← Chapters

ငါ့ရိုဘော့က နည်းနည်းတော့ ကျွမ်းတယ်

Vol. 28 Ch. 307

ငါ့ရိုဘော့က နည်းနည်းတော့ ကျွမ်းတယ်

Vol. 28 Ch. 307

ကျွင်းအန်း လူနေရပ်ကွက်၌ ဖြစ်သည်။

ဇီးရိုးဝမ်းသည် ဆိုဖာပေါ်တွင် မတ်မတ်ထိုင်နေပြီး ၄င်း၏ လက်ထဲတွင် ဘက်ထရီအမျိုးမျိုး တင်ထားသော လင်ဗန်းတစ်ခုကို ကိုင်ထား၏။

ဇီးရိုးဝမ်းသည် ဘက်ထရီတစ်လုံးကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်သည်။

မျက်နှာချင်းဆိုင်တစ်နေရာတွင် ခွေနေသော ရှဲ့ရှင်းစုသည် ဇီးရိုးဝမ်းကို မျက်လုံးအပြူးသားဖြင့် ကြည့်ကာအလွန်အံ့သြနေ၏။

သခင်နှင့်အစေခံအတွဲမှာ အလွန်ပင် ပုံမှန်မဟုတ်ချေ။

သခင်ဖြစ်သူတွင် စိတ်ကျန်းမာရေးပြဿနာရှိနေသည်မှာ တစ်ပိုင်းဖြစ်သော်လည်း အစေခံကလည်း ပုံမှန်စက်ရုပ်တစ်ခုနှင့် လုံးဝမတူပါ။

ထိုအချိန်တွင် ဘက်ထရီကို ကိုင်ထားသော ဇီးရိုးဝမ်းသည် ရှဲ့ရှင်းစုဘက်သို့ အာရုံရောက်လာသည်။

"ငါ ဘာလို့ ဘက်ထရီစားနေတာလဲဆိုတာ နင်သိချင်နေတာလား"

ဇီးရိုးဝမ်းက စက်ရုပ်သံနှင့်မတူဘဲ အမျိုးသမီးဆန်သောအသံဖြင့် မေးလိုက်သည်။

ရှဲ့ရှင်းစု၏ ကြောင်မျက်လုံးများမှာ ဝိုင်းစက်သွားလျက် ဆိုဖာပေါ်တွင် ဆွံ့အစွာထိုင်နေပြီး ဘာမှမတုန့်ပြန်နိုင်ပါ။

သူမသည် ဇီးရိုးဝမ်းတွင် တစ်ခုခုမှားယွင်းနေကြောင်း အသိပေးချင်နေ၏။

ထိုစက်ရုပ်သည် ၄င်းက ပုံမှန်မဟုတ်ကြောင်းကို ဟန်ဆောင်ရန်ပင် မကြိုးစားတော့ပါ။

ကုံရှင်းပေါ်မှ မည်သည့်အသိဉာဏ်မြင့်စက်ရုပ်များမှာမှ ယခုလိုဉာဏ်ရည်မျိုးမရှိနိုင်မှန်း သူမ သေသေချာချာသိသည် ။

ဇီးရိုးဝမ်းသည် သူမကို ဂရုမစိုက်ဘဲ ရင့်ကျက်သော အမျိုးသမီးအသံဖြင့်

ရှင်းပြ၏။

"ရုပ်ရှင်ထဲက စက်ရုပ်တွေ အကုန်လုံးက ဘက်ထရီစားကြတယ်၊ ဒါကြောင့် ဘာအရသာရှိလဲဆိုတာ ငါစမ်းကြည့်ချင်တာ"

ဤတုံ့ပြန်မှုကို ကြားရသောအခါ ရှဲ့ရှင်းစုသည် ဤစက်ရုပ်တွင် အမှန်တကယ်ပင် တစ်ခုခုမှားယွင်းနေကြောင်း သေချာသွားတော့သည်။

ကံမကောင်းစွာဖြင့် သူမသည် ယခုအခါ ကြောင်တစ်ကောင် ဖြစ်နေ၏ ၊ သို့မဟုတ်ပါက ဤကောက်ကျစ်သော စက်ရုပ်မအကြောင်းကို သူမ၏သခင်ထံ သေချာပေါက် တိုင်တန်းမည် ဖြစ်သည်။

ဇီးရိုးဝမ်းကတော့ ရှဲ့ရှင်းစုကို လျစ်လျူရှုကာ ဘက်ထရီများကို တစ်လုံးပြီးတစ်လုံး ဆက်စားနေသည်။

ထို့အခိုက် ရုတ်တရက်ဆိုသလို သူမ၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"သခင့်ရဲ့ ကွန်ရက်ကို ဟက်ဖို့ ကြိုးစားရဲတာလား၊ တော်တော်သတ္တိရှိတာပဲ"

ယခုလေးတင် တစ်စုံတစ်ယောက်သည် ကျိယွမ်၏ ဖုန်းကို ဟက်ရန် ကြိုးပမ်းနေသည်ကို သူမအာရုံခံလိုက်မိသည် မဟုတ်ပါလား။

ဇီးရိုးဝမ်းသည် အလွန်ထက်မြတ်သောသင်ယူနိုင်စွမ်းရှိပြီး ဟက်ကင်းအတတ်ပညာများကို ကျွမ်းကျင်ရန်မှာ လည်း သူမအတွက် မခက်ခဲပါ။

ထို့အပြင် သူမ၏ စဉ်းစားတွေးခေါ်မှုမှာ လည်း ပိုမိုအားကောင်းလာပြီး တွက်ချက်နိုင်စွမ်းမှာလည်း သာမန်လူများထက် များစွာသာလွန်သည်။

