← Chapters

ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာနစ်နာကြေးက သန်းရာဂဏန်းက စတွက်တာ

Vol. 11 Ch. 155

ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာနစ်နာကြေးက သန်းရာဂဏန်းက စတွက်တာ

Vol. 11 Ch. 155

"သွားအိပ်တော့"

ကျန်းမုန့်လောင်က လီဂျီအွန်းက ပြောလိုက်သည်။

"ဒီညကိစ္စကို ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးသလို သဘောထားလိုက်ကြတာပေါ့"

"မစ္စတာကျန်း"

လီဂျီအွန်းက ရုတ်တရက်ပြောလိုက်သည်။

"ကျွန်မ ဒီညရောက်လာတာနဲ့ပတ်သက်ပြီး ရှင် ဘာအတွေးမှမရှိဘူးလား"

"ငါက ယောကျ်ားတစ်ယောက်ပါ"

ကျန်းမုန့်လောင်က ပြန်ပြောလိုက်သည်။

"အရမ်းကိုသာမန်ဆန်တဲ့ယောကျ်ားတစ်ယောက်။ ငါ့မှာသာ ရီရီမရှိခဲ့ဘူးဆိုရင် ဒီညက အုပ်စုလိုက်ပျော်ပါးဖို့ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ရီရီကြောင့် ငါ့မှာ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုနဲ့ပဲ ကျေနပ်နေခဲ့ရတယ်။ အဲ့ဒါကြောင့် မင်းရဲ့ဆွဲဆောင်မှုကို သံသယမဖြစ်လိုက်ပါနဲ့"

မြူဆွယ်ဟန်တူသော်လည်း လုံးဝရိုးသားလှသော စကားများကို ပြောပြီးနောက် ကျန်းမုန့်လောင်က တံခါးကို ချက်ချင်းပိတ်ချလိုက်သည်။

"သောက်ကျိုးနည်း.. ဒါကြီး ငါ့စိတ်စွမ်းအားကို တကယ်စိန်လာခေါ်နေတာပဲ"

ကျန်းမုန့်လောင်က သူ့ဘောင်းဘီကို ပြန်ညှိရင်း ရေရွတ်လိုက်သည်။

"လုရီယောင်.. ဒါတွေအကုန် မင်းအပြစ်တွေချည်းပဲ"

...

"မစ္စတာကျန်း.. ထဖို့အချိန်ကျပြီ"

နောက်တစ်နေ့မနက်တွင် ချိုသာလှသော အခြားအသံလေးတစ်သံက ကျန်းမုန့်လောင်ကို အိပ်ရာထဖို့ နှိုးနေချေသည်။ သို့သော် ဤတစ်ခေါက်တွင်မူ အသံကား တစ်သံမဟုတ်ဘဲ သုံးသံဖြစ်နေသည်။

"ကျစ် ကျစ်.. ငါသာ ဒါကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ရင် ကမ္ဘာ့နံပါတ်တစ်ရန်သူတော်ကြီးဖြစ်သွားနိုင်တယ်"

ကျန်းမုန့်လောင်က မျက်လုံးမှိတ်ထားလျက်သားဖြင့် ပြုံးလျက် ပြောလိုက်သည်။

ဟွာရှားနိုင်ငံတွင်းရှိ ဤအနုပညာရှင်သုံးယောက်၏ ကျော်ကြားမှုမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သူတို့ကို "မိန်းမ"ဟုခေါ်လိုက်ရုံမျှဖြင့် ကိစ္စပြတ်သွားနိုင်သည်။ ဤအနုပညာရှင်သုံးယောက်က မနေ့ညတုန်းက သူ့အိမ်မှာ လာအိပ်ရုံသာမက ယခုမနက်မှာပါ သူ့ကို အိပ်ရာလာနှိုးပေးမှန်း သိသွားကြပါလျှင် နောက်ဆက်တွဲအကျိုးဆက်ကား တွေးကြည့်၍ပင် မရနိုင်ပေ။

"ထတော့။ ထတော့။ ထတော့။ ဒါကဘဝပဲ"

လွန်ခဲ့သည့်လပိုင်းလောက်တုန်းကတော့ သူဟာ အလုပ်ရှာရင်း ခြေကုန်လက်ပန်းကျနေခဲ့သော်လည်း ရုတ်တရက်ဆိုသလို သူဟာ သာမန်လူများ လက်လှမ်းမမီနိုင်သော အထွတ်အထိပ်သို့ရောက်ရှိနေမှန်း သိလိုက်ရလိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။

