မိန်းကလေး ဒါကတော့ လက်ခံပေးလို့မရဘူးနော်
Vol. 11 Ch. 153
"အမျိုးသမီးတို့ရေ.. လွတ်လွတ်လပ်လပ်စားကြသောက်ကြပါ။ ကျွန်တော့်အိမ်မှာ လူတိုင်းအတွက် စားစရာလုံလုံလောက်လောက်ရှိပါတယ်"
ကျန်းမုန့်လောင်က ခေါင်မိုးထပ်ရှိ ဆိုဖာပေါ်တွင် လဲလျောင်းရင်း တစ်သိန်းနှစ်သောင်းတန်ဝိုင်ခွက်ကိုကိုင်ပြီး တစ်ငုံမော့သောက်လိုက်သည်။
"သေစမ်းကွာ။ ဒါက ဘာကြီးလဲ။ အရသာက ဘာလို့ဒီလောက်တောင်ဆိုးဝါးနေရတာလဲ"
ကျန်းမုန့်လောင်က ဝိုင်နီကို ဘယ်တုန်းကမှ ကြိုက်နှစ်သက်ခဲ့ဖူးခြင်းမျိုး မရှိချေ။ ဈေးအကြီးဆုံးဝိုင်နီပင်လျှင် သူ့အတွက်တော့ မြင်း၏ဆီးရည်နှင့် မခြားပေ။
"ဟုန်းရီ.. ငါ့အတွက် ADကယ်လ်ဆီယမ်နို့တစ်ကတ်ယူလာခဲ့ပေး။ မဖွင့်လိုက်နဲ့နော်။ ငါ လေးဘူးတွဲပဲလိုချင်တာ။ အဲ့လိုမှမဟုတ်ရင် အရသာမရှိဘူး"
ကျန်းမုန့်လောင်က တန်ဖိုးကြီးဝိုင်နီခွက်ကို အမှုမထားဟန်ဖြင့် ဘေးချထားလိုက်၏။
"လုပ်စမ်းပါ အလှလေးတို့ရ.. မင်းတို့ ဘာလို့မစားကြတာလဲ။ ငါ့အိမ်မှာ ဒီလောက်ရှက်နေစရာမလိုပါဘူး"
ကျန်းမုန့်လောင်လည်း ယခုလေးတင်မှရောက်လာသော ချင်းချိုးနိုင်ငံရှိ အမျိုးသမီးအနုပညာရှင်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့က အပြစ်ကျူးလွန်ထားသော ကလေးများနှယ် ရှက်ကြောက်တွန့်ဆုတ်ဟန်ဖြင့် ဘေးတစ်ဖက်တွင် ထိုင်နေကြသည်။ သူတို့၏အမူအရာကလည်း လေးနက်တည်ကြည်နေပြီး မသိလျှင် သူတို့၏ကြမ္မာဆိုးကို ရင်ဆိုင်ရန် အဆင်သင့်ပြင်နေကြဟန်တူသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောနေခြင်းမဟုတ်ပေ။
ကျန်းမုန့်လောင်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသော်ငြား သူတို့ကတော့ ဤနေရာသို့ ရောက်လာရသည့် အဓိကရည်ရွယ်ချက်ကို မေ့မသွားသေးပေ။ သူတို့ကို သူတို့နိုင်ငံက စွန့်ပစ်ခဲ့ကြပြီး နိုင်ငံတော်၏ စီးပွားရေးအခြေငြိမ်မှုအတွက် အလဲအလှယ်လုပ်ရမည့် ပစ္စည်းများအလား အသုံးပြုခဲ့ကြသည်။
