← Chapters

LEနဲ့ YGရဲ့ရှယ်ယာတွေက ကောင်းတယ်လို့ထင်တယ်

Vol. 11 Ch. 156

LEနဲ့ YGရဲ့ရှယ်ယာတွေက ကောင်းတယ်လို့ထင်တယ်

Vol. 11 Ch. 156

"စိတ်ပိုင်းဆိုင်ရာနစ်နာမှုအတွက် ဟွာရှားငွေငါးရာဘီလီယံတဲ့လား"

ထိုပမာဏကို ကြားလိုက်ရသောအခါ စုကျီဟယ်၏မျက်နှာဟာ တောင့်တင်းသွားလုနီးပါးပင်။ ဒါက ဘယ်လိုဟာသမျိုးလဲ။ ဘယ်လိုစိတ်ပိုင်းဆိုင်ရာနစ်နာမှုမျိုးက ဒီလိုပမာဏမျိုးကို တောင်းဆိုနိုင်ရတာလဲ။ ဒါကြီးက ဓားပြတိုက်နေတာပဲ။

"ခင်ဗျားမယုံရင် ဟွာရှားမှာ ကိုယ်တိုင်လိုက်မေးကြည့်လို့ရတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အဲ့ဒီလူက ကျွန်တော့်ကို လာအာခံလို့ သူ့ကုမ္ပဏီကို ဒေဝါလီခံအောင် လုပ်ပစ်ပြီး အနှိပ်ခန်းအဖြစ် ပြောင်းပစ်လိုက်တာ။ အိုး ဟုတ်သားပဲ။ အဲ့ဒီကော်ပိုရေးရှင်းကြီးရဲ့နာမည်က ဝမ်ယိတဲ့။ ကိုယ်စားလှယ်စု ကြားဖူးလောက်ပါတယ်"

"ကျုပ် ကြားဖူးပါတယ်။ အဲ့ဒါက အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီးတန်တဲ့ လုပ်ငန်းစုကြီးလေ"

စုကျီဟယ်က ကျန်းမုန့်လောင်ပြောသောစကားများကို သံသယမရှိပေ။ သူသည် ထိုကဲ့သို့သောအရာမျိုးကို လုပ်ဆောင်နိုင်လောက်သည့် လူတစ်ယောက်ပင်။

"စဉ်းစားကြည့်လိုက်စမ်းပါ။ အများပိုင်ကုမ္ပဏီတစ်ခုကတောင် လျော်ကြေးငွေငါးရာဘီလီယံပေးတယ်ဆိုမှတော့ ခင်ဗျားတို့လို နိုင်ငံတစ်နိုင်ငံက ချင်းချိုးငွေကြေးတစ်ရာဘီလီယံလောက်တော့ အနည်းဆုံးပေးသင့်တာပေါ့။ ကျွန်တော် ခင်ဗျားတို့အစား ရှက်လိုက်တာ"

တကယ်တမ်းတွင် လီဂျီအွန်းနှင့် ကျန်နှစ်ယောက်မှာ ထိုလျော်ကြေးငွေမျှဖြင့် ကျေနပ်နေပြီဖြစ်၏။

သူတို့သုံးယောက်ထဲတွင် ဝင်ငွေအများဆုံးရှိသည့် လီဂျီအွန်းကသာ တစ်နှစ်လုံး အလုပ်ကြိုးကြိုးစားစားလုပ်ပြီးမှ ဤမျှပမာဏကို ရနိုင်ခြင်းသာ။ လီဆာနှင့် လျိုရန်နာတို့မှာမူ ဤပမာဏကိုပင် မရှာနိုင်ပေ။ သူတို့အတွက်တော့ ဤလျော်ကြေးငွေက အလွန်များပြားလှသော ပမာဏတစ်ခုသာဖြစ်သည်။

