← Chapters

ဘဝ၏နေရာတိုင်းတွင် အမှန်တရားများ ရှိသည်

Vol. 29 Ch. 318

ဘဝ၏နေရာတိုင်းတွင် အမှန်တရားများ ရှိသည်

Vol. 29 Ch. 318

"ဟေး... ကြက်ဖမိစ္ဆာ၊ ခဏနေဦး"

ကြက်ဖမိစ္ဆာက အထဲသို့ အမြန်ပြေးဝင်သွားသည်ကို မြင်သောအခါ ကျိယွမ်က အချိန်မှီ လှမ်းခေါ်လိုက်သည်။

အခြားမိစ္ဆာများက အစားထိုးမျှော်လင့်ခြင်းလမင်းများ ဖြစ်နိုင်ပါက ကြက်ဖမိစ္ဆာကိုလည်း အစားထိုးမျှော်လင့်ခြင်းလမင်းတစ်ဝက်ဟု သတ်မှတ်နိုင်၏။

ကံမကောင်းစွာဖြင့် ကျိယွမ်၏ အော်သံကို ကြားသောအခါ ကြက်ဖမိစ္ဆာသည် မရပ်တန့်သည့်အပြင် စွန့်ပစ်ခြံဝင်းထဲသို့ ပို၍ အရှိန်ပြင်းပြင်း ပြေးဝင်သွားလေသည်။

ကျိယွမ်က သတို့သမီးလေး၏ အေးစက်သော လက်အင်္ကျီစကို ကိုင်ထားရင်း သက်ပြင်းချ၏။

"သူ့ကို အကြွေးတွေ ဝိုင်းဆပ်ခိုင်းမယ်ဆိုတာကို သူရိပ်မိသွားတာလား မသိဘူး"

သူသည် ကုံရှင်းကို ဝယ်ယူရန် စီစဉ်နေပြီး ကြက်ဖမိစ္ဆာသည် ကြွေးမြီများ ပြန်ဆပ်ရန်အတွက် ရောင်းစားရန် အကောင်းဆုံး ဖြစ်သည်။

သတို့သမီးလေးက ကျိယွမ်၏စကားကို သဘောတူသည့်အလား လိမ်မာယဉ်ကျေးစွာ ခေါင်းညိတ်ပြ၏။

သူမ၏ ချစ်စရာကောင်းသော အမူအယာကို မြင်သောအခါ ကျိယွမ်က အားရပါးရ ရယ်မောပြီး သူမ၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။

"ပျော်ရွှင်ခြင်း" ဟု ရေးထားသော သစ်သားဆိုင်းဘုတ်လေးတစ်ခု သတို့သမီးလေး၏ လက်စထဲမှ ကျလာ၏။

သူမသည် ကျိယွမ်၏ စကားကြောင့် ပျ်ရွှင်သွားခြင်းလား၊ သို့မဟုတ် သူမက ကြီးကျယ်သော မင်္ဂလာအခမ်းအနားဖြင့် လက်ထပ်ခဲ့သောသတို့သမီးဟု ကျိယွမ်ပြောသည်ကို ကြားလိုက်ရ၍လား ဆိုသည်ကိုတော့ မသဲကွဲပါ။

စွန့်ပစ်ခြံဝင်းကြီးသည် တိတ်ဆိတ်နက်ရှိုင်းနေပြီး ကြောက်မက်ဖွယ်ကောင်းသလို ထင်ရသော်လည်း သူ၏ဘေးတွင် သတို့သမီးလေး ရှိနေသဖြင့် အရာအားလုံးသည် နွေးထွေးပြီး နူးညံ့နေသကဲ့သို့ ခံစားရသည်။

"သတို့သမီးလေး...၊ ငါ့ရဲ့ မျှော်လင့်ခြင်းလမင်းကို သွားကြည့်ရအောင်"

ကျိယွမ်က သတို့သမီးလေး၏ အေးစက်သော အင်္ကျီလက်စကို ကိုင်ရင်း ပြောလိုက်သည်။

ထို့နောက် ကျိယွမ်နှင့်သတို့သမီးလေးသည် ခြံဝင်းထဲသို့ ပို၍ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားကြ၏။

လမ်းတစ်လျှောက်တွင် ကျိယွမ်သည် ကုန်းကုန်းကွကွ ပုံရိပ်များစွာကို တွေ့ရပြီး သူတို့၏ မျက်နှာများမှာ အမူအယာကင်းမဲ့ကာ အချို့က အမှိုက်လှည်းနေကြပြီး အချို့က လက်ဖက်ရည်များ တည်ခင်းနေကြလေသည်။

အနီးကပ် ကြည့်ရှုပါက ထိုသူများ၏ လည်ချောင်းနှင့် နားများ ပျက်စီးနေသည်ကို သတိပြုမိမည် ဖြစ်ကာ သူတို့မှာ ဆွံ့အ ၊ နားမကြားသော ကျွန်များ ဖြစ်လေ၏။

ကျိယွမ်တို့နှစ်ယောက်က ရှေ့သို့ဆက်သွားလိုက်စဉ် ဆွံ့အနေသောအစေခံတစ်ဦးက လမ်းပြရန် ရှေ့သို့ ထွက်လာခဲ့သည်။

သူတို့သည် ဟောင်းနွမ်းပျက်စီးနေသော ခန်းမကြီးဆီသို့ လျှောက်သွားကြပြီး ခန်းမထဲသို့ မရောက်မီမှာပင် ကျိယွမ်သည် ပြင်းထန်သော အသားခြောက်နံ့ကို ရလိုက်၏။

ခန်းမထဲမှ နူးညံ့ပြီး ယဉ်ကျေးသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ချစ်လှစွာသော သူငယ်ချင်းတို့၊ ဖိတ်ကြားချက်ကို လက်ခံပြီး ဒီကို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ငါတို့ မင်းတို့ကို လတ်ဆတ်တဲ့ အစားအစာတွေ မကျွေးနိုင်ဘူး။ သိုးအိုကြီးကတော့ တကယ်ကို ရှက်မိပါတယ်။ ငါတို့ဆီမှာ ရှိတာကတော့ ဒီလို အသားခြောက်တွေပါပဲ။ ရှိတာလေးနဲ့ပဲ ဖြစ်သလို သုံးဆောင်ကြပါ"

ဦးချိုသုံးချောင်းနှင့် မုတ်ဆိတ်မွေးများ ခါးအထိ ရှည်နေသော သိုးအိုကြီး ဖြစ်သည် ။

"သိုးအိုကြီး၊ ခင်ဗျား ဒီအသားခြောက်ထဲကို သကြားလုံးအသီးတွေ ထည့်သင့်တာ။ ကျုပ်က ငန်တာထက် ချိုတာကို ပိုကြိုက်တာ"