အထူးသဖြင့် သူတို့နှစ်ယောက်သား ကျန်းမုန့်လောင်၏အိမ်တံခါးဝသို့ ရောက်လာသောအခါ ယခုလိုအခြေအနေမျိုးသည် လုံးဝယုတ္တိမရှိလှကြောင်း သိလိုက်ရသည်။ သူတို့ထက် နှစ်အနည်းငယ်မျှပင် ငယ်ပါသေးသော ဤလူငယ်လေးတွင် သူတို့တစ်နိုင်ငံလုံးကို ဦးညွှတ်စေနိုင်သော မည်သည့်အစွမ်းမျိုးများ ရှိနေပါလေသလဲ။
ဤသို့တွေးမိသောအခါ သူတို့နှစ်ယောက်စလုံး ကမ္ဘာ့အမြင်များ ပြိုလဲကျသွားသလို ခံစားလိုက်ရသည်။ ဤလမ်းကြောင်းကိုသာ ဆက်လိုက်နေပါက ကျန်းမုန့်လောင်ဘက်က အဖော်ပြုပေးစေလိုသော အနုပညာရှင်တိုင်းကို ချင်းချိုးနိုင်ငံက လိုက်လျောပေးအပ်နေဦးမည်လား။
သူတို့အနေနှင့် ဖျော်ဖြေရေးလောကထဲရှိ ညစ်ပတ်လှသောပတ်ဝန်းကျင်အနေအထားကို စင်စစ်မုန်းတီးလှသော်လည်း အနုပညာလောကထက်ပင် ပိုကြောက်ဖို့ကောင်းသည့်လောကတစ်ခုရှိကြောင်း ပထမဆုံးအကြိမ်သိလိုက်ရသည်။
ယနေ့ညတွင် ကျန်းမုန့်လောင်သာ သူတို့ကို တစ်ခုခုလုပ်ချင်ပါက သူတို့အနေနှင့် ထိုကဲ့သို့သောဖိအားဒဏ်ကို တကယ်ခံနိုင်မည်တဲ့လား။
သူတို့အနေနှင့် အရာအားလုံးကို စွန့်လွှတ်ရန် သတ္တိရှိလျှင်ပင် သူတို့မိသားစု၏ လုံခြုံရေးကိုမူ လျစ်လျူရှုနိုင်မည်တဲ့လား။ ဤမျှတောက်ပနေသော ကမ္ဘာကြီးကို သူတို့ တကယ်စွန့်ခွာနိုင်ပါ့မလား။ ရှင်းရှင်းလေးပင်။ သူတို့ မလုပ်နိုင်ချေ။
ထို့ကြောင့် ကျန်းမုန့်လောင်၏အိမ်ထဲသို့ သူတို့ဝင်လာပါပြီဆိုကတည်းက တစ်ချိန်လုံးစိတ်ဓာတ်ကျနေခဲ့ကြခြင်းပင်။
"မင်းတို့တွေ ဒီနေရာကို ဘာလို့အတင်းအကျပ်အခေါ်ခံလိုက်ရတာလဲဆိုတာ သိချင်နေကြမှာပဲ"
ကျန်းမုန့်လောင်က သူတို့၏အတွေးများကို ရိပ်စားမိဟန်တူ၏။ လီဂျီအွန်းပင်လျှင် သူ့ကို မကြည့်ဘဲ မနေနိုင်ချေ။
မကြာသေးခင်က ဖြစ်ပွားခဲ့သော ဘဏ်ကိစ္စသည် ကျန်းမုန့်လောင်နှင့် ပတ်သက်နေမှန်း လီဂျီအွန်းသိသော်လည်း ဝေးပေါ်သည် ဟွာရှားမှာသာ ခေတ်စားနာမည်ကြီးသောကြောင့် သူတို့အနေနှင့် အသေးစိတ်မသိထားကြပေ။
"တကယ်တော့ ရှင်းရှင်းလေးပါ။ ငါက မင်းတို့နိုင်ငံရဲ့ဘဏ်တွေထဲက အပ်ငွေတွေရဲ့၄၅ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လေ။ ပမာဏကတော့ ချင်းချိုးငွေကြေးသုံးရာကနေ လေးရာဘီလီယံလောက်ဖြစ်နိုင်တယ်"
ထိုပမာဏကို ကြားလိုက်ရသောအခါ အနုပညာရှင်သုံးယောက်ခမျာ မျက်လုံးပြူးသွားကြသည်။
