← Chapters

မင်းက ငါ့တောင်းဆိုချက်တွေအားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်လို့ကြားတယ်

Vol. 10 Ch. 148

မင်းက ငါ့တောင်းဆိုချက်တွေအားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်လို့ကြားတယ်

Vol. 10 Ch. 148

"မင်း ဘာတွေပြောနေတာလဲ"

ကျန်းမုန့်လောင်ခမျာ လီဂျီအွန်း၏စကားများကိုကြားလိုက်ရသောအခါ သေးထွက်ကျလုမတတ် လန့်ဖျပ်သွားရသည်။ နတ်ဘုရားမလီဂျီအွန်းက ဤမျှအထိ တက်တက်ကြွကြွရှိနေတာလား။ နေ့ခင်ကြောင်တောင်ကြီးမှာ ထိုကဲ့သို့သောတောင်းဆိုမှုမျိုးကို ပြုလုပ်နေလေသလား။

သိပ်မကြာသေးခင်တုန်းက ဝမ်လင်နှင့်အတူ ရုပ်ရှင်ရိုက်ကူးရေးအတွက် သရုပ်ဆောင်ရွေးချယ်ဖို့သွားခဲ့စဉ်က အင်တာနက်ဆယ်လီအမျိုးသမီးများနှင့် အမျိုးသမီးသရုပ်ဆောင်များက သူ့ကို လှေကားနှယ်အသုံးချပြီး အမြင့်ကိုတက်ရန် ကြိုးစားခဲ့ကြကြောင်း ရုတ်ခြည်းအမှတ်ရလိုက်သည်။

"အမလေး..ဒီနေ့ခေတ်မိန်းကလေးတွေက ဒီလောက်တောင်ပွင့်လင်းမြင်သာပြီး သတ္တိရှိကြတာလား"

လီဂျီအွန်းသည် သူတွေးထားသည့်ပုံစံနှင့် ကွဲထွက်နေသည်ဟု ကျန်းမုန့်လောင် ခံစားလိုက်ရသည်။ သူ(မ)သည် ဖြူစင်ရိုးသားပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်သာ။

"မစ္စတာကျန်း.. ရှင် ကျွန်မကို ဒီကိုခေါ်လိုက်တာ အဲ့ဒီကိစ္စလုပ်ဖို့မဟုတ်ဘူးလား"

လီဂျီအွန်းကတော့ ကျန်းမုန့်လောင်ကို ဟန်ဆောင်နေသည်ဟုသာ ထင်နေမိသည်။

"အခု ကျွန်မတို့နှစ်ယောက်တည်းရှိနေပြီဆိုတော့ ရှင် ထပ်ဟန်ဆောင်နေစရာမလိုတော့ပါဘူး"

"သောက်ကျိုးနည်း..ဟုန်းရီက မင်းကို ဘာတွေပြောလိုက်တာလဲ"

ကျန်းမုန့်လောင်လည်း လီဂျီအွန်း၏မျက်ဝန်းထဲရှိ မျှော်လင့်ချက်ကင်းမဲ့ပြီး ဗလာကျင်းနေသော အကြည့်ကို ရုတ်တရက်ရိပ်စားလိုက်မိသည်။ သူ(မ)မျက်နှာထက်ရှိ အပြုံးကား အတင်းလုပ်ယူထားခြင်းပင်။

"ငါသိပြီ"

ကျန်းမုန့်လောင်က ငတုံးမဟုတ်ပေ။ သူ၏လက်ရှိလုပ်ရပ်များက ချင်းချိုးနိုင်ငံ၏ဘဏ်များအပေါ် အလွန်ကြီးမားလှသောဖိအားတစ်ရပ် သက်ရောက်စေကြောင်း သူ ကောင်းကောင်းသိသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျန်းမုန့်လောင်က ချင်းချိုးနိုင်ငံ၏ နောင်လာမည့်ဆယ်စုနှစ်စာအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို အတွေးတစ်ချက်မျှဖြင့် ဆုံးဖြတ်ပေးနိုင်စွမ်းရှိပေသည်။