စုတ်ပြတ်နေသောဝတ်ရုံကို ဝတ်ဆင်ထားသည့် ဝံပုလွေမိစ္ဆာက အသားခြောက်အချို့ကို ဆွဲယူကာ ပါးစပ်ထဲ ပလုတ်ပလောင်းသွတ်သွင်းရင်းမှ ပြောလိုက်သည်။

"ကျွန်တော်ကတော့ အစပ်ကြိုက်တယ်။ မဟုတ်ရင် ဒီလူသားရဲ့ အနံ့က အရမ်းပြင်းလွန်းတယ်"

ကြက်ဖမိစ္ဆာကလည်း ဝင်ရောက် မှတ်ချက်ပေးသည်။

အခြားမိစ္ဆာများကလည်း လူသားခြောက်များ၏ အနံ့အမျိုးမျိုးအကြောင်းနှင့် မည်သို့ပြုလုပ်စားသင့်ကြောင်း အချင်းချင်း ဆွေးနွေးကြလေသည်။

ထိုအချိန်တွင် သိုးအိုကြီးက အရေးကြီးသောကိစ္စအား မေးမြန်းလိုက်၏။

"ဒီနေ့ ငါတို့ရဲ့ စုဝေးပွဲကို အထူးဧည့်သည်တစ်ယောက် တက်ရောက်တယ်လို့ ကြားတယ်။ သူတို့ ရောက်ပြီလား မသိဘူး"

"ဟုတ်တယ်.. မင်္ဂလာဝတ်စုံဝိညာဉ်မကောင်းဆိုးရွားလို့ ကြားတယ်။ ဒီလိုမိစ္ဆာမျိုးက တကယ်ကို ရှားပါးတယ် ၊ ငါ အသက် သုံးရာကျော် ရှင်သန်လာတာ မင်္ဂလာဝတ်စုံက ဝိညာဉ်အဖြစ် ပြောင်းလဲသွားတာ တစ်ခါမှ မမြင်ဖူးဘူး"

"ဒါပေမဲ့ အခုတော့... ခင်ဗျား မြင်ဖူးသွားပြီပေါ့"

ထိုအချိန်တွင် ကျိယွမ်၏ ရွှင်လန်းသောအသံ ထွက်ပေါ်လာသည်။

သူသည် သတို့သမီးလေးနှင့်အတူ ခန်းမထဲသို့ အေးအေးလူလူ လျှောက်ဝင်လာ၏။

"ဒါက ကျွန်တော့်ဇနီးရှောင်ကျားပါ။ ကျွန်တော်ကတော့ လူကောင်းတစ်ယောက်ဖြစ်တဲ့ ကျိယွမ်ပါ"

နှုတ်မဆက်ခင် ခန်းမထဲသို့ ဝင်လာစဉ် ကတည်းက ကျိယွမ်၏ မျက်လုံးများက ထိုနေရာရှိ မိစ္ဆာ တစ်ဒါဇင်ခန့်အပေါ်သို့ စူးစိုက်ကြည့်လိုက်ပြီး ထိန်းမနိုင်သိမ်းမရ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။ ။

သူသည် နှစ်ပေါင်းများစွာ ကွဲကွာနေသော သူ၏ငယ်ချစ်ဦးများကို ပြန်တွေ့လိုက်ရသည့်အလား ပျော်ရွှင်နေ၏။

ခန်းမထဲရှိ မိစ္ဆာများသည် ကျိယွမ်၏ အမူအရာကြောင့် ဇဝေဇဝါ ဖြစ်နေကြသည်။

သို့သော် သူတို့ထဲမှ အများစုကတော့ သတို့သမီးလေးအပေါ်တွင်သာ အကြည့်ရောက်နေကုန်၏။

ထူးခြားသော မိစ္ဆာများသည် အမြဲတမ်း အာရုံစိုက်ခြင်း ခံရသည်မှာ သဘာဝပင်။

"မင်္ဂလာဝတ်စုံ ဝိညာဉ်လား ၊ တစ်ခါမှ မကြားဖူးဘူး၊ ပြီးတော့ သူ့ဆီက ဘာမိစ္ဆာအငွေ့အသက်မှလည်း မခံစားရဘူး... မိစ္ဆာနှိမ်နင်းရေးဌာနက လူတစ်ယောက် ခိုးဝင်လာတာများလား"

အသက်နှစ်ရာရှိပြီဖြစ်သော လူပုံစံမိစ္ဆာကြီးတစ်ကောင်က သူ၏သံသယကို ထုတ်ဖော်လိုက်သည်။

အခြားမိစ္ဆာများကလည်း ခေါင်းညိတ်ကြ၏။မင်္ဂလာဝတ်စုံဝိညာဉ်သည် လူသားတစ်ဦးကို ခေါ်ဆောင်လာခဲ့ခြင်းကြောင့် ပို၍သံသယဝင်စရာကောင်းနေ၏ ။

"လူကြီးမင်း လော့ကက်က ဝင်ခွင့်ပေးတယ်ဆိုမှတော့ သူက ငါတို့ထဲက တစ်ယောက် ဖြစ်ရမယ်။ မင်းတို့အားလုံးက လူကြီးမင်း လော့ကက်ရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်ရဲလို့လား"

သိုးအိုကြီး၏ စကားများက သံသယများကို ချက်ချင်း ငြိမ်ကျသွားစေသည်။

လူကြီးမင်း လော့ကတ်သည် အလွန်ကျွမ်းကျင်ပြီး ရှေးကျသောပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်၏။

ကန့်ကွက်စကားဆိုခဲ့သော အသက်နှစ်ရာမိစ္ဆာကြီး၏ အဘိုးထက်ပင် လူကြီးမင်းလော့ကတ်က ကိစ္စများစွာ မြင်တွေ့ခဲ့ဖူးသည်။ ယခု ရာစုနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်လည်း လူကြီးမင်း လော့ကတ်သည် ဤနေရာ၌ အမြစ်တွယ်နေဆဲပင်။

အကြီးအကဲဟွမ်နှင့် ရေနေမျိုးနွယ်စု ခေါင်းဆောင်တို့ပင် လူကြီးမင်းလော့ကတ်အပေါ် အလွန် ရိုသေကြလေသည်။

မိစ္ဆာများကလည်း တညီတညာတည်း ခေါင်းညိတ်လိုက်ပြီး သိုးအိုကြီး၏ ပြောကြားချက်ကို သဘောတူလိုက်ကြ၏။

"နတ်သမီး... ကျေးဇူးပြုပြီး နေရာယူပါ"

သိုးအိုကြီးက လေးစားစွာ ဖိတ်ခေါ်ဟန်ပြု၏။

ကျိယွမ်က သတို့သမီးလေး၏ လက်ကို ကိုင်ပြီး တစ်နေရာတွင်ထိုင်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် စူးရှသော အသံတစ်သံက သူ့အား ကြားဖြတ်နှောင့်ယှက်လာ၏။

