အခန်း (၄၃၆-၄၃၇)
Vol. 41 Ch. 436-437
အခန်း ၄၃၆ - သွေးဝတ်စုံလား.. ဝိညာဉ်တစ်သောင်းတံခွန်ရဲ့ ဝိညာဉ်စေတမန်သက်သက်ပါပဲ..
"ဒီပုံဆို ငါ မစ်ရှင်တစ်ခုခုယူပြီး အပြင်ခဏသွားဖို့ လိုအပ်နေပြီထင်တယ်.."
ကျိယွမ် သေသေချာချာ တွေးတောနေ၏။
ဉာဏ်ရည်တု အဏုကြည့်စစ်ဆေးရေးပိုးကောင်များ ရှာဖွေတွေ့ရှိထားသော အချက်အလက်များအရ မဟူရာချောက်နက်ဘိုးဘေးသွေးကို နေရာသုံးခု၌ တွေ့နိုင်သည်ဟု သိရ၏။ နှစ်နေရာမှာ မဟူရာချောက်ကမ်းပါးနယ်မြေအတွင်း၌ရှိပြီး တစ်နေရာမှာမူ အပြင်ဘက်တွင် ရှိလေသည်။
"ခရမ်းရောင်ကံကြမ္မာ ရှောင်လုရဲ့ အကူအညီလိုမယ်ထင်တယ်.."
ခဏကြာစဉ်းစားပြီးနောက် ကျိယွမ်သည် ဆက်သွယ်ရေး ကျောက်စိမ်းပြားကိုသုံးကာ ခရမ်းရောင်ကံကြမ္မာ ရှောင်လုထံ ဆက်သွယ်လိုက်၏။
အမွှေးတိုင်သုံးတိုင်စာခန့် ကြာပြီးနောက် ခရမ်းရောင်ကံကြမ္မာ ရှောင်လုသည် ဂူအပြင်ဘက်သို့ ရောက်လာလေသည်။ သူမသည် အပြာရင့်ရောင် မာမြန့်ချွန်းကို ဝတ်ဆင်ထားသဖြင့် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိလှ၏။
"စီနီယာအစ်ကို သွေးဝတ်စုံ.. ကျွန်မကို ဘာခိုင်းမလို့လဲ.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ပျော်ရွှင်နေသော မျက်နှာပေးဖြင့် မေးလိုက်သည်။
"ဒီလိုပါ.. ဒီနေ့ ငါအိပ်မက်မက်တော့ ရတနာတွေရှိတဲ့နေရာကို မြင်ခဲ့ရတယ်.. အဲဒါ မင်းကိုခေါ်ပြီး သွားရှာချင်လို့လေ.. ဒါပေမဲ့ အိပ်မက်ထဲကနေရာက ဘယ်မှာလဲဆိုတာ ငါသေချာမသိဘူး.. မင်းက မဟူရာချောက်ကမ်းပါးအကြောင်း ကောင်းကောင်းသိတော့ မင်းကို အကူအညီတောင်းမလို့.."
ကျိယွမ်က အကြောင်းပြချက်တစ်ခုကို ချက်ချင်းလုပ်ကြံပြောလိုက်၏။ သူက လူကောင်းတစ်ယာက်ဖြစ်သော်လည်း EQ ကောင်းသူဖြစ်သောကြောင့် ယခုနေရာမျိုးတွင် ပြောတတ်ဆိုတတ်ရှိလေသည်။
ငါက တော်လွန်းနေတာပဲ။
ခရမ်းရောင်ကံကြမ္မာ ရှောင်လုသည် ထိုစကားကိုကြားသောအခါ စိတ်လှုပ်ရှားသွားလေသည်။ စီနီယာအစ်ကို သွေးဝတ်စုံက ရတနာရှာပုံတော်အကြောင်း သူမကို ပြောပြသည်မှာ သူမကို တကယ်ယုံကြည်သောကြောင့်ပင် မဟုတ်ပါလား။
"စီနီယာအစ်ကို.. အဲဒီနေရာက ဘယ်မှာလဲ.."
"ဒီမှာ.."
ကျိယွမ်သည် ပုံဆွဲရာတွင် မတော်သော်လည်း ကော်ပီကူးခြင်း၌ ကျွမ်းကျင်သူဖြစ်၏။ သူသည် ပျက်စီးနေသောပုံရိပ်များထဲမှ မြင်ကွင်းအစအနတစ်ခုကို ခရမ်းရောင်ကံကြမ္မာ ရှောင်လု ကြည့်နိုင်ရန် လေထဲ၌ ထုတ်ဖော်ပြသလိုက်သည်။
အနက်ရောင်ကုန်းမြေများနှင့် ပင်လယ်နက်များကြားတွင် သံကြိုးများဖြင့် ပတ်နှောင်ထားသော မြင့်မားသည့် တောင်ထွတ်ကြီးတစ်ခုကို မြင်တွေ့ရ၏။
ထိုနေရာကို မြင်သောအခါ ခရမ်းရောင်ကံကြမ္မာ ရှောင်လုသည် မယုံကြည်နိုင်သလို မျက်တောင်ခတ်ရင်း ကျိယွမ်ကို ကြည့်လိုက်သည်။
"စီနီယာအစ်ကို သွေးဝတ်စုံ.. ဒီနေရာဆိုတာ သေချာရဲ့လား.."
"အေး သေချာတယ်.. အိပ်မက်ထဲမှာ အရမ်းကို ရှင်းလင်းနေတာပဲ.. ဒီနေရာက ထူးခြားပြီး ရတနာတွေအများကြီး ရှိရမယ်.."
ကျိယွမ်က အလေးအနက် ပြောလိုက်၏။
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒီနေရာမှာ ရတနာတွေ အများကြီးရှိတာတော့ အမှန်ပဲ.. ဒါပေမဲ့.. ဒါက မဟူရာချောက်ကမ်းပါးဘဏ္ဍာတိုက်လေ.."
"ဟေ.."
"နေဦး.. ဘာပြောလိုက်တယ်.."
ကျိယွမ် ဆွံ့အသွားလေသည်။
တကယ်ကြီးလား.. သူတို့က ဘဏ္ဍာတိုက်ကို ဒီမှာ ဆောက်ထားတာလား..
"ငါတို့ အထဲကို ခိုးဝင်ပြီး တစ်ခုခုယူလို့မရဘူးလား.. ငါခိုး.. မဟုတ်ဘူး.. ငါပြန်ယူချင်တဲ့အရာက ဘဏ္ဍာတိုက်ထဲမှာ မဟုတ်ဘဲ အောက်ခြေက အပျက်အစီးတွေထဲမှာ ရှိနိုင်တယ်.."
ကျိယွမ်က မျှော်လင့်ချက်အနည်းငယ်ဖြင့် အပြစ်ကင်းစွာမေးလိုက်၏။
ထိုအခါ ခရမ်းရောင်ကံကြမ္မာ ရှောင်လု မှာတော့ အလွန်စိုးရိမ်သွားလေသည်။
"စီနီယာအစ်ကို သွေးဝတ်စုံ.. အဲဒီလို လုံးဝမတွေးပါနဲ့.. ဒါက ဘဏ္ဍာတိုက်တင် မဟုတ်ဘူး.. မဟူရာချောက်ကမ်းပါးရဲ့ ဘိုးဘေးနယ်မြေဆိုလည်း ဟုတ်တယ်..
ကျွန်မတို့ မဟူရာချောက်ကမ်းပါးရဲ့ အစပြုရာက ဒီအောက်က အပျက်အစီးတွေမှာ ရှိတာ..
ကျွန်မတို့သာ ဇွတ်ဝင်သွားရင် မိစ္ဆာမိုးဆက်တွေ ဖြစ်နေရင်တောင် အသက်ရှင်ဖို့ လမ်းမရှိဘူး.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လု ဤမျှအလေးအနက်ရှိနေသည်ကို မြင်ရခဲ၏။ သူမ၏ မျက်နှာလေးမှာ စိုးရိမ်စိတ်ကြောင့် တင်းမာနေလေသည်။
ကျိယွမ်သည် ထိုစကားကိုကြားသောအခါ စိတ်ပျက်သွား၏။
ကြည့်ရသည်မှာ မဟူရာချောက်နက်ဘိုးဘေးသွေးများက ဘဏ္ဍာတိုက်ထဲတွင် ရှိနေခြင်းဖြစ်ဟန်တူသည်။
ပထမနေရာကတော့ သွားလို့မရတော့ပေ။ ဒုတိယနေရာကရော..
ကျိယွမ်က သိပ်တော့ မျှော်လင့်ချက်မထားတော့ပေ။
ယန်နတ်ဘုရား အရှင်သခင်များ.. အထူးသဖြင့် မဟာမူလသဘောတရားအဆင့် ရှိသူများအတွက် မဟူရာချောက်ကမ်းပါးတွင် လျှို့ဝှက်ချက်ဟူ၍ သိပ်ရှိမည်မဟုတ်ပေ။
"ဒီနေရာကရော.."
ကျိယွမ်က ဒုတိယနေရာ၏ ပုံရိပ်ကို ခရမ်းရောင်ကံကြမ္မာ ရှောင်လုအား ပြသလိုက်၏။
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ခဏစဉ်းစားပြီးနောက် "ဒီနေရာကို ကျွန်မသိတယ်.." ဟု ပြောလေသည်။
"သွားလို့ရလား.. "
ယခုအခါမှာတော့ သူမက ခေါင်းညိတ်၏။
ကျိယွမ် ဘဝင်ကျသွားသည်။
ဒီလိုလုပ်စမ်းပါ။
"အဲဒါဆို အဲဒီကို သွားကြစို့.. .."
"ဟုတ်ကဲ့.."
သူတို့နှစ်ဦးသည် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံမှ ထွက်ခွာခဲ့ပြီး တယ်လီပို့အစီအရင်များကို အသုံးပြုကာ မဟူရာချောက်ကမ်းပါး၏ အခြားနေရာတစ်ခုသို့ ခရီးနှင်ခဲ့ကြ၏။
တယ်လီပို့ ခြောက်ခု ခုနစ်ခုခန့် ဖြတ်သန်းပြီးနောက် တစ်ရက်ခန့် ကြာသောအခါ ကုန်းတွင်းချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာကြသည်။
"ဒီနေရာပဲ စီနီယာအစ်ကို သွေးဝတ်စုံ.. ဒါပေမဲ့ မြန်မြန်လုပ်ရမယ်.. ဒီနေရာက အခြားမြင့်မြတ်နယ်မြေရဲ့ ကောင်းကင်ဘုံထဲမှာ ရှိတာ.. သူတို့က ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံနဲ့ သိပ်မတည့်ကြဘူး.."
ကျိယွမ်၏ဘေးတွင် ရပ်နေသော ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ပြောလိုက်၏။
ကျိယွမ်သည် ချိုင့်ဝှမ်းကို ကြည့်လိုက်ပြီး မျက်လုံးထဲ၌ စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားလေသည်။
"ရတနာက မရှိတော့ဘူး.."
