← Chapters

အခန်း (၄၁၂-၄၁၃)

Vol. 38 Ch. 412-413

အခန်း (၄၁၂-၄၁၃)

Vol. 38 Ch. 412-413

အခန်း ၄၁၂ - အောင်မြင်သော ငါးစာနှင့် မိုလိုယန်နတ်ဘုရားကို သုတ်သင်ခြင်း

အတန်ကြာပြီးနောက် တိမ်တိုက်များကြားတွင် သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားသော ပုံရိပ်နှစ်ခု ပေါ်လာသည်။

သူတို့၏ရှေ့တွင် အရှိန်အဝါများကို ဖုံးကွယ်ရန်အတွက် ဖန်တီးထားသော အမျိုးမျိုးသော အစီအရင်များ ရှိနေ၏။

"မင်းပြောတဲ့ သိုးဝဝကြီးက ဘယ်မှာလဲ။"

ကျိပုဖျင်က သတိကြီးစွာဖြင့် မေးလိုက်သည်။

"အောက်က အစီအရင်ထဲမှာ။"

ကျိယွမ်က ထိုဘက်သို့ အသာအယာ လေမှုတ်ထုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။

သူ ပြုလုပ်လိုက်သည်နှင့် ရှေ့မှ မြူခိုးများ လွင့်စင်သွားပြီး မီးခိုးရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ပေါ်လာသည်။ သို့သော် အစီအရင်၏ အတားအဆီးများကြောင့် သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထိုမီးခိုးရောင်ဝတ်ရုံနှင့် ပုဂ္ဂိုလ်မှာ အလွန်ပင် သာမန်ဆန်လှပြီး ရှေးဟောင်းအစီအရင်ထဲတွင် ပိတ်မိနေပုံရသည်။ သူသည် အစီအရင်ကို ဖောက်ထွက်ရန် ကြိုးစားနေပုံရပြီး သူ၏ ပတ်ဝန်းကျင်တွင် နတ်ဘုရားစွမ်းအင်များ စီးဆင်းနေ၏။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ကျိပုဖျင်သည် ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရသောအခါ ကြီးမားသော အန္တရာယ်ကို အာရုံရလိုက်သဖြင့် နှလုံးခုန်နှုန်း မြန်သွားလေသည်။

"နေဦး... သူက သာမန်လူတစ်ယောက် မဟုတ်ဘူးလို့ ငါ ဘာလို့ ခံစားနေရတာလဲ။" ကျိပုဖျင်က တုံ့ဆိုင်းနေသော အသံဖြင့် ပြောလိုက်သည်။

"သူက ကြည့်ရတာ သာမန်ပဲ မဟုတ်လား။ ထူးခြားတာ ရှိတယ်ဆိုရင် သူက အသက်ကြီးနေတာပဲ ရှိမယ်။"

ကျိယွမ်က အရေးမကြီးသလို ပြန်ဖြေလိုက်၏။

ကျိပုဖျင်က မရေမရာ ထပ်ကြည့်လိုက်ပြန်သည်။

"ငါလည်း မသိဘူး။ သူ့ကို မြင်ရုံနဲ့တင် ငါ့နှလုံးတွေ တုန်နေတယ်။ သူက ငါတို့ ထင်ထားတာထက် ပိုအစွမ်းထက်နေမလား။"

နှမြောစရာကောင်းသည်မှာ အစီအရင်၏ အတားအဆီးများကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရခြင်းပင် ။

"သူက ပျမ်းမျှလောက်ပဲ နေမှာပါ။ အောက်က ရှေးဟောင်းအစီအရင်ကို ကြည့်လိုက်ဦး။ နှစ်ပေါင်းများစွာ ပျက်စီးနေလို့ အိုဟောင်းနေပြီလေ။ အသက်ငယ်ပြီး သန်မာတဲ့သူသာဆိုရင် ခဏလေးနဲ့ ဖျက်ဆီးနိုင်မှာ။ ဒါပေမဲ့ သူကတော့ အသက်ကြီးနေလို့ အစီအရင်ကို ဖောက်ဖို့ ကြိုးစားတိုင်း ခဏခဏ နားနေရတယ်။ ငါတို့က သူ့ထက် သေချာပေါက် ပိုသန်မာပါတယ်။"

ကျိယွမ်က အချက်ကျကျ ရှင်းပြလိုက်၏။

ကျိပုဖျင်က သံသယရှိနေဆဲဖြစ်သော်လည်း ရုတ်တရက် ထိတ်လန့်သွားသည်။

"သူ အခုလေးတင် ဟင်းလင်းပြင်ကို လက်သီးနဲ့ ထိုးခွဲလိုက်တာလား။"

ကျိယွမ်က အကြောင်းပြချက်ပေး၏။

"ဘာဆန်းလို့လဲ ၊ ဒီအစီအရင်ဟောင်းထဲက ဟင်းလင်းပြင်က ဆွေးမြည့်နေပြီလေ။ မင်းလည်း ထိုးခွဲနိုင်တာပဲ။"

"မဟုတ်ဘူး...နေဦး.."

" သူက ယန်နတ်ဘုရားပဲ။"

ကျိပုဖျင်မှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။

ထိုခဏအတွင်း ကောင်းကင်ဘုံအရှင်သခင်မိုကျိ၏ အရှိန်အဝါမှာ ယိုစိမ့်ထွက်လာခဲ့ရာ သူသည် အမှန်တကယ်ပင် ယန်နတ်ဘုရား တစ်ပါး ဖြစ်ကြောင်း သေချာသွားလေ၏။

ထို့အပြင် ကျိပုဖျင်သည် ထိုအဘိုးအို၏ မျက်နှာကို နောက်ဆုံးတွင် မြင်လိုက်ရသည်။

၎င်းမှာ အခြားသူမဟုတ်ဘဲ ဒဏ္ဍာရီလာ ကောင်းကင်ဘုံအရှင်သခင် မိုကျိပင် ဖြစ်လေသည်။

"ဟုတ်တယ်လေ။ သူက ယန်နတ်ဘုရားပဲ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ သူက အသက်ကြီးနေပြီဆိုတော့ ခြေထောက်တွေလည်း သိပ်ကောင်းမှာ မဟုတ်ဘူး။ သူ့ခြေထောက်အောက်ကနေ လျှောတိုးဝင်ပြီး ဝမ်းဗိုက်ကို ဓားနဲ့ ထိုးလိုက်ရုံပဲ။ ငါတို့ နိုင်ခြေ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ရှိပါတယ်။"

ကျိယွမ်ကတော့ အောက်သို့ငုံ့ကြည့်ကာ အတည်အပေါက် ပြောလိုက်သည်။

ကျိပုဖျင်မှာ အလွန်ပင် အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရပြီး တွေဝေသွား၏။

သူ့ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်နေပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။

လောကကြီးက ဘာတွေ ဖြစ်နေတာလဲ။

ယန်နတ်ဘုရားတစ်ပါးကို သတ်ဖို့ ဒီကောင်က ကြံနေတာလား ။ သူက ဘာအဆင့်မို့လို့လဲ ။

သူ၏ ဦးနှောက်မှာ လိုက်မမီတော့ပေ။

သူက ကျိယွမ်အား နားမလည်နိုင်သလို ကြည့်လိုက်၏။

"သွားလေ။ သူ့အောက်ကို လျှောတိုးဝင်ပြီး အလစ်ဖမ်းပြီး တိုက်ခိုက်လိုက်။"

ကျိယွမ်က တိုးတိုးလေး ပြောလိုက်သည်။

သို့သော် ကျိပုဖျင်မှာ ထိုနေရာတွင်ပင် အေးခဲနေပြီး လှုပ်ရှားရန် အလွန်အမင်း ကြောက်လန့်နေ၏။

ကျိယွမ်မှာ ရူးနေပြီဟု သူ ခံစားလိုက်ရသည်။

ဘာပဲဖြစ်ဖြစ် မိုလိုမျိုးနွယ်စုရဲ့ အသည်းနှလုံးနေရာထဲမှာ ယန်နတ်ဘုရားတစ်ပါးကို ဘယ်သူက လုပ်ကြံရဲမှာလဲ။

သေချင်တဲ့သူပဲ လုပ်မှာပေါ့။

ပြီးတော့ ယန်နတ်ဘုရားတစ်ပါးကို ဘယ်သူက ချုံခိုတိုက်ရဲမှာလဲ။ အခြား ယန်နတ်ဘုရားတစ်ပါးပဲ လုပ်နိုင်မှာ မဟုတ်လား။

ဒါပေမဲ့ သူက ငါ့ကို ကူညီခိုင်းနေတာလား။

ဒါက တစ်မျိုးမျိုး နောက်ပြောင်နေတာပဲ ဖြစ်ရမယ်။

ယန်နတ်ဘုရားက ငါ့ကို သတ်ဖို့ဆိုတာ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် လုံလောက်တယ်လေ။

သူ့မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့နေပြီး ငိုတော့မည့် ပုံစံမျိုး ဖြစ်နေ၏။

"စီ... စီနီယာ..."

သူတို့ ရောက်နေသည့် အခြေအနေ၏ ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားကို သူစတင်သဘောပေါက်လာသည်။

"ဘာလဲ။ မင်း ထွက်ပြေးဖို့ စဉ်းစားနေတာလား။ မေ့လိုက်စမ်းပါ။ ငါတို့ အတူတူ ချုံခိုတိုက်ကြမှာလေ။ ငါ့မှာ အစီအစဉ် ရှိပြီးသား။"

ကျိယွမ်က ကျိပုဖျင်ကို စိတ်ပျက်နေသည့်ပုံစံဖြင့် အော်ဟစ်လိုက်သည်။

ဤလူမှာ ရှေးဟောင်းပုံပြင်ထဲက ချင်ဝူယန်း ကဲ့သို့ပင် အရေးကြီးသည့်အချိန်ရောက်မှ တုံ့ဆိုင်းနေ၏။

ငြင်းဆန်ရန် အခွင့်အရေးပင် မပေးဘဲ ကျိယွမ်က ကျိပုဖျင်၏ လည်ပင်းကို ဆွဲလိုက်သည်။

"ငါ မင်းကို ယုံကြည်တယ်။ ငါ့ကို စိတ်မပျက်စေနဲ့။"

ကျိပုဖျင်၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ကျိယွမ်မှာ လုံးဝ ရူးသွပ်နေပြီဟု သူ သေချာပေါက် ယုံကြည်သွားတော့သည်။

လုံးဝကို ရူးနေတာပဲ။

ဘာပဲဖြစ်ဖြစ် မိုလိုမျိုးနွယ်စု၏ ယန်နတ်ဘုရားကို တိုက်ခိုက်ခြင်းမှာ သူတို့နှစ်ယောက်လုံး ဒီနေ့ အသက်ရှင်မှာ မဟုတ်ဘူးဟု ဆိုလိုခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် ရှေးဟောင်းအစီအရင် အတွင်း၌...

