← Chapters

ဂန္ထဝင်မှတ်တိုင်မှာ သူ့နာမည်မရှိဘူး

Vol. 23 Ch. 262

ဂန္ထဝင်မှတ်တိုင်မှာ သူ့နာမည်မရှိဘူး

Vol. 23 Ch. 262

ကျိယွမ်၏ ခွင့်ပြုချက်ရသည်နှင့် ယင်နတ်ဘုရားများအားလုံး ထမင်းထုပ်များကိုယ်စီနှင့် ပျံသန်းသွားကြရာ ခန်းမအတွင်းမှ ချက်ချင်းလိုလိုပင် ကြက်ပျောက်ငှက်ပျောက်ကွယ် သွားကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိယွမ်မှာ မနေနိုင်စွာ သက်ပြင်းချမိ၏။

"ဒီယင်နတ်ဘုရားတွေက တကယ့်ကို အားနာတတ်ကြတာပဲ။ ငါ့ကိုတောင် လိုက်မပို့ခိုင်းဘဲ ဒီတိုင်း ထွက်ပြေးသွားကြတယ်"

မဟာအုပ်စိုးရှင် ဝူကျွင်းကတော့ ကျိယွမ်၏စကားကို မကြားဟန်ပြုကာ အံကြိတ်လျက် ရှုံ့ချလိုက်သည်။

"အမြင်ကျဉ်းတဲ့ လူမိုက်တွေပဲ"

ထိုယင်နတ်ဘုရားများသည် သွေးဝတ်စုံဓားနတ်ဘုရားကို ကပ်ရောဂါတစ်ခုလို သဘောထားနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ကပ်ဘေးဆိုးကြီးကို ရင်ဆိုင်မည်ဟုပါးစပ်မှ ပြောဆိုနေကြသော်လည်း ကပ်ဘေး၏ လက်ပါးစေများ ရောက်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး ထွက်ပြေးသွားကြလေ၏။

သူသည် ခန်းမထဲတွင် ထိုင်နေခဲ့သော ဒဏ်ရာခုနစ်ချက်အဖိုးအိုကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်မိသည်။

"မင်းက သူတို့နဲ့အတူ မလိုက်သွားဘူးလား"

ဒဏ်ရာခုနစ်ချက်အဖိုးအိုမှလွဲ၍ ကျန်သော ယင်နတ်ဘုရားများအားလုံးမှာ ချွင်းချက်မရှိ ထွက်ခွာသွားကြပြီ ဖြစ်သည်။

"ငါက ဘာပဲဖြစ်ဖြစ် သေခါနီးလူပဲလေ၊ လုံလောက်အောင်လည်း နေခဲ့ရပါပြီ။ မသေခင်မှာ ကပ်ဘေးကြီးရဲ့ လက်ပါးစေတွေကို မြင်တွေ့ခွင့်ရတာ နောင်တမရှိပါဘူး"

ဒဏ်ရာခုနစ်ချက်အဖိုးအိုက ချောင်းတချက်နှစ်ချက်ဆိုးရင်း အမှန်အတိုင်း ဖြေကြားလိုက်၏။

ဖုန်းကျွင်းက သူ့အားတစ်စုံတစ်ရာမဝေဖန်တော့ဘဲ မျက်မှောင်ကြုတ်လျက် ကျိယွမ်ကို ကြည့်သည်။

" အမှောင်နေမင်းရဲ့ လက်ပါးစေတွေရောက်လာတော့မှာမို့လို့ သွေးဝတ်စုံဓားနတ်ဘုရား... ခင်ဗျား ဒီနေရာကနေ ထွက်သွားသင့်တယ်"

သူသည် ကျိယွမ်၏ ဘေးကင်းရေးကို စဉ်းစားပေးနေခြင်း ဖြစ်သည်။ လေ့မျိုးနွယ်စု၏စစ်သူကြီးလေးဦးမှာ မဟာအရှင်မီးလျံနီကိုပင် သတ်ဖြတ်နိုင်စွမ်းရှိရာ သွေးဝတ်စုံဓားနတ်ဘုရားအနေဖြင့် ဝမ်ယုကုန်းမြေတိုက်ကြီးသို့ ပြန်မသွားပါက သေချာပေါက် အသက်ပျောက်ပေလိမ့်မည်။

