စွယ်စုံစာပေတောင် ဒါကိုရေးရဲမှာမဟုတ်
Vol. 12 Ch. 175
မွန်းလွဲပိုင်းတွင် ဟွာရှားရုပ်ရှင်တက္ကသိုလ်၏ တရားဝင်ဝက်ဆိုက်၌ စိတ်လှုပ်ရှားဖွယ်ကောင်းသော ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။
ကျွန်တော်တို့ရဲ့ဘွဲ့ရကျောင်းသူ တိုက်ချင်းယင်ရဲ့ မလျော်ကန်မသင့်တော်တဲ့အပြုအမူက ကျွန်တော်တို့ကျောင်ရဲ့ဂုဏ်သတင်းကို ဆိုးဝါးစွာထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က အစည်းအဝေးကျင်းပပြီး မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အခု မဲရလဒ်အရ ကျောင်းသူတိုက်ချင်းယင်အတွက် အောက်ပါတာဝန်ယူမှုနဲ့ အရေးယူအပြစ်ပေးမှုတိုကို ချမှတ်လိုက်ပါတယ် :
၁။ တိုက်ချင်းယင်း၏ဒီပလိုမာလက်မှတ်ကို ပြန်သိမ်းရန်
၂။ တိုက်ချင်းယင်၏ဘွဲ့လက်မှတ်ကို ပြန်သိမ်းရန်
ဤကြေညာချက်သည် ကျောင်း၏ဂုဏ်သိက္ခာကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ထုတ်ပြန်ကြေညာလိုက်ရခြင်းဖြစ်သည်။
ဤကြေညာချက်မှာ ဤတိုက်ပွဲတွင် ကျန်းမုန့်လောင် အနိုင်ရကြောင်း ကြေညာလိုက်ခြင်းဖြစ်ပြီး တိုက်ချင်းယင်၏ ဂုဏ်သရေပျက်ပြားမှုကိုလည်း သတ်မှတ်ရာရောက်ပေသည်။
ထိုညမှာပင် တိုက်ချင်းယင်ထံသို့ သူ(မ)၏ဆရာဟယ်လိက မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်။ ထိုမက်ဆေ့ချ်ထဲတွင် စာလေးလုံးမျှသာ ပါဝင်လေသည်။
"ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်"
တိုက်ချင်းယင်ခမျာ ထိုစာလုံးလေးလုံးကို အကြောင်သားငေးစိုက်ကြည့်ရင်း ဤတစ်ခေါက်မှာတော့ သူ(မ) တကယ်ရှုံးနိမ့်သွားကြောင်းနှင့် သူ(မ)၏ရှုံးနိမ့်မှုကား ဆိုးဝါးလှကြောင်း သဘောပေါက်လိုက်သည်။
"သစ်ပင်လဲလျှင် မျောက်အုပ်စုကွဲမည်"ဟူသော ဆိုရိုးစကားအတိုင်း တိုက်ချင်းယင်၏ပရိသတ်များကလည်း ထောက်ခံသူအဖြစ်မှ ရန်သူအဖြစ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားကြပြီး တိုက်ချင်းယင်၏ အဓိပ္ပာယ်မရှိသောအပြုအမူများကိုပင် ပြစ်တင်ဝေဖန်နေကြလေသည်။ သူ(မ)က ကြီးကျယ်ပြနေခဲ့ပြီး သူ(မ)ကပင် အရင်ဦးစွာ နစ်နာသူတစ်ယောက်လို ဟန်ဆောင်ပြခဲ့ကာ ကျန်းမုန့်လောင်ကိုပင် အပြစ်ပုံချလိုက်သေးသည်။
