← Chapters

ခင်ဗျားပဲတောင်းဆိုတာမဟုတ်ဘူးလား

Vol. 12 Ch. 166

ခင်ဗျားပဲတောင်းဆိုတာမဟုတ်ဘူးလား

Vol. 12 Ch. 166

"ခင်ဗျားတို့တွေက တကယ်အကွက်ရွှေ့တတ်တာပဲ။ ကျွန်တော့်ကိုသတ်ဖို့တောင် လူလွှတ်ရဲတယ်တဲ့။ ကျွန်တော်သာ အရမ်းကံကောင်းပြီး ချမ်းသာမနေရင် ဒီတစ်ခေါက်တော့ တကယ်ပြဿနာတက်သွားမှာ"

"သူတို့က ရှင့်ကိုသတ်ဖို့ လူလွှတ်ခဲ့တာလား"

အဆုံးမှာတော့ လီဂျီအွန်းလည်း သူ့နံဘေးမှနေ၍ ဤအခြေအနေ၏လေးနက်မှုကို သဘောပေါက်သွားသည်။ ကျန်းမုန့်လောင် ပြန်ရောက်လာတာ မထူးဆန်းတော့ပါ။ သူတို့၏ဆက်ဆံရေးတွင် ယခုလိုကိစ္စမျိုးရှိနေသည်။

လီဂျီအွန်းက တစ်လမ်းလုံး ကျန်းမုန့်လောင်၏အနောက်မှ လိုက်ပါလာခဲ့သည်။ ကျန်းမုန့်လောင်က လူတစ်ယောက်၏စိတ်ဝိညာဉ်ကိုပင် ဆုပ်ကိုင်ထားနိုင်လောက်သည့် ပြင်းထန်လှသော အေးစက်မှုတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ သူ့မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ မရှိသော်လည်း ကျန်းမုန့်လောင်က သူ့ခံစားချက်များကို မျိုသိပ်ထားခြင်းဖြစ်ကြောင်း လီဂျီအွန်း ခံစားမိခဲ့သည်။

ထို့ပြင် သူ(မ)ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် သူ(မ)၏အသိဉာဏ်နှင့် ရှင်းပြရန် သို့မဟုတ် နားလည်နိုင်ရန်မလုံလောက်သည့် အရာတစ်ခုကို မျက်မြင်တွေ့ခဲ့ရသည်။

ယနေ့တွင် ချင်းချိုးနိုင်ငံတွင်း၌ ထူးခြားလှသော တွေ့ဆုံမှုတစ်ခုရှိပြီး ဟိုတယ်ကိုလည်း အလွန်တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားသည်။ ဟိုတယ်ထဲသို့ ဝင်ရောက်လာသူတိုင်းကိုလည်း အသေးစိတ်စစ်ဆေးပြီး ဤအထပ်ရှိ လှေကားခွင်မှာလည်း လက်နက်ကိုင်စစ်သားများက စောင့်ကြပ်နေလေရာ ခြင်တစ်ကောင်ပင် ဖြတ်မသွားနိုင်ပေ။

ကျန်းမုန့်လောင် ရောက်လာသောအခါ ခုခံကာကွယ်မှုများဖြင့် စင်စစ်ကြုံတွေ့ခဲ့ရသော်လည်း ထိုလူများ ဘာမှမပြောနိုင်ခင်မှာပင် အိပ်ပျော်သွားသည့်အလား ကြမ်းပြင်ပေါ်သို့ တုံးခနဲလဲကျသွားခဲ့ရသည်။ ဤနည်းဖြင့် သူတို့နှစ်ယောက်သားလည်း အစောင့်အကြပ်တင်းကျပ်နေသည့်ကြားက ဤနေရာသို့ ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

"အိုပါး.. ရှင် ဒဏ်ရာမရလိုက်ဘူးမလား"

လီဂျီအွန်းက ကျန်းမုန့်လောင်၏အခြေအနေကို စိုရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။

"ငါ့ပုံစံက ဒဏ်ရာရလိုက်တဲ့ပုံပေါက်နေလို့လား"

