← Chapters

နောက်ခံတီးလုံးဖွင့် ၊ အကုန်သတ်

Vol. 7 Ch. 88

နောက်ခံတီးလုံးဖွင့် ၊ အကုန်သတ်

Vol. 7 Ch. 88

နစ်မြုပ်ခေါင်းတလားနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ၌ ခရမ်းရောင်ဝတ်ရုံအဘိုးအိုသည် ပြင်းထန်စွာ ဒေါသထွက်နေလေသည်။

"ကျိယွမ် ဟုတ်လား ။ ဟင်း...ရွှမ်ယူချမ်း၊ နင်ကတကယ့်ကို ဂရုစိုက်တတ်တာပဲ ။ တပည့်ကို စိတ်ဝိညာဥ်ရတနာတောင်ပေးခဲ့တာကိုး ။ သတင်းတွေထွက်သလို ကျိယွမ်ဆိုတဲ့ကောင်က နင့်ရဲ့ချစ်သူ ဒါမှမဟုတ် သားများဖြစ်နေသလား မသိဘူး"

"ဒါပေမဲ့ သူ့ရဲ့ချီစွမ်းအင်ကုန်သွားပြီဆိုတော့ အဲဒီရတနာကို အသုံးမချနိုင်တော့ဘူး"

အဘိုးအိုက သူ၏ကျဆုံးစစ်သည်အတွက် ဖြေသိမ့်ပေးလိုက်သည်။

"လျန်ရယ်....ဘာမဟုတ်တဲ့ကောင်ရဲ့လက်ချက်နဲ့ မင်းသေသွားရပေမယ့် ငါမင်းအတွက် သေချာပေါက်လက်စားချေပေးမယ် ။ မင်းအသက်ပေးသွားရတာ အလကားမဖြစ်စေရဘူး"

လျန်ရယ်သည် သူအားအထားရဆုံး အသေခံစစ်သည်တစ်ယောက် ဖြစ်သည် ။

လျှိုဝှက်အကြီးအကဲ၏အကူအညီဖြင့် သူသည် အသေခံစစ်သည်သုံးရာကို တိတ်တဆိတ် ပျိုးထောင်ပေးခဲ့၏။

အသေခံစစ်သည်များထဲတွင် အနိမ့်ဆုံးအဆင့်မှာ အခြေတည်အထွတ်အထိပ်အဆင့်ဖြစ်သည်။

နှစ်အနည်းငယ်အတွင်း နတ်ဆိုးကျင့်စဉ် နည်းလမ်းများဖြင့် အသေခံစစ်သည်များ၏ အဆင့်များက လျင်မြန်စွာတိုးတက်လာသော်လည်း ပြင်းထန်သောဆိုးကျိူးများရှိလေသည်။၄င်းမှာ စစ်သည်များ၏ သက်တမ်းအလွန်တိုသွားခြင်းပင်။ယခုအခါဆိုလျှင် စည်သည်အများစု၏ သက်တမ်းမှာ ဆယ်ရက်ပင်မရှိတော့ပါ။

သို့သော် လျန်ရယ်ကတော့ ထိုစစ်သည်များနှင့်ကွဲပြားခြားနားလေ၏။လျန်ရယ်က တော်ဝင်မိသားစု၏နည်းစနစ်ကိုသာ လေ့ကျင့်ထားသောကြောင့် သက်တမ်းပြဿနာမရှိဘဲ အနာဂတ်တွင်ပါ အသုံးဝင်မည့်စစ်သည်တော်ဖြစ်သည်။

ယခုတော့ ဘာမဟုတ်သောကျိယွမ်ကြောင့် ဆုံးရှုံးခဲ့ရလေပြီ။

"လျန်ချုံး"

ခရမ်းရောင်ဝတ်ရုံအဘိုးအို၏ မာကျောသောခေါ်သံအဆုံးတွင် ပျော့ပြောင်းသောသံချပ်ဝတ်စုံကိုဝတ်ထားသော စစ်သည်တစ်ယောက် ပေါ်လာပြန်သည်။

သူ၏အရှိန်အဝါသည် လျန်ရယ်ထက်ပင် ပိုမိုအားကောင်းနေ၏။

"ခေါင်းတလားကို သန့်စင်နေတာက အရေးကြီးဆုံးအချိန်ကို ရောက်နေပြီ ။ဒါကြောင့် ပင်မဝိညာဉ်အတွေးပန်းပွင့်ကို မင်းကို လွှဲပေးထားမယ်။ကျိယွမ်ဆိုတဲ့လူတစ်ယောက် ရတနာတစ်ခုနဲ့ နစ်မြုပ်ခေါင်းတလားနယ်မြေထဲ ဝင်လာပြီ"

ခရမ်းရောင်ဝတ်ရုံအဘိုးအိုက ပင်မဝိညာဥ်အတွေးပန်းကို လျန်ချုံးအားပေးလိုက်၏။

"ကျိယွမ်ဆိုတဲ့ကောင်ကိုသတ်ပြီး ရတနာကိုယူခဲ့ ။မင်းက အသေခံစစ်သည်သုံးရာကို ခဏတာ ဦးဆောင်ရမယ်။ဘယ်သူ့ကိုမှ ခေါင်းတလားနယ်မြေထဲ ဝင်ခွင့်မပြုနဲ့။လာသမျှလူတွေလည်း အကုန်သတ် ၊နားလည်လား"

"နားလည်ပါတယ် ။ လျန်ချုံး ရှိနေရင် ဘယ်သူမှ သခင့်အစီအစဉ်တွေကို မဖျက်ဆီးနိုင်စေရပါဘူး"

လျန်ချုံး၏မျက်နှာက သန္နိဋ္ဌာန်ချထားသလိုခိုင်မာမှုအပြည့်ပါနေသည် ။

သူသည် အသေခံစစ်သည်တစ်ဦး ဖြစ်သည် ။ သူ၏သခင်အတွက် အသေခံရန်မှာ သူတိူ့၏တာဝန်ပင်ဖြစ်သည်။

................