သူ့၏ အာရုံခံစားမှုနှင့် မျက်လုံးများက ဤနေရာရှိ မဟူရာချောက်နက်ဘိုးဘေးသွေးများမှာ အယူခံလိုက်ရပြီးမှာ အလွန်ကြားနေပြီဖြစ်ကြောင်း ပြောပြနေ၏။
ခန့်မှန်းရသည်မှာ ၎င်းတို့ကို ဘဏ္ဍာတိုက်ထဲသို့ ပြန်လည်ရွှေ့ပြောင်းသွားခြင်း ဖြစ်နိုင်သည်။
"ဟင်.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုလည်း စိတ်ပျက်သွားလေသည်။
ထိုအချိန်တွင် ကျိယွမ်သည် မပြောမဆိုနှင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချိုင့်ဝှမ်းအောက်ခြေရှိ အာကာသအက်ကွဲကြောင်းများထဲသို့ ဆင်းသွား၏။
အသက်ရှုကြိမ် တစ်ရာခန့်အကြာတွင် သူသည် ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ဘေးသို့ ပြန်ရောက်လာလေသည်။
"လုံးဝတော့ အချည်းနှီးတော့ မဖြစ်ပါဘူး.. ဒါကို ရှာတွေ့ခဲ့တယ်.."
ကျိယွမ်က သူ၏လက်ကို ဖြန့်ပြလိုက်ရာ သွေးနီရောင် အရည်အိုင်ကြီးတစ်ခုကို ရှောင်လုတွေ့လိုက်ရ၏။
ထိုသွေးများသည် ဘိုးဘေးသွေးနန်းဆောင်အတွင်းရှိ သွေးမြစ်နှင့် ဆင်တူပြီး ၎င်းထဲတွင် ဉာဏ်ရည်တု အဏုကြည့်စစ်ဆေးရေးပိုးကောင်များစွာ ပါဝင်နေလေသည်။
ဤပိုးကောင်များထဲတွင် အချက်အလက်များ ရှိနေ၏။ ကျိယွမ်သာ ထိုအချက်အလက်များကို ရယူနိုင်လျှင် အသုံးဝင်သော သတင်းအစအနများ ထပ်ရနိုင်လေသည်။
"ဒါက.. ဘိုးဘေးသွေး ဝိညာဉ်ရေစင် မဟုတ်လား.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ကျိယွမ်ရှာနေသော ရတနာမှာ ဤအရာဖြစ်လိမ့်မည်ဟု သူမ မထင်ထားမိပေ။
"ဒီအရာတွေကို ဘယ်မှာ ထပ်ရှာလို့ရမလဲ မင်းသိလား.."
"သိပါတယ် စီနီယာအစ်ကို.. စီနီယာအစ်ကို ဒါကို လိုချင်ရင် ကျွန်မ စုဆောင်းပေးနိုင်ပါတယ်.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက အလေးအနက် ပြောလေသည်။
ဘိုးဘေးသွေး ဝိညာဉ်ရေစင်ကို ဘိုးဘေးသွေးနန်းဆောင်တွင် အဓိကတွေ့ရပြီး ဘိုးဘေးသွေးအတတ်ပညာ တိုးတက်မှုကို စမ်းသပ်ရန်နှင့် အမှတ်များရယူရန်အတွက်သာ အသုံးပြုကြ၏။
ဤရေစင်မှာ အခြားကိစ္စများအတွက်မူ အသုံးမဝင်လှပေ။
ဘိုးဘေးသွေးအတတ်ပညာကို လေ့ကျင့်နေသူတိုင်းသည် မိမိတို့ မည်မျှအထိ တိုးတက်နေသည်ကို စမ်းသပ်စရာမလိုဘဲ သိကြ၏။
"ဒါက ဘယ်လောက်ကျလဲ.. ငါ ပေးပါ့မယ်.."
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားလေသည်။
သူသာ ဘိုးဘေးသွေး ဝိညာဉ်ရေစင် လုံလောက်အောင် စုဆောင်းနိုင်ပြီး ဉာဏ်ရည်တု အဏုကြည့်စစ်ဆေးရေးပိုးကောင်များ ထပ်ရခဲ့လျှင် မဟူရာချောက်နက်ဘိုးဘေးသွေးအကြောင်း သတင်းအစအနများ ပိုရနိုင်သလို ဧရာမအင်းဆက်ကြီး၏ ခန္ဓာကိုယ်ကိုပင် ရှာတွေ့နိုင်ပေလိမ့်မည်။
အကယ်၍ ထိုအင်းဆက်ကြီးကိုသာ ရှာတွေ့ခဲ့လျှင် အပြာရောင်ကြယ်ပေါ်က လူများကို နှစ်ပေါင်း သန်းချီ ကျွေးထားနိုင်မည့် ရတနာသိုက်ကြီး ဖြစ်လာမှာ အသေအချာပင်။
"ဒါက တကယ်ဈေးပေါပါတယ်.. တန်ဖိုးတောင် မရှိသလောက်ပါပဲ.. ကျွန်မပဲ စီစဉ်ပေးပါ့မယ်.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ပျော်ရွှင်စွာ ပြောလိုက်၏။
"မရဘူး.. မရဘူး.. အလကားရတာက ပိုဈေးကြီးတယ်.. အခု ငါက ချမ်းသာနေတာဆိုတော့ တွန့်တိုလို့ မဖြစ်ဘူး.."
မိုလိုမျိုးနွယ်စုကို အနိုင်ယူပြီးနောက် ကျိယွမ်သည် ရတနာများစွာ ရရှိထားလေသည်။
သူသည် ပြောပြောဆိုဆိုဖြင့် သူ၏ သိုလှောင်အိတ်ထဲမှ နတ်ဘုရားကျောက်တုံး တစ်တုံးကို နှမြောတသစွာဖြင့် ထုတ်ပေးလိုက်၏။
"နတ်ဘုရားကျောက်တုံး တစ်တုံးဆိုရင် လောက်လား.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက သူမ၏ပါးစပ်ကို ပိတ်ကာ တခိခိ ရယ်မောလိုက်သည်။
"လောက်ပါတယ်.."
မျှော်လင့်ထားသည့်အတိုင်း စီနီယာအစ်ကို သွေးဝတ်စုံကတော့ ထိုအတိုင်းပင်။
အခြားလူသာဆိုလျှင် ထိုမျှ ခမ်းခမ်းနားနား ပြောပြီးနောက် အနည်းဆုံး နတ်ဘုရားကျောက်တုံး တစ်သောင်းခန့် ထုတ်ပေးလိမ့်မည် မဟုတ်ပါလား။
ဒါပေမဲ့ စီနီယာအစ်ကိုကတော့ စကားကြီးစကားကျယ်တွေ ပြောပြီး တစ်တုံးတည်းပဲ ပေးတယ်။
သာမန် ယင်နတ်ဘုရားများအတွက်မူ နတ်ဘုရားကျောက်တုံး တစ်တုံးသည် လည်း အလွန်တန်ဖိုးရှိပါသည်။
သို့သော် သူတို့ကဲ့သို့ မိစ္ဆာမျိုးဆက်များအတွက်မူ နတ်ဘုရားကျောက်တုံးမှာ အမြုတေအဆင့်တပည့်များက ဝိညာဉ်ကျောက်တုံးများကို ကြည့်သကဲ့သို့ပင် ။
ကျိယွမ်သည် အနည်းငယ် ရှက်သွား၏။
နတ်ဘုရားကျောက်တုံး တစ်တုံးတည်းနှင့် မလုံလောက်ကြောင်း သိသာနေပေသည်။
သူသည် အရှက်ပြေစေရန်အတွက် ချက်ချင်းဖာထေးလိုက်ရ၏။
"ဒီတစ်တုံးက စရံသဘောမျိုးပါပဲ.."
"ဟုတ်ကဲ့ပါ.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက ပြုံးရွှင်စွာဖြင့် ထိုကျောက်တုံးကို လက်ခံလိုက်သည်။
ထို့နောက် ခရမ်းရောင်ကံကြမ္မာ ရှောင်လုနှင့် အစီအစဉ်များ ပြုလုပ်ပြီးနောက် သူမသည် ဘိုးဘေးသွေး ဝိညာဉ်ရေစင်များ စုဆောင်းရန် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံသို့ ပြန်သွားလေသည်။
ကျိယွမ်သည်လည်း မစ်ရှင်တစ်ခုကို လက်ခံလိုက်ပြီး အပြင်သို့ထွက်ရန် ပြင်ဆင်လိုက်၏။
နောက်ဆုံးနေရာမှာ မဟူရာချောက်ကမ်းပါးအတွင်း၌ မရှိပေ။
ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ အဆုံးအဖြတ်အရ ထိုနေရာမှာ ကောင်းကင်ကမ်းပါးပြတ်၌ ရှိလေသည်။
ကောင်းကင်ကမ်းပါးပြတ်သည် ဆဋ္ဌမမြောက်ကောင်းကင်ဘုံရှိ ထူးဆန်းနယ်မြေများထဲမှ တစ်ခုဖြစ်၏။
ထူးဆန်းနယ်မြေများသည် ဆဋ္ဌမမြောက်ကောင်းကင်ဘုံ၌ အထူးခြားဆုံး နေရာများ ဖြစ်ကြသည်။
ထိုနေရာများနှင့် ပတ်သက်၍ ကောလာဟလများနှင့် ယူဆချက်များစွာ ရှိနေလေသည်။
သို့သော် အများလက်ခံထားသော အချက်မှာ ထူးဆန်းနယ်မြေများသည် ဆဋ္ဌမမြောက်ကောင်းကင်ဘုံနှင့် အခြားသော ကမ္ဘာများ သို့မဟုတ် နယ်မြေများ ထိစပ်နေသော နေရာများဖြစ်သည်ဟူ၏။
ပထမအချက်မှာ ထိုနေရာများ၌ ကောင်းကင်ကို ရောင်ပြန်ဟပ်နေသော ကြယ်များကို မမြင်ရပေ။
ဒုတိယအချက်မှာ ထိုနယ်မြေများအတွင်း၌ အခြားကမ္ဘာများတွင် စွမ်းအားအပြည့်ရှိသော မဟာမူလသဘောတရားအဆင့် ကျွမ်းကျင်သူများပင်လျှင် သူတို့၏ စွမ်းအားများ လျော့ကျသွားတတ်ကြ၏။
ထို့အပြင် ထူးဆန်းနယ်မြေများတွင် ဖော်ပြ၍မရနိုင်သော အန္တရာယ်များစွာ ရှိနေပြီး အချို့နေရာများတွင် သန့်စင်အလင်းမျိုးနွယ်စုမှ ကြောက်မက်ဖွယ် သတ္တဝါများပင် ခိုအောင်းနေတတ်လေသည်။
ထို့ကြောင့် ယန်နတ်ဘုရားများသည် ထိုထူးဆန်းနယ်မြေများသို့ သွားလာခဲလှ၏။
သို့မဟုတ် ကျင့်ကြံသူ အနည်းငယ်သာ ထိုနေရာများကို စူးစမ်းလိုကြလေသည်။
"ငါ့ရဲ့ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ပုံစံကရော ကောင်းကင်ကမ်းပါးပြတ်ကို သွားရင် စွမ်းအားတွေ လျော့သွားမှာလား.."
