← Chapters

တောင်းပန်တာက လက်ဗလာနဲ့မဖြစ်သင့်ဘူးလေ

Vol. 11 Ch. 154

တောင်းပန်တာက လက်ဗလာနဲ့မဖြစ်သင့်ဘူးလေ

Vol. 11 Ch. 154

"ရှည်လိုက်တဲ့ ခြေတံတွေ။ အား မဖြစ်ဘူး။ ကြီးလိုက်တဲ့ရင်သား.. အား ဒါလည်းမဟုတ်သေးဘူး"

ကျန်းမုန့်လောင်က သူ့ကိုယ်သူ လူကြီးလူကောင်းတစ်ယောက်ဟု ခံယူထားသည်။ သူ့အနေနှင့် အကြည့်မလွှဲနိုင်ခြင်းမျိုးမဟုတ်ပေ။ မြင်နေရတာကို ရှောင်ရှားဖို့ နည်းနာမရှိခြင်းသက်သက်သာ။

"မစ္စတာကျန်း.. ကျွန်မ ရှင့်ကို ဒီညပြုစုပေးပါရစေ"

လီဂျီအွန်းက ယခုအထိ မော့မကြည့်သေးပေ။ သူ(မ)မှာ ကျန်းမုန့်လောင်၏အခန်းထဲသို့ လာရောက်ဖို့ကိုပင် ရှိသမျှသတ္တိ အကုန်မွေးထုတ်ထားရခြင်းကပင် သူ(မ)အတွက် လွန်လွန်းသွားပြီဖြစ်၏။

"ချင်းချိုးနိုင်ငံကလူတွေက ဒီလောက်အထိရဲကြတာလား"

ကျန်းမုန့်လောင်လည်း တဖြည်းဖြည်းစိတ်တည်ငြိမ်လာပြီး လီဂျီအွန်း၏စိတ်ထဲ ဘာတွေတွေးနေသလဲဆိုသည်ကို ခန့်မှန်းမိလာသည်။

သူ(မ)သာ သူ့အပိုင်ဖြစ်လာပါလျှင် ဖျော်ဖြေရေးလောကထဲရှိ ဆိုးယုတ်လှသော အရာများနှင့် နိုင်ငံရေးအာဏာတို့က လီဂျီအွန်းအပေါ် သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။ သူ(မ)အ‌ပေါ် မကောင်းသောရည်ရွယ်ချက်များ ထားရှိသူများလည်း ကျန်းမုန့်လောင်ကို ရန်စသင့်မစသင့် နှစ်ခါပြန်တွေးတောရတော့မည်ဖြစ်၏။

ကျန်းမုန့်လောင်၏အမျိုးသမီးအဖြစ် သူနှင့် တစ်ခါလေးပင် အတူအိပ်နိုင်ခဲ့ပါက တစ်သက်လုံး သူ့ကာကွယ်မှုအောက်တွင် နေသွားရတော့မည်သာ။ ဧကရာဇ်၏မိန်းမပျိုအလား သူ(မ)ကို နှစ်သက်မြတ်နိုးမှုလျော့သွားသည့်တိုင် သူ(မ)ကိုတော့ ဘယ်အရာရှိကမှ ထိရဲကြတော့မည်မဟုတ်။

သို့သော် လီဂျီအွန်း၏ရည်ရွယ်ချက်ကား ထိုထက်ပိုလေသည်။ အကြောင်းမှာ စုကျီဟယ်က သူ(မ)ကို အမြဲဆက်သွယ်နေသောကြောင့်ပင်။