လူတွေကို ပိုဒေါသထွက်စေသော ကိစ္စမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်က ဖြစ်ပွားခဲ့သောကိစ္စတစ်ခု တစ်ဖန်ထွက်ပေါ်လာခြင်းဖြစ်၏။ တိုက်ချင်းယင်ကို ယုံကြည်မှုမရှိတော့သော အချို့ပရိသတ်များက ထိတ်လန့်ဖွယ်ကောင်းသော သတင်းတစ်ပုဒ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ စိတ်ကျရောဂါရှိသော အမျိုးသားသရုပ်ဆောင်တစ်ယောက်ကို အနိုင်ကျင့်ခဲ့ခြင်းမှာ တိုက်ချင်းယင်၏ပရိသတ်များကြောင့် သဘာဝကျကျဖြစ်ခဲ့ရခြင်းမဟုတ်ပါဘဲ သူ(မ)၏အမာခံပရိသတ်များက သူ(မ)ကိုယ်စား ကြိုးကိုင်ခဲ့ခြင်းပင်။
ဒေါသထွက်နေကြသော ပရိသတ်များက တိုက်ချင်းယင်၏အိမ်ရှေ့တွင် ခုနစ်ရက်ဆက်တိုက် ဝိုင်းအုံနေခဲ့သည်။ ကျောက်ခဲများနှင့် အမှိုက်များကိုလည်း ပစ်နေကြလေရာ လတ်တလောကမှ အသစ်ဝယ်ယူထားသော သူ(မ)၏ဇိမ်ခံအိမ်ကြီးမှာ ပျက်စီးရလေတော့သည်။ သို့သော် တိုက်ချင်းယင်ကတော့ ခြေရာလက်ရာပင်မကျန်တော့လောက်အောင် ပျောက်ကွယ်သွားပြီဖြစ်၏။ သူ(မ)အနေနှင့် နောက်နောင်တွင် အနုပညာလောကထဲသို့ ထပ်ရောက်လာတော့မည်မဟုတ်။ ထုတ်လွှင့်ရေးအာဏာပိုင်များကလည်း သူ(မ)ကို ရာသက်ပန်ပိတ်ပင်ကြောင်း ကြေညာလိုက်ပြီး ယခင်က သူ(မ)ကျူးလွန်ခဲ့ဖူးသော မသမာမှုများကို စုံစမ်းစစ်ဆေးရန်အတွက် အထူးတပ်ဖွဲ့တစ်ခုပင် ဖွဲ့စည်းလိုက်သည်။
...
ဟိုတယ်တစ်ခု၏ဖန်လုံအိမ်အတွင်း၌ ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့က နေရောင်ထဲတွင် ရှားပါးလှသောနေ့လယ်ခင်းတစ်ခုကို ခံစားနေကြသည်။ "Three-Body"အတွက် သရုပ်ဆောင်အသစ်ခန့်အပ်ခြင်းမှာ အလွန်ချောချောမွေ့မွေ့ရှိလှပြီး ပါဝင်သူများကို တစ်ပတ်အတွင်း ရွေးချယ်နိုင်ခဲ့သည်။ ဤပုဂ္ဂိုလ်ကား တိုက်ချင်းယင်လောက် အတွေ့အကြုံမရှိသော်လည်း သူ့စရိုက်နှင့် စိတ်နေစိတ်ထားမှာ ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးဆီမှ အသိအမှတ်ပြုခံခဲ့ရပြီး ရိုက်ကူးရေးအစီအစဉ်အသစ်ကိုလည်း စနစ်တကျစတင်နိုင်ခဲ့သည်။
"အာ..ဆိုရိုးစကားတောင်ရှိတယ်လေ။ ကောင်းကင်ရဲ့အလိုဆန္ဒကိုသာ ဆန့်ကျင်ရင်ဆန့်ကျင်နိုင်မယ်။ ကိုယ့်လုပ်ရပ်ရဲ့အကျိုးဆက်ကိုတော့ လုံးဝရှောင်လွှဲလို့မရဘူးတဲ့။ သူ လျော်ကြေးငွေယူပြီး တိတ်တိတ်လေးထွက်သွားရင် အကုန်ပြီးနေပြီကို။ အလကားသက်သက်ဗရုတ်ကျသွားတာ"
ဝမ်လင်က သူ့အအေးကိုသောက်ရင်း ထိုကိစ္စက အချိန်ကြာမြင့်သွားလေသည့်အလား ပြုမူနေ၏။
"သူ့လိုလူစားမျိုးကို ငါ ထိပ်တိုက်မတွေ့လည်း တစ်ယောက်ယောက်ကတော့ ထိပ်တိုက်တွေ့မှာပဲ"
ကျန်းမုန့်လောင်က ထိုရလဒ်ကို အလွန်စိတ်ကျေနပ်နေလေသည်။
"ဒါနဲ့ မင်းက ဘယ်လိုဖြစ်ပြီးရောက်ချလာတာလဲ"
"ဒါပဲ"