ကောင်းကင်ဘုံအရှင်သခင် မိုကျိက အသက်ပြင်းပြင်း ရှူလိုက်သည်။

"သာမန် ရှေးဟောင်းအစီအရင်တစ်ခုပဲ။ ပြောပလောက်တာ မရှိပါဘူး။"

ဤအစီအရင်ကို ဖောက်ထွက်ရန် သူ၏ စွမ်းအင်များစွာ ကုန်ဆုံးခဲ့သော်လည်း ရှေ့ရှိ ခရမ်းရောင်ချီနှင့် ယှဉ်လျှင် ထိုက်တန်ပေသည်။

သူသည် မလှမ်းမကမ်းရှိ ခရမ်းရောင်ချီစွမ်းအင်ကို ကြည့်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။

"ဒီလို ကံကောင်းမှုမျိုး ရလိမ့်မယ်လို့ မထင်ထားဘူး။ ခရမ်းရောင်ချီကို တွေ့ရဖို့... ဒါ ဘယ်သူ့ဂူကျောင်း ဖြစ်မလဲ။"

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်သော်လည်း ထူးခြားမှုကို မတွေ့ရပေ။

ဤရှေးဟောင်းအစီအရင်၏ မူလပိုင်ရှင်မှာ လွန်ခဲ့သော အချိန်များစွာကတည်းက ထွက်ခွာသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်း ဖြစ်ရမည်။ ခရမ်းရောင်ချီ အနည်းငယ်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ခရမ်းရောင်ချီကို ကြည့်ပြီး မိုကျိမှာ အလွန်စိတ်လှုပ်ရှားသွားပြီး ကံကြမ္မာမှာ သူ၏ ဘက်တွင် ရှိနေသည်ဟု ယုံကြည်လိုက်သည်။

သို့သော် သူသည် စိတ်လှုပ်ရှားနေသော်လည်း သတိမလျော့ဘဲ ပတ်ဝန်းကျင်တွင် ဖုံးကွယ်ထားသော ထောင်ချောက်များ သို့မဟုတ် သတ်ကွင်းအစီအရင်များ ရှိမရှိ ထပ်မံ စစ်ဆေးလိုက်၏။

ထိုအချိန်တွင် ခရမ်းရောင်ချီမှာ ပြင်းထန်စွာ လှုပ်ခတ်လာသည်။

မိုကျိ၏ အမူအရာမှာ မပြောင်းလဲပေ။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား။"

ခရမ်းရောင်ချီတွင် အသိဉာဏ် မရှိသော်လည်း ပင်ကိုယ်ဗီဇအရ ထွက်ပြေးရန် ကြိုးစားတတ်ပေသည်။

သူသည် ချက်ချင်းပင် ၎င်းနောက်သို့ လိုက်လေသည်။

ဘာပဲဖြစ်ဖြစ် သူ၏ ယန်နတ်ဘုရား ခွန်အားဖြင့် ဤခရမ်းရောင်ချီမှာ သူ၏ လက်ထဲမှ လွတ်နိုင်မည် မဟုတ်ပေ။

သို့သော် ခဏအကြာတွင် သူ၏ အမူအရာ ပြောင်းလဲသွားပြီး သူ၏ နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားတော့သည်။

သူ၏ ရှေ့တွင် ဉာဏ်ပညာ အလင်းတန်းများ ဖြာထွက်နေသည့် ရှေးဟောင်းပြီး နက်ရှိုင်းသော တံခါးတစ်ချပ် ပေါ်လာ၏။

မိုကျိသည် ထိုတံခါးကို မြင်လိုက်ရသည့် ခဏ၌ သူသည် ယန်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း တစ်ကိုယ်လုံး တုန်ရင်သွားလေသည်။

သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာ၏။

"ဒါ...ဒါက မူလသဘောတရားတံခါးပဲ။"

သူ၏ အသက်ရှူသံများ မြန်လာသည်။

ဤတံခါးမှာ အခြားမဟုတ်ဘဲ မသေမျိုးနယ်မြေရှိ အမြင့်မြတ်ဆုံးသော ဖန်တီးမှုရတနာဖြစ်သည့် မူလသဘောတရားများတံခါးပင် ဖြစ်လေသည်။

ဆဋ္ဌမမြောက်ကောင်းကင်ဘုံမှ မူလနိယာမအဆင့်နတ်ဘုရား အားလုံးသည် သူတို့၏ နိယာမနားလည်မှုများကို ဤတံခါးမှ ရရှိခဲ့ကြသည်ဟု ဆိုကြပေသည်။

မူလနိယာမ သို့မဟုတ် မူလသဘောတရားတံခါးကို ရရှိပြီး ၎င်း၏ နိယာမများကို နားလည်အောင် ကျင့်ကြံနိုင်သူသည် မူလနိယာမအဆင့်သို့ သေချာပေါက် ရောက်ရှိမည်ဟုပင် ကောလာဟလများ ရှိ၏။

ထို့အပြင် ဤတံခါးအတွင်းမှနေ၍ အခြားသော မူလသဘောတရားအဆင့် ယန်နတ်ဘုရားများ၏ နိယာမများကိုပင် နားလည်နိုင်ပေလိမ့်မည်။

၎င်းမှာ အမှန်သာဆိုလျှင် ကောင်းကင်ဘုံအရှင်သခင် မိုကျိသည် မသေမျိုးနယ်မြေ၌ ထိပ်တန်း ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

"ဟားဟားဟား... ကံကြမ္မာက ငါ့ကို ရွေးချယ်လိုက်ပြီပဲ။"

ထိုခဏတွင် မိုကျိ၏ ဆင်ခြင်တုံတရားမှာ ပျောက်ကွယ်သွားပြီး ပြင်းပြသော ရမ္မက်များက ဖုံးလွှမ်းသွားတော့သည်။

ရှေ့ရှိ အနန္တအသွင်ကူးပြောင်းတံခါးမှာ သူ၏ တစ်ခုတည်းသော ပန်းတိုင် ဖြစ်လာ၏။

မူလနိယာမအဆင့် ပုဂ္ဂိုလ်တစ်ဦးမျှ ဤတံခါးကို မဖမ်းဆီးနိုင်ခဲ့သော်လည်း သူသာ အောင်မြင်သွားခဲ့လျှင် ဘယ်လိုဖြစ်မလဲ။

ထို့နောက် ရုတ်တရက် အနန္တအသွင်ကူးပြောင်းတံခါးမှာ ပွင့်လာလေသည်။

မိုကျိမှာ အံ့အားသင့်သွား၏။

ဤကဲ့သို့ ဖြစ်ရပ်မျိုးကို သူ တစ်ခါမှ မကြားဖူးပေ။

မူလသဘောတရားအဆင့် ပုဂ္ဂိုလ်များပင်လျှင် ဤတံခါးကို အတင်းအကျပ် မဖွင့်နိုင်ခဲ့ကြချေ။

မူလသဘောတရားများတံခါးထဲသို့ ဝင်ရောက်နိုင်ခြင်းသည်ပင် မသေမျိုးနယ်မြေ၌ အကြီးမားဆုံးသော ကံကောင်းမှုဟု သတ်မှတ်ကြသည်။

ထိုအခိုက် ခရမ်းရောင်ချီစွမ်းအင်မှာ တံခါးထဲသို့ ပျံဝင်သွားလေသည်။

တံခါး၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လှုပ်ခတ်လာပြီး ပျောက်ကွယ်တော့မည့် ပုံစံမျိုး ဖြစ်နေ၏။

ဤသည်ကို မြင်သောအခါ မိုကျိမှာ ထပ်မံ တွန့်ဆုတ်မနေတော့ပေ။ မဟုတ်ပါက ဤအတုမဲ့ အခွင့်အရေးမှာ ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။

"ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါတို့က ကြောက်ရွံ့မှုမရှိဘဲ ရှေ့သို့ တိုးရမယ်။"

"ကံကြမ္မာက ငါ့ကို ရွေးချယ်လိုက်ပြီ။"

မိုကျိသည် ထပ်မံ မစဉ်းစားတော့ဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ခုန်ဝင်လိုက်လေသည်။

ငါကို စောင့်ကြိုနေမှာက အနန္တ နိယာမတရားတွေ ဖြစ်လိမ့်မယ်။

ငါက မသေမျိုးနယ်မြေမှာ ထိပ်ဆုံးဖြစ်လာလိမ့်မယ်။

ထိုအချိန်တွင် ကျိယွမ်က ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ပြုံးလိုက်၏။

"ကျင့်ကြံဖော်ကျိ... ငါးက ငါးစာကို ဟပ်လိုက်ပြီ။ ပိုက်ကွန်ကို သိမ်းကြစို့။"

ထိုသို့ပြောပြီးနောက် သူက ကျိပုဖျင်၏ လည်ပင်းကို ဆွဲကာ သူ၏ ခရမ်းရောင်နန်းတော်အတွင်းသို့ ဆွဲခေါ်သွားတော့သည်။

တစ်ဖက်တွင်လည်း နန်းတော်အတွင်းသို့ရောက်သောအခါ မိုကျိ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွား၏။

"သေခြင်းတရား အရှိန်အဝါလား။"

"ယင်စွမ်းအင်လား။"

"ဒါက မူလသဘောတရားတံခါး ဖြစ်ရမှာ မဟုတ်လား။ နိယာမတွေပဲ ရှိရမှာလေ ၊ ဒါတွေက ဘာတွေလဲ.."