ကျန်းမုန့်လောင်က အေးတိအေးစက်ပြောလိုက်လေသည်။

"ငါသာဒဏ်ရာရသွားရင် ငါ့ခေါင်းက ဆံချည်မျှင်တစ်မျှင်လေးကိုတောင် သွားထိခိုက်ခဲ့တယ်ဆိုရင်တောင် ချင်းချိုးနိုင်ငံလည်း ကမ္ဘာ့မြေပုံပေါ်မှာ ဆက်ရှိနေခွင့်ရှိမှာမဟုတ်တော့ဘူး"

ကျန်းမုန့်လောင်က ထိုစကားများကို ထုတ်ပြောနေသည့်အချိန်မှာ ဤအချက်တစ်ချက်ကို အေးဆေးတည်ငြိမ်စွာ ဖော်ပြနေသကဲ့သို့ဖြစ်နေလေသည်။ ကျန်းမိသားစုဝင်တွေက တားမြစ်ချက်အားလုံး၏အထက်တွင်တည်ရှိသည်ဟူ၍ပင်။

"ရှင်အဆင်ပြေတယ်ဆိုတော့ တော်သေးတာပေါ့"

လီဂျီအွန်းလည်း ကျန်းမုန့်လောင် ဘာမှမဖြစ်ဟုသိလိုက်ရသောအခါ စိတ်အေးသွားရသည်။ ကျန်းမုန့်လောင်က ဤနေရာကို လက်စားချေဖို့ရောက်လာခြင်းဖြစ်ကြောင်း သူ(မ) ခန့်မှန်းလိုက်မိသည်။

"စကားမစပ် ခင်ဗျားတို့ရှာထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားက တော်တော်လေးတော်တယ်လို့တော့ ပြောလို့ရပါတယ်"

ကျန်းမုန့်လောင် လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်သည်။

"သူစကားစပြောလိုက်တဲ့အချိန်မှာပဲ ကျွန်တော့်ဖုန်းက အားပြည့်တော့မတတ်ဖြစ်သွားတာ။ သူက အာရှရဲ့ဓာတ်အားပေးစက်ကြီးတစ်လုံးလိုပဲ။ လူသားပီကာချူးပေါ့။ ဒါပေမဲ့ နောက်တော့လည်း ကျွန်တော့်ဘော်ဒီဂတ်ဆီက ရိုက်နှက်ခံခဲ့ရပြီး နေရာမှာတင် သေမင်းကိုတွေ့ရတော့မတတ်ဖြစ်ခဲ့ရရှာတယ်"

ချွမ်းကျန်းကွေ့၏ပါးစပ်ကား အနည်းငယ်တွန့်သွားရသည်။ ကျန်းမုန့်လောင်ကို သတ်ဖို့အတွက် Wind Nestအဖွဲ့အစည်းမှလွှတ်လိုက်သော ထိုလုပ်ကြံသတ်ဖြတ်ရေးသမားက အလွန်တရာဆန်းကြယ်လှကြောင်း စုကျီဟယ်ထံမှတစ်ဆင့် သူ သိရှိထားပြီးဖြစ်၏။ သို့တိုင် သူ့ကို သူတို့မသတ်နိုင်ခဲ့ပေ။ ယခုမူ ကျန်းမုန့်လောင်က အရှင်လတ်လတ်ကြီးရှိနေဆဲဖြစ်ပြီး ဤသည်မှာ ယခုလေးတင် သူပြောလိုက်သည့်စကားက အကောင်းဆုံးသက်သေပင်။