ဝမ်လင်က စားပွဲပေါ်သို့ ဖိတ်စာနှစ်စောင် တင်လိုက်သည်။
"Royal Frankfurtလေလံအိမ်ရဲ့ဖိတ်စာလေ။ စိတ်ဝင်စားလား"
"လေလံပွဲလေးတစ်ပွဲပဲဟာကို။ ဘာတွေစိတ်ဝင်စားစရာရှိလို့လဲ။ ငါက အနုပညာနဲ့ပန်းချီကားတွေကို အဲ့လောက်စိတ်မဝင်စားဘူး။ မင်းသိရဲ့သားနဲ့။ ငါက သာမန်လူတစ်ယောက်ပဲ"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်လေသည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး.. ဒီလေလံပွဲက သာမန်လေလံပွဲတစ်ခုမဟုတ်ဘူး"
ဝမ်လင်က ဆန်းကြယ်လှသော အပြုံးတစ်ပွင့်ကိုချိတ်ဆွဲလျက် ပြောလာလေသည်။
"အဲ့ဒါက Frankfurtတိုင်းပြည်နားက ကျွန်းတစ်ကျွန်းပေါ်မှာလုပ်တာ။ ပုံမှန်ပစ္စည်းတွေအပြင် အရမ်းထူးခြားတဲ့ပစ္စည်းတွေလည်းရှိတယ်"
"ဘယ်လိုပစ္စည်းမျိုးလဲ။ ဈေးကြီးတဲ့ပစ္စည်းလား"
ကျန်းမုန့်လောင်က မေးလိုက်၏။
"ဟက်..အဓိကပစ္စည်းတွေဆိုရင် ဈေးနှုန်းက ဘီလီယံဂဏန်းကစတာ။ ယူရိုထက်တော့ မနိမ့်ဘူး။ ဒါကဆယ်နှစ်မှာတစ်ကြိမ်ကျင်းပတဲ့ Royal Frankfurtလေလံပွဲနော်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကဆိုရင် စစ်ဘက်သုံးတိုက်လေယာဉ်အဟောင်းတွေနဲ့ ဟယ်လီကော်ပတာတွေပါတယ်။ ဟွာရှားက စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဆိုရင် ဒုံးပျံဖျက်ဆီးရေးကိရိယာကိုတောင် ဝယ်သွားခဲ့တာ"
"မင်း အရင်က လေလံပွဲတက်ဖူးလား"
ရုတ်တရက်ဆိုသလိုပင် ဤဇာတ်လမ်းက အနည်းငယ်ရင်းနှီးနေသည်ဟု ကျန်းမုန့်လောင်ခံစားလိုက်ရသည်။
"ဒါပေါ့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ငါ့အဖေနဲ့အတူ တက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ပွဲစီစဉ်သူက ဩစတြေးလျမှာလေ။ ကြည့်လိုက် ငါ ဓာတ်ပုံတွေတောင်ရိုက်ထားသေးတယ်"
ဝမ်လင်က ဓာတ်ပုံများကို ကျန်းမုန့်လောင်ရှေ့ ဖြန့်ပြရင်း ကြွားလိုက်သည်။
"မင်းတို့မိသားစုရဲ့စည်းစိမ်တွေနဲ့တောင် ဒီလိုပစ္စည်းမျိုးတွေကို မရနိုင်သေးဘူးမလား"
ထိုဓာတ်ပုံကား အလျားတစ်ရာမီတာရှည်လျားသော ဖျက်သင်္ဘောကြီးတစ်စင်းဖြစ်၏။ ၎င်းမှာ ပင်လယ်ပေါ်တွင် မည်သည့်အရာနှင့်မှ မနှိုင်းယှဉ်နိုင်ပေ။ ထိုအရာမှာ ဧရာမပစ္စည်းကြီးတစ်ခုပင်။
"ဒီပစ္စည်းက စစ်ပွဲတွေမှာသုံးခဲ့ဖူးတယ်။ ဒါကို အမေရိကက စီစဉ်သူတွေက ဝယ်ယူထားတာလေ။ အဲ့ဒီတုန်းက ဒါကိုတည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ၁.၂ဘီလီယံလောက်ရှိတယ်။ သူ့လက်နက်တွေ ပစ္စည်းကိရိယာတွေကို ဖြုတ်ထားတာတောင်မှ အမေရိကန်ဒေါ်လာ၈၅၀မီလီယံနဲ့ လေလံတင်ရောင်းချနိုင်ခဲ့တယ်"