"ဒါက မိစ္ဆာတွေရဲ့ စုဝေးပွဲပဲ။ လူသားတွေကိုစားပွဲမှာ ထိုင်ခွင့်မပြုဘူး"

ပြောလိုက်သူမှာ ကြက်ဖမိစ္ဆာကြီးဖြစ်လေသည်။

သူသည် မင်္ဂလာဝတ်စုံဝိညာဉ်ကို အနည်းငယ်ကြောက်ရွံ့သော်လည်း မိစ္ဆာများစွာ ဝိုင်းရံထားသဖြင့် ယုံကြည်မှု ရှိနေ၏။

ကျိယွမ်၏ မျက်နှာသည် အမူအယာနှစ်မျိုး သုံးမျိုး ပြောင်းလဲသွားပြီးနောက် သူက ပခုံးတွန့်ကာ သက်ပြင်းချလိုက်သည်။

"ပြီးသွားပြီ၊ ခင်ဗျားတို့က ကျွန်တော့်ရဲ့ လိမ်ညာမှုကို သိသွားကြပြီပဲ ၊ ဟုတ်တယ် သူ့ကို မြင်းရထား ရှစ်စီးပါတဲ့ လှည်းနဲ့ အိမ်ကို ခေါ်လာခဲ့တာ မဟုတ်ဘူး။ သူက ကျွန်တော့်ကို မြင်းရထား ရှစ်စီးပါတဲ့ လှည်းနဲ့ သူ့အိမ်ခေါ်သွားတာပါ။"

" ကျွန်တော် သိပါတယ်၊ အိမ်ပါသမက်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ဘာအခွင့်အရေးမှ မရှိဘူး၊ စားပွဲမှာလည်း ထိုင်ခွင့်မရှိဘူးပေါ့။ ကျွန်တော် မထိုင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ကို ခြေဆေးရည် သောက်ခိုင်းရုံပဲတော့ မလုပ်ပါနဲ့"

ကျိယွမ်သည် ကိုယ်ကျင့်တရား အလွန်ကောင်းပြီး စည်းကမ်းများကို အမြဲလိုက်နာသည်။

အိမ်ပါသမက်တစ်ဦးအနေဖြင့် သူသည် သူ၏အရှက်ရမှုကို လက်ခံနိုင်၏။

နင်းထောင်လာသောအခါ သူတို့ လက်ထပ်စာချုပ် ရခဲ့လျှင် သူသည်သတို့သမီးကို တိတ်တဆိတ် လဲလှယ်ပြီး သူမနှင့်လည်း စာချုပ်တစ်စောင် ရအောင်ယူကာ အိမ်ပါသမက်ဘဝမှ လွတ်မြောက်အောင် လုပ်မည် ဖြစ်သည်။

သတို့သမီးလေးကတော့ ဘာမှ မပြောဘဲ ကျိယွမ်က အချက်ပြသည့်အတိုင်း ပျော်ရွှင်စွာ နေရာယူလိုက်သည်။

သူမရှေ့ရှိ နီညိုရောင်စားပွဲပေါ်တွင် လက်ဖက်ရည်နှင့် လူသားအသားခြောက်အချို့ ရှိနေ၏။

ကြက်ဖမိစ္ဆာက ကျိယွမ်တို့အားလျစ်လျူရှုလိုက်ပြီး သိုးအိုကြီးဘက်လှည့်လိုက်သည်။

"သိုးအိုကြီး၊ ဒီတစ်ခါ ဘာကိစ္စရှိလို့ ငါတို့ကို ဒီကို ဖိတ်ရတာလဲ"

ကြက်ဖမိစ္ဆာ၏ မေးခွန်းက ထိုနေရာရှိ မိစ္ဆာအားလုံး၏ အာရုံကို ဆွဲဆောင်လိုက်သလိုပင်။

ယွင်ယန် ခရိုင်ရှိ မိစ္ဆာများသည် မိစ္ဆာမြှင့်တင်ရေး ညီလာခံအတွက် နေရာအတော်များများတွင် စုဝေးခဲ့ကြသည်။

သာမန်မိစ္ဆာများအားလုံးပါမကျန် လာရောက်ရန် ဖိတ်ကြားချက်များကို လက်ခံရရှိထားသော်လည်း မိစ္ဆာမြှင့်တင်ရေး ညီလာခံ၏ ရည်ရွယ်ချက်ကို တော့ သူတို့ လုံးဝမသိကြသေးပါ။

သိုးအိုကြီးက ပြုံးပြီး ခေါင်းညိတ်၏။

"ငါ မင်းတို့ကို အကြောင်းပြချက် နှစ်ခုနဲ့ ဒီကို ဖိတ်လိုက်တာပါ။ ပထမတစ်ခုကတော့... မကြာခင် စတော့မှာပါ ။ ဒုတိယတစ်ခုကတော့ ယွင်ယန် ခရိုင်က မိစ္ဆာအားလုံးရဲ့ အနာဂတ်နဲ့ ဆိုင်တယ်။ အကြီးအကဲဟွမ်က ကြေညာတာကို ငါတို့ စောင့်ရလိမ့်မယ်"

သိုးအိုကြီးက သူတို့ကို ရင်ခုန်အောင် တန်းလန်းထားခဲ့သည်။

သူ၏ မရှင်းမလင်းစကားများကြောင့် မိစ္ဆာများကြားတွင် လှုပ်တခတ်ခတ်ဖြစ်သွားပြီး တီးတိုးတီးတိုးသဖန်းပိုးများဖြစ်ကုန်၏။

"ငါတို့ရဲ့ အနာဂတ်နဲ့ ဆိုင်တယ် ဟုတ်လား "

"သိုးအိုကြီး၊ ခင်ဗျား ပုံကြီးချဲ့နေတာ မဟုတ်လား"

"မိစ္ဆာနှိမ်နင်းရေးဌာနက ငါတို့ကို အပြတ်ရှင်းဖို့ စီစဉ်နေတာများလား"

ထိုသို့တွေးမိသောအခါ မိစ္ဆာများမှာ စိုးရိမ်တကြီး ဖြစ်လာကြသည်။

"အားလုံး စိတ်အေးအေးထားပါ။ ငါ အာမခံနိုင်တာက ဒါဟာ သတင်းဆိုး မဟုတ်ပါဘူး။ မင်းတို့ အားလုံးအတွက် သတင်းကောင်းပါ။ ကဲ၊ ပထမကိစ္စကို ကြေညာပါရစေ"

သိုးအိုကြီး၏ အမူအရာက အေးစက်သွားပြီး လေသံက ပြင်းထန်လာသည်။

"ရန်ဖန်ကို ခေါ်ခဲ့"