သူသည် အံ့အားသင့်သွားပြီး ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

တံခါးထဲသို့ ဝင်လိုက်လျှင် အတိုင်းအဆမရှိသော နိယာမတရားများကို တွေ့ရမည်ဟု သူ မျှော်လင့်ထားခြင်းပင်။

ဒါပေမဲ့... ဘာနိယာမမှ မရှိဘူး။

ထိုအစား ဤနေရာမှာ ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရား အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။

ဒါက မူလသဘောတရားတံခါးရဲ့ အတွင်းပိုင်းနဲ့ လုံးဝမတူဘူး။

ဒါပေမဲ့ ငါတို့က တံခါးထဲကို သေချာပေါက် ဝင်လာခဲ့တာပဲလေ။

ရုတ်တရက် သူ၏ အမူအရာ ထပ်မံ ပြောင်းလဲသွားပြန်သည်။

"ကောင်းကင်ပေါင်းစုံက ကြယ်တာရာတွေ မရှိဘူး... နေဆယ်စင်းပဲ ရှိတာလား။"

ထိုခဏတွင် သူသည် ပြင်းထန်သော အန္တရာယ်ကို အာရုံရလိုက်၏။

ဤနေဆယ်စင်းမှာ အလွန်ပင် ရင်းနှီးနေသည်။

ဒါက မကြာသေးခင်က နေဆယ်စင်း ယန်နတ်ဘုရားက မဟာနေမင်းရာဇပလ္လင်ကို လုယူဖို့ ကြိုးစားတုန်းက နေတွေနဲ့ တူနေတာ မဟုတ်လား။

"ဘယ်သူလဲ။ ထွက်ခဲ့စမ်း။"

မိုကျိက သတိကြီးစွာဖြင့် အော်ဟစ်လိုက်သည်။

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဆေဘာဓားရှည်ကြီး တစ်လက်ကို ကိုင်ထားပြီး တုန်တုန်ယင်ယင်နှင့် ချဉ်းကပ်လာသော ဝတ်ရုံနက်ဝတ် ကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရ၏။

မိုကျိက ချက်ချင်းပင် တင်းမာသွားသည်။

"မဟာအုပ်စိုးရှင် တစ်ယောက်လား။"

မဟုတ်ဘူး။ ဒါက မဖြစ်နိုင်ဘူး။ သူ တစ်ခုခုကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်။

"မင်းက ဘယ်သူလဲ။ နေမင်းဆယ်စင်း ယန်နတ်ဘုရားလား။"

မိုကျိက ဓားကိုင်ထားသော လူကို စိုက်ကြည့်ရင်း မေးလိုက်သည်။

သို့သော် ထိုလူက ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေ၏။

သူသည် မိုကျိကိုသာ မမှိတ်မသုန် စိုက်ကြည့်နေသည်။

သူ၏အကြည့်မှာ မိုကျိ၏ ဝမ်းဗိုက်ပေါ်သို့ ရောက်နေပြီး သူ့ကို လျှောတိုးဝင်ကာ ဝမ်းဗိုက်ကို ခွဲပစ်ရန် တကယ်ပင် ကြံစည်နေပုံရသည်။

"ဟန်ဆောင်မနေနဲ့။"

မိုကျိက သတိထားနေသော်လည်း သူသည် ယန်နတ်ဘုရားတစ်ပါး ဖြစ်နေဆဲပင်။

မူလနိယာမအဆင့် ယန်နတ်ဘုရား တစ်ပါးနှင့် ရင်မဆိုင်ရသရွေ့ သူ ဘေးကင်းပေလိမ့်မည်။

"သေစမ်း။"

ဝတ်ရုံနက်နှင့်ပုံရိပ် နီးကကပ်လာသည်ကို မြင်သောအခါ မိုကျိက တွေဝေမနေဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် ငါ့ရှေ့က ဓားကိုင်ထားတဲ့လူက ထူးဆန်းလွန်းနေတယ်။ သူက ဖုံးကွယ်ထားတဲ့ ပညာရှင်တစ်ယောက် ဖြစ်ရမယ်။

" လျှောတိုးမယ်..."

ကျိယွမ်၏အသံမှာ ကျိပုဖျင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး ကျိပုဖျင်မှာ ထိုလျှောတိုးသည့် လှုပ်ရှားမှု တစ်ခုတည်းကိုသာ သတိရတော့သည်။

သူသည် လျှောတိုးတိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ပြီး ကြီးမြတ်သော မူလနိယာမအဆင့်ပညာရှင်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် အချိန်တစ်ခုကိုပင် မှတ်မိသလိုလို ဖြစ်လာ၏။

ယခု သာမန် ယန်နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရာတွင်လည်း သူ၏လျှောတိုးမှု တစ်ချက်က...

သို့သော် သူ၏အတွေးကိုပင် မဆုံးသေးခင်မှာ ကျိပုဖျင်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မိုကျိမှာ ရှေ့သို့ ကြည့်ကာ အနည်းငယ် တွေဝေသွား၏။

တစ်ချက်တည်း တိုက်ခိုက်လိုက်ရုံနှင့် ပြိုင်ဘက်မှာ ပြာအဖြစ် ကြေပျက်သွားသည် မဟုတ်လား။

ထိုမျှလောက် အလွယ်တကူ အနိုင်ရလိုက်ခြင်းမှာ သူ့ကို တွေဝေသွားစေသည်။

ဒါက ထောင်ချောက်တစ်ခုဆိုရင် ဘာလို့ မဟာအုပ်စိုးရှင် တစ်ယောက်ကိုပဲ လွှတ်ထားတာလဲ။ မိုကျိမှာ စဉ်းစားမရ ဖြစ်နေ၏။

သူ ထိုသို့စဥ်းစားမရဖြစ်နေသည်မှာ သဘာဝကျပေသည်။ သူသည် ကျိယွမ်ကို မသိသလို ကျိယွမ်၏ စဉ်းစားပုံကိုလည်း သူ နားမလည်​သောကြောင့်ပင်။

"ရဲတင်းလှချေလား။"

ရုတ်တရက် ဘယ်ကမှန်းမသိသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။

"ကျူးကျော်ဝင်ရောက်လာပြီး လူသတ်မှု ကျူးလွန်တာက သေဒဏ်ပေးရမယ့် ပြစ်မှုပဲ။"

သွေးနီရောင် ဝတ်ရုံဝတ်ထားသော ပုံရိပ်တစ်ခု ပေါ်လာသည်။

သူ၏အမူအရာမှာ သေသွားသောသူအတွက် အလွန်ပဝမ်းနည်းကြေကွဲနေပြီး တရားမျှတမှုအတွက် ဒေါသထွက်နေပုံရ၏။

ဤလူကို မြင်လိုက်ရသောအခါ မိုကျိ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ဒါ... မင်းက နေဆယ်စင်းကောင်းကင်ဘုံအရှင်သခင်လား။"

"ငါက နေဆယ်စင်းယန်နတ်ဘုရား ဟုတ်မဟုတ်က အရေးမကြီးဘူး။ အရေးကြီးတာက ငါက မျက်မြင်သက်သေ ဖြစ်နေတာပဲ။"

ကျိယွမ်က တရားသူကြီးတစ်ဦးကဲ့သို့ မိုကျိကို ဆုံးဖြတ်ချက် ချလိုက်သည်။

"စကားပုံ ရှိသလိုပဲ အသက်ကို အသက်နဲ့ လဲရမယ်။ ဒီနေ့... မင်း ဒီမှာ သေရမယ်။"

ကျိယွမ်သည် မတရားသဖြင့် သတ်ဖြတ်ခြင်းကို မုန်းတီးသူ ဖြစ်၏။

အထူးသဖြင့် မိုကျိသည် သူ၏ အပြစ်ကင်းစင်ပြီး ဖြူစင်သော အဖော် ကျိပုဖျင်ကို သူ၏ ရှေ့တွင်ပင် သတ်ဖြတ်ခဲ့သည်။

ကျိပုဖျင်ကဲ့သို့သော သူက သူ၏ အိမ်ထဲတွင် သေဆုံးသွားခြင်းကို ကျိယွမ်က ဒီအတိုင်း ကြည့်မနေနိုင်ပေ။

ငါ ခေါ်လာတဲ့လူ အသတ်ခံလိုက်ရတာပဲ။ ငါ လက်စားချေပေးရမယ်။

မိုကျိသည် ကျိယွမ်ကို မေးခွန်းများစွာဖြင့် ကြည့်နေ၏။

သူက "မင်း ရူးနေတာလား" ဟု မေးချင်သော်လည်း ရိုင်းရာကျမည် စိုးသဖြင့် ထိန်းထားလိုက်သည်။

မူလသဘောတရအဆင့်အချို့မှာ သူတို့ ထိန်းချုပ်ထားသည့် နိယာမသဘောတရားများကြောင့် ပုံမှန်မဟုတ်သော အပြုအမူများ ရှိတတ်သော်လည်း သူ့ရှေ့ကလူကတော့ ထိုသို့သော သူမျိုးလည်း မဟုတ်ပေ။

"ကျင့်ကြံဖော်... ငါတို့ အေးအေးဆေးဆေး စကားပြောလို့ မရဘူးလား။"

မိုကျိက သတိကြီးစွာဖြင့် မေးလိုက်၏။

လက်ရှိအခြေအနေများမှာ ရှုပ်ထွေးနေသဖြင့် သူအလွန်ထိတ်လန့်နေပြီးကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေရသည်။

"အော်... အခုကျတော့မှ ငါ့ကို အေးအေးဆေးဆေး စကားမပြောဘူးလို့ စွပ်စွဲတာလား။ခုနကတော့ မင်းမမေးခဲ့ဘူး ၊ မင်းက တကယ့်ကို ရှားပါးတဲ့ လူယုတ်မာပဲ။"

ကျိယွမ်မှာ ထပ်မံ တွန့်ဆုတ်မနေတော့ပေ။

ရာဇဝတ်ကောင်က မင်းအိမ်ထဲကို ကျူးကျော်ဝင်လာရင် ဘာလုပ်ရမလဲ။

သတ်ပစ်ရမှာပေါ့။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာက ဥပဒေနဲ့ မဆန့်ကျင်ဘူးလေ။

ဒါ့အပြင် ဒီကျူးကျော်သူက လူသတ်မှုတောင် ကျူးလွန်ထားသေးတာ။

ကျိယွမ်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။

ထိုခဏတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်များ အားလုံး စုစည်းသွားပြီး သူတို့၏ စွမ်းအားအားလုံးကို ကျိယွမ်ထံသို့ ပေးပို့လိုက်ကြ၏။

သူ၏ ပုံရိပ်မှာ ပိုမို မြင့်မားလာသလို သူ၏ ခွန်အားမှာလည်း အဆမတန် တိုးလာလေသည်။

မိုကျိ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားပြီး ထိတ်လန့်မှုများ ပြည့်နှက်သွား၏။

"ဖြတ်လမ်းနည်းနဲ့ ချိုးဖြတ်လာတဲ့ယန်နတ်ဘုရားလား။"

ပထမ၌ သူ့ရှေ့ကလူမှာ မူလနိယာမသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါး၏ အရှိန်အဝါမျိုး မရှိပေ။

ထို့ကြောင့် သူ၏ စွမ်းအားက မိုကျိထက် များစွာ သာလွန်နေလျှင်ပင် မိုကျိတွင် ခုခံနိုင်သော နည်းလမ်းများ ရှိပေသည်။

သို့သော် ယခု ထိုလူထံမှ ထွက်ပေါ်နေသော စွမ်းအင်မှာ... မူလနိယာမအဆင့် ပညာရှင်တစ်ဦးနှင့် ညီမျှနေသည် မဟုတ်လား။

မိုကျိမှာ တုန်လှုပ်ချောက်ချားသွား၏။

တစ်ခုတည်းသော ရှင်းပြချက်မှာ ဤလူသည် အခြားနည်းလမ်းဖြင့် တက်လှမ်းထားသော ယန်နတ်ဘုရား ဖြစ်နေခြင်းပင်။

ဒါပေမဲ့ နေဆယ်စင်း ယန်နတ်ဘုရားက မဟာနေမင်းရာဇပလ္လင်ကို ရယူဖို့ ရည်မှန်းထားတာ မဟုတ်လား။