"ပြီးတော့ ဒါလည်းရှိသေးတယ်။ ဇာဘုရင်ရဲ့160မော်ဒယ်လ်တိုက်ဂျက်လေယာဉ်လေ။ ဒါကို ပိတ်သိမ်းပြီးတဲ့နောက်မှာ ရောင်းဈေးက ထုတ်လုပ်မှုကုန်ကျစရိတ်ထက်တောင် ပိုရခဲ့တယ်။ ငွေကြေးဖောင်းပွမှုကိုပါ ထပ်လျှော့လိုက်မယ်ဆိုရင်တောင် အဲဒီတိုက်လေယာဉ်ကို ကိုယ်ပိုင်လေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုတယ်ဆိုတာနဲ့တင် အံ့ဩဖို့ကောင်းနေပြီ"
"ပြီးတော့ ဒါကိုကြည့်လိုက်.. ဒါက ဘယ်လိုအချက်ပြမျိုးလဲတော့ ငါမသိပေမဲ့ ဒါက ပင်မစစ်တင့်ကားကြီးကွ။ မင်းသာ လမ်းပေါ်တက်ပြီး ဒါကြီးမောင်းသွားလိုက်ရင် ဘယ်လောက်တောင်မိမိုက်နေလိုက်မလဲ"
"မင်းပြောနေတာ ဒါတွေလား"
ကျန်းမုန့်လောင်က တက်ဘလက်တစ်လုံးထုတ်၍ ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်သည်။
ဗီဒီယိုထဲတွင် ကျယ်ပြောလှသော လယ်ကွင်းပြင်တစ်ခုက အောက်ဘက်တွင်တည်ရှိနေသည်။ ကောင်းကင်ထက်တွင်မူ လေယာဉ်တစ်စီးက ပျံသန်းရင်း ပိုးသတ်ဆေးများကို မိုးရေရွာသွန်းသလို ဖြန်းပက်နေချေသည်။ သို့သော် ဤသည်မှာ ဟယ်လီကော်ပတာတစ်စင်းလည်း မဟုတ်သလို စိုက်ပျိုးရေးသုံးဒရုန်းတစ်စီလည်း မဟုတ်ပေ။ ၎င်းမှာ တိုက်ဂျက်လေယာဉ်ကြီးပင်။
"ခဏနေပါဦး"
ဝမ်လင်က ရပ်သည့်ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် ဗီဒီယိုကို ချဲ့ကြည့်လိုက်ပြီး သူ့ဖုန်းထဲက ဓာတ်ပုံနှင့် တိုက်စစ်ကြည့်လိုက်သည်။ ၎င်းတို့မှာ လုံးဝချွတ်စွပ်တူနေပေသည်။ လေယာဉ်ကိုယ်ထည်ပေါ်ရှိ နံပါတ်စဉ်များကပင် တစ်ထပ်တည်းဖြစ်နေလေသည်။
"သေစမ်း။ တိုက်ဂျက်လေယာဉ်ကို ပိုးသတ်ဆေးဖြန်းဖို့ သုံးနေတာပေါ့။ ဟာသလုပ်နေတာလား"
ဝမ်လင်ခမျာ မလှောင်ဘဲ မနေနိုင်ပေ။
"နေဦး။ ဒါက ဘယ်နေရာလဲ"
"ငါ့မိသားစုရဲ့ ကိုယ်ပိုင်လယ်ကွင်းလေ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဒီပစ္စည်းတွေအကုန်လုံးကို ဘာလို့ရင်းနှီးနေပါလိမ့်လို့ တွေးနေတာ။ မင်းပြောတဲ့ဟွာရှားလုပ်ငန်းရှင်ဆိုတာ ငါ့အဖေပဲ"
"ဒါက…"
ဝမ်လင်၏နှုတ်ခမ်းများမှာ အနည်းငယ်တုန်ယင်သွားရသည်။ ဒါက ဘယ်လိုလုပ်ပြီး မင်းရဲ့မိသားစုပိုင်ပစ္စည်း ဖြစ်နေရပြန်တာလဲ။
"အဲ့ဒီတိုက်ဂျက်လေယာဉ်က အတွင်းပိုင်းကျဉ်းလွန်းတယ်။ ကိုယ်ပိုင်လေယာဉ်အဖြစ် ပြောင်းလိုက်မယ်ဆိုရင် ခုတင်တစ်လုံးပဲ ဆန့်တာ။ မြန်တာတော့မြန်ပေမဲ့ ပိုးသတ်ဆေးဖြန်းဖို့အတွက် တော်တော်အသုံးဝင်သွားတာလေ။ ဒါပေမဲ့ ငါတို့ လေယာဉ်ပြေးလမ်းတစ်ခု ထပ်ဆောက်လိုက်ရတာပေါ့"