တစ်စုံတစ်ယောက်က နှောင့်ယှက်နေသည်ကို သိရှိသည်နှင့် သူမသည် ချက်ချင်း ပိတ်ဆို့လိုက်ပြီး ကျူးကျော်သူ၏အရင်းအမြစ်ကို နောက်ယောင်ခံလိုက်တော့သည်။

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် ဇီးရိုးဝမ်း၏ မျက်လုံးထဲတွင် လှောင်ပြောင်သော အမူအရာတစ်ခုပေါ်လာ၏။

"တကယ်ကို သတ္တိရှိတာပဲ"

ထိုမျှသာဆိုကာ သူမသည် တီဗီတွင် ပြသနေသော ရုပ်ရှင်ကို ကြည့်ရင်း ဘက်ထရီများကို ဆက်စားနေခဲ့သည်။

အခြားတစ်ဖက်မှ ရှဲ့ရှင်းစုသည်လည်း ဆိုဖာအောက်တွင် ပုန်းအောင်းကာ သူမ၏ ကျင့်ကြံခြင်းကို ပြန်လည်စတင်သည်။

အမှန်တော့ သူမဆိုဖာပေါ်တွင် တရားထိုင်နေချိန်တိုင်း ထိုစက်ရုပ်သည် သူမကို အမြဲတမ်း ပြုံးလျက် စိုက်ကြည့်နေတတ်ရာ၊ သူမကိုယ်သူမ ပြပွဲတွင် ပြသထားသော မျောက်တစ်ကောင်ကဲ့သို့ ခံစားရသဖြင့် အလွန်နေရခက်စေသည်။

"ငါ့ရဲ့ ခွန်အားတွေ ပြန်ရလို့ အမြုတေအဆင့်ကျင့်ကြံသူ ဖြစ်လာတဲ့အခါ ဒီဖောက်ပြန်နေတဲ့စက်ရုပ်ကို နောင်တရအောင် လုပ်ပြမယ်"

သူမက တိတ်တဆိတ်ကြုံးဝါးလိုက်သည်။

ရှဲ့ရှင်းစုတွင် မြင့်မားသော ရည်မှန်းချက်များ ရှိ၏။

ယခု သူမ ခံစားနေရသော အရှက်ရမှုများကို အနာဂတ်တွင် အဆပေါင်းရာချီ၍ ပြန်ပေးဆပ်ခိုင်းရန် သန္နိဋ္ဌာန်ချထားသည်။

အချိန်များသည် လျင်မြန်စွာ ကုန်လွန်သွားပြီးနောက် တံခါးဖွင့်သံ ကြားလိုက်ရသည်။

ဇီးရိုးဝမ်းသည် တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်ပြီး ဘက်ထရီနှင့် လင်ဗန်းကို သိမ်းဆည်းကာ ကျိယွမ်ကို ကြိုဆိုရန် တံခါးဝသို့ လျှောက်သွား၏။

ကျိယွမ်သည် အလွန်ကျေနပ်အားရစွာဖြင့် အိမ်သို့ ပြန်ရောက်လာခြင်းပင်။

ယနေ့ သူသည် ယွမ်တစ်သန်း ရရှိခဲ့သည့်အပြင် ကျိုးပဲ့နေသော ဓားတစ်လက်ကိုပင် ရရှိခဲ့၏။ သူသည် အမြတ်အစွန်းများစွာ ရရှိခဲ့သည်ဟု ဆိုနိုင်သည်။

"သခင်၊ ပြန်လာပြီလား"

ဇီးရိုးဝမ်းသည် ကျိယွမ်ထံသို့ လက်ဖက်ရည်တစ်ခွက်ကို ကြင်နာစွာ ကမ်းပေးလိုက်သည်။

ထို့နောက် သူမ၏ တာဝန်များကို စတင်အစီရင်ခံ၏။

"ဒီနေ့ ဗီဒီယို သုံးခု ရိုက်ခဲ့တယ်၊ သီးသန့်မက်ဆေ့ချ် ၁၇ ခုနဲ့ ကွန်မန့် ၂၃ ခုကို ပြန်ကြားပေးခဲ့တယ်။"

"မနေ့က ဖော်လိုဝါ ၁၃,၀၀၀ တိုးလာပြီး ၇၀၂ ယွမ် ရရှိခဲ့တယ်။"

"ဒီနေ့ ကြောင်က ဖန်ခွက်တစ်လုံးကို တိုက်ချခဲ့တယ်၊ အမွှေး ၇၈၂ ချောင်း ကျွတ်ခဲ့လို့ အိမ်အနှံ့ ကြောင်မွှေးတွေ ပျံနေခဲ့တယ်။ နောက်ဆုံးတော့ ဇီးရိုးဝမ်းကပဲ ကြောင်မွှေးတွေအားလုံးကို ရှင်းလင်းပေးခဲ့ရတယ်"

၄င်းက ယနေ့လုပ်ဆောင်ချက်များကို ရိုးသားစွာ အစီရင်ခံလိုက်သည်။

"မြောင်"

ဆိုဖာအောက်တွင် တရားထိုင်နေသော ရှဲ့ရှင်းစုသည် ရုတ်တရက် ခုန်ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဒီစက်ရုပ်စုတ်က... လုံးဝကို မရိုးသားပါလား။

အလွန်ကောက်ကျစ်လှသည်။

သူမက အလုပ်တွေ အကုန်လုပ်နေသလို ဗီဒီယိုရိုက်ရာတွင် အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးနေပါလျက် ဘာကြောင့် ပြဿနာရှာသူ ဖြစ်သွားရသနည်း။

ထိုစက်ရုပ်သည်လည်း ယနေ့တွင် ဘက်ရီများကို စားနေပြီး တီဗီထိုင်ကြည့်ကာ အလုပ်မလုပ်ဘဲ တစ်နေ့လုံး အချိန်ဖြုန်းနေကြောင်း သူမ ပြောချင်နေသည်။

