာကြိုသည့်ကားကလည်း Rolls-Royceပင်။ မည်မည်ရရအကြောင်းအရင်းဟူ၍တော့မရှိ။ ထိုကားက သက်သောင့်သက်သာရှိသောကြောင့်ပင်။ တာဝန်ရှိသူမှာ ကျန်းမိသားစု၏စီးပွားရေးလုပ်ငန်းများကို စီမံပေးနေသော မောင့်ရှန်းဟွေ့ဟုခေါ်သည့် အမျိုးသားတစ်ယောက်ဖြစ်၏။ သူ့တစ်မိသားစုလုံးကလည်း ကျန်းမုန့်လောင်အတွက် စွမ်းအင်ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲပေးနေလေသည်။
တရားဝင်ဆိုလျှင်တော့ ဤစွမ်းအင်ကုမ္ပဏီကို ချင်းချိုးလူမျိုးက ပိုင်ဆိုင်သည်ဆိုသော်ငြား ထိုချင်းချိုးနိုင်ငံသားများသည် မောင့်မိသားစု၏ရုပ်သေးရုပ်များသာ ဖြစ်၏။
"ဦးလေးမောင့်..ရှင်ကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ ကျွန်မထင်မထားဘူး"
ကြည့်ရသည်မှာ ဟုန်းရီက မောင့်ရှုန်းဟွေ့နှင့် အလွန်ရင်းနှီးပုံရသည်။
"ဟားဟားဟား ဒါပေါ့..မစ္စတာကျန်းရောက်လာမှတော့ ဦးလေးက မင်းတို့ကိုကြိုဖို့ တခြားလူကို ဘယ်လိုလုပ်ပြီးလွှတ်လိုက်နိုင်မှာလဲ"
မောင့်ရှုန်းဟွေ့က အလွန်ဖော်ရွေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။
"မစ္စတာကျန်း.. မင်းကို နောက်ဆုံးတစ်ခေါက်တွေ့တုန်းက မင်းက ကလေးလေးပဲရှိသေးတာ။ အခုတော့ မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်ဆယ်တောင်ကျော်သွားပါရောလား"
"ကြည့်ရတာတော့ ဦးလေးမောင့်က ကျွန်တော်ကြီးပြင်းလာတာကို စောင့်ကြည်နေခဲ့ရတာထင်တယ်"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။
"ကျုပ်မှာ အဲ့လိုအထူးအခွင့်အရေးမျိုးမရှိပါဘူး"
မောင့်ရှုန်းဟွေ့က ပြန်ဖြေလေသည်။
"ကျုပ်က ဒီနေရာမှာပဲ ကျန်းမိသားစုရဲ့ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲရင်း အချိန်ကုန်နေခဲ့ရတာပါ။ ကျုပ် မင်းကို တစ်ခါနှစ်ခါလောက်ပဲ မြင်ဖူးတာပါ"
"ဒီနှစ်တွေတစ်လျှောက်လုံး ဦးလေးမောင့် ခက်ခဲခဲ့မှာပဲ"
မောင့်ရှုန်းဟွေ့က ချင်းချိုးနိုင်ငံရှိ သူတို့မိသားစုပိုင်လုပ်ငန်းများကို စီမံခန့်ခွဲနေရသော တာဝန်ရှိသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ကျန်းမုန့်လောင်လည်း အသိအမှတ်ပြုလိုက်ချေသည်။
"လုံးဝမခက်ခဲပါဘူး။ ဘာများခက်ခဲစရာရှိလို့လဲ"
မောင့်ရှုန်းဟွေ့က ဆို၏။
"ဒီနေရာက ဟွာရှားနဲ့တော့ ယှဉ်လို့မရဘူးဆိုပေမဲ့ ဒီနေရာမှာ အလှပဂေးလေးတွေက ပေါတယ်လေ။ သဘာဝအလှ ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့။ ချင်းချိုးနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ အမှိုက်ကောင်တစ်ကောင်ပါပဲ။ ကျုပ်က ဒီနေရာမှာ ဒေသခံထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို နေထိုင်နေတာလေ"
ရုတ်ခြည်းဆိုသလိုပင် မောင့်ရှုန်းဟွေ့၏မျက်နှာထက်၌ ဖော်ပြ၍မစွမ်းသာသော အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလာသည်။ ထို့နောက် သူက ကျန်းမုန့်လောင်၏နားနားသို့ တိုးကပ်လာသည်။
"မစ္စတာကျန်း.. ဒီည မင်းအတွက် ကျုပ် အမျိုးသမီးအနုပညာရှင်တွေ ရှာပေးရမလား။ ထိပ်တန်းအဆင့်ဆိုရင်တောင် ပြဿနာမရှိပါဘူး။ သူတို့တွေတော်တော်များများက အထူးသဖြင့် သန့်ရှင်းတယ်ဆိုတာကို ကျုပ်ကောင်းကောင်းသိထားတယ်လေ။ ကျုပ်ကို ပြောသာပြောလိုက်ပါ။ မင်းနေတဲ့နေရာကို ဒီည သူတို့ကိုခေါ်လာပေးနိုင်ပါတယ်"
"အိုး"
ကျန်းမုန့်လောင်၏အပြုံးကား ချက်ချင်းတောက်ပသွားသည်။
"ဒီမှာရှိတဲ့အဖွဲ့တချို့ကို ကျွန်တော် တော်တော်လေးသဘောကျတယ်။ A-Pinkတို့ T-araတို့ BlackPinkတို့ပေါ့။ ပြီးတော့ အမျိုးသမီးတစ်ကိုယ်တော်အနုပညာရှင်တွေကိုလည်း သဘောကျသေးတယ် ဟီးဟီးဟီး..."