ကျိယွမ်သည် ဖုန်းကျွင်း၏ အကြံပြုချက်ကို မဖြေကြားဘဲ သူယခင်က မေးထားသော်လည်း မည်သူမျှ မဖြေခဲ့သော မေးခွန်းကိုသာ ပြန်မေးလိုက်သည်။

"အဲဒီအမှောင်နေမင်းအဖွဲ့မှာ နည်းစနစ်ဘယ်နှမျိုးလောက် ရှိလဲ"

သူသည် အမှောင်နေမင်းဂိုဏ်း၏ နည်းစနစ်များကိုသာ အာရုံရောက်နေလေသည်။ မဟာအုပ်စိုးရှင်ဝူကျွင်းက စိတ်ပျက်စွာ ခေါင်းခါပြ၏။

သူသည် ယခင်က အမှောင်နေမင်းဟူသော အမည်ကိုပင် မကြားဖူးသဖြင့် ၎င်းတို့တွင် နည်းစနစ်မည်မျှရှိသည်ကို မည်သို့သိမည်နည်း။

"ဒါပေမဲ့ သူတို့ဆီမှာ အစွမ်းထက်တဲ့သူတွေ အများကြီးရှိတယ်ဆိုတော့ နည်းစနစ်တွေလည်း အများကြီး ရှိနိုင်ပါတယ်"

ဝူကျွင်းက ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းလိုက်သည်။

"အမှောင်နေမင်းရဲ့ ဌာနချုပ်က ဘယ်မှာလဲ"

ကျိယွမ်၏ မျက်လုံးများ တောက်ပသွား၏။

ယင်နတ်ဘုရားများအားလုံးကလည်း အမှောင်နေမင်းအဖွဲ့ကို အလွန်ကြောက်ရွံ့နေကြသည်။ ထိုအသင်း သို့မဟုတ် ဂိုဏ်းသည် ကပ်ဘေးဆိုးကြီး၏ လက်ပါးစေဖြစ်သလို ရှင်းဟွာအဖွဲ့ချုပ်ကြီး၏ ခေါင်းဆောင်ကိုပင် ခိုင်းစေနိုင်သူများ ဖြစ်၏။

ထို့ကြောင့် အမှောင်နေမင်းဂိုဏ်းတွင် သန်မာသူများစွာနှင့် အဆင့်မြင့်နည်းစနစ်များစွာ သေချာပေါက် ရှိနေပေလိမ့်မည်။

ဤအခွင့်အရေးကို အသုံးချကာ အမှောင်နေမင်းကို အဘယ်ကြောင့် ဓားပြမတိုက်ရမည်နည်း။

"ဒါကိုတော့ အမှောင်နေမင်းဂိုဏ်းထဲက လူတွေပဲ သိပါလိမ့်မယ်"

ဒဏ်ရာခုနစ်ချက်အဖိုးအိုက ပြန်ဖြေသည်။

"အင်း...ကြည့်ရတာ အမှောင်နေမင်းဂိုဏ်းကလူတွေ လာတာကိုပဲ စောင့်ရတော့မယ် ထင်တယ်"

ကျိယွမ်က ဘာမှမတတ်နိုင်သလို ပခုံးတွန့်ရင်း ဆိုလိုက်၏။

ဒဏ်ရာခုနစ်ချက်အဖိုးအိုက ကျိယွမ်၏ အေးအေးဆေးဆေးအမူအယူကြောင့် နားမလည်းဖြစ်သွားသည်။

"စီနီယာ... အရှင်က ဝမ်ယုကုန်းမြေတိုက်ကြီးကို ပြန်မသွားတော့ဘူးလား"

ကြောက်မက်ဖွယ်ကောင်းသော အမှောင်နေမင်းဂိုဏ်းသားများ လာနေသည်ဟု ကြားလျှင် ဓားနတ်ဘုရားမှာ သူ၏ အခြေစိုက်စခန်းဖြစ်သော ဝမ်ယုကုန်းမြေတိုက်ကြီးသို့ ပြန်သွားလိမ့်မည်ဟု သူက ထင်ထားသည် မဟုတ်ပါလား။

