လက်ဆောင်ပေးမှုကိုတားမြစ်ထားသော တိုက်ရိုက်ထုတ်လွှင့်ခန်း
Vol. 11 Ch. 158
"အစ်ကိုကြီးရေ.. မင်း ဒီည တိုက်ရိုက်ထုတ်လွှင့်မှုလုပ်မယ်လို့ ကြားတယ်"
ကျန်းမုန့်လောင်ဆီသို့ ဝမ်လင်က ရုတ်တရက်ဖုန်းခေါ်လာသည်။
"အစ်ကိုဟုတ်လား။ ငါက၂၂နှစ်ပဲရှိသေးတာ။ မင်းကမှ အသက်၃၀လေ။ မင်း ငါ့ကို အော့နှလုံးနာအောင် လာမလုပ်လို့မရဘူးလား"
ကျန်းမုန့်လောင်က စက်ဆုပ်ရွံရှာဟန် ပြသလိုက်သည်။
"ဟားဟားဟား..ငါ နောက်ဖေးပေါက်က ခိုးဝင်လာမှာလေ။ မင်း တစ်သန်းတန်စာအိတ်နီအခုတစ်ရာကို မဲဖောက်ပေးမှာလို့ ပြောခဲ့တာမလား။ ငါ့အတွက် နှစ်ခုလောက်လုပ်စမ်းပါဦး။ ငါ့အိုင်ဒီကို မင်းကိုပြောပြမယ်လေ ဟီးဟီးဟီး"
ဝမ်လင်က ညစ်ကျယ်ကျယ်ဟန်ဖြင့် ရယ်လိုက်သည်။
"သူဌေးသားဝမ်ရေ.. မင်းက ဒုတိယမျိုးဆက်သခင်လေးမဟုတ်ဘူးလား။ မင်းရဲ့ရည်မှန်းချက်က ဒီလောက်ပဲလား။ တစ်သန်းလောက်လေးကို ဂရုစိုက်သေးတယ်ပေါ့"
"တစ်သန်းလောက်လေးတဲ့လား။ ဘုရားရေ..တစ်သန်းလောက်လေးတဲ့"
ဝမ်လင်က မကြားဝံ့မနာသာစကားများ ထုတ်ပြောပါတော့သည်။
"လူတိုင်းက မင်းလိုချမ်းသာကြွယ်ဝနေတယ်များ ထင်နေလား ဘော့စ်ကျန်းရေ။ ငါ ကျောင်းတက်နေတဲ့အချိန်တုန်းကတောင် ငါ့အဖေက ကုန်ကျစရိတ်အတွက် တစ်လကို တစ်သိန်းပဲပေးတာကွ။ တစ်သန်းဆိုတဲ့ပမာဏက အများကြီးပဲလို့။ ဟုတ်ပြီလား။ အဲ့ဒီပိုက်ဆံနဲ့ဆိုရင် ငါ အင်တာနက်ဆယ်လီလေးတစ်ယောက်ကို တစ်နှစ်နှစ်နှစ်လောက်ပျော်အောင်ထားပေးလို့ရတယ်"
"ဟားဟားဟား.. ငါပြောမယ်။ ငါ မကြာသေးခင်ကမှ ရည်းစားအသစ်တစ်ယောက်ရထားတာ။ သူ့ကောက်ကြောင်းကကွာ ကျစ် ကျစ် ကျစ်… အဲ့ဒီခါးနဲ့ခြေထောက်တွေကကွာ။ ငါ မင်းကိုပြောမယ်။ ချင်းချိုးနိုင်ငံမှာ အခုလောက်ဆိုရင် မင်းကို အလှပဂေးလေးတွေဝိုင်းနေလောက်မှာ။ လီဂျီအွန်းဆိုတဲ့ နတ်ဘုရားမအပါအဝင်ပေါ့။ မင်းကတော့ ဘဝကို ကောင်းကောင်းကြီးပျော်ပါးနေတာပဲနော် "
ဝမ်လင်က ပြောရင်းဆိုရင်း အတွေးများမှောင်မိုက်သွားရသည်။
"ဒီတော့ နတ်ဘုရားမရဲ့အရသာက ဘယ်လိုနေလဲ။ ငါသာ မင်းလိုအစွမ်းအစမျိုးရှိရင် အုပ်စုလိုက်အားကစားလုပ်ဖို့ စီစဉ်လိုက်မှာ။ အုပ်စုလိုက်လှုပ်ရှားရတာက ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာမလား"
"လစ်စမ်းပါ။ လိုရင်းကိုပြော"
ကျန်းမုန့်လောင်က ကျိန်ဆဲလိုက်သည်။
"မင်း ဒီတစ်ခေါက် ဘာအကြောင်းကို တိုက်ရိုက်ထုတ်လွှင့်မလို့လဲ။ ငါတကယ်သိချင်နေတာကွ။ မင်းရဲ့ဝေးပေါ်က အခုဆိုရင် ရှာဖွေမှုအများဆုံးစာရင်းဝင်နေပြီ"
"ဘာရယ်မဟုတ်ပါဘူး။ တေးဂီတပွဲတစ်ခုလောက် စီစဉ်ထားရုံပါ"