"မစ္စတာကျန်း.. ကျွန်မ ရှင့်ကို အဝတ်အစားကူလဲပေးမယ်"

"မစ္စတာကျန်း.. ကျွန်မက ရှင့်အတွက် တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ပြင်ထားပေးမယ်"

"မစ္စတာကျန်း.. မနက်စာ အဆင်သင့်ဖြစ်ပြီလားလို့ ကျွန်မ သွားကြည့်လိုက်ဦးမယ်"

အနုပညာရှင်သုံးဦးမှာ ကျန်းမုန့်လောင်၏အစေခံများအလား ပျားပန်းခပ်လုပ်ကိုင်နေကြသည်။

"ဟုန်းရီ.. ငါတို့သာ ချင်းချိုးနိုင်ငံမှာ တစ်သက်လုံးနေမယ်ဆိုရင် မင်း အလုပ်လက်မဲ့ဖြစ်လောက်တယ်"

ကျန်းမုန့်လောင်က စနောက်လိုက်သည်။

"ဟားဟားဟား..မစ္စတာကျန်း ကျွန်မကတော့ အဲ့ဒါကိုမပူပါဘူး။ သူတို့မလုပ်နိုင်ဘဲ ကျွန်မလုပ်ပေးနိုင်တဲ့ကိစ္စတွေမှ အများကြီးရှိပါတယ်"

"အဲ့ဒါကြောင့် မင်းရဲ့ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံစံကို သဘောကျတာပေါ့"

ကျန်းမုန့်လောင်က ရယ်ရင်းမောရင်း ထိုသို့ပြောလျက် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ ယခုအချိန်တွင် သူ့အတွက်တော့ စကားတစ်ခွန်းဟလိုက်တာနှင့် သူ့စိတ်ကြိုက်အလှပန်းအိုးလေးများကို ပိုင်ဆိုင်နိုင်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ကမ္ဘာအနှံ့ရှိ အလှပဂေးလေးများက သူ့ကို အဖော်ပြုပေးနိုင်သည်။ သို့သော် ယခုလိုညာလက်ရုံးတစ်ယောက်ကိုတော့ ရှာရခက်ပေသည်။

အလှပဂေး‌လေးသုံးယောက်နှင့်အတူ ပျော်ရွှင်ကြည်နူးဖွယ်ရာကောင်းသော မနက်စာကို စားသောက်ပြီးနောက် ယနေ့ရောက်လာမည့် ဧည့်သည်ကို စောင့်မျှော်ကြရသည်။

မနေ့ညတုန်းက လီဂျီအွန်းပြန်သွားပြီးနောက်မှာ သူ(မ)သည် လီဆာနှင့် လျိုရန်နာတို့ကို စုကျီဟယ် လာရောက်တောင်းပန်မည့်အကြောင်းကို ပြောပြခဲ့သည်။ သို့သော် သူ(မ) ဘာကြောင့် ကျန်းမုန့်လောင်၏အခန်းထဲသို့ သွားရောက်ခဲ့သလဲဆိုသည်ကိုမူ အသေးစိတ်ပြောမပြခဲ့ပေ။ သို့သော် စုကျီဟယ် လာရောက်တောင်းပန်မည့်အကြောင်း သူတို့သိလိုက်ရသောအခါ အံ့အားသင့်သွားသော သူတို့မျက်နှာများက အထင်းသားပေါ်လွင်နေသည်။ ပုံမှန်ဆိုလျှင် စုကျီဟယ်က အလွန်မောက်မာလှသည်။ သို့တိုင် သူက ကျန်းမုန့်လောင်ကို တောင်းပန်ရလောက်အောင်အထိ နှိမ့်ချနေပြီလား။

သူတို့က နာမည်ကြီးအနုပညာရှင်များ ဖြစ်သော်ငြား ကျော်ကြားမှုဆိုသည့်အရာမှာ ထိုကဲ့သို့သော အရာရှိများ၏အရှေ့တွင်တော့ ဘာအဓိပ္ပာယ်မှမရှိချေ။ ထိုအရာရှိများက သာမန်စုံစမ်းစစ်ဆေးရေးလေးတစ်ခုမျှဖြင့်ပင် သူတို့ကို ဘဝပျက်သွားအောင်လုပ်နိုင်ပြီး သူတို့ကို ဒုက္ခရောက်အောင်လုပ်ဖို့လည်း မရေမတွက်နိုင်သော နည်းလမ်းပေါင်းများစွာရှိသည်။ မည်သို့ပင်ဖြစ်စေ ဖျော်ဖြေရေးလောက၏ အယောင်ဆောင်နယ်ပယ်ကြီးထဲဝယ် လက်ကိုသန့်ရှင်းနေအောင် ထားနိုင်သူဟူ၍ မရှိပါ။