တစ်ရက်ကုန်လွန်သွားလေပြီ။ ကျန်းမုန့်လောင်က သူတို့ကို တစ်ရက်ပင်အချိန်မပေးခဲ့ချေ။ ထိုနေ့မှာပင် ချင်းချိုးနိုင်ငံ၏ ငွေသားသိမ်းဆည်မှုက ထရီလီယံရာပေါင်းများစွာ လျော့နည်းသွားခဲ့သည်။ သူတို့တွင် ခိုင်မာလှသော ငွေကြေးထောက်ပံ့မှုကြီးရှိထားသည့်အတွက် အလျင်လိုစရာမလိုတော့ပါသော်ငြား အိမ်နီးချင်းနိုင်ငံ၏ အဖြစ်အပျက်များက ကျန့်မုန့်လောင်သာ ချင်းချိုနိုင်ငံတွင် ရှိနေသရွေ့ သူတို့လည်း အလားတူအခြေအနေမျိုးကို အချိန်မရွေးခံစားရနိုင်သည်ဟု သတိပေးနေသည်။

ထို့ကြောင့် သူတို့အနေနှင့် ကျန်းမုန့်လောင်၏စိတ်အခြေအနေကို ဖြေဖျောက်နှစ်သိမ့်ပေးပြီး သူ့ကို ချင်းချိုးနိုင်ငံမှ အေးအေးချမ်းချမ်းပြန်သွားခိုင်းမှသာ သူတို့လည်း လုံခြုံမည်ဖြစ်၏။

သို့သော် ကျန်းမုန့်လောင်က ညှိနှိုင်းဆွေးနွေးဖို့လည်း မလိုလားသလို ပြန်သွားဖို့လည်း လက်မခံပေ။ အဓိပ္ပာယ်ကား သူ့ဒေါသများမှာ လျော့ပါးမသွားသေးဟု ဆိုလိုသည်။ လိုအပ်လာလျှင် ဘယ်နည်းလမ်းနှင့်မဆို ကျန်းမုန့်လောင်ကို လက်ခံလာအောင် ညှိနှိုင်ပေးဖို့ လီဂျီအွန်းကို အထပ်ထပ်အခါခါတိုက်တွန်းထားကြသည်။ ထိုသို့မဟုတ်ပါက နိုင်ငံအတွက် သူ(မ)ကိုယ်သူ(မ) စွန့်လွှတ်အနစ်နာခံလိုက်လျှင်ပင် သူ(မ)၏မိသားစုအဖို့ အဆုံးသတ်လှနိုင်မည်မဟုတ်။

ဤအကြောင်းပြချက်ကြောင့် လီဂျီအွန်းလည်း ထိုညတုန်းက ဤမျှရဲရင့်သောအတွေးမျိုး တွေးလိုက်မိခြင်းပင်။

"မင်း ငါ့ရဲ့ကာကွယ်စောင့်ရှောက်မှုကို လိုချင်ရုံပဲဆိုရင် လွယ်ပါတယ်"

ကျန်းမုန့်လောင်က လေထဲသို့ ရုတ်တရက်လှည့်ပြောလိုက်သည်။

"ယဲ့ရင် ထွက်လာခဲ့။ ဘယ်သူ့ကိုမှမခြောက်နဲ့နော်"

"မစ္စတာကျန်း.. ဘာများလိုအပ်ပါသလဲ"

ယဲ့ရင်၏ပုံရိပ်က တံခါးအပြင်ဘက်မှ ရုတ်တရက်ထွက်ပေါ်လာပြီး လီဂျီအွန်း၏အနောက်တွင် မတ်တတ်ရပ်နေချေသည်။

လီဂျီအွန်းလည်း သူ(မ)၏အနောက်မှ တစ်စုံတစ်ယောက်ပေါ်လာလိမ့်မည်ဟု ထင်မထားသည်မှာ ရှင်းနေပေသည်။ သူ(မ)ခမျာ အကြောက်ကြောက်အလန့်လန့်ဖြစ်သွားသော်လည်း သူ(မ) အောက်ခံများကလွဲလျှင် ဘာမှဝတ်မထားကြောင်း ချက်ချင်းသတိရလိုက်သဖြင့် သူ(မ)၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ခပ်မြန်မြန်လေးကာထားလိုက်သည်။

