အပစ်အခတ်ရပ်စဲရေးအတွက် အတင်းအကျပ်ဖျောင်းဖျခြင်း
Vol. 12 Ch. 180
"အပစ်အခတ်ရပ်စဲကြပါ။ အပစ်အခတ်ရပ်စဲကြပါ"
မိုရီကိုနှင့် လာဒင်ဘတ်ရှိ တိုက်လေယာဉ်တပ်ဖွဲ့၏ တပ်မှူးများက ပြင်းထန်လှသောစစ်ပွဲကို ရပ်တန့်ရန် ချက်ချင်းအမိန့်ပေးလိုက်သည်။ တိုက်ဂျက်လေယာဉ်တစ်ရာကျော်၊ လေယာဉ်တင်သင်္ဘောများနှင့် ဒုံးကျည်ကာသင်္ဘောများပါ ပါလာသည်ဆိုပါက သူတို့က ဤနေရာသို့ ရှင်းလင်းရေးလာလုပ်သည်ဆိုလျှင် သူတို့အချင်းချင်းတိုက်ခိုက်နေခြင်းမှာ ဘာအကျိုးရှိမည်လဲ။ သူတို့ အမိမြေကိုသာ ပြန်လိုက်တော့မည်ပင်။
"ဘာတွေဖြစ်နေတာလဲ"
မိုရီကို၏စစ်ဌာနချုပ်တွင် လေတပ်ကပ္ပတိန်စလေဇာက အစက်အပြောက်ရာဂဏန်းနှင့် ပြည့်နှက်နေသော မြေပုံကို အကြောင်သားစိုက်ကြည့်နေလေသည်။ သူ့လက်က ဘောပင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ထားမိသဖြင့် ဘောပင်ကိုပင် ချိုးပစ်လိုက်နိုင်သည်။
ဤနယ်မြေသည် မည်သည့်နိုင်ငံ၏ သီးသန့်လေကြောင်းနယ်မြေမှ မဟုတ်ပေ။ ပုံမှန်အားဖြင့်ဆိုလျှင် တစ်ကမ္ဘာလုံးက ဒေသတွင်းပဋိပက္ခများနှင့် အေးချမ်းသောအခြေအနေတစ်ခုတွင် ရှိနေခဲ့သည်။ စစ်ပွဲများက အဖြစ်မများသော်ငြား ရှားလည်း မရှားပေ။
နိုင်ငံတကာတွင် ဤကဲ့သိုသော ပဋိပက္ခများကိုရပ်တန့်ရန်အတွက် နှုတ်အားဖြင့် ပြစ်တင်ဝေဖန်ရှုံ့ချခြင်းနှင့် အားထုတ်မှုများ ရှိတတ်သော်ငြား အပြစ်မဲ့တိုင်းပြည်များကို မထိခိုက်သရွေ့၊ သိသာထင်ရှားလှသော စစ်အပြီးအကျိုးဆက်များ မဖြစ်ပေါ်သရွေ့ ပုံမှန်အားဖြင့်ဆိုလျှင် ထိုကဲ့သို့သောအခြေအနေများကို မျက်ကွယ်ပြုထားတတ်သည်။
မိုရီကိုနှင့် လာဒင်ဘတ်တို့ကြားရှိ ပဋိပက္ခမှာ တစ်လနီးပါးကြာမြင့်နေခဲ့ပြီဆိုသော်ငြား သူတို့က အသေးစားအဆင့်တွင်သာ ရှိနေခဲ့ခြင်းဖြစ်သောကြောင့် ဘယ်ငြိမ်းချမ်းရေးတပ်ဖွဲ့များကမှ တရားမျှတမှုနှင့်အမိန့်ကို ထိန်းသိမ်းရန်အတွက် ရောက်မလာခဲ့ကြပေ။
တိုက်ဂျက်လေယာဉ်အစင်းနှစ်ရာကျော်ဆိုသည်မှာ ချမ်းသာသောနိုင်ငံတစ်နိုင်ငံကသာ တတ်နိုင်သော အရာများပင်။ သို့သော် လေယာဉ်တင်သင်္ဘောများကတော့ မတူပေ။ ဥရောပတွင် ထိုလေယာဉ်တင်သင်္ဘောဆယ်စင်းပင် မရှိချေ။ ဤမျှများပြားလှသော အင်အားစုများ ထွက်ပေါ်လာခြင်းမှာ နိုင်ငံတစ်နိုင်ငံတည်း၏လက်ချက်တော့ မဟုတ်တန်ရာ။