ကံမကောင်းစွာဖြင့် သူမ၏ လက်ရှိ ကြောင်ဘဝတွင် ထိုအရာများကို ထုတ်ဖော်ရန် အလွန်အားနည်းနေလေ၏။။

ထိုအချိန်တွင် ကျိယွမ်က ရှဲ့ရှင်းစုကို စိတ်ဝင်တစား ကြည့်ကာ သုံးသပ်သည်။

"ဒီလောက် အမွှေးတွေ ကျွတ်နေရင် သူ ဖင်ပြောင်သွားမှာလား"

ဇီးရိုးဝမ်းက စက်ရုပ်မဆန်စွာ ခပ်ဖွဖွ ပြုံးပြီး ကြောင်အားကြည့်သည်။

"သူ ထိပ်ပြောင်သွားပြီးတော့ ဗီဒီယိုကြည့်သူတွေက ကြောင်ဖင်ပြောင်လို့ ခေါ်ခံရနိုင်တယ်"

"သူက ကြောင်ဖင်ပြောင်လား"

ကျိယွမ်က ထူးဆန်းသလိုကြည့်ကာ စဉ်းစားနေ၏။

ထိုစကားကို ကြားလိုက်ရသောအခါ ရှဲ့ရှင်းစုသည် ဒေါသထွက်ခြင်းနှင့်အတူ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

"နင်တို့ကို စိတ်ကုန်တယ်"

သူမသည် ဒေါသတကြီးဖြင့် ဆိုဖာအောက်သို့ ချက်ချင်း ပြန်ဝင်သွားတော့သည်။

ဘယ်သူက ကြောင်ဖင်ပြောင်ဖြစ်ချင်လို့လဲ ။

ထိုသို့ ဖြစ်သွားလျှင် အလွန်အရှက်ရစရာ ကောင်းသည်မဟုတ်ပါလား။

ကြောင်ကလေး ပုန်းနေသည်ကို မြင်သောအခါ ကျိယွမ်သည် ထိုအကြောင်းအရာကို ဆက်မပြောတော့ပါ။

"အာကျိနဲ့ သူ့ညီမလေးကော အဆင်ပြေပြေ ရှိကြရဲ့လား"

ကျိယွမ်က မေးလိုက်သည်။

အာကျိတို့မောင်နှမသည် ကျိယွမ်နှင့်အတူ ကျွင်းအန်းလူနေရပ်ကွက်သို့ ရောက်ရှိလာခြင်းပင်။

သူတို့ကို ခွမ်းဟွမ်လက်ဆောင်ပေးထားသော ကုန်လှောင်ရုံတွင် နေရာချပေးထားခဲ့သည်။

ထိုကိစ္စကို ဇီးရိုးဝမ်းကပင် ဆောင်ရွက်ပေးခဲ့ခြင်းပင်။

"နှစ်ယောက်လုံး နေရာချထားပြီးပါပြီ။ သူတို့က ယာယီနေထိုင်ခွင့် လက်မှတ်တွေ ရရှိထားပြီးပါပြီ။ တခြား သက်သေခံ အထောက်အထားတွေကိုတော့ အစိုးရလမ်းကြောင်းကနေ လုပ်ဆောင်နေဆဲပါ..."

ဇီးရိုးဝမ်းက ရှင်းပြ၏။

သူမသည် သာမန်အိမ်အကူတစ်ယောက်ထက် ပိုမိုကျွမ်းကျင်သော အခန်းကဏ္ဍများကိုပင် အခက်အခဲမရှိ

ဆောင်ရွက်နိုင်နေပြီဖြစ်သည်။

"အင်း"

ကျိယွမ်က ခေါင်းညိတ်လိုက်သည်။

"သူတို့ကို လျှောက်သွားပြီး လမ်းမပျောက်အောင် ဂရုစိုက်လိုက်"

လောလောဆယ် သူသည် နိုင်ငံအဆင့် သိုင်းပညာပြိုင်ပွဲဖြင့် အလုပ်ရှုပ်နေသဖြင့် အာကျိ၏ ကိစ္စကို နောက်မှ ကိုင်တွယ်မည် ဖြစ်သည်။

"နားလည်ပါပြီ"

ဇီးရိုးဝမ်းက တစ်ဆက်တည်းဆက်ပြော၏။

"သခင်၊ ဒီနေ့ ဟက်ကာတစ်ယောက်က... သခင်ရဲ့ ဖုန်းကို ဟက်ဖို့ ကြိုးစားခဲ့ပေမဲ့ ကြားဖြတ် တားဆီးနိုင်ခဲ့ပါတယ်။ ဒါက... အဲဒီဟက်ကာရဲ့ အထောက်အထား၊ နောက်ခံနဲ့ သူတို့ရဲ့ နောက်ကွယ်က လူအကြောင်းတွေပါ။"

"အချက်အလက်တွေကို ပြုစုထားပြီးပါပြီ။ သခင်ဆီ ပို့ပေးဖို့ လိုအပ်ပါသလား"

ဇီရိုးဝမ်း၏စကားကို ကြားသောအခါ ကျိယွမ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"ငါ့ဖုန်းကို ကြည့်ဖို့ ကြိုးစားတာလား။ အဲဒီလူက အကျင့်မကောင်းလိုက်တာ၊ တကယ်ကို ရွံစရာကောင်းတယ်"

ကျိယွမ်သည် သူ၏ဖုန်းကို တရားမဝင်သောအရာများနှင့် ထူးဆန်းသော အရာများအတွက် တစ်ခါမျှ အသုံးမပြုခဲ့ပါ။