"မကြောက်ပါနဲ့။ သူက ငါ့ရဲ့ဘော်ဒီဂတ်ပါ"

ကျန်းမုန့်လောင်က ထိုသို့ပြောရင်း ကြမ်းပြင်ပေါ်ရှိ ဝတ်ရုံကို ကောက်ယူပြီး လီဂျီအွန်းကို ခြုံပေးလိုက်သည်။

"သူတို့က မင်းရဲ့မိသားစုနဲ့အကျပ်ကိုင်ပြီး မင်းကိုခြိမ်းခြောက်နေတာလား"

လီဂျီအွန်းခမျာ တုန်ရီနေပြီးနောက် ခေါင်းညိတ်ပြလာလေသည်။ သို့သော် တကယ်တမ်းတွင် သူ(မ)ထုတ်မပြောဖြစ်လိုက်သည့် တစ်ကိုယ်ကောင်းဆန်သော အတွေးတချို့လည်း ရှိသေးသည်သာ။

"ယဲ့ရင်.. ချင်းချိုးနိုင်ငံထဲမှာ မင်းလိုလူတွေရှိသေးလား"

"တစ်ယောက်ပဲရှိပါတယ်"

ယဲ့ရင်က ပြော၏။

"ဒါပေမဲ့ လိုအပ်လာရင် ဆယ်မိနစ်အတွင်းမှာတင် ကျွန်တော် အယောက်တစ်သောင်းလောက် စုဆောင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ လူကြီးမင်းလုပ်ချင်နေတဲ့အရာအတွက်ဆိုရင် တစ်ယောက်တည်းနဲ့လုံလောက်ပါတယ်။ ချင်းချိုးတစ်နိုင်ငံလုံးကို ကမ္ဘာ့မြေပုံပေါ်က ဖယ်ရှားပစ်ဖို့ဆိုရင်တောင်မှပေါ့"

"အဲ့ဒီလောက်တောင်အစွမ်းထက်တာလား"

အမှန်အတိုင်းပြောရပါလျှင် ယဲ့ရင်တစ်ယောက် နံရံကိုဖြတ်လျှောက်ပြီး လေထဲ လမ်းလျှောက်နေသည့်ပုံစံများကို ကျန်းမုန့်လောင် မြင်ထားဖူးပြီးသားပင်။ သို့သော် သူ့လိုလူတစ်ယောက်၏ လုပ်ဆောင်နိုင်စွမ်းကိုမူ အနည်းအကျဉ်းသာ သိထားသေးသည်။ သူတို့တွင် လူသားနယူကလီးယားလက်နက်တစ်ခုသဖွယ် အစွမ်းရှိနေလေသလား။ "Infinite Terror"ဟူသော စိတ်ကူးယဉ်သိပ္ပံဝတ္ထုထဲက ပြန်လည်မွေးဖွားလာသူများလို မြို့ကြီးတစ်မြို့ကို လက်သီးတစ်ချက်တည်းနှင့် ပြားချပ်သွားအောင် လုပ်နိုင်သူများလေလား။

လီဂျီအွန်းအဖို့တော့ သူ(မ)၏အမူအရာများမှာ ပို၍ပင်ချဲ့ကားရာရောက်သေးသည်။ သူ(မ)၏ဘေးမှ ဤပုဂ္ဂိုလ် တိတ်တိတ်လေးပေါ်ပေါက်လာသည်ကပင် ဆိုးဝါးလှချေပြီ။ ချင်းချိုးနိုင်ငံကို ကမ္ဘာ့မြေပုံထဲက ပျောက်ကွယ်သွားအောင်လုပ်မည့်အကြောင်း ပြောလိုက်ခြင်းမှာ ဤလူသည် အကြမ်းဖက်သမားတစ်ယောက်လေလား။ သို့မဟုတ် Animeအများကြီးကြည့်ပြီး ဝတ္ထုအများကြီးဖတ်ကာ စိတ်ကူးယဉ်ဆန်နေသော လူငယ်တစ်ယောက်လေလား။