ကျိယွမ်က ခဏတာ တွေးတောနေသော်လည်း တွေဝေမနေတော့ဘဲ တယ်လီပို့ကို ဖွင့်ကာ ကောင်းကင်ကမ်းပါးပြတ်သို့ ဦးတည်လိုက်လေသည်။
ကောင်းကင်ကမ်းပါးပြတ်နှင့် အနီးဆုံးမြို့ကြီးကို ကောင်းကင်ကမ်းပါးပြတ်မြို့ဟု ခေါ်ဆို၏။
ထိုမြို့၏ အမည်မှာ ကောင်းကင်ကမ်းပါးပြတ်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်ပုံရသည်။
၎င်းသည် အလွန်ကြီးမားသော လမ်းဆုံလမ်းခွမြို့ကြီး တစ်မြို့ ဖြစ်၏။
မဟူရာချောက်ကမ်းပါး.. ရှန်လော့ကောင်းကင်ဘုံနှင့် တစ္ဆေစိုးမိုးကောင်းကင်ဘုံ ဟူသော မြင့်မြတ်နယ်မြေ သုံးခုစလုံးသည် ထိုအနီးအနား၌ ရှိကြလေသည်။
ထို့အပြင် အောက်ခြေနယ်မြေများမှ ကျင့်ကြံသူများစွာသည်လည်း ကုန်သွယ်ရန်အတွက် ထိုမြို့သို့ လာရောက်ကြ၏။
ကျိယွမ်သည် ဝတ်စုံနက်ကို ဝတ်ဆင်ကာ တယ်လီပို့မှတစ်ဆင့် ကောင်းကင်ကမ်းပါးပြတ်မြို့သို့ ရောက်လာခဲ့လေသည်။
ရောက်သည်နှင့်သူသည် ဝေလေလေလုပ်မနေဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ကမ်းပါးပြတ်သို့ တိုက်ရိုက် ဦးတည်သွား၏။
အသက်ရှုကြိမ် တစ်ရာခန့်အကြာတွင် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးသည် ကောင်းကင်ကမ်းပါးပြတ်မြို့သို့ ရောက်ရှိလာလေသည်။
သူမ၏ အရှိန်အဝါမှာ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှပြီး ၎င်းမှာ သူမသည် ဒဏ္ဍာရီလာနယ်ပယ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေကာ ယန်နတ်ဘုရား ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း ပြသနေ၏။
သူမသည် လက်ထဲရှိ ဆက်သွယ်ရေး ကျောက်စိမ်းကို ချေမွလိုက်သည်။
"သူက တော်တော်မြန်တာပဲ.. အနားတောင် မယူဘူး.."
သူက လှောင်ပြုံးဖြင့် ပြောလိုက်လေသည်။
လွန်ခဲ့သော ခဏကပင် မဟူရာချောက်ကမ်းပါးရှိ ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၏ နတ်ဆိုးသားတော်အသစ်သည် တာဝန်တစ်ခုကို လက်ခံကာ ကောင်းကင်ကမ်းပါးပြတ်မြို့သို့ လာနေကြောင်း သူမ သတင်းရရှိခဲ့၏။
မဟူရာချောက်ကမ်းပါးအတွင်း၌ အဖွဲ့အစည်းများမှာ ရှုပ်ထွေးလှသဖြင့် နတ်ဆိုးသားတော်များ၏ လှုပ်ရှားမှု သတင်းများမှာ အလွယ်တကူ ပေါက်ကြားသွားတတ်လေသည်။
မဟူရာချောက်ကမ်းပါး၏ အထက်လူကြီးများသည်လည်း ဤအချက်ကို သိသော်လည်း လျစ်လျူရှုထားကြ၏။
အကယ်၍ သွေးမျိုးဆက် သန်မာသော ကျင့်ကြံသူတစ်ဦး သေဆုံးသွားလျှင် အနာဂတ်တွင် နောက်ထပ် သန်မာသော သွေးမျိုးဆက်တစ်ခု ပေါ်လာဦးမည်သာ ဖြစ်သည်။
မလေ့ကျင့်ရသေးသော သန်မာသည့် သွေးမျိုးဆက်များကိုတော့ မီးဖိုထဲ ပြန်ထည့်ပြီး အသစ်ပြန်သွန်းလောင်းသင့်၏။ သူတို့ စောစောစီးစီး သေသွားမှသာ သွေးမျိုးဆက်သစ်များက အမွေဆက်ခံပြီး ပိုမိုသန်မာလာနိုင်မည် မဟုတ်လား။
"သူက စီနီယာအစ်မကို ကြောက်နေတာ ရှင်းနေတာပဲ.."
သူမ၏ဘေးတွင် ရပ်နေသော ချောမောသည့် လူငယ်တစ်ဦးက ဖားသလို ပြောလိုက်သည်။
"ဟင်း.. မဟူရာချောက်ကမ်းပါးရဲ့ လူငယ်မျိုးဆက်ထဲမှာ ဓားနက် တစ်ယောက်ပဲ နည်းနည်းတော်တာ.. ကျန်တဲ့သူတွေကတော့ နှင်းခဲဓားကလွဲရင် စက္ကူကျားတွေပါပဲ.."
ရွှေရောင်ဝတ်စုံနှင့် အမျိုးသမီးက အေးစက်စွာ ပြောလိုက်ရာ သူမ၏ အသံထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။
"အချိန်ကိုက်ပဲ.. ငါ့ရဲ့ တစ္ဆေစိုးမိုးကောင်းကင်ဘုံက ယန်နတ်ဘုရားလမ်းစဉ်အတွက် ဝိညာဉ်တစ်သောင်းတံခွန်မှာ ဝိညာဉ်စေတမန် တစ်ယောက် လိုအပ်နေတာ.. သူကတော့ သတ်မှတ်ချက်နဲ့ နည်းနည်းကိုက်ညီပါတယ်.."
ထိုအမျိုးသမီး၏ မျက်လုံးများထဲတွင် မကောင်းသော အကြံအစည်များဖြင့် တောက်ပနေ၏။
တစ္ဆေစိုးမိုးကောင်းကင်ဘုံတွင် အဖိုးတန်ဆုံး ရတနာမှာ ဝိညာဉ်တစ်သောင်းတံခွန် ဖြစ်လေသည်။
တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ ကျင့်ကြံသူအားလုံးသည် ဝိညာဉ်တစ်သောင်းတံခွန်ကို လေ့ကျင့်ကြ၏။
ထိုတံခွန်ထဲတွင် အဆုံးမဲ့သော ဝိညာဉ်များ ရှိနေပြီး အမြဲတမ်း မီးခိုးအမည်းရောင်များကို ထုတ်လွှတ်နေတတ်သည်။
သို့သော် ထိုတံခွန်သည် ဝိညာဉ်များစွာကို ဝါးမြိုထားသဖြင့် ၎င်းထဲရှိ ရှုပ်ထွေးသော အတွေးစများက ပိုင်ရှင်၏ စိတ်နေစိတ်ထားကို ထိခိုက်စေနိုင်လေသည်။
ထို့ကြောင့် တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ ကျင့်ကြံသူများကို နတ်ဆိုးကျင့်ကြံသူများဟု ခေါ်လေ့ရှိကြပြီး အများစုမှာ သွေးဆာနေသော အရူးများသာ ဖြစ်ကြ၏။
"ငါသာ သူ့ကို သန့်စင်ပြီး ယန်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ရင် ဓားနက်ကို သွားပြီး စိန်ခေါ်မယ်..
ဒီတစ်ခါတော့ ငါ ရှုံးမှာ မဟုတ်ဘူး.."
ထိုအမျိုးသမီး၏ မျက်နှာမှာ ရက်စက်သော အမူအရာဖြင့် ရှုံ့တွသွားလေသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က သူမသည် ဓားနက်ကို စိန်ခေါ်ခဲ့ပြီး သုံးကွက်အတွင်း၌ပင် အရေးနိမ့်ခဲ့ရ၏။
၎င်းမှာ သူမအတွက် အကြီးမားဆုံးသော အရှက်ရမှု ဖြစ်ခဲ့လေသည်။
ဓားနက်သည် ယန်နတ်ဘုရားအဆင့်သို့ စောစီးစွာ ရောက်ရှိသွားခဲ့သော်လည်း သူမကမူ ဒဏ္ဍာရီလာနယ်ပယ်၌သာ ရှိနေသေး၏။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ပတ်လုံး သူမသည် ဝိညာဉ်များကို စုဆောင်းရန်အတွက် ပိုင်ရှင်မဲ့ ကမ္ဘာငယ်လေးများစွာကို မျိုးတုန်းသတ်ဖြတ်ကာ ကြိုးစားလေ့ကျင့်ခဲ့လေသည်။
သူမ၏ ဝိညာဉ်စေတမန် ဆယ့်နှစ်ပါးသာ အဆင်သင့်ဖြစ်သွားလျှင် သူမသည် ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ပြီး ဓားနက်ကို အနိုင်ယူကာ ထိုအရှက်ရမှုကို ဆေးကြောနိုင်မည်ဟု ယုံကြည်နေ၏။
ဓားနက်မှာ သူမ၏ အန္တိမပန်းတိုင်ဖြစ်ပြီး သွေးဝတ်စုံမှာမူ ခြေနင်းတုံးသက်သက်သာ ဖြစ်လေသည်။
ထိုအချိန်တွင် ကျိယွမ်သည် ကောင်းကင်ကမ်းပါးပြတ်သို့ ရောက်ရှိလာ၏။
စည်ကားလှသော ကောင်းကင်ကမ်းပါးပြတ်မြို့နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ကမ်းပါးကြီးမှာမူ အလွန်တိတ်ဆိတ် ခြောက်ကပ်နေပြီး အခြားကျင့်ကြံသူများကိုလည်း မတွေ့ရသလောက်ပင် ဖြစ်သည်။
"ရန်သူတွေဆီကနေ ပုန်းနေတဲ့ ကျင့်ကြံသူ တချို့ကလွဲရင် ဒီနေရာကို ဘယ်သူမှ မလာကြဘူးထင်တယ်.."
ကျိယွမ်က ခဏတာ တွေးတောပြီးနောက် ထိုထူးဆန်းနယ်မြေထဲသို့ ဆင်းသက်လိုက်လေသည်။
ချက်ချင်းပင် သူသည် လျူဖုန်းနယ်မြေသို့ ဝင်ရောက်ခဲ့စဉ်ကကဲ့သို့ ခံစားချက်မျိုးကို ခံစားလိုက်ရ၏။
သူသည် အထဲသို့ဝင်ရန် အလွန်ကြီးမားနေခြင်းပင်။
ဒီနေရာကလည်း ငါ့ဝင်လို့ မဆံ့ပြန်ဘူးလား ။
၎င်းမှာ ထူးဆန်းနယ်မြေ၏ အလိုဆန္ဒ သို့မဟုတ် ကမ္ဘာ့စည်းမျဉ်းများက သူ့ကို တားဆီးနေခြင်း ဖြစ်၏။
သူသည် အထဲသို့ဝင်ရန်အတွက် သူ၏ ယန်နတ်ဘုရားအဆင့် နတ်ဘုရားစွမ်းအားကို ဒဏ္ဍာရီလာနယ်ပယ်အထိ လျှော့ချခဲ့ရလေသည်။
အကယ်၍ ဤနေရာကသာ အသုံးမဝငိသောအခြားကမ္ဘာတစ်ခု ဖြစ်ခဲ့လျှင် ကျိယွမ်သည် အထဲသို့မဝင်ဘဲ ထိုကမ္ဘာကို ဝါးမြိုပစ်လိုက်မှာ သေချာ၏။
သို့သော် သူ၏ ကျင့်စဉ်ကို လျှော့ချပြီး ဝင်လိုက်သည်နှင့် သူသည် အခြား ယန်နတ်ဘုရားများကဲ့သို့ပင် ဒဏ္ဍာရီလာနယ်ပယ်အဆင့်သို့ ရောက်ရှိသွားလေသည်။
၎င်းမှာ အရာခပ်သိမ်းကို လွှမ်းမိုးထားသော စကြဝဠာစည်းမျဉ်းတစ်ခုက ဤကန့်သတ်ချက်ကို သတ်မှတ်ထားသကဲ့သို့ပင် ။
ပုံမှန်အားဖြင့်တော့ မဟာမူလသဘောတရားအဆင့် ရှိသူများသည် ထိုစည်းမျဉ်းများ၏ သက်ရောက်မှုကို မခံရပေ။
ကျိယွမ်သည် သူ၏စွမ်းအားကို လျှော့ချကာ ကောင်းကင်ကမ်းပါးပြတ်ထဲသို့ ဝင်ရောက်ခဲ့လေသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ.. ငါ့ရဲ့ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ပုံစံကတော့ ဒီကန့်သတ်ချက်ရဲ့ သက်ရောက်မှုကို မခံရဘူး.."