"လျန်ရယ်ဆိုတဲ့သူရဲ့နောက်ခံလူမှာ တပည့်ဘယ်လောက်များ ကျန်သေးလဲ။လျန်ရယ်တစ်ယောက်တည်းရှိတာလို့တော့ မပြောနဲ့နော် ၊ ငါငိုချင်သွားလိမ့်မယ်"

ကျိယွမ်က စောင့်ဆိုင်းနေသော်လည်း အချိန်အတော်ကြာအထိ လူမဆိုထားနှင့်ခွေးတစ်ကောင်ကြောင်တစ်မြီးမှပင် ပေါ်မလာပါ။

အကယ်၍အကြံအစည်သမားတွင် လူအနည်းငယ်သာ ရှိပါက၊သူ့အတွက် တော်တော်လေးတွက်ချေမကိုက်ဟုတွေးမိသည်။

ဝိညာဉ်အတွေးပန်းပွင့်အနည်းငယ်က သူ့အတွက်သွားကြားပင်ညှပ်မည်မဟုတ်ပေ။

လူကကုန်ပြီထင်တယ် ငါ့ဘာသာရှေ့ဆက်သွားရင်ကောင်းမလား။

ကျိယွမ်ထိုသို့တွေးလိုက်မိစဥ်မှာပင် မြှားတစ်စင်းက သူ့ဆီသို့အရှိန်ပြင်းစွာပျံသန်းလာ၏။

မြှားတံသည် အစွမ်းထက်သောအရှိန်အဝါကို ထုတ်လွှတ်နေပြီး အမြုတေအဆင့်ကျင့်ကြံသူက ပစ်ခတ်လိုက်ခြင်းဖြစ်နိုင်သည်။

"အန္တရာယ်များတယ်ဟ "

ကျိယွမ်က လျင်မြန်စွာလူးလဲပြီး မြှားကို ရှောင်လိုက်သည်။သူက တိုက်ခိုက်ရန်ပြင်လိုက်ပြီးမှ သတိရသွားသည်။

"မေ့တော့မလို့..."

ဂီတသံစဥ်ကျောက်စိမ်းပြားကို လျင်မြန်စွာ ဖွင့်လိုက်သည် ။

မြူးကြွသောတေးသံနှင့်အတူ သူကဘာမထီသူရဲကောင်းတစ်ယောက်ပမာ ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဟိန်းဟောက်ပစ်သည်။

"ဘယ်သူက ဒီလောက်သတ္တိကောင်းလို့ ငါ့ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဝံ့တာလဲ၊ သေချင်နေတာလား"

အပျော့စားသံချပ်ကာ ဝတ်ထားသောအသေခံစစ်သည်နှစ်ဦးက အံ့သြသွားကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိ၏။

"သူက ပြာပြာသလဲထုတ်ယူလိုက်လို့ ငါက ရတနာလက်နက်ထင်နေတာ"

"ပြီးတော့ ဂီတကျောက်စိမ်းပြားကြီးတဲ့လား၊သူက ခုလိုအချိန်မှာဘာလို့သီချင်းကို အသည်းအသန်ဖွင့်နေရတာလဲ ။သူက ငါတို့ကို ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတာလား"

နောက်တစ်ယောက်က အားပေးလိုက်သည်။

"မကြောက်နဲ့ ။ သူ့မှာချီစွမ်းအင် အပြည့်ပြန်မကောင်းသေးဘူး ။သူ့ကို သတ်လိုက်ကြရအောင်"

အမြုတေအဆင့် အသေခံစစ်သည်နှစ်ဦးက ကျိယွမ်ထံသို့ ပြောင်းပြောင်းတင်းတင်းပင် ပြေးဝင်လာပြီး တိုကိခိုက်လိူက်ကြသည်။

ပြင်းထန်သော ဝိညာဉ်စွမ်းအင်များက မြက်ခင်းတစ်ခုလုံးကို တိုက်ခတ်သွားသည်။

"အား.."

ကျိယွမ်သည် ကြိုးပြတ်သွားသောစွန်တစ်စင်းကဲ့သို့ မြေပြင်ပေါ်သို့ ခွေခွေလေးပြုတ်ကျသွားသည် ။

"အဟွတ်..အဟွတ်..မင်း..မင်းတို့ ခွန်အားက ပြင်းထန်လှချည်လား.."

ပါးစပ်မှ သွေးများကိုသုတ်ကာ ဒယိမ်းဒယိုင်ဖြင့်ထရပ်ရန်ကြိုးစားနေ၏။

"ဒါပေမဲ့ မင်းတို့ဘယ်လောက်ပဲအားကောင်းပါစေ၊ ငါကဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး၊ သေတဲ့အထိ တိုက်ပွဲဝင်မယ်ကွ"

ကျိယွမ်က နာကျည်းနေသောဇာတ်လိုက်တစ်ယောက်လို ကြုံးဝါးသည် ။

ထိုအခိုက်ကျိယွမ်၏ ခန္ဓာကိုယ်မှ သူရဲကောင်းဆန်သောအရှိန်အဝါတစ်ချို့ ထွက်ပေါ်လာလေသည် ။

အသေခံစစ်သည်နှစ်ဦးက အနည်းငယ်အံ့အားသင့်သွားသော်လည်း ထိုမျှလောက်ဖြင့် သူတို့က မတုန်လှုပ်သွားပါ။

မသေခင် နောက်ဆုံးရုန်းကန်မှုလေးပါပဲ။

"သတ်"

နှစ်ယောက်စလုံးက ကျိယွမ်ကို တစ်ချက်တည်းသတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် အတူတကွ တိုက်ခိုက်လိုက်ကြသည် ။

"ငါ့လိုလူငယ်လေးကို မင်းတို့အဘိုးကြီးနှစ်ယောက်က အုပ်လိုက်ကြီးအနိုင့်ကျင့်တာ..နောက်ဘဝထိတောင် မကျေဘူး"

ကျိယွမ်သည် သူ၏မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ကာ ရုန်းကန်ရင်း ကြံ့ကြံ့ခံနေသည် ။

မကြာမီခဏဆိုသလို သူကသွေးများအန်နေ၏။

အကြိမ်ပေါင်းများစွာ လဲကျခဲ့သော်လည်း သူသည်ဓားကိုပြန်မြှောက်ကာ ဒယိမ်းဒယိုင်ဖြင့် အကြိမ်တိုင်းပြန်ထရပ်ခဲ့သည် ။

မဆုတ်မနစ်သော ဓါးသမားတစ်ဦးကဲ့သို့ သူသည် သေခြင်းတရားကို ကြံ့ကြံ့ခံပြနေသည် ။

အသေခံစစ်သည်နှစ်ယောက်ကပင် ကျိယွမ်ကို အံ့သြလာ၏။

"မင်းသေသွားရင် ငါတို့ မင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးပါ့မယ်"

သူတို့သည် ကျိယွမ်၏တိုက်ပွဲဝင်စိတ်ဓာတ်ကို အနည်းငယ်ပင်လေးစားလာကြသည် ။

"မင်းတို့သေသွားရင်လည်း ငါ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးမှာပါ ။ အထိမ်းအမှတ်ကျောက်တိုင်ပါ စိုက်ပေးရဦးမလား"

ကျိယွမ်က မကြောက်မလန့်ရှိလှ၏။သူက သွေးများပွက်ပွက်အန်နေသည့်ကြားမှပင် ရန်သူများကို မထီမဲ့မြင်ပြုနေသေးသည်။

အမြုတေအဆင့်အသေခံစစ်သည်နှစ်ဦး၏ မျက်နှာကများက အေးသက်သွားလေ၏။

"သူ့ကို အမြန်ဆုံး ဖြတ်လိုက်ပါ ။ ငါတို့ခံတပ်ကို စောင့်ရဦးမယ်"

စကားဆုံးသည်နှင့် သူတို့ကနည်းဗျူဟာကို ပြောင်းလိုက်ကြပြီး အရက်စက်ဆုံးတိုက်ကွက်များကို အသုံးပြုလာကြတော့သည်။

"ငါ့ကို သတ်ချင်တာလား ။ အဲဒီလောက်မလွယ်ဘူး"

"ငါ့ဆရာပေးထားတဲ့ ရတနာတစ်ခု ငါ့မှာရှိတယ်"

"အဟွတ်..အဟွတ်..ဖွီ.."