ကျန်းမုန့်လောင်က ရယ်လိုက်၏။
"တေးဂီတပွဲလား။ မင်း ဂီတမှူးအလုပ်ကို ပြောင်းလိုက်ပြီလား"
ဝမ်လင်က ခေါင်းခြောက်သွားရသဖြင့်မေးလိုက်သည်။
"ဘာတွေလောနေတာလဲ။ ဒီည မင်းသိရမှာပါ။ ငါ့အတွက် မှတ်တမ်းတင်ပေးထားဖို့ မမေ့နဲ့နော်။ မနက်ဖြန်ကျရင် Firewallကျော်ပြီး အဲ့ဒါကို နေရာတိုင်းမှာ ဖြန့်ပစ်မှာ"
"မင်း မပြောချင်လည်း ထားပါ။ လျှို့ဝှက်ဆန်းကြယ်နေလိုက်တာ"
ဝမ်လင်က တီးတိုးရေရွတ်သည်။
"ဒါပေမဲ့ အဲ့ဒီတစ်သန်း…"
...
ကျန်းမုန့်လောင် နာမည်ကြီးလာပြီးကတည်းက ဤသည်မှာ လူထုရှေ့တွင် ယခုလိုပုံစံမျိုးနှင့် ထွက်ပေါ်လာသည့် ပထမဆုံးအကြိမ်ပင်။ ထို့ပြင် ထိုအရာမှာ နိုင်ငံတကာတိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလည်း ဖြစ်နေပြန်သည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှုသည် ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသောကြောင့် လူတိုင်းကလည်း သိချင်စိတ်နှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေကြသည်။ ပိုက်ဆံက အရေးမကြီးပေ။ အရေးကြီးတာက စပ်စုချင်စိတ်သာ။
နေ့လယ်ခင်းတွင် ကျန်းမုန့်လောင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းလင့်ခ်ထဲသို့ လူအများအပြား ဝင်ရောက်နှင့်နေကြပြီဖြစ်၏။ တိုက်ရိုက်ထုတ်လွှင့်ခြင်းမပြုမီ နှစ်နာရီအလိုကတည်းက လူပေါင်းဆယ်သန်းလောက်က ကြိုစောင့်နေကြခြင်းပင်။ ယခုလိုတိုက်ရိုက်ထုတ်လွှင့်မှုမျိုးကို League of Legendsကမ္ဘာ့ချန်ပီယံပွဲကပင် မယှဉ်နိုင်ပေ။
ညနေခြောက်နာရီခွဲတွင်မူ ကျန်းမုန့်လောင်က တိုက်ရိုက်ထုတ်လွှင့်မှု စတင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသော အကောင့်တစ်ခုကို ဝင်လိုက်သည်။ သူ ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောမန့်များကလည်း မီးရှူးမီးပန်းများအလား ပေါက်ကွဲသွားချေသည်။
နေရာကား ကဗျာဆန်သောလေထုလေးဖြင့် ပြည့်နှက်နေပါသည့် ကြယ်တာရာစုံလင်သော ကောင်းကင်အောက်က ခေါင်မိုးထပ်လေးတစ်ခုဖြစ်ပြီး ဖောက်ထွင်း၍ မမြင်နိုင်သော ဖန်လုံအိမ်တစ်ခုကလည်း တည်ရှိလေသည်။ ထိုခေါင်မိုးထပ်တွင် ဥယျာဉ်လေးတစ်ခု၊ ရေကူးကန်တစ်ခု၊ ဆိုဖာများ၊ တီဗီတစ်လုံးနှင့်အတူ ကျန်းမုန့်လောင်အပြင် အမျိုးသမီးသုံးယောက်ကလည်း ရှိနေပြန်သည်။
"ယောကျ်ားရေ..ဒီကိုကြည့် ယောကျ်ား"
"ကျန်းမုန့်လောင်က ဓာတ်ပုံထဲကထက် ပိုကြည့်ကောင်းသားပဲ"
"လီ..လီဂျီအွန်း အဲ့ဒါလီဂျီအွန်းပဲ။ ငါ့မိန်းမလေ"
နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က အမျိုးသမီးအနုပညာရှင်သုံးယောက်၏မျက်နှာကို မြင်သွားချေသည်။ သူတို့က ကျန်းမုန့်လောင်၏ဘေးတွင် ထိုင်နေပြီး တစ်ယောက်က သူ့ကို အသီးခွံ့ကျွေးနေပြီး နောက်တစ်ယောက်က သီချင်းဆိုပြကာ သူတို့၏ပါးစပ်မှ "အိုပါး"ဟု ဆက်တိုက်ခေါ်နေလေသည်။
"ပြီးတော့ ငါ့မိန်းမလီဆာရောဟ"
"လျိုရန်နာ ငါ့မိန်းမရော"
"အချစ်ပြိုင်ဘက်တွေပဲ။ မင်းတို့ရဲ့ဓားတွေထုတ်ကြဟေ့။ ဒီနေ့တော့ ငါ ဂျီအွန်းအတွက် သူသေကိုယ်သေတိုက်ခိုက်မယ်"
"အော်မနေကြနဲ့တော့။ သူတို့ကဖြင့် ဘော့စ်ကျန်းရဲ့အိမ်ကိုတောင် ရောက်နေပြီ။ ရန်ဖြစ်နေတော့ရော ဘာထူးမှာလဲ"
"ဝူးဝူးဝူး.. မိန်းမအခိုးခံလိုက်ရတဲ့အငြိုးက မကျေနိုင်ဘူးကွ။ ငါ့လီဆာလေး"
"ဒါက တကယ့်ကို ငါ့အိပ်မက်ပဲဟေ့။ လီဆာခွာပေးတဲ့ စပျစ်သီးကိုစားရင်း ဂျီအွန်းဆိုတဲ့သီချင်းကိုနားထောင်…"
"ငါ အရမ်းတွေမနာလိုဖြစ်နေပါပြီနော်။ ချဉ်(မနာလို)လွန်းလို့ သံပုရာရည်တောင်ဖြစ်တော့မယ်"
"ဘော့စ်ကျန်းက ငါတို့နိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်နေတာကွ"
"ဒါက ဘယ်နေရာလဲဆိုတာ ပြောပြနိုင်တဲ့လူရှိကြလား"
"ငါသိတယ်။ အဲ့ဒါက ချိုးယွမ်မှာ ဈေးအကြီးဆုံးတိုက်ခန်းပဲ။ ချိုးယွမ်Tohmsonရဲ့ ပထမတန်းစားလို့လည်း လူသိများတယ်။ အဲ့ဒီနေရာမှာ ချင်းချိုးနိုင်ငံရဲ့စတားတွေအများကြီး နေကြတယ်။ ထိပ်တန်းအဆင့်စတားတွေတော်တော်များများလည်း ဒီမှာပဲနေကြတာ။ ဒီနေရာက တိုက်ခန်းတိုင်းက ချင်းချိုးငွေကြေးတစ်ရာဘီလီယံအနည်းဆုံးပဲ"
"ဒီလိုအကွက်မျိုးနဲ့သာဆိုရင်တော့ ဘော့စ်ကျန်းက ဝန်ကြီးချုပ်ရဲ့အိမ်မှာ သွားအိပ်တယ်ဆိုရင်တောင် ငါ အံ့ဩမိမှာမဟုတ်ဘူး"
"မင်းတို့တွေစဉ်းစားကြည့်လိုက်စမ်း။ အဲ့ဒီစတားသုံးယောက်က ဥက္ကဋ္ဌကျန်းရဲ့အိမ်ကို ဘာလို့ရောက်နေတာဖြစ်မလဲ။ သူတို့ကို ခေါ်ထားတာများလား။ ဥက္ကဋ္ဌကျန်းရဲ့ငွေကြေးအင်အားကတော့ကွာ…ကျစ်ကျစ်ကျစ် မဖြစ်နိုင်တာကြီး"
"ပေါက်ကရတွေ။ ငါ့နတ်ဘုရားမက အဲ့လိုလူစားမျိုးလို့ ထင်နေတာလား။ ဥက္ကဋ္ဌကျန်းရဲ့ဆွဲဆောင်မှုကြောင့်ပဲ ဖြစ်ရမယ်"
"ဒါက ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အကြောင်းအရာလား။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ချမ်းသာကြွယ်ဝမှုကို ထုတ်ကြွားမလို့ပေါ့လေ။ နတ်ဘုရားမတွေကို သိမ်းပိုက်ထားတဲ့အကြောင်းလား။ ဒါကြီးက မလွန်လွန်းဘူးလား"
"ဒီအတိုင်း ဖြတ်လျှောက်လေးတစ်ယောက်ပါ။ မဲဖောက်မှာက ဘယ်အချိန်လဲလို့ မေးချင်လို့"
...
