ကွာရှင်းကြရအောင်!
Vol. 3 Ch. 41
ကျိယွမ်က တရေးနိုးသောအခါ စိတ်မချသဖြင့်ဂိမ်းထဲသို့ ပြန်လည်ဝင်ရောက်သွား၏ ။
သူက ကြုံတွေ့နေရသမျှကို ဗီဒီယိုတစ်ခုရိုက်၍ လိုင်းပေါ်၌ တင်ပစ်ချင်စိတ်များပင် ပေါ်ပေါက်နေသည်။
ကပ်ပရှင်ကို အောက်ပါအတိုင်းရေးရမည် ။
"ဘော်ဘော်တို့ ၊ ငါဘာလုပ်သင့်လဲ။ ငါ့မိသားစုက သရဲမတစ်ကောင်နဲ့ လက်ထပ်ဖို့ စီစဉ်လိုက်တယ်"
ထို့နောက် ဖရဲသီးခေါင်းပုံစံ စတစ်ကာတစ်ခု ထည့်မည်။
ထိုသို့တင်လိုက်လျှင် TikTok ပေါ်မှကွန်မန့်များက "ညီမလေး အားတင်းထားပါ" ဟု ဖြစ်နိုင်သည် ။
အခြားဖိုရမ်များတွင်တော့ ကွန်မန့်အများစုက "ညီအစ်ကို ကံကောင်းလှချည်လား အားကျတယ်ကွာ" ဟု ဖြစ်နိုင်သည် ။
သို့သော် မည်သို့သောကွန်မန့်ပင်ဖြစ်ပါစေကျိယွမ်၏ လက်ရှိပြဿနာကို ဖြေရှင်းပေးနိုင်မည် မဟုတ်တာကတော့ သေချာ၏ ။
ကျိယွမ်သည် သူ၏ သတို့သမီးကို ကြည့်လိုက်သည် ။
သူမ၏မျက်နှာ၊ မျက်ခုံး၊ လက်မောင်းနှင့် ခြေထောက်တို့ကို သူကအမှန်တကယ် မြင်ချင်ပါသည် ။
သူက သတို့သမီး၏မျက်နှာလေးတင် အားမရနိုင်ဘဲ အဘယ့်ကြောင့် ခေါင်း ၊ ခါး ၊ ခြေလက်ပါအထိ မြင်ချင်နေရသနည်း။
အကြောင်းမှာ ကျိယွမ်က သူမ၏မျက်နှာကို မမြင်ရသောကြောင့် ဖြစ်သည်
မှန်ပါသည် ။ သူ၏သတို့သမီးတွင်... မျက်နှာ မပါရှိပါ ။ထို့ကြောင့် သူကခြေလက်များကို ကြည့်မိလေသည်။
ကံမကောင်းစွာဖြင့် မျက်နှာသာမက လက်နှင့် ခြေထောက်များလည်း မပါရှိပေ။
"လခွမ်းမှ... ငါ ခဏလေး အိပ်ပျော်သွားတာနဲ့ NPC တစ်ကောင်နဲ့ မင်္ဂလာဆောင်နေရတယ်လား"
ကျိယွမ်သည် မင်္ဂလာအခန်းနှင့် ဆင်တူသော နေရာတစ်ခုတွင် ရောက်နေသည် ။
ပြတင်းပေါက်တွင် "喜" (ပျော်ရွှင်ခြင်း) ဟူသော စာလုံးပါသည့် စက္ကူပန်းများ ရှိသည် ။
သူသည် ဂိမ်းထဲသို့ ဝင်သည်နှင့် သူ၏ သတို့သမီးဘေးတွင် လဲလျောင်းနေသည် ။
သူ၏ သတို့သမီးသည် သာမန်မိန်းခလေးတစ်ယောက်မဟုတ်ပါ ။ တရုတ်ရိုးရာရှေးခေတ် မင်္ဂလာဝတ်စုံအနီကြီးဖြစ်ပြီး သရဲကားများမှ ဝတ်စုံမျိုးနှင့် ဆင်တူလှ၏ ။