ထို့ပြင် နိုင်ငံတကာတုံ့ပြန်မှုများအရဆိုလျှင် ဤသည်မှာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုမှ စေလွှတ်လိုက်သော အဖွဲ့လည်းမဟုတ်ချေ။ သူတို့တွင် ဤမျှများပြားသော စစ်လက်နက်များကို စုစည်းနိုင်လောက်သည့် ဩဇာအာဏာမျိုးမရှိပေ။
ဥရောပတစ်တိုက်လုံးကများ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကြီးတစ်ခုကို ဤနေရာမှာ လာလုပ်ကြလေသလား။ သို့သော် ၎င်းမှာ အဓိပ္ပာယ်မရှိချေ။ ဤကိစ္စနှင့်ပတ်သက်ပြီး သူတို့ ကြိုတင်အသိပေးချက် ရမထားပေ။ ရထားသည်ဆိုလျှင်ပင် သူတို့တိုက်ခိုက်နေသည့် ဤနေရာကိုမှ စစ်ရေးလေ့ကျင့်ရာနေရာအဖြစ် ရွေးချယ်ရလောက်အောင် ကံမဆိုးနိုင်ပေ။
သူတို့ စဉ်းစားလေလေ ဤတပ်ဖွဲ့ကြီး၏မူလဇစ်မြစ်က ပိုဆန်းကြယ်လာလေလေပင်။
သူတို့အနေနှင့် သူတို့နိုင်ငံတွင်းမှ အကူအညီတောင်းခံပြီးဖြစ်သော်လည်း အကြောင်းပြန်ချက်တွင်မူ လွန်ခဲ့သည့်ဆယ်မိနစ်ကမှ ဤစစ်ရေးကိရိယာများတပ်ဆင်ထားသော တပ်ဖွဲ့ကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ စုစည်းရန်စေခိုင်းသူကို ယခုအထိ မသိရသေးသော်ငြား ဤသည်မှာ သူတို့ကို ပစ်မှတ်ထားခြင်းမဟုတ်နိုင်ပေ။ ထိုသို့မဟုတ်ပါက အရိပ်အမြွက်တချို့နှင့် ကောလာဟလများ ထွက်လာမည်သာ။
လာဒင်ဘတ်လည်း အစတုန်းကတော့ အလားတူ စိတ်ရှုပ်ထွေးသွားခဲ့ရသည်။ မိုရီကိုဘက်က အခြားဥရောပနိုင်ငံများထံမှ စစ်ရေးအကူအညီတောင်းရန်အတွက် အကျိုးအမြတ်တချို့ကို ဖလှယ်ခဲ့သည်ဟုပင် တွေးလိုက်မိသည်။ သို့သော် သေချာထပ်စဉ်းစားကြည့်လိုက်သောအခါ ဆင်းရဲလှသော နိုင်ငံငယ်လေးတစ်ခုက ဤမျှအထိ စွမ်းအားကြီးမားလှသော ထောက်ပံ့မှုကို တတ်နိုင်မည်မဟုတ်ပေ။
တစ်ပြိုင်တည်းမှာပင် မိုရီကိုနှင့် လာဒင်ဘတ်တို့ဘက်က တည်ငြိမ်စွာနေပြီး တိုက်ဂျက်လေယာဉ်အဖွဲ့များ ဖြတ်သန်းသွားပြီးမှသာ တိုက်ပွဲပြန်စဖို့ အကြောင်းကြားစာများ ရရှိလိုက်သည်။
သူတို့က တိုက်ပွဲကို ရပ်ချင်ကြသည်မဟုတ်။ နှစ်ဖက်စလုံးက ဤတိုက်ပွဲအတွက် အရင်းအမြစ်အမြောက်အများနှင့် လူအင်အားများကို ရင်းနှီးမြှုပ်နှံထားပြီးဖြစ်၏။ ပြင်ပအင်အားစုများကြောင့်သာ ရပ်တန့်လိုက်ရပါက သူတို့ဆုံးရှုံးထားသမျှ အချည်းနှီးဖြစ်သွားရပေလိမ့်မည်။ ယနေ့တော့ ဘာတွေပဲဖြစ်နေနေ အနိုင်ရသူကို ဆုံးဖြတ်ရမည်သာဖြစ်၏။
...