နေဆယ်စင်း ယန်နတ်ဘုရားက ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူက ဘာလို့ အခြားနည်းလမ်းကို ရွေးချယ်ခဲ့တာလဲ။

"ဘာကို ဖြတ်လမ်းနည်းနဲ့ တက်လှမ်းသော ယန်နတ်ဘုရားလဲ။ ငါက ခရမ်းရောင်နန်းတော်အဆင့်က တရားမျှတတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။"

ခဏချင်းမှာပင် ကျိယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် တစ်ထောင်ကျော်၏ စွမ်းအင်များ စုစည်းသွားပြီး သူ၏ ခွန်အားမှာ မမှန်းဆနိုင်သော အဆင့်သို့ ရောက်ရှိသွားကာ ကောင်းကင်ဘုံအရှင်သခင် မိုကျိထံသို့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်လေသည်။

ထိုစွမ်းအားမှာ အတိုင်းအဆမရှိ ပြင်းထန်လှ၏။

တားဆီး၍ မရပေ။

စစ်မှန်သော ခွန်အားလည်း ဖြစ်သည်။

ဤတိုက်ခိုက်မှုအောက်တွင် ကောင်းကင်ဘုံအရှင်သခင် မိုကျိမှာ ခုခံနိုင်စွမ်း မရှိတော့ပါ။

ဤကဲ့သို့သော စွမ်းအားကွာဟမှုမှာ မည်သည့် တိုက်ခိုက်ရေးနည်းစနစ်၊ တာအိုနည်းလမ်း သို့မဟုတ် နတ်ဘုရားစွမ်းအင်များဖြင့်မျှ မကျော်လွှားနိုင်သော အရာ ဖြစ်သည်။

မိုကျိ၏ ခန္ဓာကိုယ်မှာ ထိုလက်သီးချက်၏ စွမ်းအားကြောင့် ကြေပျက်သွားပြီး သူ၏ ဝိညာဉ်မှာလည်း ထိုခဏ၌ပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့သည်။

ကျိယွမ်၏ လက်သီးချက်မှာ အဆင့်နိမ့် မူလနိယာမအဆင့် ပညာရှင်တစ်ဦး၏ ဖျက်ဆီးအားနှင့် ညီမျှနေပြီး ယန်နတ်ဘုရား အစောပိုင်းအဆင့်၌သာ ရှိသေးသော မိုကျိမှာ ၎င်းကို မခုခံနိုင်ပေ။

သို့သော် မိုကျိ၏ ဝိညာဉ်မှာ လုံးဝ ပျက်စီးသွားခြင်း မဟုတ်ပေ။

ကျိယွမ်က ထိုတိုက်ခိုက်မှုတွင် အနည်းငယ် ထိန်းထားခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် မိုကျိသာ ချက်ချင်း သေဆုံးသွားပါက မိုလိုမျိုးနွယ်စု၏ အာရုံစိုက်မှုကို ရရှိသွားနိုင်ပြီး ကျိယွမ်၏ လက်ရှိ အစီအစဉ်များကို နှောင့်ယှက်ကာ အခြားသူများကို ငါးစာဖြင့် ဆွဲဆောင်ရန် ခက်ခဲသွားပေလိမ့်မည်။

ထို့ကြောင့် မသိသာစေရန် သူသည် မိုကျိ၏ ဝိညာဉ်အကျိုးအပဲ့ အနည်းငယ်ကို ကျန်ရစ်စေခဲ့သည်။

"မင်း..."

မိုကျိမှာ ထိတ်လန့်စွာဖြင့် စကားထစ်နေ၏။

ထိုခဏတွင် ကျိယွမ်သည် မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသုံးပြုလိုက်သည်။

"မြေးလေး... မင်း မေ့သွားပြီလား။ ငါက မင်းရဲ့ ပျောက်ဆုံးနေတဲ့ ဘိုးဘေးပဲ။"

"မင်းရဲ့ ဘိုးဘေးဖြစ်တဲ့ ငါက တကယ်တော့ အနန္တအသွင်ကူးပြောင်းတံခါးရဲ့ စောင့်ရှောက်သူ ဝိညာဉ်ပဲ။"

"မင်း မမှတ်မိဘူးလား။"

"ငါ မင်းကို ဒဏ်ရာရအောင် လုပ်လိုက်တာက မင်းရဲ့ ကောင်းကျိုးအတွက်ပဲ။ အဲဒါမှ မင်းက အနန္တအသွင်ကူးပြောင်းတံခါးကို ဆက်ခံနိုင်မှာ။"

မဟာမေ့လျော့ခြင်းစိတ်ကျမ်း အစွမ်းပြလာသည်နှင့်အမျှ ကျိယွမ်သည် မိုကျိ၏ ဝိညာဉ်အကျိုးအပဲ့များကို စတင်၍ ဦးနှောက်ဆေးလေတော့သည်။

မိုကျိသာ အစွမ်းအစ အပြည့်အဝ ရှိနေပါက ကျိယွမ်၏ စိတ်ကျမ်းမှာ အောင်မြင်မည် မဟုတ်ပေ။ သို့သော် ယခု မိုကျိမှာ အလွန်အမင်း အားနည်းနေပြီး သူ၏ ဝိညာဉ်မီးလျှံမှာ ကျိယွမ်၏ လက်ထဲတွင်သာ ရှိနေ၏။

တဖြည်းဖြည်းနှင့် မဟာမေ့လျော့ခြင်းစိတ်ကျမ်းက မိုကျိ၏ မှတ်ဉာဏ်များကို ဖျက်ဆီးပစ်လိုက်ပြီး ကျိယွမ်က သူ၏ စိတ်ထဲတွင် မှတ်ဉာဏ်အသစ်များကို ဖန်တီးပေးလိုက်သည်။

အချိန်ဝက်ခန့် ကြာပြီးနောက် ကျိယွမ်သည် သက်ပြင်းချလိုက်၏။

"ဦးနှောက်ဆေးတာ အောင်မြင်သွားပြီ။"

ဘာပဲဖြစ်ဖြစ် မိုကျိကို ဦးနှောက်မဆေးထားလျှင် မိုကျိက အဖမ်းမခံရစေရန် သူ၏ ဝိညာဉ်ကို သူကိုယ်တိုင် ဖျက်ဆီးပစ်နိုင်သည့် အန္တရာယ် ရှိသေးသည်။

၎င်းသာ ဖြစ်လာခဲ့လျှင် မိုလိုမျိုးနွယ်စုက သေချာပေါက် သိသွားပေလိမ့်မည်။

ကျိယွမ်၏ နောင်အစီအစဉ်များ အောင်မြင်ရန် ခက်ခဲသွားမည်ဖြစ်ပြီး သူကိုယ်တိုင်ပင် ထောင်ချောက်ထဲသို့ ပြန်လည်ကျရောက်သွားနိုင်သည့် အခွင့်အရေး ရှိ၏။

"ဟင်း... ငါ့မှာသာ အရှေ့ဘက်သခင် ရဲ့ စကားပြောစွမ်းရည်မျိုး ရှိရင် သိပ်ကောင်းမှာပဲ။"

ကျိယွမ်က ညည်းညူလိုက်သည်။

မဟာမေ့လျော့ခြင်းစိတ်ကျမ်းမှာ အလုပ်လုပ်ရန် နှေးကွေးလှ၏။အရှေ့ဘက်သခင် ကမူ စကားတစ်လုံးတည်းဖြင့် အခြားသူများကို သိမ်းသွင်းနိုင်စွမ်း ရှိသည် မဟုတ်လား။

"နှမြောစရာပဲ။ ဒီအဘိုးကြီးရဲ့ သိုလှောင်အိတ်ထဲက ရတနာတွေအားလုံးက ငါ့လက်သီးချက်ကြောင့် ပျက်စီးသွားပြီ။"

ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်၏။

သို့သော် မတတ်နိုင်ပေ။

ဘာပဲဖြစ်ဖြစ် ယန်နတ်ဘုရားများမှာ ဂေါ်ဖီထုပ်များကဲ့သို့ ပေါများလှသည် မဟုတ်ချေ။

စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်မှာ သိုလှောင်အိတ်ထက် ပို၍ နုနယ်နိုင်သော်လည်း ယန်နတ်ဘုရားတစ်ပါးမှာမူ မဖြစ်နိုင်ပေ။

ယန်နတ်ဘုရား၏ ခန္ဓာကိုယ် ကြေပျက်သွားစေသည့် စွမ်းအားအောက်တွင် သိုလှောင်အိတ်က အကောင်းအတိုင်း ကျန်ရစ်ဖို့မှာ မဖြစ်နိုင်သော အရာပင်။

"ဒါပေမဲ့..."

ကျိယွမ်က ခဏမျှ စဉ်းစားလိုက်သည်။

"ဟင်း... ရုပ်ဆိုးတဲ့ အဘိုးကြီးတစ်ယောက်အဖြစ် ငါ ရုပ်ဖျက်ရမယ့် နေ့ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။"

ထိုသို့ပြောရင်း ကျိယွမ်၏ ရုပ်သွင်မှာ ပြောင်းလဲလာလေသည်။

ခဏချင်းမှာပင် သူသည် ကောင်းကင်ဘုံအရှင်သခင် မိုကျိ၏ ပုံစံသို့ ပြောင်းလဲသွား၏။

သူသည် မိုကျိ၏ ဝိညာဉ်ကို စစ်ဆေးထားပြီး ဖြစ်သည်။

ယခုအခါ သူသည် မိုကျိ၏ ဂူကျောင်းအတွင်းသို့ ခိုးဝင်ရန်နှင့် တန်ဖိုးရှိသော ရတနာအချို့ကို ရယူရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ငါလာပြီဟေ့...​။

-----------

အခန်း ၄၁၃ - နင်သာ ထိုက်ဟွမ်နန်းတော်ကလူကို အနိုင်ယူနိုင်ရင် ငါနင့်ရဲ့ မယားငယ်လုပ်မယ်

မိုလိုမြင့်မြတ်မျှော်စင်၏ အလယ်ဗဟို၌...

