ငါတော့ ဒီလိုနဲ့ပဲ မင်းကိုအညံ့ခံလိုက်ရပါပြီ
Vol. 11 Ch. 159
အပြန်အလှန်စကားပြောဆိုမှု များများစားစားမရှိသော်ငြား ကျန်းမုန့်လောင်က သူတစ်ယောက်တည်းလည်း စကားဝိုင်းတစ်ခုကို ရှေ့ဆက်နိုင်သူတစ်ယောက်ဖြစ်၏။ အထူးသဖြင့် နိုင်ငံတကာကို ဂယက်ရိုက်သွားစေခဲ့သော စီးပွားရေးသမိုင်းကြောင်းကိစ္စကိုပင်။ လူတော်တော်များများက ဤသည်မှာ နာမည်ကြီးဖို့အတွက် ကြိုတင်စီစဉ်ထားသော ကြော်ငြာတစ်ခုလားဟု ကျန်းမုန့်လောင်ကို မေးနေကြသည်။
အချို့ဆိုလျှင် ကျန်းမုန့်လောင်တင်ပြခဲ့သော ဘဏ်စုငွေသတင်းအချက်အလက်မှာ အတုကြီးဖြစ်ကြောင်းပင် သံသယဖြစ်နေကြသည်။ ချင်းချိုးနိုင်ငံရှိ ရုတ်တရက်ဆန်သော စီးပွားရေးပြောင်းလဲမှုမှာ ပြည်တွင်းအရှုပ်တော်ပုံတစ်ခုသက်သက်ဖြစ်ပြီး ကျန်းမုန့်လောင်နှင့် သက်ဆိုင်မှုမရှိဟုပင် သံသယဖြစ်နေကြသည်။ ကျန်းမုန့်လောင်က ထိုအခွင့်အရေးကို အခွင့်ကောင်းယူကာ ဒုတိယအကြိမ်နာမည်ကောင်းယူဖို့အတွက် ကြံစည်နေသည်ဟုပင် ခန့်မှန်းနေကြသည်။
ထိုကဲ့သို့သော သံသယများနှင့် ရင်ဆိုင်လိုက်ရသောအခါ ကျန်းမုန့်လောင်လည်း ခပ်ဖွဖွသာ ပြုံးလိုက်၏။ ယနေ့မှစ၍ လူတွေ၏ပါးစပ်ပေါက်များ ပိတ်သွားတော့မည်သာ။
"တစ်ယောက်ယောက် ထပ်ရောက်လာပြန်ပြီ"
"အမျိုးသားတစ်ယောက်လား။ Big Bangအဖွဲ့များလား"
"ဟင့်အင်း။ မဟုတ်ဘူးနော်။ ဒီလူတွေက ဝတဲ့လူရော ပိန်တဲ့လူရော ဖရဲသီးလို ပုတိုတိုနဲ့လူတွေရော စုံနေတာပဲ။ ဘယ်လိုလုပ်ပြီး အဲ့ဒီအဖွဲ့ဖြစ်နိုင်မှာလဲ"
"ကြည့်လိုက်ဦး။ တော်တော်များတယ်ဟ"
ကြည့်ရှုသူများ ငြီးငွေ့စပြုလာချိန်မှာပင် လူတစ်စုက ခေါင်မိုးထပ်၌ ပေါ်ပေါက်လာသည်။ ရှေ့ဆုံးမှ လူနှစ်ယောက်က ဦးဆောင်လာပြီး အနောက်မှ လူတစ်ဒါဇင်လောက်က အမှားတစ်စုံတစ်ရာ ကျုးလွန်ထားသည့်အလား ခေါင်းငိုက်စိုက်ချ၍ လိုက်ပါလာသည်။
"မင်း..သူတို့ကို အနီးကပ်ရိုက်လိုက်"
ကျန်းမုန့်လောင်က ကင်မရာကိုကြည့်၍ပြောလိုက်လေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် မှတ်တမ်းတင်ပေးနေရသူတစ်ယောက်ကို ရည်ညွှန်းခြင်းပင်။