"ကျုပ်က ဘာလို့ ဝမ်ယုကုန်းမြေတိုက်ကြီးကို ပြန်ရမှာလဲ။ ကျုပ်က အစကတည်းက ကန်းလန်နယ်မြေကလူပဲ။ အခု အမှောင်နေမင်းဂိုဏ်းကလူတွေ လာတာကို စောင့်ရဦးမယ်။ သူတို့က ငါ့နှလုံးသားထဲမှာ မဟာအုပ်စိုးရှင်မိုလီပြီးရင် ဒုတိယမြောက် မျှော်လင့်ခြင်းလမင်းတွေပဲ"

ကျိယွမ်က တည်တည်တံ့တံ့ ဖြေလိုက်သည်။

ဒဏ္ဍာရီလာ ရတနာကို ပိုင်ဆိုင်ထားသော မိုလီမှာ သူ၏ ​ပထမမျှော်လင့်ခြင်းလမင်းဖြစ်ပြီး အမှောင်နေမင်းဂိုဏ်းမှ လဲ့မျိုးနွယ်စု စစ်သူကြီးလေးဦးမှာ ဒုတိယနေရာတွင် ရှိနေ၏။သူက မည်သို့လွဲချော်ခံနိုင်မည်နည်း။

ဆုလာလ်တွေပေးချင်လွန်းလို့ အဝေးကြီးကနေ အိမ်အထိ တကူးတကလာကြတာကို ၊ ရှောင်နေရင် အားနာစရာ ..။

ဒဏ်ရာခုနစ်ချက်အဖိုးအိုမှာ ဆွံ့အသွားရသလို ဝူကျွင်းမှာလည်း တိတ်ဆိတ်သွားတော့သည်။

သွေးဝတ်စုံဓားနတ်ဘုရားကို ငါတို့တကယ်ပဲ နားမလည်နိုင်ပါလား။

နောက်ရက်များတွင် ချင်းဟုန်မြို့တစ်မြို့လုံးမှာ မုန်တိုင်းမလာမီ တိတ်ဆိတ်မှုကဲ့သို့ အသက်ရှူကျပ်ဖွယ် ကောင်းနေသည်။ဖုန်းနန်းတော်မှ မဟာအုပ်စိုးရှင်မိုလီသည်လည်း အကြောင်းပြချက်တစ်ခု ရှာကာ ချင်းဟုန်မြို့မှ ယာယီထွက်ခွာသွား၏။

၎င်းတို့မှာ အမှောင်နေမင်းနှင့် လေ့မိသားစုစစ်သူကြီးလေးဦးကို ရှောင်ရှားနေခြင်းဖြစ်သည်မှာ သိသာလှသည်။

ချင်းဟုန်မြို့နှင့်ဝေးကွာသော တစ်နေရာရှိ နန်းတော်ခွဲတစ်ခုထဲတွင် မိုလီက ရှေးဟောင်းကြေးမုံထဲမှ လူကို ပျင်းရိစွာကြည့်ရင်း ပြုံးနေ၏။

"ဒီတစ်ခါတော့ ရှင့်ခန့်မှန်းချက် မှားသွားပြီ။ သွေးဝတ်စုံဓားနတ်ဘုရားက ဝမ်ယုကုန်းမြေတိုက်ကြီးကို မပြန်ဘူး"

မကြာသေးမီက ရှေးဟောင်းမှန်ထဲမှလူသည် လေ့မိသားစုစစ်သူကြီးလေးဦးနှင့် ရင်ဆိုင်ရပါက သွေးဝတ်စုံဓားနတ်ဘုရားမှာ ဝမ်ယုကုန်းမြေတိုက်ကြီးသို့ ထွက်ပြေးလိမ့်မည်ဟု ပြောခဲ့သည်။

ထို့ကြောင့် တိုက်ပွဲမှာ ဝမ်ယုကုန်းမြေတိုက်ကြီးတွင် ဖြစ်ပွားလိမ့်မည်ဟု သူက ဆိုသည်။

သို့သော် အံ့သြစရာကောင်းသည်မှာ သွေးဝတ်စုံဓားနတ်ဘုရားသည် လမ်းစဥ်ရှာဖွေရေးနန်းတော်တွင် ဆက်နေပြီး စစိသူကြီးလေးဦးကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့ခြင်းပင်။

"သူက တကယ်ပဲ အံ့သြဖို့ကောင်းတယ်"