မနေ့က ဝေးပေါ်တွင် သူ ထိုပို့စ်ကိုတင်လိုက်ပြီးနောက် ချင်းချိုးနိုင်ငံရှိ ဘဏ်များတွင် ငွေထုတ်ယူမှုအကြီးစားကြီးတစ်ခုနှင့် ထပ်မံရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ ယခု ချင်းချိုးငွေကြေး၇၀၀ထရီလီယံကို သူမထုတ်လျှင်ပင် လန့်ဖျပ်သွားကြသောလူထုကတော့ ဘဏ်များကို ငွေခန်းသွားအောင် လုပ်လိုက်ပေလိမ့်မည်။

ထို့ကြောင့် သူတို့အနေနှင့် ဒယ်အိုးပူပူပေါ်မှ ပုရွက်ဆိတ်များအလား ပူပန်နေခြင်းဖြစ်ကြပေလိမ့်မည်။ သို့မဟုတ်ပါက ကျန်းမုန့်လောင်၏ အိပ်တစ်ဝက်နိုးတစ်ဝက်စကားများကို နိုင်ငံတော်ဗျူဟာမြောက်အမိန့်တစ်ခုအဖြစ် ကျင့်သုံးမည်တဲ့လား။

ယခုအချိန်တွင် လီဂျီအွန်းသည် ကျန်းမုန့်လောင်ကို စိတ်ကျေနပ်စေရန်အတွက် ချင်းချိုးနိုင်ငံမှ အသုံးပြုလိုက်သော ကိရိယာတစ်ခုထက် မပိုပေ။ လီဂျီအွန်းကို သူ့တောင်းဆိုချက်မှန်သမျှ ခြွင်းချက်မရှိဖြည့်ဆည်းပေးရန် အမိန့်ပေးထားခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြည့်ရန်မှာ ကျန်းမုန့်လောင်အဖို့ မခက်ခဲလှချေ။

"အမလေး… ချင်းချိုးနို်ငငံကလူတွေကတော့ အလှပဂေးလေးတစ်ယောက်ကို ဘယ်လိုတန်ဖိုးထားရကောင်းမှန်း မသိကြဘူးလား။ ငါ့နတ်ဘုရားမရှေ့မှာ ငါ့ရဲ့ကြီးကျယ်ခမ်းနားလှတဲ့ပုံရိပ်ကတော့ ပြိုလဲသွားပါပြီကွာ"

ကျန်းမုန့်လောင်က သက်ပြင်းချ၍ ခေါင်းတခါခါလုပ်လိုက်မိသည်။

လီဂျီအွန်း၏မျက်လုံးထဲတွင် သူသည် သူ(မ)၏ခန္ဓာကိုယ်ကို မက်မောနေသော တဏှာရူးဒုတိယလူချမ်းသာမျိုးဆက်၊ ညစ်တီးညစ်ပတ်နိုင်သောလူတစ်ယောက်ဟု ထင်မြင်နေခြင်းပင်။

"ဟီးဟီး"

ကျန်းမုန့်လောင်က ချက်ချင်းဆိုသလို ညစ်ကျယ်ကျယ်ပြုံးလိုက်မိသည်။

"မစ္စတာကျန်း.. ရှင် ဘာရယ်နေတာလဲ"

ကျန်းမုန့်လောင်၏အပြုံးကို မြင်သောအခါ လီဂျီအွန်း၏စိတ်မသက်မသာဖြစ်မှုက ပိုမိုနက်ရှိုင်းလာ၏။

"ဘာမှမဟုတ်ပါဘူး။ ရေချိုးဝတ်ရုံကိုချွတ်လိုက်လေ"

ကျန်းမုန့်လောင်က လီဂျီအွန်းကိုပြောလိုက်သည်။

လီဂျီအွန်းလည်း သူ(မ)၏နှုတ်ခမ်းကိုကိုက်ထားပြီး ရေချိုးဝတ်ရုံ၏ ခါးစည်းကြိုးကိုဖြေချလိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ချွတ်ချလိုက်ရင်း ချောမွေ့ပြီးဖြူဖပ်နေသော အသားအရေကို ပေါ်လာစေသည်။

"ဟစ်…သေစမ်း။ ဒီဝါသနာကို အမီမလိုက်နိုင်ပါလား"

လီဂျီအွန်း၏ပရိသတ်များသာ သူ့ရှေ့တွင် သူ(မ) ယခုလိုလုပ်ပြနေရသည်ကို သိသွားကြပါလျှင် သူ့ကို တစ်စစီဖြစ်အောင် ဆွဲဖြဲကြပေလိမ့်မည်။

"ငါ့ရဲ့လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည့်ပေးဖို့ သူတို့ပြောလိုက်တယ်မလား"