သူကသွေးများကို နာကျည်းစွာထွေးထုတ်ပစ်သည်။သူ၏မျက်နှာက ကြေကွဲဟန်ညို့မှိုင်းသွားပြီးမှ ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

"ဒီတစ်ခါတော့ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုဖို့ ငါရဲ့သက်တမ်းနှစ်ပေါင်းသုံးဆယ်ကို စတေးရတော့မယ်"

"မင်းတို့ကို သတ်ဖို့လုံလောက်ပါစေလို့ပဲ မျှော်လင့်ပါတယ်.."

ကျိယွမ်က စကားဆုံးသည်နှင့် မီးဖိုချောင်သုံးဓားကို လှစ်ခနဲဝှေ့ယမ်းလိုက်သည်။

အလင်းတန်းတစ်ချက်ထွက်ပေါ်လာပြီးနောက် အမြုတေအဆင့်အသေခံစစ်သည်နှစ်ယောက်လုံးမှာ ခေါင်းတခြားကိုယ်တခြားဖြစ်သွား၏။

ဓားချက်က သူ့တို့အား ဇတ်ပိုးဘက်မှခုတ်လိုက်သလား လည်ပင်းဘက်မှခုတ်လိုက်သလားတောင် သူတို့ခမျာသိမသွားရှာခဲ့ပါ။

"အဟွတ်..အဟွတ်.."

ကျိယွမ်၏ မျက်နှာသည်ဆီးနှင်းကဲ့သို့ ဖြူဖျော့သွားသော်လည်း သူကမောဟိုက်စွာ ပြုံးလိုက်သည်။

"ငါ အနိုင်ရပြီ"

သူ၏ ပါးစပ်မှ သွေးများယိုစီးကျနေသည့်အပြင် ယခုအခါ၌ သူ၏ဆံပင်များတွင် အဖြူရောင်စင်းကြောင်းတစ်ခု ပေါ်လာသည် ။

.............

ရုန်မြို့ အပြင်ဘက်ရှိ နန်းတော်ထဲတွင် ဖြစ်သည် ။

"သူ ထွက်သွားပြီလား"

ဂိုဏ်းချုပ်ကူမူသည် ဗလာဖြစ်နေသော အိပ်ရာကိုမြင်ပြီးနောက် သူ၏မျက်နှာအမူအရာသည် သိသာစွာပြောင်းလဲသွားသည် ။

ဧကရီ၏လှပသောမျက်နှာသည်လည်း ထိုနည်းတူ တင်းမာနေသည် ။

"ကျွန်မ အဲ့ဒီအဘိုးကြီးကို အထင်သေးလိုက်မိတယ်"

တောင်ထိပ်သခင်ထိုင်ကွမ်း၏ မျက်လုံးများက ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေရှိရာဘက်သို့ မျှော်ကြည့်လိုက်သည်။

"ဧကရာဇ်ရဲ့လှုပ်ရှားမှုက ကောင်းကင်နဂါးနယ်မြေကို လုံးဝထိန်းချုပ်နိုင်ဖို့ပဲ ဖြစ်ရမယ် ။ သူက ဘယ်လိုများထိန်းချုပ်ဖို့ စီစဉ်ထားလဲဆိုတာ သိချင်လိုက်တာ"

ထိုအခိုက် ဓားကဲ့သို့ထက်မြသောအသံတစ်ခုထွက်ပေါ်လာ၏။

"ဓါးနီဂိုဏ်းနဲ့ပေါ့"

နက်ပြာရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးက ရုတ်တရက် နန်းတော်ခန်းမထဲတွင်ပေါ်လာ၏။ဓားပျံဆယ့်ခုနစ်ချောင်းပါသော ဓါးအိမ်တစ်ခုကို သူ၏ကျောဘက်၌

သယ်ဆောင်ထားသည် ။

ထိုအဘိုးအိုက ကျူမျောလွင့်တောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးအရူးဓါးသခင်ပင်ဖြစ်လေသည်။

"ဓါးနီဂိုဏ်းလား"

ထိုအမည်ကို ကြားသောအခါ အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည် ။

သူတို့အားလုံး ဓါးနီဂိုဏ်းဟူသောနာမည်နှင့် အလွန်ရင်းနှီးကြသည်မဟုတ်ပါလား။

လွန်ခဲ့သောနှစ်ရာပေါင်းများစွာတွင် နတ်ဆိုးရမက်ဂိုဏ်းက သာ့ရှန်းပြည်ကိုသိမ်းပိုက်ရန်ကြိုးပမ်းသည့်အချိန်မှာ ဓါးနီဂိုဏ်းက၎င်းတို့နောက်ကွယ်တွင် ရှိနေခဲ့သည် ။

သို့သော်လည်း ၄င်းတို့၏အကြံသည် ကျိစယ်တောင်ထွတ်သခင်မကြောင့် ကျရှုံးခဲ့ရ၏။

"ဧကရာဇ်က ဓါးနီဂိုဏ်းနဲ့ ပေါင်းနေတာလား"

ဂိုဏ်းချုပ်ကူမူ အနည်းငယ်နောင်တရသွားသည် ။ထိုအကြောင်းကိုသာ သူသိခဲ့လျှင် ဧကရာဇ်ကိုသေချာပေါက်သတ်ပစ်ခဲ့မည် ဖြစ်သည် ။

ဧကရီသည် အပြစ်ရှိသော မျက်နှာဖြင့်ဝန်ခံလိုက်သည် ။

"ဒါက ကျွန်မအမှားပါ ။ ကျွန်မ ဧကရာဇ်ကို သေချာ ဂရုမစိုက်မိခဲ့ဘူး"

အရူးဓါးသခင်က အရေးကြီးသောအချက်ကို သတိပေးလာ၏။

"အခုဒါတွေ ပြောနေရမဲ့အချိန် မဟုတ်တော့ဘူး ။လျှို့ဝှက်နယ်မြေထဲက ငါတို့ရဲ့တပည့်တွေကို ဘယ်လိုလုပ်မလဲ"