သူ၏ဖုန်းတွင် မည်သည်လျှို့ဝှက်မှ မည်မည်ရရမရှိသော်လည်း သူ့ဖုန်းကို အခြားသူများ ကြည့်ချင်တိုင်းကြည့်နိုင်သည်ဟု မဆိုလိုပါ။

သူ၏ဖုန်းကို ခိုးကြည့်ခြင်း သို့မဟုတ် အတင်းအကျပ် ကြည့်ရှုခြင်းခံရသည်မှာ အဓမ္မပြုကျင့်ခံရခြင်းထက်ပင် ပိုဆိုးသည်ဟု သူယူဆသည်။

"ကောင်းပြီ၊ သူတို့က အဲဒီလောက် ယုတ်မာတယ်ပေါ့။ သူတို့ရဲ့ အချက်အလက်တွေကို ငါ့ဆီ ပို့ပေး။

ပြီးတော့ သူတို့ဖုန်းထဲမှာ လျှို့ဝှက်ချက် ဒါမှမဟုတ် ထုတ်မပြောရဲတဲ့ အရာတွေရှိရင် အကုန်တူးဖော်ပြီး အွန်လိုင်းမှာ ဖွင့်ချလိုက်။ သူတို့ကို လူမှုရေးအရ သေဆုံးချင်စိတ်ပေါက်သွားတဲ့ အရသာကို ခံစားပါစေ "

ကျိယွမ်သည် အမှန်တကယ် ဒေါသထွက်သွားခြင်းဖြစ်၏။

အချို့လူများသည် အလွန်ပင် ဆိုးသွမ်းကြသည်။ သူတို့သည် သူတစ်ပါး၏ ပုဂ္ဂလိကကိစ္စများကို စုံစမ်းရန် သူတို့၏ ဟက်ကာစွမ်းရည်များကို အသုံးပြုရဲကြ၏။

"ဟုတ်ကဲ့ပါ သခင်။ ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်"

ဇီရိုးဝမ်းက ထိုသို့ပြောရင်း အချက်အလက်များကို ဖိုင်လုပ်ကာ ကျိယွမ်ထံသို့ ပို့ပေးလိုက်သည်။

အချက်အလက်များကို ကြည့်ရှုပြီးနောက် ကျိယွမ်က နှာခေါင်းရှုံ့၏။

"ငါတို့ကြားမှာ ကွန်ရက်တစ်ခု ခြားနေရုံနဲ့ ငါ ဘာမှမလုပ်နိုင်ဘူးလို့ မထင်နဲ့။

ဇီရိုးဝမ်း ၊ သူတို့ တစ်ယောက်ချင်းစီရဲ့ အိမ်လိပ်စာတိုင်းကို ခေါင်းတလား တစ်လုံးစီ ပို့လိုက်။"

"အခေါင်းတွေကိာ ကြိုသိမ်းထားကြလို့ ...ငါ အခုလုပ်စရာရှိတာတွေ ပြီးတာနဲ့ သူတို့ဆီသွားပြီး စာရင်းရှင်းမယ်"

ကျိယွမ်သည် ဆုံးဖြတ်ချက်ချရာတွင် အမြဲတမ်းမြန်ဆန်ပြီး တိကျသူဖြစ်သည်။

ဝူကွေနှင့် ယွဲ့လန် နိုင်ငံနှစ်ခုကြားတွင် မည်မျှပင် ရုန်းရင်းဆန်ခတ် ဖြစ်နေပါစေ၊ ၎င်းမှာ သူနှင့် မသက်ဆိုင်ပါ။

သူ့ကိစ္စလည်း မဟုတ်ချေ ။

သို့သော် တစ်စုံတစ်ယောက်က သူ၏ နှာခေါင်းအောက်တွင် ဥပဒေကို ချိုးဖောက်လာပါက...။

ဝမ်းနည်းပါသည်၊ ကျိယွမ်သည် ပြည်သူ့တာဝန်ကျေပွန်သော တိုင်တန်းသူတစ်ဦးအဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

အကယ်၍ တိုင်တန်းခြင်းက အလုပ်မဖြစ်ပါက သူသည် တရားသူကြီးဖြစ်လာပြီး ကိုယ်တိုင် အရေးယူပေလိမ့်မည်။

ချင်းယွမ်နိုင်ငံသို့ ပြန်လာစဉ် ချင်းယွမ်၏ အကောက်ခွန်ဌာနသည် ကျိယွမ်ကို ပြဿနာမပေးခဲ့သော်လည်း... ယွဲ့လန်နိုင်ငံ၏ နယ်စပ်တွင်မူ မတရားသော တောင်းဆိုမှုများဖြင့် သူ့ကို အခက်တွေ့စေခဲ့သည်။

ထိုအချိန်က ကျိယွမ်သည် သူတို့ကို တရားမျှတသော လူသားများ ဖြစ်လာစေရန် သင်ခန်းစာပေးခဲ့ရသေး၏။

စက်ရုပ်အား ညွှန်ကြားချက်များ အားလုံး ပေးပြီးနောက် ကျိယွမ်က ဆက်ပြောသည်။

"ငါ ထျန်းယွဲ့မြို့ကနေ ရက်နည်းနည်းလောက် ခရီထွက်ဖို့ လိုတယ်။

သုံးရက် ဒါမှမဟုတ် လေးရက်လောက် ကြာမယ် ထင်တယ်။ အဲဒီအချိန်အတွင်းမှာ လိုအပ်တဲ့ ပစ္စည်းတချို့ ပြင်ဆင်ပြီး ဝယ်ထားပေးပါ။"

"ပြီးတော့ ငါ့ရဲ့ဇနီးကလည်း မကြာခင် ဆင်းလာတော့မယ် ထင်တယ်"

နင်းထောင်အကြောင်းပြောလိုက်ချိန်တွင် တင်းမာနေသောကျိယွမ်၏မျက်နှာမှာ ပြေလျော့သွားပြီး