ကျိယွမ်သည် ယုံကြည်မှုများ တိုးလာလေသည်။
ဘိုးဘေးသွေးအတတ်ပညာကြောင့် သူ၏ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ကျင့်စဉ်မှာ သူ၏ နတ်ဘုရားစွမ်းအား ကျင့်စဉ်နှင့် သိပ်မကွာတော့ပေ။
ယခုအခါ ၎င်းသည် မဟာကောင်းကင်ဘုံနေရာယူအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။
၎င်းက ကျိယွမ်အား လုံခြုံမှုအပြည့် ပေးစွမ်းနေလေသည်။
"မီး.."
ကျိယွမ်သည် ခဏတာစဉ်းစားပြီးနောက် သာမန် မီးအမျိုးအစား နတ်ဘုရားကျင့်စဉ်တစ်ခုကို သုံးလိုက်၏။
သေးငယ်သော မီးတောက်တစ်ခုသည် သူ၏ရှေ့၌ ပေါ်လာလေသည်။
"တာအိုကျင့်စဉ်တွေ အလုပ်လုပ်ပုံက နည်းနည်းလေး နှေးကွေးနေသလိုပဲ.. ထူးဆန်းနယ်မြေတွေက ဆဋ္ဌမမြောက်ကောင်းကင်ဘုံနဲ့ အခြားနယ်မြေတွေ ထိစပ်နေတဲ့နေရာဆိုတဲ့ ယူဆချက်က မှန်ပုံရတယ်.."
ကျိယွမ်သည် ကောင်းကင်ကမ်းပါးပြတ်ကို ပတ်ကြည့်လိုက်၏။
ဤထူးဆန်းနယ်မြေသည် ကုံရှင်းဂြိုဟ်ထက် နှစ်ဆခန့် ပိုကြီးလေသည်။
အောက်ဘက်ရှိ မြင်ကွင်းမှာ ရှုပ်ထွေးလှပြီး ပေါက်ပြဲနေသော သတ္တုမျိုးစုံဖြင့် ပြည့်နှက်နေသည့် ဧရာမ အမှိုက်ပုံကြီးတစ်ခုနှင့် တူနေ၏။
ကျိယွမ်၏ အားကောင်းသော ဝိညာဉ်က ထိုနေရာကို လွှမ်းခြုံလိုက်ရာ ထိုနေရာ၌ နေထိုင်နေသော ကျင့်ကြံသူ တစ်ထောင်ခန့် ရှိနေကြောင်း သိလိုက်ရလေသည်။
သူသည် ထိုကျင့်ကြံသူများကို လုံးဝ ဂရုမစိုက်ပေ။
သူ၏ ပန်းတိုင်မှာ ဉာဏ်ရည်တု အဏုကြည့်စစ်ဆေးရေးပိုးကောင်များက မှတ်တမ်းတင်ထားသော မဟူရာချောက်နက်ဘိုးဘေးသွေး ဖြစ်လေသည်။
အချက်အလက်များထဲမှ ပုံရိပ်များအတိုင်း ကျိယွမ်သည် ကောင်းကင်ကမ်းပါးပြတ်၏ အနက်ဆုံးနေရာသို့ ဆင်းသွား၏။
ထိုနေရာ၌ ဖရိုဖရဲဖြစ်နေသော မြင်ကွင်းများနှင့် ဖရိုဖရဲစွမ်းအင်များမှ ဖြစ်ပေါ်လာသော သတ္တုများကို တွေ့ရလေသည်။
နာရီဝက်ခန့်အကြာတွင် ကျိယွမ်၏ မျက်နှာ၌ ကျေနပ်အားရသော အပြုံးကြီးတစ်ခု ပေါ်လာ၏။
"ဒီခရီးက တကယ်ကို တန်ပါတယ်.."
ချောက်ကမ်းပါး၏ အနက်ဆုံးနေရာတွင် သူသည် လက်သီးဆုပ်ခန့်ရှိသော သွေးပုံဆောင်ခဲတစ်ခုကို ရှာတွေ့ခဲ့လေသည်။
သူသာ ကိုယ်တိုင်မမြင်ခဲ့လျှင် ထူးဆန်းနယ်မြေတစ်ခုလုံးကို ဝါးမြိုပစ်လိုက်လျှင်ပင် ဤပုံဆောင်ခဲကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ဤသွေးပုံဆောင်ခဲမှာ သိပ်သည်းလှသော မဟူရာချောက်နက်ဘိုးဘေးသွေး အစစ်အမှန် ဖြစ်လေသည်။
"ဒါဆိုရင်တော့ ငါ့ရဲ့ကျင့်စဉ်အတွက် ခဏတာ လောက်ငသွားပြီ.."
ကျိယွမ်၏ ရင်ခုန်သံများ မြန်လာလေသည်။
ဤသွေးပုံဆောင်ခဲတွင် မဟူရာချောက်နက်ဘိုးဘေးသွေး အစက်တစ်ရာခန့်နှင့် ညီမျှသော စွမ်းအင်များ ပါဝင်နေဟန်တူ၏။
သူသာ ၎င်းကို အပြည့်အဝ စုပ်ယူနိုင်လျှင် တစ်လအတွင်းမှာပင် သူ၏ ဘိုးဘေးသွေးအတတ်ပညာကို ဒသမမြောက်အလွှာအထိ တက်လှမ်းစေနိုင်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် သူ၏ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ပုံစံသည် မူလသဘောတရားအဆင့်နှင့် ယှဉ်နိုင်ပေလိမ့်မည်။
"အိမ်ပြန်မယ်ဟေ့.."
ကျိယွမ်သည် သွေးပုံဆောင်ခဲကို သိမ်းဆည်းလိုက်ပြီး ဘိုးဘေးသွေးအတတ်ပညာကို ဆက်လက်လေ့ကျင့်ရန်အတွက် မဟူရာချောက်ကမ်းပါးသို့ ပြန်ရန် ပြင်ဆင်လိုက်၏။
ဤခရီးစဉ်မှာ အလွန်ပင် ချောမွေ့ခဲ့လေသည်။
လျှို့ဝှက်ကြံစည်မှုများ.. နောက်ကျောကို ဓားဖြင့်ထိုးခြင်းများ သို့မဟုတ် ရတနာအတွက် သွေးချောင်းစီး တိုက်ပွဲများလည်း မရှိခဲ့ပေ။
"မျှော်လင့်ထားတဲ့အတိုင်းပဲ.. ပြုံးနေတဲ့သူက ကံကောင်းတတ်တယ်ဆိုတာ မှန်သားပဲ.."
"ဒီနယ်မြေကို စူးစမ်းရတာ ပန်းခြံထဲမှာ လမ်းလျှောက်နေရသလိုပဲ.. ဘာအန္တရာယ်မှ မရှိဘူး.."
"စိတ်လှုပ်ရှားစရာတော့ မကောင်းပေမဲ့ ဘေးကင်းပြီး စိတ်ချရတယ်.. ငါသဘောကျတဲ့ စွန့်စားခန်းမျိုးပဲ.."
ကျိယွမ်သည် သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ခြင်းကို ဝါသနာပါသူ မဟုတ်ပေ။
သူ၏ ရတနာကို အခြားလူများက ဝိုင်းကြည့်နေပြီး ၎င်းအတွက် အသည်းအသန် တိုက်ခိုက်ရခြင်းမျိုးကို သူ မနှစ်သက်ပေ။
ခက်ခက်ခဲခဲ ရရှိသော ရတနာများက ပိုတန်ဖိုးရှိသည်ဟု ဆိုကြသော်လည်း ကျိယွမ်ကတော့ သူ့လက်ထဲကို အလိုလို ရောက်လာသည့် ရတနာမျိုးကိုသာ ပိုသဘောကျလေသည်။
"နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ ဘိုးဘေးသွေးအတတ်ပညာကို အပိုင်ကျွမ်းကျင်အောင် လုပ်ရမယ်.."
ကျိယွမ်သည် ထိုသို့တွေးရင်း ကောင်းကင်ကမ်းပါးပြတ်မှ ထွက်လာခဲ့လေသည်။
သို့သော် သူ ထွက်လိုက်သည်နှင့် သူ၏ မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွား၏။
သူသည် ကောင်းကင်ကမ်းပါးပြတ်မြို့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အာရုံခံစားမှုများက နိုးကြားလာလေသည်။
"ပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကို ငါ ခံစားနေရတယ်.. ငါ့ကို ရည်ရွယ်တာလား.."
ကျိယွမ်၏ အဆင့်တွင် တစ်စုံတစ်ယောက်က သူ့အပေါ် မကောင်းသော စိတ်ထားရှိလျှင် သို့မဟုတ် သူ့အမည်ကို ခေါ်လျှင်ပင် သူ သိနိုင်လေသည်။
ယခုအခါ တစ်စုံတစ်ယောက်က သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်ဖြင့် ပစ်မှတ်ထားနေသည်ကို သူ ခံစားနေရ၏။
"တောက်.. ငါ ရတနာလေးရှာဖို့ ခိုးထွက်လာတာကိုတောင် တစ်ယောက်ယောက်က ငါ့ကို လုပ်ကြံဖို့ ကြံစည်နေပြီပေါ့.."
"မျှော်လင့်ထားတဲ့အတိုင်းပဲ.. အေးချမ်းတဲ့ ကျင့်ကြံခြင်းလောကဆိုတာ ငါ့ရဲ့ စိတ်ကူးယဉ်သက်သက်ထဲမှာပဲ ရှိတယ်"
"ဒါကမှ သွေးချောင်းစီးနေတဲ့ တကယ့်ကျင့်ကြံခြင်းလောကအစစ်ပဲ.."
"ငါ့မျက်နှာကိုပဲ ကြည့်လေ.. လူတွေက ငါ့ကို သတ်ချင်ကြတာ မဆန်းပါဘူး.."
"မဟုတ်သေးဘူး.. ငါက အားနည်းနေသေးတာပဲ.."