တောက်ပသော အလင်းတန်းများ ပတ်ဝန်းကျင်၌ ဝန်းရံနေပြီး မရေမတွက်နိုင်သော ဂူကျောင်းများ ထိုနေရာတွင် ပြည့်နှက်နေသည်။

ထိုဂူကျောင်းများအတွင်း၌ ယင်နတ်ဘုရားများစွာမှာ တံခါးပိတ်ကျင့်ကြံနေကြခြင်း သို့မဟုတ် ဆေးလုံးများ ဖော်စပ်နေကြခြင်းများ ပြုလုပ်နေကြ၏။

ဗဟိုချက်နှင့် နီးကပ်လေလေ ထိုဂူကျောင်းများတွင် နေထိုင်သော ပညာရှင်များမှာ ပိုမိုအစွမ်းထက်လေလေ ဖြစ်သည်။

ဗဟိုချက်နှင့် အနီးကပ်ဆုံးသော ဂူကျောင်းများတွင်တော့ ဒဏ္ဍာရီလာအဆင့်ပညာရှင်များ နေထိုင်ကြ၏။

ဂူကျောင်းများကို ပျားအုံသဖွယ် အဆင့်ဆင့်စီစဉ်ထားသည်။

အလယ်ဗဟိုတည့်တည့်တွင်မူ ယန်နတ်ဘုရားမိုကျိ၏ ဂူကျောင်း ရှိလေသည်။

ကျိယွမ်က အပေါ်သို့ မော့ကြည့်လိုက်ရာ အထက်ရှိ ကြယ်တာရာများကို မြင်လိုက်ရ၏။

"ကံကောင်းတာက အနန္တအသွင်ကူးပြောင်းတံခါးက အရာအားလုံးကို အပြင်နဲ့ အဆက်အသွယ် ဖြတ်ပေးထားလို့။ မဟုတ်ရင် ယန်နတ်ဘုရား မိုကျိက သူ့ရဲ့ ကြယ်တာရာနဲ့ ပေါင်းစပ်လိုက်တာနဲ့ တိုက်ပွဲဖြစ်နေတာကို တစ်မျိုးနွယ်စုလုံး သိသွားလိမ့်မယ်။"

ကောင်းကင်ဘုံကို လင်းထိန်စေပြီး ကိုယ်ပိုင်နတ်ဘုရားကြယ်တာရာ ရှိသော ယန်နတ်ဘုရား မိုကျိသည် တိုက်ပွဲအတွင်း သူ၏ ကြယ်တာရာစွမ်းအားကို ဆွဲယူအသုံးပြုနိုင်ပေသည်။

ဤသည်က သူ၏ ခွန်အားကို များစွာ တိုးတက်စေ၏။

သို့သော် သူ၏ ကြယ်တာရာကို အသက်သွင်းလိုက်သည်နှင့် ၎င်းမှာ အလွန်တောက်ပလာမည် ဖြစ်သည်။

သတိရှိသော မည်သည့်ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်မဆို ဤထူးခြားမှုကို သတိပြုမိနိုင်ပေသည်။

ထို့အပြင် ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင် တစ်ပါး သေဆုံးသွားပါက သူတို့၏ ကြယ်တာရာအရိပ်မှာ တဖြည်းဖြည်း မှိန်သွားပြီး နောက်ဆုံးတွင် ကွယ်ပျောက်သွားမည် ဖြစ်သည်။

ထို့ကြောင့်လည်း ကျိယွမ်သည် ယန်နတ်ဘုရား မိုကျိ၏ ဝိညာဉ်အကျိုးအပဲ့ကို ချန်ထားခဲ့ခြင်း ဖြစ်သည်။

ယန်နတ်ဘုရားမိုကျိ၏ ဂူကျောင်းဝင်ပေါက်သို့ ရောက်သောအခါ ကျိယွမ် ရပ်တန့်လိုက်၏။

သူ၏ ရှေ့တွင် ပါးလွှာသော အတားအဆီးတစ်ခု ရှိနေပြီး ၎င်းမှာ မိုလိုမြင့်မြတ်မျှော်စင်၏ အဓိကဗဟိုဧရိယာ ဖြစ်သည်။

ဤအတားအဆီးမှာ မိုလိုမြင့်မြတ်မျှော်စင်၏ ဖန်တီးမှုရတနာနှင့် ချိတ်ဆက်ထား၏။

မိုလိုမျိုးနွယ်စု ယန်နတ်ဘုရားတစ်ပါး၏ ခွင့်ပြုချက်မပါဘဲ အခြားယန်နတ်ဘုရားများမှာ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

"မြေးလေး... ထွက်ခဲ့စမ်း။ ငါ မင်းရဲ့ စောင်နဲ့ သွားတိုက်တံကို လာယူတာ"

ကျိယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

အမှန်စင်စစ် သူသည် ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်ခြင်းသာဖြစ်ပြီး ယန်နတ်ဘုရား မိုကျိ၏ ဝိညာဉ်အငွေ့အသက် အနည်းငယ်ကို အတားအဆီးနှင့် ထိတွေ့စေလိုက်၏။

စစ်ဆေးမှု အောင်မြင်သွားသဖြင့် ကျိယွမ်မှာ ယန်နတ်ဘုရား မိုကျိ၏ ဂူကျောင်းအတွင်းသို့ ရဲရဲဝံ့ဝံ့ ဝင်သွားတော့သည်။

"နှမြောစရာပဲ... ပစ္စည်းကောင်းတွေ အားလုံးက ပျက်စီးသွားပြီ"

ကျိယွမ်က သက်ပြင်းချလိုက်သော်လည်း နှမြောတသဖြစ်နေခြင်းဖြင့် အချိန်မဖြုန်းတော့ပေ။

သူက အထဲသို့ ဆက်ဝင်သွားလိုက်ရာ သူ့ကို စောင့်ကြိုနေသည်မှာ ယန်နတ်ဘုရားမိုကျိ၏ ရတနာတိုက်ပင်။

"ဝါး... ရတနာတွေ အများကြီးပဲ။ ငါ့ရဲ့ က မျှော်လင့်ခြင်းလမင်းက ထင်ထားတဲ့အတိုင်းပဲ"

ကျိယွမ်က မြင်ကွင်းကို ကြည့်ပြီး အံ့သြသွားသည်။

ထိုနေရာတွင် တန်ဖိုးမဖြတ်နိုင်သော မှော်လက်နက်များနှင့် အဖိုးတန်ဆေးလုံး အမျိုးမျိုး ရှိနေ၏။

ဆေးလုံးတစ်လုံးတည်းနှင့်ပင် မိုလိုမြင့်မြတ်မျှော်စင်အတွင်းရှိ ကျင့်ကြံသူအားလုံးကြား သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ပွားစေနိုင်သည်။

သို့သော် ကျိယွမ်သည် ဤရုပ်ဝတ္ထုရတနာများကို စိတ်မဝင်စားပေ။

သူသည် မိမိ၏ ကြိုးစားအားထုတ်မှုနှင့် ဉာဏ်ပညာဖြင့်သာ ကျင့်ကြံသူဖြစ်ကြောင်း ဂုဏ်ယူလေ့ရှိပြီး ဆေးလုံးများကဲ့သို့သော ပြင်ပအထောက်အပံ့များကို အားကိုးခဲလှသည်။

"မဆိုးဘူးပဲ။ နတ်ဘုရားနည်းစနစ် တော်တော်များများ ရှိတာပဲ။အမြုတေ များများရတော့မှာပေါ့"

ကျိယွမ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာ၏။

သူသည် ရတနာများထက် ကျင့်စဉ်များကို ပို၍စိတ်ဝင်စားလေသည်။

"ငါ့ရဲ့ လမင်းလေးက တကယ့်ကို ချမ်းသာတာပဲ။ မယုံနိုင်စရာပါလား"

သို့သော် ဗုဒ္ဓတိုင်းပြည် ကဲ့သို့သော နေရာများမှာ ပို၍ ရက်ရောကြပြီး ကျိယွမ်ကို သူတို့တွင်ရှိသော နတ်ဘုရားအဆင့်ကျင့်စဉ်တိုင်းကို တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ရိုက် ပေးအပ်ခဲ့ကြသည်။

ကျိယွမ် သက်ပြင်းချလိုက်၏။

ငါရဲ့ လမင်​လေးကသာ ငါ့ကို တကယ်ချစ်ပြီး ငါလိုချင်တဲ့ ကျင့်စဉ်တွေ အကုန်ပေးခဲ့မယ်ဆိုရင်...

ငါက ဘယ်လိုလုပ် သတ်ရက်မှာလဲ။

ငါ အားနာမိမှာပေါ့ ဟုတ်တယ်မလား။

"တစ်ခုတည်းသော အားနည်းချက်က ဒီကျင့်စဉ်တွေထဲက နှစ်ခုက ဗုဒ္ဓတိုင်းပြည်က ပေးထားတဲ့ ကျင့်စဉ်တွေနှင့် ထပ်နေတာပဲ"

ကျင့်စဉ်အားလုံးကို သိမ်းဆည်းပြီးနောက် ကျိယွမ်၏ အကြည့်မှာ အခန်းထောင့်ရှိ တစ်နေရာသို့ ရောက်သွား၏။

"ကောင်းကင်ဖြတ်သန်းကျောက်စိမ်းလား"

သူ၏ မျက်လုံးများ ပြန်လည် တောက်ပလာပြန်သည်။

[ကောင်းကင်ဖြတ်သန်းကျောက်စိမ်း - အတားအဆီးများကို ကျော်ဖြတ်ပြီး ကိုးခုမြောက် ကောင်းကင်ဘုံအထိ ရောက်ရှိနိုင်သည်။]

ကောင်းကင်ဖြတ်သန်းကျောက်စိမ်း ငါးခုမှာ ကျိယွမ်၏ လက်ထဲသို့ ရောက်လာ၏။ သူသည် အလွန်ဝမ်းသာသွားတော့သည်။

"ငါ နောက်ဆုံးတော့ အထက်နယ်မြေကို တက်လှမ်းနိုင်ပြီ"

ကောင်းကင်ဖြတ်သန်းကျောက်စိမ်း တစ်ခု ရရှိရန် မဟူရာနတ်ဆိုးချောက်နက်ကြီး ထဲတွင် နှစ်ပေါင်းတစ်သောင်းခန့် အလုပ်လုပ်ရမည်ဟု ဆိုထားသည်မဟုတ်ပါလား ။

သို့သော် ယခုမူ သူသည် တစ်ပြိုင်နက်တည်း ငါးခုတောင် ရရှိခဲ့ခြင်း ဖြစ်သည်။

"ဒါပေမဲ့ ငါ အခုချက်ချင်းတော့ မတက်လှမ်းနိုင်သေးဘူး"

မိုလိုမြင့်မြတ်မျှော်စင်မှ တက်လှမ်းခြင်းသည် ချောက်နက်ကြီးရှိ တိုက်ပွဲနယ်မြေသို့ တိုက်ရိုက်ဝင်ရောက်ခြင်းဖြစ်သည်။

တစ်စုံတစ်ယောက်က ရုတ်တရက် တက်လှမ်းသွားပါက ဘက်ပေါင်းစုံမှ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။

ကျိယွမ်က ခိုးဝင်ရန် ကြံစည်ထားခြင်း ဖြစ်သဖြင့် ၎င်းမှာ အန္တရာယ်ရှိသော ကိစ္စဖြစ်သွားပေလိမ့်မည်။

"ကံကောင်းတာက... ငါ့မှာ ဒါရှိတယ်"