အပြုံးတစ်ခု ပေါ်လာသည်။

ဝူကွေနိုင်ငံသို့ သွားရောက်ပြီးနောက် သူ၏ ကျင့်ကြံမှုမှာ တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး ယခုအခါ အမြုတေအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။

ကျိုးပဲ့နေသောရတနာဓားနှင့် အခြားပစ္စည်းများကို ရရှိခဲ့သော ကံကောင်းမှုကြောင့် အမြုတေအဆင့်သို့ တက်လှမ်းရန် သူ၌ လုံလောက်သော အထောက်အပံ့များလည်း ရှိနေလေပြီ။

အမြုတေ အဆင့်သို့ ရောက်ရှိရန် တစ်ပတ်ခန့်သာ ကြာမြင့်မည် ဖြစ်ပြီး

သူ၏အမြုတေအား ဖွဲ့စည်းပြီးသည်နှင့် သူသည် ကြယ်တာရာ၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်မည် ဖြစ်သည်။

သူ၏ လက်ရှိစိတ်ဝိညာဥ်အင်အားဖြင့် သူသည် နင်းထောင်ကို တိုက်ရိုက် ခေါ်ယူနိုင်ပြီး သူမနှင့်အတူ ဤနေရာတွင် အပန်းဖြေဂိမ်းတစ်ခုကို ကစားနိုင်ပေတော့မည်။

ကျိယွမ်အတွက်တော့ ကုံရှင်းဂြိုဟ်သည် သူ ယခင်က ကစားခဲ့သော ဂိမ်းများနှင့် မတူပါ။ သူ၏ ယခင်ဂိမ်းများသည် မှောင်မိုက်နက်နဲသောနောက်ခံသမိုင်းကြောင်းများရှိပြီး အလွန် နက်နဲပြင်းထန်သည်။

ယခုဂိမ်းမှာမူ စိတ်အေးလက်အေးကစားရသော နေ့စဉ်ဘဝ အတွေ့အကြုံတစ်ခု ဖြစ်သည်။

၎င်းမှာ သူနှင့် နင်းထောင် အတူတကွ ပျော်ရွှင်ရန်အတွက် အကောင်းဆုံးပင် မဟုတ်ပါလား။

ကံမကောင်းသည်မှာ ကျင်းလီကတော့ မလာနိုင်ပေ။

"ဇနီးလား"

ဇီးရိုးဝမ်း၏ ပရိုဆက်ဆာမှာ ခဏတာ ရပ်တန့်သွားပုံရသည်။

သူမသည် ကျိယွမ်၏ စကားများကို နားမလည်နိုင်သကဲ့သို့ ဖြစ်နေ၏။

သခင်က ဘယ်တုန်းက မိန်းမရသွားတာလဲ။

"ဟုတ်တယ်၊ ငါ့မိန်းမလေ။ သူက အခု နေမင်းကြီးပေါ်မှာ နေတာ၊ ပြီးတော့ မကြာခင်... သူ ဆင်းလာလိမ့်မယ်။

သူ ဒီမှာ နေရတာ အဆင်ပြေပါ့မလားလို့ ငါ စိုးရိမ်နေတာ... ငါတို့အိမ်က သိပ်ကျဉ်းနေသလား။ ပြီးတော့ သိပ်အေးနေမလား မသိဘူး"

ပြောရလျှင် သူ၏ကြယ်အမြုတေ

မှာ အလွန်ပူပြင်းလေသည်။

နင်းထောင်သည် ထိုနေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရာ၊ သူမသည် အပူနှင့် ယဉ်ပါးနေလောက်ပြီ ဖြစ်သည်။

ရုတ်တရက် ဤနေရာသို့ ရောက်လာလျှင်... သူမ အသားကျနိုင်ပါ့မလား။

ကျိယွမ်သည် အလွန်စာနာတတ်ပြီး စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်မြင့်မားသူ ဖြစ်သည် ။

ဝမ်ရှီးချောင်ထံသို့ လက်ဆောင်တစ်ခု ပို့ပေးခဲ့ရာ ၎င်းမှာ သူမ၏စိတ်အခြေအနေနှင့် ကိုက်ညီလွန်း၍ သူမကို စကားပင် မပြောနိုင်လောက်အောင် စိတ်လှုပ်ရှားသွားစေခဲ့သည်မဟုတ်ပါလား။

ထို့ကြောင့် လူမှုဆက်ဆံရေးကိစ္စများ ကိုင်တွယ်ရာတွင် သူအလွန်ကျွမ်းကျင်ကြောင်း ထင်ရှားလေ၏။

အမှန်တော့ ဝမ်ရှီးချောင်တွင် ဝိုင်းဝိုင်းလည်နေသော အားပေးသူများ ရှိပြီး သူမသည် အမျိုးသားမျိုးစုံကို တွေ့ဖူးကာ လက်ဆောင်မျိုးစုံကိုလည်း လက်ခံရရှိဖူးသည်။ သူမ၏ နှလုံးသားကို တိုက်ရိုက် ထိမှန်စေသော ကျိယွမ်ပေးသည့် လက်ဆောင်မျိုးကတော့ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်မှာ သေချာသည်။

ဇီးရိုးဝမ်းသည် ကျိယွမ်၏ စကားများကို တွက်ချက်နေသကဲ့သို့ ခဏတာ ငြိမ်သက်သွားခဲ့သည်။

ဆိုဖာအောက်တွင် ရှဲ့ရှင်းစုသည် မရယ်ဘဲ မနေနိုင်တော့ဘဲ အားရပါးရထရယ်လိုက်မိ၏။

"မြောင်......."