"ငါ ဒီကိုရောက်လာရတဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်။ မင်းတို့နိုင်ငံက တချို့စီးပွားရေးပညာရှင်ဆိုတဲ့ငတုံးတွေက ငါ့ကို စော်ကားမော်ကားပြောဆိုပြီး စိတ်တိုအောင်လုပ်ထားလို့ ငါလည်း မင်းတို့နိုင်ငံကဘဏ်တွေကို ငွေတွေခန်းအောင် လာလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ"
စကားလုံးအနည်းငယ်မျှဖြင့် ကျန်းမုန့်လောင်သည် သူ၏ခိုင်မာမှုနှင့် ခွန်အားကို ပြသလိုက်သည်။
သူ စိတ်ဆိုးဒေါသထွက်သွားရုံမျှဖြင့် နိုင်ငံတစ်နိုင်ငံ၏ ငွေသားသိမ်းဆည်းမှုကို ကုန်ခမ်းသွားစေခဲ့ပြီး စီးပွားရေးကိုပင် ပျက်စီးပြိုလဲသွားအောင်လုပ်ဖို့ အဆင်သင့်ဖြစ်နေပေသည်။ သူ့အနေနှင့် သည့်ထက်ပိုပြီးတဇွတ်ထိုးနိုင်တတ်သေးသလား။
"ဟုတ်တာပေါ့။ ဒီအကွက်လေးတွေလောက်နဲ့တင် သူတို့က ငါ့ကို ကြောက်မှာမဟုတ်ဘူးပေါ့။ ငါ့လက်အောက်မှာရှိတဲ့ စွမ်းအင်ကုမ္ပဏီတွေက မင်းတို့နိုင်ငံရဲ့စွမ်းအင် သုံးပုံတစ်ပုံကို ထိန်းချုပ်ထားတယ်။ ငါ စကားတစ်ခွန်းဟလိုက်တာနဲ့ ချင်းချိုးနိုင်ငံကလည်း ရေ လျှပ်စစ်မီးနဲ့ ဓာတ်ငွေ့ပြတ်တောက်မှုတွေ ကြုံတွေ့ရနိုင်တယ်"
"အိုး ဟုတ်သားပဲ။ မင်းတို့ရဲ့သူငယ်ချင်းကောင်းကြီး "ချောင်းမိုနိုင်ငံ"က ချင်းချိုးနိုင်ငံကို ကူညီဖို့အတွက် သူတို့အရန်သိုလှောင်ထားတဲ့ ချင်းချိုးငွေကြေးတစ်ရာဘီလီယံကို ထုတ်ပေးဖို့ပြင်ခဲ့သေးတယ်။ အဲ့ဒါကြောင့်ပဲ ငါ သူတို့ရဲ့စွမ်းအင်ထောက်ပံ့မှုတွေကို ဖြတ်တောက်ပစ်လိုက်တာ။ အခုလောက်ဆိုရင် ခေါင်းလျှော်ရင်းတန်းလန်းနဲ့ စွမ်းအင်ကုမ္ပဏီတွေကို ဆဲဆိုနေကြတဲ့လူတော်တော်များများ ရှိလိမ့်မယ်ထင်တာပဲ"
ကျန်းမုန့်လောင်က ဤဖြစ်ရပ်ကို ပြောပြဖို့မေ့နေသည့်အလား ရုတ်တရက်ပြောပြလာသည်။
"ဟုန်းရီ ဒီကိုလာခဲ့ဦး"
ကျန်းမုန့်လောင်က ဟုန်းရီကို လှမ်းခေါ်လိုက်သည်။