ကျိယွမ်၏ အကြည့်မှာ တရားဝင် အမိန့်စာတစ်ခုပေါ်သို့ ရောက်ရှိသွားပြီး သူ၏ အကြည့်မှာ နက်ရှိုင်းသွား၏။

ဤအမိန့်စာမှာ မိုလိုမျိုးနွယ်စု၏ အကြီးအကဲကောင်စီမှ လာခြင်းဖြစ်ပြီး ယန်နတ်ဘုရား မိုကျိအား တာဝန်ထမ်းဆောင်ရန် အထက်နယ်မြေသို့ လာရောက်သတင်းပို့ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

အထက်နယ်မြေရှိ ချောက်နက်ကြီးတွင် မိုလိုမျိုးနွယ်စုသည် လက်ရှိ၌ လနတ်ဘုရားနန်းတော်နှင့် စစ်ဖြစ်နေသည်။

မိုလိုမျိုးနွယ်စုသည် ထိုနေရာ၌ ယန်နတ်ဘုရား နှစ်ဆယ်နီးပါး ချထားပြီး ၎င်းမှာ သူတို့၏ စုစုပေါင်းအင်အား၏ သုံးပုံတစ်ပုံခန့် ရှိပေသည်။

"နောက်တစ်လကြာရင် ငါ ယန်နတ်ဘုရား မိုကျိနေရာမှာ အစားဝင်ပြီး တက်လှမ်းသွားမယ်။ အဲဒီကျရင် အထက်မှာ ထောင်ချောက်တွေ ဆက်ဆင်လို့ရပြီ"

"ဒါပေမဲ့ အဲဒီမတိုင်ခင် အောက်မှာ ငါးလေးတွေ ထပ်ဖမ်းဖို့ လိုသေးတယ်"

လက်ရှိအချိန်တွင် ကျိယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ အလွန်ပင် အကဲဆတ်လှသည်။

သူ၏ တည်နေရာကို သိသွားပါကထိုက်ဟွမ်နန်းတော်ကလူကို သူ့နောက်သို့ လိုက်လံတိုက်ခိုက်ရန် လှုံ့ဆော်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

မူလသဘောတရားအဆင့် ယန်နတ်ဘုရား တစ်ပါးက ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာကို သူ မသိသေးသဖြင့် ထိုက်ဟွမ်နန်းတော်ကလူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သူ မယုံကြည်သေးပေ။

ထို့ကြောင့် လက်ရှိ၌ သူသည် သတိကြီးစွာ နေထိုင်ရန်လိုအပ်သည်။

"မူလသဘောတရားအစည်းအ​ဝေးဖိတ်ကြားစာလား"

ကျိယွမ်၏ အကြည့်မှာ စာရွက်တစ်ရွက်ပေါ်သို့ ရောက်သွားပြီး စပ်စုချင်စိတ် ပြည့်နှက်သွား၏။

ချက်ချင်းပင် သတင်းအချက်အလက်များစွာ သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။

"ယန်နတ်ဘုရား အားလုံးကို တက်ရောက်ဖို့ ဖိတ်ကြားထားတာလား"

"ငါက ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဝင်ပြီး ပျော်ပါးလို့ ရပါ့မလား"

"ဒါပေမဲ့ ဖိတ်စာထဲမှာ ခရမ်းရောင်နန်းတော်အဆင့်တွေကို မတက်ရဘူးလို့ သူတို့ အတိအလင်း တားမြစ်ထားတာမျိုး မရှိဘူး"

ကျိယွမ်သည် ဤမူလသဘောတရား ဆွေးနွေးပွဲကို အလွန်ပင် စိတ်ဝင်စားသွားသည်။

နာမည်အတိုင်းပင် ၎င်းမှာ ယန်နတ်ဘုရားများ တာအိုလမ်းစဥ်အကြောင်းကိုဆွေးနွေးရန် စုဝေးပွဲတစ်ခု ဖြစ်လေ၏။

ကောင်းကင်ဘုံ၌နေရာယူခြင်းအဆင့်၏ထိပ်ဆုံတွင်ရှိနေသော ယန်နတ်ဘုရားများသည် မူလသဘောတရားနံရံ၏ ရှေ့တွင်ထိုင်ကာ မိမိတို့၏ လမ်းစဉ်ကို ဆင်ခြင်သုံးသပ်ပြီး မူလသဘောတရားများကို နားလည်နိုင်ရန် ကြိုးစားကြသည်။

မူလသဘောတရားအဆင့် ပညာရှင်များသည်လည်း ဤအခွင့်အရေးကို အသုံးချကာ သူတို့၏ လမ်းစဉ်ကို ပြန်လည်သုံးသပ်နိုင်ပြီး မဟာမူလသဘောတရားအဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်ကြ၏။

သို့သော် ၄င်းမှာ ဖြစ်နိုင်ချေရှိသော ပြအခြေအနေတစ်ခုသာ ဖြစ်ပြီး

အဆင့်တက်လှမ်းရန်မှာ အလွန်ပင် ခက်ခဲလှသည်။

မဟုတ်ပါက နှစ်ပေါင်းများစွာအတွင်း မူလသဘောတရားအဆင့် ယန်နတ်ဘုရားများစွာ ပေါ်ထွက်နေမည် မဟုတ်ပါလား။

မဟာမူလသဘောတရားအဆင့်သို့ နောက်ဆုံး တက်လှမ်းသွားသူမှာ ဗုဒ္ဓတိုင်းပြည်၏ မဟာနေမင်းအလင်းဗုဒ္ဓသာ ဖြစ်သည်။

သို့သော် မဟာနေမင်းအလင်းဗုဒ္ဓသည် ပေါ်လာသည်နှင့် ချက်ချင်းပင် သေဆုံးသွားခဲ့၏။

ဤဖြစ်ရပ်ကြောင့် မူလသဘောတရားအသင်းသည် ထိုက်ဟွမ်နန်းတော်ကလူအပေါ် ကြီးမားသော အငြိုးအတေးများ ရှိနေခဲ့ခြင်း ဖြစ်သည်။

"ဘာလို့ မူလသဘောတရားအသင်းက ယန်နတ်ဘုရားတွေကိုပဲ ဖိတ်တာလဲ။ ခရမ်းရောင်နန်းတော်အဆင့်တွေက မူလသဘောတရားတွေကို နားမလည်နိုင်ဘူးလား။"

"အင်း... သူတို့က တကယ့်ကို ခွဲခြားဆက်ဆံတာပဲ"

ကျိယွမ်က သက်ပြင်းချလိုက်သည်။

တကယ်တမ်းတွင် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများ မူလသဘောတရားကို နားမလည်ရဟု မည်သည့်စည်းမျဉ်းမှ မရှိပေ။

ယခု သူ၏လက်ထဲတွင် ဖိတ်ကြားစာ ရှိနေပြီဖြစ်သဖြင့် အချိန်ရပါက ထိုစုဝေးပွဲသို့ တက်ရောက်ရန်နှင့် မူလသဘောတရား တစ်ခုနှစ်ခုလောက် နားလည်နိုင်မလားဟု ကြည့်ရှုရန် သူ ဆုံးဖြတ်လိုက်၏။

"ကောင်းပြီ။ ထောင်ချောက်တွေ ဆက်ဆင်ပြီး ပစ်မှတ်တွေ ထပ်ဖမ်းဖို့ အချိန်ရောက်ပြီ"

ထိုနေရာရှိ ပစ္စည်းအားလုံးကို လုယူပြီးနောက် ကျိယွမ်သည် ယန်နတ်ဘုရား မိုကျိ၏ ပုံစံဖမ်းထားသော လေထိုးအရုပ် တစ်ခုကို ထားခဲ့လိုက်ပြီး သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။

ငါးတွေက ငါးစာကို ဆက်ဟပ်နေဖို့ လိုတယ်လေ။

အမြတ်ထုတ်စရာ လမင်းလေးတွေ အများကြီး ရှိနေတာကို ဒီအတိုင်း လက်လွတ်ခံလို့ ဘယ်ဖြစ်မလဲ။

ငါ့မှာ တစ်လပဲ အချိန်ရှိတာဆိုတော့ မြန်မြန်လုပ်ရမယ်။

..........

မိလိုနယ်မြေ၌ ကျိယွမ်သည် ငါးဟင်းကို အေးအေးလူလူ စားသုံးနေ၏။

ကျန်းလင်းစုမှာ ချစ်စရာကောင်းပြီး တောက်ပြောင်သော အစိမ်းရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားသည်။

ဤသည်က ကျိယွမ်အား စိတ်ထဲမှ သက်ပြင်းချမိစေသည်။

သူက မြူဆွယ်တဲ့လမ်းစဉ်ကို အောင်မြင်ပြီးပြီပဲ။ ဘာလို့ အခုမှ ချစ်စရာကောင်းတဲ့လမ်းစဉ်ကို ပြောင်းရတာလဲ။

ထိုအချိန်တွင် ရုပ်ဆိုးသော အဘွားအိုတစ်ဦး ပေါ်လာ၏။

သူမ၏ အမူအရာမှာ ခက်ထန်နေကာ အသံသြသြဖြင့် ကျိယွမ်အား မေးလေသည်။

​ "နင် ကျိပုဖျင်ကို တွေ့မိလား"

သို့သော် ကျိယွမ်မှာ သူမကို ဂရုမစိုက်ဘဲ စားပွဲပေါ်က အစားအစာကိုသာ အာရုံစိုက်နေလေသည်။

ကျန်းလင်းစုသည်လည်း မော့ပင်မကြည့်ဘဲ ငါးအရိုးများကိုသာ စေ့စေ့စပ်စပ် ရွေးနေ၏။

ဤကဲ့သို့ လျစ်လျူရှုခံရမှုကြောင့် ရုပ်ဆိုးသောအဘွားအိုမှာ ဒေါသထွက်လာတော့သည်။

သူမမှာ ဒဏ္ဍာရီလာအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ သူမသာ ကောင်းမှုကုသိုလ် လုံလောက်အောင် စုဆောင်းနိုင်ပါက ဆဋ္ဌမမြောက်ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ကောင်းကင်ဘုံကို လင်းထိန်စေရန် အရည်အချင်းရရှိမည် ဖြစ်သည်။

ထိုအချိန်ကျလျှင် သူမသည် မဟူရာနတ်ဆိုးချောက်နက်ကြီး၏ အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ကျိယွမ်၏ ရိုင်းပြသော အပြုအမူကို သူမ သည်းမခံနိုင်ပေ။

အဘွားအိုက ကျိယွမ်ကို သင်ခန်းစာပေးတော့မည့်အလား ပြင်းထန်သော ဖိအားတစ်ခု ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားစေလိုက်၏။

ငါးစားနေဆဲဖြစ်သော ကျိယွမ်မှာ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။