သူကထိုအရာကို အလွန်စိတ်ပူနေ၏။

"ဓါးနီဂိုဏ်းမှာ နတ်ဆိုးမျိုးစေ့တွေ ရှိတယ် ။ အဲဒါတွေက အင်အားကြီးတဲ့ ကျင့်ကြံသူတွေကို လျင်မြန်စွာဖန်တီးနိုင်တယ် ။ ဧကရာဇ်ရဲ့ ကောင်းကင်နဂါးနယ်မြေ ကြံစည်မှုမှာနတ်ဆိုးမျိုးစေ့အသေခံစစ်သည် အများကြီး ပါဝင်နေမှာသေချာတယ်"

ဂိုဏ်းချုပ်ကုမူက အခြေအနေနှင့်အနီးစပ်ဆုံးဖြစ်နိုင်ချေကို ခန့်မှန်းမိလေသည်။

"ကန်းဖူလူနဲ့ကျိယွမ်လည်း လျှို့ဝှက်နယ်မြေထဲမှာ ရှိနေတယ်"

သူသည် အဝေးတစ်နေရာမှ ကျိစယ်တောင်ထွတ်ဆီသို့ လှမ်းမျှော်ကြည့်လ်ုက်ပြီး သူ၏စိတ်ထဲ၌ ရှုပ်ထွေးနေလေသည်။

သူမပင်လျှင် ယခုကိစ္စကိုမသိခဲ့ဟန်တူသည်။

ဧကရာဇ်သည် အဓိကဂိုဏ်းကြီးများကို မုန်းတီးသောကြောင့် မည်သူ့ကိုမှ ချမ်းသာပေးမည် မဟုတ်သည်ကို အားလုံးတွေးမိသောအခါ ပို၍စိုးရိမ်လာကြသည်။

အင်အားကြီးကျင့်ကြံသူများကိုပါ စီစဥ်ထားသောကြောင့် မိမိတို့၏တပည့်များကို သေချာပေါက်ရက်စက်စွာသတ်ဖြတ်ပစ်မှာလည်း သေချာသလောက်ရှိ၏။

"ဧကရာဇ်ဟာ ပထမကောင်းကင်နဂါးနယ်မြေကနေတစ်ဆင့် လက်ရှိနယ်မြေထဲကိုဝင်ရောက်လာတာဖြစ်ရမယ်"

အရူးဓါးသခင်က ဆက်လက်၍ ရှန်ကွမ်းဂိုဏ်းချုပ်ကြီးအား အကြံပေးလိုက်သည်။

"ကုမူ၊ အသက်တစ်ရာအောက်ရှိတဲ့ ကျင့်ကြံသူအားလုံးကို ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေထဲ အမြန်ဆုံးပို့လိုက်ပါ ။ သုံးရက်ကြာသွားပြီ ။ တပည့်ဘယ်နှစ်ယောက် အသက်ရှင်ကျန်သေးလဲဆိုတာ ငါတို့ မဆုံးဖြတ်နိုင်ဘူး ။အခု အရေးအကြီးဆုံးကတော့ ဧကရာဇ်ရဲ့အစီအစဉ်ကို တားဆီးဖို့ပဲ ။ သူသာ ကောင်းကင်နဂါးနယ်မြေကို လုံးဝထိန်းချုပ်နိုင်ခဲ့ရင် ငါတို့ ပျက်စီးမှာ သေချာတယ်"

"ကောင်းပြီ"

ရှန်ကွမ်းဂိုဏ်းတွင် အသက်တစ်ရာအောက် အမြုတေအဆင့်ကျင့်ကြံသူက အနည်းငယ်သာ ရှိသည်။

သို့သော် တုံ့ဆိုင်းနေရန် အချိန်မရှိပေ ။

ယခုအခြေအနေကို ကယ်တင်ရန် မျှော်လင့်ချက်မှန်သမျှကို အမြန်ဆုံးအကောင်အထည်ဖော်ရလိမ့်မည် ။

သို့သော်လည်း သူ၏သမက်ဖြစ်သူကန်းဖူလူနှင့် ကျိစယ်တောင်ထိပ်မှကျိယွမ်တို့ သေဆုံးသွားနိုင်သည်ဟုတော့ သူစိတ်ထဲတွင် လက်ခံထားပြီး ဖြစ်သည်။

အမြုတေအဆင့် နတ်ဆိုးအသေခံစစ်သည်ကျင့်ကြံသူဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းများကို အခြေတည်အဆင့် တပည့်အနည်းငယ်က မည်သို့ရင်ဆိုင်နိုင်မည်နည်း။

................

"ပျင်းစရာကောင်းလိုက်တာ၊ သရုပ်ဆောင်ရတာတော်တော်ပျင်းလာပြီ"

နစ်မြုပ်ခေါင်းတလားနယ်မြေတွင် ကျိယွမ်သည် အခြေတည်အထွတ်အဆင့်တစ်ဦးကို သတ်ပြီး ထိုသူ၏ဝိညာဉ်အတွေးပန်းပွင့်ကို ယူလိုက်သည် ။

ဝိညာဉ်အတွေးပန်းပွင့်များ စုဆောင်းလာသည်မှာ ယခုဆိုလျှင်လေးဆယ်ရှိလေပြီ။

ပထမတွင် သူသည် ဟန်ဆောင်ပြီး ကျင့်ကြံသူအများအပြားကို ဆွဲဆောင်ခဲ့သည် ။

သို့သော် နောက်ပိုင်းတွင် မည်သူမျှမလာတော့ပေ ။

ကျိယွမ်သည် သူ၏အစီအစဉ် ပျက်စီးသွားသည်ကို သိလိုက်သည် ။

သို့သော် သူသည် စိတ်ဓာတ်မကျခဲ့ပေ ။

သူသည် ရောက်လာသူအများအပြားထံမှ အချက်အလက်တော်တော်များများ ရခဲ့သည် ။

အသေခံစစ်သည်များက ၄င်းတို့၏ခေါင်းဆောင်ဖြစ်သူ၏ အကြံအစည်အကြီးကြီးကို ကူညီပေးရန်ခံတပ်များကို စောင့်ကြပ်နေရကြောင်း သူသိလိုက်၏။

ထို့ကြောင့် ကျန်သောသူများကသူ့ဆီသို့ မလာနိုင်ခဲ့ခြင်းပင်။

သူတို့မလာနိုင်တော့သဖြင့် ကျိယွမ်ကသဘောထားကြီးစွာ သူကိုယ်တိုင်သွားတွေ့ရန် ရွေးချယ်လိုက်ရတော့သည်။

ခံတပ်တစ်ခု၏တည်နေရာကို သိပြီးသည့်နောက်မှာတော့ သူကအမဲလိုက်သလို စတင်သတ်ဖြတ်တော့သည်။

"အခုလို တက်တက်ကြွကြွ တိုက်ခိုက်တာက ပိုကောင်းတယ် ။ ငါးမျှားသလို ထိုင်စောင့်နေရတာက ပျင်းစရာပဲ"