ကျိယွမ်သည် တွန့်ဆုတ်မနေဘဲ ထူးဆန်းနယ်မြေထဲသို့ ပြန်လှည့်ဝင်သွားလေသည်။
မင်းတို့က တော်တော်ချချင်နေတယ်ပေါ့ ၊ စောင့်နေလိုက် ။
သူသည် အပြင်သို့ မထွက်မီ ဘိုးဘေးသွေးအတတ်ပညာ ဒသမမြောက်အလွှာအထိ ရောက်အောင် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
သူ့ကို ပစ်မှတ်ထားနေသော အားကောင်းသည့် ရန်သူရှိနေသဖြင့် သူသည် သတိထားရန် လိုအပ်လေသည်။
ယခုအချိန်တွက် သူသည် မိမိကိုယ်ကို တတ်နိုင်သမျှ အမြန်ဆုံး သန်မာအောင်လုပ်ပြီး ရှေ့တွင်ရှိနေသော ရန်သူများအတွက် ပြင်ဆင်ထားရန် လိုအပ်နေလေပြီ။
----------
အခန်း ၄၃၇ - အမျက်ရှသော ခရမ်းရောင်ကံကြမ္မာဘိုးဘေး
မဟူရာချောက်ကမ်းပါးကောင်းကင်ဘုံ၏ အမည်မသိနယ်မြေတစ်ခု၌ မဟာလမ်းစဥ်၏ စည်းမျဉ်းများ စီးဆင်းနေလေသည်။
မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူ ရှစ်ဦးသည် တိမ်တိုက်များပေါ်တွင် ထိုင်နေကြပြီး သူတို့၏ ပုံရိပ်များမှာ ဝေဝါးနေ၏။ မီးတောက်အမည်းရောင်များကလည်း နေရာအနှံ့တောက်လောင်နေပြီး လေထုထဲ၌ တဖျစ်ဖျစ်အသံများဖြင့် ပြည့်နှက်နေလေသည်။ အဝေးဆီမှ မိုးကြိုးဘေးဒုက္ခ၏ ပဲ့တင်သံများကိုလည်း ခပ်သဲ့သဲ့ ကြားနေရ၏။
ထိုမဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများသည် သွေးပုံဖော် အလင်းပွင့်ဆေးလုံး ဟူသော အထူးဆေးလုံးတစ်မျိုးကို ဖော်စပ်ရန် စုဝေးနေကြခြင်း ဖြစ်သည်။ ဤဆေးလုံးသည် ဓားနက်၏ ကျင့်စဉ်တိုးတက်မှုကို အလွန်အမင်း မြန်ဆန်စေပြီး သူ၏ အလားအလာကို အပြည့်အဝ ဖော်ဆောင်နိုင်ရန် အချိန်တိုစေလိမ့်မည်။
မဟူရာချောက်ကမ်းပါး၏ အဆင့်မြင့်ဆုံး အကြီးအကဲ၏ အမိန့်အရ တတိယမြောက် အကြီးအကဲက ဦးဆောင်ပြီး ရရှိနိုင်သော မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူ ခြောက်ဦးတို့သည် ဆေးလုံးဖော်စပ်ရန် သူတို့၏ အသက်စွမ်းအင်များကို အသုံးပြုနေကြလေသည်။
"တည်ငြိမ်အောင် ထားကြ.."
တတိယမြောက် အကြီးအကဲက အမိန့်ပေးလိုက်၏။
မီးတောက်အမည်းရောင်များ ဝုန်းကနဲ တောက်လောင်လာရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင် ပြိုကွဲသွားပြီးမှ ချက်ချင်းပင် ပြန်လည်ကောင်းမွန်လာလေသည်။
အခြား အကြီးအကဲ ငါးဦးမှာလည်း သူတို့၏ ပုံရိပ်များကို ဖုံးကွယ်ထားပြီး မီးတောက်များထဲသို့ နတ်ဘုရားစွမ်းအင်များကို ထည့်သွင်းနေကြ၏။ ခဏတာအတွင်း သူတို့၏ ဖြူလျော်နေသော မျက်နှာများ ပေါ်လာပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြလေသည်။
ဤမျှ စွမ်းအားကြီးသော ပုဂ္ဂိုလ်များပင်လျှင် သွေးပုံဖော် အလင်းပွင့်ဆေးလုံးကို ဖော်စပ်ရန်အတွက် သူတို့၏ အသက်စွမ်းအင်များကို စတေးနေကြရ၏။
မီးတောက်များ ဟုန်းဟုန်းတောက်လာပြီး အလယ်ရှိ ဟင်းလင်းပြင်ထဲ၌ ရောင်စုံအရည်များ စုစည်းလာလေသည်။ ၎င်းမှာ ပြင်းထန်သော နတ်ဘုရားစွမ်းအားအောက်၌ ဆေးလုံးတစ်လုံးအဖြစ် စတင် ပုံပေါ်လာလေပြီ။
နာရီဝက်ခန့်အကြာတွင် မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများသည် သူတို့၏ နတ်ဘုရားစွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြလေသည်။
တတိယမြောက် အကြီးအကဲက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပုန်းကွယ်နေသော အခြား မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများကို အရိုအသေပြုလိုက်၏။
"အားလုံးကို ကျေးဇူးတင်ပါတယ်.."
မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများက ခေါင်းအသာငြိမ့်ပြပြီးနောက် သူတို့၏ ပုံရိပ်များမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
တတိယမြောက် အကြီးအကဲ ထွက်ခွာတော့မည့်အချိန်တွင် အသံတစ်ခုက သူ့ကို လှမ်းခေါ်လိုက်၏။
"တတိယမြောက် အကြီးအကဲ.. ငါ့ဝေစုက ဘယ်မှာလဲ.."
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် လက်ကို ဆန့်ထုတ်ကာ အေးဆေးစွာ ပြုံးနေ၏။ သူသည် စိတ်အခြေအနေ အလွန်ကောင်းနေပုံရလေသည်။
အကယ်၍ သူသည် ဤသွေးပုံဖော် အလင်းပွင့်ဆေးလုံးကို သွေးဝတ်စုံအား ပေးနိုင်လျှင် ထူးချွန်ပြီးသားဖြစ်သော သွေးဝတ်စုံ၏ ပါရမီကို ပိုမိုတောက်ပြောင်စေပြီး ဘိုးဘေးသွေးအတတ်ပညာ ကျင့်စဉ်ကိုလည်း မြန်ဆန်စေမှာ အသေအချာပင်။ထိုအခါ နှစ်ပေါင်းတစ်ရာမပြည့်မီမှာပင် သွေးဝတ်စုံသည် ဓားနက်ကို ကျော်တက်သွားနိုင်ပေလိမ့်မည်။
ဤသို့တွေးလိုက်မိသဖြင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သူ၏ အမြော်အမြင်အတွက် ဂုဏ်ယူနေမိလေသည်။
သို့သော် တတိယမြောက် အကြီးအကဲ၏ မျက်နှာတွင်မူ တွန့်ဆုတ်နေသော အမူအရာ ပေါ်လာ၏။
"ဆဋ္ဌမမြောက် ညီအစ်ကို.. ငါ မင်းကို သွေးပုံဖော် အလင်းပွင့်ဆေးလုံး ပေးလို့မရဘူး.."
ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာမှာ တင်းမာသွားပြီး သူ၏ အကြည့်များမှာ စူးရှလာလေသည်။ သူတို့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပြိုကွဲတော့မတတ် တုန်ခါလာ၏။
"ဘာဖြစ်လို့လဲ.."
သူက မကျေမနပ်ဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။
"ဆေးလုံး ပျက်သွားလို့လား.."
"မဟုတ်ပါဘူး.."
တတိယမြောက် အကြီးအကဲက ခေါင်းကို ခါယမ်းလိုက်၏။
"ဘိုးဘေးက.. အမိန့်ထုတ်ပြန်ထားလို့ပါ.."
တတိယမြောက် အကြီးအကဲက သက်ပြင်းချကာ ရှင်းပြလေသည်။
"ဘိုးဘေးက မင်းရဲ့ စိတ်နေစိတ်ထားကို ကောင်းကောင်းသိတယ်.. မင်း ဒီဆေးလုံးကို လာတောင်းမယ်ဆိုတာ သူကြိုသိနေလို့ အမိန့်ကို ကြိုထုတ်ထားတာ.."
ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာမှာ သိသိသာသာ အုံ့မှိုင်းသွားလေသည်။
"ဆဋ္ဌမမြောက် ညီအစ်ကို.. ဒါက ဘိုးဘေးကိုယ်တိုင် ပေးတဲ့အမိန့်ပဲ.. ငါလည်း ဘာမှလုပ်လို့မရဘူး.. ပြီးတော့ လင်းယာ အသွင်ကူးပြောင်းခြင်း နီးကပ်လာပြီဖြစ်တဲ့အတွက် အရင်းအမြစ်အားလုံးကို ဓားနက်ဆီမှာပဲ ပိုပြီး အာရုံစိုက်သင့်တယ်လို့ သူပြောတယ်.. ပြီးတော့ မဟူရာချောက်ကမ်းပါးက ဂိုဏ်းအငယ်စားလေးမို့ အဆင့်မြင့်ဆုံးလမ်းစဉ်ကို ကျွမ်းကျင်တဲ့ မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ထောက်ပံ့ဖို့ မတတ်နိုင်ဘူးလေ.."
တတိယမြောက် အကြီးအကဲက လက်လျှော့လိုက်သော လေသံဖြင့် ပြောလေသည်။
ဘိုးဘေး၏ စကားများမှာ အဓိပ္ပာယ်ရှိ၏။ ဆဋ္ဌမမြောက်ကောင်းကင်ဘုံ၌ မတည်မငြိမ်ဖြစ်နေသော အချိန်များအတွင်း လင်းယာ အသွင်ကူးပြောင်းခြင်းမှာ အချိန်မရွေး ဖြစ်လာနိုင်လေသည်။ ထိုသို့ဖြစ်လာလျှင် ဆဋ္ဌမမြောက်ကောင်းကင်ဘုံတစ်ခုလုံး ဖရိုဖရဲဖြစ်သွားမည်ဖြစ်ပြီး မဟူရာချောက်ကမ်းပါးအနေဖြင့်လည်း ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
ဓားနက်ကို မဟာမူလသဘောတရားအဆင့်သို့ အမြန်ရောက်အောင် ပြုစုပျိုးထောင်ပြီး အဆင့်မြင့်ဆုံးလမ်းစဉ်ကို ကျွမ်းကျင်စေရန် လိုအပ်၏။ သို့မှသာ မဟူရာချောက်ကမ်းပါးအနေဖြင့် လာမည့် တိုက်ပွဲများတွင် အဓိကနေရာမှ ပါဝင်ခွင့်ရပြီး အရေးပါသော ဆုံးဖြတ်ချက်များတွင် ပြောဆိုခွင့် ရရှိမည်ဖြစ်လေသည်။
မဟူရာချောက်ကမ်းပါး၏ အရင်းအမြစ်များမှာ ကန့်သတ်ချက်ရှိသဖြင့် လူခွဲပြီး ထောက်ပံ့နေလျှင် ဓားနက်၏ တိုးတက်မှုကိုသာ နှောင့်နှေးစေမည် ဖြစ်၏။
"အဲဒီလိုရမလားကွ...ဒီဆေးလုံး ဖော်စပ်တဲ့နေရာမှာ ငါလည်း ပါဝင်ခဲ့တာပဲလေ.."
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဘိုးဘေးရဲ့ အမိန့်ကိုတော့ မင်း ငြင်းဆန်လို့မရဘူးလေ.."