"ချင်းချိုးနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တစ်ခေါက်လောက်အလည်သွားလိုက်ပါ့လား"

ကျန်းမုန့်လောင်က အကြံပြုလိုက်သည်။

"မစ္စတာကျန်း.. လူကြီးမင်းကိုကာကွယ်ပေးဖို့က ကျွန်တော့်ရဲ့ဦးစားပေးတာဝန်ပါ။ လူကြီးမင်း ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့စွမ်းအားတွေ မပိုင်ဆိုင်သေးသရွေ့ ကျွန်တော် လူကြီးမင်းရဲ့ဘေးနားကနေ ခွာမှာမဟုတ်ပါဘူး"

ယဲ့ရင်က ဤသို့နှယ်ဆို၏။

"နေပါဦး။ အဲ့ဒီကျောင်းတော်ကတစ်ဆင့် ငါလည်း မင်းလိုမျိုး အစွမ်းထက်လာနိုင်တယ်လို့ ပြောလိုက်တာလား"

ကျန်းမုန့်လောင်က အဓိကအချက်ကို ရိပ်စားမိလိုက်သည်။

"အချိန်ကျရင် သိရပါလိမ့်မယ်။ မစ္စတာကျန်း.. လူကြီးမင်းရဲ့အဖေက လူကြီးမင်း ဝင်ခွင့်မအောင်သေးသရွေ့ မသိသေးတာပဲကောင်းတယ်လို့ အမိန့်ပေးသွားပါတယ်"

ယဲ့ရင်က ပြောသည်။

"ဒီလောက်တောင်လျှို့ဝှက်တာလား"

ကျန်းမုန့်လောင်က ခပ်ဖွဖွရေရွတ်လိုက်သည်။

"ကဲ ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်က ဒေါ်လာသုံးရာဘီလီယံပဲကျန်တော့တာလေ။ နှစ်သစ်ကူးမတိုင်ခင် ငါ မစ်ရှင်အောင်ဖို့ ကြိုးစားပါ့မယ်"

"ချင်းချိုးနိုင်ငံက အဲ့ဒီလူ… မင်း ကမ္ဘာမြေရဲ့လှုပ်ရှားမှုကို ထိန်းချုပ်နိုင်လား"

ကျန်းမုန့်လောင်က မေးလိုက်၏။

"မစ္စတာကျန်း..လူကြီးမင်းရဲ့အမိန့်ကသာ အမြင့်ဆုံးအာဏာပါပဲ"

"ကောင်းပြီလေ။ ဒါဆို ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မိသားစုနေအိမ်ကိုသွားပြီး စုကျီဟယ်ကို သွားပြောလိုက်။ လီဂျီအွန်း လီဆာ ဒါမှမဟုတ် လျိုရန်နာရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကို နည်းနည်းလောက်လေးခြိမ်းခြောက်မယ်ဆိုရင်တောင် ငါက သူတို့ရဲ့ရေ လျှပ်စစ်မီးနဲ့ဓာတ်ငွေ့တွေကို ဖြတ်တောက်ပစ်ရုံတင်မကဘူး။ နိုင်ငံခြားက ရေနံတင်သွင်းမှုကိုပါ တစ်စက်မကျန်ဖြတ်တောက်ပစ်မှာမို့ သူတို့ဘာသာ ဆက်ရပ်တည်နိုင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်း သွားပြောချေ"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း.. လူကြီးမင်းရဲ့တောင်းဆိုမှုကို ကျွန်တော်နားလည်ပါတယ်"

ယဲ့ရင်က ရုတ်တရက်မျက်လုံးမှိတ်လိုက်ပြီး ထိုနေရာမှာပင် မလှုပ်မယှက်ရပ်နေပေသည်။

"မင်း ဒီနေရာကနေ တယ်လီဂရမ်ပို့နေတာလား"