"ဒီအမြုတေကျင့်ကြံသူတွေက အရမ်း အားနည်းလွန်းတယ် ။ ပြီးစလွယ်ထုတ်ထားတဲ့ အပေါစားထုတ်ကုန်တွေလိုပဲ ။ သူတို့ လေးငါးယောက်လောက်ပေါင်းမှ ပုံမှန်အမြုတေတစ်ယောက်ကို ယှဉ်နိုင်မယ်လို့ ထင်ရတယ်"

ကျိယွမ်သည် အသေခံစစ်သည်အမြုတေ ကျင့်ကြံသူများမှာ သတ်ရန်လွယ်ကူလွန်းသည်ဟုထင်မိသည် ။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ အားနည်းနေသည် ။

အခြားသူမပြောနှင့် မဟူရာတောင်တန်းဂိုဏ်းမှ ယွီလင်လုံကိုပြန်ထပြီးတိုက်ခိုက်လျှင်ပင် ယခုအမြုတေအဆင့်ခုနစ်ယောက်လောက်ကို တစ်ယောက်တည်း အေးအေးဆေးဆေးသတ်နိုင်လောက်၏။

သူတွေ့နေရသောအမြုတေအဆင့်ကျင့်ကြံသူများသည် မှောင်ခိုစျေးကွက်မှ အပေါစားကုန်ကြမ်းများဖြင့် ပြီးစလွယ်ထုတ်ထားသော ထုတ်ကုန်အတုများကဲ့သို့ ဖြစ်နေသည် ။

ကျိယွမ်သည် ခံတပ်တစ်ခုလုံးကို သတ်ဖြတ်ပြီးနောက် နောက်ထပ်တစ်ခုသို့ ဦးတည်လိုက်သည်။

အနီးဆုံးခံတပ်တွင်ရှိသော ကျင့်ကြံသူတစ်ဒါဇင်ခန့် မှာအလွန်တုန်လှုပ်နေကြလေသည် ။

"သခင်၊ အဲ့ဒီလူက ငါတို့ဘက်ကို လာနေပြီ"

အသေခံစစ်သည်တစ်ဦးက ဝိညာဉ်အတွေးပန်းပွင့်မှတစ်ဆင့် သတင်းပို့သည် ။

အမှတ်တစ်ခံတပ်တွင်ထိုင်နေသော လျန်ချုံး၏မျက်နှာသည် တင်းမာနေ၏။

ကျိယွမ်သည် ရှေ့မှခံတပ်နှစ်ခုကို တစ်ယောက်မကျန်သတ်ပစ်ခဲ့သည်ကို သူသိပြီးလေပြီ။

ကျိယွမ်သတ်ဖြတ်ခဲ့သော ခံတပ်တစ်ခုတွင် အမြုတေအဆင့်ခုနစ်ဦးအထိရှိခဲ့ပြီး သာ့ရှန်းပြည်၏ဂိုဏ်းငယ်တစ်ခုနှင့်ပင် အဆင့်တူသည် ။

သို့သော် ကျိယွမ်က ထိုခံတပ်ကို တစ်ယောက်မကျန် သုတ်သင်ရှင်းလင်းလိုက်သည် ။

မီးဖိုချောင်းသုံးဓါးတစ်ချောင်းသာပါသော ကျိယွမ်သည် အမြုတေအဆင့်များကို ခွေးများအားလိုက်ခုတ်နေသလို လွယ်ကူစွာသတ်ဖြတ်ပစ်ခဲ့ခြင်းပင်။

လျန်ချုံးက သူကိုယ်တိုင်ပင် ကျိယွမ်ကို ယှဉ်နိုင်မည်မဟုတ်ဟု သဘောပေါက်လာသည်။

"သူက ဘယ်လိုနတ်ဆိုးမျိုးလဲ"

လျန်ချုံးမှာ တွေးလေကြောက်လေပင်။

ထိုသို့သော ပါရမီရှင်မျိုးကိုအိမ်မက်ထဲ၌ပင် ပင် မမြင်ဖူးခဲ့ပါ။

ကျိစယ်တောင်ထိပ်၏ ထိပ်တန်းတပည့်သည် အခြေတည်အဆင့်ကိုရောက်သည်မှာ လပိုင်းသာရှိသေးသည်ဟု သူသိထားခဲ့သည်။

သို့သော် သူသည်အဘယ့်ကြောင့် အမြုတေအဆင့်အထွတ်အထိပ်များကိုပင် ဖိနှိပ်နိုင်နေသနည်း။

ကျိယွမ်သည် အယောင်ဆောင်ထားသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူဖြစ်နေမလားဟုပင် သံသယဝင်လာမိသည်။

သို့သော် လျန်ချုံးက နောက်ဆုတ်ပြေးရန်စိတ်ကူးမရှိပါ။

သူက တင်းမာစွာ အမိန့်ပေးလိုက်သည်။

"ရှိသမျှလူအားလုံး၊ အမှတ်တစ်ခံတပ်မှာ စုဝေးကြ"

အင်အားများပြန်ကျဲ့နေလျှင် ကျိယွမ်ကလွယ်ကူစွာသတ်ဖြတ်သွားနိုင်သည်။ထို့ကြောင့် အားလုံးကိုစုစည်းကာ တညီတညွှတ်တည်းရင်ဆိုင်ရန် သူကဆုံးဖြတ်လိုက်သည်။

"နားလည်ပါပြီ"

နစ်မြုပ်ခေါင်းတလားနယ်မြေရှိ အသေခံစစ်သည်အားလုံးသည် အမှတ်တစ်ခံတပ်သို့ လျင်မြန်စွာ ဦးတည်သွားကြသည် ။

လျန်ချုံးသည် ခံတပ်တွင် မတ်တပ်ရပ်နေပြီး စစ်သည်များ ပိုမိုရောက်ရှိလာသည်နှင့်အမျှ ပိုမိုလုံခြုံလာသည်ဟု ခံစားရသည် ။

"အသေခံစစ်သည် သုံးရာနီးပါးရှိတယ် ။ သူ ဘယ်လို ဖောက်ထွင်းဝင်ရောက်မလဲဆိုတာ ကြည့်ရအောင် "

"ငါတို့သာခံတပ်ကို ဧကရာဇ်ရဲ့အစီအစဉ် အောင်မြင်တဲ့အထိစောင့်ရှောက်နိုင်ရင် နောက်ဆုံးမှာ ကျိယွမ်ဆိုတဲ့ကောင်သေဆုံးရမှာပဲ"

လျန်ချုံးသည် ကျိယွမ်ကို တိုက်ခိုက်ရန် မစဉ်းစားတော့ပါ ။ ထိုသို့ပြုလုပ်ခြင်းသည် မမျှော်လင့်ထားသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည် ။