သို့သော် ဟားဟားဟားဟား ဆိုသော ရယ်သံအစား ကြောင်သံကြီးထွက်လာသဖြင့် သူမပါးစပ်ပိတ်ပစ်လိုက်ရသည်။

နေမင်းပေါ်မှာ နေတယ်တဲ့ ။ တကယ့်ကို ရူးကြောင်ကြောင် စိတ်ကူးယဉ်မှုပဲ။

စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးပင်လျှင် နေပေါ်မှာ နေထိုင်ရဲသည်ဟု မပြောရဲပါ။ နေပေါ်တွင် အသက်ရှင်ရန်အတွက် အနည်းဆုံး ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ သို့မဟုတ် ကောင်းကင်ဘုံသို့ ပျံတက်နိုင်သော ဒဏ္ဍာရီလာ 'ယင်နတ်ဘုရားဖြစ်ရန် လိုအပ်၏။

ထို့ကြောင့် ဤစိတ်ဝေဒနာရှင် သခင်ကြီးက သူ၏ဇနီးမှာ ဒဏ္ဍာရီတစ်ခုဟု ပြောနေခြင်း မဟုတ်ပါလား ။

သူသည် အမှန်တကယ်ပင် စိတ်ကူးယဉ်တတ်လွန်းလှသည်။

ယခုအခါမှ ရှဲ့ရှင်းစုသည် ကျိယွမ်၏ စိတ်ကျန်းမာရေးပြဿနာမှာ အပေါ်ယံမဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း နားလည်သွားသည်။

သို့သော် ရှဲ့ရှင်းစု၏ကြောင်အော်သံကို မည်သူကမျှ ဂရုမစိုက်ကြပါ၊

ကြောင်တစ်ကောင်၏ ခံစားချက်ကို မည်သူက ဂရုစိုက်မည်နည်း။

ညွှန်ကြားချက်များ ပေးပြီးနောက် ကျိယွမ်က သတိပေး၏။

"ငါ ရန်ရှန်းနဲ့အတူ ခဏနေရင် ထွက်သွားတော့မယ်။ အိမ်ကို သေချာစောင့်ကြည့်ပါ၊ ငါ့ပစ္စည်းတွေကို ဘယ်သူမှ လာခိုးလို့မရအောင် ဂရုစိုက်ပါ"

"နားလည်ပါပြီ"

ဇီးရိုးဝမ်းက တာဝန်သိစွာ ပြန်ဖြေလိုက်သည်။

........

ကျိယွမ်သည် သူ၏ တိုက်ခန်းမှ ထွက်လာသောအခါ ကောင်းကင်မှာ မှောင်စပြုနေလေပြီ။

သူသည် ရန်ရှန်း၏ အိမ်တံခါးကို ညင်သာစွာခေါက်လိုက်သည်။

မကြာမီမှာပင် ကလေးမလေးတစ်ဦးက တံခါးလာဖွင့်ပေးလေ၏။

သူမမှာ အသက် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်ခန့်ရှိပုံရပြီး အလယ်တန်းကျောင်းသူ ဖြစ်လောက်သည်၊ သူမသည် မီးခိုးပြာရောင် စကတ်တိုကို ဝတ်ဆင်ထားသဖြင့် ငယ်ရွယ်သောအရွယ်ပီသစွာ အလွန်တက်ကြွလှုပ်ရှားနေပုံ ရ၏။

"ကျိကောကော... ရောက်လာပြီပဲ"

မိန်းကလေးက ပြုံးလိုက်ရာ သူမ၏ မျက်နှာမှာ လခြမ်းကွေးပုံစံ ဖြစ်သွားသည်။

"ရိုရိုသေသေ ဆက်ဆံစမ်း၊ သူ့ကို ဦးလေးကျိ လို့ ခေါ်ရမယ်"

တိုက်ခန်းထဲမှ ရန်ရှန်း၏ အသံ ထွက်လာ၏။

ကလေးမလေးက လက်မခံပါ ။

"အဖေကသာ အိုနေတာပါ၊ ကျိကောကောက အငယ်ရှိသေးတယ်"

မိန်းကလေး၏ အမည်မှာ ဝမ်ကျီချီ ဖြစ်ပြီး သူမမှာ ရန်ရှန်း၏ သမီး ဖြစ်သည်။

တကယ်တော့... သူမမှာ သူ၏ ကွယ်လွန်သွားသော ရဲဘော်ရဲဘက်၏ သမီး ဖြစ်၏။ ဝမ်ကျီချီ အသက်တစ်နှစ်မပြည့်သေးမီ သူမ၏ ဖခင်မှာ တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပြီးနောက် လူငယ်လေး ရန်ရှန်းသည် သူမ၏ ဖခင်အရင်းကဲ့သို့ ဖြစ်လာခဲ့သည်။

ယခု နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သဖြင့် သူမသည် ရန်ရှန်းနှင့်အတူ ခဏတာ လာရောက်နေထိုင်ပြီး ကျူရှင်အချို့ တက်ရောက်နေခြင်းပင်။

ကျိယွမ်က ပြုံးကာ ကလေးမလေး၏ခေါင်းအားပွတ်ပေးလိုက်၏။

"ဟုတ်တယ်၊ ငါက အငယ်ရှိသေးတာကို "

ကျိယွမ်သည် ဂိမ်းများထဲ၌ နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ကစားခဲ့သော်လည်း လက်တွေ့ဘဝတွင်မူ အလွန်ငယ်ရွယ်သေးသည်မှ အမှန်ဖြစ်၏။

"ကျိကောကော၊ အဖေနဲ့အတူ ခရီးသွားမယ်ဆိုတော့ အိမ်က ကြောင်က ဘယ်လိုလုပ်မလဲ။ ကျွန်မကို အဲဒီကြောင်လေးကို စောင့်ရှောက်ပေးစေချင်လား"