အချို့ကိစ္စများတွင် သူတို့ကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ပါဝင်ပတ်သက်နေသည့် ကိစ္စများလည်းရှိသည်။ ပွဲကြည့်ပရိသတ်ကတော့ မည်သူ့အမှားလဲဆိုသည်ကို နှိုက်နှိုက်ချွတ်ချွတ်မဖော်ထုတ်နိုင်ပေ။ အခွန်ရှောင်မှုတချို့မျှဖြင့် နာမည်အကြီးဆုံးပါဟူသည့် သူတို့ပင် ဖယ်ကြဉ်ခံရနိုင်သည်။

ထို့ကြောင့် လူမှုအဆင့်အတန်းနှင့် အာဏာအရဆိုလျှင် စုကျီဟယ်က သူတို့အထက်တွင်သာ ရှိ၏။ သူ့ဘက်က တောင်းပန်မည်ဆိုခြင်းမှာ သူတို့နားလည်ထားသည့်ကိစ္စများကို ပျက်စီးသွားစေသည်။

"တင်းတောင်"

တံခါးဘဲလ်သံ မြည်လာချိန်မှာ ဟုန်းရီက ဧည့်ခန်းထဲက ထွက်လာလိုက်သည်။

"မစ္စတာကျန်း.. စုကျီဟယ် ရောက်နေပါပြီ"

"သူတစ်ယောက်တည်းလား"

ကျန်းမုန့်လောင်က မေးလိုက်၏။

"နောက်ထပ်နှစ်ယောက်ပါပါသေးတယ်။ သူ့လက်ထောက်တွေ ဖြစ်မယ်ထင်တယ်"

"သူ့ကိုခေါ်ခဲ့လိုက်"

"ဟုတ်ကဲ့"

ခဏအကြာတွင် အနည်းငယ်ဝဖိုင့်ဖိုင့်ရှိသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ဟုန်းရီ၏အနောက်မှ ရိုရိုကျိုးကျိုးလိုက်ပါလာပြီး သူ့ထက် ပိုပိန်လေသော ကျန်နှစ်ယောက်ကတော့ မသတီဖွယ်ရာကောင်းသော အသွင်အပြင်မျိုးရှိသည်။ သူတို့ဝတ်ထားသော ဆိုဒ်လွန်ဝတ်စုံကြီးများကြောင့် သူတို့များ ထိုဝတ်စုံများကို တစ်နေရာရာက ခိုးလာလေသလားဟု ထင်မှတ်မှားစေသည်။

"သေစမ်း.. ဒီလူက မနေ့ညတုန်းက သွေးစုပ်ဖုတ်ကောင်တစ်ကောင်နဲ့များ ဝင်တိုးခဲ့တာလား"

စုကျီဟယ် မျက်နှာမော့လိုက်ချိန်မှာ ဖြူရော်ရော်မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်တည်ဆောက်ပုံအရဆိုလျှင် ကျန်းမာသန်စွမ်းပုံပေါ်သည်မဟုတ်ပါလော။ မနေ့ညက သရဲမတစ်ကောင်က သူ့ယန်စွမ်းအင်များကို စုပ်ယူသွားဟန်တူသည်။

"မစ္စတာကျန်း.. ကျွန်တော် ဒီလူ့ကို သုံးရက်သုံးညအိပ်မက်ဆိုးမက်အောင်လို့ မနေ့ညတုန်းက လှည့်ကွက်လေးနည်းနည်းသုံးထားတယ်။ သူ တစ်ညလုံးအိပ်မပျော်လို့ဖြစ်မယ်"

ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏နားထဲ ပဲ့တင်ထပ်လာသည်။

"မင်း သူ့ကို အခုလိုပုံစံဖြစ်အောင် ဘယ်လိုများခြောက်လှန့်လိုက်သလဲလို့ ငါတကယ်သိချင်မိတယ်"