ငါ့မျက်နှာက အနိုင်ကျင့်ခံရမယ့် မျက်နှာမျိုးလား။

ငါ့မှာ လှောင်ပြောင်ခံရမယ့် မျက်နှာမျိုးတောင် မရှိဘူးကို။

ဒီရုပ်ဆိုးတဲ့ အဘွားအိုက ဘာလို့ ငါ့ကို လာနှောင့်ယှက်နေတာလဲ။

သူမသည် ကျိပုဖျင် အကြောင်းကို မေးမြန်းနေသည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

တစ်ကြိမ်စီတိုင်းတွင် ကျိယွမ်သည် မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသုံးပြုကာ သူမအား ကျိပုဖျင် အကြောင်းနှင့် သူမ ဘာကြောင့် လာခဲ့သည်ကို ခေတ္တ မေ့လျော့သွားစေခဲ့သည်။

သို့သော် ထိုအဘွားအိုမှာ မှတ်ဉာဏ် မကောင်းလှပေ။

နှစ်ရက်တစ်ခါတိုင်းတွင် သူမသည် ဇွဲကောင်းသော NPC တစ်ဦးကဲ့သို့ ပြန်လည်ရောက်ရှိလာပြီး ထိုမေးခွန်းကိုပင် ထပ်ခါတလဲလဲ မေးလေ့ရှိ၏။

ကျိယွမ်သည် ဥပဒေကို လေးစားသူဖြစ်ပြီး အပြစ်မဲ့သူများကို ဘယ်တော့မှ မထိခိုက်စေပေ။

ငါက သူ့ကို သတ်ပစ်လို့ မရဘူး ။

"တစ်စုံတစ်ယောက်ကို အကူအညီတောင်းရင် ယဉ်ယဉ်ကျေးကျေး ပြောရမယ်လို့ ဘယ်သူမှ မပြောဖူးဘူးလား"

ကျိယွမ် စိတ်ပျက်သွား၏။

ဒီနေရာကို မလာခင်မှာ မသေမျိုးကမ္ဘာဆိုတာ လသာသာ၊ လေချိုချိုနဲ့ ယဉ်ကျေးတဲ့လူတွေ ရှိတဲ့နေရာလို့ သူ စိတ်ကူးထားခဲ့လေသည်။

ဒါပေမဲ့ ငါ ထင်ထားတာ မှားသွားပုံရတယ်။

ဒီမှာရှိတဲ့ ကျင့်ကြံသူ အမျိုးသမီးတွေတောင် အောက်လေလွှတ်ကြတာပဲ။(အီးပေါက်တတ်သည်)

ဘယ်လိုလုပ်ပြီး အထက်နယ်မြေက လေတွေက နေရာတိုင်းမှာ ချိုမြိန်နေတော့မှာလဲ ။

ယဉ်ကျေးမှုအပိုင်းမှာတော့... ပျမ်းမျှလောက်ပါပဲ။

"အထက်လူကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရရင် ရိုသေမှုပြရမယ်လို့ နင့်ကို ဘယ်သူမှ မပြောဖူးဘူးလား"

ရုပ်ဆိုးသောအဘွားအိုကလည်း ပြန်ပြောလိုက်၏။

"သူက ငါ့ရဲ့လင်ငယ်ပဲ။ သူက ဒီပဉ္စမမြောက်ကောင်းကင်ဘုံက ဘယ်သူ့ကိုမှ ရိုသေနေဖို့ မလိုဘူး"

ရုတ်တရက် ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ခေါင်းတွင် ဦးဂျိုနှစ်ခုပါသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ရှိနေ၏။

ဤအမျိုးသမီးကို မြင်လိုက်ရသောအခါ ရုပ်ဆိုးသောအဘွားအို၏ မျက်နှာမှာ ပျက်သွားပြီး ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်လေသည်။

သူမသည် ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးကို ကြည့်ကာ အမူအရာမှာ မရေမရာ ဖြစ်နေပြီး သိသိသာသာပင် ကြောက်လန့်နေပုံရ၏။

နောက်ဆုံးတွင် သူမသည် စကားမဆိုတော့ဘဲ ကျိယွမ်အား မိုက်ကြည့်တစ်ခိက်ကြည့်ကာ လှည့်ထွက်သွားတော့သည်။

"လင်ငယ်လေး... ငါ ခုနက မိုက်တယ် မဟုတ်လား"

ဦးဂျိုနှင့်အမျိုးသမီးက သွယ်လျသောခါးလေးပေါ်တွင် လက်ကိုထောက်ရင်း ဂုဏ်ယူစွာ ပြောလိုက်၏။

ကျိယွမ်က သူမကို အားကိုးရာမဲ့သော အမူအရာဖြင့် ကြည့်လိုက်သည်။

"နွားဂျိုမမ... ငါက မင်းရဲ့ လင်ငယ်လေးမဟုတ်ပါဘူး"

"အော်... ဟုတ်သားပဲ။ ငါ မေ့သွားတယ်။ နင်က ငါ့ရဲ့လင်ငယ်မဖြစ်သေးဘူးပဲ"

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျိယွမ်က ယဉ်ယဉ်ကျေးကျေး ပြောလိုက်၏။

ဘာပဲဖြစ်ဖြစ် နွားဂျိုမမသည် သူ့ကို မဟူရာနတ်ဆိုးချောက်နက်ကြီးနှင့် မိတ်ဆက်ပေးခဲ့ပြီး အခမဲ့ နေစရာအဆောင်နှင့် အစားအစာရရှိသောအလုပ်ကိုလည်း ရှာပေးခဲ့သည် မဟုတ်လား။

ယခုလည်း သူမသည် ထိုအဘွားအိုကို မောင်းထုတ်ပေးခဲ့ပြန်သည်။

"ကိစ္စမရှိပါဘူး။"

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းပနေ၏။ မကြာသေးမီက ကောင်းသော အရာတစ်ခု ဖြစ်ပျက်ခဲ့ပုံရသည်။

"ငါနဲ့အတူ ဆဋ္ဌမမြောက်ကောင်းကင်ဘုံကို လိုက်မလား"

"နင်သာ ငါ့ရဲ့လင်ငယ်လုပ်မယ်ဆိုရင် နင့်ကို ကောင်းကောင်းထားပါ့မယ်။ အစားအသောက်ကောင်းတွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ပေါ့။ ဘယ်သူပဲဖြစ်ဖြစ် နင့်ကို အနိုင်ကျင့်ရင် ငါ ရှင်းပေးမယ်"

ကုံရှင်းသားရဲကို ရရှိပြီးနောက် သူမ၏ ကျင့်စဉ်မှာ တိုးတက်လာခဲ့သည်။

ယခုတစ်ကြိမ် မဟူရာနတ်ဆိုးချောက်နက်ကြီးသို့ ပြန်သွားသောအခါ သူမသည် ယန်နတ်ဘုရား အဆင့်သို့ တက်လှမ်းရန် ကြံစည်ထား၏။

ထို့ကြောင့် လက်ရှိတွင် သူမမှာ စိတ်အခြေအနေ အလွန်ကောင်းနေခြင်း ဖြစ်သည်။

အရင်က သူမတွင် မြင့်မြတ်သော သွေးမျိုးဆက် ရှိသဖြင့် ယန်နတ်ဘုရား တစ်ပါးကဲ့သို့ ဆက်ဆံခံခဲ့ရသော်လည်းစစ်မှန်သောယန်နတ်ဘုရား တစ်ပါး မဟုတ်ခဲ့ပေ။

ယခု အမှန်တကယ် အဆင့်တက်လှမ်းတော့မည် ဖြစ်သဖြင့် သူမမှာ လောကကြီးကို အပိုင်ရထားသကဲ့သို့ပင် ခံစားနေရ၏။

ကျိယွမ်၏ မျက်လုံးများ ဝင်းပသွားသည်။

"တကယ်လား"

သူ့စိတ်ထဲတွင် ရဲတင်းသော အစီအစဉ်တစ်ခု ရှိနေသည်။

"တကယ်ပေါ့။"

"မင်းရဲ့လင်ငယ်မှာ ဇနီးတွေရှိတာကိုရော ခွင့်ပြုမှာလား"

ကျိယွမ်က မေးလိုက်၏။

သူ၏ ကြီးမားသော အစီအစဉ်အတွက် သူ၏ ဂုဏ်သိက္ခာကို အနည်းငယ် အနစ်နာခံရန် သူ ဆန္ဒရှိပါသည်။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ အံ့သြသဖြင့် မျက်တောင်ခတ်လိုက်ပြီးနောက် ကျိယွမ်ကို ပြုံးပြလိုက်သည်။

"ပုံမှန်ဆိုရင်တော့ မရဘူးပေါ့။ ဒါပေမဲ့ နင့်အတွက်တော့ ငါ ခွင့်ပြုပေးမယ်"

"ကဲ.ဒါဆို.. အထုပ်ပြင်တော့။ ငါတို့ ဆဋ္ဌမမြောက်ကောင်းကင်ဘုံကို သွားကြမယ်"

ကျိယွမ်က နေရာမှ မထသေးဘဲ မေးလိုက်၏။

"နေဦး..ငါ့မှာ အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ရှိတယ်။ မင်း သူ့ကို ရှင်းပေးနိုင်မလား။"

"မင်းသာ သူ့ကို ရှင်းပေးနိုင်ရင် ငါ မင်းရဲ့မောင်းမလုပ်ဖို့ ဝမ်းမြောက်ဝမ်းသာ သဘောတူပါတယ်"

သူက တိုးတိုးလေး ထပ်ပြောလိုက်၏။

ဘာပဲဖြစ်ဖြစ် လင်ငယ်ဆိုတိုင်း ရင်းရင်းနှီးနှီး နေရမယ်လို့ ဘယ်သူပြောလဲ။

ငါ့မှာ ရွေးချယ်ပိုင်ခွင့် ရှိပါသေးတယ်။

နွားဂျိုမမသာ မလျော်ကန်တာ တစ်ခုခုလုပ်ရင် သူမကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ စွပ်စွဲလို့ ရတာပဲလေ။

"အစွမ်းထက်တဲ့ ရန်သူလား။ ပြောသာ ပြောလိုက်စမ်းပါ။ သူတို့ကို ဘယ်တော့မှ မမေ့နိုင်မယ့် သင်ခန်းစာမျိုး ငါ ပေးလိုက်မယ်။"

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

"အင်း... သူက နည်းနည်းတော့ သန်မာတယ်။"

ကျိယွမ်က ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးကို သံသယဖြင့် ကြည့်လိုက်၏။

သူမ၏ ခွန်အားမှာ ဒဏ္ဍာရီလာအဆင့်၏ ထိပ်ဆုံး၌သာ ရှိမည်ဟု သူ ခန့်မှန်းထားသည်။

ဒါပေမဲ့ သူမက ယုံကြည်မှုအပြည့် ရှိနေတာဆိုတော့ သူမမှာ ဖုံးကွယ်ထားတဲ့ စွမ်းအားတွေ ရှိနေလို့လား။