သိုးအိုကြီး၏ အမိန့်ဆုံးသည်နှင့် ဆွံ့အသော အစေခံတစ်ဦးက ဖရိုဖရဲ ဖြစ်နေသော သိုးမိစ္ဆာတစ်ကောင်ကို ခေါ်ဆောင်လာလေသည်။

သူတို့မှာ နားမကြားသူများဖြစ်၏။ ထို့ကြောင့် သိုးအိုကြီးထံမှ အမိန့်ကို နားဖြင့် လက်ခံရရှိခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားနေ၏။

"ဦးလေး၊ ကျွန်တော့်ကို လွှတ်ပေးပါ... ကျွန်တော် ပြုပြင်ပါ့မယ် ၊ ကျွန်တော့်ကို အခွင့်အရေးလေး ပေးပါ "

သိုးမိစ္ဆာရန်ဖန်သည် နှပ်များတရှုံ့ရှုံ့ကျကာ မျက်ရည်တဖြိုင်ဖြိုင်ဖြင့် သနားစဖွယ် ငိုယိုတောင်းပန်နေသည်။

ရန်ဖန်ကို မြင်သောအခါ အခြားမိစ္ဆာများ၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွား၏။

" သိုးအိုကြီး ဒါက ခင်ဗျားအချစ်ဆုံး တူ မဟုတ်လား ၊ သူ ဘာလုပ်ခဲ့လို့လဲ"

"သိုးအိုကြီးက ဒီတစ်ခါတော့ တကယ် အတည်ပေါက် လုပ်မယ့်ပုံပဲ"

သိုးအိုကြီး၏ မျက်နှာကတော့ တည်တင်းနေပြီး သူ၏ အသံမှာ အေးစက်နေသည်။

"ဆီဒယ်အိုး ပြင်ဆင်လိုက်"

ဆွံ့အအစေခံများ အလုပ်ရှုပ်သွားကြပြီး ခန်းမထဲတွင် ဆီဒယ်အိုးကြီးတစ်လုံးကို အမြန်ပြင်ဆင်လိုက်၏။

မကြာခင်မှာပင် ဒယ်အိုးကြီး၏အောက်တွင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေပြီး အပေါ်မှ ဆီများ ဆူပွက်လာသည်။

သိုးအိုကြီး၏ မျက်လုံးထဲတွင် သတ်ဖြတ်လ်ုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး မာကျောစွာ ကြေညာလိုက်၏။

"ငါ့ရဲ့ အသုံးမကျတဲ့ ဒီတူက လူသားတွေနဲ့ ပူးပေါင်းပြီး သူ့မျိုးနွယ်ကို သူပြန်ပြီး သစ္စာဖောက်ခဲ့တယ် ၊သူက မိစ္ဆာမြှင့်တင်ရေး ညီလာခံအကြောင်း သတင်းကို ငွေစအနည်းငယ်အတွက်နဲ့ မိစ္ဆာနှိမ်နင်းရေးဌာနဆီ ပေါက်ကြားစေခဲ့တယ်။ ဒါကြောင့် သူဟာ ဒီနေ့ ဆီပူထဲ ထည့်ကြော်ပြီး သတ်တဲ့ပြစ်ဒဏ်ကို ခံရမယ်"

သူ၏ ကြေညာချက်အဆုံး၌ ရန်ဖန်သည် အင်အားမဲ့စွာ ငိုကြွေးတော့သည်။

"ဦးလေး၊ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူးဗျ .. ကျေးဇူးပြုပြီး လွှတ်ပေးပါ.ကျွန်တော် မရည်ရွယ်ပါဘူး ဦးလေးရဲ့.."

ရန်ဖန်သည် အကူအညီမဲ့စွာငိုကြွေးနေရင်းမှ သူ၏ လုပ်ရပ်အတွက် သူ အလွန်နောင်တရနေမိသည်။ သူသည် ပြည့်တန်ဆာမတစ်ဦး၏ နူးညံ့သောအသားကို လိုချင်သဖြင့် ဝယ်ယူရန် ငွေလိုအပ်နေခဲ့၏။

အရေးပေါ်ငွေလိုသောအခါ သူ ဘာလုပ်နိုင်မည်နည်း။

သတင်းရောင်းရမည်။ထိုအလုပ်က အလွယ်ဆုံးနှင့် ငွေအရဆုံး မဟုတ်ပါလား။

သူသည် ယခုလို အဖမ်းခံရပြီး သူ၏ ဦးလေးက သူ့ကို ဆီပူနှင့်ကြော်သတ်လိမ့်မည်ဟု လုံးဝမတွေးမိခဲ့ပါ။

တပွတ်ဆူနေသော ဆီပူများကို ကြည့်ကာ မျက်ရည်များသည် အဆုံးမရှိသော စမ်းချောင်းကဲ့သို့ စီးကျလာပြီး ၎င်းတို့သည် သမုဒ္ဒရာကြီးအဖြစ် ပြောင်းလဲကာ ဒယ်အိုးထဲရှိ ဆူပွက်နေသော ဆီများကို ကျဲသွားစေရန် မျှော်လင့်နေသည့်အလားပင်။

"ဒယ်အိုးထဲ ထည့်လိုက်"

သိုးအိုကြီး၏ အမိန့်ကို ငြင်းဆန်၍မရပါ။

ထို့နောက် နာကျင်စွာ အော်ဟစ်သံများ၊ ဒေါသတကြီးကျိန်ဆဲသံများနှင့် ကရုဏာသက်ဖွယ် တောင်းပန်သံများ လေထုထဲတွင် ပြည့်နှက်သွားပြီး ကြားရမြင်ရသည်မျာ အလွန် စိတ်မချမ်းမြေစဖွယ် ကောင်းလှသည်။

ကျိယွမ်ပင်လျှင် ထိုအရာကို ဆက်မကြည့်နိုင်တော့ဘဲ ကိုယ်ချင်းစာစိတ်များ လွှမ်းမိုးလာ၏။

"ဟင်း... ကြည့်စမ်း၊ သူ အရမ်းသနားဖို့ကောင်းတယ်၊ တကယ်ကို သနားစရာစရာလေး ငိုနေရှာတာ။ သူ့ကို ဆီဒယ်အိုးထဲ ထည့်တာကို ကျွန်တော် မကြည့်ရက်ဘူး ၊ သူ့ကို ကျွန်တော် ပေးဝယ်ရင် ဘယ်လိုလဲ ၊ ခင်ဗျားလည်း သူ့ကို ကြော်စရာ မလိုတော့ဘူး။ သက်ရှိတွေကို အခုလိုကြီးကြော်တာက...."

"တော်တော်. မကောင်းဘူးမှတ်လား."