ကျန်းမုန့်လောင်က စနောက်နေဟန်လေသံဖြင့် မေးလိုက်သည်။

လီဂျီအွန်းက ကျန်းမုန့်လောင်ကို မကြည့်ရဲသော်ငြား ခေါင်းတော့ညိတ်ပြလိုက်သည်။

"အရမ်းကောင်းတယ်"

ကျန်းမုန့်လောင်ကလည်း ခေါင်းတညိတ်ညိတ်လုပ်လျက် ဆိုဖာပေါ်မှ ထလိုက်သည်။

ထိုအခိုက်ဝယ် လီဂျီအွန်း၏ခန္ဓာကိုယ်မှာ တောင့်ခဲသွားဟန်တူသည်။ ဘာဆက်ဖြစ်မလဲဆိုသည်ကို သူ(မ)သိထားသည့်အလားပင်။

"လိုက်ကာတွေကို သွားမပိတ်တော့ဘူးလား"

လီဂျီအွန်းက‌ မေးလိုက်သည်။

"ဘာအတွက်လဲ"

ကျန်းမုန့်လောင်က ပြန်ပြောလိုက်သည်။ု

သို့သော် ထင်မထားပါဘဲ ကျန်းမုန့်လောင်က သူ(မ)ကို မထိခဲ့ပေ။ ထိုအစား သူက သူ(မ)ကို ဖြတ်ကျော်ကာ ဓာတ်လှေကားဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။

"မင်း ဘာလို့ကြောင်အနေသေးတာလဲ။ မင်းပဲ ငါ့တောင်းဆိုချက်တွေကို အကုန်ဖြည့်ဆည်းပေးမှာဆို။ ငါနဲ့လိုက်ခဲ့လေ"

လီဂျီအွန်းက အံတင်းတင်းကြိတ်လျက် ကျန်းမုန့်လောင်၏အနောက်က လိုက်သွားလိုက်သည်။

"ငါသာ သူ့အိုင်ဒေါလ်ကို ဒီလိုစနောက်နေမှန်း ရီရီသာသိရင် ငါ့ကိုများလာသတ်လောက်မလားပဲ"

ကျန်းမုန့်လောင်က တစ်ကိုယ်တည်း စိုးရိမ်တကြီးတွေးနေမိသည်။

ဓာတ်လှေကားစီးလာလိုက်ရင်း သူတို့နှစ်ယောက်သားလည်း အဆောက်အဦ၏ ထိပ်ဆုံးအလွှာသို့ ရောက်ရှိလာကြသည်။ တံခါးဖွင့်လိုက်သည့်အခိုက်မှာပင် လီဂျီအွန်း မှင်တက်သွားရ၏။ ဤသည်မှာ သာမန်ခေါင်မိုးထပ်မဟုတ်ပါဘဲ အသွင်ပြောင်းထားသော ရေကူးကန်ပန်းခြံတစ်ခုနီးနီးပင်။

ထို့ပြင် ထိုအရာသည် ကြီးမားလှသော ဖန်လုံအိမ်ကြီးတစ်လုံးဖြစ်ပြီး ပြင်ပမှ အပူချိန်သက်ရောက်မှုကို လုံးဝမခံစားရချေ။

ရေကူးကန်ရှေ့တွင် အမျိုးသမီးငယ်နှစ်ယောက်က သူတို့ရောက်လာမည်ကို တလေးတစားစောင့်ဆိုင်းနေကြသည်။

"လာကြ..ငါတို့ ဖန်လုံအိမ်ထဲမှာ Spaလုပ်ကြမယ်"

ကျန်းမုန့်လောင်က spaအနှိပ်ခန်းထဲရှိ သက်သောင့်သက်သာရှိသောအိပ်ရာပေါ်တွင် လှဲချလိုက်သည်။

"အာ"

ထိုအချိန် လီဂျီအွန်းလည်း လုံးဝအံ့အားသင့်သွားရသည်။ သူ(မ)က အဝတ်အစားများချွတ်ထားပြီးသွားပြီဖြစ်၏။ သို့သော် ကျန်းမုန့်လောင်ကတော့ သူ(မ)ကို spaလုပ်ရန်အတွက် ခေါ်လာသတဲ့လား။