"ကောင်းပါပြီ။ မင်း သူတို့ကိုလိုချင်တယ်ဆိုရင် ကျုပ် ဒီည သူတို့ကို မင်းဆီခေါ်ခဲ့ပါ့မယ်"
"သောက်ကျိုးနည်းပဲ။ အဲ့ဒီလောက်တောင်စိတ်လှုပ်ရှားဖို့ကောင်းတာလား"
ကျန်းမုန့်လောင်က သာမန်ကာလျှံကာပြောလိုက်မိခြင်းပင်။ မောင့်ရှုန်းဟွေ့က အတည်ပေါက်ပြောလာလိမ့်မည်ဟု သူ ထင်မထားပေ။
"ကျွန်တော်က ဒီအတိုင်းစနောက်နေတာပါ။ ကျွန်တော့်မှာ ရည်းစားရှိတယ်"
"ဒီတော့ဘာဖြစ်လဲ။ မစ္စတာကျန်း..မင်းလိုယောကျ်ားတစ်ယောက်ကလေ ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက်ပဲရှိနိုင်မှာလဲ။ မင်းအဖေကတော့ ခြွင်းချက်ပေါ့။ သူကတော့ မင်းအမေတစ်ယောက်တည်းကိုပဲ လက်ထပ်ခဲ့တာ။ ဒါပေမဲ့ မင်းအဘိုးကတော့ ချစ်သူ၂၈ယောက်ရှိပြီး မင်းအဘိုးရဲ့အဖေဆိုရင် မင်းသမီးတွေရော ဘုရင်မတွေရောအပါအဝင် စုစုပေါင်း မိန်းမ၁၀၈ယောက်တောင်ရှိခဲ့တာ"
"ဒါပေမဲ့ ကျွန်တော်တို့မိသားစုမှာ မျိုးဆက်တစ်ခုကို အမွေဆက်ခံသူတစ်ယောက်တည်းပဲရှိတာမလား"
ယခုတော့ ကျန်းမုန့်လောင် ပဟေဋ္ဌိဖြစ်ရလေပြီ။
"ဟားဟားဟား.. ကျန်းမိသားစုရဲ့မျိုးရိုးဗီဇကို လွယ်လွယ်နဲ့ပေးပစ်လိုက်လို့မရဘူးလေ။ တရားဝင်ဇနီးကလွဲရင် မင်းတို့မိသားစုထဲက အကြီးအကဲတွေကိုခစားဖို့အတွက် တခြားဘယ်သူကများ အရည်အချင်းရှိမှာတဲ့လဲ။ မျိုးဆက်လွယ်ဖို့ဆိုရင် ပိုတောင်ဝေးသေး"
"ဒါကြီးက ဧကရာဇ်တစ်ပါးနဲ့တောင်တူနေပြီ"
"ဧကရာဇ်ဖြစ်ရတာ ဘာတွေများကောင်းနေလို့လဲ။ မနက်ခင်းညီလာခံတက်ရတယ်။ နိုင်ငံ့အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတယ်လေ"
မောင့်ရှုန်းဟွေ့က ပြောလိုက်၏။
"ခုနက ကျုပ်တို့ဆွေးနွေးနေတဲ့ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ"
"အဲ့ဒါက လွယ်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား"
ကျန်းမုန့်လောင်၏အမူအရာမှာ ခက်ခဲလေဟန်အမူအရာတို့ ပြသလာသည်။
"ဘာတွေများခက်ခဲနေလို့လဲ"
မောင့်ရှုန်းဟွေ့က နီယွန်မီးရောင်များလင်းထိန်နေသော မြို့ကြီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။
"မစ္စတာကျန်း..ဒီနေရာက ဘယ်နေရာလဲဆိုတာသိလား"
"ချင်းချိုးနိုင်ငံရဲ့မြို့တော် ချိုးယွမ်"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်၏။
"ချိုးယွမ်ရဲ့ဧရိယာက စတုရန်းကီလိုမီတာ၆၀၀ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာမှ စတုရန်းကီလိုမီတာ၆၀လောက်က မင်းအပိုင်ပါပဲ"