ဝမ်ကျီချီက မျှော်လင့်ချက်အပြည့်ဖြင့် မျက်တောင်ခတ်ရင်း မေးလိုက်သည်။

ဝမ်ကျီချီသည် ဇီးရိုးဝမ်း ၏ ဗီဒီယိုများကို တွေ့ဖူးပြီး ၎င်းတို့ကို 'ဖော်လိုပင် လုပ်ထားသည်။

သူမ ဤနေရာသို့ ရောက်လာသောအခါ ထိုကြောင်မှာ ဖခင်၏ သူငယ်ချင်းပိုင်သောကြောင်ဖြစ်သည်ကို သိလိုက်ရသောအခါအလွန် ဝမ်းသာသွားလေ၏။

သို့သော် ကံမကောင်းစွာဖြင့် သူမသည် ကျိယွမ်၏ နေရာသို့ သွားရောက်လည်ပတ်ရန် သို့မဟုတ် ကြောင်လေးနှင့် ကစားရန် အခွင့်အရေး မရခဲ့ပါ။

သူမသည် အဝေးမှသာ ငေးမောကြည့်ရှုနေခဲ့ရသည်။

"ငါ့ရဲ့စက်ရုပ်က စောင့်ရှောက်ပေးလိမ့်မယ်"

ကျိယွမ်က အရေးမကြီးသောကိစ္စမို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"စက်ရုပ်တွေက အရမ်းတုံးတာကို၊ ကြောင်တစ်ကောင်ကို ဘယ်လိုလုပ် သေချာဂရုစိုက်နိုင်မှာလဲ။

အခုခေတ် အိမ်မွေးကြောင်လေးတွေက အရမ်းနုနယ်ပြီး ကြောက်တတ်ကြတာ။ အပြင်တောင် ထွက်ရဲကြတာ မဟုတ်ဘူး၊ ယင်ကောင်တစ်ကောင် မြင်ရင်တောင် ကြောက်ပြီး အော်နေကြတာ"

ဝမ်ကျီချီက ကျိယွမ်ကို ဆွဲဆောင်ရန် ကြိုးစားနေသည်။

ကျိယွမ် ဝူကွေ့သို့ သွားနေစဉ် ရက်အနည်းငယ်အတွင်း ဝမ်ကျီချီသည် ကျိယွမ်၏ တိုက်ခန်းထဲသို့ ဝင်ရောက်ရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။

ကျိယွမ်၏ ကြောင်မှာ သာမန်ကြောင်တစ်ကောင် မဟုတ်ကြောင်း သူမ ခံစားမိနေ၏။

ဗီဒီယိုများထဲတွင် ထိုကြောင်သည် ဟင်းချက်နိုင်သည်၊ စာအုပ်များကို လှန်လှောကြည့်ရှုနိုင်သည်၊ တရားထိုင်နိုင်သည် ၊ ထို့အပြင် ကြည့်ရသည်မှာ ၎င်းမှာ အရာအားလုံးကို လုပ်နိုင်ပုံရလေ၏။

ဝမ်ကျီချီသည် ထိုကြောင်မှာ ဗီဒီယိုထဲတွင် ပြသထားသည်ထက်ပင် ပိုမိုထူးခြားကြောင်း ရိပ်မိနေသည်။

၎င်းသည် လူ့စကားကိုပင် နားလည်နိုင်သည်ဟု သူမ သံသယရှိနေပြီး သူမ၏ ရှာဖွေတွေ့ရှိမှုကို သူငယ်ချင်းများအား ပြောပြခဲ့သော်လည်း မည်သူမျှ မယုံကြပါချေ။

ကြောင်တစ်ကောင်ထက်မြက်သည်မှာ ပုံမှန်ဖြစ်သော်လည်း လူတစ်ယောက်ကဲ့သို့ ပြုမူနေသော ကြောင်မှာမူ ရယ်စရာကောင်းသည်ဟုသာ ထင်ကြ၏။

ထို့ကြောင့် သူမသည် ဤအခွင့်အရေးကို အသုံးချကာ ကျိယွမ်၏ ကြောင်ကို ရက်အနည်းငယ် စောင့်ရှောက်ပေးပြီး၊ သူမ၏ သံသယများ မှန်ကန်ကြောင်း သူငယ်ချင်းများနှင့် အတန်းဖော်များကို သက်သေပြရန် စဉ်းစားနေခြင်းပင်။

"ငါ့ရဲ့ စက်ရုပ်က အရမ်းထက်မြက်တယ်၊ သာမန်စက်ရုပ်တွေလို မဟုတ်ဘူး။ ညီမလေး စိတ်မပူပါနဲ့၊ သူတို့ အဆင်ပြေမှာပါ"

ကျိယွမ်သည် ဝမ်ကျီချီ၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

ဝမ်ကျီချီ၏ မျက်နှာလေးတွင် စိတ်ပျက်မှုများ ပေါ်လာ၏။

"ကျိကောကော၊အဲဒါဆို ကျွန်မကို သော့ပေးခဲ့လို့ မရဘူးလား။ ကျွန်မ အားတဲ့အချိန် သွားပြီး ကြောင်လေးကို အစာကျွေးပေးမယ်လေ"

ဝမ်ကျီချီ၏ အသံတွင် တောင်းဆိုသံလေး ပါနေပြီး မျက်လုံးဝိုင်းလေးများဖြင့် မော့ကြည်နေသည် ။

သူမသာ အနည်းငယ် ပိုကြီးပြီး ပိုသတ္တိရှိလျှင် ဤသို့ပြောနေစဉ် ကျိယွမ်၏ လက်မောင်းကို ဖက်ထားလောက်ပြီ ဖြစ်သည်။