"ကျွန်တော်တို့ဟွာရှားလူမျိုးတွေမှာ ဆိုရိုးစကားတစ်ခုရှိတယ်။ "ကိုယ်ကြုံခဲ့ရတဲ့နည်းလမ်းနဲ့ ပြန်ပေးဆပ်လိုက်"တဲ့။ ခင်ဗျားတို့က ကျွန်တော့်ကိုသတ်ဖို့ ကြံစည်ခဲ့ကြတယ်။ ဒီတော့ ကျွန်တော်ကလည်း ခင်ဗျားတို့အတွက် ရက်ရောလှတဲ့လက်ဆောင်တစ်ခုကို ပေးရမှာပေါ့။ ဒါပေမဲ့ စုကျီဟယ်ရဲ့အသက်က အလွန်ဆုံးရှိလှ ဆယ်ယွမ်ပဲတန်တယ်။ ကျွန်တော့်အတွက်တော့ အဲ့ဒါက နစ်နာတယ်လို့ထင်တာပဲ"

"ဘန်း"

ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်လာသည်။ ချင်းချိုးနိုင်ငံ၏အရာရှိတစ်ယောက်ဟုထင်ရသည့် လူတစ်ယောက်၏လက်က မှတ်တမ်းတင်သည့် ဘောပင်ဗုံးကြောင့် ပေါက်ကွဲသွားပြီး သွေးများပန်းထွက်လာသည်။

"ဘာသက်သေအထောက်အထားမှ ချန်ခဲ့ဖို့ အိပ်မက်မက်မနေနဲ့"

ကျန်းမုန့်လောင်က အပြုံးလေးဖြင့်‌ ပြောလိုက်သည်။

"အဲ့လိုမှမဟုတ်ရင် အဲ့ဒါက ခင်ဗျားတို့ဘောင်းဘီထဲမှာ ပေါက်ကွဲသွားမလားဆိုတာ အာမမခံနိုင်ဘူးနော်"

"သူ့နားမှာလည်း ဒီလိုလူစားမျိုးတွေရှိတယ်ဟ"

ချွမ်းကျန်းကွေ့ ရုတ်တရက်ကြီး သဘောပေါက်လိုက်သည်။ ထို့နောက်မှာတော့ ပြင်းထန်လှစွာသော အကြောက်တရားကို ခံစားလိုက်ရသည်။ ကမ္ဘာ့ကန့်သတ်ချက်များနှင့် သွေဖည်နေသော ထိုလူများမှာ ကျန်းမုန့်လောင်၏ဘော်ဒီဂတ်အဖြစ် ထမ်းဆောင်ဖို့ လိုလားကြသတဲ့။ ကျန်းမုန့်လောင်က သူတို့အတွက် ငွေဘယ်လောက်များပေးထားလေသလဲ။

သို့သော် သေချာတာတစ်ခုကတော့ ယနေ့ညစာစားပွဲကား သွေးမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားရလေပြီ။

"ကျန်းမုန့်လောင်.. မင်း ဘာလိုချင်တာလဲ။ မင်း ဒီနေရာမှာတော့ ငါတို့တွေအကုန်လုံးကိုသတ်ဖို့ မစီစဉ်ထားပါဘူးနော် ဟုတ်တယ်မလား"

ချွမ်းကျန်းကွေ့က ပြောလိုက်သည်။

"ခင်ဗျားတို့တွေအကုန်လုံးကို သတ်ပစ်မယ်ဆိုရင်ရော"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"အဲ့ဒါက ကျွန်တော့်လက်ချက်မှန်း ဘယ်သူမှမသိအောင်လုပ်ဖို့ နည်းလမ်းပေါင်းတစ်ရာလောက်ရှိတယ်။ မယုံရင် စမ်းကြည့်လိုက်ပေါ့"

ထိုစကားကိုကြားသောအခါ လူတိုင်း ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားလေသည်။

"ကျွန်တော်က ငြိမ်းချမ်းမှုကို အရမ်းချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ"