ကျန်းမုန့်လောင်လည်း မပြုံးဘဲ မနေနိုင်တော့ချေ။

"မစ္စတာကျန်း.. မင်္ဂလာပါ။ ကျုပ်က စုကျီဟယ်ပါ။ သူတို့ကတော့ ကျုပ်ရဲ့လက်ထောက်နှစ်ယောက်ပါ။ ဒီနေ့ ကျွန်တော် ဒီမိန်းကလေးသုံးယောက်ကို စိတ်ရင်းအမှန်နဲ့တောင်းပန်ဖို့ လာခဲ့တာပါ"

စုကျီဟယ်က ကိုယ်ကိုကိုင်းညွတ်လျက် နာခံကျိုးနွံစွာ ပြုံးပြလိုက်သည်။ သူ့ပုံစံမှာ ရှေးခေတ်မိန်းမစိုးတစ်ယောက်နှင့်ပင် တူလှသည်။

"ဟင်"

ကျန်းမုန့်လောင်၏အကြည့်က စုကျီဟယ်နှင့် သူ့လက်ထောက်နှစ်ယောက်ဆီသို့ ကျရောက်သွားသည်။

"ခင်ဗျား‌က တောင်းပန်ဖို့ရောက်လာတယ်ဆိုတာ သေချာရဲ့လား"

"ဒါက.."

စုကျီဟယ်လည်း တွေဝေတုံ့ဆိုင်းသွားရသည်။

"မစ္စတာကျန်း မသင့်တော်တာတစ်ခုခုများရှိလို့လား"

"ကျွန်တော်တို့ဟွာရှားမှာ ဓလေ့တစ်ခုရှိတယ်လို့ ကျွန်တော်မပြောခဲ့မိဘူးလား။ ဒါက ချင်းချိုးနိုင်ငံဆိုပေမဲ့ ကျွန်တော့်ပိုင်နက်ထဲမှာတော့ ကျွန်တော့်နည်းလမ်းနဲ့ပဲလုပ်ရမှာပဲ။ ခင်ဗျားက ဒီကို လက်ဗလာနဲ့ရောက်လာပြီးမှ စိတ်ရင်းအမှန်လို့ လာပြောနေတာလား။ နားစမ်းပါ"

"မဟုတ်ပါဘူး။ မစ္စတာကျန်း ခင်ဗျားအထင်လွဲနေပြီ။ ကျုပ်က ဒီတစ်ခေါက် တကယ့်စိတ်ရင်းအမှန်နဲ့လာခဲ့တာပါ။ ကျွန်တော့်စိတ်ရင်းက သေးငယ်ကောင်းသေးငယ်ပေမဲ့ သေချာပေါက်နည်းလည်းမနည်းပါဘူး"

"အိုး..ဒါဆိုရင်တော့ ကြည့်ရသေးတာပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ပြီးတော့ မှတ်ထားဦး။ ဒီနေရာမှာ ကျွန်တော်တို့သုံးယောက်တောင် ရှိတာ။ ခင်ဗျားက လက်ဆောင်တစ်ခုတည်းယူလာတာဆိုရင်တော့ မဖြစ်ဘူး။ ကျန်းမုန့်လောင်ဆိုတဲ့ ကျွန်တော်က ဘယ်တော့မှမတရားမလုပ်ဘူး"

"ဒါပေါ့။ ဒါပေါ့"

စုကျီဟယ်က အလောတကြီးဆိုလာသည်။

"ဒီတစ်ခေါက် ကျွန်တော် မသင့်တော်တဲ့နည်းလမ်းတချို့သုံးပြီး ဒီမိန်းကလေးသုံးယောက်နဲ့ သူ့မိသားစုကို ခြောက်လှန့်ခဲ့မိတယ်။ ချင်းချိုးတစ်နိုင်ငံလုံးကိုယ်စား ကျွန်တော် ဒီမိန်းကလေးသုံးယောက်စလုံးကို တောင်းပန်ပါတယ်"

"မိန်းကလေးဆိုတာ ဘယ်သူ့ကိုပြောနေတာလဲ။ ခင်ဗျား စကားဘယ်လိုပြောရမလဲဆိုတာရော သိရဲ့လား"

ကျန်းမုန့်လောင်က စားပွဲကို ရိုက်ချလိုက်သည်။

"ကျွန်တော်တို့ဟွာရှားမှာ မိန်းကလေးဆိုတာ အသုံးအနှုန်းကောင်းတစ်ခုမဟုတ်ဘူး။ ခင်ဗျား ဘယ်လိုတောင်းပန်ရမလဲဆိုတာရောသိလား"