"သောက်ကျိုးနည်း.. လူတွေက ဘာလို့လက်ဆောင်တွေပေးနေကြတာလဲ"
ကျန်းမုန့်လောင်က ဖန်သားပြင်ထက်တွင် ပလူပျံနေသော လက်ဆောင်များကိုကြည့်ရင်း အေးဆေးတည်ငြိမ်မှု ပျောက်ဆုံးသွားပေသည်။
အမေရိကန်ဒေါ်လာတစ်ရာဘီလီယံသည် အကောင့်တစ်ခုတည်းနှင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး ကျန်းမုန့်လောင်ကလည်း ဤအကောင့်မှတစ်ဆင့် ပေးချေမှုအားလုံးကို လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ဤအကောင့်ထဲရှိငွေများ ပြောင်သလင်းခါသွားသည်နှင့် သူ့မိဘများပေးထားခဲ့သော စမ်းသပ်ချက်ကိုလည်း အောင်မြင်ပြီးဖြစ်သည်။
သို့သော် ကျန်းမုန့်လောင် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် စာရင်းသွင်းလိုက်ချိန်တုန်းက ဘဏ်အကောင့်သည် ပင်မအကောင့်နှင့်ချိတ်ဆက်ထားသော ဟွာရှားဘဏ်အကောင့်ခွဲလေးတစ်ခုဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်လာသောဝင်ငွေများကလည်း ထိုအရန်အကောင့်ထဲသို့ ဝင်သွားပေလိမ့်မည်။
ကျန်းမုန့်လောင်အတွက် ပိုက်ဆံသုံးဖို့ဆိုသည်မှာ အလွန်ခက်ခဲလှသည်။ ယခုတော့ လူတွေက သူ့ကို လက်ဆောင်ပေးနေကြပါရောလား။ သူတို့က သူ့ကို ရန်လာစနေကြလေသလား။
"ဟေးဟေးဟေး.. လက်ဆောင်တွေမပို့ကြနဲ့တော့။ မင်းတို့တွေ ရပ်လိုက်ကြတော့။ ငါ့အတွက် ပိုက်ဆံကုန်အောင်သုံးရတာ လွယ်တယ်များထင်နေလား"
ကျန်းမုန့်လောင်က ကင်မရာကိုကြည့်၍ အော်လိုက်သည်။
"ဟန်ဆောင်နေတာပဲ။ ဘယ်လိုပြကွက်မျိုးပါလိမ့်"
"ဟားဟားဟား..ပုံမှန်ဆိုရင် လူတွေက ကြည့်ရှုသူတွေကို လက်ဆောင်ပေးဖို့အတွက် တောင်းပန်ကြတာ။ ဒါပေမဲ့ လက်ဆောင်မပေးဖို့တောင်းပန်နေတဲ့လူကိုတော့ ပထဆုံးမြင်ဖူးတာပဲ။ တကယ့်ကိုရှားပါးလွန်းတဲ့မြင်ကွင်းပါလား"
ဖြစ်ပျက်နေသည့်အရာများကို မြင်သောအခါ လက်ဆောင်ပို့ပေးသည့် အရေအတွက် လျော့မသွားပါဘဲ ပို၍ပင်တိုးလာလေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် လက်ဆောင်စုစုပေါင်းက သန်းပေါင်းများစွာအထိ ရောက်သွားပြီဖြစ်၏။
"သောက်ကျိုးနည်း.. မင်းတို့က ပိုက်ဆံတွေဆက်ပို့နေတုန်းလား"
ကျန်းမုန့်လောင်က အော်လိုက်သည်။
"ဟုန်းရီ… ဒီကိုခဏလာဦး"
"မစ္စတာကျန်း.. ဘာများလုပ်ပေးရမလဲ"
"အခုလေးတင်ပေးထားတဲ့ အဲ့ဒီလက်ဆောင်တွေကို Sharkတီဗီက လူတွေကို ပြန်ပေးလိုက်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"မစ္စတာကျန်း.. ဒါကတော့ လွယ်မှာမဟုတ်ဘူး။ ကျွန်မတို့ရဲ့သဘောတူညီချက်အရဆိုရင် သူတို့ရဲ့ပလက်ဖောင်းက ၅၀ရာခိုင်နှုန်းဖြတ်ထားတာပါ"
"ဒါဆို အဲ့ဒီ၅၀ရာခိုင်နှုန်းကို ငါလျော်ပေးမယ်။ မဖြစ်နိုင်ဘူးဆိုရင်လည်း Sharkတီဗီကို ငါဝယ်ပစ်လိုက်ပြီး ငါ့ဘာသာ ငွေပြန်အမ်းပစ်လိုက်မယ်"
"ဟုတ်ကဲ့။ နားလည်ပါပြီ"
...