မှန်ထဲမှ ပုံရိပ်က ဆိုသည်။

"ရှင်ရဲ့ ယုတ္တိအရဆိုရင် သူက နန်းတော်မှာနေဖို့ ရွေးချယ်ပြီး စစ်သူကြီးလေးဦးနဲ့ ထိပ်တိုက်တွေ့မှာဆိုတော့ သူ နိုင်မှာလား"

မိုလီက ပြုံးကာ မေးလိုက်၏။

"လုံးဝ မနိုင်ဘူး"

မှန်ထဲမှ ပုံရိပ်က မဆိုင်းမတွငြင်းသည်။

"သူ ရှုံးမှာပဲ။ လေ့မိသားစုစစ်သူကြီးလေးဦးဟာ တစ်ချိန်က ဒဏ္ဍာရီလာအဆင့်ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။ အခု သူတို့ရဲ့ အခြေခံအုတ်မြစ်တွေ အလုခံလိုက်ရပြီး အခွံတွေပဲ ကျန်တော့ပေမဲ့ နေ့ညမပြတ် သွေးသောက်ခဲ့ရလို့ သူတို့ရဲ့ အစွမ်းဟာ ကောင်းကင်သို့ခြေလှမ်းခြောက်လှမ်းအဆင့်ရဲ့ အထွက်အထိပ်ကို ရောက်နေပြီ။ အထွက်အထိပ်မှာရှိတဲ့ လေးယောက်ဟာ အရာအားလုံးကို ချေမှုန်းဖို့ လုံလောက်တယ်။ "

"သွေးဝတ်စုံဓားနတ်ဘုရားလား... သူက ဒဏ္ဍာရီမဟုတ်ဘူး။ မဟုတ်ရင် သူရဲ့အမည်က ဘာလို့ ဂန္ထဝင်မှတ်တိုင်မှာ မရှိရတာလဲ"

ဂန္ထဝင်မှတ်တိုင်မှာ ကန်းလန်နယ်မြေ၏ အမြင့်ဆုံးရတနာ ဖြစ်သည်။ ၎င်းသည် ဗဟိုကောင်းကင်နယ်မြေတွင် တည်ရှိပြီး ကန်းလန်နယ်မြေရှိ ဒဏ္ဍာရီလာအဆင့် ပုဂ္ဂိုလ်တိုင်း၏ အမည်များကို မှတ်တမ်းတင်ထားသည်။ ဒဏ္ဍာရီနယ်ပယ်သို့ ခြေလှမ်းလှမ်းနိုင်သူ မည်သူမဆို ဂန္ထဝင်မှတ်တိုင်၏ အာရုံခံခြင်းကို ခံရမည်ဖြစ်ပြီး အမည်ကို ရေးထိုးခံရမည်ဖြစ်သည်။

ထို့အပြင် ဂန္ထဝင်မှတ်တိုင်ကို 'လူသေမှတ်တိုင်' ဟုလည်း ခေါ်ကြသေးသည်။

အဘယ်ကြောင့်ဆိုသော် ဂန္ထဝင်မှတ်တိုင်တွင် အမည်ရေးထိုးခံရသော မည်သည့်ဒဏ္ဍာရီလာအဆင့် ပုဂ္ဂိုလ်တစ်ဦးမျှ ကပ်ဘေးကြီးမှ မလွတ်မြောက်နိုင်ခဲ့သောကြောင့် ဖြစ်၏။

ယခုအချိန်ကာလထိ အသက်ရှင်ကျန်ရစ်ပြီး အမည်ရေးထိုးခံထားရသော ဒဏ္ဍာရီအဆင့်ပုဂ္ဂိုလ်မှာ အလွန်နည်းပါးလှသည်။ ၎င်းတို့ကလည်း လူ့လောကထဲသို့ ထွက်ပေါ်လာခဲပြီး နောက်နှစ်ပေါင်း ရာချီတွင် ရောက်လာမည့် ကပ်ဘေးကြီးကို ရှောင်ရန် ကြိုးစားနေကြပုံရသည်။

သို့သော်ထူးဆန်းသည်မှာ ကပ်ဘေးကြီးအောက်တွင် သာမန်မဟာအုပ်စိုးရှင်တစ်ယောက်သည် ကံကောင်းထောက်မပြီး အသက်ရှင်ရန် အခွင့်အရေးရှိနိုင်သော်လည်း... ဒဏ္ဍာရီအဆင့်များမှာမူ အသက်ရှင်ကျန်ရစ်သည်ကို မည်သူမျှ မမြင်ဖူးပေ။