သူ၏တာဝန်မှာ အမှတ်တစ်ခံတပ်ကို စောင့်ရှောက်ခြင်းသည် ပထမဦးစားပေးဖြစ်ပြီး အမှားလုပ်၍ မရပေ။

အသေခံစစ်သည် အများအပြား စောင့်ကြပ်နေသဖြင့် ကျိယွမ်သည် အနည်းငယ်တွေဝေကာ ခံတပ်ကိုတိုက်ခိုက်ရန်ပင် ချိန်ဆသွားနိုင်သည်။

ထိုမျှအင်အားတောင့်တင်းသောခံတပ်တစ်ခုကို မီးဖိုချောင်သုံးဓားမတိုတစ်ချောင်းဖြင့် တစ်ယောက်တည်း တိုက်ခိုက်ခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းသာ ဖြစ်လိမ့်မည် ။

စစ်သည်အားလုံးကို စနစ်တကျနေရာချပြီးနောက် လျန်ချုံး ပို၍စိတ်ချလက်ချရှိသွားသည်။

"ဒီလောက်ဆို ကျိယွမ်ဆိုတဲ့ကောင် မတိုက်ခင် ဆယ်ခါပြန်မက ပြန်တွေးသွားမှာသေချာတယ်"

အမွှေးတိုင်တစ်ဝက်ခန့်ကြာချိန်တွင် အမှတ်တစ်ခံတပ်ရှေ့သို့ ပျင်းသဲ့သဲ့ပြုံးနေသော မျက်နှာဖြင့် ကျိယွမ်ရောက်ရှိလာတော့သည်။

လျန်ချုံးက အနည်းငယ်ရင်တုန်သွားသော်လည်း လက်ရှိအင်အားကို ကျိယွမ်မစဥ်းစားဘဲ ရင်မဆိုင်ရဲဟုတွေးပြီးနောက် အနည်းငယ်စိတ်သက်သာသွား၏။

ထိုအခိုက် ကျိယွမ်က သူ၏မီးဖိုချောင်သုံးဓားကိုထုတ်ကာ ခံတပ်ကိုချိန်ရွယ်ပြီး အော်ဟစ်လိုက်သည်။

"ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ဖြစ်တဲ့ငါကျိယွမ်က အမိန့်ပေးတယ်၊အားလုံးလက်နက်ချပြီး ကိုယ့်ကိုယ်ကိုယ်သက်သေလိုက်ကြ"

"အေး....မဟုတ်ရင်တော့..."

လျန်ရှုံး ထိတ်လန့်သွားသည် ။သူက ကျိယွမ်အားအထူးအဆန်းသတ္တဝါတစ်ကောင်လို ကြည့်မိ၏။

လောကကြီး၌ ယခုလောက်ရဲရင့်သောသူ တကယ်ရှိနေတာလားဟုလည်းတွေးမိသည်။

အမြုတေအဆင့်ကျင့်ကြံသူ သုံးရာနီးပါးကို ရင်ဆိုင်ရချိန်တွင် သူသည်ထွက်ပြေးခြင်းမရှိဘဲ ဓားထုတ်ကာစိန်ခေါ်နေသည် ။

သူ၏ဘေးတွင် အသေခံစစ်သည် သုံးရာနီးပါး ရှိနေသည်ကို ဆင်ခြင်မိသောကြောင့် လျန်ချုံးသည် ယုံကြည်မှုအနည်းငယ်ပြန်ရလာ၏။

သူသည် ကောင်းကင်သို့ ပျံတက်ပြီး ကျိယွမ်ကို စိုက်ကြည့်လိုက်သည် ။

"အစကတော့ မင်းက ကျိစယ်တောင်ထိပ်က ကျိယွမ် မဟုတ်ဘူးလို့ ငါ ထင်ခဲ့တယ် ။ ဒါပေမဲ့ ငါတို့ကို စိန်ခေါ်ရဲတယ်ဆိုကတည်းက မင်းကအခြားသူမဖြစ်နိုင်တော့ဘူး၊ သေချာပေါက် ဥပါဒါန်သွေးမျိုးဆက် ကျိယွမ်ပဲ ၊လောကမှာ ဥပါဒါန်သွေးမျိုးဆက်တွေပဲ အခုလိုရူးသွပ်ကြတာ၊မင်းက နာမည်ကြီးတဲ့အတိုင်း အရူးတစ်ယောက်ပဲ"

ကျိယွမ်၏ မျက်လုံးများက တင်းမာသွားလေသည်။

"မင်းကသာ ရူးနေတာ ။ မင်းအဖေ မင်းအမေ ၊ မင်းနှမနဲ့ မင်းယောက်ဖပါမကျန် မိသားစုတစ်ခုလုံး ရူးနေတာ ။ငါက ကိုယ်ကျင့်တရားမှာ အမှတ်ပြည့် ရထားပြီး စိတ်ကျန်းမာရေးမှာလည်း S+ ရထားတယ်၊ ဒါကို မင်းကငါ့ကို ရူးတယ်လို့ ခေါ်နေတာလား"

ပြောရင်းမှ ကျိယွမ်သည် ပိုမိုဒေါသထွက်လာ၏။

"ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်နဲ့ရင် တွေ့တာတောင် လက်နက်မချရုံသာမက ငါ့ကို စော်ကားရဲသေးတယ် ။ မင်းက သေဖို့ တောင်းဆိုနေတာပဲ"

စကားဆုံးသည်နှင်ါ ကျိယွမ်သည် မီးဖိုချောင်းသုံးဓားကို ဝှေ့ကာ ခံတပ်ထဲသို့ ဝင်ရောက်တိုက်ခိုက်လိုက်လေတော့သည်။

ကျိယွမ်၏ မျက်ကန်းတစ္ဆေမကြောက်တိုက်ခိုက်ပုံကို မြင်သောအခါ လျန်ချုံးက လှောင်ပြုံးပြုံးလိုက်သည် ။

သူကကျယ်လောင်စွာအမိနိ့ပေးလိုက်၏ ။

"သတ်"

"သတ်ကြ"

သို့သော် မကြာမီတွင် လျန်ချုံး၏ အပြုံးကပျောက်ဆုံးသွားတော့သည်။

ကျိယွမ်သည် ခံတပ်ထဲသို့ဝင်လာခြင်းသည် သိုးခြံထဲသို့ ဝံပုလွေတစ်ကောင်ဝင်ရောက်လာသကဲ့သို့ဖြစ်နေသည်မဟုတ်ပါလား။

နတ်ဆိုးအသေခံရအမြုတေအဆင့်စစ်သည်များမှာ သာမန်ထက်အားနည်းသော်လည်း အမြုတေအဆငိ့များသာဖြစ်သည်။အခြေတည်အဆငိ့်ထက်တော့ များစွာခွန်အားသာလွန်၏။