ချင်းချိုးငွေကြေးတစ်ရာဘီလီယံဆိုသည်မှာ မည်သူ့အတွက်မဆို ချမ်းသာကြွယ်ဝသော ဘဝတစ်ခုကို ရရှိနိုင်စေသည့် ပမာဏမျိုးပင်။ သို့သော် ကျန်းမုန့်လောင်၏ပါးစပ်ထဲမှာတော့ ထိုအရာကား သူတောင်းစားတစ်ယောက်ကို ပစ်ပေးလိုက်သည့် အကြွေတစ်စေ့အလားပင်။ သူတို့၏ကမ္ဘာ့အမြင်များကို ပျက်စီးသွားစေသည်။

"ခင်ဗျားအနေနဲ့ စိတ်ရင်းအမှန်ကို ဒီလောက်ပဲထုတ်ပြနိုင်တယ်ဆိုရင် ဒီအလှလေးသုံးယောက်က ခင်ဗျားကို ခွင့်လွှတ်ပေးနိုင်ပါ့မလားဆိုတာတော့ မသိဘူး။ ကျွန်တော့်ကောင်မလေးကတော့ သေချာပေါက် ဒေါသထွက်နေဦးမှာပဲ။ သူဒေါသထွက်ရင် အကျိုးဆက်တွေကလည်း ပြင်းထန်မှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ဒေါသထွက်မိမှာမို့လို့ပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကြည့်ရတာတော့ ခင်ဗျားက ဒီကိစ္စကို အလေးအနက်မထားဘူးထင်တယ်။ ခင်ဗျားတို့ရဲ့လျှပ်စစ်မီး ရေနဲ့ ဓာတ်ငွေ့တွေကို…."

"မစ္စတာကျန်း..နေပါဦး နေပါဦး။ အထင်လွဲနေပါပြီ"

စုကျီဟယ်က ခပ်မြန်မြန်ငြင်းချက်ထုတ်လိုက်ရသည်။

"မင်းတို့ပြင်ဆင်ထားတာ ဒါအကုန်ပဲလား။ အကုန်ထုတ်လိုက်စမ်းပါ"

လက်ထောက်နှစ်ယောက်ခမျာလည်း ချက်ချင်းပင် သူတို့အိတ်ထဲကို တစ်ဖန်မွှေနှောက်ရှာဖွေလိုက်ပြီးနောက် နောက်ထပ်ကတ်များကို ထုတ်ယူလိုက်ကြသည်။

"မစ္စတာကျန်း.. ခုနတုန်းက ကျုပ်တို့မှားသွားတာပါ။ ဒီကတ်သုံးကတ်က ဂျီအွန်းအတွက်သက်သက်ပါ။ လီဆာနဲ့ ရန်နာတို့အတွက်က ဒီမှာပါ"

ဘဏ်ကတ်အထပ်လိုက်ကြီးကို စားပွဲပေါ်တွင် ခင်းကျင်းလိုက်လေရာ ငွေနံ့များ သင်းနေချေတော့သည်။

"ဒါပဲလား"

ကျန်းမုန့်လောင်ကတော့ မကျေနပ်သေးပေ။

"ကြည့်ရတာ ခင်ဗျားတို့တွေအကုန်လုံး ကျွန်တော်ပြောတာကို နားမလည်ဘူးထင်တယ်။ ကော်ပိုရေးရှင်းတစ်ခုကတောင် ဟွာရှားငွေငါးရာဘီလီယံထုတ်နိုင်တယ်ဆိုရင် ခင်ဗျားတို့လို နိုင်ငံတစ်နိုင်ငံက ချင်းချိုးငွေကြေးတစ်ထောင်ဘီလီယံလောက် ထုတ်နိုင်ရမှာမဟုတ်ဘူးလား။ ခင်ဗျားတို့ အဲ့ဒီလောက်ဆင်းရဲမယ်လို့ မထင်ပါဘူး။ ဟုတ်တယ်မလား"

"ဟုန်းရီ..သူတို့ကိုပြန်လွှတ်လိုက်တော့။ ငါတို့ ဒီနေ့လယ်ပဲ ပိုက်ဆံတွေအကုန်ပြန်ထုတ်ကြမယ်။ ပြီးရင် ရေ လျှပ်စစ်မီးနဲ့ ဓာတ်ငွေ့တွေကို မနက်ဖြန်ကျရင် ဖြတ်တောက်ပစ်မယ်။ နောက်ပြီးတော့ သူတို့ရဲ့ချင်းချိုးမြေတွေကို ပြန်သိမ်းလိုက်မယ်။ ငါ့ဘိုးဘေးတွေက ရာသက်ပန်ဖွံ့ဖြိုးတိုးတက်မှုနဲ့ အသုံးပြုခွင့်ကို ဝယ်ယူထားတာ ငါမှတ်မိသေးတယ်"

"ဘာ?"