သိုးတစ်ကောင်လုံးကို အရှင်လတ်လတ်အမွှေးမနှုတ်ဘဲ ဆီအိုးထဲ ထည့်ကြော်သည်ကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

ပုံမှန်ဆိုရင် အမွှေးတွေချွတ်ပြီး ကင်ရမှာလေ ။

"ဟားဟား၊ ဂုဏ်သရေရှိ ဧည့်သည်က ဘယ်လောက်များ ပေးမှာမို့လဲ"

သိုးအိုကြီးက ကျိယွမ်၏စကားကို ဒေါသမထွက်ဘဲ ဖော်ရွေစွာရယ်မော ပြီးမေးလိုက်သည်။

ကျိယွမ်က သူ၏ အိတ်ထဲသို့ လက်နှိုက်ပြီး ငွေစများကို ခက်ခက်ခဲခဲ ထုတ်ယူလိုက်၏။

"ပြဿနာတော့ တက်ပြီ ၊ ကျွန်တော့်မှာ ငွေအလုံအလောက် မရှိဘူး၊ ဆယ်တေးလောက်ပဲ ရှိတယ်။ ခင်ဗျားရဲ့တူကို ဝယ်ဖို့ မတတ်နိုင်ဘူး... "

"ဒီလိုလုပ်ပါလား ၊ သူ့ရဲ့အသား ဆယ်ပေါင်လောက်ကိုပဲ ကျွန်တော့်ကို ရောင်းရင် ဘယ်လိုလဲ ၊ ကျွန်တော် သွေးကြွယ်ဝတဲ့ အစိတ်အပိုင်းတွေကို ရရင်ကျေနပ်ပါတယ် ။ ဘယ်လိုထင်လဲဗျ"

ကျိယွမ်က သူသည် ယခင်ကထက်သိသိသာသာ ပို၍စမတ်ကျလာသည်ဟု ခံစားရသည်။

ပို၍ လိမ်မာပါးနပ်လာပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် အခြေအနေများကို အချိန်တိုအတွင်း ဖန်တီးလာနိုင်၏။

ထို့အပြင် အခြားတစ်ဖက်ကကြည့်လျှင်လည်း သူသည် လူသားသဘာဝ၏အမှန်တရားနှင့် အလှတရားကို စောင့်ထိန်းကာ သူ၏ ကိုယ်ကျင့်တရားကို ဖြည့်ဆည်းလိုက်ခြင်းဟုလည်း ဆိုနိုင်၏။

သူ၏ ကရုဏာပြည့်ဝသောလုပ်ရပ်ကို မြင်သော မည်သူမဆို "ဒီကမ္ဘာပေါ်မှာ လူကောင်းတွေ ရှိပါသေးလား" ဟု ပြောမိကြမှာ အသေအချာပင်။

ထို့အပြင် သူ လိုချင်သော မိစ္ဆာသွေးအဆီအနှစ်ကိုလည်း ရရှိနိုင်မည် ဖြစ်သည်။ သူ အောင်မြင်စွာဝယ်နိုင်ပါက မည်သည့်အဖိုးတန်သွေးမျှ အလဟဿ ဖြစ်မည် မဟုတ်တော့ပါ။

ဘယ်လိုတွေးတွေး နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အကြံပင်။

ကျိယွမ်၏ စကားကြောင့် သိုးအိုကြီး၏ ပါးစပ်က ပြောချင်သလိုလိုလှုပ်သွားပြီးမှ သတို့သမီးလေးကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။

"အရင်ဆုံး သူ့ကို ကြော်လိုက်၊ ပြီးမှ ဧည့်သည်ကို တည်ခင်းပေးလိုက်"

"ကြော်တဲ့အခါ သတိထားဦး၊ သွေးတွေအားလုံး ခမ်းမသွားစေနဲ့နော်"

ကျိယွမ်က ဝမ်းသာအားရဖြင့် အမြန် သတိပေးလိုက်သေး၏။

သိုးအိုကြီးမှာ မည်သည့်ထင်မြင်ချက်မှမပေးဘဲ တိတ်ဆိတ်နေလေသည်။

ယခုလေးတင် မျှော်လင့်ချက် မျက်လုံးများ ရှိနေခဲ့သောရန်ဖန်သည် ယခုအခါ မှာတော့ ကျိယွမ်ကို စားတော့မည့်အလား ဒေါသတကြီး စိုက်ကြည့်ပြီး အော်ဟစ်ကျိန်ဆဲတော့သည်။

ငါက ကယ်တင်ရှင်မှတ်လို့ ပျော်သွားတာလေ ၊ ခုတော့ သွေးမခန်းအောင် ကြော်ပေးပါတဲ့လား။

ရန်ဖန်၏ ဒေါသကိုမြင်သောအခါ ကျိယွမ်က သက်ပြင်းချလိုက်၏။

"ဒါက လယ်သမားနဲ့ မြွေပုံပြင်လိုပဲ။ သူ့ကို ကယ်ဖို့ ငါကအစွမ်းကုန် ကြိုးစားခဲ့ပေမယ့် သူက ငါအပေါ် အငြိုးထားတယ်။ ကျေးဇူးတရားကို ရန်ငြိုးနဲ့ တုံ့ပြန်တာပဲ ၊ အခုမှပဲ အဲဒီ စကားပုံရဲ့ အဓိပ္ပာယ်ကို နားလည်တော့တယ်"

အမှန်တကယ်ပင် ဘဝဟူသည် ဖုံးကွယ်ထားသော အမှန်တရားများနှင့် ပြည့်နှက်နေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိယွမ်သည် အသိတရားတစ်ခုကို ရရှိသွားခဲ့သည်။

ထို့နောက် လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ရန်ဖန်ကို ဆီဒယ်အိုးထဲသို့ ပစ်ထည့်ကာ အရှင်လတ်လတ် ကြော်လေ၏။

သူ၏ နာကျင်လှသော အော်ဟစ်သံများမှာ ခြောက်ခြားဖွယ်ရာ အိမ်ကြီးထဲတွင် သွေးပျက်စရာကောင်းအောင် ဟိန်းထွက်နေခဲ့သည်။

ကြော်ပြီးနောက်တွင် ပြင်းထန်သော အနံ့ဆိုးတစ်ခု ခန်းမထဲတွင် ပြည့်နှက်သွား၏။

ထိုအနံ့ကို ရသောအခါ ခန်းမထဲရှိ မိစ္ဆာများသည် ချက်ချင်းလိုလို တည်ငြိမ်သွားကြပြီး အချို့က ရိုသေမှုပင် ပြသကြသည်။

ထိုအခိုက်မှာပင် မိစ္ဆာလေပြင်းတစ်ခု တိုက်ခတ်လာပြီး ကြံ့ခိုင်သော အဘိုးအိုတစ်ဦး ခန်းမအလယ်တွင် ပေါ်လာ၏။