ကျိယွန်သည် သူ၏ရှေ့မှ ဝတ်စုံသရဲဟုခေါ်ရမလား သို့မဟုတ် မင်္ဂလာဝတ်စုံသရဲမဟုခေါ်ရမလား မသိသော အဝတ်အစားမကောင်းဆိုးရွားကို ကြည့်လိုက်သည် ။
သူကစိတ်ပေါက်ပေါက်ဖြင့် ကြိမ်းဝါးမိသည်။
"ဒါကြီးကို ဓားနဲ့ခုတ်ပြီး အတွေ့အကြုံ ရမှတ်အဖြစ် ပြောင်းပစ်ချင်လိုက်တာကွာ"
မင်္ဂလာဝတ်စုံအနီသည် ကျိယွမ်၏စကားကို နားလည်ပုံရပြီး အနည်းငယ် နောက်ဆုတ်သွားသည် ။
သို့သော်လည်း လက်တွေ့၌ ချီယွမ်သည် သူ၏ရှေ့မှNPC ကို မသတ်နိုင်ခဲ့ပါ ။
ရိကွမ်းနယ်မြေသခင်ဖြစ်သော အကျည်းတန်ဝတ်စုံဘုရင်နှင့် တိုက်ခိုက်စဉ်က အနီရောင်အငွေ့တစ်မျိုးသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည် ။
ထိုအငွေ့သည် သူ့အားအလွန်ဒုက္ခပေးနေ၏။ သူ့၏ စွမ်းအားများကိုဆက်တိုက်လျော့နည်းစေကာ သူ့ခန္ဓာကိုယ်ကိုပင် ထိန်းချုပ်ရန် ကြိုးစားခဲ့သည် ။
သူ၏ခွန်အားများကုန်ခမ်းသည်ထက် ကုန်ခမ်းလာပြီး အနီရောင်အငွေ့များ၏ သိမ်းပိုက်ခြင်းကို ခံရလုဆဲဆဲတွင် ယခုသတို့သမီးဖြစ်နေသော အနီရောင်ရှေးဟောင်းဝတ်စုံက ထိုသွေးနီရောင်အငွေ့များကို ဖြေရှင်းပေးခဲ့သည် ။
တနည်းအားဖြင့် သူမကသူ၏ကယ်တင်ရှင်ဟုပင် ဆိုနိုင်သည်။သူ့အား ကူညီခဲ့သော ထိုမင်္ဂလာဝတ်စုံသရဲကို အတွေ့အကြုံရမှတ် အဖြစ် ပြောင်းပစ်ရန် မည်သို့သင့်တော်တော့မည်နည်း။
ထို့အပြင် ဤမင်္ဂလာဝတ်စုံတွင် ဉာဏ်ရည်အချို့ရှိပုံရသည် ။
အခြားအဝတ်အစားမကောင်းဆိုးရွားများကဲ့သို့ ကျိယွမ်ကို မြင်သည်နှင့် တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ပါ ။
ကျိယွမ်က သူရှေ့မှ မင်္ဂလာဝတ်စုံကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။ ခေါင်းမပါ ကိုယ်မပါ ခြေလက်မပါသော အဝတ်တစ်ခုနှင့် စကားပြောရမည်ဟု သူတစိခါမှ မတွေးမိခဲ့ပေ ။ မင်္ဂလာဆောင်ရမည်ဆိုတာကိုတော့ မတွေးမိရုံသာမက အိမ်မက်ထဲတွင်ပင် မမက်ဖူးခဲ့ပါ ။
"မင်းက ဘယ်သူလဲ၊ မင်းနာမည် ဘာတဲ့လဲ"
မင်္ဂလာဝတ်စုံက မတုံ့ပြန်ဘဲ မလှုပ်မယှက် ရပ်နေသည် ။
"နာမည်မရှိဘူးလား"
"ဒါမှမဟုတ် မမှတ်မိတော့တာလား"
"ဒါဆို မင်းကို..."