"မင်းရဲ့အဖေက တိုက်ဂျက်လေယာဉ်ကိုဝယ်ပြီး ပိုးသတ်ဆေးဖြန်းဖို့သုံးနေပြီးတော့ အဲ့ဒီအတွက်နဲ့လေယာဉ်ပြေးလမ်းတစ်ခုတောင် ဆောက်လိုက်သေးတယ်ပေါ့။ ဒီကုန်ကျစရိတ်တွေက လေယာဉ်ထက်တောင် ပိုများနေလောက်မှာပဲ။ ဟုတ်တယ်မလား"
"ဒီတင့်ကားကရော"
ကျန်းမုန့်လောင်က ဗီဒီယိုကို ရစ်လိုက်သည်။
"အစတုန်းကတော့ ငါ့အဖေက အဲ့ဒါကို လမ်းပေါ်မှာ မောင်းမလို့ပဲ။ ဒါပေမဲ့ အိမ်ခြံမြေဌာနက စည်းမျဉ်းအသစ်တစ်ခုထုတ်လိုက်တယ်လေ။ လမ်းမပေါ်မှာ ချိန်းကြိုးယာဉ်တွေကို မောင်းခွင့်မပေးဘူးတဲ့လေ။ ပြီးတော့ အဲ့ဒီကားက ဆီစားပြီး ပြိုင်ကားတွေလိုလည်း ပေါ့ပေါ့ပါးပါးမရှိဘူးလေ။ ဒီတော့ မတတ်သာတဲ့အဆုံး လယ်ထွန်ဖို့အတွက်ပဲ သုံးနေရတယ်"
"လယ်ထွန်ဖို့တဲ့လား။ မင်းတို့မိသားစုက အဲ့ဒီတင့်ကားကြီးနဲ့ လယ်ထွန်တာပေါ့"
ဝမ်လင်ခမျာ တစ်စုံတစ်ခုကို ချိုးဖျက်ပစ်ချင်စိတ်ပေါက်သွားသည်။
"ဟိုဖျက်သင်္ဘောကရော.. ရွက်လှေလုပ်သုံးနေတာလား"
"မသုံးရသေးဘူး။ ငါ့အဖေက အဲ့ဒါကို တအားသေးလွန်းလို့ဆိုပြီး ဖြစ်နိုင်ရင် လေယာဉ်တင်သင်္ဘောတစ်စီးကို သယ်ပြီး ကိုယ်ပိုင်အပျော်တမ်းသင်္ဘောတစ်စင်းအဖြစ် ပြောင်းပစ်ဖို့ စီစဉ်ထားတယ်။ အဲ့ဒီဖျက်သင်္ဘောကလား။ အဲ့ဒါကို ငါးဖမ်းဖို့အတွက် တောင်ပစိဖိတ်သမုဒ္ဒရာကိုပို့ထားတယ်။ ငါတို့စားနေရတဲ့ ပင်လယ်စာတွေက အဲ့ဒီကနေ ဒီကို တိုက်ရိုက်သယ်ပို့တာလေ"
"ငါတော့ လုံးဝအံ့ဩနေပါပြီ"
ထိုပစ္စည်းများကို ဝယ်ယူသွားခဲ့သည့် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးက ထိုပစ္စည်းများကို ခပ်မိုက်မိုက်အသုံးပြုနေလိမ့်မည်ဟု ဝမ်လင် ထင်ထားခဲ့မိသည်။ သို့သော် ယခုလိုအဆုံးသတ်သွားလိမ့်မည်ဟုတော့ သူ လုံးဝစိတ်မကူးထားမိချေ။
ကျန်းမုန့်လောင်တို့ မိသားစု၏လုပ်ရပ်များသည် အလွန်လက်ခံနိုင်ဖွယ်ရာမရှိလှသောကြောင့် စွယ်စုံစာပေများကပင် ၎င်းကို ရေးရဲလိမ့်မည်မဟုတ်။
"စကားမစပ် ဒီတစ်ခေါက်ရော လေယာဉ်တင်သင်္ဘောတစ်စီးလောက် ရောင်းလိမ့်မယ်လို့ မင်းထင်လား"
ဝမ်လင်တစ်ယောက် တွေဝေငေးမှိုင်နေချိန်မှာ ကျန်းမုန့်လောင် ပို၍ပင်စွယ်စုံစတိုင်လ်ဆန်သော မေးခွန်းတစ်ခုကို မေးလာသည်။
"ငါ..ငါ မနှစ်က နာရီတစ်လုံးဝယ်ထားတယ်။ ငါတော့ ဒီလိုနေ့မျိုးကို ရင်မဆိုင်နိုင်ဘူးဟေ့"
**********