ကျန်းမုန့်လောင်က ခပ်ပြုံးပြုံးပြောလိုက်သည်။

ခဏအကြာတွင် ယဲ့ရင်က မျက်လုံးပြန်ဖွင့်လာ၏။

"မစ္စတာကျန်း.. ကျွန်တော်တို့ ဒီရလဒ်ကို နောက်ငါးမိနစ်အတွင်း သိရနိုင်ပါတယ်"

"အင်း အရမ်းကောင်းတယ်။ မင်း သွားလို့ရပြီ"

"ဟုတ်ကဲ့"

ယဲ့ရင်က ပြန်ဖြေပြီးနောက် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားချေသည်။

"ကောင်းပြီ။ ဂျီအွန်း.. သူတို့ အခုဆိုရင် မင်းရဲ့မိသားစုကို ဘာမှလုပ်ရဲတော့မှာမဟုတ်ဘူး။ မင်း စိတ်ချလက်ချသွားအိပ်ချေတော့"

ကျန်းမုန့်လောင်က လီဂျီအွန်းကို ပြောလိုက်သည်။

"ပြီးတော့ ငါ့မှာ ချစ်သူရှိတယ်။ အဲ့ဒါကြောင့် ငါ့ကို ယုတ်ညံ့တဲ့လူလို့ မထင်လိုက်လေနဲ့။ တကယ်တော့ ငါ မင်းတို့သုံးယောက်ကို ဒီကိုခေါ်လိုက်တာက ငါ့ကောင်မလေးနဲ့ငါက မင်းတို့ရဲ့ပရိသတ်တွေဖြစ်နေရုံသက်သက်ကြောင့်ပဲ"

"မစ္စတာကျန်း တကယ်တော့လေ…"

လီဂျီအွန်းမှာ ခံစားချက်ကို ထုတ်ဖော်ပြောဆိုတော့မည့်အချိန်မှာပင် ဝတ်ရုံအိတ်ကပ်ထဲရှိ သူ(မ)၏ဖုန်းက ထမြည်လာသည်။

"မစ္စတာကျန်း.. ကိုယ်စားလှယ်စုခေါ်နေတာ.."

"ကိုင်လိုက်လေ။ စပီကာဖွင့်ထားလိုက်"

ကျန်းမုန့်လောင်က ထိုသို့ညွှန်ကြားလိုက်သည်။

"လီဂျီ..မိန်းကလေးလီ..ကျုပ်တောင်းပန်ပါတယ်။ ကျုပ်အမှားပါ။ ကျုပ်က လူကိုမဟုတ်တာပါ။ ကျုပ် မင်းရဲ့မိသားစုကိုအကျပ်ကိုင်ပြီး မင်းကိုမခြိမ်းခြောက်ခဲ့သင့်ဘူး။ ကျုပ် ထပ်မလုပ်ရဲတော့ပါဘူး"

"ဒါက…"

ဤသည်မှာ စုကျီဟယ်၏အသံမှန်း လီဂျီအွန်းအတပ်သိသော်ငြား စုကျီဟယ် ဤမျှနှိမ့်ချစွာပြောသည့်စကားမျိုးကိုတော့ တစ်ခါမှမကြားဖူးပေ။ ပုံမှန်ဆိုလျှင် သူ(မ)နှင့်စကားပြောလျှင် သူ့လေသံက အလွန်မောက်မာထောင်လွှားလွန်းသည်။

"ကိုယ်စားလှယ်စု.. အကုန်အဆင်ပြေရဲ့လား"

"ဟင့်အင်း ဟင့်အင်း ဟင့်အင်း..မိန်းကလေးလီ..ကျေးဇူးပြုပြီး ကျုပ်ကို တလေးတစားမပြောပါနဲ့။ ကျုပ် တောင်းပန်ပါတယ်။ ကျုပ်ကိုခွင့်လွှတ်ပေးပါ။ မစ္စတာကျန်းရဲ့လူယုံက ကျုပ်ကိုမသတ်ရင်တောင် ကျုပ်တို့ဝန်ကြီးချုပ်က သတ်လိမ့်မယ်ဗျ"