ကျန်းမုန့်လောင်က ဆို၏။

"ဒါပေမဲ့ ကျန်းမုန့်လောင်ဆိုတဲ့ ကျွန်တော်က စိတ်မတိုတတ်တာတော့မဟုတ်ဘူး။ ဒီနေ့ ခင်ဗျားတို့ရဲ့လုပ်ရပ်တွေက ကျွန်တော့်ကို အရမ်းဒေါသထွက်စေခဲ့တယ်။ ကျွန်တော် ဒေါသထွက်ပြီဆိုရင် လူတွေကို ပိုက်ဆံနဲ့ပစ်ပေါက်ရတာ အရမ်းသဘောကျတယ်။ ဒီတော့ ခင်ဗျားတို့ရဲ့ပိုက်ဆံတွေအကုန်လုံးကို ထုတ်ပစ်မယ်။ ရေ လျှပ်စစ်မီးနဲ့ ဓာတ်ငွေ့တွေကိုဖြတ်တောက်ပစ်ဖို့ စီစဉ်ထားတယ်။ ပြီးတော့ ရေနံဆီထောက်ပံ့မှုကို ရပ်ဆိုင်းပစ်မယ်"

"ကျန်းမုန့်လောင်.. မင်းအနေနဲ့ ငါတို့ဘဏ်တွေထဲက ပိုက်ဆံတွေအကုန်လုံးကို ထုတ်ယူသွားနိုင်တယ်ဆိုတာတော့ ငါယုံပါတယ်။ ပြီးတော့ ရေ လျှပ်စစ်မီးနဲ့ဓာတ်ငွေ့အနည်းအကျဉ်းကိုလည်း ဖြတ်တောက်ပစ်နိုင်မှန်း သိပါတယ်။ ဒါပေမဲ့ ရေနံဆီထောက်ပံ့မှုကို ရပ်ဆိုင်းမယ်ဆိုတာကတော့ နည်းနည်းပိုသွားပြီလို့မထင်ဘူးလား"

"ခင်ဗျားတို့ဆီက ရေနံဆီကုမ္ပဏီတွေအကုန်လုံးကို အရှေ့အလယ်ပိုင်းကနေ တင်ပို့နေတာမဟုတ်ဘူးလား"

"အဲ့ဒီတော့ဘာဖြစ်လဲ"

"ပြောရမှာ အားတော့နာပါရဲ့။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ ရေနံတွင်း၈၀ရာခိုင်နှုန်းကျော်က ကျွန်တော့်အပိုင်ဗျ။ မယုံဘူးဆိုရင် စမ်းကြည့်လို့ရတာပဲ"

ကျန်းမုန့်လောင်က ဤသို့နှယ်ကြေညာလိုက်သည်။

"မဖြစ်နိုင်တာ"

ချွမ်းကျန်းကွေ့က ဤစကားကို ပေါက်ကရဆန်သည်ဟုသတ်မှတ်၍ ခေါင်းတခါခါလုပ်နေလေသည်။ ထိုရေနံတွင်းများမှာ အရှေ့အလယ်ပိုင်းနိုင်ငံများ၏ နိုင်ငံတော်ပိုင်ဆိုင်မှုများဖြစ်သည်။ ဘယ်လိုလုပ်ပြီး ကျန်းမုန့်လောင်၏အပိုင်များ ဖြစ်နိုင်မလဲ။

"မယုံဘူးလား"

ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်ယူ၍ ဟုန်းရီကိုခေါ်လိုက်သည်။

"ဟုန်းရီ.. ငါတို့ရဲ့ကြီးမြတ်လှတဲ့ မစ္စတာချွမ်းက ငါ သူတို့ကို ရေနံဆီဖြတ်တောက်ပစ်လိုက်နိုင်တယ်ဆိုတာကို မယုံဘူးတဲ့။ ငါဆိုလိုချင်တာကို မင်းနားလည်တယ်မလား"

"နားလည်ပါတယ် မစ္စတာကျန်း.. ကျွန်မကို ငါးမိနစ်ပဲ အချိန်ပေးပါ"

...