"မင်း.. ဒီတပ်ကူတွေကို မင်း တကယ်ခေါ်လိုက်တာလား"
ဝမ်လင်ခမျာ ထိတ်လန့်မှုမှ ရုန်းမထွက်နိုင်သေးပေ။ ကျန်းမုန့်လောင်က ဟွာရှား သို့မဟုတ် အာရှတစ်ခွင်၌ ကြီးစိုးထားခြင်းက တစ်ကဏ္ဍပင်။ သို့သော် သူက ဥရောပမှာပါ ဘယ်လိုလုပ်ပြီး သြဇာအာဏာပြင်းရှရလေသလဲ။
ဥရောပတွင် လေယာဉ်တင်သင်္ဘော၇စီးသာရှိပြီး ရေဒီယိုထဲတွင် ပြောဆိုနေသည်ကို ဝမ်လင် ရှင်းရှင်းလင်းလင်းကြီးကြားလိုက်ရသည်။ လက်ရှိအချိန်တွင် ထိုအထဲမှ ငါးစီးက ဤနေရာသို့ ဦးတည်လာနေပြီဖြစ်၏။ ဤငါးစီးသည် မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်အဖွဲ့အစည်းနှင့်မှ သက်ဆိုင်ခြင်းမရှိပေ။ ကျန်းမုန့်လောင်က ထိုအရာများကိုပါ လှုပ်ရှားလာအောင် လုပ်ဆောင်နိုင်ပါက ဥရောပတွင် သူသည် ဘယ်သူလေလဲ။ ဧကရာဇ်တစ်ပါးလေလား။
တိုက်ပွဲအတွက် လေယာဉ်တင်သင်္ဘောတစ်စီးကို စေလွှတ်ခြင်းမှာ ပိုက်ဆံကို မီးရှို့ပစ်နေသည်နှင့် တူညီလှပေသည်။ ကျန်ရှိနေသေးသည့် လေယာဉ်တင်သင်္ဘောနှစ်စီးကလည်း ဤအနီးအနားတွင် ရှိနေပါက အပြေးအလွှားရောက်လာကြလိမ့်မည်ဟု ဝမ်လင်ယုံကြည်မိသည်။
သို့သော် အဘယ်ကြောင့်များ ယခုလိုဖြစ်ရလေသလဲ။
"ဘယ်လိုလဲ။ တော်တော်လန်းတယ်မလား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"သူတို့ အရှေ့ကနေ လမ်းရှင်းပေးနေတယ်။ တိုက်လေယာဉ်တပ်ဖွဲ့နှစ်ခု တိုက်ခိုက်နေတာကို အသာထား။ ရှေ့မှာ စက်ရုပ်နှစ်ခု တိုက်ခိုက်နေရင်တောင်မှ ငါတို့ သူတို့တွေကို ရင်ဆိုင်နိုင်တယ်"
"မင်း ဒါကိုဘယ်လိုလုပ်လိုက်တာလဲ"
ဝမ်လင်က လေယာဉ်တင်သင်္ဘောငါးစီးကို မမြင်ရသေးသော်လည်း တိုက်လေယာဉ်နှစ်ရာကျော်က သူတို့အနားမှ ယခုလေးတင်ဖြတ်သန်းသွားပြီး အနည်းဆုံးအစီးငါးဆယ်ခန့်မှာ သူတို့ကိုဝိုင်းပတ်ထားကာ ကန့်သတ်ထားသောနေရာတွင်ရှိနေပြီး လုံခြုံရေးအတွက် စောင့်ကြည့်ပေးနေသည်။ ဤအရာအားလုံးကို ထင်ထင်ရှားရှားမြင်နေရသည်။
ထို့ကြောင့် လေယာဉ်တင်သင်္ဘောငါးစီးနှင့် ဒုံးကျည်ကာသင်္ဘောများစွာကလည်း အမှန်တကယ်တည်ရှိလေသည်။
ထိုအတွက် ကျန်းမုန့်လောင်က မိနစ်နှစ်ဆယ်ကြာမြင့်သည့် ဖုန်းခေါ်ဆိုမှုတစ်ခုကိုသာ ပြုလုပ်ခဲ့သည်။
"မိတ်ဆွေတစ်ယောက်ဆီကို ဖုန်းဆက်လိုက်ရုံပါပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်းလည်း ကြားလိုက်တာပဲမဟုတ်လား။ ငါက မနောအာရုံနဲ့ စာပို့နေတာလည်းမဟုတ်ဘူး"
