← Chapters

မစ္စတာကျန်း အိပ်ရာထဖို့အချိန်ရောက်ပါပြီ

Vol. 10 Ch. 145

မစ္စတာကျန်း အိပ်ရာထဖို့အချိန်ရောက်ပါပြီ

Vol. 10 Ch. 145

"မဖြစ်နိုင်တာ။ ဟုတ်တယ်မလား အွန်းချယ် လာနောက်မနေနဲ့တော့"

လီဂျီအွန်းလည်း တဒင်္ဂမျှကြက်သေသေသွားပြီးမှ မူလပျော်ပျော်ရွှင်ရွှင်ပုံစံသို့ ပြန်ရောက်သွားသည်။

"ကုမ္ပဏီက ကျွန်မကို အရမ်းဂရုစိုက်ပေးတာ။ ကျွန်မကို ဒီလိုအလုပ်မျိုးလုပ်ပေးဖို့ ဘယ်လိုလုပ်ခိုင်းရက်မှာတဲ့လဲ။ အွန်းချယ်.. ဒါက နောက်စရာလုံးဝမဟုတ်ဘူးနော်"

"ဂျီအွန်း.. ဒီတစ်ခေါက် ငါနောက်နေတာမဟုတ်ဘူး။ သူဌေးကိုယ်တိုင်တောင် ဘာမှမတတ်နိုင်ဘူး။ ဒါက နိုင်ငံတော်ရဲ့အမိန့်ပဲ။ ဒီအမိန့်ကို သူဌေးတောင်မှ ငြင်းဆန်နိုင်တဲ့အင်အားရော သတ္တိရော မရှိဘူး"

အွန်းချယ်က အံတင်းတင်းကြိတ်လျက် ပြောလာလေသည်။ ယခုလိုအဖြစ်အပျက်မျိုး လီဂျီအွန်းတွင် ဖြစ်လာလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။

အွန်းချယ်၏ လေးနက်နေသောအမူအရာကို မြင်သောအခါ လီဂျီအွန်း၏ပါးပြင်ထက်ဝယ် မျက်ရည်များက ထိန်းမနိုင်သိမ်းမရစီးကျလာလေတော့သည်။

"သူတို့က ကျွန်မ ဘယ်သူ့ကိုအဖော်ပြုပေးစေချင်တာတဲ့လဲ။ ဟွာရှားက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်လား"

"ဟွာရှားက လူငယ်လေးတစ်ယောက်ပဲ။ နာမည်က ကျန်းမုန့်လောင်တဲ့။ မင်း ကြားဖူးလောက်မှာပါ"

"ကျန်းမုန့်လောင်လား။ အဲ့ဒီကျန်းမုန့်လောင်လား။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့အတူ နိုင်ငံတကာသတင်းထဲမှာ ပါလာခဲ့တဲ့လူလား"

"ဟုတ်တယ်။ သူပဲ"

အွန်းချယ်က ဆို၏။

"ဂျီအွန်း… အခုလက်ရှိ ငါတို့ချင်းချိုးနိုင်ငံမှာဖြစ်နေတဲ့ ဘဏ်ပြဿနာတွေကို သိတယ်မလား"

လီဂျီအွန်းက မျက်ရည်များကိုသုတ်လျက် ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါတွေအကုန် ဒီလူငယ်လေးရဲ့လက်ချက်ပဲ။ သူ့ရည်ရွယ်ချက်က သူ့ကိုသံသယဖြစ်တဲ့လူတွေကို လက်စားချေဖို့ပဲ။ ဟွာရှားမှာ ဆိုရိုးစကားတစ်ခုရှိတယ်။ "ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်တယ်"တဲ့။ ကံဆိုးချင်တော့ ချင်းချိုးနိုင်ငံက သူရွေးချယ်လိုက်တဲ့ ကြက်ကလေးဖြစ်သွားတာပဲ။ အခုဆိုရင် သူကြိုက်တဲ့အချိန်မှာ ချင်းချိုးနိုင်ငံထဲက ဘဏ်တွေအားလုံးကို ငွေခန်းသွားအောင်လုပ်ပြီး နိုင်ငံတော်စီးပွားရေးကို ပြိုလဲသွားအောင်လုပ်နိုင်စွမ်းရှိတယ်"