ကျန်းမုန့်လောင်နှင့် လီဂျီအွန်းတို့က ထိုင်စရာနေရာတစ်ခုကိုရှာ၍ အနားမှာ မည်သူမှမရှိသည့်အလား ဧည့်ခံပွဲရှိ အရသာရှိသောစားဖွယ်များကို စတင်စားသောက်ပါတော့သည်။

"မစ္စတာချွမ်း.. ခင်ဗျား ဘာလို့မစားတာလဲ။ နှမြောစရာကြီးဗျာ။ ခင်ဗျားမစားဘူးဆိုရင် ကျွန်တော် ခဏနေရင် အကုန်လုံးကို ပါဆယ်ထုပ်သွားလိုက်မယ်"

"မင်းအမေကိုပဲစားပါ့လား"

ချွမ်းကျန်းကွေ့ခမျာ အလွန်ဒေါသထွက်နေသဖြင့် အော်ဆဲမိတော့မတတ်ပင်။ လက်ရှိအခြေအနေမျိုးမှာ မည်သူက စားနိုင်မည်တဲ့လဲ။

ထိုအချိန်မှာ ချင်းချိုးနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနထံသို့ ရုတ်တရက်ဖုန်းဝင်လာသည်။

ထိုအခိုက်ဝယ် အားလုံး တိတ်ဆိတ်သွားလေတော့သည်။

"ဟယ်လို ကျွန်တော်က ချွဲရှင်းဟျောင်းပါ.."

စွမ်းအင်ဝန်ကြီးက သတိကြီးကြီးထား၍ ပြောလာသည်။

"ဂျစ်ဘာဂျက်ဘာ ဂျစ်ဘာဂျက်ဘာ.."

တစ်ဖက်မှ မဆလာနံ့သင်းသော ဘာသာစကားတစ်ခု၏အသံ ထွက်ပေါ်လာလေရာ ဤသည်မှာ ဟွာရှား၏အိမ်နီးချင်းနိုင်ငံဖြစ်လေသလားဟု လူတိုင်းတွေးမိသွားရသည်။

"အဲ့ဒါ အာရပ်ဘာသာစကားပဲ"

အမည်မသိအရာရှိတစ်ယောက်က ချက်ချင်းပင် အနားရောက်လာသည်။

"သူတို့ရဲ့ဘာသာစကားကို ကျွန်တော်နားလည်တယ်။ ကျွန်တော်ပြောလိုက်ပါရစေ"

နှစ်ဦးသားဟာ လျင်မြန်လှသော စကားများကို အပြန်အလှန်ဖလှယ်ပြောဆိုလိုက်ကြပြီးနောက် ထိုအရာရှိ၏အမူအရာမှာ ပိုမိုဆိုးဝါးလာသလို သူ့လေသံကလည်း ပို၍စိတ်လှုပ်ရှားဟန်ပေါ်လာသော်ငြား အဆုံးမှာတော့ သူ့ပုံစံကား ကူကယ်ရာမဲ့နေဟန်ပေါက်သည်။

"ဝန်ကြီးချွဲ..အာရပ်ကနေ ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ ရေနံပမာဏက ဘယ်လောက်ရှိလဲ"

"ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပဲ"

ချွဲရှင်းဟျောင်းကလည်း ပြန်ဖြေသည်။ သူ့စိတ်ထဲမှာတော့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို ခံစားလိုက်ရသည်။

"အခုဖုန်းခေါ်တဲ့လူက အာရပ်နိုင်ငံရဲ့စွမ်းအင်ဝန်ကြီးပါ။ မနက်ဖြန်ကစပြီး သူတို့အနေနဲ့ ကျွန်တော်တို့ကို ရေနံဆီရောင်းချတာကို အကန့်အသတ်မရှိ ရပ်တန့်လိုက်တော့မယ်လို့ ပြောတယ်"

"ဘာ?"

ချွမ်းကျန်းကွေ့ခမျာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။

"ဘာလို့လဲ။ သူ အကြောင်းပြချက်ပေးသွားလား"

"ဒါက.."