"ဘာလို့ မိန်းကလေးတစ်ယောက်လို တွန့်ဆုတ်နေတာလဲ။ ဘယ်သူလဲဆိုတာသာ ပြောလိုက်စမ်းပါ။"

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက စိတ်မရှည်သလို ဟောက်လိုက်၏။

"မိန်းကလေးတွေကို အကုန်သိမ်းကြုံးမပြောနဲ့လေ။"

ကျိယွမ်က ပြန်ပြောလိုက်ပြီးနောက် ဆက်ပြောသည်။

"ငါ့ရဲ့ ရန်သူက... ထိုက်ဟွမ်နန်းတော်ကလူပဲ။"

"ထိုက်ဟွမ်နန်းတော်လား။"

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ ရုတ်တရက် အေးခဲသွား၏။

သူက ကျိယွမ်အား ပြန်မေးလိုက်သည်။

"ဘယ်သူလဲ။ ယန်နတ်ဘုရား တစ်ယောက်တော့ မဟုတ်ပါဘူးနော်။"

ထိုက်ဟွမ်နန်းတော်က သန်မာသော်လည်း မဟူရာနတ်ဆိုးချောက်နက်ကြီးက သူတို့ကို မကြောက်ပေ။

ထို့အပြင် ထိုက်ဟွမ်နန်းတော်က ကျယ်ပြောလှသဖြင့် အခြားသာမန်အဖွဲ့ဝင် အများကြီး ရှိ၏။

ကျိယွမ်၏ ရန်သူကလည်း သူတို့ထဲမှ သာမန်လူသာဖြစ်နိုင်လေသည်။

"ဟုတ်တယ်.. သူက ယန်နတ်ဘုရားပဲ။"

"အဲ.."

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။

ဒါက ပြဿနာ အကြီးကြီးပဲ။

"ငါရဲ့ရန်သူက အဲဒီနန်းတော်ထဲမှာ အစွမ်းအထက်ဆုံး တစ်ယောက်လေ။နန်းတော်သခင်လို့ခေါ်တယ်ထင်တယ် "

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ကျိယွမ်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။

"နင်က ဒီလောက် ရဲတင်းလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီလိုလုပ်ပါလား... ငါပဲ နင့်ရဲ့မယားငယ် ပြန်လုပ်ပေးမယ်။"

သူမက ကျိယွမ်အား အရူးတစ်ယောက်လို ကြည့်၏။

"အဲဒီလူက... ငါ့ဘိုးဘေးတွေတောင် သွားပြီး ရန်မစရဲတဲ့လူပဲ။"

"သူက ဘယ်လိုလုပ် နင့်ရဲ့ ရန်သူ ဖြစ်သွားတာလဲ။"

"နင့်ရဲ့ ဘိုးဘေးက နေပူထဲမှာ လှန်းခံထားရတဲ့ လိပ်လိုမျိုး ပက်လက်လန်သွားပြီး မဟာနေမင်းရဲ့အပူဒဏ်ကြောင့် သေသွားလို့လား။"

ကျိယွမ်မှာ သူမ၏ လှောင်ပြောင်စကားများကြောင့် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။

"မင်းက သူ့ကို ကြောက်နေတာပဲ။"

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက မျက်စိလှန်ပြလိုက်၏။

"ဘယ်သူက မကြောက်ဘဲ နေမှာလဲ။ မဟာနေမင်းအလင်းဗုဒ္ဓက အရမ်းအစွမ်းထက်တာတောင် သူ့လက်ချက်နဲ့ သေသွားရတာလေ။"

"မူလသဘောတရားအသင်းတောင် သူ့အပေါ် အငြိုးရှိပေမယ့် ဘာမှ မလုပ်ရဲကြဘူး။"

"ဒါဆိုရင်တော့ ငါ နင့်ရဲ့လင်ငယ် မလုပ်နိုင်တော့ဘူး ထင်ပါတယ်။"

ကျိယွမ်က စိတ်ပျက်လက်ပျက် ပြောလိုက်၏။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် မေးလိုက်သည်။

"နင်က တကယ်ပဲ သူ့ရဲ့ရန်သူလား။"

"အရမ်းနက်ရှိုင်းတဲ့ အငြိုးကိုရှိနေတာ။"

ကျိယွမ်က နာကျည်းစွာဖြင့် အတည်အပေါက် ပြန်ဖြေ၏။

ငါတို့က သေတပန်သက်တဆုံး ရန်သူ​တော်ကြီးတွေ ဖြစ်နေပြီပဲ။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ကျိယွမ်ကို ကြည့်လိုက်သည်။

"ဒါဆို ငါ့အကြံပြုချက်ကတော့ တခြားရန်သူတစ်ယောက်လောက် ပြောင်းရှာလိုက်ပါ။"

ကျိယွမ်၏ သွေးမျိုးဆက်မှာ အလွန်ရှားပါးပြီး မဟူရာနတ်ဆိုးချောက်နက်ကြီး အတွင်း၌ ယန်နတ်ဘုရားအဆင့် ဆက်ဆံမှုကို ရပိုင်ခွင့်ရှိကြောင်း သူမ သိပါသည်။

ဒါပေမဲ့ ထိုက်ဟွမ်နန်းတော်ကလူကို သွားပြီး ရန်စဖို့ဆိုတာကတော့... ဒီကောင်လေးက နေဆယ်စင်းအရှင်ယန်နတ်ဘုရားလောက်တောင် သတ္တိရှိနေတာလား။

"ဟင်း... ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ် ထင်တယ်။"

ကျိယွမ်က သက်ပြင်းချကာ လေးနက်စွာ ညည်းလိုက်၏။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက မရယ်ဘဲ မနေနိုင်တော့ပေ။

"သတင်းကောင်းကို စောင့်နေပါ့မယ်။ နင်သာ အဲဒီလူကို အနိုင်ယူနိုင်ရင် ငါ နင့်ရဲ့မယားငယ်လုပ်ပေးမယ်။"

သူမက တမင်ရွဲ့ပြောလိုက်ခြင်းပင်။

သွေးဝတ်စုံသည် ဒုတိယကောင်းကင်ဘုံရှိ မြင့်မြတ်နယ်မြေမှ လာခြင်းဖြစ်သော်လည်း ထိုက်ဟွမ်နန်းတော်မှာ ဆဋ္ဌမမြောက်ကောင်းကင်ဘုံရှိ မြင့်မြတ်နယ်မြေ ဖြစ်သည်။

ဖူထုတောင်တန်းသည် ဒုတိယကောင်းကင်ဘုံ၌ ကျော်ကြားသော်လည်း ကောင်းကင်ဘုံ၌နေရာယူခြင်းအဆင့် ယန်နတ်ဘုရားတစ်ပါးသာ ရှိပေသည်။

ထိုက်ဟွမ်နန်းတော် ဆိုတာကတော့...

သူတို့ကို မိုလိုမျိုးနွယ်စုကတောင် သွားပြီး ရန်စနိုင်တဲ့ အဆင့်အတန်းမျိုး မဟုတ်ပေ။

"သွေးဝတ်စုံ... ထိုက်ဟွမ်နန်းတော်က ဆဋ္ဌမမြောက်ကောင်းကင်ဘုံမှာ ရှိတာနော်။ ပြီးတော် ထိုက်ဟွမ်နန်းတော်ကလူဆိုတာက နင်တို့ ဒုတိယကောင်းကင်ဘုံမှာနေတဲ့ ယန်နတ်ဘုရားတစ်ပါးတောင် သွားပြီးစိန်ခေါ်နိုင်တဲ့လူ မဟုတ်ဘူး။"

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက စေတနာနှင့် အကြံပေးလိုက်၏။

ကျိယွမ်က ဘာကြောင့် ထိုက်ဟွမ်နန်းတော်ကလူနှင့် အငြိုးရှိနေသလဲ ဆိုတာကိုတော့ သူမ မမေးတော့ပေ။

ကျင့်ကြံခြင်းလောကမှာ ရန်ငြှိုးမရှိတဲ့သူ ဘယ်သူရှိလို့လဲ။

"အင်း... စိတ်မပူပါနဲ့။"

ကျိယွမ်ကလည်း အကျယ်တဝင့် ရှင်းမပြတော့ပါ။

သူ၏ဘဝမှာ အလွန်ပင် ခက်ခဲလှသည်ဟုတော့ သူ ခံစားလိုက်ရသည်။

ပုံမှန်ဆိုရင် ကျင့်ကြံသူတစ်ယောက်က အဆင့်တက်လှမ်းရင် ပထမကောင်းကင်ဘုံကို အရင်ရောက်ပြီး အဲဒီကနေ တဖြည်းဖြည်း အစွမ်းထက်တဲ့ ရန်သူတွေကို အဆင့်လိုက်ရင်ဆိုင်ရမှာလေ။

ဒါပေမဲ့ ငါ့ကျတော့ ရန်သူတွေက အစကတည်းက ဆဋ္ဌမမြောက်ကောင်းကင်ဘုံမှာ ရှိနေတာတဲ့။

ခုန်ကူးတာက အရမ်းများလွန်းတယ်။

"ဟင်း... ပထမကောင်းကင်ဘုံကို ပြန်သွားပြီး တောင်ပေါ်ဘုရင်ပဲ လုပ်ချင်တော့တယ်။"

ကျိယွမ်က စိတ်ပျက်စွာ ညည်းတွားလိုက်သည်။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက သဘောကျစွာ ရယ်မောလိုက်၏။

ထို့နောက် သူမသည် ကျိယွမ်၏ အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။

"ဒါနဲ့ နင့်ရဲ့ သွေးတစ်စက်လောက် ငါ့ကို ပေးလို့ရမလား။ နင့်ရဲ့ သွေးမျိုးဆက်ကို ငါ တကယ် စိတ်ဝင်စားလို့ပါ။"

"မရဘူး။"

ကျိယွမ်က စဥ်းတောင်မစဥ်းစားဘဲ ငြင်းလိုက်၏။

သူ၏သွေးကို ဘယ်သူ့ကိုမဆို အလွယ်တကူ ဘယ်ပေးလို့ဖြစ်မလဲ။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ သူ၏ ငြင်းဆိုမှုကို အံ့သြမသွားပေ။

သူတို့အဆင့်မှာ သွေးကို အလွယ်တကူ ပေးလိုက်ခြင်းမှာ သေကြောင်းကြံစည်ခြင်းနှင့် အတူတူပင်။

"နှမြောစရာပဲ။ နင့်ရဲ့ သွေးမျိုးဆက်က ဘာလဲဆိုတာ သိဖို့အတွက် မင်းကို ငါ့ဘိုးဘေးဆီ ခေါ်သွားရုံပဲ ရှိတော့မယ် ထင်တယ်။"

----------

All Chapters