သွေးဝတ်စုံဓားနတ်ဘုရား၏ အမည်မှာ ဂန္ထဝင်မှတ်တိုင်တွင် မရှိသောကြောင့် သူသည် ဒဏ္ဍာရီအဆင့်တစ်ယောက် မဟုတ်သည်မှာ ရှင်းလင်းလှသည်။

"ရှင်လည်း ဂန္ထဝင်မှတ်တိုင်မှာ မရှိတာပဲ မဟုတ်လား"

မိုလီက အဓိပ္ပာယ်ပါသော အပြုံးဖြင့် ဆိုသည်။

"ငါက သွေးဝတ်စုံဓားနတ်ဘုရားနဲ့ မတူဘူး"

မှန်ထဲမှ ကျောခိုင်းထားသော အမျိုးသားက ပြန်ဖြေသည်။

"ငါက ဒဏ္ဍာရီတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခုဒဏ္ဍာရီ မဟုတ်တော့ဘူး။ သူကတော့ အစကတည်းကကို ဒဏ္ဍာရီ မဟုတ်တာ"

"အဲဒီလိုဆိုရင် သူ ဘာလို့ ထွက်မပြေးတာလဲ"

မိုလီက ထိုကိစ္စကို နားမလည်နိုင်သလိုထပ်မေး၏။

"သူ့ခေါင်းထဲမှာ တစ်ခုခု ပြဿနာရှိနေလို့ ဖြစ်လိမ့်မယ်"

မှန်ထဲမှ အမျိုးသားကလည်း ဇဝေဇဝါဖြင့် ရေရွတ်သည်။

ဤကမ္ဘာသည် ကျယ်ပြောလှပြီး အံ့သြဖွယ်ရာများဖြင့် ပြည့်နှက်နေသည်။ သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသော ကျင့်ကြံသူတစ်ယောက်က မဟာအုပ်စိုးရှင်အဆင့်အထိ တက်လှမ်းနိုင်သည်မှာ အလွန်ပင်ထူးဆန်းလှ၏။

"နှမြောစရာပဲ။ ကျွန်မကိုယ်တိုင် သူ့ကို မသတ်နိုင်တော့ဘူး၊ သူက အမှောင်နေမင်းရဲ့ လက်ထဲမှာ သေရတော့မှာပဲ"

မိုလီက စိတ်ပျက်စွာ ညည်းညူသည်။

"မင်း ကြိုးစားခွင့်ရရင်တောင် သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး"

ရှေးဟောင်းမှန်ထဲမှ ပုံရိပ်က စနောက်သော လေသံဖြင့် ပြောလိုက်သည်။

မိုလီသည် သူမ၏ အစွမ်းကို ဖုံးကွယ်ထားသော်လည်း သူမသည် ကောင်းကင်သ်ု့ခြေလှမ်း ငါးဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ ၊ကျွန်မဆီမှာ ရှင်ရှိသေးတာပဲ မဟုတ်လား"

မိုလီက သဘောကျစွာဖြင့် ကိုယ်လေးသိမ့်သိမ့်တုန်အောင် ရယ်မောလိုက်သည်။

"ငါ့ကို ဆွဲဆောင်နိုင်တဲ့အရာ မရှိရင် ငါ လှုပ်ရှားမှာ မဟုတ်ဘူး"

ရှေးဟောင်းမှန်ထဲမှ အမျိုးသားက အေးစက်စွာ ပြန်ဖြေ၏။သူက မလိုအပ်ဘဲ အားအင်ဖြုန်းတီးသူမျိုး မဟုတ်ပါ။

"မှန်တော့မှန်ပါတယ် ၊ သွေးဝတ်စုံဓားနတ်ဘုရားမှာ ရှင့်ကြိုးစားအားထုတ်မရလောက်အောင် ထိုက်တန်တာ ဘာမှမရှိပါဘူး"

မိုလီကထိုသို့ဆိုရင် ရှေးဟောင်း မှန်ထဲမှ ပုံရိပ်ကို စိုက်ကြည့်ရင်း သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