"သူတို့က ကျွန်မကို သူစိတ်ကျေနပ်အောင် လုပ်ပေးစေချင်တာပေါ့။ သူတို့ ကျွန်မကို အထင်ကြီးလွန်းနေပြီ"

"မင်းကိုရွေးချယ်တာက အထက်ကရွေးချယ်တာမဟုတ်ဘူး"

အွန်းချယ်က‌ ပြောလိုက်သည်။

"အစတုန်းက ဘဏ္ဍာရေးဝန်ကြီးဌာနက အဲ့ဒီကိစ္စကိုဆွေးနွေးဖို့အတွက် ဒီနေ့ပဲ ကျန်းမုန့်လောင်ကို ဖိတ်လိုက်တာ။ ငါတို့အချိန်ဆွဲလေလေ ငါတို့နိုင်ငံက အကျပ်အတည်းနဲ့ပိုကြုံရလေလေပဲ။ သူကတော့ အလျင်လိုမနေဘူးဆိုပေမဲ့ ငါတို့ကတော့ အလျင်လိုတယ်။ အခု ကျန်းမုန့်လောင်က အိပ်နေတုန်းပဲရှိသေးတယ်။ မင်း သူ့ကိုလာနှိုးမှ သူအိပ်ရာထမှာလို့ သူကပြောလိုက်တယ်လေ"

"ဒါက လုံးဝအဓိပ္ပာယ်မရှိတာကြီး။ ကျွန်မတို့နိုင်ငံရဲ့ကံကြမ္မာက ကျွန်မအပေါ်မှာပဲ မူတည်နေတာပေါ့"

လီဂျီအွန်းခမျာ မခံမရပ်နိုင်ဖြစ်သွားရပြီး သူစိမ်းတစ်ယောက်ကို စိတ်ကျေနပ်စေဖို့အတွက် အသုံးတော်ခံတစ်ယောက်အဖြစ် အသုံးချခံရခြင်းကို လက်မခံနို်ငဖြစ်နေပေသည်။

"အွန်းချယ် ကျွန်မမလုပ်နိုင်ဘူး။ ကျွန်မ ကုမ္ပဏီနဲ့စာချုပ်ဖျက်သိမ်းမယ်။ လျော်ကြေးတွေလည်းအကုန်ပေးမယ်။ အဲ့လိုလုပ်လို့ရလား"

လီဂျီအွန်းခမျာ သူ(မ)၏နောက်ဆုံးမျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားမိသည်။

"အွန်းချယ်..အစ်မ ကျွန်မကိုကူညီပေးရမယ်နော်"

"ငါ..ငါ မကူညီပေးနိုင်ဘူး.."

အွန်းချယ်ခမျာ လီဂျီအွန်း၏မျက်လုံးများကိုပင် တည့်တည့်စိုက်မကြည့်ရဲတော့ချေ။

"သူသာ ဒီကိစ္စကိုမလုပ်နိုင်ခဲ့ဘူးဆိုရင် မနက်ဖြန်ကျရင် သူ ထောင်ထဲရောက်ရတော့မှာလို့ သူဌေးကပြောတယ်။ မင်း ကုမ္ပဏီနဲ့စာချုပ်ဖျက်သိမ်းမယ်ဆိုရင်တောင် သူကတော့ မင်းမိသားစုဖြစ်တဲ့ မင်းမိဘတွေနဲ့အစ်ကိုနေတဲ့နေရာကိုသိတယ်တဲ့။ သူသာ တစ်ခုခုဖြစ်ရင် မင်းရဲ့မိသားစုတွေကိုလည်း အလွတ်ပေးမှာမဟုတ်ဘူးလို့ပြောတယ်"

"သူဌေးက တကယ်ကြီး အဲ့လိုပြောတာလား"