"ဘာရယ်"
ကျန်းမုန့်လောင်ခမျာ လုံးဝမှင်တက်သွားရချေသည်။ သူက တိုင်းပြည်၏စီးပွားရေးအခြေအနေနှင့်ပတ်သက်၍ လုပ်စရာတစ်ခုရှိသောကြောင့် ဤနေရာသို့ရောက်လာခြင်းဖြစ်၏။ သို့သော် ရုတ်တရက်ကြီး စည်းစိမ်အကြောင်း သိလိုက်ရလေသည်။
"ဟုတ်သားပဲ"
ဟုန်းရီပြောထားဖူးသော ကိစ္စတစ်ခုကို ကျန်းမုန့်လောင် ရုတ်ခြည်းသတိရလိုက်သည်။ သူ့မိသားစု၏ဘိုးဘေးများက ဟိုးယခင်ကတည်းက မြေယာနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများကို ကမ္ဘာအနှံ့ရှိ တိုင်းပြည်တော်တော်များများတွင် စတင်လုပ်ကိုင်ခဲ့ပြီး အမြောက်အများပိုင်ဆိုင်ထားသတဲ့လေ။
"ဒီနိုင်ငံကို စတင်မတည်ထောင်ခင်ကတည်းက မင်းရဲ့ဘိုးဘေးတွေထဲက တစ်ယောက်က ချိုးယွမ်ရဲ့အလယ်ပိုင်းနယ်မြေကို ဝယ်ယူထားခဲ့ပြီးပါပြီ။ အဲ့ဒီထဲမှာ အစိုးရအဆောက်အအုံတွေရယ် အကြီးဆုံးဘဏ်တော်တော်များများရယ် အကြီးမားဆုံးသောကော်ပိုရေးရှင်းတွေရယ် ကျောင်းတွေနဲ့ ဆေးရုံတွေကို မင်းရဲ့မြေတွေပေါ်မှာပဲ ဆောက်ထားကြတာပါ"
"သောက်ကျိုးနည်း..ကြမ်းလိုက်တာ"
ကျန်းမုန့်လောင်ခမျာ ထိုသို့မရေရွတ်ဘဲ မနေနိုင်ချေ။ ဤဇာတ်လမ်းအလှည့်အပြောင်းကြီးကြောင့် "ကြယ်စင်တန်းက ကိုယ့်ချစ်သူ"ဇာတ်ကားကိုပင် သူ သတိရလိုက်မိသည်။ ထိုဇာတ်လမ်းထဲတွင် ဂြိုလ်သားပါမောက္ခကလည်း ဤနိုင်ငံကို ဟိုးယခင်ကတည်းက ဝယ်ယူထားခဲ့ခြင်းပင်။
"ဒါဆို ဒီမြေကိုပြန်လိုချင်တယ်ဆိုရင် သူတို့ဘက်ကရော ပြန်ပေးချင်မယ်လို့ထင်လား"
"သူတို့ရူးနေမှ သဘောတူမှာပဲ"
ဤမြေကွက်ပေါ်ရှိ အဆောက်အအုံများအတွက် ပိုက်ဆံဘယ်လောက်သုံးထားသလဲဆိုသည်ကို သူမသိပေ။
"ဒါပေမဲ့ မင်း တကယ်ပြန်လိုချင်တယ်ဆိုရင်တော့ သူတို့ဘက်က မလိုလားလည်း လက်ခံရမှာပါပဲ"
မောင့်ရှုန်းဟွေ့က ထိုသို့ကြေညာလိုက်သည်။
"အဲ့ဒါကြောင့် မင်း သူတို့ကို ဘာပဲတောင်းဆိုတောင်းဆို သူတို့အသက်နဲ့စည်းစိမ်ကို မတောင်းဆိုသရွေ့တော့ သူတို့ ငြင်းလို့မရပါဘူး။ ဒီနိုင်ငံက စင်မြင်ပေါ်မှာတောက်ပနေတဲ့ အဲ့ဒီအမျိုးသမီးစတားတွေကလည်း အာဏာရှိတဲ့လူတွေလက်ထဲက ရုပ်သေးရုပ်သာသာပါပဲ"
"စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ"
ယောကျ်ားတစ်ယောက်အနေနှင့် ဤအခိုက်အတန့်လေးဟာ သူ့ကို အနည်းငယ်ဆွဲဆောင်နိုင်ကြောင်း ကျန်းမုန့်လောင် ဝန်ခံမိသည်။
*********