"သခင်...သခင့်ရဲ့မင်းမှုထမ်းအတွက် နောက်ထပ် ခိုင်းစရာ ပျော်စရာလေးတွေ ရှိသေးလား"

"ပွဲကြည့်ရုံပဲ ကြည့်နေပါ"

ရှေးဟောင်းမှန်ထဲမှ ပုံရိပ်က ထိုမျှသာဆိုပြီး ပျောက်ကွယ်သွားခဲ့သည်။

လမ်းစဥ်ရှာဖွေရေးနန်းတော်အတွင်းမှာတော့ ကျိယွမ်သည် နည်းစနစ်မျိုးစုံကို စုပ်ယူရင်း သူ၏ကိုယ်ပိုင်နည်းစနစ်ကို ဂရုတစိုက် ဖန်တီးနေသည်။

အပြင်ဘက်မှ ကောလာဟလများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ကျိယွမ်မှာ အလွန်တည်ငြိမ်နေပြီး ကြောက်ရွံ့တုန်လှုပ်နေခြင်း မရှိပေ။ ဖြစ်လာမည့် ကိစ္စများသည် သူနှင့်မဆိုင်​​သည့်အလား ရှိ၏။

အချိန်အတန်ကြာပြီးနောက် အသံတစ်ခု ထွက်ပေါ်လာသည်။

"စီနီယာ သွေးဝတ်စုံဓားနတ်ဘုရား... ရှန်းဝူရှန်းဆိုတဲ့ နာမည်နဲ့ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက် ခင်ဗျားရဲ့ အမှတ်အသားနဲ့ ရောက်နေပါတယ်"

ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးက ရိုသေစွာ ပြောကြားသည်။

တစ်ချိန်တည်းမှာပင် သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့ အလွန်အစွမ်းထက်သည့် မဟာအုပ်စိုးရှင်တစ်ဦးသည် အလွန်အားနည်းသောကျင့်ကြံသူများနှင့် အဘယ့်ကြောင့် ဆက်ဆံနေသည်ကို သူ သိချင်နေ၏။

ဓားနတ်ဘုရား၏ သူငယ်ချင်းများထဲတွင် အမြုတေအဆင့်ရှိသူက်ိုပင် သူတို့မြင်ဖူးသည်။ ယခုလည်း စိတ်ဝိညာဥ်အဆင့်ဆိုသည်မှာ သူတို့လို ခရမ်းရောင်နန်းတော်အဆင့်များထက် အဆများစွာ အားနည်းလှသည် မဟုတ်ပါလား။

"သူ ရောက်လာပြီပေါ့"

ကျိယွမ်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။ သူဌေးကြီးကတော့ ရောက်လာလေပြီ။

နတ်ဘုရားအဆင့်နည်းစနစ်တစ်ခု၏ တန်ဖိုးမှာ ကောင်းကင်အဆင့် နည်းစနစ် တစ်ရာနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။

"အမြန်ဖိတ်လိုက် ၊ မဟုတ်ဘူး၊ ငါကိုယ်တိုင် သွားကြိုမယ်"

ကျိယွမ်သည် နန်းတော် အပြင်ဘက်သို့ ချက်ချင်း ရောက်ရှိသွားပြီး ရှန်ဝူရှင်းကို မြင်လိုက်ရသည်။ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ကျိယွမ်ကို အရိုအသေ ပေးကြသည်။

ရှန်းဝူရှန်းက ကျိယွမ်ကို ကြောင်တောင်တောင်ကြည့်၏။သူက နားမလည်ဖြစ်နေပုံရ၏။

"သူတို့က ဘာလို့ ခင်ဗျားကို မဟာအုပ်စိုးရှင်လို့ ခေါ်နေကြတာလဲ"

"ငါက သူတို့ရဲ့ ဆရာကြီးကို အနိုင်ယူလိုက်လို့လေ။ သူတို့ဆရာကြီးက မဟာအုပ်စိုးရှင်ဆိုတော့ ငါ့ကိုလည်း မဟာအုပ်စိုးရှင်လို့ ထင်နေကြတာပေါ့"

ကျိယွမ်က အမှန်အတိုင်း ဖြေပေးလိုက်သည်။

ရှန်းဝူရှန်းက တံတွေးမြိုချလိုက်ပြီး မယုံသလို ပြန်မေး၏။

"ခင်ဗျားက... မဟာအုပ်စိုးရှင်တစ်ယောက်ကို အနိုင်ယူလိုက်တာလား"