လီဂျီအွန်း၏နှလုံးသားမှာ တဒင်္ဂမျှကွဲကြေသွားရလေသည်။

ချင်းချိုးနိုင်ငံထဲရှိ ဖျော်ဖြေရေးကုမ္ပဏီများ၏နောက်ကွယ်ရှိ ရေအတိမ်ဟာ အလွန်နက်နဲလှသည်။ သူတို့လက်အောက်တွင် လူမှုအဖွဲ့အစည်းပေါင်းမြောက်များစွာလည်းရှိ၏။ သူတို့၏သူဌေးများက ထိုကဲ့သို့သောလုပ်ရပ်မျိုးကို စင်စစ်လုပ်နိုင်စွမ်းရှိသည်။

"ဂျီအွန်း.. ဒီအမိန့်ကို ဘဏ္ဍာရေးဝန်ကြီဌာနက ကိုယ်စားလှယ်စုကိုယ်တိုင်ထုတ်ပြန်လိုက်တာလို့ သူဌေးကပြောတယ်။ သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ မင်း သွားမှဖြစ်မယ်။ သူ့အခန်းထဲကို ဆယ်နာရီထိုးလို့မှ မင်းမရောက်နေဘူးဆိုရင် မင်းရဲ့အစ်ကို.."

"ကျွန်မ သွားပါ့မယ်"

လီဂျီအွန်းသည် သူ(မ)၏နှုတ်ခမ်းကို ခပ်နာနာကိုက်ထားလိုက်သဖြင့် သူ(မ)၏နှုတ်ခမ်းလှလှလေးမှာ သွေးစီးဆင်းမှုလွန်ကဲခြင်းကြောင့် နီမြန်းလာလေ‌ရာ သူ(မ)၏စိတ်သောကရောက်နေဟန်အမူအရာနှင့် ပေါင်းစပ်လိုက်ချိန်ဝယ် ထိုကဲ့သို့သောမြင်ကွင်းမျိုးကို ဘယ်ပုရိသယောကျ်ားသားကမှ ခံနိုင်ရည်ရှိမည်မဟုတ်လောက်ပေ။

သူ(မ) ဘယ်လောက်ပဲခုခံခုံ အချည်းနှီးပင်ဖြစ်လိမ့်မည်ဖြစ်ကြောင်း လီဂျီအွန်း နားလည်လိုက်သည်။ ဤသည်မှာ နိုင်ငံတော်အာဏာပိုင်များ၏ အလိုဆန္ဒဖြစ်သည်။ သူ(မ)အနေနှင့် မည်မျှပင်ကျော်ကြားကျော်ကြား၊ မည်မျှပင်လူကြိုက်များနေသည်ဖြစ်ပါစေ သူ(မ)သည် ဖျော်ဖြေရေးသမားတစ်‌ယောက်သာဖြစ်၏။ ဖျော်ဖြေရေးသမားတစ်ယောက်အနေနှင့် ဤလောကထဲတွင် ခြေလှမ်းတစ်ချက်မှားလိုက်လျှင်ပင် ဘယ်သောအခါမှနာလန်ပြန်မထူနိုင်လောက်အောင် လဲကျသွားမည်ဖြစ်သည်။ နိုင်ငံတော်၏အာဏာကို ဖီဆန်ဖို့ဆိုသည်ကတော့ ဝေးစွ။

...

"သောက်ကျိုးနည်း.. ဒီဖုန်းခေါ်သံကြောင့် အိပ်ကောင်းနေတာလေးတောင် ပျက်သွားပြီ"

ကျန်းမုန့်လောင်က သူ့အိပ်ရာဘေးရှိ မနက်ခင်းလက်ဖက်ရည်ခွက်ကို လှမ်းယူပြီး တစ်ငုံသောက်လိုက်သည်။ ပြောင်ကွမ်ကျီးနှင့် ဖုန်းပြောပြီးနောက်တွင် သူ လုံးဝနိုးသွားပြီဖြစ်၏။

"ဟုန်းရီ.. ငါ့အဝတ်အစားတွေယူလာခဲ့။ ငါ အိပ်ရာထတော့မယ်"

ကျန်းမုန့်လောင်က အော်လိုက်သည်။ မနေ့ညက တစ်ညလုံးဂိမ့်ဆော့ပြီးနောက် သူ့ကိုယ်သူ တစ်ကိုယ်လုံးအနှံ့ တရားဝင်အနှိပ်ခံခြင်းမျိုးဖြင့် အနှိပ်ခံပြီးနောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။ အိပ်ရာ‌ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း သူ့အဝတ်အစားများကို ရှာမတွေ့ပေ။

"မစ္စတာကျန်း.."