ဤသည်မှာ "သူ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း"များလား။

ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်နှင့် စိတ်အစဉ်ကများ ပြဿနာရှိနေလေသလား။ သို့တည်းမဟုတ် လီဂျီအွန်းကပဲ ဆွဲဆောင်မှုမလုံလောက်နေခြင်းလေလား။

"မင်း ဘာတွေငေးငိုင်နေတာလဲ"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်မောလိုက်သည်။

"လာလေ.. သူတို့က ငါ နိုင်ငံခြားကခေါ်ထားတဲ့ spaကျွမ်းကျင်သူတွေပဲ။ နောင်အနာဂတ်မှာ မင်း သူတို့ရဲ့ဝန်ဆောင်မှုကို လိုချင်ရင် ဟွာရှားရဲ့ဝမ်ယိအနှိပ်ခန်းမှာပဲ ရှာလို့ရမှာ"

ကျန်းမုန့်လောင်၏မျက်နှာထက်ရှိ စနောက်လိုဟန်အပြုံးကို မြင်လိုက်ရသောအခါ လီဂျီအွန်းလည်း အားလုံးနားလည်သွားလေသည်။ ရေချိုးခြင်း၊ အဝတ်အစားလဲခြင်းတို့မှာ သူ(မ) နားလည်မှုလွဲနေခြင်းများသာ ဖြစ်၏။ ကျန်းမုန့်လောငေ်၏အမြင်မှာမူ ဤသည်မှာ ရသခံစားမှုသက်သက်သာဖြစ်ပြီး လိုအင်ဆန္ဒနှင့် လောဘတို့ကင်းသော အရာတစ်ခုမျှသာ။

ထိုအခါမှသာ သူ(မ) ကျန်းမုန့်လောင်ကို အထင်မှားမိသွားကြောင်း သဘောပေါက်လိုက်သည်။

ထိုအခိုက်ဝယ် သူ(မ)လည်း စိတ်သက်သာရသလိုခံစားလိုက်ရသည့်အပြင် ထူးဆန်းလှစွာပင် ဆုံးရှုံးလိုက်ရသလိုလည်း ခံစားလိုက်ရသည်။

Spaကျွမ်းကျင်သူနှစ်ယောက်က သူ(မ)၏နောက်ကျောကို နှိပ်နယ်ပေးနေသည့်အချိန်မှာပင် သူ(မ)၏ခန္ဓာကိုယ်လည်း လုံးဝပြေလျော့သွားရသည်။

"မိန်းကလေးလီ.. ငါ့ကောင်မလေးက မင်းကို အရမ်းသဘောကျတာ"

ကျန်းမုန့်လောင်က ဆို၏။

"ငါလည်း မင်းကိုသဘောကျတာတော့ဟုတ်တာပေါ့။ ဒါပေမဲ့ ဟိုလိုပုံစံမျိုးနဲ့မဟုတ်ဘူး။ နားလည်တယ်မလား"

"မစ္စတာကျန်း.. ရှင်က ကျွန်မထင်ထားသလို လုံးဝမဟုတ်ဘူးပဲ"

လီဂျီအွန်းလည်း ကျန်းမုန့်လောင်တွင် ချစ်သူရှိကြောင်း သဘောပေါက်လိုက်လေရာ အာရုံထွေပြားလျက် ပြောလိုက်သည်။ ထို့ကြောင့် သူက သူ(မ) အဝတ်အစားကင်းမဲ့လုနီးပါးဖြစ်နေသည့်တိုင် စိတ်လွတ်မသွားခဲ့ခြင်းပင်။

"ရှင့်ချစ်သူက အရမ်းလှတဲ့လူပဲဖြစ်ရမယ် ဟုတ်တယ်မလား"

ကျန်းမုန့်လောင်၏မျက်ဝန်းများက သူ့ချစ်သူအကြောင်း ပြောလိုက်ချိန်မှာ တောက်ပသွားကြောင်း လီဂျီအွန်းသတိထားမိလိုက်သည်။ ဘယ်လိုမိန်းကလေးမျိုးကများ ကျန်းမုန့်လောင်၏အဆင့်အတန်းကို ယခုလိုမြင့်မားနေအောင် လုပ်ဆောင်ပေးနိုင်လေသလဲ။

"ဒါပေါ့။ သူက လှလည်းလှတယ်။ ချစ်ဖို့လည်း ကောင်းတယ်။ သူက မင်းလိုပဲ သီချင်းဆိုရတာကို သဘောကျတယ်လေ"