သူ နားမလည်နိုင်တော့ပေ။

ကျိယွမ်မှာလည်း သူ့ကဲ့သို့ စိတ်ဝိညာဥ်အဆင့်တစ်ယောက်သာ မဟုတ်ပါလား။ယခုတော့ ခရမ်းရောင်နန်းတော် နှင့် အုပ်စိုးရှင်အဆင့်နှစ်ခုကိုကျော်ကာ မဟာအုပ်စိုးရှင်အဆင့်အထိ တက်တိုက်နေ၏။

(ကန်းလန်နယ်မြေ၏ ကျင့်ကြံဆင့်များကို ချီသန့်စင်ခြင်းအဆင့် ၊ အခြေတည်အဆင့် ၊ စိတ်ဝိညာဥ်အဆင့် ၊ ခရမ်းရောင် နန်းတော်အဆင့် ၊ ယင်နတ်ဘုရား အဆင့် ၊ ယန်နတ်ဘုရားအဆင့်ဟု ခွဲထားသည်။ ယင်နတ်ဘုရားများကို ရာထူးအရ အုပ်စိုးရှင်များဟု ခေါ်၏။

ယင်နတ်ဘုရားအဆင့်၌ အုပ်စိုးရှင်အဆင့် ၊ မဟာအုပ်စိုးရှင်အဆင့် ၊ ဒဏ္ဍာရီလာအဆင့်ဟု ခွဲခြားထားသည်)

"မဟာအုပ်စိုးရှင်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ ငါ ကိုယ်တိုင်တောင် မလှုပ်ရှားလိုက်ရဘူး၊ ငါ့ရဲ့စိတ်ဝိညာဥ်တစ်ယောက်ကို ဆင့်ခေါ်လိုက်တာနဲ့ တင် လုံလောက်သွားတယ်"

ကျိယွမ်က အရေးမကြီးသလို ပေါ့ပေါ့ပါးပါး ပြောလိုက်သဖြင့် ရှန်းဝူရှန်းမှာ ကြောင်အသွားပြီး ထိုစကားကို နားလည်ရန် ခက်ခဲနေသည်။

သူက စိတ်အားထက်သန်စွာဖြင့်ကျိယွမ်ကို ကြည့်ကာ မေး၏။

"ကျွန်တော် စိတ်ဝိညာဥ်အဆင့်ကို ရောက်ရင် ခင်ဗျားလို သန်မာဖို့ အခွင့်အရေး ရှိမလား"

"အခွင့်အရေး ရှိတယ်လေ"

ကျိယွမ်က ရှန်းဝူရှန်းအား ကြည့်သည်။

"မင်း အိပ်မက်ကောင်းကောင်းမက်ရင်ပေါ့"

ရှန်းဝူရှန်းမှာ စကားမရှိတော့ပေ။ အမှန်တကယ်တော့ ကျိယွမ်က မဟာအုပ်စိုးရှင်အဆင့်ကို နိုင်သည်ဆိုခြင်းကို သူ ယုံကြည်ရန် ခက်ခဲနေဆဲပင်။

"ငါ့လို သန်မာဖို့က အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ အကူအညီနဲ့ဆိုရင် မင်း စိတ်ဝိညာဥ်အဆင့်နဲ့ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကို သတ်ဖို့က လွယ်ကူပါလိမ့်မယ်"

ကျိယွမ်က အမှန်အတိုင်း ဆိုသည်။

"ခရမ်းရောင်နန်းတော်အဆင့်ကို သတ်နိုင်မှာလား..."

ရှန်းဝူရှန်း တိတ်ဆိတ်သွားသည်။ သူသည် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကို ယှဉ်နိုင်သော်လည်း မသတ်နိုင်ပေ။

"ဒါတွေကို ခဏထားဦး။ ငါ ခိုင်းထားတဲ့ ကိစ္စတွေ ဘယ်လိုလဲ"

ကျိယွမ်က မျှော်လင့်တကြီး မေးသည်။

"အလုပ်နှစ်ခုလုံး ပြီးပါပြီ"

ရှန်းဝူရှန်းက လေးနက်စွာ ပြန်ဖြေ၏။

ကျိယွမ်၏ အကြည့်ကို မြင်သအခါ ရှန်းဝူရှန်း သဘောပေါက်သွားသည်။ သူ့ထံမှ နည်းစနစ်များကို မျှော်လင့်နေခြင်းပင်။