"အဲ့ဒီလောက်တောင်ပြင်းထန်တာလား"

လီဂျီအွန်းက ကျန်းမုန့်လောင်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။

ကျန်းမုန့်လောင်၏လူယုံက ငါးမိနစ်အတွင်း ယခုလိုအမိန့်မျိုးထုတ်ပြန်လာရလောက်အောင်အထိ စုကျီဟယ်ကို ဘာများလုပ်ခဲ့တာပါလိမ့်။

"ငါ ရှင်းလိုက်မယ်"

ကျန်းမုန့်လောင်က လီဂျီအွန်း၏လက်ထဲကဖုန်းကို လှမ်းယူလိုက်သည်။

"စုကျီဟယ်.. ကျွန်တော်ပါ"

"မစ္စတာကျန်းလား။ မစ္စတာကျန်း.. ကျွန်တော့်ကိုချမ်းသာပေးပါဗျာ။ ကျွန်တော် မိန်းကလေးလီကို ဒီလိုနည်းလမ်းမျိုးသုံးပြီး မခြိမ်းခြောက်တော့ပါဘူး။ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"

"ခင်ဗျားက သူ့ကိုခြိမ်းခြောက်ခဲ့တာလေ။ ကျွန်တော့်ကိုမှမဟုတ်တာ။ ကျွန်တော်က ဘာလို့စိတ်ဆိုးရမှာလဲ။ ကျွန်တော့်မှာ စိတ်ဆိုးဒေါသထွက်စရာအကြောင်းမရှိဘူးလေ"

ကျန်းမုန့်လောင်၏လေသံက လှောင်ပြောင်အရွဲ့တိုက်လေဟန်လေသံကို ပြောင်းလဲသွားသည်။

"ဒါပေမဲ့ ဂျီအွန်းရဲ့မိသားစုက ခြိမ်းခြောက်ခံနေရတာဆိုတော့ ကျွန်တော့်ကောင်မလေးက သူ့ပရိသတ်လေ။ ကျွန်တော့်ကောင်မလေးက အခု တော်တော်ဒေါသထွက်နေတယ်။ ဒီတော့ ကျွန်တော်လည်း အရမ်းဒေါသထွက်တယ်"

"ကျွန်တော်နားလည်ပါပြီ"

စုကျီဟယ်က ခပ်မြန်မြန်သဘောပေါက်သွားချေသည်။

"ကျွန်တော် မနက်ဖြန်ကျရင် မိန်းကလေးလီကို လာတွေ့ပြီး သူ့ခွင့်လွှတ်မှုကိုရအောင် အကောင်းဆုံးကြိုးစားပါ့မယ်"

"အဲ့ဒါက ခင်ဗျားကိစ္စပါ"

ကျန်းမုန့်လောင်က အမှုမထားဟန်လေသံဖြင့် ပြောလိုက်လေသည်။

"စကားမစပ်…. မှတ်ထားနော်။ ကျွန်တော်တို့ဟွာရှားလူမျိုးတွေမှာ ဓလေ့တစ်ခုရှိတယ်။ တောင်းပန်ဖို့လာတာ လက်ဗလာနဲ့တော့ဖြစ်လို့မရဘူး။ ကျွန်တော်ဘာပြောတယ်ဆိုတာ ခင်ဗျားနားလည်မှာပါ"

"နားလည်ပါတယ်။ နားလည်ပါတယ်။ ကျွန်တော် မိန်းကလေးလီနဲ့ မစ္စတာကျန်းတို့ စိတ်ကျေနပ်အောင် သေချာပေါက်လုပ်ပေးမှာပါ"

*************

All Chapters