စုကျီဟယ်ခမျာ နှလုံးခုန်မြန်သွားရသည်။ ကျန်းမုန့်လောင်တွင် ချင်းချိုးနိုင်ငံ၏ မြေကွက်များအတွက် ရာသက်ပန်အသုံးပြုခွင့်ရှိနေကြောင်း သူ မသိထားပေ။

"အိုး.. ခင်ဗျားမသိဘူးလား"

ခေါင်းခြောက်သွားဟန်တူသော စုကျီဟယ်၏အမူအရာကို မြင်သောအခါ သူ ထိုအကြောင်းကို မသိသေးမှန်း ကျန်းမုန့်လောင် သဘောပေါက်လိုက်သည်။

"ခင်ဗျားတို့ရဲ့ နိုင်ငံတော်မြေယာဌာနကို မေးကြည့်လိုက်လို့ရတယ်။ ခင်ဗျားတို့ရဲ့မြို့တော်ချိုးယွမ်မှာရှိတဲ့ မြေကွက်ဆယ်ပုံတစ်ပုံကို ကျွန်တော့်ဘိုးဘေးတွေပိုင်တာ။ ကျွန်တော်မှတ်မိသလောက်ဆိုရင် အဲ့ဒီတုန်းက ခင်ဗျားတို့ချင်းချိုးနိုင်ငံက တည်တောင်မတည်ထောင်ရသေးဘူး။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုကို သက်ရောက်မှုမရှိပါဘူး"

စုကျီဟယ်က သူ့ဖုန်းကို ကပျာကယာထုတ်ယူလိုက်ပြီး နိုင်ငံတော်မြေယာဌာနကို ဖုန်းဆက်လိုက်သည်။

"ကိုယ်စားလှယ်အန်း..ကျွန်တော်ပါ စုကျီဟယ်"

"လောင်စု..ဘာကိစ္စလဲ"

"ကျုပ်တို့မြို့တော်ချိုးယွမ်မှာရှိတဲ့ မြေယာဆယ်ပုံတစ်ပုံကို တခြားတစ်ယောက်ယောက်က ပိုင်တာလား"

"ခင်ဗျားက အဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ"

ကိုယ်စားလှယ်အန်း၏ အမူအရာက ချက်ချင်းပြောင်းလဲသွား၏။ ဤသည်မှာ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ မြေယာဌာနရှိ အဓိကပုဂ္ဂိုလ်များနှင့် သမ္မတကလွဲလျှင် ဤအကြောင်းကို မည်သူမှ သိခွင့်မရှိချေ။

သူတို့မြို့တော်၏ မြေယာဆယ်ပုံတစ်ပုံကို တခြားတစ်ယောက်ယောက် ပိုင်ဆိုင်ကြောင်းကိုသာ သိသွားကြပါလျှင် လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံး ဗြောင်းဆန်သွားပေလိမ့်မည်။ မြို့တော်သည် အခြားလူတစ်ယောက်၏ ပိုင်ဆိုင်မှုတစ်ခုဖြစ်နေခဲ့ပါက ထိုနိုင်ငံအတွက် ဘာဂုဏ်သိက္ခာများ ရှိဦးမည်လဲ။

"ပြောစမ်းပါဦး။ ဘာတွေဖြစ်နေတာလဲ"