"အနီလေးလို့ ခေါ်လိုက်မယ်"
"မဟုတ်ဘူး မိစ္ဆာမလေးလို့ ခေါ်မယ်"
"အဆင်မပြေဘူး ၊ ဝတ်စုံက သတို့သမီးဝတ်စုံဖြစ်နေတော့ သတို့သမီးလေးလို့ ခေါ်ရင်ရော "
နောက်ဆုံးတွင် ချီယွမ်သည် မင်္ဂလာဝတ်စုံအတွက် နာမည်တစ်ခု ရွေးချယ်လိုက်သည် ။
နာမည်ကို သတို့သမီးလေးဟု ယာယီသတ်မှတ်ပေးလိုက်သည် ။မဟုတ်ရင် သူ့မိန်းမကို သူကမည်သို့ခေါ်ရမှန်းမသိဖြစ်နေလိမ့်မည်။
ကံမကောင်းသည်မှာ သူ၏သတို့သမီးတွင် မျက်နှာ၊ အရေပြား၊ ခြေထောက် နှင့်လက်များ မရှိခြင်းပင်။
အင်း၊ အင်္ကျီလက်မောင်းနဲ့ ခြေအိတ်တွေကို လက်နဲ့ခြေထောက်လို့ သတ်မှတ်ရမလိုဖြစ်နေပြီ။
"ဘာပဲပြောပြော... နေရင်းထိုင်းရင်း ငါကမိန်းမတစ်ယောက် အလကားရလိုက်တာပဲ"
ကျိယွမ်ခမျာ ပျော်ရခက် ဝမ်းနည်းရခက်ကြီး ခံစားနေရလေသည်။
သူ၏ဇနီးဖြစ်သူက ဂိမ်းထဲတွင်ပျင်းသောအခါမျိုး၌ပင် စကားပြောမရသူ ဖြစ်နေပြန်သည်။
"နင် ဘာလို့ ငါ့ကို လက်ထပ်တာလဲ"
ချီယွမ်က သတို့သမီးလေးနှင့် ဆက်သွယ်ရန် ဆက်ကြိုးစားကြည့်သည် ။
အံ့သြစရာကောင်းသည်မှာ ယခုအကြိမ်တွင် သတို့သမီးလေးက တုံ့ပြန်လာသည် ။
အများသူငါလို ပါးစပ်နှင့်တော့ မဟုတ်ပါ။
သူမ၏ အနီရောင်အင်္ကျီလက်ရှည်ထဲမှ သစ်သားပြားတစ်ခုကို ပစ်ထုတ်လိုက်ခြင်းဖြစ်သည် ။
ထိုသစ်သားပြားသည် အလွန်ဟောင်းနွမ်းပြီး စာလုံးနှစ်လုံး ရေးထားသည် ။
"ခင်ပွန်း"
သစ်သားပြားတွင် "ခင်ပွန်း" ဟူသော စကားလုံး ပါရှိသည် ။
"နင်က ငါ့ကို နင့်ရဲ့ခင်ပွန်းဖြစ်စေချင်တာလား။ ဒါကြောင့် ငါ အော့ဖ်လိုင်းဖြစ်နေတုန်း မြေကြီးထဲကထုတ်ပြီး ငါ့ကို လက်ထပ်လိုက်တယ်ပေါ့"
ကျိယွမ်သည် ရုတ်တရက်ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားသည်။
လူသားအားလုံးက ကျိယွမ်အားဆင်ခြင်တုံတရားနည်းသည်ဟု ဆိုကြ၏ ။ ယခုတော့ သူထက်ပို၍ ဆင်ခြင်တုံတရားမရှိသည့် အခြားတစ်ခုကို သူတွေ့လိုက်ရလေပြီ ။
"မဖြစ်ဘူး၊ ငါတို့က တရားရုံးမှာ လက်မှတ်ထိုးမထားလို့ ဒါက တရားမဝင်ဘူး "
သူသည် အဝတ်တစ်ထည်နှင့်တော့ လင်မယားမဖြစ်ချင်ပါ။
ထိုအချိန်တွင် သတို့သမီးဝတ်စုံ၏ လက်မောင်းစတစ်ဖက်သည် ချီယွမ်၏ လက်မောင်းကို တင်းတင်းဆွဲထားပြီး လုံးဝမလွှတ်တော့ချေ။
သူမသည် စကားမပြောနိုင်သော်လည်း လုပ်ရပ်များဖြင့် သူမ၏ခံစားချက်ကိုဖော်ပြသည် ။
ကျိယွမ် ဘာမှမတတ်နိုင်စွာ သက်ပြင်းချ မိ၏။
မိန်းမလှလေးတစ်ယောက်ကသာ သူအားယခုလိုဆက်ဆံပါက သူက မပျော်ရွှင်ခဲ့လျှင်တောင် စိတ်ဆင်းရဲမည်မဟုတ်ပေ ။
