ငါ့နာမည် ကျိယွမ်။ ကမ္ဘာကူးပြောင်းပြီးတော့ တခြားကမ္ဘာက ကျိစယ်တောင်ထွတ်ရဲ့ စီနီယာတပည့် ဖြစ်လာတယ်။ လူတွေက ငါ့ကို ဥပါဒါန်သွေးမျိုးဆက် ဖြစ်နေလို့ အရူးလို့ ထင်ကြတယ်။ ဒါပေမဲ့ ငါရဲ့ မျက်လုံးတွေက ပုန်းကွယ်နေတဲ့ အချက်အလက်တွေကို မြင်နိုင်တယ်။ [ဒါဟာ သာမန်မြက်ပင် တစ်ပင်ပါ။ ဒါပေမဲ့ လွန်ခဲ့သော သုံးရက်က ကုမူစစ်မှန်နတ်ဘုရားနဲ့ မိဖုရားရှန်းတို့ ဒီနေရာမှာ လျှို့ဝှက်တွေ့ဆုံခဲ့တယ်] [သူမရဲ့နာမည် ရွမ်ယူချမ်း၊ သင့်ရဲ့ လှပတဲ့ဆရာမလို့ ထင်ရပေမဲ့ တကယ်တော့ သင့်ရဲ့ ဇနီးဖြစ်ကောင်း ဖြစ်လာနိုင်တယ်] [ဒါက ကမ္ဘာ့ ကောင်းကင်ဘုံတာအို၊ အခြေတည်အဆင့် အကောင်းဆုံး ဝိညာဉ်ပစ္စည်းပါ] [ဒါကတော့ သက်ရှိ မရှိတဲ့ ဂြိုဟ်တစ်လုံးပါ၊ သင့်ရဲ့ အမြုတွေအဖြစ် သန့်စင်လို့ရနိုင်တယ်] ဒီစွမ်းရည်ကြောင့် ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဥ်က အများနဲ့မတူဘဲ ထူးဆန်းလာခဲ့တယ်။ ............ ကျွန်မနာမည် ကျန်းလင်းစု၊ ကျွန်မက ကျိစယ်တောင်ထွတ်ကို တခြားရည်ရွယ်ချက်နဲ့ ဝင်ခဲ့တာ။ တောင်ထွတ်တစ်ခုလုံးမှာ တပည့်တစ်ယောက်ပဲ ရှိတယ်။ နာမည်က ဆရာတူအစ်ကိုကြီး ကျိယွမ်တဲ့။ သူက ဥပါဒါန်သွေးမျိုးဆက် ရှိတယ်။ အမြဲတမ်း ထူးထူးဆန်းဆန်းတွေ ပြောတတ်ပြီး ပေါက်ကရတွေလုပ်တယ်၊ တာဝန်မဲ့ပြီး ကိုယ်ကျင့်တရားမရှိတဲ့သူ။ တစ်နေ့တော့ ကောင်းကင်မှာ နောက်ထပ် နေမင်းကြီးတစ်စင်း ပေါ်လာတယ်။ ကျွန်မက ဆရာတူအစ်ကိုကြီးကို မေးမိတယ်။ "ဆရာတူအစ်ကိုကြီး အဲဒါဘာလဲ" သူက ဘာပြန်ဖြေတယ်ထင်လဲ။ "ဒါက ငါ့ရဲ့အမြုတေ"တဲ့။ ဥပါဒါန်သွေးမျိုးဆက်တွေက အမြဲဒီလိုပဲ မဟုတ်တာတွေ ပြောကြတာလား။