ကျန်းမုန့်လောင်နှင့် ဟုန်းရီတို့ကြားရှိ စကားဝိုင်းက ကင်မရာရှေ့မှာပင် ဖြစ်ပွားနေသောကြောင့် ဤအဖြစ်က လူပေါင်းများစွာ၏အမြင်ကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်သည်။
"နှောင့်ယှက်မိလို့တောင်းပန်ပါတယ်။ နှောင့်ယှက်မိလို့တောင်းပန်ပါတယ်"
"ဒီလိုဝယ်ယူမဲ့ကိစ္စကို ဘာမှမဟုတ်သလို ပေါ့ပေါ့လေးပြောလိုက်တာလား။ ဒါကြီးက "ကြွယ်ဝချမ်းသာရေးနတ်ဘုရား"များလား"
"စဉ်းစားကြည့်လိုက်ကြစမ်း။ ဥက္ကဋ္ဌကျန်းက ချင်းချိုးဘဏ်မှာ ချင်းချိုးငွေ၇၃၀ထရီလီယံတောင်ရှိတာ။ ဟွာရှားငွေနဲ့ဆိုရင် ထရီလီယံပေါင်းများစွာတန်တယ်။ သူက ဒီလောက်ပိုက်ဆံနည်းနည်းလေးကို ဂရုစိုက်နေပါ့မလား"
"လက်ဆောင်ပို့ပေးနေတဲ့လူတွေက ဥက္ကဋ္ဌကျန်းကို စော်ကားနေတာမဟုတ်ဘူးလား"
"အားလုံးပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အဓိကအကြောင်းအရာက မစရသေးပါဘူး။ ဒါပေမဲ့ အားလုံးကိုသတိပေးထားပါရစေ။ ကျေးဇူးပြုပြီး လက်ဆောင်တွေမပို့ကြပါနဲ့။ လက်ဆောင်ပို့တဲ့လူတွေကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကနေ ချက်ချင်းကန်ထုတ်ပစ်မှာပါ"
"ခုနတုန်းက နည်းနည်းစိတ်ဆတ်သွားလို့ တောင်းပန်ပါတယ်"
ကျန်းမုန့်လောင်က ကင်မရာကိုကြည့်၍ ပြုံးပြလိုက်သည်။
"တောင်းပန်တဲ့အနေနဲ့ တစ်သန်းတန်စာအိတ်နီနှစ်ရာကို မဲဖောက်ပေးပါ့မယ်"
ဝိုး!
ထိုသတင်းတက်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ပေါက်ကွဲပါတော့သည်။
"သေစမ်းကွာ။ ငါ လိုင်းကျသွားပြီ"
"ငတုံးSharkတီဗီ.. ငါသာ မဲမပေါက်လို့ကတော့ မင်းတို့အပြစ်ပဲ။ ငါ့ဆုံးရှုံးမှုအတွက် လျော်ကြေးတစ်သန်းပေးရမှာနော်"
"ဟားဟားဟား.. ငါကတော့ အကောင့်ဆယ်ခု အဆင်သင့်ပြင်ထားပြီးသွားပြီ။ ငါ့ကို ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့"
...