ကျန်းမုန့်လောင်မှာ လုရီယောင်အကြောင်း ပြောလိုက်သည်နှင့် ရပ်တန့်၍မရတော့ပေ။

"ငါထွက်လာတုန်းက သူက ပြန်လာတဲ့အခါ မင်းရဲ့လက်မှတ်ထိုးထားတဲ့ဓာတ်ပုံကို ယူခဲ့ပေးဖို့တောင် မှာလိုက်သေးတယ်"

"ရှင့်လိုလူမျိုးကို ချစ်သူတော်ရတာ သူကတော်တော်ကံကောင်းတာပဲ"

"ဟားဟားဟား..ငါလည်းအဲ့လိုပဲထင်ပါတယ်"

ကျန်းမုန့်လောင်က အရှက်မရှိပြောလိုက်သည်။

"တကယ်တော့ မင်းကို အိပ်ရာလာနှိုးပေးဖို့ ပြောလိုက်တာက ဒီအတိုင်း အိပ်ချင်မူးတူးနဲ့ပြောလိုက်တဲ့စကားပါ။ သူတို့ အတည်ယူသွားလိမ့်မယ်လို့ ထင်မထားဘူး"

လီဂျီအွန်း အံ့အားသင့်မှင်တက်သွားရချေသည်။

ဒီတော့ သူ(မ) ဒီကိုရောက်လာရတာ ကျန်းမုန့်လောင်ရဲ့အိပ်တစ်ဝက်နိုးတစ်ဝက်စကားကြောင့်ပေါ့။

ချက်ချင်းဆိုသလို သူ(မ) လှည့်ကွက်ကို ခံစားလိုက်ရသည်။ ဤသည်မှာ ချင်းချိုးနိုင်ငံ၏အထက်တန်းလွှာတဲ့လား။

"မင်း ဒီကိုရောက်နေပြီဆိုမှတော့ အပန်းဖြေနေရတယ်လို့သာ သဘောထားလိုက်ပါ"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"ဒီမှာ ရက်ပိုင်းလောက်နေလိုက်ဦးလေ။ ငါ့နဲ့အတူ ထမင်းအတူစားတာတို့ ဈေးဝယ်ထွက်တာတို့ ရုပ်ရှင်ကြည့်တာတို့ ငါ့ချစ်သူနဲ့ဗီဒီယိုကောလ်ပြောတာတို့ လုပ်ပေးပေါ့။ ငါမပြန်ခင် မင်းကို လက်ဆောင်အကြီးကြီးတစ်ခုပေးခဲ့ပါ့မယ်"

"မစ္စတာကျန်း… ဒါပေမဲ့ ကိုယ်စားလှယ်စုကရော…"

"အဲ့ဒီကိစ္စ သူတို့ဘာသာစိတ်ပူပါစေ"

ကျန်းမုန့်လောင်က သူတို့၏ကံကြမ္မာကို နည်းနည်းမှဂရုမစိုက်ချေ။

"ကျန်းမုန့်လောင်ဆိုတဲ့ ငါနဲ့တွေ့ဖို့ဆိုတာ အဲ့လောက်မလွယ်ဘူးလေ။ သူတို့ပြောတိုင်းသာ ငါသွားတွေ့ရမယ်ဆိုရင် ငါ့အတွက် မျက်နှာပျက်ချင်စရာကြီးဖြစ်မသွားဘူးလား"

"ဒါပေမဲ့…"

"စိတ်မပူပါနဲ့။ သူတို့ ငါ့ကိုမထိရဲသလို ထိလည်းထိလို့မရဘူး။ မိန်းကလေးလီရဲ့မိသားစုကလည်း ငါ့လက်ထောက်ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိပါတယ်"

ကျန်းမုန့်လောင်က ဆို၏။

"နောက်ရက်နည်းနည်းလောက်အထိ ဘာမှစိုးရိမ်မနေဘဲ ငါနဲ့ပဲပျော်ပျော်နေပေးပါ"

သူ(မ)၏မိသားစု ဘေးကင်းကြောင်း ကြားသိလိုက်ရသောအခါ လီဂျီအွန်းလည်း အဆုံးမှာတော့ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ သူ(မ)က အခြားသူများကို ပြသလေ့ရှိသော စိတ်ပါလက်ပါရှိသည့် အပြုံးချိုချိုလေးတစ်ပွင့်ကို လှစ်ဟပြလိုက်လေသည်။

*********

All Chapters