အဘိုးအိုသည် အရိုးဖြူတုတ်ကောက်တစ်ခုကို အားပြုထားပြီး ဆီးနှံကဲ့သို့ ဖြူဖွေးတိုတောင်းသော ဆံပင်များက ထောင်ထနေသည်။ သူ၏ မျက်လုံးများမှာ စူးရှနေပြီး အစွမ်းထက်သော အငွေ့အသက်များ ထွက်ပေါ်လျှက်ရှိ၏။

သိုးအိုကြီး၏ ရှေ့သို့ထွက်ကာ အရိုအသေပေးလိုက်သည်။

"နှုတ်ခွန်းဆက်ပါတယ်၊ အကြီးအကဲဟွမ် "

အခြားမိစ္ဆာများကလည်း မတ်တပ်ရပ်ကာ အရိုအသေပေးကြ၏။

"နှုတ်ခွန်းဆက်ပါတယ်၊ အကြီးအကဲ ဟွမ်"

ရောက်လာသူမှာ အခြားသူမဟုတ်ပါ။ သွေးစွမ်းအင်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိသော မိစ္ဆာတစ်ဦးဖြစ်ပြီး စခန်း၏ အမည်ခံခေါင်းဆောင် အကြီးအကဲဟွမ် ဖြစ်သည်။

"အားလုံး စုံပြီလား"

အကြီးအကဲဟွမ်၏ အကြည့်က အားလုံးအပေါ်သို့ ဝေ့ဝဲကြည့်လိုက်ရာ သူ၏ မျက်လုံးများသည် လူတိုင်း၏ အရေပြားကို ထိတွေ့နေသော အဆိပ်ရှိသည့် ဆူးများကဲ့သို့ ဖိအားများဖြင့် ပြည့်နှက်စေ၏။

"လိုရင်းကိုပဲ ပြောကြရအောင်။ ငါ ဒီကို လာတာက မိစ္ဆာမြှင့်တင်ရေး ညီလာခံအကြောင်း ပြောဖို့ပဲ"

အကြီးအကဲဟွမ်၏ အသံမှာ လူရိုင်းတစ်ယောက်ကဲ့သို့ ကြမ်းတမ်းနေသည်။

ထိုအရာက ယဉ်ကျေးသိမ်မွေ့သော အမူအရာရှိသည့် ဟွမ်စစ်နှင့် သိသိသာသာ ကွာခြားလေ၏။

ခန်းမထဲရှိ မိစ္ဆာများသည် မည်သည့်အရာများ ဖြစ်ပျက်နေပြီး ယွင်ယန်ခရိုင်ရှိ မိစ္ဆာအားလုံး၏ အနာဂတ်နှင့် မည်သို့သက်ဆိုင်နေသနည်း ဆိုသည်ကို အလွန်သိချင်စွာဖြင့် နားထောင်နေကြသည်။

"လွန်ခဲ့တဲ့ လဝက်က ခေါင်းဆောင်ကွန်ဟာ ပင်လယ်ထဲမှာ မိစ္ဆာတစ်ကောင်နဲ့ တွေ့ခဲ့တယ်။ အဲဒီမိစ္ဆာက ခြေသုံးချောင်း၊ မျက်လုံးသုံးလုံးနဲ့ ရေယက်နှစ်ခု ပါတယ် ၊ ထူးဆန်းတဲ့ ရုပ်ရည်ရှိပြီး ဉာဏ်ရည် မရှိဘူး။ ဒါကြောင့် ခေါင်းဆောင်ကွန်က သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းဖို့ အဲဒီမိစ္ဆာကို ယွင်ရန်ခရိုင်ကို ခေါ်လာခဲ့တယ်။"

" ရှေးဟောင်းမှတ်တမ်းတွေကို စစ်ဆေးပြီးနောက်မှာ ဒီမိစ္ဆာဟာ... ဝိညာဉ်သွေးရဲ့သားတော် ဖြစ်နေတာကို ငါတို့ တွေ့ရှိခဲ့ရတယ်"

"ဘာ"

"ဝိညာဉ်သွေးသားတော်လား"

"ဉာဏ်ရည်မရှိတဲ့ ဝိညာဉ်သွေးသားတော်ပေါ့"

မိစ္ဆာများသည် အသက်ရှူသံများ ပြင်းထန်လာပြီး သူ၏ မျက်လုံးများမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်လာသည်။

"ဒါဆို ငါတို့ သူ့ကို ထိန်းချုပ်နိုင်ရင် အနာဂတ်မှာ အစွမ်းထက်တဲ့ မိစ္ဆာဝိညာဉ်တစ်ခု ရလာမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား"

"ဒါဟာ မိစ္ဆာဝိညာဉ်ပဲ ၊ ရှေးခေတ်ကာလမှာဆိုရင် ဒါဟာ မိစ္ဆာနန်းတော်တစ်ခုကိုတောင် တည်ထောင်နိုင်တဲ့ မိစ္ဆာကြီးတစ်ကောင် ဖြစ်လာမှာ"

မိစ္ဆာကျင့်စဉ်တွင် အဆင့်အတန်း ၆ ခုရှိပြီး ၄င်းတို့မှာ သွေးစွမ်းအင်မိစ္ဆာ ၊ ကျောက်စိမ်းသွေးမိစ္ဆာ ၊ မိစ္ဆာသူရဲကောင်း ၊ မိစ္ဆာဝိညာဉ် နှင့် မိစ္ဆာဘုရင်တို့ ဖြစ်ကြသည်။

သို့သော် ဝိညာဉ်သွေးသားတော်သည် မိစ္ဆာဝိညာဉ်၏ သွေးမျိုးဆက်ကို သယ်ဆောင်ထားရုံသာမက မည်သည့် အဟန့်အတားမျှ မရှိဘဲ မိစ္ဆာဝိညာဉ်အဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်ပြီး မိစ္ဆာကြီးတစ်ကောင် ဖြစ်လာနိုင်၏။

ထိုကဲ့သို့ မိစ္ဆာဝိညာဉ်အဆင့်ရှိသော မိစ္ဆာကြီးတစ်ကောင်သည် လူသားများ၏ သိုင်းဝိညာဉ်အဆင့်နှင့် နှိုင်းယှဉ်နိုင်လေသည်။

မသေမျိုးကျင့်စဉ်အရ ဆိုလျှင် ၎င်းသည် စိတ်ဝိညာဥ်အဆင့်ရှိသော မိစ္ဆာကြီး ဖြစ်ပေလိမ့်မည်။

နိုင်ငံတစ်ခုကို ကျွမ်းထိုး မှောက်ခုံဖြစ်အောင် အလွယ်တကူလုပ်နိုင်၏။

မိစ္ဆာအားလုံးကို သွားရည်တမြားမြား ကျစေသည့်အချက်မှာ ထိုဝိညာဉ်သွေးသားတော်တွင် ဉာဏ်ရည်မရှိသဖြင့် ၎င်းကို သူတို့ အလိုရှိသလို ကြိုးကိုင်နိုင်ခြင်းပင်။