ယခုတော့ သူ့အားစွဲလမ်းနေသူက ခေါင်းမပါ ကိုယ်မပါ ခြေလက်များပင်မရှိသော ရှေးခေတ်အဝတ်တထည်ဖြစ်နေ၏ ။
"နင်က သစ်သားပြားတွေ သုံးပြီး ဆက်သွယ်နိုင်တယ်ဆိုရင်၊ အနည်းဆုံး နင့်ကိုယ်နင် မိတ်ဆက်ဖို့ သစ်သားပြားတွေ ထပ်ထုတ်ဦး"
သူ၏ရှေ့သို့ သစ်သားပြားများ ရောက်ရှိလာ၏။
ကျိယွမ်သည် သူမတွင် သစ်သားပြား ရှစ်ခုသာ ရှိသည်ကို သတိပြုမိလိုက်သည် ။
"ဒါတွေက ဘယ်ကနေ ကျလာတာလဲ"
ကျိယွမ်သည် သတို့သမီးလေး၏ လက်ရှည်စကို စိုက်ကြည့်ရင်း သိချင်လာသည်။
"ငါ နင့်ထဲကို လက်ထည့်ပြီး နှိုက်ကြည့်လို့ရမလား" [ ဒီကောင်ကွာ ]
သတို့သမီးလေးက နောက်မဆုတ်ဘဲနေရာမှာပင် ရပ်နေ၏။ဆိုလိုသည်မှာ သူမက အနှိုက်ခံမည့် သဘောပင်။
ချီယွမ်သည် သူ၏လက်ကို သတို့သမီးလေး၏ လက်ရှည်စထဲသို့ ထည့်လိုက်၏။
အင်္ကျီလက်က အခွံဖြစ်နေကာ ဘာတစ်ခုမှရှိမနေပေ ။
သူ၏လက်ကို တဆုံးထိထိုးထည့်ကာ သူမ၏ ရင်ဘတ်၊ အူကလီစာ ၊ အသည်းတို့အထိ ထည့်ကြည့်သော်လည်း ဘာမှ မတွေ့ရပေ ။
သို့သော် သတို့သမီးလေးသည် ဆိုးဆိုးရွားရွားထိုခိုက်သွားသလို မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည် ။
ကျိယွမ်သည် ရှာဖွေခြင်းကို ရပ်လိုက်၏။ ထိုသို့ဖြစ်သွားမည်ဟု သူကထင်မထားခဲ့ပါ ။
သတို့သမီးဝတ်စုံသည် မြေပြင်ပေါ်၌ အပုံလိုက် ကျနေသည် ။သူက သူမကို ကူညီပြီး ထူပေးလိုက်မိလေ၏ ။
ထို့နောက် သစ်သားပြား ရှစ်ခုကို ကြည့်လိုက်သည် ။
တစ်ခုတွင် အမျိုးသားပုံနှင့် "ခင်ပွန်း" ဟူသော စကားလုံး ပါရှိသည် ။
တစ်ခုတွင် မင်္ဂလာဝတ်စုံပုံနှင့် "ဇနီး" ဟူသော စကားလုံး ပါရှိသည် ။
တစ်ခုတွင် ပြုံးနေသည့် မျက်နှာပုံ ပါရှိသည် ။မည်သည့်စာသားမှမပါတော့ပေ။
တစ်ခုတွင် ငိုနေသည့် မျက်နှာပုံ ပါရှိသည် ။
တစ်ခုတွင် ပွေ့ဖက်နေသည့် ပုံ ပါရှိသည် ။
တစ်ခုတွင် လက်ချင်းဆွဲထားသည့် ပုံ ပါရှိသည် ။
တစ်ခုတွင် အိပ်ပျော်နေသည့် ပုံ ပါရှိသည် ။
တစ်ခုတွင် လဲလျောင်းနေသည့် ပုံ ပါရှိသည် ။
"နင်က အရင်ဘဝတုန်းက meme ဖန်တီးသူများလားဟ"
ကျိယွမ်က ပုံများကိုကြည့်ကာ မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည် ။
သတို့သမီးလေးသည် သစ်သားပြားများဖြင့် သူ့အကြောင်းကို ဖော်ပြနိုင်သည်ကို သဘောပေါက်သွားပုံရသည်။ထို့ကြောင့် သူမ၏ အတွေးများကို ဖော်ပြရန် သစ်သားပြားအချို့ကို အသုံးပြု၍ သူ၏ခံစားချက်နှင့် ဘဝဇာတ်ကြောင်းကို ကျိယွမ်အား ပြောပြရှာသည် ။
သို့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ ထိုအရာက အလုပ်မဖြစ်ခြင်းပင် ။