ကင်မရာက သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာမှ ဖြတ်သန်းသွားပြီး အလင်းဖျော့ဖျော့အောက်တွင် အဆုံးမှာတော့ ကြည့်ရှုသူများလည်း ထိုလူများ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
"ဒါက ဘယ်သူလဲ။ သူတို့က ဒီမှာဘာလုပ်နေတာလဲ။ မစ္စတာကျန်းက ဘာအကွက်တွေဆင်နေတာလဲ"
"ခဏနေဦး။ ငါ ဒီလူ့ကိုမှတ်မိတယ်"
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အကုန်သိအကုန်တတ်လူတချို့လည်း ပါသည်။
"ဒါက ချင်းချိုးနိုင်ငံက စုကျီဟယ်ပဲ။ ငါ့အဖေက ချင်းချိုးနိုင်ငံက သတင်းတွေကို အမြဲကြည့်နေကျ။ မှားစရာမရှိဘူး။ သူပဲ"
ထိုသတင်းအချက်အလက်ကို အခြေခံ၍ အင်တာနက်အသုံးပြုသူများက အွန်လိုင်းတွင် စတင်ရှာဖွေကြည့်လိုက်လေရာ ချင်းချိုးနိုင်ငံသားထဲတွင် ထိုကဲ့သိုသောလူတစ်ယောက်ရှိကြောင်း သိလိုက်ရသည်။ သေချာတိုက်ဆိုင်စစ်ဆေးကြည့်လိုက်သည့်အခါ တစ်ယောက်တည်းဖြစ်နေကြောင်းကိုပါ သိလိုက်ရသည်။
"ဒီလူက အရမ်းအထင်ကြီးဖို့ကောင်းတာ။ သူတာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာပဲ ချင်းချိုးနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုက အရမ်းကိုမြန်ဆန်သွားခဲ့တာ။ မြို့တော်ရဲ့GDPကလည်း အမေရိကန်ဒေါ်လာ၁၈၀၀၀ကနေ ၃၁၀၀၀အထိ ထိုးတက်သွားပြီး ကမ္ဘာ့ထိပ်တန်းဆယ်နိုင်ငံထဲကို ဝင်နိုင်လုနီးပါးဖြစ်သွားခဲ့တယ်"
"မိုက်လိုက်တာ။ ငါ ချင်းချိုးနိုင်ငံကို သဘောတော့မကျပေမဲ့ ကြည့်ရတာတော့ စုကျီဟယ်က အစွမ်းအစရှိပုံရတယ်"
"သူက ဒီကို ဘာအတွက်ရောက်လာတာလဲ"
"ကြည့်လိုက်စမ်း။ သူ့အပြုံးက ဘယ်လောက်တောင်အတုအယောင်ဆန်လိုက်သလဲ။ ခယနေတဲ့အပြုံးမျိုး"
"တွေ့လား။ သူက ခွေးလိုဖြီးနေတာပဲ"
"မှားတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက လူတွေကိုယ်တိုင် သူ့ကိုလာအရိုအသေပေးနေကြတာပဲ။ မစ္စတာကျန်းကို တောင်းပန်ဖို့ရောက်လာတာများလား"
"ဖြစ်နိုင်တယ်။ ငါကြားတာတော့ ချင်းချိုးနိုင်ငံရဲ့ဘဏ်တွေမှာ ပြည်သူတွေက အလုအယက်ငွေထုတ်နေကြတယ်တဲ့။ မစ္စတာကျန်းသာ အခုနေ အကွက်ကြမ်းကြမ်းလေးတစ်ခု ထုတ်သုံးလိုက်ရင် သူတို့တော့သွားပြီပဲ"
"သေစမ်း..ဒါကြီးက တကယ့်ကိုကျွမ်းကျင်တဲ့လုပ်ရပ်တစ်ခုပဲ"
...