ထိုအချိန်တွင် ရန်ရှန်းကလည်း သူ၏သမီးအား တပ်ကူပေး၏။

"ငါ မင်းကို ဒီလောက်ကူညီပေးခဲ့တာ၊ အခု ငါ့သမီးလေးက မင်းကြောင်ကို အစာကျွေးချင်တာကိုတောင် မင်းက ခွင့်မပြုဘူးလား"

ကျိယွမ် ဘာတတ်နိုင်တော့မည်နည်း ။ သားအဖနှစ်ယောက်ပေါင်းကာ ဖိအားပေးနေသဖြင့် သူခေါင်းညိတ်လိုက်ရတော့သည်။

"ကောင်းပြီ၊ သန်ဘက်ခါ နေ့လယ်လောက်မှာ မင်း သွားလို့ရတယ်။ တစ်နာရီ အချိန်ရမယ်။ ဇီးရိုးဝမ်းက မင်းအတွက် တံခါးဖွင့်ပေးလိမ့်မယ်"

ခွင့်ပြုစကားကို ကြားလိုက်ရသောအခါ ဝမ်ကျီချီ အလွန် ဝမ်းသာသွားသည်။

"ကျေးဇူးတင်ပါတယ် ကျိကောကော"

"ငါ့ကိုရော ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား"

ရန်ရှန်းက မကျေမနပ် ဝင်ပြောလိုက်သည်။

"ဖေဖေ့ကြောင်မှ မဟုတ်တာ "

ဝမ်ကျိချီက ဖခင်ဖြစ်သူအား လျှာလေးထုတ်ပြကာ ပြောင်လေ၏။

မကြာမီတွင် ရန်ရှန်းကလည်း အထုပ်အပိုးများ ပြင်ဆင်ပြီးသည်နှင့် သူတို့နှစ်ဦးသည် ထျန်းယွဲ့မြို့မှ ထွက်ခွာခဲ့ကြ၏။

ညဦးပိုင်း ဖြစ်သော်လည်း လမ်းမထက်တွင် နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေပြီ ကောင်းကင်တွင်လည်း ဒရုန်းများနှင့် ပျံသန်းရေးယာဉ် အမျိုးမျိုး ဖြတ်သန်းသွားလာနေသည်ကို တွေ့ရသည်။

ယေဘုယျအားဖြင့် သာမန်လူများသည် ကားကဲ့သို့သော ယာဉ်အမျိုးမျိုးဖြင့် သွားလာကြပြီး၊ အထက်တန်းလွှာများမှာမူ ပျံသန်းရေးယာဉ်များဖြင့်သာ သွားလာကြ၏။

အထက်ကမ္ဘာနှင့် အောက်ကမ္ဘာမှာ လုံးဝကွဲပြားခြားနားသော နယ်ပယ်နှစ်ခုကဲ့သို့ ဖြစ်နေသည်။

ကားထဲတွင် ရန်ရှန်းသည် အနားယူရန် မျက်လုံးများကို မှိတ်ထားသော်လည်း တစ်ခါတစ်ရံ စကားပြောလျှက် လိုက်ပါလာ၏။

"ဒီတစ်ခါ ငါတို့က သိုင်းပညာရှင်များ မဟာမိတ်ရဲ့ ဌာနခွဲတစ်ခုဆီ သွားရမှာ၊

သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်နေပြီးတော့ သိုင်းပညာရှင်များမဟာမိတ်အဖွဲ့ရဲ့ ပလက်တီနမ်အဖွဲ့ဝင်တစ်ဦးရဲ့ ထောက်ခံချက်ရထားတဲ့ ဘယ်သိုင်းပညာရှင်မဆို... စစ်ဆေးမှုတစ်ခုကို အောင်မြင်တာနဲ့ နိုင်ငံအဆင့် သိုင်းပညာပြိုင်ပွဲမှာ တိုက်ရိုက် ပါဝင်ခွင့်ရလိမ့်မယ်"

ရန်ရှန်းမှာ သာမန်အထွတ်အထိပ်သိုင်းပညာရှင်တစ်ဦး မဟုတ်ဘဲ သိုင်းပညာလောကတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

သို့မဟုတ်ပါက သူသည် သိုင်းပညာ၏ အကန့်အသတ်များကို ကျော်လွန်ရန် သုတေသနလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေမည် မဟုတ်ချေ။

ထို့ကြောင့် သူသည် 'သိုင်းပညာရှင်များ မဟာမိတ်အဖွဲ့၏ ပလက်တီနမ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ၎င်းမှာ အကြီးအကဲတစ်ဦးနှင့် ညီမျှသော ရာထူးလည်းဖြစ်သည်။

"စစ်ဆေးမှုက ရိုးရှင်းပါတယ်... တိုက်ခိုက်ရုံပါပဲ။ စစ်ဆေးသူကို အနိုင်ယူနိုင်ရင် မင်း ပါဝင်ခွင့်ရပြီ"

"စစ်ဆေးသူက ဘယ်သူဖြစ်မလဲဆိုတာ ငါမသိပေမဲ့ သူတို့က မင်းထက်တော့ ပိုမစွမ်းနိုင်လောက်ပါဘူး"

ရန်ရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျိယွမ်မှာ ငယ်ရွယ်သော်လည်း ခိုင်မာသောခွန်အားရှိသည့် အထွတ်အထိပ်သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ ထိုကြောင့် စစ်ဆေးမှုမှာ သူ့အတွက် ပြဿနာရှိမည် မဟုတ်ပါ။

"ကျေးဇူးပဲ။ကျွန်တော် သိုင်းပညာပြိုင်ပွဲမှာ နိုင်တဲ့အခါ ခင်ဗျားကို အမဲသားခေါက်ဆွဲ တစ်ပွဲ ကျွေးပါ့မယ်"

-------------

All Chapters