"ဒီကောင်က ဓားတစ်ချက်တည်းနဲ့ အမြုတေလေးငါးယောက်ကို ဘယ်လိုများသတ်ပစ်နိုင်ရတာလဲ"

ကျိယွမ်က ဓားတစ်ချက်ဝှေ့လိုက်၏။ သူ၏အနီးမှ အမြုတေအဆင့်စစ်သည်ငါးယောက်၏ကာကွယ်မှုက စက္ကုတစ်ရွက်လို စုတ်ပြဲသွားပြီး ၄င်တိူ့၏ခန္ဓာကိုယ်များ ပိုင်းပြတ်သွားလေသည်။

အမြုတေအဆင့်များက ဤမျှသတ်ရလွယ်သည်ကို လျန်ချုံးမသိခဲ့ပါ။ဓားကို ယပ်ခတ်သလိုတစ်ချက်ကလေးယမ်းလျှင် ငါးယောက်သေ၏။

ဒီကောင်က အခြေတည်အဆင့်မဟုတ်ဘူး၊နေဦး..အမြုတေအဆငိ့လည်း မဟုတ်ဘူး၊ဒါက စိတ်ဝိညာဥ်အဆင့်ခွန်အား..ဒီကောင်စိတ်ဝိညာဥ်အဆင့်ပဲ။

လျန်ချုံး၏ ယုံကြည်မှုများ လုံးဝပျောက်ကွယ်သွားသည် ။

အသေခံစစ်သည် သုံးရာရှိသော်လည်း မ လုံခြုံနိင်တော့ပါ။

"မြန်မြန် ။ မြန်မြန်တိုက်ကြစမ်း ၊ သူရဲ့ချီစွမ်းအင် ကုန်တော့မှာ ၊ သူ့ကို ချီစွမ်းအင် ကုန်ခမ်းအောင် လုပ်"

လျန်ချုံးသည် ကြောက်ရွံ့နေသော်လည်း လုံးဝမဆုတ်ခွာခဲ့ပေ။

တော်ဝင်မိသားစုက သူ့ကို အရာအားလုံး ပေးခဲ့သည် ။သူသည် ဧကရာဇ်ကိုသူ၏ ဖခင်အဖြစ်ပင် မြင်သည် ။

ထို့ကြောင့် သူသည် ဧကရာဇ်အတွက် အသေခံရန် နောက်မတွန့်ပါ။

သေဆုံးချိန်၌ပင် သူသည်ခံတပ်ကို လက်မလွှတ်တမ်းစောင့်ရှောက်ရလိမ့်မည်။

ထိုအချိန်တွင်ကျိယွမ်ကတော့ သူ၏တီးလုံးနှင့်သူ အဆင်ပြေနေ၏။

"နောက်ခံတီးလုံးနဲ့ တိုက်ခိုက်တာက တော်တော်မဆိုးဘူးပဲ ဂိမ်းကစားနေရသလိုပဲ ။ သွေးနဲ့ အသားစတွေကလည်း ကြောက်စရာ မကောင်းတော့ဘူး"

သူ၏ခန္ဓာကိုယ်တွင် သွေးများ ဖုံးလွှမ်းနေလေပြီ၊ထိုသွေးအားလုံးသည် ရန်သူများ၏ သွေးများဖြစ်သည် ။

အသေခံစစ်သည်များမှာ အမြုတေအဆင့်များဖြစ်ကြသော်လည်း ကျိယွမ်အတွက်အတော်လေးသတ်ရလွယ်ကူနေ၏။

သူကဓားတစ်ချက်ယမ်းလိုက်တိုင်း စစ်သည်များ အလဲလဲအပြိုပြိုဖြစ်နေသောကြောင့် မကြာမီအချိန်အတွင်းမှာပင် ခံတပ်၏ စစ်သည်ငါးပုံတစ်ပုံသည် သေဆုံးသွားလေသည်။

"ဒီကောင်တွေက အတွေ့အကြုံရမှတ်မပေးတာဆိုးတာပဲ"

ကျိယွမ်က အမြုတေအဆင့်နှစ်ယောက်ကို ဓားဖြင့်ပိုင်းလိုက်ရင်းမှညည်းညူမိသည်။

"ဒါပေမဲ့ ဝိညာဥ်အတွေးပန်းလေးတွေတော့ ပေးရှာပါတယ် ၊ဒါကြောင့်တစ်ယောက်စီတိုင်းက အဖိုးတန်တယ်"

ရန်သူများအပေါ်တွင် ကျိယွမ်သည် မည်သည့်အခါမှ သနားညှာတာခြင်းမရှိပေ ။

"သတ်"

လျန်ချုံးက ဒေါသတကြီးကြီး အော်ဟစ်ပြီး အသေခံစစ်သည်များကို အမိန့်ပေးသည် ။

အသေခံစစ်သည်များကလည်း ရဲရဲတောက်သောစိတ်ဓာတ်များကို ပြသကြသည် ။

"ဧကရာဇ်အတွက် အသေခံကြ"

"သာ့ရှန်းပြည်အတွက် တိုက်ခိုက်မယ်"

အားလုံးက ကျယ်လောင်စွာအော်ဟစ်ပြီး ကျိယွမ်ဆီသို့ တိုးးဝင်ကြသည်။

၎င်းတို့သည် သူတို့၏ဘဝတွင် အလုပ်သင့်ဆုံးနှင့်အမှန်ကန်ဆုံးလုပ်ရပ်ကို အသက်စွန့်ပြီးပေးဆပ်နေသကဲ့သို့ပင် ထင်ရသည်။

ကျိယွမ်ခေါင်းယမ်းလိုက်သည်။

"ဦးနှောက်အဆေးခံထားရတဲ့ ကောင်တွေပဲ၊NPC တွေနဲ့ဘာမှမထူးဘူး"

သူတို့၏သခင်က မိဘ၊ ဇနီး၊ သားသမီးများကိုသတ်ရန်ပင် အမိန့်ပေးပါက ၎င်းတို့သည် မဆိုင်းမတွ လုပ်ဆောင်ကြမည် ဖြစ်သည် ။

ကျင့်ကြံရေးလောက၏ဦးနှောက်ဆေးခြင်းသည် ပို၍ပင်ထိတ်လန့်စရာကောင်းသည်ဟု ကျိယွမ်ထင်မိ၏။

အချိန်များသည် လျင်မြန်စွာကုန်ဆုံးသွားပြီး ညဘက်သို့ဖြည်းဖြည်းချင်း ရောက်ရှိလာသည် ။

ခံတပ်တစ်ခုလုံးတွင် အသေခံစစ်သည်များ၏အလောင်းများပြည့်နေ၏။

ယခုအချိန်တွင် ဆယ်ဂဏန်းခန့်သာ ကျန်တော့သော်လည်း သူတို့က ကျိယွမ်ကို ကြောက်ရွံ့မှုမရှိဘဲ ဒေါသဖြင့်စိုက်ကြည့်နေကြသည် ။

"ဧကရာဇ်အတွက် အသေခံကြ"

ကြွေးကြော်သံနှင့်အတူ အသေခံစစ်သည်များအားလုံးက ကျိယွမ်ထံသို့ ပြေးဝင်လာကြသည်။

"လာကြစမ်း ဒီလောက်သေချင်နေတဲ့ကောင်တွေ"

ကျိယွမ်ကသူ၏ဓားကို မြှောက်ပြီး ခုတ်ချပစ်ရန်ရွယ်ထားလိုက်သည်။

သို့သော် ကျိယွမ်၏အနားသို့ရောက်သည်နှင့် ရုတ်တရက် ၄င်းတို့၏ခန္ဓာကိုယ်များက ပေါက်ကွဲကုန်၏။

"ဘုန်း..."