"ဒါက လုံးဝမဖြစ်နိုင်ဘူး။ မင်းရဲ့မိတ်ဆွေက ဘယ်လိုမိတ်ဆွေမျိုးလဲ။ ကမ္ဘာ့ကုလသမဂ္ဂတောင် မင်းမိတ်ဆွေရဲ့ ဩဇာအာဏာကို မမီနိုင်ဘူး"
ဝမ်လင်က ပြောလိုက်သည်။ ကမ္ဘာ့ကုလသမဂ္ဂကိုယ်တိုင်ပင် နိုင်ငံပေါင်းများစွာကို သူတို့၏ အောက်ခြေစည်းများကို စွန့်လွှတ်ပစ်ရန်အတွက် လွယ်လင့်တကူ ဖျောင်းဖျနိုင်မည်မဟုတ်ပေ။
"မင်းက တကယ်မရှိတဲ့ စိတ်ကူးယဉ်မိတ်ဆွေတွေကို ဖန်တီးနေတာလား"
"ငါက တခြားဘာများတတ်နိုင်ဦးမှာလဲ"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"ပြီးတော့ ငါက သူတို့ကို ပိုက်ဆံမပေးတာမှမဟုတ်တာ။ ပါဝင်ကြေးအတွက် ရက်ရက်ရောရောပေးမှာပါ။ သူများတွေကို အလကားခေါ်လိုက်ရတာမျိုးတော့ မဖြစ်စေချင်ဘူးလေ။ ဟုတ်တယ်မလား"
"ဒါက မင်းမှာ ပိုက်ဆံရှိတာမရှိတာနဲ့ မဆိုင်တော့ဘူး"
ဝမ်လင်က စိတ်သောကရောက်နေဟန်ဖြင့် ပြောလိုက်သည်။ သင့်အနေနှင့် လေယာဉ်တင်သင်္ဘောတစ်စင်း ငှားဖို့အတွက်နှင့် သူတို့အိမ်ကို အမေရိကန်ဒေါ်လာသန်းဆယ်ဂဏန်းလောက် သယ်သွားလျှင်တောင် ဤအရာများမှာ နိုင်ငံတစ်နိုင်ငံ၏ အရေးပါလှသော ပိုင်ဆိုင်မှုများပင်။ ၎င်းမှာ ပိုက်ဆံနှင့် ဆွဲဆောင်နိုင်သော အရာတစ်ခုမဟုတ်ချေ။
"ငါ့မိတ်ဆွေ နှာချေလိုက်ရင် ဥရောပတစ်ခုလုံးတောင် တုန်လှုပ်သွားရတယ်ကွ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။ ဒိုရယ်လာမိသားစု၏ အင်အားကို သူ အတိအကျမသိသော်လည်း ဆယ်မိနစ်အတွင်းမှာပင် ဥရောပ၏ စစ်အင်အားစုတစ်ဝက်နီးပါးကို စုစည်းနိုင်ခဲ့သည်ဖြစ်ရာ သူတို့ကို ဤသို့ဖော်ပြခြင်းမှာ ချဲ့ကားရာမရောက်ပေ။
စစ်သင်္ဘောများက မကြာသေးမီကပင် တိုက်ပွဲနယ်မြေထဲသို့ ဖြည်းဖြည်းချင်းဝင်ရောက်လာသည်။ ဤနေရာတွင် ယခုလောလောဆယ် တိတ်ဆိတ်နေသော်ငြား လေထုထဲမှာတော့ ယမ်းနံ့များ ပျံ့နှံ့နေဆဲဖြစ်၏။ ဤသည်မှာ စစ်ပွဲပင်။
"မစ္စတာကျန်း.. လူတစ်ယောက်က ခင်ဗျားနဲ့စကားပြောဖို့ ခွင့်တောင်းနေပါတယ်"
ဟဲ့လျန်က ပြောလာလေသည်။
"ဒီကတစ်ဆင့် လွှဲလိုက်ပါ"
တစ်ဖက်မှ သြရှရှအသံတစ်သံ ကြားလိုက်ရသည်။
"မစ္စတာကျန်း..အခုပြောနေတာက ကားလို့စ်လေယာဉ်တင်သင်္ဘောရဲ့တပ်မှူး ဘာဂတ်စ်ပါ"
"ဟယ်လို.. မစ္စတာဘာဂတ်စ်"