"အဲ့ဒီကိစ္စက လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်တုန်းကပဲ။ ချောင်းမိုနိုင်ငံနဲ့ နိုင်ငံခွဲမထွက်ခင်တုန်းက ဟွာရှားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ကျုပ်တို့မြေကို ရောက်လာခဲ့တယ်။ အခုတော့ အဲ့ဒီမြေက ချိုးယွမ်ဆိုတဲ့နာမည်နဲ့ပေါ့။ မြေဆိုးမြေညံ့တွေနဲ့ပြည့်နှက်နေခဲ့တာလေ။ အဲ့ဒီအချိန်တုန်းက ကျုပ်တို့လည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံအသည်းအသန်လိုအပ်နေခဲ့တာ။ အဲ့ဒါကြောင့် မြေကွက်ငါးဆယ်စတုရန်းကီလိုမီတာကို ရောင်းချခဲ့တယ်"

"အဲ့ဒါက တကယ်ကြီးလား"

စုကျီဟယ်ခမျာ ကျန်းမုန့်လောင်ကို ကြည့်ရင်း မျက်ဝန်းထဲဝယ် ကြောက်ရွံ့မှုတို့က အထင်းသား။

"အဲ့ဒီမြေနေရာက ဘယ်နေရာလဲ"

"လက်ရှိ ကျုပ်တို့ရဲ့ဘဏ်၊ စွမ်းအင်ဌာန၊ မြေယာဌာန၊ ဘဏ္ဍာရေးဌာနအပြင် နိုင်ငံတော်ခန်းမနဲ့ အစိုးရဗဟိုဌာနတွေအကုန်လုံးက အဲ့ဒီမြေပေါ်မှာရှိနေတာ"

"ဘာ?"

"အဲ့ဒီဟွာရှားစီးပွားရေးလုပ်ငန်းရှင်ရဲ့အမြင်က သိပ်ထက်မြက်တာ။ သူက ဒီနေ့ခေတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးမြေကွက်တွေကို ရွေးချယ်ခဲ့တာလေ။ အခု ကျုပ်တို့ အဲ့ဒီမြေကွက်ကို ဆုံးရှုံးလို့မဖြစ်တော့ဘူး။ အဲ့ဒီလူသာ ဒီမြေကွက်ကို ပြန်လာသိမ်းခဲ့ရင် ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး။ ဟားဟားဟား"

"တီ"

စုကျီဟယ်က ဖုန်းချလိုက်သည်။ ကိုယ်စားလှယ်အန်း၏ရယ်သံကား ယခုမူ သူ့အား လှောင်ပြောင်ရယ်မောနေသည့်နှယ်။

"အကုန်နားလည်ပြီလား"

ကျန်းမုန့်လောင်က လှောင်ရယ်လိုက်သည်။

"စကားမစပ် ကိုယ်စားလှယ်စု.. ခင်ဗျား အဲ့ဒီမြေကွက်ကို ကျွန်တော့်ကိုပြန်ပေးမလား။ ဒါမှမဟုတ် လျော်ကြေးကို ငွေသားနဲ့ပေးမလား။ လက်ရှိအိမ်ခြံမြေဈေးနှုန်းအရဆိုရင် တစ်စတုရန်းကီလိုမီတာအတွက် ချင်းချိုးငွေကြေးနှစ်ရာသုံးရာထရီလီယံလောက်တော့ ရှိမယ်။ ဟုတ်တယ်မလား"

"မစ္စတာကျန်း.. ရှင်မှားနေပြီ"

ဟုန်းရီက ကြားဖြတ်ဝင်ပြောလာသည်။

"ရှင်ပြောတဲ့မြေကွက်ဈေးနှုန်းက အချိန်ကန့်သတ်ထားတဲ့ ပိုင်ဆိုင်မှုတစ်ခုအပေါ် မူတည်ပြီးတွက်တာ။ ရှင့်ဘိုးဘေးက ရာသက်ပန်ပိုင်ဆိုင်ခွင့်ကို ဝယ်ယူခဲ့တာလေ။ တစ်ဆယ်နဲ့မြှောက်မယ်ဆိုရင်တောင် ပြဿနာမရှိဘူး"

"အိုး အဲ့လိုလား"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို အခုချက်ချင်းငွေလွှဲပေးမယ်ဆိုရင်ရော"