"ချောင်းမိုနိုင်ငံက အသိရှိရှိနဲ့ အချိန်မီရပ်တန့်ခဲ့တယ်။ သူတို့က တော်တော်လေးနာခံတတ်တာပဲ။ သူတို့ကို သွားအသိပေးချေ။ အခု သူတို့ရဲ့စွမ်းအင်ထောက်ပံ့မှုကို ပြန်သုံးစွဲလို့ရပြီလို့။ ပြီးတော့ သူတို့ကို အသေးစားအသိပေးချက်လေးလည်း ထုတ်ခဲ့ဦး။ နောက်တစ်ခါ ဒီလိုကိစ္စမျိုးနဲ့ ကြုံခဲ့ရရင် သူတို့ရဲ့အမြင်ကို ပိုပြီးသတိကြီးကြီးထားပြီး တွေးဆသင့်တယ်လို့။ နောက်တစ်ခါကျရင်တော့ စွမ်းအင်ဖြတ်တောက်မှုနဲ့တင် ပြီးသွားမှာမဟုတ်ဘူး"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း.. ကျွန်မ ချက်ချင်းစီစဉ်လိုက်ပါ့မယ်"
ဟုန်းရီက အမိန့်များ သွားဆောင်ရွက်နေချိန်ဝယ် အိမ်အကူများကတော့ ကျန်းမုန့်လောင်ကို ပြုစုဖို့အတွက် တာဝန်ယူထားလေသည်။
ထိုအချိန်ကျမှသာ လီဂျီအွန်းနှင့် ကျန်နှစ်ယောက်လည်း အံ့ဩမှင်တက်သွားရလေသည်။ ကျန်းမုန့်လောင်က ချင်းချိုးနိုင်ငံကို ခြိမ်းခြောက်ဖို့အတွက် ဘဏ်စုငွေများကိုသုံးပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိထားခဲ့ကြသော်ငြား ကျန်အချက်အလက်များကိုမူ လုံးဝမသိခဲ့ကြပေ။
သူတို့သာ အမှတ်မမှားပါက ကျန်းမုန့်လောင်သည် ချင်းချိုးနိုင်ငံသို့ရောက်တာ သုံးရက်သာရှိသေးသည်မဟုတ်ပါလား။ ထိုသုံးရက်အတွင်းမှာပင် သူက ချင်းချိုးနိုင်ငံနှင့် စာရင်းရှင်းခဲ့ရုံသာမက ချောင်းမိုနိုင်ငံကိုပါ ကိုင်တွယ်ပြီးပြီတဲ့လား။
အမျိုးသမီးသုံးယောက်မှာ ကျန်းမုန့်လောင်သည် သူတို့နှင့် ကမ္ဘာတစ်ခုတည်းကမဟုတ်သလို ခံစားလိုက်ရသည်။ ဤလူငယ်လေးသည် သူတို့နိုင်ငံ၏ကံကြမ္မာကို အချိန်မရွေးထိန်းချုပ်နိုင်စွမ်းရှိပြီး သူ့ခွန်အားနှင့်ယှဉ်ကြည့်လိုက်ပါက ထိုအရာရှိများမှာ ကျောရိုးမဲ့သတ္တဝါများသာ ဖြစ်ချေတော့သည်။
စင်စစ်စွမ်းအားရှိသော ယောကျ်ားဆိုသည်မှာ ယခုလိုပုံစံပင်။
"ဟီးဟီး တောင်းပန်ပါတယ်။ ငါ့ကောင်မလေး ဗီဒီယိုကောလ်ခေါ်နေပြီ။ ငါ မင်းတို့ကို သူနဲ့မိတ်ဆက်ပေးမယ်"
အစောပိုင်းက ထောင်လွှားမော်ကြွားနေသော ကျန်းမုန့်လောင်၏အမူအရာကား ရုတ်ခြည်းဆိုသလို ကလေးတစ်ယောက်အလား ဖြူစင်သွားလေသည်။
"လေ့ကျင့်ရေးပြီးပြီလား"
"အင်း အရမ်းပင်ပန်းတာကဲ။ ငါ့လည်ချောင်းတွေတောင် အက်ကွဲနေပြီ။ မြန်မြန်လုပ်။ ငါ့ကို ငါ့နတ်ဘုရားမရဲ့အရှိန်အဝါတွေအောက်ကို အရောက်ပို့ပေး"
"အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ လုရီယောင်ဆိုတဲ့ မင်းကပဲ ပြောင်းလဲသွားတာလား။ ဒါမှမဟုတ် ကျန်းမုန့်လောင်ဆိုတဲ့ ငါကပဲ ဆွဲဆောင်မှုမရှိတော့တာလား။ အခုကျတော့ မင်းမှာ လီဂျီအွန်းရှိသွားပြီဆိုတော့ မင်းက ငါ့ကိုမလိုအပ်တော့ဘူးပေါ့လေ ဟုတ်လား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဟားဟားဟား ငါကနောက်နေတာပါ"
လုရီယောင်လည်း ကျန်းမုန့်လောင်၏ သဝန်တိုနေသောပုံစံကို မြင်လိုက်ရသောအခါ မရယ်ဘဲမနေနိုင်ပေ။
"ကောင်းပြီလေ။ နေ့လယ်တုန်းက မင်း ဘယ်သူနဲ့တွေ့ချင်တယ်လို့ပြောလိုက်တာလဲ"
ကျန်းမုန့်လောင်က အမျိုးသမီးအနုပညာရှင်သုံးယောက်ကို ကင်မရာလှည့်ပြလိုက်သည်။
"အား! လီဆာ… ငါ့မိန်းမ! အား! ငါ သူ့ကို လူကိုယ်တိုင်တွေ့နေရတာပဲ။ ဝူး ဝူး ဝူး.. ငါ တကယ်ကိုလာချင်နေပြီ"
လုရီယောင်ခမျာ ဖုန်းတစ်ဖက်မှ ခုန်ပေါက်တော့မတတ်ပင်။
"ရီရီ ဘာလုပ်နေတာလဲ။ မင်း ကြမ်းပြင်ကိုကျွံဝင်သွားအောင်လုပ်မလို့လား"
လုရီယောင်၏အခန်းဖော်များကလည်း အနားသို့ရောက်ချလာကြသည်။
"အား! လီဆာ! လျိုရန်နာ!"
"ရီရီ.. နင့်ရဲ့ကျန်းမုန့်လောင်က အရမ်းအထင်ကြီးဖို့ကောင်းတာပဲ။ သူက ဒီလိုအမျိုးသမီးအနုပညာရှင်တွေကိုတောင် ဖိတ်နိုင်တယ်လား"
"ဟားဟားဟားဟား.. သူတို့ကို ဖိတ်ရုံနဲ့တင် ဘယ်ကမလဲ။ ကျန်းမုန့်လောင်သာ ဒီနေ့ သူတို့နဲ့အတူအိပ်ဖို့ ဆန္ဒရှိရင် သူတို့သုံးယောက်လုံး တန်းစီနေကြမယ်ဆိုတာ ငါလောင်းရဲတယ်"
"ဟားဟားဟား..ချန်းရှီ နင်ကတော့ တကယ့်ကျွမ်းကျင်သူပဲဟေ့"
"ကားတံခါးကို ဘယ်သူပိတ်ထားတာလဲ။ ငါ အပြင်ထွက်ချင်နေပြီ"
ကလေးမလေးများ၏ အဆောင်ခန်းမှာ ရုတ်တရက်ကြီး ကြက်လှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။
လုရီယောင်၏အခန်းဖော်များပါ ပေါင်းလိုက်သောအခါ ညစာစားပွဲက ရုတ်ခြည်းအသက်ဝင်တက်ကြွသွားလေတော့သည်။ နေရာဒေသကွာဝေးနေသော်ငြား သီးသန့်တပ်ဆင်ထားသော ဖိုက်ဘာကွန်ယက်ကြောင့် အင်တာနက်အရှိန်က နှေးကွေးမနေချေ။