ဤစကားမှာ စပိန်ဘာသာစကားဖြစ်သော်လည်း ယဲ့ရင်သည် လူသားဘာသာပြန်စက်အဖြစ် တည်ရှိနေသောကြောင့် ကျန်းမုန့်လောင်လည်း ဘာအခက်အခဲမှမရှိပါဘဲ ဆက်သွယ်ပြောဆိုနိုင်သည်။ ဝမ်လင်နှင့် အခြားသူများမှာမူ လုံးဝအံ့အားသင့်သွားရသည်။ ကျန်းမုန့်လောင်က အင်္ဂလိပ်နှင့် ချင်းချိုးဘာသာစကားတို့ကို ကျွမ်းကျင်စွာပြောနိုင်သည့်အပြင် စပိန်ဘာသာစကားကိုပါ အထင်ကြီးစရာကောင်းအောင် ပြောနိုင်ပေသည်။ သူက ဘာသာစကားပါရမီရှင်တစ်ဦးလေလော။
"မစ္စတာကျန်း..မိုရီကိုနဲ့လာဒင်ဘတ်က တိုက်လေယာဉ်တပ်ဖွဲ့တွေက အပြည့်အဝမဆုတ်ခွာသေးပါဘူး။ လက်ရှိအချိန် အနီးအနားလေပိုင်နက်ထဲမှာ ရစ်သီရစ်သီလုပ်နေတုန်းပါပဲ။ နောက်ထပ်စစ်ရေးတိုက်ခိုက်မှုတွေကို ဆက်လက်ဆောင်ရွက်လိုက်ရမလား"
ဘာဂတ်စ်က မေးလိုက်သည်။
"သူတို့က မသွားသေးဘူးပေါ့။ တယ်သတ္တိရှိပါလား"
"ဟုတ်ပါတယ်။ ဒီတိုက်ပွဲအတွက် သူတို့ဘက်က အရင်းအမြစ်တွေအများကြီး ရင်းနှီးမြှုပ်နှံထားရတာလေ။ သူတို့က ဒီနေရာမှာတင် ရပ်တန့်ကြမှာ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ စိတ်လိုက်မာန်ပါလည်း လုပ်ရဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလေကြောင်းလမ်းကို အောင်အောင်မြင်မြင်ဖြတ်သန်းသွားပြီးရင် နောက်ပိုင်းမှာ သူတို့ ဘယ်လောက်ပဲတိုက်ခိုက်နေပါစေ အဲ့ဒါ ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူးလေ"
"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါက ငြိမ်းချမ်းရေးကို နှစ်သက်သူတစ်ယောက်ဖြစ်တဲ့အတွက် တိုက်ခိုက်မှုတွေက်ို ရပ်တန့်စေချင်တယ်။ တိုက်ပွဲစတင်လိုက်တာနဲ့ သူတို့ရဲ့စစ်သားတွေလည်း အသက်ဆုံးရှုံးရမယ်။ သူတို့မိသားစုဝင်တွေလည်း အကြီးအကျယ်နာကျင်ကြရလိမ့်မယ်။ ၂၁ရာစုရဲ့ ထူးချွန်လူငယ်တစ်ယောက်အနေနဲ့ ငါ ဒီတိုက်ပွဲကို ရပ်တန့်ဖို့ ကြိုးစားရလိမ့်မယ်ထင်တယ်"
"သူတို့ကိုပြောလိုက်။ သူတို့သာ ဆက်တိုက်ခိုက်နေမယ်ဆိုရင် ငါတို့ဘက်ကလည်း အတင်းအကျပ်ကြားဝင်ဖျန်ဖြေပေးရလိမ့်မယ်လို့။ ဘယ်သူ့ဘက်ကပဲစစ သူတို့ကို ဖြိုခွင်းပစ်လိုက်"
ကျန်းမုန့်လောင်က မရဲတရဲမေးလိုက်သေးသည်။
"ငါတို့ အဲ့လိုလုပ်နိုင်လား"
"ကျွန်တော်တို့တာဝန်က ခင်ဗျားရဲ့အမိန့်တွေကို ခြွင်းချက်မရှိဖြည့်ဆည်းပေးဖို့အတွက်ပါပဲ"
"ဒါဆို လုပ်လိုက်ကြစို့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အတင်းအကျပ်ကြားဝင်ဖျန်ဖြေတာက ဘယ်လိုလဲဆိုတာ သူတို့ကိုပြလိုက်"
**********