"မစ္စတာကျန်း ခင်ဗျားညွှန်ကြားထားတဲ့အတိုင်း ခင်ဗျားကို အွန်လိုင်းပေါ်မှာ အပုပ်ချခဲ့ကြတဲ့လူတွေအားလုံးကို ကျုပ်ခေါ်လာခဲ့ပါပြီ"
စုကျီဟယ်က ပြောသည်။
"ဒီလောက်နည်းနည်းလေးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
ကင်မရာကလည်း တစ်ဒါဇင်ခန့်သော ထိုလူများဆီသို့ လှည့်သွားပြန်သည်။ တစ်ယောက်ချင်းစီတိုင်းက ခေါင်းငိုက်စိုက်ချထားပြီး လှည့်စားခံထားရသူများထက်ပင် ပို၍သုန်မှုန်နေကြသည်။
"အဲ့ဒီထိပ်ပြောင်ကြီးကို ငါသိတယ်။ သူက ချင်းချိုးတက္ကသိုလ်က စီးပွားရေးမေဂျာပါမောက္ခကျွမ်းပိုင်အန်းတဲ့
"ဒီတစ်ယောက်ကိုလည်း ငါမြင်ဖူးတယ်။ စီးပွားရေးမေဂျာပါမောက္ခပဲ။ သူက စီးပွားရေးဖိုရမ်အစီအစဉ်တစ်ခုလည်း လုပ်တယ်။ ကြည့်ရသလောက်တော့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့လူထင်တယ်"
"ငါ အခုနားလည်သွားပြီ။ ဒီလူတွေက ကျန်းမုန့်လောင်ကို အွန်လိုင်းပေါ်မှာ လူလိမ်လို့သမုတ်ခဲ့တဲ့လူတွေပဲ"
"အမလေး.. ဒါကဘာလဲဟ။ ချင်းချိုးနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက သူတို့နိုင်ငံသားတွေကို ကျန်းမုန့်လောင်နဲ့ စာရင်းရှင်းရအောင် ခေါ်လာတာပေါ့။ ဒါကြီးက အရမ်းမမိုက်လွန်းဘူးလား။ သူတို့က သူတို့နိုင်ငံသားတွေပဲမဟုတ်ဘူးလား။ သူတို့က ပါမောက္ခတွေလေ။ ဒီအတိုင်းကြီး ရောင်းစားလိုက်တော့မလို့လား"
"ကျန်းမုန့်လောင်က ဒီရက်ပိုင်း ချင်းချိုးနိုင်ငံမှာ တော်တော်လေးဂယက်ထအောင် လုပ်ခဲ့တာပဲဖြစ်ရမယ်"
ယခုလေးတင် ဤလူများက ကျန်းမုန့်လောင်ကို ပုတ်ခတ်ခဲ့ကြောင်း စုကျီဟယ်က ဝန်ခံထားသည်။ ချင်းချိုးနိုင်ငံသားများ၏ မောက်မာပုံကို ကြည့်လိုက်မည်ဆိုပါက သူတို့အနေနှင့် ဘာထူးခြားဖြစ်စဉ်မှ မရှိလျှင် သူတို့နိုင်ငံသားများကို ယခုလို လွယ်လင့်တကူထိုးအပ်လိမ့်မည်မဟုတ်ပေ။
"မစ္စတာကျန်း ဒီလူတွေက အွန်လိုင်းပေါ်မှာ စီးပွားရေးပုံစံအသစ်အကြောင်း လိမ်လည်ပြောဆိုပြီး ခင်ဗျားကို အပုပ်ချခဲ့တဲ့လူတွေပါ။ ကျုပ်တို့တွေ သေချာစစ်ဆေးပြီးတဲ့နောက်မှာ သူတို့လည်း သူတို့အမှားကို လေးလေးနက်နက်နားလည်သွားပါပြီ။ သူတို့က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားကို ရှင်းပြဖို့ ဒီနေ့ ဒီနေရာကိုရောက်လာတာပါ"
"ဟားဟားဟား"
"အနိုင်ပိုင်းပစ်လိုက်ပြီဟေ့"
"ငါပြောသားပဲ။ ဒီလိုစီးပွားရေးအကျပ်အတည်းမျိုးကို ချင်းချိုးနို်ငငံသားတွေက ဘယ်လိုလုပ်ဖန်တီးနိုင်မှာလဲ။ အလကားစီးပွားရေးပုံစံအသစ်ဆိုတာတွေက တကယ်မရှိဘူး"
"သေချာကြည့်ကြ။ စကားလုံးတိုင်းက အသက်ပဲကွ"
"သူတို့ရဲ့ သေချင်စော်နံနေတဲ့ မျက်နှာကြီးတွေကို ကြည့်ပါဦး။ သူတို့သင်ခန်းစာပေးထားတာက တော်တော်ကြမ်းလောက်မှာပဲ"
...