တတိယမြောက် အကြီးအကဲက သက်ပြင်းချလိုက်၏။
သူပြောချင်သည်မှာ ရှင်းပါ၏။ အကယ်၍ ခရမ်းရောင်ကံကြမ္မာဘိုးဘေးအနေဖြင့် ပြဿနာရှိလျှင် ဘိုးဘေးထံသို့ ကိုယ်တိုင်သွားရောက် ဖြေရှင်းရမည် ဖြစ်သည်။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
ဘိုးဘေးဆီ သွားရမယ် ဟုတ်လား.. သူ လုံးဝသွားမည်မဟုတ်ပေ။ သူ၏ စိတ်နေစိတ်ထားအရ သူတို့နှစ်ဦး တွေ့ဆုံလျှင် တိုက်ပွဲပင်ဖြစ်သွားနိုင်သည်။
၎င်းမှာ ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံအတွက် ကပ်ဘေးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။
"ဓားနက်ကို ဒီကို ခေါ်ခဲ့လိုက်.. သူ့ရဲ့ ကျင့်စဉ်ကို သွေးဝတ်စုံရဲ့ အဆင့်အတိုင်း လျှော့ချခိုင်းပြီး သူတို့နှစ်ယောက်ကို ယှဉ်ပြိုင်ခိုင်းမယ်.. နိုင်တဲ့သူက မဟူရာချောက်ကမ်းပါးရဲ့ အရင်းအမြစ်တွေကို ရစေရမယ်.."
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်လေသည်။
သူ့စိတ်ထဲတွင်တော့ သွေးဝတ်စုံက ဓားနက်ထက် အများကြီး ပိုသာသည်ဟု ယူဆထား၏။
သို့သော် လျှို့ဝှက်ချက်များကိုတော့ ထုတ်ပြော၍ မရပေ။ အကယ်၍ ထုတ်ပြောလိုက်လျှင် သွေးဝတ်စုံသည် တစ်ရက်ပင် အသက်ရှင်မည် မဟုတ်ပေ။
သွေးဝတ်စုံအနေဖြင့် ဓားနက်ကို လူသိရှင်ကြား အနိုင်ယူပြီး အရင်းအမြစ်များကို ရယူနိုင်လျှင် အခွင့်အရေးရှိလိမ့်မည်ဟု ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ယုံကြည်နေလေသည်။
တတိယမြောက် အကြီးအကဲက တွန့်ဆုတ်သွား၏။
"ဆဋ္ဌမမြောက် ညီအစ်ကို.. ဓားနက်ရဲ့ ပါရမီက မဟူရာချောက်ကမ်းပါးမှာ အမြင့်ဆုံးပဲ.. သွေးဝတ်စုံက သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး.. သွေးဝတ်စုံက နိုင်ခဲ့ရင်တောင် ဘိုးဘေးက သူ့ရဲ့ စိတ်ကူးကို ပြောင်းပါဦးမလား.. ဓားနက်က မဟူရာချောက်နက်ဘိုးဘေးနဲ့ သွေးချင်း တော်စပ်တာလေ.. အဲဒီအချက်ကတင် သူဟာ ငါတို့ရဲ့ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်လာမယ်ဆိုတာ သတ်မှတ်ပြီးသားပဲ.."
တတိယမြောက် အကြီးအကဲသည် သွေးဝတ်စုံက ဓားနက်ကို ယှဥ်နိုင်မည်ဟု လုံးဝမယုံကြည်ပေ။
သွေးဝတ်စုံ၏ ပါရမီသည် ဆဋ္ဌမမြောက်ကောင်းကင်ဘုံတစ်ခုလုံးတွင် ထိပ်တန်းဆယ်ဦးစာရင်းဝင် ဖြစ်နေလျှင်ပင် ဓားနက်မှာမူ ပါရမီအရှိဆုံး ဖြစ်ရုံသာမက မဟူရာချောက်နက်ဘိုးဘေး၏ သွေးမျိုးဆက်လည်း ဖြစ်နေလေသည်။ ၎င်းမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော မြင့်မြတ်သည့် သွေးမျိုးဆက် ဖြစ်၏။
ထူးခြားသော ပါရမီနှင့် ဤကဲ့သို့ မြင့်မြတ်သော သွေးမျိုးဆက် နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသဖြင့် ဓားနက်ကို မည်သူမျှ မယှဉ်နိုင်ခြင်းပင်။
ဤစကားကို ကြားသောအခါ ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် နှာခေါင်းတစ်ချက် ရှုံ့ကာ ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။
သူ ဘာမှမတတ်နိုင်တော့ပေ။
တတိယမြောက် အကြီးအကဲသည် ခရမ်းရောင်ကံကြမ္မာဘိုးဘေး ထွက်သွားသည်ကို ကြည့်ကာ သက်ပြင်းအသာချလိုက်၏။
"ဓားနက်တစ်ယောက် မဟာမူလသဘောတရားအဆင့်ကို အမြန်ရောက်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ.. မဟုတ်ရင်တော့.. မဟူရာချောက်ကမ်းပါး ပျက်စီးဖို့က သိပ်မဝေးတော့ဘူး.."
.......
ကောင်းကင်ကမ်းပါးပြတ်၏ လူမသိသူမသိ သတိမထားမိသော ထောင့်တစ်နေရာ၌ ဖြစ်၏။
ကျိယွမ်က မျက်လုံးဖွင့်လိုက်ရာ သူ၏ မျက်လုံးများထဲ၌ ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာလေသည်။
"ကိုးလွှာရောက်ပြီလား.."
မဟူရာချောက်နက်ဘိုးဘေးသွေးကို ဝါးမြိုပြီး ဘိုးဘေးသွေးအတတ်ပညာကို အရှိန်မြှင့်လေ့ကျင့်ပြီးနောက် သူသည် နောက်ဆုံးတွင် ကိုးလွှာသို့ ရောက်ရှိသွားပြီ ဖြစ်၏။
ဘိုးဘေးသွေးအတတ်ပညာ၏ ကိုးလွှာမှာ အလွန်အစွမ်းထက်လှပြီး သူ၏ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ကျင့်စဉ်မှာ မူလသဘောတရားနယ်ပယ်အငယ်တန်းနှင့် ယှဉ်နိုင်သည့် အဆင့်သို့ ရောက်လာလေသည်။
"ငါ ပိုသန်မာလာပြီ.. ဒါပေမဲ့ သတ္တုဆိပ်သင့်နေတဲ့ လူနဲ့တောင် တူနေသလိုပဲ.."
ကျိယွမ်က မိမိကိုယ်ကို ပြန်ကြည့်လိုက်၏။ ယခုတစ်ခါတွင် သူ၏ သွေးများမှာ ရွှေရောင်သို့ ပိုမိုပြောင်းလဲသွားပြီး သူ၏ မျက်သူငယ်များတွင်ပင် ရွှေရောင်အရိပ်အယောင်များ ရှိနေသဖြင့် ကြည့်ရသည်မှာ သဘာဝမကျဘဲ ရက်စက်ပြီး အေးစက်လှသော ပုံစံမျိုး ပေါက်နေလေသည်။
သူသည် တွန့်ဆုတ်မနေဘဲ သူ၏ သွေးများကို အနီရောင်သို့ ပြန်ပြောင်းလိုက်ပြီး မျက်လုံးများကိုလည်း အမည်းရောင် ပြန်လုပ်လိုက်၏။
"အခုဆိုရင်တော့ ငါ့ကိုယ်ငါ ကာကွယ်ဖို့ လုံလောက်ပြီ.. အပြင်ကို ခိုးထွက်ပြီး ဘယ်သူက ငါ့ကို လုပ်ကြံဖို့ ကြံစည်နေတာလဲဆိုတာ သွားကြည့်ရမယ်.."
မူလသဘောတရားနယ်ပယ်၏ စွမ်းအားက ကျိယွမ်အား ယုံကြည်မှု အနည်းငယ် ပေးစွမ်းနေလေသည်။
သူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီးနောက် ကောင်းကင်ကမ်းပါးပြတ်မှ ထွက်ခွာကာ ဆဋ္ဌမမြောက်ကောင်းကင်ဘုံသို့ ပြန်လာခဲ့လေသည်။
ကောင်းကင်ကမ်းပါးပြတ်မြို့၌ ဖြစ်၏။
ရွှေရောင်ဝတ်စုံနှင့် အမျိုးသမီးသည် သူမ၏ မျက်လုံးများကို မှေးထားပြီး စိတ်မရှည်သော အမူအရာ ပေါ်နေလေသည်။
"သွေးဝတ်စုံရဲ့ အရိပ်အယောင်တောင် မတွေ့သေးဘူးလား.."
သူမ စိုးရိမ်လာ၏။
သွေးဝတ်စုံကဲ့သို့ လူမျိုးအတွက် ဤမျှ အချိန်အကုန်ခံရန် မတန်ပေ။
သူမ၏ အစီအစဉ်မှာ သူ့ကို သတ်ပြီးနောက် ဝိညာဉ်ကို ဝိညာဉ်တစ်သောင်းတံခွန်၏ ဝိညာဉ်အစေခံအဖြစ် သန့်စင်ကာ အမြန်ထွက်ပြေးရန် ဖြစ်လေသည်။
ဟုတ်ပါသည်.. ထွက်ပြေးရန် လိုအပ်၏။
အကယ်၍ နတ်ဆိုးသားတော်အဆင့် ပါရမီရှင်တစ်ဦး အသတ်ခံရလျှင် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံမှ ယန်နတ်ဘုရားများမှာ ဒေါသထွက်ပြီး သူမနောက်သို့ လိုက်လာကြမည်မှာ အမှန်ပင် ဖြစ်သည်။
သူမအနေဖြင့် တစ္ဆေစိုးမိုးကောင်းကင်ဘုံထဲ၌ ပုန်းနေရန် လိုအပ်၏။ သွေးဝတ်စုံကဲ့သို့ လူတစ်ယောက်အတွက်နှင့် မည်သည့် ယန်နတ်ဘုရားကမျှ သူတို့၏ အသက်ကို ရင်းပြီး တစ္ဆေစိုးမိုးကောင်းကင်ဘုံထဲသို့ ဝင်လာလိမ့်မည် မဟုတ်ပေ။
"စီနီယာအစ်မ.. ကျွန်တော်တို့က အစီအရင်တွေ အကုန်ပြင်ထားပြီးသားပါ.. သူသာ ပေါ်လာရင်တော့ သေချာပေါက် မိမှာပါ.."
သူမ၏ဘေးတွင် ရပ်နေသော လူငယ်က ခေါင်းငုံ့ကာ ပြောလိုက်၏။ သူသည် ထိုအမျိုးသမီး၏ မျက်လုံးများကိုပင် တည့်တည့်မကြည့်ရဲပေ။
"ဒါဆို သူက ကြောက်ပြီး တစ်နေရာရာမှာ ပုန်းနေတာပေါ့လေ.."
ရွှေရောင်ဝတ်စုံနှင့် အမျိုးသမီးက လှောင်ပြုံး ပြုံးလိုက်သည်။
ထိုအချိန်တွင်ပင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် အသံတစ်ခု အနီးအနားမှ ထွက်ပေါ်လာလေသည်။
အနီရောင်ဝတ်စုံနှင့် လူတစ်ဦး ပေါ်လာ၏။ သူ၏ ပုံရိပ်မှာ ဝေဝါးနေပြီး မျက်နှာကိုလည်း သဲသဲကွဲကွဲ မမြင်ရပေ။
"ဒီကိစ္စရဲ့ နောက်ကွယ်ကလူကို ထွက်လာခိုင်းလိုက်.. ဘယ်သူက ငါ့ကို လုပ်ကြံဖို့ ရဲရဲတင်းတင်း ကြံစည်နေတာလဲဆိုတာ ငါ သိချင်လို့.."
"နင်က သွေးဝတ်စုံလား.."