"အခုတော့ ကျွန်တော့်မှာ ပိုက်ဆံမရှိတော့လို့ နည်းစနစ် တချို့ပဲ လဲနိုင်ခဲ့တယ်"

"စိတ်မပူပါနဲ့၊ ပိုက်ဆံကုန်ရင် ထပ်ချေးလိုက်ပေါ့"

ကျိယွမ်က အလွန်ပေါ့ပါး၏။သူက မည်သည့်ကိစ္စမဆို အလေးအနက်ရှိပုံ မရချေ။

"မင်း စိတ်ဝိညာဥ်အဆင့်မှာ ကျောက်တုံး တစ်သိန်းချေးလိုက်၊ ခရမ်းရောင်နန်းတော်အဆင့် ရောက်ရင် အဲဒါကို ရှာရတာ လွယ်သွားပြီ။ အဲဒီကျမှ ပြန်ဆပ်လိုက်ပေါ့"

ရှန်းဝူရှန်းမှာ အံ့သြသွားပြီး ကျိယွမ်၏ ရွှေဉာဏ်တော် စူးရောက်မှုကို လက်ဖျားခါသွားသည်။

"ခင်ဗျား ပြောတာ တကယ် ယုတ္တိရှိတယ်"

သူက နားအေးပြီးရောဆိုကာ ကျောက်စိမ်းပြားကို ကမ်းပေးလိုက်၏။

ငါ့ဘာသာပဲ ကြည့်လုပ်တော့မယ် ၊ သူနဲ့ငြင်းနေလို့ အလကားပဲ။

"ဒီတစ်ခါမှာ နတ်ဘုရားအဆင့်နည်းစနစ် နှစ်ခု၊ ကောင်းကင်နည်းစနစ် ခုနစ်ဆယ်နဲ့ တခြားဟာတွေ ပါတယ်"

"ဟေ...."

ကျိယွမ်မှာ ရင်သပ်ရှုမော ဖြစ်သွားရသည်။

ရှန်းဝူရှန်းမှာ တကယ့်သူဌေးကြီးပင်။

ကန်းလန်နယ်မြေတွင် မည်သည့် နတ်ဘုရားနည်းစနစ်မျှ တွေ့ရခြင်း မရှိသေးပေ။

ယခုနည်းစနစ်များမှာ ကန်းလန်နယ်မြေ၏ အတောက်ပဆုံး ကြယ်ပွင့်များ ဖြစ်လာပေလိမ့်မည်။

"အစ်ကိုကျိ... ဒါတွေက ကျွန်တော် လက်ခံထားတဲ့ အလုပ်တွေပါ။ ခင်ဗျားကို အကူအညီ တောင်းရဦးမယ်"

ရှန်းဝူရှန်းက ကျောက်စိမ်းပြား ၃၄ ပြားကို ကမ်းပေးပြန်သည်။

"ပြပါဦး.."

ကျိယွမ်က ကျောက်စိမ်းပြားများကို ယူကာ တစ်ခုကို ကြည့်လိုက်သည်။

"ဟွာမြို့ရဲ့ မဟာအုပ်စိုးရှင်... ကောင်းကင်ပဋိညာဉ်နက်နဲအနုပညာဆိုပါလား"

ရှန်းဝူရှန်းက ရှင်းပြ၏။

"ဒီအလုပ်က ကောင်းကင်သို့ခြေလှမ်းခြောက်လှမ်းရဲ့အထွက်အထိပ်မှာ ရှိတဲ့ မဟာအုပ်စိုးရှင်တစ်ယောက် ပေးထားတာ။ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်မှ ဖြေရှင်းနိုင်လိမ့်မယ်။ တခြားဟာ အရင်ကြည့်မလား"

ကျိယွမ်က ရှန်းဝူရှန်းကို မျက်စိနောက်သလို ကြည့်သည်။

"မလိုဘူး၊ ဒီပြဿနာက ဘယ်မှာခက်လို့လဲ ၊ ငါ့ကို အမွှေးတိုင်ဝက်အချိန်ပေး၊ အားလုံး ပြီးသွားလိမ့်မယ်"

------------

All Chapters