"ကျွန်တော့်အကြောင်း ကောလာဟလတွေလိုက်ဖြန့်တာ ခင်ဗျားတို့လား"
ကျန်းမုန့်လောင်က ထိုလူများရှေ့တွင် ဖြည်းဖြည်းချင်းပတ်လျှောက်လိုက်သည်။
"ဒီစီးပွားရေးပုံစံအသစ်ဆိုတဲ့အကြံကို ဘယ်သူရတာလဲ။ ခင်ဗျားလား။ ဒါမှမဟုတ် ခင်ဗျားလား"
"ခင်ဗျားတို့ပဲ ကျွန်တော့်ကို လူလိမ်လို့ခေါ်ခဲ့တာမလား။ ခင်ဗျားတို့ရဲ့စီးပွားရေးစနစ်အတွက် ကျွန်တော့်ကို တောင်းပန်ခိုင်းခဲ့တာမဟုတ်ဘူးလား။ ကိုင်း ဆက်ပြောစမ်းပါဦး"
"ကျွန်တော် ခင်ဗျားတို့ကိုပြောမယ်။ ကျွန်တော်က လက်ရှိ ချင်းချိုးဘဏ်မှာ စုငွေ၃၄၀ထရီလီယံရှိတယ်။ ချင်းချိုးငွေ၃၀၀ထရီလီယံတန်တဲ့ ချင်းချိုးမြေကွက်တချို့လည်းရှိတယ်။ ကျွန်တော်ကဖြင့် အခုမှ စတောင်မစရသေးဘူး။ ခင်ဗျားတို့ငွေကြေးကလည်း သုံးရက်အတွင်းမှာပင် ၁၇ရာခိုင်နှုန်းလောက် ထိုးကျသွားတယ်။ ကျွန်တော့်မှာ အစွမ်းအစရှိတယ်ဆိုတာကို မယုံဘူးဆိုရင် နောက်ထပ်နည်းနည်းလောက်ထပ်ပြောကြည့်လိုက်စမ်းပါ"
"မဖြစ်နိုင်တာ။ မဖြစ်နိုင်တာ။ ခင်ဗျားမလုပ်နိုင်ဘူးဆိုတာကိုသာ ဘယ်သူမှမယုံကြတာပါ။ ဟုတ်တယ်မလား"
...
"ဟားဟားဟား အဲ့ဒီလေသံက တကယ့်ကိုခေတ်ဟောင်းလှည့်ကွက်တွေပဲ"
"ဒါကြီးကတော့ လူသတ်ပြီး နှလုံးသားကို နင်းခြေပစ်လိုက်တာပဲဟေ့"
"သောက်ကျိုးနည်း..စုငွေ၃၄၀ထရီလီယံနဲ့ မြေကွက်၃၀၀ထရီလီယံဆိုတာ အမေရိကန်ဒေါ်လာ ထရီလီယံပေါင်းများစွာနဲ့ ညီမျှတယ်နော်။ ဒီလိုရိုက်ချက်မျိုးနဲ့သာဆိုရင် ချင်းချိုးနိုင်ငံမပြောနဲ့။ အမေရိကန်နိုင်ငံတောင် ခံနိုင်မှာမဟုတ်ဘူး"
"ဒီနေ့ကစပြီး ဘော့စ်ကျန်းကို မလုပ်နိုင်ဘူးလို့ ပြောတဲ့လူမှန်သမျှကို ဘော့စ်ကျန်းတောင် လက်တစ်ချောင်းမလှုပ်ရသေးခင်မှာတင် ငါ ဇီဝိန်ခြွေပေးမယ်"
"ဒယ်ဒီ"
...
"မစ္စတာကျန်း..ကျွန်တော်တို့မှားသွားပါတယ်။ ကျွန်တော်တို့ ခင်ဗျားရဲ့ဂုဏ်သိက္ခာကို မထိပါးခဲ့သင့်ပါဘူး။ ကျွန်တော်တို့က အဲ့ဒီစီးပွားရေးပုံစံအသစ်ဆိုတာကို အလကားလျှောက်ပြောခဲ့တာပါ"
"မစ္စတာကျန်း… ကျွန်တော်တို့က နိုင်ငံတကာရဲ့အာရုံစိုက်မှုကို အသည်းအသန်လိုချင်ခဲ့မိရုံပါ။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
"မစ္စတာကျန်း.. အခု ခင်ဗျားရဲ့အဘိုးက ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို ကြိုးကိုင်ခဲ့တယ်ဆိုတာ ယုံသွားပါပြီ။ ကျွန်တော်တို့ အရင်က အရမ်းအမြင်ကျဉ်းခဲ့မိတယ်"
ကျန်းမုန့်လောင်၏မေးခွန်းနှင့် နိုင်ငံတော်ယန္တရားမှ ဖိအားများနှင့် ရင်ဆိုင်ရသောအခါ စီးပွားရေးပညာရှင်များလည်း မတတ်သာတော့ဘဲ ခေါင်းငုံ့ကာ သူတို့အမှားကို ဝန်ခံရလေတော့သည်။
ကျန်းမုန့်လောင်၏ များပြားလှသော ကြွယ်ဝချမ်းသာမှုများကို မျက်မြင်တွေ့လိုက်ရသောအခါ ထိုစီးပွားရေးပျက်ကပ်က ကျန်းမုန့်လောင်၏အဘိုး ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သူတို့ ယုံကြည်သွားကြသည်။
ချင်းချိုးတစ်နိုင်ငံတည်းရှိ ပိုင်ဆို်ငမှုများကတင် အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာတန်ပြီး ထိုအကောင့်များမှာ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုစာလောက် တည်ရှိလာခဲ့ခြင်းပင်။ ဤသည်မှာ ကျန်းမုန့်လောင်၏အဘိုးလက်ထက်တွင် သူတို့မိသားစုက ဤမျှအထိချမ်းသာကြွယ်ဝခဲ့ကြောင်း ဖော်ပြနေသည်။
ထိုကဲ့သို့သောမိသားစုတစ်စုက လက်တစ်ချက်လှုပ်လိုက်ရုံဖြင့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို ဖြစ်စေနိုင်ပေသည်။
"ခင်ဗျားတို့ရဲ့ အမှားဝန်ခံတဲ့ စိတ်နေသဘောထားက လက်ခံချင်စရာကောင်းပါတယ်"
ကျန်းမုန့်လောင်က ကျေနပ်အားရစွာဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"ခင်ဗျားတို့တွေအကုန်လုံး အခုယုံကြပြီလား"
"ယုံပါပြီ"
"ဟုတ်ကဲ့ ယုံပါပြီ"
"ပြီးတော့ ခင်ဗျား..ကိုယ်စားလှယ်စု?"