ကျန်းမုန့်လောင်၏ရိုက်ချက်ကြောင့် စုကျီဟယ်ခမျာ တုန်လှုပ်သွားပုံမှာ ထိုရိုက်ချက်က သူ့မျက်နှာထက် ကျရောက်သွားသည့်အလားပင်။

"ဒါဆို.. ဒါဆို ကျွန်တော် ဘယ်လိုပြောရမလဲ…"

စုကျီဟယ်ခမျာ လုံးဝသက်သောင့်သက်သာမဖြစ်သလို ခံစားရသည်။ 'မိန်းကလေး'ဟု မခေါ်လျှင် ဘယ်လိုခေါ်ရမလဲ။

"သူတို့ကို မစ္စလို့ခေါ်"

ကျန်းမုန့်လောင်က လေးနက်စွာဆိုလာချေသည်။

"ဒါက…"

စုကျီဟယ်ခမျာ သက်ပြင်းချလိုက်လေသည်။ ဤမိစ္ဆာကောင်ရှေ့တွင်မူ သူလည်း ရွေးချယ်စရာမရှိပါဘဲ လိုက်နာရပေလိမ့်မည်။

"ဒီကမစ္စသုံးယောက်.. ဒါက ကျုပ်တို့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စိတ်ရင်းကိုပြသတဲ့သင်္ကေတပါ"

စုကျီဟယ်က သူ့လက်ထောက်နှစ်ယောက်ကို လှည့်ကြည့်လိုက်လေရာ ထိုနှစ်ယောက်ကလည်း သူတို့၏လက်ဆွဲအိတ်များထဲမှ ဘဏ်ကတ်သုံးကတ်ကို ဆွဲထုတ်လိုက်သည်။

"အမျိုးသမီးတို့.. ဒီကတ်တစ်ကတ်ချင်းစီတိုင်းမှာ ချင်းချိုးငွေကြေးတစ်ရာဘီလီယံပါပါတယ်။ အဲ့ဒါဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုအတွက် လျော်ကြေးပါ။ အရင်ကလုပ်ခဲ့ဖူးတဲ့ မသင့်တော်တဲ့လုပ်ရပ်တွေအတွက် ကျုပ်တို့ကိုခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

စုကျီဟယ်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်လေသည်။

"ချင်းချိုးငွေတစ်ရာဘီလီယံတဲ့လား။ ခင်ဗျားလာနောက်နေတာလား"

ကျန်းမုန့်လောင်က အေးတိအေးစက်လှောင်လိုက်သည်။

"ခင်ဗျားတို့ချင်းချိုးငွေကြေးက ဒီရက်ပိုင်း ငွေကြေးတန်ဖိုး တအားကျဆင်းနေတာလေ။ အဲ့ဒါက အခုလောက်ဆိုရင် ဟွာရှားငွေကြေးသန်းငါးဆယ်လောက်ပဲ တန်တော့မယ်ထင်တယ်"

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဟွာရှားမှာ ကျွန်တော့်ရုပ်ရှင်အဖွဲ့ရဲ့သရုပ်ဆောင်တွေကို လာထိပါးရဲခဲ့တဲ့ ငတုံးတချို့ရှိတယ်။ သူတို့ စိတ်ပိုင်းဆိုင်ရာလျော်ကြေးအနေနဲ့ ဘယ်လောက်ပေးခဲ့ရလဲဆိုတာ ခင်ဗျားသိလား"

ကျန်းမုန့်လောင်က လက်တစ်ဖက်ကို မြှောက်ပြလိုက်၏။

"ဟွာရှားငွေကြေးသန်းငါးရာလား"

"ဟွာရှားငွေကြေးဘီလီယံငါးရာ"

ကျန်းမုန့်လောင်က တည်ငြိမ်လှသော လေသံဖြင့် ပြောလိုက်သည်။

"ဒီလိုကိစ္စမျိုးမှာ စိတ်ပိုင်းဆိုင်ရာနစ်နာကြေးကို ဘီလီယံနဲ့တွက်မပေးဘူးဆိုရင်တော့ ကျွန်တော်က ဒါကို အပြောသက်သက်ပဲလို့ သတ်မှတ်တယ်"

********

All Chapters