လုရီယောင် ပျော်ရွှင်နေသည်ကို မြင်သောအခါ ကျန်းမုန့်လောင်လည်း ချင်းချိုးနိုင်ငံသို့ ထွက်လာခဲ့သော ဤခရီးက ထိုငတုံးများကို သင်ခန်းစာပေးဖို့အပြင် တခြားအကျိုးအမြတ်များလည်း ရှိကြောင်း ခံစားလိုက်ရသည်။
ညစာစားပွဲက ဆယ်နာရီကျော်အထိ ကြာမြင့်ခဲ့ပြီး အမှောင်ထုကလည်း ကြီးစိုးနေလေတော့သည်။ လီဂျီအွန်းနှင့် ကျန်နှစ်ယောက်မှာလည်း ကျန်းမုန့်လောင် ချင်းချိုးနိုင်ငံမှ မပြန်ခင်အတောအတွင်း သူ့ကိုစိတ်ကျေနပ်အောင်လုပ်ပေးပြီး သူလိုချင်သမျှကို ဖြည့်ဆည်းပေးဖို့ ညွှန်ကြားခံထားရသည်။
ထို့ကြောင့် သူတို့ထဲကတစ်ယောက်မှ မပြန်ခဲ့ကြပေ။ ကျန်းမုန့်လောင်၏အိမ်ကလည်း နောက်ထပ်မိန်းကလေးတစ်စု ထပ်လာနေဖို့ပင် ကြီးမားလွန်းလှပေသည်။
အတော်အတန်သောက်စားထားသည့်အတွက် လီဂျီအွန်းလည်း ရေချိုးသန့်စင်ပြီးနောက် အိပ်ရာပေါ်လှဲချလိုက်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် သူ(မ)အိပ်မပျော်ပေ။ နေ့ခင်းတုန်းက ကျန်းမုန့်လောင်တစ်ယောက် တည်တည်တံ့တံ့နှင့် စုကျီဟယ်ကို ရွံရှာဟန်ဖြင့် ပြောခဲ့သည့်ပုံစံကို သူ(မ)၏စိတ်ထဲတွင် ပြန်လည်မြင်ယောင်နေမိသည်။
သူ(မ) အိပ်ရာပေါ်ထထိုင်လိုက်ပြီး နှုတ်ခမ်းကို အသာကိုက်ကာ အရေးကြီးဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
"ဒေါက် ဒေါက်"
ကျန်းမုန့်လောင်၏ အခန်းတံခါးကို ခေါက်လိုက်သည့် အသံတစ်သံထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
ကျန်းမုန့်လောင်က သူ့အခန်းထဲတွင် "Three-Body"ဝတ္ထုကို ပြန်လည်သုံးသပ်နေခြင်းပင်။ ရုပ်ရှင်က မကြာခင် စတင်ရိုက်ကူးတော့မည်ဖြစ်သောကြောင့် သူလည်း ကောင်းကောင်းပြင်ဆင်ထားသင့်သည်။
"ကလစ်"
တံခါးပွင့်သွားသည်။
"ဂျီအွန်း ဘာဖြစ်လို့လဲ။ ပိုကာဆော့ဖို့ လူတစ်ယောက်လိုနေလို့လား"
လီဂျီအွန်း၏မျက်နှာထက်တွင် ဖူးသစ်စအပြုံးတစ်ပွင့်ဖြင့် ရှက်သွေးဖြန်းနေချေသည်။ ပိုးသားဝတ်ရုံလေးကလည်း သင်းပျံ့မွှေးကြိုင်နေသော ပခုံးသားထက်မှ သဘာဝကျကျလျှောကျသွားလေသည်။
"သောက်ကျိုးနည်း"
ကျန်းမုန့်လောင်လည်း နောက်ပြန်ဆုတ်လိုက်ရသည်။
"မိန်းကလေး ဒီလိုလုပ်လို့မဖြစ်ဘူးနော်"
************