"ကျွန်…ကျွန်တော်ယုံပါပြီ"
"ကောင်းပြီ။ ဒါဆို စကားတွေပေါမနေကြနဲ့တော့။ ဒီနေ့အတွက် အဓိကအကြောင်းအရာကိုစလိုက်ကြရအောင်"
ကျန်းမုန့်လောင်က ကင်မရာကိုကြည့်၍ ပြောလိုက်သည်။
"ဘာ? ဒါက အဓိကအကြောင်းအရာမဟုတ်သေးဘူးလား"
ကြည့်ရှုသူများ၏ အမြင်တွင်မူ ပေါက်ကွဲအားပြင်းလှသော ဤဇာတ်ကြောင်းက အလွန်စိတ်လှုပ်ရှားဖို့ကောင်းနေလေပြီ။ ပါမောက္ခတစ်သိုက်က သူ့ဆီသို့ ကိုယ်တိုင်ကိုယ်ကျရောက်ချလာပြီး ရိုကျိုးစွာတောင်းပန်ခဲ့ခြင်းထက် ပိုစိတ်လှုပ်ရှားဖို့ကောင်းသောအရာက ဘာများရှိနိုင်လေမလဲ။
"ဟားဟားဟား.. မင်းတို့ကီးဘုတ်တွေကို အဆင်သင့်ပြင်ထားကြ။ ကိုယ့်လူတို့.. ခဏနေရင် ငါ မင်းတို့ရဲ့မှတ်ချက်တွေထဲကနေ အယောက်နှစ်ရာရွေးပြီး စာအိတ်နီမဲဖောက်ပေးမယ်"
ကျန်းမုန့်လောင်က အချက်ပြတုတ်တံကိုကိုင်ထားရင်း မတ်တတ်ထရပ်လိုက်သည်။
"ကောင်းပြီ။ ကဲ အခု "အောင်နိုင်သူ"သီချင်းကို စဆိုလိုက်ရအောင်"
ကျန်းမုန့်လောင်က စုကျီဟယ်ကို ညွှန်ပြလိုက်သည်။
"ခင်ဗျားလည်းဆိုရမယ်"
"ဘယ်လို..ကျုပ်..ကျုပ်..ကောင်းပါပြီ.."
စုကျီဟယ်၏မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေချေသည်။
"ကျီအန်း..ငါ့အတွက် သီချင်းဖွင့်ပေးဦး"
"တစ် နှစ် စကြစို့"
"ဒီလိုနဲ့ပဲ ငါဟာ မင်းကို အညံ့ခံလိုက်ပါပြီ…"
...
"ဟားဟားဟား မိုက်တယ်ဟေ့ အရမ်းမိုက်တယ်"
"တကယ့်အောင်နိုင်သူအစစ်ပါပဲ။ တကယ်မိုက်တယ်။ တကယ့်ကိုတော်တယ်"
"ဟားဟားဟား.. အံ့ဩလေးစားလွန်းလို့ ငါပါ အရိုအသေပေးမိနေပါပြီ"
"ဘော့စ်ကျန်းရေ ကြည့်ပါဦး။ ကျွန်တော်ဒူးထောက်ထားတာ စံမီတန်းမီဖြစ်ရဲ့လား"
...