ရွှေရောင်ဝတ်စုံနှင့် အမျိုးသမီးက အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားလေသည်။
"နင်က ငါတို့ရဲ့ အစီအရင်တွေကို ကျော်ဖြတ်ပြီး ဝင်လာနိုင်တာပဲ.. မဆိုးဘူး.."
သွေးဝတ်စုံက သူမထံသို့ တိုက်ရိုက် လာလိမ့်မည်ဟု သူမ မထင်ထားမိပေ။
"နောက်ကွယ်ကလူ ဟုတ်လား.. ဘယ်သူမှ မရှိဘူး.. နင့်ကို သတ်မယ့်သူက.. ငါပဲ.."
ရွှေရောင်ဝတ်စုံနှင့် အမျိုးသမီးက ရှေ့သို့ လှမ်းလာရာ သူမ၏ အရှိန်အဝါများမှာ မြင့်တက်လာလေသည်။
သူမသည် ဒဏ္ဍာရီလာနယ်ပယ်၌ အတော်ပင် ခရီးရောက်နေသူဖြစ်ပြီး သူမ၏ စွမ်းအားမှာ သာမန် ဒဏ္ဍာရီလာနယ်ပယ် ကျင့်ကြံသူများထက် အများကြီး ပိုသာလေသည်။ သူမ၏ အစွမ်းမှာ နွားချိုမမထက်ပင် အများကြီး သာလွန်၏။
သူမ ရှေ့သို့ လှမ်းလာသည်နှင့်အမျှ သူမ၏ လက်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်တစ်သောင်းတံခွန် ပေါ်လာလေသည်။ ချက်ချင်းပင် လေထုထဲ၌ အဆုံးမဲ့သော ဝိညာဉ်များ၏ နာကျင်စွာ အော်ဟစ်သံများဖြင့် ပြည့်နှက်သွား၏။
ကောင်းကင်ယံ၌ အမှောင်ထုများ ဖုံးလွှမ်းသွားပြီး တစ္ဆေပုံရိပ်များမှာလည်း ခြောက်ခြားဖွယ်ရာ ပေါ်လာလေသည်။
ဝိညာဉ်တစ်သောင်းတံခွန်ကို ကိုင်ဆောင်ထားသော ထိုအမျိုးသမီးမှာ ငရဲပြည်မှ လာသော တမန်တော်တစ်ဦးနှင့်ပင် တူနေတော့သည်။
"သွေးဝတ်စုံ.. မှတ်ထားလိုက်.. နင့်ကို သတ်တဲ့သူက.. မိုနာ ပဲ.."
တံခွန်မှာ တဖျတ်ဖျတ် လွင့်နေပြီး လေပြင်းများ တိုက်ခတ်လာ၏။
သွေးဝတ်စုံနှင့် ရင်ဆိုင်ရချိန်တွင် မိုနာသည် သူမ၏ အစွမ်းကုန်ကို ထုတ်သုံးလိုက်လေသည်။
မလှမ်းမကမ်း၌ ကျိယွမ်က မိုနာကို သေချာကြည့်နေပြီး ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် မေးလိုက်၏။
"နင့်နောက်ကွယ်မှာ ဘယ်သူမှ တကယ်မရှိတာလား.."
"ဘယ်သူမှ မရှိဘူး.."
စကားဆုံးသည်နှင့် နာကျင်စွာ အော်ဟစ်နေသော ဝိညာဉ်များ ပြည့်နှက်နေသည့် တံခွန်မှာ ကျိယွမ်ထံသို့ ပြင်းထန်သော ဝိညာဉ်တိုက်ခိုက်မှုများ ပြုလုပ်လိုက်လေသည်။
ကျိယွမ်၏ နားထဲတွင် နှိပ်စက်ခံထားရသော ဝိညာဉ်ပေါင်းများစွာ၏ အော်ဟစ်သံများမှာ သူ၏ ဝိညာဉ်ထဲအထိ ပဲ့တင်ထပ်နေ၏။
ကျိယွမ်က ဆွံ့အသွားလေသည်။
"ဘယ်သူမှ မရှိဘူး ဟုတ်လား.. နင်က ဒဏ္ဍာရီလာနယ်ပယ် ကျင့်ကြံသူ သက်သက်လေးပဲကို ငါ့ကို လုပ်ကြံဖို့ ရဲရဲတင်းတင်း ကြံစည်ရဲတယ်ပေါ့.. ဘယ်သူက နင့်ကို အဲဒီလောက်အထိ သတ္တိပေးလိုက်တာလဲ.."
"ဒါမှမဟုတ် နင်ကရူးနေတာလား"
ကျိယွမ်ကသူမအား နားမလည်သလိုကြည့်လိုက်၏။
ငါက အကောင်ကြီးကြီးမှတ်လို့ မထွက်ရဲဘဲ အဆင့်တက်အောင်ကျင့်နေတာ ၊ နင်က ယင်နတ်ဘုရားအဆင့်လေးတဲ့လား။
ကျိယွမ်က လက်ကို ဆန့်ထုတ်ကာ ဝိညာဉ်တစ်သောင်းတံခွန်ကို ဆက်ခနဲလှမ်းဖမ်းလိုက်လေသည်။
ကျယ်လောင်သော အသံကြီးနှင့်အတူ အစွမ်းထက်လှသော တံခွန်ကြီးမှာ တစ်စစီ ပြိုကွဲသွားလေ၏။
မိုနာမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။
ဝိညာဉ်တစ်သောင်းတံခွန်.. ပျက်စီးသွားပြီလား.. ဒါက သူမ နှစ်ပေါင်းသောင်းချီပြီး သန့်စင်ထားရတဲ့ ရတနာလေ။
"နင်.."
မိုနာ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ဘာဖြစ်သွားမှန်းကို မသိတော့ပေ။
သူမ မလှုပ်ရှားနိုင်မီမှာပင် ပြင်းထန်သော စွမ်းအားတစ်ခုက သူမကို ရိုက်ခတ်လိုက်၏။ သူမ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာပြီး ကျိယွမ်၏ လက်မှာ အထဲသို့ ဝင်ရောက်ကာ သူမ၏ နှလုံးသားကို ဆုပ်ကိုင်ထားလေသည်။
"မြန်မြန်ပြော.. နောက်ကွယ်မှာ ဘယ်သူရှိလဲ.."
ကျိယွမ်က အေးစက်စွာ မေးလိုက်၏။
ထိုအရှိန်.. ထိုစွမ်းအား..
မိုနာမှာ လုံးဝကို တစ်ဖက်သတ်အနိုင်ယူခံလိုက်ရပြီး သူမ၏ မှော်စွမ်းအင်များလည်း ပိတ်ဆို့ခံလိုက်ရလေသည်။
သွေးဝတ်စုံ၏ ဖိအားပေးနေသော အရှိန်အဝါမှာ ဓားနက်ကိုပင် ပြန်သတိရစေ၏။
သူမ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး စိတ်ထဲတွင်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေသည်။
သူမ စကားပင် မပြောနိုင်တော့ပေ။
"ပြောပါ.. ငါ့ကို အတင်းအကျပ် မလုပ်ခိုင်းနဲ့.. ငါက ပုံမှန်ဆိုရင် မိန်းကလေးတွေကို လက်မပါတတ်ဘူး.."
ကျိယွမ်က အလေးအနက် ပြောလိုက်၏။
သူက ထိုကိစ္စနှင့် ပတ်သက်လျှင် အတော်ပင် ရှေးရိုးစွဲဆန်သူ ဖြစ်လေသည်။
သို့သော် မိုနာမှာ လုံးဝ မလှုပ်ရှားနိုင်သဖြင့် ဘာမှ ပြန်မပြောနိုင်ပေ။ သို့သော် ကျိယွမ်၏ စကားကို ကြားသောအခါ သူမ၏ မျက်လုံးများထဲ၌ မျှော်လင့်ချက်အရိပ်အယောင်လေး ပေါ်လာ၏။
သူမ.. တကယ်ပဲ အသက်ရှင်နိုင်မှာလား..
"တောက်.. အခုထိ မပြောသေးဘူးပေါ့လေ.."
မိုနာသည် တစ်ဦးတည်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျိယွမ် အတည်ပြုလိုက်ပြီ ဖြစ်၏။ သူမ၏ နောက်ကွယ်တွင် အခြားမည်သူမျှ မရှိပေ။
"နင်က ငါ့ကို အလကား ကြောက်အောင် လုပ်တာပဲ.. နင်ကတော့ သေဖို့ လမ်းရှာနေတာလား.."
ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာပြီး ကျိယွမ်သည် မိုနာ၏ ဝိညာဉ်ကို ချေမွပစ်လိုက်လေသည်။
မိုနာ၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားပြီး သူမ၏ နောက်ဆုံးထွက်သက်တွင် "နင်ပဲ.. မိန်းကလေးတွေကို.. လက်မပါဘူးဆို.." ဟု တိုးတိုးလေး ရေရွတ်သွားလေသည်။
ကျိယွမ်က သူမ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ အလေးအနက် ပြောလိုက်၏။
"ငါ ဘယ်တုန်းက နင့်ကို ရိုက်လို့လဲ.. ငါ နင့်ကို သတ်လိုက်တာလေ.."
ကျိယွမ်သည် မိမိကိုယ်ကို အတော်ပင် ကျေနပ်နေမိ၏။
အကယ်၍ သူမသာ သတ်တာက ရိုက်တာနဲ့ မတူဘူးလို့ ပြောခဲ့ရင်လည်း ကျိယွမ်မှာ နောက်ထပ် နည်းလမ်းတစ်ခု ရှိသေး၏။ ၎င်းမှာ သူမကို မိန်းကလေးအဖြစ်မှ လုံးဝ ဖယ်ရှားပစ်လိုက်ရန် ဖြစ်လေသည်။
သူသည် အပြာရောင်ကြယ်ရှိ အမျိုးသမီးများထံမှ အများကြီး သင်ယူထားခဲ့သည် မဟုတ်လား။
ဥပမာအားဖြင့် အမျိုးသားအများစုမှာ ခရီးသွားဓာတ်ပုံများ မရိုက်ကြဘဲ အမျိုးသမီးခရီးသွားများ၏ လူမှုကွန်ရက်မှ ပုံများကို ခိုးယူကာ မိမိပုံကဲ့သို့ တင်တတ်ကြသည်ကို သူသိ၏။
ခဏချင်းအတွင်းမှာပင် မိုနာ သေဆုံးသွားလေသည်။
ခန်းမအတွင်း၌ ကျန်ရှိနေသော တစ္ဆေစိုးမိုးကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူများသည် ကြောက်လန့်တုန်ရီနေကြပြီး သူတို့၏ မျက်နှာများမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေကြ၏။
"နင်.."
"ငါက ဘာဖြစ်လဲ.." ကျိယွမ်က အေးဆေးစွာ မေးလိုက်သည်။
သူက ပြင်းထန်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ခန်းမ၏ ဟင်းလင်းပြင်မှာ ပြိုကွဲသွားလေသည်။ တစ္ဆေစိုးမိုးကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူများမှာ ခဏချင်းအတွင်း ပျောက်ကွယ်သွားကြ၏။
မိုနာ၏ အလောင်းကို ကြည့်ကာ ကျိယွမ်က သတိထားလိုက်သည်။
"ယန်နတ်ဘုရား တစ်ယောက်ယောက် ငါ့နောက် လိုက်မလာခင် မြန်မြန် ထွက်သွားတာ ပိုကောင်းမယ်.."