ဟုန်းရီ၏အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

"ရှင် အခု အိပ်ရာထချင်တာ သေချာရဲ့လား"

"ဟမ်…အိပ်ရာထဖို့ အတည်ပြုချက်လိုသေးတာလား"

ကျန်းမုန့်လောင်မှာ တဒင်္ဂမျှကြောင်အသွားရသည်။

"မဟုတ်သေးပါဘူး။ ချင်းချိုးနိုင်ငံမှာ အိပ်ရာမထခင် ဓလေ့ထုံးတမ်းတစ်ခုခုလုပ်ရသေးတာလား"

"မစ္စတာကျန်း ရှင်မေ့သွားပြီလား။ အခုလေးတင် ချင်းချိုးဘဏ်က ပြောင်ကွမ်ကျီးက ရှင့်ကိုဖုန်းခေါ်ပြီးတော့ ချင်းချိုးဘဏ္ဍာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်စုက ရှင်နဲ့တွေ့ချင်နေပါတယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ရှင်က လီဂျီအွန်းလာနှိုးပြီး နမ်းမှ ဖက်မှ အိပ်ရာထမယ်လို့ပြောလိုက်တယ်လေ"

"သောက်ကျိုးနည်း..ငါ အဲ့လိုပြောလိုက်တာလား"

ကျန်းမုန့်လောင်ခမျာ ချက်ချင်းပင် ထိတ်လန့်သွားရသည်။

"ငါက အိပ်မက်မက်နေတယ်ထင်နေတာ။ ငါက ပေါက်ကရတွေပြောလိုက်တာ။ သူတို့ အတည်တော့မယူလောက်ပါဘူးနော်"

တံခါးအပြင်ဘက်ရှိ ဟုန်းရီမှာ အကြောင်သားဖြစ်သွားရပြီး မွန်းကြပ်မှုကြောင့် ခေါင်းတကုတ်ကုတ်လုပ်နေလေတော့သည်။ ဒါက ဘယ်လိုဟာသမျိုးလဲ။ သူ(မ)ကတော့ ပြောင်ကွမ်ကျီးကို သတင်းစကားပါးလိုက်ပြီးသားဖြစ်နေလေပြီ။

"ကျွန်မ ရှင်ပြောတဲ့အတိုင်း သူတို့တွေကို အတိအကျပြန်ပြောလိုက်တယ်။ အခုလေးတင်ပဲ ဥက္ကဋ္ဌပြောင်က ဖုန်းခေါ်ပြီးပြောထားတာ။ ဆယ်နာရီကျရင် လီဂျီအွန်းကိုယ်တိုင် ရှင့်အခန်းကိုရောက်လာလိမ့်မယ်တဲ့။ ပြီးတော့ သူကပြောသေးတယ်။ လီဂျီအွန်းက ချင်းချိုးနိုင်ငံရဲ့‌ဖျော်ဖြေရေးလောကထဲကလူဆိုပေမဲ့ သူက အမြဲတမ်းကာကွယ်မှုတွေကို ခံယူခဲ့ရတာမို့ အပျိုစစ်စစ်ပဲရှိသေးတာတဲ့။ သူမျှော်လင့်တာက…"

"ဘာကိုမျှော်လင့်တာလဲ"

"ရှင် ဒီညပျော်နိုင်ဖို့ မျှော်လင့်ပါတယ်တဲ့.."