မိစ္ဆာများသည် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း။

သို့သော် အတွေ့အကြုံရင့်ကျတ်သောအချို့မိစ္ဆာများက သတိကြီးစွာဖြင့် မေးလိုက်သည်။

"ခေါင်းဆောင်ကွန်က ဝိညာဉ်သွေးသားတော်ကို သူ့ဘာသာ တွေ့တာပဲ၊ သူက ဘာလို့ ငါတို့ကို ခွဲပေးမှာလဲ"

"ဟုတ်တယ် ...ငါသာ ဝိညာဉ်သွေးသားတော်လို အဖိုးတန်တဲ့ ရတနာကို ရရင် အခြားမိစ္ဆာတွေကို လုံးဝ ခွဲပေးမှာ မဟုတ်ဘူး"

"အကြောင်းရင်းရှိရမယ်.."

မိစ္ဆာအချို့၏ ဝေဖန်စကားများကို ကြားသောအခါ အကြီးအကဲဟွမ်သည် မည်သည့် အမူအရာမျှ မပြဘဲ တည်ငြိမ်စွာ ဆက်ပြော၏။

"ဒီဝိညာဉ်သွေးသားတော်က ထူးခြားတဲ့ အခြေအနေမှာ ရှိနေတာ။ ကြီးထွားဖို့အတွက် သူဟာ မင်းတို့ရဲ့ သွေးအဆီအနှစ်တွေဆီက အာဟာရကို လိုအပ်တယ်။ ဒါကြောင့် ခေါင်းဆောင်ကွန်နဲ့ ငါဟာ ဝိညာဉ်သွေးသားတော်ကို အတူတူ ကျွေးမွေးဖို့ မင်းတို့ကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ ကြီးထွားလာတာနဲ့အမျှ ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိလာလိမ့်မယ်။"

"ဟားဟား ဟားဟား၊ သူ မိစ္ဆာဝိညာဉ်အဆင့်ကို ရောက်သွားတာနဲ့ ယွင်ရန် ခရိုင်တင်မကဘူး၊ ဖုန်းလိုင် ပြည်နယ်နဲ့ ထျန်းကျွဲ မင်းဆက်မှာပါ ငါတို့ကပဲ အမိန့်ပေးနိုင်တဲ့သူတွေ ဖြစ်လာလိမ့်မယ်"

အကြီးအကဲဟွမ်၏ စကားများမှာ အလွန် ဆွဲဆောင်မှုရှိသဖြင့် မိစ္ဆာအများစုကို မက်မောသွားစေသော်လည်း အချို့ကတော့ သတိရှိနေဆဲ ဖြစ်သည်။

"ငါတို့ရဲ့ သွေးအဆီအနှစ်တွေကို ကျွေးပေမယ့် ဝိညာဉ်သွေးသားတော်ကို ငါတို့ မထိန်းချုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ"

အသက်နှစ်ရာရှိ လူသားမိစ္ဆာကြီးက သတိကြီးစွာ မေးလိုက်သည်။အကြီးအကဲဟွမ်၏ အကြံအစည်က စိတ်လှုပ်ရှားစရာကောင်းသော်လည်း သူ၏ စိတ်ထဲတွင် သံသယများရှိနေဆဲပင်။

တကယ်လို့ ကွန်က ငါတို့ကို အလုပ်သမားတွေလိုပဲ သဘောထားရင် ဘယ်လိုလုပ်မလဲ။

ငါတို့ သွေးအဆီအနှစ်တွေ ပေးလိုက်ပေမဲ့ ဝိညာဉ်သွေးသားတော် ကြီးလာတဲ့အခါ ငါတို့ကိုစကား နားမထောင်ရင် အလကားပဲပေါ့။

"စိတ်ချပါ၊ ဝိညာဉ်သွေးသားတော်ကို ကျွေးတဲ့အခါ မင်းတို့အားလုံး သူနဲ့ နှလုံးသားဆက်နွှယ်ကတိသစ္စာကို လက်မှတ်ထိုးထားနိုင်တယ်"

အကြီးအကဲဟွမ်က တည်ငြိမ်သော လေသံဖြင့် အတိအကျ ပြန်ဖြေသည်။

သူ၏ အာမခံစကားကို ကြားလိုက်ရသောအခါ မိစ္ဆာများ အလွန် စိတ်ဝင်စားသွားကြကုန်၏။

နှလုံးသားဆက်နွှယ်ခြင်း ကတိသစ္စာသည် ခိုင်မာသော ဆက်နွှယ်မှုကို ဖြစ်ပေါ်စေနိုင်သည်ဟု လူသိများသည်။ သူတို့၏ သွေးအဆီအနှစ်ဖြင့် ကျွေးမွေးခြင်းက ပို၍ ထိရောက်စေမည်ဖြစ်ပြီး ဝိညာဉ်သွေးသားတော်သည်လည်း သူတို့ကို ဆွေမျိုးသားချင်းကဲ့သို့ မြင်ကာ သူတို့ကို အကာအကွယ် ပေးပေလိမ့်မည်။

"ခေါင်းဆောင်ကွန်က ဒီလောက်တောင် ရက်ရောတာလား"

"ငါတော့ နည်းနည်း စိတ်ဝင်စားသွားပြီ"

ခန်းမထဲရှိ မိစ္ဆာများတွင် ကန့်ကွက်သူ မရှိတော့ပါ။

နှလုံးသားဆက်နွှယ်ခြင်း ကတိသစ္စာနှင့်ဆိုလျှင် သူတို့၏ ဘဝသည် တကယ်ပင် အဆင်ပြေသွားမည်မဟုတ်ပါလား။

"ဘယ်သူ့မှာ ကန့်ကွက်စရာ ရှိသေးလဲ"

သူတို့၏ စိတ်အားထက်သန်မှုကို မြင်သောအခါ အကြီးအကဲဟွမ်က ယုံကြည်မှုအပြည့်ဖြင့် တစ်ခန်းလုံးကို ဝေ့ကြည့်ကာ မေးလိုက်သည်။

မိစ္ဆာများက ဘာမှမပြောဘဲ အလေးအနက် တွေးတောနေကြ၏။

ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်နေခဲ့သော ကျိယွမ်က လက်ထောင်ပြလိုက်သည်။

"ကျွန်တော့်မှာ ကန့်ကွက်စရာ ရှိတယ်"

"အိုး..."