"ပြောစမ်းပါ"

"သူစိတ်အခြေအနေမကောင်းလို့ ကျွန်တော်တို့ကို ဖြတ်တောက်ပစ်လိုက်တာလို့ ပြောသွားတယ်"

"ဒါက ဘယ်လိုပေါက်ကရနိုင်တဲ့အကြောင်းပြချက်ကြီးလဲ"

ချွမ်းကျန်းကွေ့မှာ ဒေါသကြောင့် တစ်စုံတစ်ခုကို ပစ်ပေါက်ချင်မိသွားသည်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေက သူတို့စိတ်ကြိုက်ပြုမူလို့ရနေပြီလား။ အခုဆိုရင် ရေနံတင်ပို့ခြင်းက စိတ်အခြေအနေအပေါ်မူတည်နေပြီလား။

သို့သော် ဤသည်မှာ တကယ့်အကြောင်းပြချက်မဟုတ်ကြောင်း ချွမ်းကျန်းကွေ့ ကောင်းကောင်းသိသည်။ တကယ့်အကြောင်းပြချက်ကား ကျန်းမုန့်လောင်ခေါ်လိုက်သည့် ဖုန်းခေါ်ဆိုမှုနှင့် ပတ်သက်နေခြင်းဖြစ်ရမည်။

သူက အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ ရေနံဆီတင်ပို့မှုကို တကယ်ထိန်းချုပ်ထားနိုင်တာလား။ သူ့အာဏာက ဘယ်လောက်တောင်ကျယ်ပြန့်တာလဲ။

"ကျုပ်တို့ အညံ့ခံပါတယ်"

ချွမ်းကျန်းကွေ့က သက်ပြင်းချလိုက်သည်။ ဤသည်မှာ တဲ့တိုးတိုက်ပွဲတစ်ခုဖြစ်ပါက ကျန်းမုန့်လောင်က သူတို့ကို ပိုက်ဆံနှင့် အနိုင်ပိုင်းနိုင်ခဲ့သည်။ လက်သီးပုန်းထိုးခြင်းတစ်ခုဖြစ်ပါကလည်း သူတို့ ယနေ့တွင် ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့ရပြီးဖြစ်၏။ ယခုလိုဖြစ်နေမှတော့ သူတို့အနေနှင့် မတတ်သာဘဲ အပေးအယူလုပ်ရုံသာရှိတော့သည်။

"မင်းရဲ့သတ်မှတ်ချက်တွေကိုသာ ‌ပြောပါ"

"အာ..ကျွန်တော်က ဘာမှဆက်လုပ်ချင်စိတ်ရှိမနေတော့ပါဘူး။ ကျွန်တော့်ကို ကျွန်တော့်နိုင်ငံဆီ တိတ်တိတ်ဆိတ်ဆိတ်လေးပြန်ခွင့်သာ‌ ပေးပါ။ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒီလောက်အထိအဆင့်ချနေရတာလဲ"

ကျန်းမုန့်လောင်က စိတ်ပျက်နေသည့်အလား ခေါင်းခါယမ်းလိုက်သည်။

"Thorလိုမျိုး ဟန်ပြသွားတဲ့လူက ကျွန်တော့်လေယာဉ်ပေါ်မှာ သောင်းကျန်းသွားခဲ့လို့ အမေရိကန်ဒေါ်လာ၈၀၀မီလီယံတန်တဲ့ပစ္စည်းတွေ ပျက်စီးသွားရတယ်လေ။ ခင်ဗျားတို့ အဲ့ဒီအတွက် လျော်ပေးမယ်မဟုတ်လား"

"လျော်မယ်"

ချွမ်းကျန်းကွေ့ခမျာ အံသာတင်းတင်းကြိတ်ထားလိုက်သည်။ တကယ်တမ်းတွင် အမေရိကန်ဒေါ်လာ၈၀၀မီလီယံကား များလှသည်မဟုတ်။ သူတို့သိမ်းဆည်းထားသော အမေရိကန်ဒေါ်လာများမှာ အလွန်ကြွယ်ဝလှသည်။

"စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် လျော်ကြေးကရော"

"ပေးမယ်"

"ကိုင်း ဒါဆို အစွန်းထွက်တွေဖယ်လိုက်ကြတာပေါ့။ ကျွန်တော့်ကို အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံသာ လျော်လိုက်။ ဒါဆို ကျေအေးပေးမယ်"

***********

All Chapters