သတို့သမီးလေးသည် သစ်သားပြားရှစ်ခုကိုသာ ထုတ်ပေးနိုင်သည် ။သစ်သားပြားတစ်ခုစီ၌လည်း meme နှငိ့တူသော အရုပ်တစ်ခုသာပါ၏။
သူမ၏ကမ္ဘာကို ဤသစ်သားပြားရှစ်ခု ၊ ပုံလေးရှစ်ပုံဖြင့် မည်သို့ဖော်ပြနိုင်မည်နည်း ။
ကျိယွမ် စိတ်ရှုပ်စွာဖြင့် သက်ပြင်းချလိုက်၏ ။
"ဟူး... ကွာရှင်းကြရအောင် "
"ငါတို့ရဲ့ ခံစားချက်တွေ ပျက်စီးသွားပြီ၊ ကွာရှင်းကြတာအကောင်းဆုံးပဲ"
ရှေးဟောင်းသတို့သမီးဝတ်စုံသည် ချီယွမ်၏ လက်မောင်းကို ပို၍တင်းတင်းဆုပ်ကိုင်ထားပြီး "လက်ချင်းဆွဲထားသည့်" ပုံပါသော သစ်သားပြားတစ်ခု ထုတ်ပေးလေသည် ။
ကျိယွမ်က ထိုသစ်သားပြားကို စိတ်ပျက်သလို ကြည့်လိုက်၏ ။
တစ်ခါလာလည်း ဒါပဲ ၊ တစ်သက်လုံးနင်က လက်ချင်းဆွဲထားချင်နေတာလား ။
သို့သော် သူကတစ်ခုခုကို တွေးမိလိုက်သလိုရှိသွား၏ ။
"နေဦး ၊နင်ငါ့ကို ကူညီနိုင်တယ်လို့ ပြောနေတာလား"
ကျိယွမ်သည် ထိုပုံ၏ အဓိပ္ပာယ်ကို အနည်းငယ် နားလည်လာသည်၊ သူ့ကိုနေရန် တောင်းဆိုခြင်းနှင့်အတူ သူမက ကူညီနိုင်သည်ဟု သွယ်ဝိုက်ဖော်ပြနေသည်ဟု သူခံစားနေရ၏ ။
ကျိယွမ်က သတို့သမီးလေးကို စိတ်ဝင်စားစွာ ကြည့်လိုက်သည် ။
သူကဘာကူညီနိုင်တာလဲ။
ထိုအချိန်၌ အံ့သြစရာကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာသည်။
သတို့သမီးလေးသည် သူမ၏ အေးစက်နေသော ဝတ်စုံတစ်ခုလုံးနှင့် ကျိယွမ်၏ ခန္ဓာကိုယ်အား ဖိကပ်လိုက်သည် ။
ကျိယွမ် မျက်လုံးပြူးသွား၏ ။
ငါ့ရဲ့မင်္ဂလာဦးညက စတင်တော့မှာလား ။
သူကတကယ်ကြီး ခွနေပြီ ၊လုပ်ကြပါဦး ။
ကျိယွမ်ထိတ်လန့်နေစဥ်မှာပင် နောက်ထပ်ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည် ။
သတို့သမီးလေး၏ ဝတ်စုံသည် အနီရောင် မီးပိုးမျှင်များအဖြစ် ရုတ်တရက်ပြောင်းလဲသွားသည်။ အနီရောင်မီးတောက်ပိုးမျှင်များက အလင်းအစက်များအဖြစ်သို့ ဆက်လက်ပြောင်းလဲပြီး ချီယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏ ။
စက္ကန့်ပိုင်းအတွင်း အနီရောင် မီးပိုးမျှင်များသည် အနီရောင်သံချပ်ကာတထည်အဖြစ်သို့ ပြောင်းလဲပြီး ချီယွမ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ မျက်လုံးပေါက်လေးများသာ ကျန်ခဲ့သည် ။
အဝေးကကြည့်လျှင် သံချပ်ကာသည် စီးဆင်းနေသော သွေးများကဲ့သို့ လှုပ်ရှားနေပြီး သွေးနီရောင်အရည်လဲ့နေသည် ။သွေးအရည်ပုံစံမျိုးဖြစ်နေသော်လည်း ၎င်းက ကျိယွမ်ကို ခိုင်မာသော လုံခြုံမှုပေးသည် ။
သံချပ်ကာ၏ပုံစံက လှပသေသပ်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ အစွမ်းထက်၏ ။
သွေးနီရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ကြီးမားသော ဓားကို ကိုင်ထားသည့် ကျိယွမ်၏ခန္ဓာကိုယ်သည် ဆယ်မီတာအထိမြင့်မားသွားလေသည်။
ဤအချိန်တွင် သူသည် ငရဲဘုံမှထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် သွေးနတ်ဆိုးတစ်ကောင်နှင့် တူနေသည် ။
ချီယွမ်သည် သူ၏ရင်ဘတ်ပေါ်တွင် သတို့သမီးဝတ်စုံပုံ တက်တူးတစ်ခုရှိနေသည်ကို တွေ့လိုက်ရ၏ ။
ထိုတက်တူးသည် သတို့သမီးလေးနှင့် ထပ်တူညီသည် ။
ထိုတက်တူးသည် သတို့သမီးလေး၏ မူလပုံစံ ဖြစ်လိမ့်မည်ဟု သူနားလည်လိုက်သည် ။
သွေးနီရောင် သံချပ်ကာသည် သတို့သမီးလေး၏ ခုခံစွမ်းအား ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်အစစ်အမှန် မဟုတ်နိုင်ပေ ။
"အ...အဆင့် ၉၃ လား "
ကျိယွမ်သည် သူ့ကိုယ်သူကြည့်ပြီး တုန်လှုပ်သွားသည်။
သတို့သမီးလေးနှင့် လက်ချင်းချိတ်လိုက်ခြင်း သို့မဟုတ် ပေါင်းစည်းလိုက်ခြင်းကြောင့် ကျိယွမ်သည် ဘာမှလုပ်စရာမလိုဘဲ အဆင့် (၅) ဆင့်တိတိ ခုန်တက်လာပြီး အဆင့် (၉၃) သို့ ရောက်ရှိသွားသည် ။
သို့သော်လည်း ယခုတိုးတက်မှုသည် ယာယီသာဖြစ်သည်ဟု သူတွေးမိ၏။
မည်သို့ပင်ဖြစ်ပါစေ ယခုတိုးတက်မှုက သူ့ကို စိတ်လှုပ်ရှားစေသည် ။
အဆင့် (၅) ဆင့်ကြီး တက်သွားတာလေ ။အဝတ်အစားတွေကို အမဲလိုက်ရတာ အရမ်းလွယ်သွားပြီ။
ယခုအချိန်၌ ကျိယွမ်သည် အဆင့် (၉၅) ရှိ သော တားမြစ်နယ်မြေသခင် အကျည်းတန်ဝတ်စုံဘုရင်နှင့် ထပ်မံရင်ဆိုင်ရလျှင်ပင် ချက်ချင်းထွက်ပြေးရန် မလိုတော့ပေ ။အခွင့်ရေးသာရခဲ့လျှင် ထိုသတ္တဝါကို သူကသတ်နိုင်မည်လားဟုပင် တွေးမိသည်။
ငါအခု အဆင့် ၉၅ ဆိုတော့ အကြီးစားစွမ်းရည်တစ်ခုနဲ့ အငယ်စားစွမ်းရည်တစ်ခု ရပြီပေါ့ ။
ကျိယွမ် စိတ်လှုပ်ရှားသွားကာ ကျွမ်းကျင်မှု နှစ်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်သည် ။
အဆင့် (၃၀) ပြည့်တိုင်း ကျိယွမ်သည် ဂိမ်းထဲတွင်သာမကဘဲ လက်တွေ့ဘဝတွင်ပါ အသုံးပြုနိုင်သည့် အကြီးစားစွမ်းရည်တစ်ခု ရရှိသည် ။
အဆင့် (၁၀) ပြည့်သည့်အခါတိုင်းမှာတော့ အငယ်စားစွမ်းရည်တစ်ခုစီ ရရှိသည် ။
သတို့သမီးလေးနှင့် ပေါင်းစည်းလိုက်ခြင်းကြောင့် သူ၏ အဆင့်သည် (၉၀)ကို ကျော်လွန်သွားသည် ။ထို့ကြောင့် သူကစွမ်းရည် နှစ်ခုကို ရရှိသွားသည် ။
အကြီးစားစွမ်းရည်: [တစ်ခုတည်းအဖြစ်ပေါင်းစပ်ခြင်း]
အငယ်စားစွမ်းရည်: [အဝတ် ဖြဲခြင်း]
"ဘာလားဟ "
................