မိုနာ၏ ခန္ဓာကိုယ်တွင် ယန်နတ်ဘုရားတစ်ဦး၏ တံဆိပ် ပါရှိလေသည်။ ယခု သူမ သေဆုံးသွားပြီဖြစ်သဖြင့် ထိုယန်နတ်ဘုရားမှာ သေချာပေါက် သိရှိသွားမည်ဖြစ်ပြီး သူ့ကို လာသတ်ပေလိမ့်မည်။
အကောင်းဆုံးမှာ ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံသို့ ပြန်ရန် ဖြစ်၏။
တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ ယန်နတ်ဘုရားများက မည်မျှအထိ သန်မာသည်ကို မည်သူ သိနိုင်မည်နည်း။
ကျိယွမ်သည် တွန့်ဆုတ်မနေဘဲ နေရာရွှေ့ပြောင်းအစီအရင် ထဲသို့ ဝင်လိုက်ပြီး ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံသို့ ပြန်ခဲ့လေသည်။
အသက်ရှုကြိမ် တစ်ရာခန့်အကြာတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်ကမ်းပါးပြတ်မြို့သို့ သက်ဆင်းလာလေသည်။
မြို့တစ်ခုလုံးမှာ ထိုဖိအားအောက်တွင် တုန်ခါသွားပြီး ဒေါသတကြီး အော်ဟစ်သံတစ်ခုမှာ ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွား၏။
"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ.."
ယန်နတ်ဘုရား မိုချန်းသည် ကောင်းကင်ကမ်းပါးပြတ်မြို့၏ အထက်တွင် ပေါ်လာရာ မြို့တစ်ခုလုံးမှာ ပြိုကျတော့မတတ် တုန်ခါနေလေသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကျင့်ကြံသူအားလုံးမှာ ကြောက်ရွံ့ထိတ်လန့်နေကြပြီး ခေါင်းငုံ့ကာ အရိုအသေပြုနေကြ၏။
သူတို့မှာ မော့ကြည့်ရန်ပင် မဝံ့ရဲကြပေ။
၎င်းမှာ ယန်နတ်ဘုရား တစ်ဦး ဖြစ်၏။
မည်သူက မရိုမသေပြုရဲမည်နည်း။
ယန်နတ်ဘုရားတစ်ဦး ဒေါသထွက်လျှင် မိုင်ပေါင်းများစွာအတွင်း အလောင်းများဖြင့် ပြည့်နှက်သွားနိုင်သည် မဟုတ်ပါလား။
မိုချန်းသည် မိုနာ၏ ကြေမွနေသော အလောင်းကို ကြည့်ကာ သူမ၏ မျက်လုံးများထဲ၌ ဒေါသမီးများ တောက်လောင်နေလေသည်။
ခဏချင်းအတွင်းမှာပင် သတင်းအချက်အလက်များစွာမှာ သူမ၏ စိတ်ထဲသို့ ရောက်ရှိလာပြီး သူမ၏ ဒေါသမှာ ပိုမိုပြင်းထန်လာ၏။
"မဟူရာချောက်ကမ်းပါး.. သွေးဝတ်စုံ.. သူက ငါ့ရဲ့ မြေးမလေး.. ငါ အချစ်ဆုံး မိုနာကို သတ်လိုက်တာလား.. ဒါကို ဒီအတိုင်း မထားဘူး.."
"တောက်.. သူက ဝိညာဉ်တစ်သောင်းတံခွန်အတွက်တောင် ဘာမှမကျန်အောင် သူမရဲ့ ဝိညာဉ်ကို လုံးဝ ချေမွပစ်လိုက်တာပဲ.. နှမြောစရာကြီး.."
သူမသည် တွန့်ဆုတ်မနေဘဲ နေရာရွှေ့ပြောင်းအစီအရင် ထဲသို့ ဝင်လိုက်လေသည်။
သူမသည် တရားမျှတမှု တောင်းဆိုရန်အတွက် မဟူရာချောက်ကမ်းပါးသို့ သွားရပေလိမ့်မည်။
သူမအနေဖြင့် ရလဒ်က သူမ လိုချင်သလို ဖြစ်လာမည်မဟုတ်ကြောင်းနှင့် သွေးဝတ်စုံကို သတ်နိုင်မည်မဟုတ်ကြောင်း သူမ သိပါ၏။
သို့သော် သူမ၏ မြေးမလေး အသတ်ခံလိုက်ရလေသည်။ သူမသာ လက်စားမချေနိုင်လျှင် စိတ်အေးနိုင်မည် မဟုတ်ပေ။
သိက္ခာလား..
မဟူရာချောက်ကမ်းပါးနဲ့ တစ္ဆေစိုးမိုးကောင်းကင်ဘုံက ယန်နတ်ဘုရားတွေမှာ ဂရုစိုက်စရာ မျက်နှာ ရှိသေးလို့လား။
ကောင်းကင်ကမ်းပါးပြတ်မြို့ရှိ အခြားကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်နေကြ၏။ ကိစ္စကြီးတစ်ခုခု ဖြစ်တော့မည်ကို သူတို့ သိနေကြလေသည်။
အခြားတစ်နေရာတွင် ကျိယွမ်သည် နေရာရွှေ့ပြောင်းအစီအရင် မှ ထွက်လာခဲ့ပြီး ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံသို့ အပြေးသွားလေသည်။
"အားကောင်းတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ထောက်ပံ့မှုကို ရထားတာက တကယ်ကို အကောင်းဆုံးပဲ.."
ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံထဲသို့ ရောက်သည်နှင့် ကျိယွမ်သည် စိတ်အေးသွားလေသည်။
အရင်တုန်းက သူ ရင်ဆိုင်ခဲ့ရသော ရန်သူများမှာ အလွန်အမင်း သန်မာလှပြီး သူ၏ ဂိုဏ်းများက သူ့ကို ကာကွယ်မှု မပေးနိုင်ခဲ့ကြပေ။
ဒါပေမဲ့ အခု ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံရဲ့ ကာကွယ်မှုအောက်မှာတော့ အရာအားလုံးက ကွဲပြားသွားပြီ ဖြစ်၏။
ကျိယွမ်သည် ဂိုဏ်းကြီးတစ်ခု၏ အကာအကွယ်ကို ရရှိခြင်း၏ အကျိုးကျေးဇူးများကို စတင် သဘောကျလာလေသည်။
"သွေးဝတ်စုံ စီနီယာအစ်ကို.. ပြန်လာပြီလား.. ဘာလို့ အဲဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ.."
သူ နေရာရွှေ့ပြောင်းအစီအရင် မှ ထွက်လာသည်နှင့် ခရမ်းရောင်ကံကြမ္မာ ရှောင်လုသည် သူမ၏ ဝတ်စုံစကို ဆုပ်ကိုင်ထားရင်း စပ်စုလိုသော မျက်နှာပေးဖြင့် ပေါ်လာလေသည်။
"ဟင်း.. အရူးမတစ်ယောက်နဲ့ သွားငြိမိလို့လေ.. အဲဒါကြောင့် သူမကို သတ်လိုက်ရတယ်.. ပြီးတော့ အငယ်ကို သတ်လိုက်တော့ အကြီးက ပေါ်လာလို့ ဒီကို ပြန်ပြေးလာတာ.."
ကျိယွမ်က ပခုံးတွန့်ကာ ပြောလိုက်၏။
"ဟင်.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုမှာ ဇဝေဇဝါ ဖြစ်သွားလေသည်။
မလှမ်းမကမ်းတွင် အန်ရွှန်းလု ပေါ်လာပြီး အေးစက်သော မျက်နှာပေးဖြင့် ဆို၏။
"ဟင်း.. အကြီးကိုပါ ဘာလို့ မသတ်ခဲ့တာလဲ.. အစ်ကိုကြီး ဓားနက်သာဆိုရင် နှစ်ယောက်လုံးကို သတ်ပစ်မှာ.."
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။
"ဓားနက်က အကြီးကို တကယ်သတ်နိုင်တာလား..ဟန်ကြတာပေါ့.. သူမက ငါတို့နောက်ကို လိုက်လာနိုင်တယ်.."
အန်ရွှန်းလုသည် အစပိုင်းတွင် ဂုဏ်ယူနေမိသော်လည်း သူမ ပြန်မပြောနိုင်မီမှာပင် ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ငါ့မြေးမလေး မိုနာကို သတ်ရဲတဲ့ သတ္တိကတော့ မသေးဘူး.. သွေးဝတ်စုံကို ထုတ်ပေးစမ်း.."
ယန်နတ်ဘုရား မိုချန်းက ဟိန်းဟောက်လိုက်ရာ သူမ၏ အသံမှာ မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွား၏။
သူမသည် ကောင်းကင်ယံ၏ အစွန်းတွင် ရပ်နေပြီး ရှင်းပြချက် တောင်းဆိုလိုက်သည်။
သို့မဟုတ် ပိုပြီး တိတိကျကျ ပြောရလျှင် လျော်ကြေးတောင်းနေခြင်း ဖြစ်၏။
ထိုအသံကို ကြားလိုက်ရသဖြင့် အန်ရွှန်းလု၏ မျက်နှာမှာ ပြောင်းလဲသွားလေသည်။
ကျိယွမ်က သူမ၏နားသို့ တိုးကပ်သွား၏။
"အကြီးက ရောက်လာပြီ.. မြန်မြန်သွားပြီး ဓားနက်ကို သွားခေါ်လိုက်ဦး.. သူ သတ်နိုင်မလားဆိုတာ ကြည့်ရအောင်.."
အန်ရွှန်းလု၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး အံကြိတ်ကာ အော်ဟစိလိုက်သည်။
"နင် အိပ်မက်မက်နေတာပဲ.."
ဒါက ယန်နတ်ဘုရား တစ်ဦးလေ။
သွေးဝတ်စုံက မိုနာကို သတ်ခဲ့သည်မှာ အတော်ပင် ရဲတင်းလွန်းလှ၏။
မိုနာသည် တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ နာမည်ကြီး ပါရမီရှင်တစ်ဦး ဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက သူမသည် ဓားနက်ကို သုံးကွက်အတွင်းမှာပင် ရှုံးနိမ့်ခဲ့ရသူ ဖြစ်၏။
နှင်းခဲဓားပင်လျှင် ဓားနက်၏ သုံးကွက်ကို မခံနိုင်ခဲ့ပေ။
သွေးဝတ်စုံအနေဖြင့် မိုနာကို သတ်နိုင်ခဲ့သည်မှာ သူ၏ အစွမ်းက.. နှင်းခဲဓားထက်ပင် သာလွန်နေနိုင်လေသည်။
အနီးနားတွင် ရှိနေသော ခရမ်းရောင်ကံကြမ္မာ ရှောင်လုကတော့ အထင်ကြီးအားကျသော မျက်လုံးလေးများဖြင့် လက်ခုပ်တီးကာ ရေရွတ်လိုက်သည်။
"သွေးဝတ်စုံ စီနီယာအစ်ကိုက တကယ်ကို အံ့သြဖို့ကောင်းတာပဲ.."
သူမသည် အလွန်ဂုဏ်ယူနေပုံရလေ၏။
ကျိယွမ်က အန်ရွှန်းလုဘက်သို့ လှည့်ကာ စိတ်ပျက်သလို သက်ပြင်းချသည်။
"ဟူး.. ဓားနက်က သူမကို မသတ်နိုင်ဘူးဆိုရင်.. နင်က ဘာလို့ သူ့အကြောင်း အမြဲ ကြွားနေရတာလဲ....."
-------