စုကျီဟယ်ခမျာ ခန္ဓာကိုယ်နှစ်ခြမ်း ကွဲထွက်သွားတော့မည့်အလား ခံစားရသည်။ ထိုချင်းချိုးငွေကြေးပမာဏကို သူ မတတ်နိုင်ပေ။ သူ တတ်နိုင်လျှင်တောင် ထိုကိစ္စမှာမဖြစ်နိုင်ချေ။

"ဒါဆို ဘာပိုက်ဆံမှမရှိဘူးလား"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

"ပြဿနာမရှိပါဘူး။ ဒါဆို ကျွန်တော်လည်း မြေကွက်ကို ပြန်သိမ်းရတာပေါ့။ အခုဆိုရင် အဲ့ဒီနေရာက မြို့လယ်ခေါင်ဖြစ်နေပြီလို့ကြားထားတယ်။ ဟုတ်လား"

"ဟုန်းရီ… မနက်ဖြန်ကျရင် ဟွာရှားကနေ မြေတူးသမားအဖွဲ့တစ်ဖွဲ့ကို ခေါ်လိုက်။ တစ်နှစ်ဝင်ငွေတစ်သန်းရယ် လူမှုဖူလုံရေးနဲ့ အဆင့်အမြင့်ဆုံးအကျိုးခံစားခွင့်တွေပေးထားလိုက်။ အဲ့ဒီအဆောက်အအုံတွေကို ဖြိုချခိုင်းပေး။ ငါ အာရှရဲ့အကြီးဆုံးအနှိပ်ခန်းကြီးကို ဒီနေရာမှာဆောက်ချင်တယ်"

စုကျီဟယ်ခမျာ ရုတ်ခြည်းဆိုသလို နှလုံးထဲမှ စူးရှစွာနာကျင်သွားရသည်။

"မစ္စတာကျန်း.. ခင်ဗျား ဒီလိုလုပ်လို့မရဘူးလေ။ ကျုပ်တို့နိုင်ငံရဲ့ အဓိကအဆောက်အအုံတော်တော်များများက အဲ့ဒီနေရာမှာရှိနေတာ"

"ကျွန်တော့်အနေနဲ့ ကိုယ့်မြေပေါ်မှာ ကိုယ်ကြိုက်တာလုပ်လို့ရတယ်။ ခင်ဗျားနဲ့ဘာဆိုင်လဲ"

ကျန်းမုန့်လောင်ကလည်း မောက်မာမှုအပြည့်ဖြင့်‌ ပြောလိုက်သည်။

"မစ္စတာကျန်း.. ခင်ဗျားကြိုက်တဲ့ဈေးကို သတ်မှတ်လိုက်ပါ။ ကျုပ်တိုတတ်နိုင်သရွေ့ လုပ်ပေးပါ့မယ်"

စုကျီဟယ်၏ စိတ်ပိုင်းဆိုင်ရာအကာအရံကြီးကား လုံးဝပြိုလဲသွားရလေပြီ။ သူက ချင်းချိုးငွေကြေးဘီလီယံအနည်းငယ်မျှဖြင့် ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားခဲ့သော်ငြား ကျန်းမုန့်လောင်ကတော့ စင်စစ်အကြင်နာမဲ့လှသည်။

"ခင်ဗျားဘက်က အခုလိုပြောလာမှတော့ ကျွန်တော်လည်း ခင်ဗျားကို ခက်ခဲအောင် မလုပ်တော့ပါဘူး။ ခင်ဗျားတို့နိုင်ငံက အခုလောလောဆယ် ရုန်းကန်နေရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ လျော်ကြေးအနေနဲ့ တစ်ယောက်ကို ချင်းချိုးငွေကြေးတစ်ထောင်ဘီလီယံဆိုရင်ရော ဘယ်လိုလဲ။ LEနဲ့ YGရဲ့ရှယ်ယာတွေက မဆိုးဘူးလို့ ကျွန်တော် သတင်းကြားထားတယ်။ ခင်ဗျား ဘယ်လိုထင်လဲ"

...

All Chapters