အမြုတေဖေါက်ခွဲမှု။မိမိထက်အင်အားကြီးသော ရန်သူများကို မိမိအတူခေါ်သွားရန် စတေးလိူက်ကြခြင်းပင်။

သို့သော် အသေခံစစ်သည်များ၏ အမြုတေများက အလွန်အားနည်းသောကြောင့် မိမိကိုယ်ကို ဖျက်ဆီးခြင်းကပင် ကြီးမားသော လှိုင်းလုံးများကို မဖြစ်ပေါ်စေခဲ့ပေ ။

ပေါက်ကွဲသံနှင့်အတူ ကျိယွမ်၏ခန္ဓာကိုယ်အား သွေးနှင့်အသားစများက ထိမှန်ကုန်သည်။

"မင်းတို့ကြီးတော်ကြီးပေါ့....ဖွီ"

ကျိယွမ်သည် သူ၏ခန္ဓာကိုယ်ပေါ်မှ အသားစများကို ရွံရှာစွာခါချပစ်သည် ။

အသေခံစစ်သည်များ၏ စတေးမှုက သူ့အားထိခိုက်စေခြင်းမရှိခဲ့ပါ။

ကျိယွမ်က ဗီလိန်ကြီးတစ်ဦးကဲ့သို့ မကောင်းဆိုးရွားကြီးတစ်ကောင်လို ပြုံးလိုက်သည် ။

"မင်းက နောက်ဆုံးတစ်ယောက်ပဲ"

လျန်ချုံး၏အကြည့်သည် ခိုင်မာနေပြီး သူ၏ လက်ထဲတွင် လှံကိုကိုင်ဆောင်ထားသည် ။သူကအင်အားကြီးသောရန်သူကို ရင်ဆိုင်ရသော်လည်း လက်နက်မချသည့် အင်ပါယာ၏ သစ္စာအရှိဆုံး စစ်သည်တော်ကဲ့သို့ ဖြစ်နေသည် ။

"သတ်"

လှံသည်နဂါးတစ်ကောင်ကဲ့သို့ ရွေ့လျားပြီး ကျိယွမ်ဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။

အသေခံစစ်သည်များ၏အင်အားနှင့် လျန်ချုံး၏အင်အားက သိသာစွာကွာခြားသည်။

သူကအစစ်အမှန်ကျင့်ကြံထားသော အမြုတေအဆင့် အထွတ်အထိပ်ဖြစ်သည်။

သို့သော်လည်း လှတံတိုက်ခိုက်မှုကို ကျိယွမ်က အလွယ်တကူရှောင်တိမ်းလိုက်ပြီး

သူ၏ဓါးဖြင့် လျန်ချုံး၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ဆက်တိုက်ခုတ်ထစ်လိုက်သည် ။

လျန်ချုံး၏ခန္ဓာကိုယ်၌ ဒဏ်ရာနှစ်ခုပေါ်လာ၏။

သူက နားမလည်နိုင်စွာဖြင့် နောက်ဆုံးစကားလုံးများကို ရေရွတ်လိုက်မိသည်။

"ဘာလို့လဲ"

ကျိယွမ်သည် အဘယ်ကြောင့် ဤမျှ အားကောင်းနေရသနည်းဟု မသေခင်တွေးမိနေသည်။

"ဘာလို့လဲဆိုတော့ ငါက...ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင် ဖြစ်လို့ပဲ"

ကျိယွမ်သည် နောက်ထပ်မပြောတော့ပါ။

ငါက ချီသန့်စင်ခြင်းအဆင့်လေးနဲ့တောင် အမြုတေအဆင့်တွေကို ခွေးသတ်သလိုသတ်နိုင်တယ် ဟုသာပြောလိုက်ပါက လျန်ချုံးမှာ မနာလိုလွန်း၍ ညစဥ်ညတိုင်းသူအား လာရောက်ခြောက်လှန့်နေနိုင်သည် ။

အိပ်ရေးပျက်မခံနိုင်ဘူး။

ကျိယွမ်က တိတ်ဆိတ်သွားသောပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ပြီးသွားပြီလား"

"အဖိုးတန်လေးတွေ စုရမယ်"

ကျိယွမ်သည် သွေးများစက်လက်ရှိနေသေးသောအလောင်းများထံမှ ဝိညာဉ်အတွေးပန်းပွင့်အားလုံးကို ရှာဖွေသိမ်းဆည်းလိုက်သည် ။

အားလုံးပြီးသွားသောအခါ အလောင်းများကကြည့်ပြီး ကျိယွမ်မျက်မှောင်ကျုံ့သွား၏။

သူက ရုတ်တရက်မြေပြင်ကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်၏။

မြေပြင်သည်ပြိုကျသွားပြီး အလောင်းများကိုမြှုပ်နှံလိုက်သည် ။

သူက နောက်တစ်ကြိမ် ထပ်နင်းလိုက်သောအခါ မြေပြင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည် ။

မည်သူမဆို သန်မာသော ကျင့်ကြံသူ သုံးရာနီးပါးကို ဤနေရာတွင် မြှုပ်နှံထားသည်ကို သိရှိနိုင်မည် မဟုတ်တော့ပေ ။

ထို့နောက် ကျိယွမ်သည် မီးဖိုချောင်းသုံးဓားကို ကိုင်ထားရင်းမှအော်ဟစ်လိုက်သည် ။

"မင်းတို့ ခံတပ်ကို ငါဖျက်ဆီးပစ်ပြီ။ မင်းတို့ အခုထိ ထွက်မလာသေးလား၊ ငါ့ကိုအဲလောက်တောင် ကြောက်နေတယ်ပေါ့"

ကျိယွမ်သည် အနီးအနားတွင် အင်အားကြီးသောပုဂ္ဂိုလ်တစ်ဦးက တစ်ခုခုကြံစည်နေသည်ကို အာရုံခံမိသည် ။

ငါနဲ့တွေရင် မင်းတို့အကြံအစည်တွေ ပျက်ပြီသာမှတ်။

-----------------

All Chapters