ထိုအခါမှ အကြီးအကဲဟွမ်က ကျိယွမ်အားသတိထားမိသွားဟန်ဖြင့် သူ၏ စူးရှသော အကြည့်က ကျိယွမ်အပေါ်သို့ ကျရောက်လာ၏။ထိုအကြည့်က သူ့ကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသည့်အလား ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် သူသည် ကျိအာကို တစ်ခါမှ မမြင်ဖူးသဖြင့် ကျိယွမ်ကို မည်သူမည်ဝါဟု မမှတ်မိပါ။

"ဒါက ဒီက မိစ္ဆာတွေအတွက် အရမ်း မတရားဘူးလို့ ကျွန်တော် ထင်တယ်။ မကြာခဏ သွေးဖောက်ထုတ်နေရတာ က သူတို့ရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လောက် ဆိုးလိုက်မလဲ "

"ခင်ဗျားတို့ဆီမှာ ဘာအားဆေးမှလည်း မရှိဘူး။ သူတို့သွေးတွေကို အမြဲဖောက်နေတာက သူတို့အတွက် နာကျင်စရာပဲ၊ ကျွန်တော့်အတွက်လည်း နာကျင်ရပါတယ် ၊ ဒါတွေက အဖိုးတန်မိစ္ဆာသွေးအဆီအနှစ်တွေလေ ၊ အဲဒါတွေကို ဝိညာဉ်သွေးသားတော်ဆီ ပေးလိုက်တာက တကယ့်ကို နှမြောစရာကြီး မဟုတ်လား"

"ဒါဟာ တကယ့်ကို အလဟဿဖြစ်ပြီး ရင်နာစရာပေးဆပ်မှုပဲ"

သူ၏စကားကို ကြားသောအခါ ကြက်ဖမိစ္ဆာ၏ မျက်နှာက ထူးဆန်းသွားပြီး ကျိယွမ်အား ကြည့်၏။

အခြား မိစ္ဆာများကလည်း တစ်မျိုးကြီး ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်သော အကြောင်းပြချက်ကြောင့် သူတို့ အနည်းငယ် စိတ်လှုပ်ရှားသွားကြ၏။

ကြည့်စမ်း၊ ဒီလူသားက ငါတို့ရဲ့ ကျန်းမာရေးကို စိတ်ပူပေးနေတာ။

တကယ့်ကို လူကောင်းလေးပဲ။

"ဟွန့်... ဝိညာဉ်သွေးသားတော်က ငါတို့အတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ မင်း နားမလည်ပါဘူး"

အကြီးအကဲဟွမ်၏ အသံမှာ ပြတ်သားပြီး အာဏာပါနေသည်။

သို့သော် ကျိယွမ်က တုန်လှုပ်ပုံမရပါ။

"ဒေါသမထွက်ပါနဲ့၊ အဲဒါ ခင်ဗျားကျန်းမာရေးအတွက် မကောင်းဘူး။ ခင်ဗျားရဲ့ သွေးတိုးနဲ့ သွေးချိုတွေ တက်လာရင် ဘယ်လိုလုပ်မလဲ ၊ ကျွန်တော် ပြောတာတွေက အမှန်တရားတွေပါ၊ လိမ်ညာတာ လုံးဝ မပါပါဘူး။"

" ဝိညာဉ်သွေးသားတော်ကို ကျွန်တော့်ကိုပဲ စားခွင့်ပြုလိုက်ရင် ကျွန်တော့်မှာ ထူးခြားတဲ့ ခန္ဓာကိုယ် ရှိတယ်။ ကျွန်တော်က ဝိညာဉ်သွေးသားတော် အသစ် ဖြစ်လာနိုင်တယ်။ အဲဒီကျရင် ခင်ဗျားတို့ သွေးတွေကို ကျွန်တော့်ဆီ ပေးရုံပဲ။ ကျွန်တော် ခင်ဗျားတို့ အားလုံးကို နေ့တိုင်း ဆေးရုံခေါ်သွားပြီး ဂလူးကို့စ်သွင်းပေးမယ်။ အဲဒါက ခင်ဗျားတို့ကျနိးမာရေးအတွက် ပိုမကောင်းဘူးလား"

ကျိယွမ်သည် ဂလူးကို့စ်သွင်းခြင်းက သွေးကို ပြန်လည် ဖြည့်တင်းပေးနိုင်မလား မသေချာသော်လည်း ပညာမတတ်သော မိစ္ဆာအုပ်စုကို လှည့်စားရန်တော့ လုံလောက်မည်ဟု အပိုင်တွေးလိုက်သည်။

ငါ့ရဲ့ EQ က ကြာလေမြင့်လေပဲ ၊ လူတွေတောင်မခံနိုင်တာ ၊ ငတုံးမိစ္ဆာတွေဆို အသာလေးလှည့်စားနိုင်တာပေါ့။

ကျိယွမ်၏ စကားများက ခန်းမထဲရှိမိစ္ဆာများကို ဆွံ့အသွားစေသည်။

ဒါဆို... ဒီကောင်ကလည်း ငါတို့ သွေးတွေကို လိုချင်တာလား။

"မင်း ငါတို့ကို လှောင်နေတာလား"

"မင်း... သေချင်နေတာပဲ"

အကြီးအကဲဟွမ်၏ အကြည့်များက အေးစက်သွားပြီး ပြင်းထန်သော လသတ်ဖြတ်လိုစိတ်အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။

ကျိယွမ်က လက်ကို အမြန်ဝေ့ယမ်းကာ အကြီးအကဲအား နားချ၏။

"နေပါဦး ..ဒေါသအရမ်းမထွက်ပါနဲ့၊ အဲဒါ ကျန်းမာရေးအတွက် မကောင်းဘူး။ သွေးတိုးလာရင် ဘယ်လိုလုပ်မလဲ"

" ကျွန်တော်က အမှန်အတိုင်းပြောနေတာပါ။ ဝိညာဉ်သွေးသားတော်ကို ကျွန်တော့်ကို စားခွင့်ပြုရုံပါပဲ။ ကျွန်တော့်မှာ ထူးခြားတဲ့ ခန္ဓာကိုယ်ရှိပြီး ဝိညာဉ်သွေးသားတော်အသစ် ဖြစ်လာနိုင်တယ်။ အဲဒီကျရင် ခင်ဗျားတို့ရဲ့ သွေးတွေကို ကျွန်တော့်ဆီ ပေးလို့ရပြီ။"

" ကျွန်တော်ကလည်း ခင်ဗျားတို့ကို နေ့တိုင်း ဂလူးကို့စ် ပြန်သွင်းပေးမယ်၊ကုန်ချင်သဘောက်ကုန်ဗျာ ၊ တစ်ပုလင်းကို ဆယ်ယွမ်တော့ ပေးရမယ်ထင်တယ် ။ ဒါပေမဲ့ အားမနာပါနဲ့ နေတိုင်းလူစေ့သွင်းရပါစေ့မယ်"

All Chapters