ဟုန်းရီက ပါးပြင်များနီမြန်းလျက် ပြောလာလေသည်။

"သောက်ကျိုးနည်း.. ဒီတော့ ငါ အိပ်မက်ယောင်ပြီး တစ်ခွန်းပြောလိုက်တာနဲ့ ဒီလိုတွေဖြစ်ကုန်တာပေါ့။ ငါ ကျန်းမုန့်လောင်က အဲ့ဒီလိုလူစားမျိုးနဲ့တူနေလို့လား"

ကျန်းမုန့်လောင်ခမျာ ဆွံ့အသွားရလေတော့သည်။ လုရီယောင်သာ ဤအကြောင်းကိုကြားပါက သူ့တွင် ပါးစပ်ပေါက်တစ်ရာရှိလျှင်တောင် ရှင်းပြနိုင်တော့မည်မဟုတ်။

ဟုန်းရီက ကိစ္စများကို ဘာကြောင့်များ လွန်လွန်ကျူးကျူးကိုင်တွယ်ရလေသလဲ။ အခြေအနေကို သူ့ဘာသာ မဆုံးဖြတ်နိုင်ဘူးလား။

"မစ္စတာကျန်း.. အချိန်ကိုကြည့်ရတာ မစ္စလီ မကြာခင်ရောက်လာတော့မယ်ထင်တယ်။ ရှင် နည်းနည်းလောက်ထပ်လှဲနေလိုက်ပါ့လား"

ဟုန်းရီက မရဲတရဲပြောကြည့်လိုက်သည်။

"ဒါမှမဟုတ် ရှင် အလျင်လိုနေတယ်ဆိုရင်လည်း ကျွန်မ အခုချက်ချင်းသွားပြင်ပေးပါ့မယ်"

"ပြင်မှာလား။ ဘာတွေပြင်ထားမှာလဲ"

"အကာအကွယ်ပစ္စည်းတွေပေါ့။ ရှင် ဆေးလိုချင်လား။ မိုးကာလေး(ကွန်ဒုံး)တစ်ခုလိုချင်လား"

"ဒီမေးခွန်းက ကျန်းမုန့်လောင်ဆိုတဲ့ ငါ့စရိုက်ကို မင်း သံသယဝင်နေတာလား။ ဆန်ကုန်မြေလေးတစ်ကောင်ကမှ မိန်းကလေးတစ်ယောက်ကို ဆေးခပ်မှာကွ"

ကျန်းမုန့်လောင်က ရုတ်ခြည်းအဓိပ္ပာယ်ကောက်လွဲသွားပုံရသည်။

"ဒါဆို ကျွန်မ ရှင့်အတွက် မိုးကာလေးသွားပြင်ထားလိုက်ပါ့မယ်"

"ခဏနေဦး။ မင်းက ဘာသွားပြင်မှာလဲ။ ငါ ဘာမှလုပ်မှာမဟုတ်ဘူးကွ။ ဘာလို့ အဲ့ဒီမိုးကာကို လိုအပ်ရမှာလဲ"

"ဒေါက် ဒေါက် ဒေါက်…"

ရုတ်တရက်ဆိုသလိုပင် ညင်သာလှသော တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။

"မစ္စတာကျန်း ကြည့်ရတာတော့ မစ္စလီဂျီအွန်းရောက်လာပြီထင်တယ်"

"သောက်ကျိုးနည်း.. သူတကယ်လာတာလား"

"ရှင် ဘယ်လိုထင်လို့လဲ။ ရှင်တောင်းဆိုလိုက်တဲ့လူမှန်သမျှ အမျိုးသမီးအနုပညာရှင်မှမဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်ရဲ့မင်းသမီးတို့ ဘုရင်မတို့ဖြစ်နေရင်တောင် သေချာပေါက် ရှင့်ဆီရောက်လာရမှာပါပဲ။ ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့ သူတို့က တော်တော်မြန်တာပဲ"

"အမလေး..ရီရီသာသိသွားရင် ငါ့ကိုသတ်တော့မှာပဲ"

ကျန်းမုန့်လောင်က စိတ်သောကရောက်လျက် ဆိုလာလေသည်။

"သူတို့က ငါအိပ်ရင်းယောင်နေတာကို အတည်ယူလိုက်တာပဲ"

"ဒေါက် ဒေါက် ဒေါက်"

ကျန်းမုန့်လောင်တံခါးထက်ရှိ တဒေါက်ဒေါက်ခေါက်သံ၏အနောက်ဝယ် အပြင်ဘက်မှ ချိုသာလှသောအသံတစ်သံပါ ကပ်ပါလာသည်။

"မစ္စတာကျန်း..အိပ်ရာထဖို့ အချိန်ရောက်ပါပြီ"

**********

All Chapters